← Chapters

အခန်း (၁၆၅၄)

Vol. 118 Ch. 1654

အခန်း (၁၆၅၄)

Vol. 118 Ch. 1654

အခန်း (၁၆၅၄) ဘုံကိုးဆင့်စေတီ

မိုးကြိုးလျှပ်စီးဗုဒ္ဓနှင့် အခြားသူများ ပျက်စီးယိုယွင်းနေသော နယ်မြေထက်သို့ ခြေချလိုက်သည်နှင့် ပျက်ဆီးနေသည့်မြင်ကွင်းက ထပ်မံပြောင်းလဲသွားသည်။

လိပ်ပြာများမမာ လှည့်ပတ်ပျံသန်းနေကြသော ကြယ်စင်ကြယ်ပွင့်များက အနားသို့ ပြန်လည်ရောက်ရှိလာပြီး အပျက်အဆီးနယ်မြေကို ပြန်လည်ဝန်းရံလိုက်ကြသည်။

တစ်ချိန်တည်းမှာပင် ဟင်လင်းပြင်ထဲမှ ကြယ်စင်စုဝဲဂယက်ကြီးသည်လည်း ယခင်ကထက်ပိုပြီး ပိုမိုကြီးမားကျယ်ပြန့်လာသည်။

မြင်ကွင်းကိုကြည့်ရင်း ရန်ကျောက်ကဲနှင့် ဖန်းယွင်ရှန်းတို့ တစ်ယောက်မျက်နှာတစ်ယောက်ကြည့်ပြီး မျက်မှောင်ကြုံ့လိုက်ကြသည်။

ရန်ကျောက်ကဲက...

“ဒီနေရာက အရင်တုန်းက အလယ်ပိုင်းသုခဘုံရဲ့ အစိတ်အပိုင်းတစ်ခု ဖြစ်ခဲ့ပုံရတယ်။ ဘုရားလောင်းက လမ်းမှန်ဗုဒ္ဓဘာသာ အယူအဆကို ပြောင်းလဲပစ်လိုက်တဲ့အချိန်မှာ ဖြစ်ပွားခဲ့တဲ့ အတွင်းပိုင်းပဋိပက္ခစစ်ပွဲကြောင့် သုခဘုံ ပျက်ဆီးသွားခဲ့ရတယ် ၊ ဒါပေမဲ့ ဒီ ပျက်ဆီးသွားတဲ့ အပိုင်းအစတစ်ခုက ဒီလောက်နှစ်တွေကြာအောင် တည်ရှိနေသေးတာ အံ့သြစရာပဲ”

စကားဆိုရင်း ရန်ကျောက်ကဲ၏မျက်ဝန်းများ တောက်ပသွားသည်။

“ငါ သိသွားပြီ ၊ အနောက်ဘက်သူတော်စင်ဘုံက ဗုဒ္ဓတွေက ရမ်းသန်းမှန်းသန်း လုပ်နေကြတာ မဟုတ်ဘူး ၊ သူတို့မှာ ယုံကြည်ချက်ရှိလို့ အခုလိုမျိုး အင်အားကုန်သုံးပြီး လှုပ်ရှားနေကြတာ ၊ ကြည့်ရတာ... စကြာမုနိသရီရဓာတ်တော်က တကယ်ပဲ ဒီနေရာမှာ ရှိနေတာ ဖြစ်ရမယ်။ စကြာမုနိသရီရဓာတ်တော် မဟုတ်ရင်တောင် ဒါက ဗုဒ္ဓဘာသာရဲ့ အဖိုးမဖြတ်နိုင်တဲ့ ရတနာပစ္စည်းတစ်ခုပဲ ဖြစ်ရမယ် ၊ မဟုတ်ရင် ဒီလောက်အထိဖြစ်လာစရာ အကြောင်းမရှိဘူး”

ဖန်းယွင်ရှန်းက…

“ကျွန်မတို့ရှေ့က အခြေအနေက ဆက်ပြီးစောင့်ကြည့်ဖို့ အဆင်ပြောတော့ဘူး”

သူမက ဆက်ပြောလိုက်သည်။

“ကျွန်မတို့လည်း အထဲလိုက်ဝင်ကြည့်မှ ရတော့မယ်”

ရန်ကျောကက်ကဲက...

