အခန်း ၃၂၅
Vol. 33 Ch. 325
အခန်း (၃၂၅)
" ဒါက ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ။ ဘယ်လိုလုပ်ဒီလောက်တောင် တိုက်ဆိုင်ရတာလဲ။ အရှင်မင်းကြီး တစ်ခုခု မှားနေတာရော မဖြစ်နိုင်ဘူးလား။ ဒါက တော်ဝင်မိသားစုနဲ့ သက်ဆိုင်နေတာ လုံးဝလွဲမှားလို့ မရပါဘူး။ " ဝမ်ကျန့်က တုန်ယင်စွာဖြင့် ပြောလိုက်သည်။ ထိုအရာ လွဲမှားသွားမည်ကို သူ အလွန်စိုးရိမ်နေသည်။ အကယ်၍ လွဲမှားသွားလျှင် ထိုကိစ္စက ကျောက်ဖုန်းတစ်ယောက်တည်းနှင့် သက်ဆိုင်မည်မဟုတ်ဘဲ ဝမ်မိသားစု တစ်ခုလုံး ပါဝင်ပေလိမ့်မည်။
" ငါရဲ့ အမျိုးသမီး ငါရဲ့ ရင်သွေးတွေ ငါသူတို့ကို မှားယွင်းလိမ့်မယ်လို့ မင်းထင်နေတာလား။ ကျောက်ဖုန်းရဲ့ ရုပ်ရည်က ငါနဲ့ တူတယ်လို့ မင်းရော မခံစားရဘူးလား။ " ရင်ကျန့်က ပြုံး၍ ပြောလိုက်သည်။
ထိုစကားကို ကြားသောအခါ ဝမ်ကျန့်က ရင်ကျန့်နှင့် ကျောက်ဖုန်းတို့၏ ရုပ်ရည်တူသည်ကို ပြန်တွေးမိသွားသည်။ ယခင် ကျောက်နိုင်ငံကို သိမ်းပိုက်ပြီးနောက် ရင်ကျန့်နှင့် ကျောက်ဖုန်းတို့က ပထမဆုံးအကြိမ် တွေ့ခဲ့ကြသည်။ ထိုအချိန်က ရင်ကျန့်က ကျောက်ဖုန်းနှင့်အတူ လမ်းလျှောက်ခဲ့ပြီး ဝမ်ပင်းက သူတို့က မသိလျှင် သားအဖဟု ထင်လိမ့်မည်ပင် ပြောခဲ့လေသည်။ ထိုစဉ် သူက ဝမ်ပင်းကိုပင် ဆူပူခဲ့သည်။ သို့သော် ယခု ကြည့်ရသည်မှာ ထိုအချိန်က ဝမ်ပင်းက ရှင်းရှင်းလင်းလင်း မြင်တွေ့ခဲ့ခြင်းဖြစ်သည်။
" အရှင်မင်းကြီး ဒါ ဒါက တကယ်ပဲလား။ " ဝမ်ကျန့်က ထပ်မမေးဘဲ မနေနိုင်ပေ။
ထိုကိစ္စ၏ အကျိုးဆက်က အမှန်တကယ်ပင် ကြီးမားလှသည်။ အကယ်၍ ကျောက်ဖုန်းက အမှန်တကယ် ရင်ကျန့်၏ သားဖြစ်လျှင် အသက်အရွယ်အရ သူက အကြီးဆုံးသားတော်ဖြစ်နေသည်။ ထို့အပြင် ကျောက်ဖုန်းကို မွေးဖွားပေးခဲ့သော ရှတုန်အာကလည်း ထိုအချိန်က မိဖုရားခေါင်ကြီး ဖြစ်လုနီးပါးဖြစ်ခဲ့သည်။ ထိုအချက်ကို တွက်ကြည့်လျှင် သူ၏ သမက်ဖြစ်သော ကျောက်ဖုန်းက ချင်နိုင်ငံ၏ ပလ္လင်ကို ဆက်ခံပိုင်ခွင့်ရှိသွားလေသည်။ မင်းသားအားလုံးထဲတွင် ကျောက်ဖုန်း၏ စွမ်းဆောင်ရည်မှာ အထူးချွန်ဆုံးဖြစ်သည်။
