← Chapters

အခန်း (၁၆၄၅)

Vol. 118 Ch. 1645

အခန်း (၁၆၄၅)

Vol. 118 Ch. 1645

အခန်း (၁၆၄၅) တူလက်နက်ဖြင့်တိုက်ခိုက်ခြင်း

ရန်ကျောက်ကဲက လက်ဖဝါးကို လှန်လိုက်ရုံမျှဖြင့် ပရမ်းပတာအခြေအနေနှင့် မူလကနဦးစွမ်းအားများ ပေါ်ထွက်လာသည်ကို ကြည့်ရင်း ပတ္တမြားတံခွန်ဗုဒ္ဓ ပင့်သက်ရှိုက်လိုက်မိသည်။

ရန်ကျောက်ကဲ၏တန်ပြန်တိုက်ခိုက်မှုအအတွက် သူက စိတ်ပိုင်းဆိုင်ရာ ပြင်ဆင်ထားပြီးသား ဖြစ်သည်။

သူက သမုဒယသစ္စာတိုက်ကွက်ဖြင့် ရန်ကျောက်ကဲကို လျှို့ဝှက်ဖိနှိပ်ပြီး ရတနာတံခွန်အသုံးပြုကာ နှိမ်နင်းရန် ကြံစည်ထားသည်။

သို့သော် ယခုတော့ ရန်ကျောက်ကဲ၏ မူလဖွင့်လှစ်ခြင်းတန်ခိုးစွမ်းအား ရိုက်ချက်ကို တွေ့မြင်လိုက်ရသည်ဖြစ်ရာ ပတ္တမြားတံခွန်ဗုဒ္ဓမှာ ယခင်အစီအစဉ်ကို ရပ်တန့်လိုက်ပြီး မဂ္ဂသစ္စာတိုက်ကွက်ဖြင့် ရန်ကျောက်ကဲကို ထိပ်တိုက်ရင်ဆိုင်ရန် ပြင်ဆင်လိုက်သည်။

သူက ရန်ကျောက်ကဲကို ဖမ်းဆီးရန် သို့မဟုတ် နှိမ်နင်းရန် မျှော်လင့်ချက်မထားတော့ဘဲ နောက်ဆုတ်သွားအောင် တိုက်ခိုက်ရန်သာ ဆုံးဖြတ်လိုက်သည်။

ဗုဒ္ဓဘာသာကျင့်ကြံခြင်းစွမ်းအားများပေါင်းစည်းသွားပြီး ထူးဆန်းသည့် အနုစိတ်တိုက်ကွက်များ ထွက်ပေါ်လာသည်။

ဤတန်ပြန်တိုက်ကွက်က ကနဦးကောင်းကင်ကျမ်းစာများ၏ သဘောတရားကို ထိုခွင်းလိုက်သလိုဖြစ်ပြီး ရန်ကျောက်ကဲ၏ မူလဖွင့်လှစ်ခြင်းတန်ခိုးစွမ်းအားကို တုံ့ပြန်လိုက်ခြင်း ဖြစ်သည်။

ပတ္တများတံခွန်ဗုဒ္ဓက ရှိသမျှစွမ်းအားကုန် အသုံးပြုလိုက်ခြင်းဖြစ်ရာ သူ၏ဦးခေါင်းထက်မှ ရွှေရောင်မီးအိမ်နှင့် သရီရဓာတ်တော်မှ တောက်ပလင်းလက်နေတော့သည်။

သင်းပျံ့သည့် အစိမ်းရောင်ကြာပန်းရနံ့များက ဗလာနယ်တစ်ခွင် ဖုံးလွှမ်းသွားပြီး ရန်ကျောက်ကဲ၏လက်ဖဝါးမှ ဖွင့်လှစ်လိုက်သော အချိန်နှင့်နေရာကို အစားထိုးရန် ကြိုးစားနေသည်။

ပတ္တမြားတံခွန်ဗုဒ္ဓဆင်းသက်လာပြီး ရတနာတံခွန်အောက်သို့ ရောက်ရှိလာသည်။

သူက လက်ဖဝါးကိုဆန့်ထုတ်ပြီး ရန်ကျောက်ကဲအား ရိုက်ချလိုက်၏။

ကြာပန်းနီသန့်စင်မီးလျှံများက အစိမ်းရောင်ကြာပန်းအား ရိုက်ခတ်မိသွားပြီး ကြာပန်းက ရုတ်တရက် လောင်ကျွမ်းသွားသည်။

