← Chapters

အခန်း ၃၂၉

Vol. 33 Ch. 329

အခန်း ၃၂၉

Vol. 33 Ch. 329

အခန်း (၃၂၉)

" အရှင်မင်းကြီးက ကျောက်ဖုန်းကို စစ်ဦးစီးချုပ်ရာထူးအထိ တိုးမြှင့်ပေးဖို့ ရည်ရွယ်ထားတဲ့ပုံပဲ။ " ဟွမ်ယိက စိတ်ထဲမှ အံ့ဩစွာဖြင့် တွေးလိုက်သည်။

အားလုံးထဲတွင် ရှဝူချယ်တစ်ယောက်သာ တည်ငြိမ်နေခဲ့သည်။ သူက စိတ်ထဲတွင်တော့ ဝမ်းသာနေခဲ့သည်။ " ဖုန်အာ ဒါက မင်းရဲ့ အဖေက မင်းအတွက် လမ်းခင်းပေးနေတာပဲ။ မင်းရဲ့ ကျော်ကြားမှုက တစ်လောကလုံးကို လွှမ်းမိုးသွားတဲ့အခါ နန်းတွင်းမှာ ဘယ်သူမှ မင်းကို မဖိနှိပ်နိုင်တော့တဲ့အခါ ကမ္ဘာပေါ်က နိုင်ငံအားလုံးကို စုစည်းပြီးတဲ့အခါ မင်းရဲ့ အဆင့်အတန်းကို တစ်ကမ္ဘာလုံးသိအောင် ကြေညာလိမ့်မယ်။ အဲ့ဒီအချိန်ကျရင် မင်းရဲ့ အမေကလည်း ဂုဏ်သိက္ခါရှိရှိ ပြန်လာနိုင်လိမ့်မယ်။ "

" စစ်ချီရှူးကျန့် ၁၇ဆင့်မြောက်ဘွဲ့ထူး။ ဒါက ချင်နိုင်ငံမှာ အမြင့်ဆုံးအဆင့်အတန်းပဲ။ စစ်သေနာပတိချုပ် လေးယောက်ထဲမှာ ငါတစ်ယောက်တည်း အမြင့်ဆုံး အဆင့်အတန်းကို ပိုင်တိုင်ထားတာပဲ။ " ကျောက်ဖုန်းက စိတ်လှုပ်ရှားသွားသည်။

သူ့အတွက်ဆိုလျှင် အာဏာက လုံလောက်နေပြီဖြစ်သည်။ သို့သော် သူက ဆက်လက်သန်မာနိုင်ရန်အတွက် စစ်အာဏာများကို လိုချင်နေဆဲ ဖြစ်သည်။ ထို့အပြင် ချင်နိုင်ငံ၏ အဆုံးသတ်ကာလအတွက် အနာဂတ်အစီအစဉ်များကိုလည်း ချမှတ်ရမည်ဖြစ်သည်။

နိုင်ငံခြောက်ခု ကျဆုံးသွားပြီး ဟွာရှစည်းလုံးသွားသည်နှင့် ကျောက်ဖုန်းက ပိုင်ယွဲကို ချေမှုန်းရန် တောင်းဆိုပြီး ပိုယွဲ့ကို ကာကွယ်စောင့်ရှောက်မည်ဖြစ်သည်။

" အရှင်မင်းကြီးရဲ့ ဂရုဏာအတွက် ကျေးဇူးတင်ပါတယ်။ " ကျောက်ဖုန်းက ဂါရဝပြုပြီး ပြောလိုက်သည်။

" အရှင်မင်းကြီးက အမိန့်ပေးလိုက်တယ်။ ဝေနိုင်ငံကို သိမ်းပိုက်ပြီး တလျန်မြို့က ကူးစက်ရောဂါကာကွယ်ရေးလုပ်ငန်းတွေ ပြီးဆုံးသွားတဲ့အခါ စစ်သေနာပတိချုပ်က ဝူအန်းစခန်းကို မူလနေရာဆီ ပြန်စေလွှတ်ရပါမယ်။ ပြီးရင် စစ်သေနာပတိချုပ်က သမားတော်ရှနဲ့အတူ ရှန်းယန်မြို့တော်ကို ပြန်လာလို့ရပါပြီ။ " ရန်ရှောင်က အမိန့်တော်ကို ပေးပြီး ပြောလိုက်သည်။