" ငါက မင်းကို လိမ်ညာဖို့ လိုလို့လား။ " ရင်ကျန့်က ပြုံး၍ ပြောလိုက်သည်။ သူက ဝမ်ကျန့်၏ တုန့်ပြန်မှုကို သဘောကျနေသည်။
" ဝန်ကြီးဝမ် အားလုံးက အမှန်တွေပဲ။ ဖုန်းအာနဲ့ ရင်အာတို့က အရှင်မင်းကြီးရဲ့ ရင်သွေးတွေပဲ။ " ရှဝူချယ်က ပြုံး၍ ပြောလိုက်သည်။
" ကောလဟာလတွေက တကယ်ပဲ မှန်နေတာလား။ သမားတော်ရှက တကယ်ပဲ တုန်အာရဲ့ ဖခင်ဖြစ်နေတာလား။ " ဝမ်ကျန့်က ရုတ်တရက် ပြောလိုက်သည်။
" မှန်ပါတယ်။ အဲ့ဒီတုန်းက အဖြစ်အပျက်တွေသာ မရှိခဲ့ရင် ဒီအဖိုးကြီးက အရှင်မင်းကြီးရဲ့ ယောက္ခတော်ဖြစ်နေလောက်ပါပြီ။ " ရှဝူချယ်က ပြန်ပြောလိုက်သည်။
" ယောက္ခမကြီးက ကျုပ်ရဲ့ စိတ်ထဲမှာ အမြဲတမ်း ယောက္ခမပါပဲ။ ဘယ်တော့မှ ပြောင်းလဲမှာ မဟုတ်ပါဘူး။ " ရင်ကျန့်က ရှဝူချယ်ကို ကြည့်ပြီး ပြောလိုက်သည်။
" ဟားဟားဟား ..." ရှဝူချယ်က ရယ်မောလိုက်သည်။ ဤနှစ်များတစ်လျှောက် ရင်ကျန့်က သူ့အပေါ် သားသမီးတစ်ယောက်ကဲ့သို့ ရိုသေလေးစားခဲ့သည်ကို သူ ဘယ်လိုလုပ်မသိဘဲ နေမှာလဲ။
" အရှင်မင်းကြီးက ဒီလိုလျို့ဝှက်ချက်မျိုးကို ဘာလို့ကျွန်တော်မျိုးကို ပြောပြနေတာလဲ။ ဒီကိစ္စက ကြီးမားလွန်းပါတယ်။ တကယ်လို့ အခြားသူတွေသိသွားရင် ကျောက်ဖုန်းနဲ့ သူညီမတို့ အန္တရာယ်ရှိနိုင်ပါတယ်။ " ဝမ်ကျန့်က ရုတ်တရက် လေးနက်စွာ ပြောလိုက်သည်။
" အစက ဒီကိစ္စကို ကမ္ဘာကြီးကို စုစည်းပြီးမှ ထုတ်ပြောဖို့ ရည်ရွယ်ထားတာပဲ။ ဒါပေမယ့် ဒီနေ့ ညီလာခံမှာ မင်းက ဖုန်းအာအပေါ် ထားရှိတဲ့ သဘောထားကို ပြသခဲ့တယ်။ ဖုန်းအာအတွက်နဲ့ စစ်သေနာပတိချုပ်ရာထူးကို စွန့်လွှတ်ဖို့ ဆန္ဒရှိတာက သာမန်သံယောဇဉ်မျိုးနဲ့ လုပ်နိုင်တဲ့အရာ မဟုတ်ဘူး။ ဒီအချက်တစ်ခုတည်းနဲ့ ငါမင်းကို ယုံကြည်နိုင်တယ်။ " ရင်ကျန့်က ပြုံး၍ ပြောလိုက်သည်။
" ကျွန်တော်မျိုးကို ယုံကြည်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။ အရှင်မင်းကြီး အမိန့်မရှိဘဲနဲ့ ဒီကိစ္စကို လုံးဝ မပြောပါဘူး။ " ဝမ်ကျန့်က ဦးညွှတ်ပြီး ပြောလိုက်သည်။