သို့သော် ပြာဖြစ်အောင် လောင်ကျွမ်းသွားခြင်းမျိုးမဟုတ်ဘဲ အနီရောင်ကြာပန်းများ ပွင့်အာလာလေသည်။ ကြာပန်းပွင့်ချပ်များ ကောင်းကင်မှကြွေကျလာပြီး ကြာပန်းပင်လယ်ကြီးတစ်ခု ဖြစ်ပေါ်လာသည်။

ပတ္တမြားတံခွန်ဗုဒ္ဓက ရန်ကျောက်ကဲကိုဖိနှိပ်ရန် ဗုဒ္ဓနယ်မြေတစ်ခု ဖန်ဆင်းလိုက်ခြင်းသာပင်။

ရန်ကျောက်ကဲက မြင်ကွင်းကိုကြည့်ရင်း နှုတ်ခမ်းများတွန့်ကွေးကာ ခပ်ပါးပါး ပြုံးလိုက်သည်။

သူ၏ညာလက်က အထက်သို့ ဆက်လက်တွန်းတင်နေသော်လည်း ဘယ်လက်ထဲတွင် တူတစ်လက် ပေါ်လာသည်။

“မူလပရမ်းပတာတူ”

ထိုတူကိုမြင်သည်နှင့် ပတ္တမြားတံခွန်ဗုဒ္ဓ မျက်ခွံများလှုပ်ခတ်သွားပြီး မကောင်းသောနိမိတ်ကိုခံစားလိုက်ရသည်။

မူလပရမ်းပတာတူဆိုသည်က ယခင်က တိမ်မြူမှောင်မိုက်နတ်ဘုရား ကိုင်ဆောင်သည့် ရတနာပစ္စည်း ဖြစ်သည်။

တိမ်မြူမှောင်မိုက်နတ်ဘုရားက ထိုလက်နက်ကိုဆွဲကိုင်ပြီး တိုက်ပွဲပေါင်းများစွာ ကျော်ကြားခဲ့သည်။ ထိုတူ၏ သတ်ဖြတ်နိုင်စွမ်းမှ ကွမ်းချန်ထျန်းကျွင်း၏ စက်ဝန်းသံသရာကောင်းကင်စည်းတံဆိပ်အောက် မနိမ့်ကျပေ။

တိမ်မြူမှောင်မိုက်နတ်ဘုရား သေဆုံးသွားပြီးနောက် ဤတူက ရန်ကျောက်ကဲလက်ထဲ ရောက်ရှိလာခြင်း ဖြစ်သည်။ လွန်ခဲ့သည့် နှစ်များတစ်လျှောက် သူက ဤတူကို အသေအချာ သန့်စင်ပြုပြင်ထားခဲ့သည်။

ပတ္တမြားတံခွန်ဗုဒ္ဓ ချဉ်းကပ်လာသည်နှင့် ရန်ကျောက်ကဲက တူကို ကျစ်ကျစ်ပါအောင်ဆုပ်ကိုင်လျှက် ရိုက်နှက်ချလိုက်ရာ ပတ္တမြားတံခွန်ဗုဒ္ဓမှာ မမျှော်လင့်ဘဲ အငိုက်မိသွားပြီး တူရိုက်ချက်ကြောင့် လွင့်ထွက်ကာ မှောက်ခုံလဲကျသွားရသည်။

ရန်ကျောက်ကဲက အခွင့်အရေးကို လက်လွှတ်မခံဘဲ ချက်ချင်းပင် ဆက်လက်တိုက်ခိုက်လိုက်သည်။

သူက မူလပရမ်းပတာတူကို ဝှေ့ယမ်းပြီး ပတ္တမြားတံခွန်ဗုဒ္ဓကို ထပ်မံရိုက်ချလိုက်၏။

“အော်မီတော်ဖော်”

ပတ္တမြားတံခွန်ဗုဒ္ဓ၏ ရွှေခန္ဓာ ရင်ဘတ်နေရာတွင် အက်ကွဲကြောင်းများ ပေါ်ထွက်လာသည်။

သူက နာကျင်မှုကို ကြိတ်မှိတ်သည်းခံရင်း ဗုဒ္ဓကျမ်းစာရွတ်ဆိုလျှက် ဦးခေါင်းထက်မှ သရီရဓာတ်တော်ကို တောက်ပစေလိုက်သည်။

ပွင့်အာနေသော အနီရောင်ကြာပန်းများက ပတ္တမြားတံခွန်ဗုဒ္ဓကို ဝန်းရံသွားပြီး မူလပရမ်းပတာတူကို ဟန့်တားရန် ကြိုးစားလိုက်သည်။

