အခန်း ၃၂၇
Vol. 33 Ch. 327
အခန်း (၃၂၇)
" လက်နက်ချစစ်သည်အားလုံး နားထောင်ကြ။ မင်းတို့ရဲ့ ဘုရင်က လက်နက်ချပြီးပြီ။ ပြီးတော့ မင်းတို့ရဲ့ တိုင်းပြည်ကလည်း ပျက်စီးသွားပြီ။ မင်းတို့အားလုံးက ကျွန်အဆင့်အတန်းဖြစ်သွားကြပြီ။ ဒါပေမယ့် ချင်နိုင်ငံက လူသတ်ရတာ ပျော်မွေ့တဲ့ နိုင်ငံမဟုတ်ဘူး။ မင်းတို့ ထွက်မပြေးဘဲ အမိန့်ကို နာခံသရွေ့ ချင်နိုင်ငံက မင်းတို့အပေါ် ဘယ်လိုအန္တရာယ်မှ ပြုမှာမဟုတ်ဘူး။ "
" အနာဂတ်မှာ မင်းတို့ကို ကျွန်အဆင့်အတန်းအဖြစ် လျှော့ချပစ်မလား ဒါမှမဟုတ် ငါတို့ရဲ့ အပြစ်သားတပ်ဖွဲ့ထဲကို ပြန်လည်ဖွဲ့စည်းမလားဆိုတာ အရှင်မင်းကြီးရဲ့ အလိုဆန္ဒအတိုင်းပဲ ဖြစ်လိမ့်မယ်။ ဒါပေမယ့် အခုတော့ မင်းတို့ရဲ့ တာဝန်က ပူးပေါင်းဆောင်ရွက်ဖို့နဲ့ အမိန့်ကို နာခံဖို့ပဲ။ " တုဆွေက လက်နက်ချစစ်သည်များကို ကြည့်ပြီး ပြောလိုက်သည်။
စစ်သေနာပတိချုပ်၏ တဲအတွင်း၌။
" စစ်သေနာပတိချုပ် ဒီတစ်ကြိမ်မှာ တလျန်မြို့တော်ကနေ ဖမ်းဆီးရမိတဲ့ လက်နက်ချစစ်သည်တွေနဲ့ ပြည်သူတွေ အရေအတွက်က အရမ်းများပြားလွန်းတယ်။ ကျွန်တော်မျိုးတို့ လက်ရှိရိက္ခါတွေနဲ့ဆိုရင် လဝက်လောက်ပဲ ခံနိုင်လိမ့်မယ်။ " တုဆွေက သက်ပြင်းချပြီး ပြောလိုက်သည်။
" မင်းက သူတို့ကို စွန့်ပစ်ခိုင်းနေတာလား။ " ကျောက်ဖုန်းက တုဆွေကို မော့ကြည့်လိုက်သည်။
" ကျွန်တော်က စစ်တပ်ရဲ့ ရိက္ခါတွေကို ဒီလူတွေအပေါ်မှာ မဖြုန်းတီးသင့်ဘူးလို့ ရိုးရိုးသားသားပဲ တွေးမိတာပါ။ " တုဆွေက ရိုးစားစွာ ပြန်လည်ဖြေကြားလိုက်သည်။
" တကယ်လို့ သူတို့က ရန်သူဘက်မှာ ရှိနေသေးရင်တော့ ငါတို့ သူတို့ကို ဂရုစိုက်စရာမလိုဘူး။ ဒါပေမယ့် အခုတော့ ဝေနိုင်ငံကညကျရှုံးသွားပြီဆိုတော့ သူတို့အားလုံးက ငါနို့ ဟွာရှရဲ့ အစိတ်အပိုင်းတွေ ချင်ရဲ့ ပြည်သူတွေ ဖြစ်သွားကြပြီ။ ဘာပဲဖြစ်ဖြစ် ငါ သူတို့သေသွားတာကို ဒီအတိုင်း ထိုင်ကြည့်မနေနိုင်ဘူး။ " ကျောက်ဖုန်းက ပြတ်သားစွာ ပြောလိုက်သည်။
