← Chapters

အခန်း ၃၃၀

Vol. 33 Ch. 330

အခန်း ၃၃၀

Vol. 33 Ch. 330

အခန်း (၃၃၀)

" တိုက်ရိုက်ရှင်းလိုက်တာက အကျိုးမရှိတဲ့ လုပ်ရပ်တစ်ခုပဲ။ အဲ့ဒါက နန်းတွင်းရဲ့ အာရုံစိုက်မှုကို ငါနဲ့ ဝမ်မိသားစုဆီ ဆွဲဆောင်မိသွားလိမ့်မယ်။ ဒါပေမယ့် ငါတို့ သုံးလို့ရတဲ့ အခြားနည်းလမ်းတွေ ရှိပါသေးတယ်။ ဝမ်ဝမ်တို့က နန်းတွင်းကို လွှမ်းမိုးထားကြတာ။ သူတို့မှာ အပြစ်အနာဆာ မရှိဘူးလို့ ငါမယုံဘူး။ "

" သူတို့ကို သေချာစောင့်ကြည့်ဖို့ ယန်ထင်ကို အမိန့်ပေးလိုက်ပါ။ သူတို့နဲ့ ဆက်စပ်နေတဲ့ ဘယ်သူ့ကိုမဆို သေချာစုံစမ်းရမယ်။ ငါတို့က သူတို့ကို ပြန်လုပ်မယ်ဆိုရင် အဲ့ဒါက ချင်နိုင်ငံရဲ့ ဥပဒေကို အသုံးပြုပြီး တရားဝင်တဲ့ နည်းလမ်းမျိုးပဲ ဖြစ်ရမယ်။ " ကျောက်ဖုန်းက အေးစက်စွာ ပြောလိုက်သည်။

ချင်ဥပဒေက တင်းကျပ်သော်လည်း အရာရှိများက ဥပဒေကို စိုးမိုးအကောင်ထည်ဖော်ကြသူများဖြစ်ကြသည်။ နန်းတွင်းနှင့် ချင်နိုင်ငံတွင် ဖြောင့်မတ်မှန်ကန်သူများ ရှိနေနိုင်သော်လည်း မည်သည့်အဖွဲ့အစည်းမဆို အဂတိလိုက်စားမှုကင်းစင်သည်ဟူ၍ မရှိပေ။ ထို့ကြောင့် ဝမ်ဝမ်နှင့် အခြားသူများ၏ အမှားများကို ဖော်ထုတ်ပြီး တရားဝင်တုန့်ပြန်ခြင်းက လုံးဝ မှန်ကန်သော လုပ်ရပ်ပင်ဖြစ်သည်။

" နားလည်ပါပြီ။ " ယင်ပုက ခေါင်းညိမ့်လိုက်သည်။

" ကျော်နယ်မြေက ယန်ထင်ဌာနက ဘယ်လိုရှိလဲ။ " ကျောက်ဖုန်းက မေးလိုက်သည်။

" စိတ်ချပါ အရှင်။ ကျွန်တော်မျိုးက လျို့ဝှက်ဌာနငါးခုကို တည်ထောင်ထားပါတယ်။အခုဆိုရင် ယန်ထင်က အဲ့ဒီဒေသမှာ လူသစ်တွေ စုဆောင်းနေပါတယ်။ ပြီးတေည့ အင်မော်တယ်ဝိုင်ခန်းမကလည်း ကျောက်နယ်မြေမှာ လျင်လျင်မြန်မြန် တိုးချဲ့နေပါတယ်။ ဘဏ္ဍာရေးအရင်းအမြစ်အားလုံးကလည်း ယန်ထင်ရဲ့ လူသစ်စုဆောင်း​မှုနဲ့ လေ့ကျင့်မှုတွေအတွက် လုံလောက်မှုရှိပါတယ်။ " ယင်ပုက ရှင်းပြလိုက်သည်။

" ဟေးပင်းထိုင်က အခုထိ စုံစမ်းနေတုန်းပဲလား။ "