သို့သော် မူလပရမ်းပတာတူက ထိုအတားအဆီးများကိုရိုက်ချိုးကာ ပတ္တမြားတံခွန်ဗုဒ္ဓထံသို့ ဦးတည်ဝင််ရောက်လာသည်။

မတတ်သာသည့်အဆုံး ပတ္တမြားတံခွန်ဗုဒ္ဓက ရှောင်တိမ်းလိုက်လေရာ သူ၏ဦးခေါင်းထက်မှ ရွှေရောင်မီးအိမ် ရိုက်ချခံလိုက်ရသည်။

အခြားတစ်ဖက်တွင်လည်း ရန်ကျောက်ကဲ၏ ညာဘက်လက်က အထက်သို့ ဖြည်းဖြည်းချင်းတက်လာပြီး ရတနာတံခွန်ကို ရိုက်ချပစ်လိုက်သည်။

ရတနာတံခွန် ပြုတ်ကျသွားသည်နှင့် ကြာပန်းနီသန့်စင်မီးလျှံများ ငြိမ်သက်သွားပြီး ပတ္တမြားတံခွန်ဗုဒ္ဓ ဆင့်ခေါ်ထားသော ဗုဒ္ဓနယ်မြေမှာလည်း ပျက်ဆီးသွားရသည်။

ရန်ကျောက်ကဲက ညာဘက်လက်ဖြင့် ရတနာတံခွန်ကို ဆုပ်ကိုင်လိုက်ပြီး ဘယ်လက်ဖြင့် ပတ္တမြားတံခွန်ဗုဒ္ဓကို ရိုက်ချလိုက်သည်။

ပတ္တမြားတံခွန်ဗုဒ္ဓမှာ အလွန်အထိနာစွာဖြင့် ဆက်တိုက်ဆုတ်ခွာနေရပြီး ထွက်ပြေးရှောင်တိမ်းရုံမှတပါး မတတ်နိုင်ခဲ့ပေ။

ယေယူယျအားဖြင့် အမတချီစွမ်းအားအနှစ်သာရက အမတပန်းပွင့်သရဖူကို ချိုးဖျက်ရန် ခက်ခဲလှသည်။

ထိုက်ရွှီးမူလနတ်ဘုရားတစ်ပါးအနေဖြင့် ကောင်းကင်နတ်ဘုရားတစ်ပါးကို ထိခိုက်အောင်လုပ်ရန်မှာ မဖြစ်နိုင်သလောက်ပင်။

အမှန်တော့ ထိုက်ရွှီးမူလနတ်ဘုရားတစ်ပါးက ကောင်းကင်နတ်ဘုရားတစ်ကါ’ကို ကိုယ်ထိလက်ရောက် ထိတွေ့နိုင်ရုံမျှဖြင့်ပင် အလွန်ထူးကဲသော စွမ်းဆောင်ချက်ဟု သတ်မှတ်ရမည်ဖြစ်ရာ ဒဏ်ရာရအောင် လုပ်နိုင်ဖို့ဆိုသည်မှာ ပြောနေစရာပင် မလိုတော့ပေ။

သို့သော် ရန်ကျောက်ကဲ၏ ပန်းတစ်ပွင့်ပေါင်းစည်းခြင်း စိတ်ဝိညာဉ်သရဖူက အခြားသော ထိုက်ရွှီးမူလနတ်ဘုရားနှင့် နှိုင်းယှဉ်၍မရနိုင်အောင် ထူးကဲလှသည်။

ထို့ပြင် ရန်ကျောက်ကဲလက်ထဲတွင် ကိုင်ဆောင်ထားသည့် မူလပရမ်းပတာတူကြောင့်လည်း ပတ္တမြားတံခွန်ဗုဒ္ဓမှာ မိမိကိုယ်ကိုယ် ကာကွယ်ရန်ပင် အတော်လေးခဲယဉ်းသွားရသည်။

တိုက်ပွဲမြင်ကွင်းကိုကြည့်ရင်း ဖူရှန်ဗောဓိသတ္တ၊ နာရာယဏဗုဒ္ဓနှင့် အခြားသော ထိပ်တန်းအဆင့် ဗုဒ္ဓဘာသာ တန်ခိုးစွမ်းအားရှင်များ မျက်မှောင်ကြုံ့လိုက်မိကြသည်။