လက်တွေ့တွင် စစ်ထဲမှ လူအများသုက ဝေနိုင်ငံမှ လူပေါင်းသိန်းချီကို စောင့်ရှောက်ရန် ဆန့်ကျင်ခဲ့ကြပြီး သူတို့ဘာသာ သူတို့ ရုန်းကန်ရှင်သန်ခိုင်းရန် ဆန္ဒရှိကြသည်။ သို့သော် ကျောက်ဖုန်းက ၎င်းကို တိုက်ရိုက်ဖယ်ရှားခဲ့ပြီး သူတို့ကို စောင့်ရှောက်ထားရန် ဆုံးဖြတ်ခဲ့သည်။
" ခွိုက်ဖု ရိက္ခါတွေ ရောက်လာဖို့ ဘယ်လောက်လိုသေးလဲ။ " ကျောက်ဖုန်းက ခွိုက်ဖုကို လှည့်ကြည့်လိုက်သည်။
" စစ်သေနာပတိချုပ် လဝက်အတွင်း ရောက်လာမှာပါ။ " ခွိုက်ဖုက ပြန်လည်ဖြေကြားလိုက်သည်။
" ကောင်းပြီ။ " ကျောက်ဖုန်းက ခေါင်းညိမ့်လိုက်သည်။
" လက်အောက်ခံ ယန်ပိုက တွေ့ခွင့်တောင်းပါတယ်။ " အပြင်မှ အသံတစ်ခု ထွက်ပေါ်လာသည်။
" အင်း " ကျောက်ဖုန်းက လက်ဝှေ့ရမ်းလိုက်သည်။
" ဝင်ခဲ့ပါ။ " ကျန်းမင်က ပြောလိုက်သည်။
သက်လတ်ပိုင်းအရွယ် စစ်သူကြီးတစ်ယောက်က ကျောက်ဖုန်း၏ ရှေ့သို့ ရောက်လာသည်။
" ကျွန်တော် ယန်ပိုက စစ်သေနာပတိချုပ်ကို ဂါရဝပြုပါတယ်။ " ယန်ပိုက ကျောက်ဖုန်းကို ဦးညွှတ်လိုက်သည်။ သူက ပင်မစစ်သူကြီး ဝတ်စုံကို ဝတ်ဆင်ထားသော်လည်း ပင်မတပ်စခန်းမှမဟုတ်ဘဲ ထောက်ပို့တပ်မှ စစ်သူကြီးဖြစ်သည်။
" ထပါ။ " ကျောက်ဖုန်းက တည်ငြိမ်စွာ ပြောလိုက်သည်။
" စစ်သေနာပတိချုပ် တလျန်မြို့တော်ရဲ့ ရိက္ခာကျီတွေထဲက ဆန်စပါးခြောက်ဆယ်ရာခိုင်နှုန်းနီးပါးက ပျက်စီးခြင်းမရှိဘဲ ကျန်နေခဲ့ပါတယ်။ " ယန်ပိုက စိတ်လှုပ်ရှားစွာ ပြောလိုက်သည်။
၎င်းကို ကြားသောအခါ တုဆွေနှင့် ကျန်းဟန်တို့က ဝမ်းသာသွားကြသည်။ " ဒါဆို ကျွန်တော်တို့ရဲ့ ရိက္ခါတွေ အများကြီး သုံးစရာမလိုတော့ဘူးပေါ့။ ဝေဝူကျိက စစ်သည်လေးသိန်းအတွက် တစ်နှစ်စာ ရိက္ခါတွေ စုဆောင်းထားတာ။ ရေလွှမ်းမှုကြောင့် ဆုံးရှုံးသွားရင်တောင် အဲ့ဒီပြည်သူတွေနဲ့ လက်နက်ချစစ်သည်တွေအတွကိ လုံလောက်သေးတယ်။ "
" အဲ့ဒီရိက္ခါတွေက ရေလွှမ်းတာတောင် ဘာလို့ မပျက်စီးသွားတာလဲ။ " တုဆွေက ယန်ပိုကို မေးလိုက်သည်။
" အဲ့ဒါက ဝေဝူကျိရဲ့ သတိကြီးမှုကြောင့်ပဲ။ သူက ဝေနိုင်ငံရဲ့ နေရာအနှံ့မှာ မြေအောက်ရိက္ခါကျီတွေ တည်ဆောက်ထားခဲ့တာ။ အားလုံးကို အလုံပိတ်ထားတော့ ရေဘေးကိုလည်း ခံနိုင်ရည်ရှိသလို မီးဘေးဒဏ်ကိုတောင် ခံနိုင်ရည်ရှိပါတယ်။ " ယန်ပိုက ချက်ချင်း ပြန်ဖြေလိုက်သည်။