" ဟေးပင်းထိုင်က လာရောက်စုံစမ်းခြင်း မရှိတော့ပါဘူး။ ကြည့်ရတာ ကျွန်တော်တို့ကို အလွယ်တကူ စုံစမ်းလို့မရဘူးဆိုတာ သိနေပုံရတယ်။ ကျွန်တော်တို့ ယန်ထင်ကလည်း ဟေးပင်းထိုင်နဲ့ ထိပ်တိုက်မတွေ့အောင် ရှောင်တိမ်းခဲ့ပါတယ်။ " ယင်ပုက ရှင်းပြလိုက်သည်။

" သူတို့က ငါတို့ကို လာမနှောက်ယှက်သရွေ့ ငါတို့ ယန်ထင်ကလည်း သူတို့ကို သွားပြီး ရန်စစရာမလိုဘူး။ နှစ်ဖက်လုံး အေးအေးချမ်းချမ်းနဲ့ မနှောက်ယှက်ဘဲနေတာ အကောင်းဆုံးပဲ။ " ကျောက်ဖုန်းက လေးနက်စွာ ပြောလိုက်သည်။

" နားလည်ပါပြီ။ " ယင်ပုက ခေါင်းညိမ့်လိုက်သည်။ " ဒါနဲ့အရှင် ကျဆုံးသွားတဲ့ ဟန်၊ ကျောက်နဲ့ ဝေနိုင်ငံက လျို့ဝှက်အဖွဲ့အစည်းတွေ ရှိနေပါတယ်။ "

ထိုစကားများကို ကြားသောအခါ ကျောက်ဖုန်းက အတွေးနက်သွားသည်။ နိုင်ငံသုံးခုက ကျဆုံးသွားပြီဖြစ်သော်လည်း ပိုက်ကွန်ထဲမှ လွတ်မြောက်သွားသူများစွာ ရှိနေဆဲ ဖြစ်သည်။ သူတို့က ပုန်းအောင်းနေကြပြီး အနာဂတ်တွင် သူတို့၏ နိုင်ငံများကို ပြန်လည်တည်ထောင်ရန် ကြံစည်ထားကြခြင်းဖြစ်သည်။

" အဲ့ဒီအကြောင်းပြောပါဦး။ " ကျောက်ဖုန်းက ပြောလိုက်သည်။

" အဲ့ဒီနိုင်ငံသုံးခုက အဖွဲ့အစည်းတွေက အခုဆို စတင်လှုပ်ရှားနေကြပါပြီ။ ပြီးတော့ သူတို့က အဖွဲ့ဝင်တွေကို တိတ်တဆိတ် စုဆောင်းနေကြပါတယ်။ ဟန်လျို့ဝှက်အဖွဲ့အစည်း၊ ကျောက်ဘုရင်ရဲ့ အစောင့်အရှောက်များ၊ ဝေလုပ်ကြံသတ်ဖြတ်သူများ ဒါတွေက သူတို့နာမည်တွေပါ။ " ယင်ပုက ပြောလိုက်သည်။

" ငါတို့က သူတို့ကို သိနေပြီဆိုတော့ သူတို့အကြောင်း အားလုံးကို ရှာဖွေစုံစမ်းလိုက်ပါ။ သူတို့ရဲ့ ဌာနတိုင်းကို စုံစမ်းပါ။ အချိန်ကန့်သတ်ချက်မရှိဘူး။ " ကျောက်ဖုန်းက ခဏစဉ်းစားပြီး ညွှန်ကြားလိုက်သည်။

လက်ရှိတွင် သူတို့က ထိုအဖွဲ့အစည်းများနှင့် ရန်ငြိုးမရှိသော်လည်း အနာဂတ်က မသေချာပေ။ ယခုအချိန်တွင် သူတို့ကို နားလည်အောင် လုပ်ထားခြင်းက အနာဂတ်တွင် ကိုင်တွယ်ရ ပိုမိုလွယ်ကူစေသည်။

" အမိန့်အတိုင်းပါ။ " ယင်ပုက ဦးညွှတ်ပြီး ပြောလိုက်သည်။ " ဒါပေမယ့် စုံစမ်းနေတုန်း သူတို့နဲ့ ထိပ်တိုက်တွေ့ရင် ကျွန်တော်တို့ နောက်ဆုတ်ရမှာလား ဒါမှမဟုတ်..."