သူတို့ကိုယ်တိုင်မှာလည်း ကိုင်တွယ်ရခက်သော ပြိုင်ဘက်များနှင့်ရင်ဆိုင်နေရသဖြင့် ဝင်ရောက်ကူညီနိုင်ခြင်း မရှိကြ‌ပေ။

ရန်ကျောက်ကဲနှင့် ရင်ဆိုင်နေရသည့် ပတ္တမြားတံခွန်ဗုဒ္ဓနှင့်ယှဉ်လျှင် လီကျင်း၏ အခြေအနေက ပိုမိုဆိုးရွားပေသည်။

ရူယိရွှေစေတီက နီကျား၏ ရတနာကြာပန်းနတ်ဘုရားခန္ဓာကို ထိန်းချုပ်နိုင်သည်ဆိုဦးတော့ နီကျား၏တန်ခိုးစွမ်းအားကို ယှဉ်ပြိုင်နိုင်ရန်ကတော့ အလှမ်းဝေးလွန်းလှသည်။

စေတီရှင်နတ်မင်းအနေဖြင့် အခြားသူများ ကူညီပေးခြင်းမရှိဘဲ ကြမ္မာဆိုးမှ လွတ်မြောက်နိုင်မည် မဟုတ်ပေ။

ယင်ယန်စက်ဝန်း ကောင်းကင်မှကျဆင်းလာပြီး ရူယိရွှေစေတီကို ရိုက်ခွဲပစ်လိုက်သဖြင့် စေတီမှာ လီကျင်းလက်မှ လွင့်စင်ထွက်သွားတော့သည်။

ထို့နောက် ကြောက်မက်ဖွယ်ကောင်းလှသော လှံချွန်ထိပ်ဖျားတစ်ခု ဗလာနယ်ထဲတွင် ရုတ်တရက်ထွက်ပေါ်လာပြီး လီကျင်း၏ ရင်ဘတ်သံချပ်ကာ အလယ်ဗဟိုကို ထိုးဖောက်ကာ နောက်ကျောဘက်သို့ ထုတ်ချင်းပေါက်သွားသည်။

စေတီရှင်’လီကျင်း’ က သူ၏ရင်ဝတွင် စိုက်ဝင်နေသည့် လှံရှည်ကို ငုံ့ကြည့်လိုက်သည်။

သူ့တွင် ပြောစရာစကားများစွာ ရှိနေဟန်တူသော်လည်း စကားတစ်ခွန်းသာလျှင် ထွက်ပေါ်လာသည်။

"ဆရာ... ကျွန်တော့်အပေါ် ဘာလို့များ ဒီလိုလုပ်နိုင်ရတာလဲ..."

ထိုစကားသံက ပဲ့တင်ထပ်ထွက်ပေါ်လာပြီးနောက် လီကျင်းမှာ မျက်လုံးများ ပြူးကျယ်စွာပွင့်လျှက်ပင် အသက်ဓာတ်စွမ်းအားများ မှေးမှိန်ပျောက်ကွယ်သွားတော့သည်။

သူ၏ရင်ဝတွင် စိုက်ဝင်နေသော မီးတောက်လှံရှည်ဒဏ်ရာက တဖြည်းဖြည်းပျံ့နှံ့သွားပြီး သူ၏ခန္ဓာကိုယ်တစ်ခုလုံး ပြာမှုန့်အဖြစ် ပြောင်းလဲကာ ဗလာနယ်ထဲတွင် ပျောက်ကွယ်သွားသည်။

နီကျားက အသိစိတ်လွတ်နေသည့် မျက်ဝန်းများဖြင့် လီကျင်းကို ငေးကြောင်ကြည့်နေပြီး လက်ထဲမှလှံရှည်ကို လွှတ်ချလိုက်သည်။

သူ၏မျက်ခုံးနှစ်ခုကြားမှထွက်ပေါ်နေသော မိစ္ဆာချီများက ပိုမိုပြင်းထန်လာသော်လည်း မျက်နှာအမူအရာကတော့ မိန်းမောတွေဝေဟန်ဖြင့် အနည်းငယ်ပြေလျော့သွားသည်။

သူ၏မျက်ဝန်းများက သွေးနီရောင် ပိုမိုတောက်ပလာသော်လည်း အာဃာတတရားများ ကင်းစင်ကာ ဗလာကျင်းလျှက် ရှိ၏။