“ငါတို့တွေပဲ အခက်တွေ့တာ မဟုတ်ပါဘူး ၊ နတ်မိစ္ဆာတွေလည်း ဒီပြဿနာနဲ့ ရင်ဆိုင်နေရမှာပဲ”

ဖန်းယွင်ရှန်းက ခေါင်းညိတ်လိုက်ပြီး အဝေးတစ်နေရာမှ ဗလာနယ်ဟင်းလင်းပြင်ဆီသို့ လှမ်းကြည့်လိုက်သည်။

“သူတို့ လှုပ်ရှားပြီ”

သူတို့နှစ်ယောက်လုံးက အမြင်အာရုံကို အဆုံးစွန်အထိ တိုးမြှင့်ပြီး အဝေးတစ်နေရာ ဗလာနယ်ထဲသို့ ထိုးဖောက်ကြည့်လိုက်ကြသည်။

သူတို့၏ စိတ်အာရုံထဲတွင် မြင်ကွင်းတစ်ခု ထင်ဟပ်လာသည်။

ကြမ်းတမ်းသော မိစ္ဆာချီများက မှောင်မိုက်သော မိစ္ဆာလေပြင်းများအဖြစ်‌ ပြောင်းလဲသွားပြီး ကြယ်စင်စုဝဲဂယက်ဆီသို့ ချဉ်းကပ်ကာ အတွင်းသို့ တိုးဝင်သွားကြသည်။

ကြယ်စုဝဲဂယက်ကြီးသည် အဆုံးအစမဲ့သော ကြီးမားသည့်သမုဒ္ဒရာကြီးတစ်စင်းပမာ ဖြစ်၏။

မိစ္ဆာလေပြင်းများ အတွင်းသို့ ဝင်ရောက်သွားသည်နှင့် ပင်လယ်ရေပြင်ပမာ ထပ်မံကျယ်ပြန့်လာပြီး ဗလာနယ်နေရာများကို တစ်စထက်တစ်စ လွှမ်းမိုးသွားသည်။

တောက်ပသည့် ကြယ်စင်အလင်းတန်းများက ရှေ့သို့ အဆက်မပြတ်ကျယ်ပြန့်လာပြီး တိတ်တဆိတ်စောင့်ကြည့်နေသည့် ရန်ကျောက်ကဲတို့အနားပင် ရောက်ရှိလာသည်။

"တစ်ခုခုတော့ မှားနေပြီ..."

ရန်ကျောက်ကဲသည် သူ၏နားထင်ကို အသာအယာပွတ်ရင်း ပတ်ဝန်းကျင်ကို အကဲခတ်လိုက်သည်။

သူ၏မျက်စိရှေ့တွင် မြင်တွေ့နေရသည်က တားဆီးမရအောင် အဆက်မပြတ်ကျယ်ပြန့်လာနေသည့် ကြယ်စင်စုဝဲဂယက်ကြီးပင် ဖြစ်၏။

ဤသို့ဖြစ်လာသည့်အတွက် ကြယ်စုဝဲဂယက်၏ အတွင်းပိုင်းကို စူးစမ်းရန်နေနေသာသာ ပတ်ဝန်းကျင်အခြေအနေကိုပင် သိရှိနိုင်ခြင်း မရှိတော့ပေ။

ကြယ်စုဝဲဂယက် ဖုံးလွှမ်းသွားသော ဧရိယာက အလွန်ပင် ကျယ်ပြောလှသည်။

ဖန်းယွင်ရှန်းက ကောင်းကင်နတ်ဘုရားတစ်ပါးဖြစ်သဖြင့် အချိန်နှင့်နေရာက သူမအတွက် အဟန့်အတား မဖြစ်သော်လည်း ကြယ်စုဝဲဂယက်၏ ရိုက်ခတ်မှုကြောင့် ကမောက်ကမဖြစ်သွားရသည့် ပတ်ဝန်းကျင် စကြာဝဠာက သူမ၏ အာရုံခံနိုင်စွမ်းကို အတိုင်းအတာတစ်ခုအထိ အနှောင့်အယှက် ပေးနေသည်။

ဤသို့သော အခြေအနေမျိုးတွင် အခြားသော ကောင်းကင်နတ်ဘုရားတစ်ပါးက စွမ်းအးရောင်ဝါကိုဖုံးကွယ်ပြီး ကြယ်စင်စုဝဲဂယက်အတွင်း ဝင်ရောက်လာမည်ဆိုပါက သူမအနေဖြင့် ရိပ်မိသိရှိရန် အလွန်ပင် ခက်ခဲသည်။

သို့သော် တစ်ဖက်မှာလည်း ရန်သူများအနေဖြင့် ရန်ကျောက်ကဲတို့ကို သတိထားမိရန် ပို၍ခက်ခဲသွားစေသည်။

ဖန်းယွင်ရှန်းက...