" ယန်ထင်က နောက်ဆုတ်ဖို့ သင်ထားလို့လား။ " ကျောက်ဖုန်းက မျက်မှောင်ကြုတ်ပြီး ပြောလိုက်သည်။

" ကျွန်တော် နားလည်ပါပြီ။ " ယင်ပုက ပြောပြီး တဲအတွင်းမှ ထွက်ခွာသွားသည်။

တဲအတွင်း၌ ကျောက်ဖုန်းတစ်ယောက်တည်းသာ ကျန်နေခဲ့သည်။

" ရတနာသေတ္တာတွေ ဖွင့်မယ်။ " ကျောက်ဖုန်းက စိတ်ထဲမှ အမိန့်ပေးလိုက်သည်။ သူက ဘွဲ့ထူးနှစ်ဆင့် တိုးမြှင့်ခဲ့သောကြောင့် အဆင့်နှစ်ရတနာသေတ္တာနှစ်လုံး ရရှိထားခဲ့သည်။

" အဆင့်နှစ်ရ​တနာသေတ္တာနှစ်လုံးကို ဖွင့်နေပါပြီ။ "

" ကောင်းကင်အဆင့် အဆင့်မြင့် စစ်​ဗျူဟာ စစ်ဝိညာဉ်အစီအရင်ကို ရရှိပါတယ်။ "

" မြေကြီးအဆင့် အဆင့်မြင့် သိုင်းပညာ ခေတ်ကာလများကို ပိုင်းခြားသော ဓားသိုင်းကို ရရှိပါတယ်။ "

" ဒီတစ်ခါတော့ ငါတကယ်ကံကောင်းတာပဲ။ စစ်ဝိညာဉ်အစီအရင် ကောင်းကင်အဆင့် အဆင့်မြင့်။ ဒီလောက်အဆင့်မြင့်တဲ့ဟာမျိုး ပထမဆုံး ရတာပဲ။ ပြီးတော့ မြေကြီးအဆင့် အဆင့်မြင့် သိုင်းပညာလည်း ပါသေးတယ်။ " ကျောက်ဖုန်းက ကျေနပ်စွာ ပြုံးလိုက်သည်။

ကျောက်ဖုန်းက စစ်​ဗျူဟာကို ထုတ်ယူလိုက်သည်။ စစ်​ဗျူဟာ၏ အချက်အလက်များက သူ၏ စိတ်ထဲသို့ ဝင်ရောက်လာသောအခါ ကျောက်ဖုန်း၏ အမူအရာက လေးနက်သွားသည်။

" ဒီစစ်​ဗျူဟာက တကယ်အားကောင်းတာပဲ။ ဒါကို လေ့ကျင့်ပြီး အဆင့်တစ်ခု ရောက်သွားရင် စစ်တပ်တစ်ခုလုံးရဲ့ စွမ်းအားက လူတစ်ယောက်တည်းအပေါ် စုစည်းသွားပြီး စစ်ဝိညာဉ်ကို ထုတ်လွှတ်နိုင်လိမ့်မယ်။ ဒါက ကျင့်ကြံခြင်းအစီအရင်တစ်ခုလိုပဲ။ "

" အခြေခံလေ့ကျင့်ထားတဲ့သူတွေက သွေးစစ်ဝိညာဉ်ကို စုစည်းနိုင်လိမ့်မယ်။ အလယ်အလတ်အဆင့်ကတော့ သတ်ဖြတ်ခြင်းစစ်ဝိညာဉ်ကို စုစည်းနိုင်လိမ့်မယ်။ အထွတ်အထိပ်အဆင့်ကတော့ အစစ်အမှန် စစ်ဝိညာဉ်ကို စုစည်းနိုင်လိမ့်မယ်။ "

" အနာဂတ်မှာ ငါ့ရဲ့ စစ်သည်တွေက ဒါကို လေ့ကျင့်ထားရင် သိုင်းပညာအခြေခံမရှိရင်တောင် အဲ့ဒီစစ်တပ်က အရမ်းသန်မာလိမ့်မယ်။ " ကျောက်ဖုန်းက အံ့ဩစွာဖြင့် တွေးလိုက်သည်။ ၎င်းက အနာဂတ်တွင် သူ့အတွက် ကြီးမားသော အထောက်အကူဖြစ်ပေလိမ့်မည်။