" စကားတွေ အများကြီး ပြောနေဖို့ မလိုဘူး။ " ရင်ကျန့်က ပြုံး၍ ပြောလိုက်သည်။ " ဒါနဲ့ မင်းနဲ့ ငါကြားက ဆက်ဆံရေးက ဘုရင်နဲ့ လက်အောက်ခံတင်မကဘဲ ခမည်းခမက်တော်စပ်မှုလည်း ဖြစ်သွားပြီ။ မင်းက သမီးကောင်းတစ်ယောက်ကို ပျိုးထောင်ခဲ့လို့ အခုငါ့မှာ ထူးချွန်တဲ့ မြေးနှစ်ယောက်လည်း ရှိနေပြီ။ "
" အရှင်မင်းကြီးက ချီးမွန်းလွန်းနေပါပြီ။ အရှင်မင်းကြီးကိုယ်တိုင် ထူးချွန်တဲ့ သားတစ်ယောက်ကို မွေးခဲ့တာပါ။ ကျောက်ဖုန်းက စစ်မြေပြင်မှ သာမန်ဘဝကနေ ထွက်ပေါ်လာခဲ့တာ။ ဒါက သာမန်လူတစ်ယောက် လုပ်ဆောင်နိုင်တဲ့အရာမဟုတ်ဘူး။ ဒါက အရှင်မင်းကြီးရဲ့ သားတော်ဖြစ်နေလို့ပါ။ " ဝမ်ကျန့်က ပြုံး၍ ပြောလိုက်သည်။
" အင်း စစ်သေနာပတိချုပ်က ဒီလိုစကားမျိုးတွေ ပြောတတ်လိမ့်မယ်လို့ မထင်ထားဘူး။ " ရင်ကျန့်က ပြုံး၍ ပြောလိုက်သည်။ " ဒါပေမယ့် စစ်သေနာပတိချုပ် မှားနေပြီ။ ကျောက်ဖုန်းရဲ့ ထူးချွန်မှုက ငါ့ရဲ့ သားတော်ဖြစ်နေတာနဲ့ မဆိုင်ဘူး။ ငါ့မှာ သားတော်တွေ အများကြီးရှိပေမယ့် ဘယ်သူမှ သူ့လိုမျိုးမဟုတ်ဘူး။ ပြီးတော့ သူတို့အားလုံးက နန်းတော်က ကျော်ကြားတဲ့ ဆရာတွေနဲ့ သင်ကြားခဲ့ရတာ။ ဒါပေမယ့် တစ်ယောက်မှ မျှော်လင့်ထားသလို့ ဖြစ်မလာခဲ့ဘူး။ ကျောက်ဖုန်းကိုတော့ သူ့အမေကပဲ သင်ကြားပေးခဲ့တာ။ " ရင်ကျန့်က သက်ပြင်းချလိုက်သည်။
" အရှင်မင်းကြီး သားသမီးဆိုတာ တစ်ယောက်နဲ့တစ်ယောက် မတူကြပါဘူး။ ဒါကလည်း ကံကြမ္မာက သတ်မှတ်ပြီးသား ဖြစ်မှာပါ။ " ဝမ်ကျန့်က ပြန်ပြောလိုက်သည်။
" ငါ ဒီနေ့ မင်းကို ခေါ်လိုက်တာက အကြောင်းရင်းနှစ်ခုရှိတယ်။ ပထမအချက်က ကျောက်ဖုန်းဟာ ငါ့ရဲ့ သားတော်ဖြစ်တာကို ပြောပြဖို့ပဲ။ ဒုတိယအချက်ကတော့ မင်း စိတ်အေးလက်အေး နေနိုင်ဖို့ပဲ။ ငါ ဘယ်သူ့ကိုမဆို သံသယဝင်နိုင်ပေမယ့် မင်းကတော့ ချွင်းချက်ပဲ။ ရာထူးကနေ အနားယူမယ့်ကိစ္စကို ပက်သက်ရင် ထပ်မပြောနဲ့တော့။ အနာဂတ်မှာ စစ်ဦးစီးချုပ်ရာထူးက အခွင့်အရေးမရှိတာတော့ မဟုတ်ဘူး။ " ရင်ကျန့်က ဝမ်ကျန့်ကို ပြောလိုက်သည်။
" ကျွန်တော်မျိုး အရှင်မင်းကြီးအပေါ် သေတဲ့အထိ သစ္စာစောင့်သိပါမယ်။ " ဝမ်ကျန့်က စိတ်အားထက်သန်စွာ ပြောလိုက်သည်။