နီကျား လွတ်မြောက်လာပြီးနောက် လူသတ်ယန္တရားတစ်ခုပမာ ရက်စက်ကြမ်းကြုတ်သည့် သတ်ဖြတ်လိုစိတ်များဖြင့် ပြည့်နက်နေခဲ့သော်လည်း ယခုတော့ ဟင်းလင်းပြင်ထဲတွင် ကျောက်ရုပ်တစ်ရုပ်ပမာ ငြိမ်သက်တိတ်ဆိတ်စွာ မတ်တတ်ရပ်လျှက် ရှိသည်။

ဖူရှန်ဗောဓိသတ္တ မိစ္ဆာနိုင်အဆောင်ကို အဆက်မပြတ်ဝှေ့ယမ်းလျှက် ထိုက်ယီကျန်းရန်ကို နောက်ဆုတ်သွားအောင် ဖိအားပေးလိုက်သည်။

သို့သော် အချိန်နှောင်းသွားခဲ့ပေပြီ။

သူက နီကျားနှင့် လီကျင်းတို့၏ဖြစ်ရပ်ကို ကြည့်လိုက်ပြီးနောက် သက်ပြင်းချရင်း နီကျားရှိရာသို့ ချဉ်းကပ်သွားသည်။

သို့သော် ထိုက်ယီကျန်းရန်က လမ်းပိတ်ရပ်လိုက်ပြီး...

“ငါ့တပည့်က အခု စိတ်အာရုံပျံ့လွင့်တဲ့ အခြေအနေမှာ ရှိနေတယ် ၊ တာအိုရောင်းရင်းအနေနဲ့ ဒါကို အခွင့်ကေင်းမယူသင့်ဘူး ၊ မင်း သူ့ကို သွားပြီး သတိပေးလိုက်မယ်ဆိုရင် သူ ချက်ချင်း ပြန်နိုးထလာလိမ့်မယ် ၊ မင်းက ငါ့ထက် အစွမ်းထက်တယ်ဆိုပေမယ့် ဒီကလေးကိုတော့ ယှဉ်နိုင်မှာ မဟုတ်ဘူး”

“နောက်ပိုင်းလူငယ်တွေက လူကြီးတွေထက် ပိုပြီးအစွမ်းထက်လာတာကို ငါလက်ခံပါတယ်”

ဖူရှန်ဗောဓိသတ္တက မှတ်ချက်ပေးလိုက်သည်။

"ဒါပေမဲ့ မင်းရဲ့တပည့်ဟာ သွေးဆာနေတဲ့ အခြေအနေထဲကို နစ်ဝင်နေပြီ ။ သူ အဲဒီကနေ ပြန်ရုန်းထွက်ဖို့ခက်လိမ့်မယ် ၊ နောက်ဆုံးမှာ သူက လူအများရဲ့ရန်သူ ဖြစ်လာလိမ့်မယ်”

“စန်းချင်းသုံးပါးအဆက်အနွယ်ကိုအသာထား... ချန်စန်းရှင်းဟိုင်နဲ့ ငရဲကိုးထပ်တောင် သူ့ကို အသက်ရှင်လျက် ထားချင်ကြမှာမဟုတ်ဘူး”

အမှန်တော့ ဖူရှန်‌ဗောဓိသတ္တကလည်း နီကျားနှင့် သူသေကိုယ်သေ တိုက်ခိုက်လိုစိတ် မရှိပေ။ သူက ရန်ကျောက်ကဲနှင့် ထိုက်ယီကျန်းရန်တို့၏ အစီအစဉ်ကိုလည်း ကောင်းစွာရိပ်မိထားသည်။

သူတို့က နီကျား၏ သွေးဆာမှုနှင့် မိစ္ဆာချီများကို ဖြေဖျောက်ရန်အတွက် လီကျင်းကို အစပျိုးချက်အဖြစ် အသုံးပြုရန် ရည်ရွယ်ထားကြသည် မဟုတ်လား။

အကယ်၍ နှောင့်ယှက်ခြင်းခံရပြီး အစီအစဉ် မအောင်မြင်ခဲ့ပါက နီကျားက လူသတ်ယန္တရားတစ်ခုအဖြစ်သာ ပြောင်းလဲသွားပေလိမ့်မည်။

ဤသို့ဖြစ်လာပါက အင်အားစုတိုင်းက ထိုင်ကြည့်နေကြမည်မဟုတ်ဘဲ သူ့ကို ဝိုင်းဝန်းသုတ်သင်ကြပေမည်။ စန်းချင်းသုံးပါးအဆက်အနွယ်များသည်ပင် သူ့ကို ကာကွယ်ပေးနိုင်မည် မဟုတ်တော့ပေ။