" ခေတ်ကာလများကို ပိုင်းဖြတ်သော ဓား။ နောက်ထပ်အဆင့်မြင့် သိုင်းပညာတစ်ခုပဲ။ ဒါပေမယ့် ငါ့ရဲ့ ရာထူးဘွဲ့ထူးတွေက သိပ်မကျန်တော့ဘူး။ တကယ်လို့ အနာဂတ်မှာ အဲ့ဒီအချိန်ရောက်သွားရင် ငါ ဘာလုပ်မလဲ။ " ကျောက်ဖုန်းက စိတ်ထဲမှ တွေးလိုက်သည်။

ယခုအခါ သူက ၁၇ဆင့်မြောက် ဘွဲ့ထူးကို ရရှိထားပြီး ရှေ့တွင် သုံးဆင့်သာ ကျန်တော့သည်။ ရာထူးတွင်လည်း စစ်ဦးစီးချုပ်အဆင့်သာ ရှိတော့သည်။

" အနာဂတ်မှာ ငါက ရတနာသေတ္တာတွေ ရရှိအောင် ဘယ်လိုလုပ်ရမလဲ။ ရတနာသေတ္တာတွေ ရနိုင်မယ့် အခြားနည်းလမ်းများ ရှိသေးလား။ ရန်သူတွေကို သတ်တာလား။ " ကျောက်ဖုန်းက မတွေးဘဲ မနေနိုင်ပေ။

အချိန်များကုန်လွန်သွားခဲ့သည်။ ဝေနယ်မြေအတွင်း အုပ်ချုပ်ရေး လုပ်ငန်စဉ်များက ဆက်လက်ဆောင်ရွက်နေသည်ယာ သို့သော် ဟန်ဖေး၏ ပါဝင်ကူညီမှုကြောင့် ကိစ္စများက ပိုမိုလွယ်ကူသွားခဲ့သည်။

ကျောက်ဖုန်းသတ်မှတ်ထားသော မြေနေရာတွင် အိမ်များဆောက်လုပ်ရန် သန်မာသော လူများက သစ်သားများကို သယ်ဆောင်နေကြသည်။ အသစ်တည်ဆောက်ထားသော မြို့က ယခုအခါ ပုံသဏ္ဍန် ပေါ်လာခဲ့ပြီဖြစ်သည်။

အစပိုင်းတွင် ဝေပြည်သူများမှာ ထိုချင်စစ်သည်များက သူတို့ကို သတ်ဖြတ်လိမ့်မည်ဟု ထင်ခဲ့ကြပြီး အမျိုးသမီးများကလည်း ချင်စစ်တပ်၏ မုဒိမ်းကျင့်သတ်ဖြတ်ခြင်းခံရမည်ဟု ထင်ပြီး စိုးရိမ်ထိတ်လန့်နေခဲ့ကြသည်။ သို့သော် ဤအချိန်ကာလကုန်လွန်သွားသောအခါ သူတို့၏ စိုးရိမ်ထိတ်လန့်မှုများက အခြေအမြစ်မရှိကြောင်း နားလည်သွားကြသည်။

ချင်စစ်တပ်၏ စည်းကမ်းက ပြတ်သားလှသည်။ သူတို့က ချင်စစ်တပ်က သတ်မှတ်ထားသော စည်းကမ်းများကို မဖောက်ဖျက်သရွေ့ သူတို့က ပစ်မှတ်ထားခံရမည်မဟုတ်ပေ။ ထို့အပြင် ယခု သူတို့နေထိုင်ရန် မြို့နှင့် နေအိမ်များကို ဆောက်လုပ်ပေးရုံသာမက ရိက္ခါနှင့် အဝတ်အစားများလည်း ရရှိနိုင်သောကြောင့် ဝေပြည်သူများက စိတ်အားတက်ကြွနေကြသည်။

ကုန်းမြင့်တစ်ခုပေါ်တွင်။

" မြို့က ပုံပေါ်လာပြီ။ မကြာခင် ဒီမြို့က မြေပြင်ပေါ်မှာ ထွက်ပေါ်လာလိမ့်မယ်။ မင်း ဒီမြို့အသစ်ကို ဘယ်လိုနာမည်ပေးဖို့ စိတ်ကူးထားလဲ။ " ဟန်ဖေးက ဘေးမှ ကျောက်ဖုန်းကို မေးလိုက်သည်။