" ကောင်းပြီ။ ပြန်ပြီး အနားယူတော့။ ဒီနေ့ ပြောခဲ့တာတွေကို စိတ်ထဲမှာပဲ ထားလိုက်ပါ။ " ရင်ကျန့်က လက်ဝှေ့ရမ်းပြီး ပြောလိုက်သည်။
" အမိန့်အတိုင်းပါ။ " ဝမ်ကျန့်က ဦးညွှတ်ပြီး ခန်းမထဲမှ ထွက်ခွာသွားသည်။
ခန်းမတံခါးကို ဖွင့်ပြီး အပြင်သို့ ထွက်လာသည်အထိ ဝမ်ကျန့်က အံ့အားသင့်ပြီး မှင်သက်နေဆဲ ဖြစ်သည်။ ယခုအခါ သူက အရာအားလုံးကို နားလည်သွားပြီဖြစ်သော်လည်း အချိန်အတော်ကြာသည်တိုင်အောင် စိတ်ကို ပြန်လည်တည်ငြိမ်အောင် မလုပ်နိုင်သေးပေ။
" စစ်သေနာပတိချုပ်ကို နှုတ်ဆက်ပါတယ်။ " အပြင်မှ နန်းတွင်းကိုယ်ရံတော်များက ဝမ်ကျန့်ကို ဦးညွှတ်နှုတ်ဆက်လိုက်ကြသည်။
ကျောက်ကောင်းက ခေါင်းမော့ကြည့်လိုက်ပြီး တွေဝေငေးမောနေသော ဝမ်ကျန့်ကို မြင်သောအခါ သူက စိတ်ထဲမှ ဝမ်းသာသွားသည်။ " ဒီနေ့ ဝမ်ဝမ်နဲ့ အခြားသူတွေ တင်ပြတဲ့အရာက အရှင်မင်းကြီးကို ဝမ်မိသားစုနဲ့ ကျောက်မိသားစုအပေါ် တကယ်ပဲ သံသယဝင်စိတ်ဝင်သွားစေခဲ့တဲ့ပုံပဲ။ ဒါကြောင့် သူတို့က ဖုစုနဲ့ ဆန့်ကျင်ဘက်ကို လုံးဝ ရောက်ရှိသွားပြီပဲ။ "
" နောက်တစ်ခုအနေနဲ့ မင်းသားဟူဟိုက်က သူတို့ကို မစော်ကားသရွေ့ ပြီးတေည့ သူတို့ ဖုစုနဲ့ ဆက်ပြီး တိုက်ခိုက်ခိုင်းထားသရွေ့ကတော့ ငါတို့က ဘေးကနေထိုင်ကြည့်ပြီး အကျိုးအမြတ် ရယူနိုင်မှာပဲ။ "
သို့သော် ဝမ်ကျန့်က ရင်ကျန့်ပြောခဲ့သော စကားများထဲတွင် နစ်မြှုပ်နေဆဲ ဖြစ်သည်ကိုတော့ ဘယ်သူမှမသိကြပေ။
" ဒါဆိုရင် ကျောက်ဖုန်းက မင်းသားတစ်ပါး ဖြစ်နေတာပဲ။ ပြီးတော့ အကြီးဆုံးတော်ဝင်သားတော်လည်း ဖြစ်နေတယ်။ ငါ့ရဲ့ သမက်က အရှင်မင်းကြီးရဲ့ သားတော်ဖြစ်နေတော့ ငါက မင်းသားရဲ့ ယောက္ခမဖြစ်နေတာပေါ့။ ပြီးတော့ အရှင်မင်းကြီးက ကျောက်ဖုန်းကို အိမ်ရှေ့စံအဖြစ် တင်မြှောက်ဖို့ ရည်ရွယ်ထားတဲ့ပုံပဲ။ "
" ဒါဆို ငါ ဝမ်ကျန့်က အနာဂတ်မှာ ဘုရင်ရဲ့ ယောက္ခမဖြစ်လာတော့မှာပေါ့။ ငါ အစက နန်းတွင်းအာဏာလုပွဲတွေထဲကို မပါဝင်ဖို့ ရည်ရွယ်ခဲ့တာ။ ဒါပေမယ့် အခုတော့ ငါက လုံးဝ ပါဝင်သွားပြီပဲ။ ဒါ့အပြင် အရှင်မင်းကြီးက ကျောက်ဖုန်းကို အိမ်ရှေ့စံအဖြစ် တင်မြှောက်ဖို့ စိတ်အားထက်သန်နေပုံရတယ်။ " ဝမ်ကျန့်က အလွန်စိတ်လှုပ်ရှားနေသည်။