"ကြယ်စုဝဲဂယက်ထဲကို အရင်ဝင်သွားတဲ့ ဗုဒ္ဓဘာသာကိုယ်တော်တွေက ဒီနေရာကို သူတို့ရဲ့ ကိုယ်ပိုင်နယ်မြေအဖြစ် ပြောင်းလဲပစ်နိုင်မလား မသိဘူး ၊ အဲဒီလိုလုပ်လိုက်မယ်ဆိုရင် အပြင်လူတစ်ယောက် အထဲဝင်လာတာနဲ့ သူတို့ဘက်က ချက်ချင်းရိပ်မိသွားလိမ့်မယ်”

ရန်ကျောက်ကဲက ခပ်တိုးတိုးလေသံဖြင့်...

“အင်း... ဖြစ်နိုင်ခြေရှိတယ်”

သူက ဆက်ပြောလိုက်သည်။

“ဒီနေရာက အရင်တုန်းက အလယ်ပိုင်းသုခဘုံရဲ့ အစိတ်အပိုင်းတစ်ခုဖြစ်ဖို့ များတယ်။ အလယ်ပိုင်းသုခဘုံ ပြောင်းလဲသွားတဲ့နောက် ဗုဒ္ဓဘာသာကျွမ်းကျင်သူ အတော်များများ အဲဒီကထွက်ပြီး အနောက်ဘက်သူတော်စင်ဘုံကို ရောက်သွားကြတယ် ၊ ဒါကြောင့် လက်ရှိအခြေအနေကို ငါတို့ဘက်က အသုံးချလို့ ရ မရ ဆိုတာ ပြောဖို့ခက်သေးတယ်”

သူတို့နှစ်ယောက် စကားပြောနေစဉ်မှာပင် ကြယ်စင်စုဝဲဂယက်က ပိုမိုကျယ်ပြန့်လာသဖြင့် နောက်သို့ ဆုတ်ခွာလာခဲ့ရသည်။

သူတို့အနေဖြင့် ထိုဝဂယက်အတွင်းသို့ အရမ်းကာရော ဝင်ရောက်ရဲခြင်း မရှိကြပေ။

ထိုအချိန်မှာပင် တောင်ပိုင်းချန်စန်းဧကရာဇ် ရောက်ရှိလာသည်။ ကောင်းဟန်ကတော့ ရောက်မလာသေးပေ။

တောင်ပိုင်းချန်စန်းဧကရာဇ်က...

"တာအိုရောင်းရင်း'ခုန်ရွှမ်း'လည်း သတင်းရသွားလောက်ပြီ။ ဒါပေမဲ့ သူ အနောက်ဘက်သူတော်စင်ဘုံကနေ ထွက်လာပြီလားဆိုတာ အတည်မပြုနိုင်သေးဘူး”

ရန်ကျောက်ကဲက...

"ထွက်လာဖို့ ရာခိုင်နှုန်း တော်တော်များပါတယ်..."

သူက ကြယ်စုဝဲဂယက်ကို လှမ်းကြည့်လိုက်ရင်း...

“ဒါပေမဲ့ အခြေအနေတွေက အမြဲတမ်း ပြောင်းလဲနေတာဆိုတော့ ကျွန်တော်တို့ မျှော်မှန်းထားသလို ဖြစ်မလာမှာကိုလည်း စိုးရိမ်မိတယ်”

တောင်ပိုင်းချန်စန်းဧကရာဇ်က တည်ငြိမ်အေးဆေးစွာဖြင့်...

“နတ်မိစ္ဆာတွေလည်း ရောက်နေတော့ ဘာဆက်လုပ်မလဲ စောင့်ကြည့်ရမယ် ၊ ငါပဲ အရင်သွားပြီး အခြေအနေတွေကို စုံစမ်းကြည့်လိုက်မယ်”

သူ့စကား မဆုံးခင်မှာပင် သူတို့ရှေ့မှ ကြယ်စင်စုဝဲဂယက်ကြီးက ပြင်းထန်စွာ တုန်ခါလာသည်။