" အမိန့်အတိုင်းပါ။ " ကျောက်ဖုန်းက ပြန်ပြောလိုက်သည်။

ယခုအချိန်တွင် ဝမ်ယန်က ကလေးမွေးတော့မည်ဖြစ်ပြီး ယခင်တစ်ခေါက် လွဲချော်ခဲ့သောကြောင့် ကျောက်ဖုန်းက ယခုတစ်ခေါက် မလွဲချော်ချင်တော့ပေ။ ထို့ကြောင့် ကျောက်ဖုန်းက ဝေနိုင်ငံ၏ ပြဿနာများကို အမြန်ဆုံးဖြေရှင်းပြီးအောင် လုပ်ဆောင်မည်ဖြစ်ပြီး ထို့နောက် ရှန်းယန်သို့ ပြန်လာမည်ဖြစ်သည်။

ထိုအချိန်တွင် ဟွမ်ယိက ရှေ့သို့ တိုးလာခဲ့သည်။

" စစ်သေနာပတိချုပ်ကျောက်ကို ဂုဏ်ပြုပါတယ်။ စစ်ချီရှူးကျန် ဒါက ချင်နိုင်ငံမှာ အမြင့်ဆုံး အဆင့်အတန်းပဲ။ " ဟွမ်ယိက စိတ်လှုပ်ရှားစွာဖြင့် ပြောလိုက်သည်။

" စစ်သေနာပတိချုပ်ဟွမ်က အားနာစရာတွေ ပြောနေပြန်ပါပြီ။ ဒါက အရှင်မင်းကြီးရဲ့ ကရုဏာကြောင့်ပါပဲ။ ကျုပ်လည်း ဒီလိုအဆင့်အတန်းမျိုး တိုးမြှင့်ခံရလိမ့်မယ်လို့ မထင်ထားမိခဲ့ဘူး။ " ကျောက်ဖုန်းက ပြုံး၍ ပြန်ပြောလိုက်သည်။

" စစ်သေနာပတိချုပ်ကျောက်က တကယ်ကို နှိမ့်ချတတ်တာပဲ။ ငါ့ရဲ့ အမြင်အရတော့ ဘွဲ့ထူးနှစ်ဆင့် တိုးမြှင့်ပေးတာက မင်းနဲ့ တကယ် ထိုက်တန်ပါတယ်။ " ဟွမ်ယိက လေးနက်စွာ ပြောလိုက်သည်။

" ဝန်ကြီးဟွမ် မင်းကိုလည်း ဒီနေရာမှာ တွေ့ရလိမ့်မယ်လို့ မထင်ထားဘူး။ " ဟွမ်ယိက ဟန်ဖေးဘက်သို့ လှည့်လိုက်သည်။

" စစ်သေနာပတိချုပ်ဟွမ် " ဟန်ဖေးက လက်သီးလက်ဝါးဆုပ်ပြီး ​အရိုအသေပေးလိုက်သည်။

" ဝန်ကြီးဟန်က ဒီရောက်လာပြီဆိုတော့ ကျောက်နယ်မြေက ငြိမ်းချမ်းသွားပြီး ချင်နိုင်ငံရဲ့ ကွပ်ကဲမှုအောက်ကို လုံးဝ ရောက်သွားပြီထင်တယ်။ ဝန်ကြီးဟန်က တကယ်ကြီးမားတဲ့ စွမ်းဆောင်မှုကို ရရှိခဲ့တာပဲ။ " ဟွမ်ယိက ပြုံး၍ ပြောလိုက်သည်။

" စစ်သေနာပတိချုပ်လည်း ဒီအချိန်မှာ ကောင်းကောင်းစွမ်းဆောင်နိုင်ခဲ့ပါတယ်။ " ဟန်ဖေးက ပြန်ပြောလိုက်သည်။