" ငါက နာမည်ပေးတဲ့နေရာမှာ မတော်ဘူး။ အဲ့ဒါကို အရှင်မင်းကြီးပဲ ဆုံးဖြတ်ပါစေ။ ဒါပေမယ့် ဝူအန်းစခန်းက ငါ့ရဲ့ အမိန့်နဲ့ ယွင်ကျုံးပြန်နေကြပြီ။ ဟန်ကုစခန်းကလည်း ဒီနယ်မြေကို လွှဲပြောင်းယူနေပြီ။ လဝက်အတွင်းမှာ ငါ့ရဲ့ ဝူအန်းစခန်းက ယွင်ကျုံးမြို့ကို ဆုတ်ခွာနိုင်လိမ့်မယ်။ "

" အစက ငါမင်းနဲ့အတူ မြို့တော်ကို ပြန်မလို့ စီစဉ်ထားတာ။ အခုတော့ အုပ်ချုပ်ရေးကိစ္စတွေနဲ့ ကြာဦးမှာပဲ။ " ဟန်ဖေးက စိတ်ပျက်စွာဖြင့် ပြောလိုက်သည်။

" ကိစ္စမရှိပါဘူး။ မင်း မြို့တော်ကို ပြန်ရောက်ရင် ငါ့ရဲ့ အိမ်တော်မှာ မင်းကို ဝိုင်ကောင်းကောင်းနဲ့ ဧည့်ခံပါမယ်။ " ကျောက်ဖုန်းက ပြုံး၍ ပြောလိုက်သည်။

" ကောင်းပြီ။ " ဟန်ဖေးက ပြောလိုက်သည်။

ထိုအချိန်တွင် ရှဝူချယ်၊ ရန်ရှောင်နှင့် နန်းတွင်းကိုယ်ရံတော်များက ရောက်ရှိလာသည်။

" သမားတော်ရှ။ " ကျောက်ဖုန်းနှင့် ဟန်ဖေးတို့က နှုတ်ဆက်လိုက်ကြသည်။

" ဒီလဝက်အတွင်း စစ်သေနာပတိချုပ်ကျောက်က ကိစ္စတွေကို ကောင်းကောင်းကိုင်တွယ်နိုင်ခဲ့တယ်။ အလောင်းတွေကို မြှုပ်နှံတာနဲ့ မီးရှို့တာတို့ လုပ်ခဲ့တယ်။ မြို့ကိုလည်း ပိတ်ဆို့ခဲ့တယ်။ ငါ့ရဲ့ အတွေ့အကြုံအရဆို ကူစက်ရောဂါက ဖြစ်လာမှမဟုတ်ပါဘူး။ " ရှဝူချယ်က ပြုံး၍ ပြောလိုက်သည်။

" ဒါဆို ကောင်းတာပေါ့။ " ကျောက်ဖုန်းက ခေါင်းညိမ့်လိုက်သည်။

" စစ်သေနာပတိချုပ်ကျောက်လည်း ရှန်းယန်ကို ပြန်တော့မှာမဟုတ်လား။ " ရှဝူချယ်က ပြုံး၍ ပြောလိုက်သည်။

" အခု ကျုပ်ရဲ့ စခန်းက ယွင်ကျုံးကို ဆုတ်ခွာနေကြပြီ။ အကုန်ဆုတ်ခွာသွားတာနဲ့ ကျုပ်လည်း ရှန်းယန်ကို ပြန်မှာပါ။ " ကျောက်ဖုန်းက ပြန်ဖြေလိုက်သည်။

" ဒါဆို ငါက စစ်သေနာပတိချုပ်နဲ့အတူ ပြန်လို့ရပြီပေါ့။ " ရှဝူချယ်က စိတ်အားထက်သန်စွာဖြင့် ပြောလိုက်သည်။

" သမားတော်ရှက ဝေနယ်မြေက လူပေါင်းများစွာအတွက် လာခဲ့တာပဲ။ သမားတော်ရှ ရှန်းယန်ကို ဘေးကင်းကင်းနဲ့ ပြန်ရောက်ဖို့က ကျုပ်မှာ တာဝန်ရှိပါတယ်။ " ကျောက်ဖုန်းက ခေါင်းညိမ့်ပြီး ပြောလိုက်သည်။

All Chapters