" စစ်သူကြီးယန် " ကျောက်ဖုန်းက ယန်ပိုကို ကြည့်လိုက်သည်။
" အမိန့်ရှိပါ။ " ယန်ပိုက ဦးညွှတ်လိုက်သည်။
" တလျန်မြို့တော်က ရေလွှမ်းထားတော့ ကာကွယ်ရေးအစီအစဉ်မကောင်းခဲ့ရင် ကူးစက်ရောဂါ ပျံ့နှံ့သွားနိုင်တယ်။ မြို့ထဲကို ရှင်းလင်းတဲ့ ထောက်ပို့စစ်သည်တွေအားလုံး သူတို့ရဲ့ နှာခေါင်းနဲ့ ပါးစပ်တွေ သေချာပိတ်ထားကြရဲ့လား။ " ကျောက်ဖုန်းက လေးနက်စွာ မေးလိုက်သည်။
" စစ်သေနာပတိချုပ် သူတို့အားလုံး မျက်နှာကို သေချာဖုံးထားကြပါတယ်။ ပြီးတော့ သူတို့ရဲ့ စစ်ဝတ်စုံတွေကို မီးရှို့ဖျကိဆီးပြီး အရက်ပြင်းနဲ့ ပိုသတ်တာတွေကို ဆက်တိုက်လုပ်ဆောင်နေပါတယ်။ " ယန်ပိုက အတည်ပြုပြောဆိုလိုက်သည်။
" မှတ်ထားပါ။ အလောင်းတွေကို နေရာမှာတင် မြှုပ်နှံပစ်ပါ။ ထောက်ပို့တပ်ဖွဲ့ကို မြန်မြန်လုပ်ချုက်းလိုက်ပါ။ ရွှံ့နွံတွေနဲ့ အပျက်အစီးတွေအောက်က အလောင်းတွေကိုတော့ ဒီအတိုင်းပဲ ထားလိုက်တော့။ မြင်ရတဲ့ အလောင်းတွေ ရှင်းလင်းပြီးတာနဲ့ မြို့ကို ပိတ်ဆို့ထားလိုက်ပါ။ " ကျောက်ဖုန်းက အမိန့်ပေးလိုက်သည်။
" နားလည်ပါပြီ။ " ယန်ပိုက ပြန်ပြောလိုက်သည်။
" ဒါနဲ့ ဆန်စပါးတွေကို မြို့ထဲကနေ အရင်သယ်ထုတ်ပါ။ " ကျောက်ဖုန်းက ထပ်ပြောလိုက်သည်။
ထို့နောက် သူတို့အားလုံးက ကျောက်ဖုန်းကို ဦးညွှတ်ပြီး ထွက်ခွာသွားကြသည်။
" စစ်သေနာပတိချုပ် ဝန်ကြီးဟန်ဖေးက တွေ့ခွင့်တောင်းနေပါတယ်။ " ကိုယ်ရံတော်တစ်ယောက်၏ အသံက အပြင်မှ ထွက်ပေါ်လာသည်။
" သူ့ကို အထဲကို မြန်မြန် ဖိတ်ခေါ်လိုက်ပါ။ " ကျောက်ဖုန်းက ပြုံး၍ ပြောလိုက်သည်။ သူ့အတွက် ဟန်ဖေက မိတ်ဆွေကောင်းတစ်ယောက်ပင်ဖြစ်သည်။
ဟန်ဖေးက သွက်လက်သော ခြေလှမ်းများဖြင့် တဲအတွင်းသို့ ဝင်လာခဲ့သည်။
" ညီအကိုကျောက် ငါတို့ မဆုံဖြစ်တာ တော်တော်ကြာသွားပြီ။ " ဟန်ဖေးက နွေးထွေးစွာ ပြုံးလိုက်သည်။
" ကြည့်ရတာ ကျောက်နယ်မြေက အုပ်ချုပ်ရေးကိစ္စတွေ ပြီးသလောက်ဖြစ်နေပြီထင်တယ်။ မင်းက ဝေနယ်မြေကို လာဖို့တောင် အားလပ်ချိန်ရနေတယ်ပေါ့။ " ကျောက်ဖုန်းက ရယ်ပြီး ပြောလိုက်သည်။