ကျောက်ဖုန်းမှလွဲ၍ အခြားသူများနှင့် ဆက်ဆံရာတွင် ဟန်ဖေးက ရင်းနှီးမှုမရှိပေ။ နောက်ဆုံးတွင် သူ၏ စိတ်ထဲမှ စကားများကို အမှန်တကယ် ဖွင့်ဟတိုင်ပင်နိုင်သည့် တစ်ယောက်တည်းသောလူမှာ ကျောက်ဖုန်းသာ ဖြစ်သည်။

စကားအနည်းငယ် ပြောပြီးနောက် ဟွမ်ယိက ပြန်လည်ထွက်ခွာသွားခဲ့သည်။

တဲအတွင်းသို့ ပြန်ရောက်သောအခါ။

" ဒီဟွမ်ယိက ရိုးရှင်းတဲ့လူတော့မဟုတ်ဘူး။ နန်း​တွင်းက လူတွေနဲ့ တတ်နိုင်သမျှ မပက်သက်တာ အကောင်းဆုံးပဲ။ အပေါ်ယံမှာ သူတို့က ဖော်ရွေနေပေမယ့် စိတ်ထဲမှာတော့ သူတို့က မင်းပျက်စီးသွားမှာကို ဆုတောင်းနေကြတာ။ " ဟန်ဖေးက ပြုံး၍ ပြောလိုက်သည်။

" စစ်တပ်ထဲမှာဆိုတော့ ငါက နန်းတွင်းရဲ့ ပဋိပက္ခတွေနဲ့ ဝေးဝေးနေလို့ရတယ်။ ရှန်းယန်ကို ပြန်ရောက်ရင်တောင် ညီလာခံကို အမြဲတမ်း တက်ရောက်နေဖို့ မလိုဘူး။ မင်းကသာ ပိုပြီး သတိထားရမယ်။ " ကျောက်ဖုန်းက ဟန်ဖေးကို သတိပေးလိုက်သည်။

ထိုအချိန်တွင် ကျန်းမင်က ဝါးချပ်စာလိပ်များစွာကို ယူလာပြီး အထဲသို့ ဝင်လာသည်။

" စစ်သေနာပတိချုပ် ဒုက္ခသည်စခန်းက အရာရှိတွေရဲ့ နာမည်စားရင်းတွေ ကောက်ယူထားပါတယ်။ " ကျန်းမင်က ဝါးချပ်စာလိပ်များကို ချပြီးနောက် ကိုယ်ရံတော်အချို့က သေတ္တာများကို သယ်ဆောင်လာကြသည်။

" ညီအကိုဟန် ဒါတွေအကုန်လုံးက မင်းအတွက်ပဲ။ ငါ ဒီတဲစခန်းကိုလည်း မင်းကို ပေးလိုက်မယ်။ မင်း ကိစ္စအားလုံးကို ကိုင်တွယ်ဖြေရှင်းနိုင်မှာပါ။ ကိစ္စတစ်ခုခုရှိရင် ငါ့ကို ဘေးကတဲမှာ လာရှာလို့ရတယ်။ " ကျောက်ဖုန်းက ဟန်ဖေး၏ ပခုံးကို ပုတ်ပြီး လှည့်ထွက်သွားသည်။

ဟန်ဖေးက သူ၏ ရှေ့မှ ဝါးချပ်စာလိပ်များကို ကြည့်ပြီး စိတ်ပျက်အားလျော့မိသွားသည်။

" အင်း ကြီးမားတဲ့ စွမ်းဆောင်မှုကို ရရှိဖို့က ဒီလောက်လည်း မလွယ်ပါလား။ " ဟန်ဖေးက စိတ်ထဲမှ သက်ပြင်းချလိုက်ပြီး ထိုင်ခုံတွင် ထိုင်လိုက်သည်။

" ယန်ပင်း "