“တာအိုရောင်းရင်းက ကရုဏာတရားနဲ့ ဗုဒ္ဓလမ်းစဉ်ကိုလိုက်ခဲ့တယ်သာဆိုတယ်... အခုတော့ ဒီကလေး သူ့လမ်းသူပြန်မှာကို နှောက်ယှက်ချင်နေတာလား ၊ မင်းကိုယ်တိုင်ကပဲ အသူရာနတ်ဆိုးတစ်ကောင်ကို ကိုယ်တိုင်ဖန်တီးဖို့ ကြံရွယ်နေတာလား”

ထိုက်ယီကျန်းရန်က ဖူရှန်ဗောဓိသတ္တ သူ့အစီအစဉ်ထဲ ဝင်ရောက်နှောက်ယှက်မည်ကို ခွင့်မပြုဘဲ လျှင်မြန်စွာ လှုပ်ရှားလိုက်သည်။

"ဗောဓိသတ္တ... ငါ မင်းကို တားရလိမ့်မယ်”

တစ်ချိန်တည်းမှာပင် ရန်ကျောက်ကဲကလည်း အဝေးမှနေပြီး မူလပရမ်းပတာတူဖြင့် ရိုက်ချလိုက်လေရာ ဖူရှန်ဗောဓိသတ္တမှာ မတတ်သာဘဲ ရပ်တန့်လိုက်ရတော့သည်။

သူက မိစ္ဆာနိုင်အဆောင်ကိုဝှေ့ယမ်းရင်း မူလပရမ်းပတာတူကို ခုခံလိုက်သည်။

ထိုအခိုက်အတန့်မှာပင် ထိုက်ယီကျန်းရန်ကလည်း အခွင့်အရေးကို လက်လွှတ်မခံဘဲ ဆက်တိုက်တိုက်ခိုက်ရင်း ပိတ်ဆို့ထားလိုက်သည်။

အခြားသော ဗုဒ္ဓဘာသာကိုယ်တော်များက လှုပ်ရှားရန် ကြံစည်လိုက်ကြသော်လည်း မဟာသူတော်စင်ရွှေခန္ဓာနှစ်ခုနှင့် လုန်ရှင်းချွမ်တို့က ကြားဖြတ်ဟန့်တားလိုက်ကြသည်။

"ဒါဟာ ရှောင်လွှဲလို့မရတဲ့ ဘေးကပ်ဘေးတစ်ခုပဲ"

ဖူရှန်ဗောဓိသတ္တ ရုတ်တရက် ရပ်တန့်လိုက်ပြီး နီကျားထံသို့ ချဉ်းကပ်ခြင်း မပြုတော့ပေ။

သူက လမ်းကြောင်းပြောင်းလိုက်ပြီး ပန်ပန်မှအသွင်ပြောင်းထားသည့် မဟာသူတော်စင်ရွှေခန္ဓာထံသို့ အရှိန်အဟုန်ဖြင့် ဝင်ရောက်တိုက်ခိုက်လိုက်သည်။

ဖူရှန်ဗောဓိသတ္တက နီကျားကိုတားဆီးရန်လက်လျှော့လိုက်ပြီး တပည့်ဖြစ်သူ’မုကျား’ ကိုကယ်တင်ရန် ရည်ရွယ်လိုက်ခြင်း ဖြစ်၏။

ပန်ပန်မှ အသွင်ပြောင်းထားသော နတ်မိစ္ဆာမျောက်ဝံကြီးကလည်း ကြောက်ရွံ့ခြင်း အလျှင်းမရှိပေ။

သူက ရူယိရွှေတုတ်ကို နေရာအနှံ့ဝှေ့ယမ်းနေသည်ဖြစ်ရာ ဖူရှန်‌ဗောဓိသတ္တသည်ပင် သူ့ကိုအနိုင်ယူရန် အတော်လေး ခေါင်းခဲနေရသည်။

ထိုက်ယီကျန်းရန်က ဖူရှန်ဗောဓိသတ္တကို အရေးမစိုက်တော့ဘဲ နီကျား ရှိရာသို့ ပျံသန်းသွားသည်။

သူက နီကျားအနားသို့ ချဉ်းကပ်မသွားဘဲ အကွာအဝေးတစ်ခုတွင် သတိကြီးစွာထားပြီး ရပ်တန့်လိုက်သည်။ ထို့နောက် ကြာပန်းတစ်ပွင့် ထုတ်ယူလိုက်၏။

All Chapters