" မင်းလေသံက ဘာလို့ခနဲ့တဲ့ပုံပေါက်နေတာလဲ။ ဘာလဲ ငါက တာဝန်တွေက စွန့်ခွာပြီး ဝေနယ်မြေကို လာတယ်လို့ မင်းထင်နေတာလား။ " ဟန်ဖေးက ထိုင်ပြီး ပြောလိုက်သည်။
" မင်းအတွေးလွန်နေတာပါ။ အခုဆို မင်းက ကျောက်နယ်မြေကို အုပ်ချုပ်တာ ပြီးသွားပြီဆိုတော့ မင်းပြန်ရောက်တဲ့အခါ ဝန်ကြီးကိုးပါးထဲက နေရာတစ်နေရာကို သေချာပေါက် ရရှိတော့မှာပဲ။ ဒါပေမယ့် မင်းရောက်လာတာ အကိုက်ပဲ။ ငါ့ဆီမှာ ဒုက္ခသည်အဖွဲ့ကြီးတစ်ဖွဲ့ ရှိနေတယ်။ သူတို့ကို စီမံခန့်ခွဲဖို့က အတော်လေး အလုပ်ရှုပ်တယ်။ အခု မင်းရောက်လာပြီဆိုတော် ဒါကို မင်းဆီပဲ လွှဲပေးလိုက်တော့မယ်။ " ကျောက်ဖုန်းက ပြုံး၍ ပြောလိုက်သည်။
" မင်းက ဟန်ဆောင်နေတာပဲ။ ငါက လမ်းကြုံဝင်လာတာ။ ဒုက္ခသည်စခန်းက ကောင်းကောင်းမွန်မွန် ဖွဲ့စည်းထားတာပဲ။ ဘာအရှုပ်အယှက်မှမရှိပါဘူး။ " ဟန်ဖေးက ရယ်မောလိုက်သည်။
" အဲ့ဒါက စစ်ဘက်ဆိုင်ရာ စည်းကမ်းတွေကြောင့်ပဲ။ ဒါပေမယ့် ပြဿနာမရှိဘူးလို့ ဆိုလိုတာမဟုတ်ဘူး။ ဒါကြောင့်လည်း ငါတို့က ညီအကိုဟန်လို ကျွမ်းကျင်တဲ့ အုပ်ချုပ်သူတစ်ယောက်ကို ပိုလိုအပ်တာပေါ့။ " ကျောက်ဖုန်းက ပြုံး၍ ပြောလိုက်သည်။
" မင်းက အဲ့ဒါကို မလုပ်ချင်လို့ ငါ့ဆီကို သိသိသာသာကြီး လွှဲချနေတာပဲ။ " ဟန်ဖေးက စိတ်ပျက်ဟန်ဖြင့် ရယ်မောလိုက်သည်။
" ဒါဆို ညီအကိုဟန်က လက်ခံမှာလား လက်မခံဘူးလား။ " ကျောက်ဖုန်းက ပြုံး၍ မေးလိုက်သည်။
" ငါလက်ခံရမှာပေါ့။ " ဟန်ဖေးက ရယ်မောလိုက်သည်။ "ကြီးမားတဲ့ စွမ်းဆောင်မှုတွေ ရနိုင်မယ့် ဒီလိုအခွင့်အရေးကို ငါသာအောင်မြင်ရင် ဝန်ကြီးကိုးပါးထဲက ငါ့ရဲ့ နေရာက ပိုပြီး ခိုင်မာသွားလိမ့်မယ်။ " ဟန်ဖေးက ဖုံးကွယ်ခြင်းမရှိဘဲ ပြောလိုက်သည်။
ထိုအချိန်တွင် ကျောက်ဖုန်း၏ အကြည့်က ရွေ့လျားသွားပြီး ဟန်ဖေး၏ နောက်မှ လိုက်ဝင်လာသော လူကို ကြည့်လိုက်သည်။ ကျောက်ဖုန်း၏ အကြည့်ကို ခံစားလိုက်ရသဖြင့် ယန်ပင်းက ရှေ့တိုးလာပြီး ဦးညွှတ်လိုက်သည်။
" စစ်သေနာပတိချုပ်ကို အရိုအသေပေးပါတယ်။ "