" ကျွန်တော်မျိုးရှိပါတယ်။ " ယန်ပင်းက အမြန်ရောက်လာသည်။

" ကျောက်နယ်မြေကအတိုသ်း ပညာရှိငါးရာကို သုံးဖွဲ့ခွဲလိုက်။ တစ်ဖွဲ့က ဥပဒေတွေကို ပြင်ဆင်ဖို့၊ နောက်တစ်ဖွဲ့က အိမ်ထောင်စုစာရင်းတွေကို စီမံခန့်ခွဲဖို့ ပြီးတော့ တတိယအဖွဲ့က ပြည်သူတွေအတွက် စီမံကိန်းတွေ ရေးဆွဲရမယ်။ " ဟန်ဖေးက လေးနက်စွာ ပြောလိုက်သည်။

" နားလည်ပါပြီ။ " ယန်ပင်းက ချက်ချင်း ပြန်ပြောလိုက်သည်။

အခြားတဲစခန်းတစ်ခုကို ဝင်လိုက်သည်နှင့် ကျောက်ဖုန်းက ယင်ပုကို တွေ့လိုက်ရသည်။ သူက ထိုင်ခုံတွင် ဝင်ထိုင်ပြီး ယင်ပုကို ကြည့်လိုက်သည်။

" အရှင် ရှန်းယန်က အစီရင်ခံစာတစ်ခု ရောက်လာပါတယ်။ " ယင်ပုက အစီရင်ခံစာကို ကိုင်ပြီး ပြောလိုက်သည်။

" ဖတ်ပြပါဦး။ " ကျောက်ဖုန်းက အမိန့်ပေးလိုက်သည်။

" ဒါက ရှန်းယန်မြို့က နန်းတွင်းနဲ့ သက်ဆိုင်တာပါ။ အရှင်ကို အရှင်မင်းကြီးက ဘွဲ့ထူးနှစ်ဆင့်တိုးမြှင့်ပေးဖို့ ရည်ရွယ်ခဲ့ပေမယ့် ဝန်ကြီးအချို့ရဲ့ ကန့်ကွက်ခြင်းကို ရင်ဆိုင်ခဲ့ရပါတယ်။ အထူးသဖြင့် ဝမ်ဝမ်တို့အဖွဲ့က အရှင့်ရဲ့ ဘွဲ့ထူးတိုးမြှင့်မှုကို ပြင်းပြင်းထန်ထန် ကန့်ကွက်ခဲ့ကြပါတယ်။ အရှင်နဲ့ စစ်သေနာပတိချုပ်ဝမ်ကျန့်တို့ကြားက အိမ်ထောင်းပြုမှုက စစ်အာဏာကို တစ်ဝက်ကျော် ထိန်းချုပ်ထားတာဖြစ်လို့ ချင်နိုင်ငံမှာ မတည်မငြိမ်ဖြစ်နိုင်တယ်လို့ ဝမ်ဝမ်က ပြောခဲ့ပါတယ်။ "

" အဓိပ္ပါယ်ကတော့ အရှင်နဲ့ ဝမ်မိသားစုသာ ပူးပေါင်းပြီး ပုန်ကန်ခဲ့ရင် ချင်နိုင်ငံက ခုခံကာကွယ်နိုင်မှာမဟုတ်ဘူးဆိုတဲ့ သဘောပါပဲ။ ပြီးတော့ စစ်သေနာပတိချုပ်ဝမ်ကျန့်က ကျန့်ထိုင်နန်းဆောင်ကို ဆင့်ခေါ်ခံခဲ့ရပြီး သူ အပြင်ကို ထွက်လာတော့ သူ့မျက်နှာ ဆိုးဆိုးရွားရွား ပျက်ယွင်းနေခဲ့ပါတယ်။ သူ ဖိနှိပ်ခံခဲ့ရတာလည်း ဖြစ်နိုင်ပါတယ်။ " ယင်ပုက လေးနက်စွာ ပြောလိုက်သည်။

" ငါ့ရဲ့ ယောက္ခမကို ဖိနှိပ်တယ်ဟုတ်လား။ " ကျောက်ဖုန်း၏ အမူအရာက ထူးဆန်းသွားပြီးနောက် ခေါင်းခါလိုက်သည်။ " ချင်ဘုရင်က အဲ့လိုလူမျိုးမဟုတ်ဘူး။ "