ကျန်းထိုင်နန်းဆောင်။
" ဝမ်ကျန့်တစ်ယောက် အိမ်ပြန်ရောက်ရင် တော်တော်နဲ့ အိပ်မပျော်လောက်တော့ဘူး။ " ရင်ကျန့်က ရှဝူချယ်ကို ပြုံး၍ ပြောလိုက်သည်။
" ဒီတစ်လျှောက်လုံးမှာ ဝမ်ကျန့်က ပညာရှိရှိနဲ့ အန္တရာယ်ကို ရှောင်လွှဲခဲ့ပြီး လက်အောက်ခံတစ်ယောက်ရဲ့ ကျင့်ဝတ်တွေကို ကောင်းကောင်းနားလည်ထားတဲ့သူပဲ။ နန်းတွင်းက ဝန်ကြီးတွေက သူ့ရဲ့ သမီးကို ဖုစုနဲ့ လက်ထပ်ဖို့ ဖိအားပေးတုန်းကလည်း ဝမ်ကျန့်က အဲ့ဒါကို ရှောင်လွှဲခဲ့တယ်။ ဒါပေမယ့် အခုတော့ သူက အကြီးဆုံးတော်ဝင်သားတော်ရဲ့ ယောက္ခမဖြစ်လာခဲ့ပြီ။ " ရှဝူချယ်က ရယ်ပြီး ပြောလိုက်သည်။
" ဝမ်ကျန့် ဒါက ပထမဆုံး ခြေလှမ်းပဲ။ ဒီနေ့ ငါ ဖုန်းအာအပေါ် သူ့ရဲ့ သံယောဇဉ်ကို မြင်တွေ့ခဲ့ရတယ်။ အနာဂတ်မှာ အခြားသူတွေ ရှိလာခဲ့ရင်လည်း ကျုပ် သူတို့ကို ဖုန်းအာရဲ့ အဖွဲ့အစည်းအတွက် ဆွဲဆောင်ပေးရလိမ့်မယ်။ သူ့ကို အိမ်ရှေ့စံအဖြစ် ခန့်အပ်မယ်ဆိုရင် သူ့ရဲ့ ကိုယ်ပိုင်နောက်လိုက်တွေ လိုအပ်လာလိမ့်မယ်။ တစ်လောကလုံးကို စုစည်းပြီးဖို့ ဖုန်းအာရဲ့ အဆင့်အတန်းကို ကြေညာလိုက်ရင် ချင်နိုင်ငံတစ်ခုလုံး တုန်လှုပ်ခြောက်ခြားသွားလိမ့်မယ်။ " ရင်ကျန့်က အပြင်သို့ ကြည့်ရင်း ပြောလိုက်သည်။
" မှန်ပါတယ်။ " ရှဝူချယ်က ခေါင်းညိမ့်လိုက်သည်။
" ယောက္ခမကြီး ဝေနယ်မြေကို သွားရင် သေချာပေါက် သတိထားရလိမ့်မယ်။ ကျုပ်အတွက်တော့ တလျန်မြို့တော်က လူတွေက ယောက္ခမကြီးလောက် အရေးမကြီးဘူး။ တကယ်လို့ ကူးစက်ရောဂါကို မနှိမ်နင်းနိုင်ဘူးဆိုရင် ကိုယ့်ကိုကိုယ် အန္တရာယ်ဖြစ်အောင် မလုပ်ပါနဲ့။ " ရင်ကျန့်က လေးနက်စွာ ပြောလိုက်သည်။
" စိတ်မပူပါနဲ့ အရှင်မင်းကြီး။ ကျွန်တော်မျိုး နားလည်ပါတယ်။ တကယ်ပဲ အဲ့ဒီအဆင့် ရောက်လာခဲ့ရင် ကျွန်တော်မျိုး ဂရုစိုက်ပါမယ်။ " ရှဝူချယ်က ပြုံး၍ ပြောလ်ုက်သည်။
" ကောင်းပြီ။ ကျွန်တော်မျိုး မနက်ဖြန် ခရီးထွက်ရမှာမလို့ ပြန်ပြီး အနားယူလိုက်ပါဦးမယ်။ အရှင်မင်းကြီး ဂရုစိုက်ပါ။ " ရှဝူချယ်က ပြောပြီး ခန်းမထဲမှ ထွက်ခွာသွားသည်။
စစ်မြေပြင်မှ ထာဝရရှင်သန်ခြင်းဆီသို့