" နယ်စားမင်းယန် ဝန်ကြီးဟန်ရဲ့ လက်အောက်မှာ အလုပ်လုပ်ရတာ အဆင်ပြေရဲ့လား။ " ကျောက်ဖုန်းက ပြုံး၍ ပြောလိုက်သည်။
" ဝန်းကြီးဟန်ရဲ့ နာမည်က တစ်လောကလုံးမှာ ကျော်ကြားပါတယ်။ သူ့ရဲ့ လက်အောက်မှာ အလုပ်လုပ်ခွင့်ရတာ ကျွန်တော်အတွက် အခွင့်ထူးတစ်ခုပါပဲ။ စစ်သေနာပတိချုပ်သာမရှိရင် ကျွန်တော်က ဒီလိုအခွင့်အရေးမျိုး ရမှာမဟုတ်ပါဘူး။ " ယန်ပင်းက စိတ်လှုပ်ရှားစွာဖြင့် ပြောလိုက်သည်။
သူက ကျောက်ဖုန်းကြောင့် ဟန်ဖေး၏ လက်အောက်သို့ ဝင်ရောက်နိုင်ခဲ့ခြင်း ဖြစ်သည်။ သူက ခရိုင်နယ်စားမင်းတစ်ယောက်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သော်လည်း ရှချူးခရိုင်က ခရိုင်သေးသေးလေး ဖြစ်ပြီး အဆက်အသွယ်မရှိဘဲ မြို့တော်တွင် အရာရှိတစ်ယောက် မဖြစ်နိုင်ပေ။
သို့သော် ကျောက်ဖုန်းက သူ၏ မိသားစုကို စောင့်ရှောက်ပေးခဲ့သောကြောင့် ယန်ပင်းကို ကျောက်ပြည်ထောင်မှ ဟန်ဖေး၏ လက်အောက်သို့ ပြောင်းရွှေ့ပေးရန် အထူးတလည် တောင်းဆိုခဲ့သည်။ သူက ယန်ပင်းကို အခွင့်အရေးတစ်ခု ပေးလိုက်ခြင်းသာဖြစ်သည်။
" ဒါက မင်းရဲ့ အရည််အချင်းကြောင့်ပဲ။ " ကျောက်ဖုန်းက ပြုံး၍ ပြောလိုက်သည်။
" ဒါနဲ့ ဝေနိုင်ငံက ပြည်သူတွေနဲ့ လက်နက်ချစစ်သည်တွေ ဒီလောက်များတာ ရိက္ခါတွေက မလုံလောက်ဘူး။ ရှန်းယန်ကလည်း အများကြီး ခွဲဝေပေးနိုင်မှာမဟုတ်ဘူး။ အဆုံးမှာ နန်းတွင်းက လူတွေအတွက် ဒီလူတွေက အရေးမပါတဲ့သူတွေပဲလေ။ " ဟန်ဖေးက ကျောက်ဖုန်းကို ကြည့်ပြီး ပြောလိုက်သည်။
" ငါတင်ပြထားတဲ့ အစီရင်ခံစာက ရှန်းယန်ကို ရောက်သွားပြီ။ ပထမအသုတ် ရိက္ခါတွေ လဝက်အတွင်း ရောက်လာလိမ့်မယ်။ ပြီးတော့ ဝေဝူကျိ ဝေမြို့တော်ထဲမှာ သိုလှောင်ထားတဲ့ ရိက္ခါတွေက ခြောက်ဆယ်ရာခိုင်နှုန်းလောက် ကျန်သေးတယ်။ ဒါက ဒုက္ခသည်တွေအတွက် လုံလောက်ပါတယ်။ " ကျောက်ဖုန်းက ပြုံးလိုက်သည်။
" အဲ့ဒါ ကောင်းတာပေါ့။ " ဟန်ဖေးကလည်း ပြုံးလိုက်သည်။ လက်ရှိအခြေအနေအရ ထိုစွမ်းဆောင်မှုက ဟန်ဖေး၏ အရာဖြစ်သွားခဲ့သည်။
စစ်မြေပြင်မှ ထာဝရရှင်သန်ခြင်းဆီသို့