" ဒါပေမယ့် အစီရင်ခံစာထဲမှာတော့ စစ်သေနာပတိချုပ်ဝမ်ကျန့်က ကျန်းထိုင်နန်းဆောင်က ထွက်သွားတဲ့အခါ စိတ်အနှောက်အယှက်ဖြစ်နေပုံပေါ်တယ်လို့ ပြောထားတယ်။ ဒါက ချင်ဘုရင်ရဲ့ ဖိနှိပ်မှုကြောင့်မဟုတ်ရင် အခြားဘာအကြောင်းရင်း ဖြစ်နိုင်မှာလဲ။ " ယင်ပုက နားမလည်နိုင်စွာဖြင့် မေးလိုက်သည်။

" တကယ်လို့ ချင်ဘုရင်က အမှန်တကယ် ဖိနှိပ်ဖို့ ရည်ရွယ်ချက်ရှိခဲ့ရင် သူ ငါ့ကို ဘွဲ့ထူးနှစ်ခု တိုးမြှင့်ပေးမှာမဟုတ်ဘူး။ တကယ်လို့ ချင်ဘုရင်က သူ့ရဲ့ ဝန်ကြီးတွေကို ဖိနှိပ်တဲ့လူမျိုးဆိုရင် ဒီနေ့ နိုင်ငံသုံးခုကို သိမ်းပိုက်နိုင်တဲ့အထိ အောင်ပွဲတွေ ရလာမှာမဟုတ်ဘူး။ ငါယောက္ခမ ကျန်းထိုင်နန်းဆောင်က ထွက်လာတော့ ထူးဆန်းတဲ့ အမူအရာဖြစ်နေတာက အခြားအကြောင်းရင်းကြောင့်ဖြစ်နိုင်ပါတယ်။ " ကျောက်ဖုန်းက ပြောလိုက်သည်။

ချင်ဘုရင်နှင့် ပက်သက်၍ သူက အတိုင်းအတာတစ်ခုအထိ ယုံကြည်ထားသည်။ သူက ဝန်ကြီးတစ်ယောက်မှ မသတ်ခဲ့သော ချင်ရှီဟွမ်၏ သမိုင်းကြောင်းကို နားလည်ထားရုံသာမက ရှန်းယန်​သို့ ရောက်သောအခါ ချင်ဘုရင်နှင့် အပြန်အလှန် ဆက်ဆံဖူးသောကြောင့် ချင်ဘုရင်က သူ၏ ဝန်ကြီးများအား ကြောက်ရွှံ့သူမဟုတ်သည်ကို သူယုံကြည်ထားသည်။

" ဒါဆို ကျွန်တော်တို့ ဝမ်ဝမ်တို့အဖွဲ့ကို အရေးယူသင့်လား။ အရှင် အမိန့်သာပေးလိုက်ပါ။ ယန်ထင်က အရှင်အတွက် ဘယ်တန်ဖိုးပဲ ပေးဆပ်ရပါစေ သူတို့ကို ဖယ်ရှားပေးဖို့ အသင့်ပါပဲ။ " ယင်ပုကညပြောလိုက်သည်။

" မင်းက ချင်ဘုရင် ငါ့အပေါ် သံသယပိုဝင်အောင် လုပ်နေတာလား။ " ကျောက်ဖုန်းက ယင်ပုကို အေးစက်စွာ ကြည့်လိုက်သည်။

" ငါ့နဲ့ ငါ့ယောက္ခမက နန်းတွင်းမှာ အပြစ်တင်စွပ်စွဲခံရပြီး မကြာခင်မှာ စွပ်စွဲတဲ့သူတွေက လုပ်ကြံသတ်ဖြတ်ခံလိုက်ရတယ်ဆို နန်းတွင်းက ဘယ်သူ့ကို အရင်ဆုံးပြေးမြင်မှာလဲ။ "

" ဒါ ကျွန်တော်အမှားပါ။ ကျွန်တော်ကို အပြစ်ပေးပါ။ " ယင်ပု၏ အမူအရာက ပြောင်းလဲသွားပြီး ချက်ချင်း တောင်းပန်လိုက်သည်။

စစ်မြေပြင်မှ ထာဝရရှင်သန်ခြင်းဆီသို့

All Chapters