အတွင်းရှိ ကြယ်တာရာများ အပိုင်းပိုင်းအက်ကွဲသွားပြီး သန်းနှင့်ချီသည့် တောက်ပသော အလင်းစက်ငယ်များအဖြစ် စုစည်းသွားကာ ကြည်လင်သည့် အလင်းဖန်သားပြင်ကြီးတစ်ခု ဖြစ်တည်လာသည်။

ကျယ်ပြန့်လှသော အလင်းဖန်သားပြင်ကြီးထက်တွင် ပျက်ဆီးယိုယင်းနေသည့် အဆောက်အဦများ ထင်ရှားထွက်ပေါ်လာသည်။

ပတ်ဝန်းကျင်တစ်ခုလုံး အတိတ်ပုံရိပ်ဟောင်းအတိုင်း ဖြည်းဖြည်းချင်း တဖန်ပြန်လည် ထင်ဟပ်လာခြင်း ဖြစ်၏။

ထိုမြင်ကွင်းထဲတွင် ကြီးမားသော ဘုံကိုးဆင့်စေတီကြီးတစ်ခုသည်လည်း ခန့်ညားထည်ဝါစွာဖြင့် မားမားမတ်မတ် တည်ရှိလို့နေသည်။

ထိုဘုံကိုးဆင့်စေတီထိပ်ဖျားတွင် သရီရဓာတ်တော်တစ်ခု ရှိနေပြီး တောက်ပသော အလင်းတန်းများ ထုတ်လွှတ်နေသည်။ ထိုအလင်းတန်းများက စကြာဝဠာတစ်ခုလုံးအား လင်းထိန်သွားစေသည်ပင်။

ဘုံကိုးဆင့်စေတီ ဘေးပတ်ပတ်လည်တွင် အရံဘုံကျောင်းငယ်များလည်း ရှိနေသည်။ ထိုဘုံကျောင်းငယ်များ၏ ဗဟိုချက်မှ မှိန်ဖျော့သည့် ရွှေရောင်အလင်းတန်တစ်ခု ဖျတ်ခနဲ တောက်ပလာသည်။

ထိုရွှေရောင်အလင်းတန်းထဲတွင် နက်နဲသည့်တရားဓမ္မများ ကိန်းအောင်းနေကြောင်း ရန်ကျောက်ကဲတို့အားလုံး အာရုံခံလိုက်မိသည်။

သူတို့အားလုံး သဘောပေါက်သွားကြသည်။

"ဒါက စကြာမုနိသရီရဓာတ်တော်ပဲ..."

ဖန်းယွင်ရှန်း၏ ခန္ဓာကိုယ်ပတ်ပတ်လည်တွင် အမှောင်ထုခြုံလွှမ်းလာပြီး အလင်းရောင်အားလုံးကို ဝါးမျိုပစ်လိုက်သဖြင့် သူမ၏ စွမ်းအားရောင်ဝါ လုံးဝ ပျောက်ကွယ်သွားသည်။

လောကတွင် ရှိရှိသမျှသော မိုးကြိုးစွမ်းအားများကို ကျွမ်းကျင်တတ်မြောက်ထားသည့် တောင်ပိုင်းချန်စန်းဧကရာဇ်ကလည်း ပုံရိပ်ယောင်ဗလာနယ်မိုးကြိုးနှင့် ထာဝရညမိုးကြိုးတို့ကို တပြိုင်တည်းအသုံးပြုလိုက်ရာ ပတ်ဝန်းကျင်တစ်ခုလုံး အမှောင်ထုထဲသို့ ကျရောက်သွားသည်။

ရန်ကျောက်ကဲသည်လည်း ပုံရိပ်ယောင်ဗလာနယ်မိုးကြိုးနှင့် ထာဝရညမိုးကြိုးကို ကျွမ်းကျင်သူဖြစ်သည့်တိုင် သူက ကောင်းကင်နတ်ဘုရားအဆင့်သို့ မရောက်သေးချေ။

ထို့ကြောင့် တောင်ပိုင်းချန်စန်းဧကရာဇ်ကဲ့သို့ တန်ခိုးစွမ်းအားထွက်ပေါ်လာရန်အတွက် အခြားသောသိုင်းပညာရပ်များကိုပါ ထပ်မံဖြည့်စွက် အသုံးပြုရသည်။

သူက မူလကောင်းကင်ကျမ်းစာနှင့် ထိုက်ယီလက်သီးသိုင်းကိုထုတ်ဖော်လိုက်ပြီး နတ်ဘုရားအဆုံးသတ်ဓားသိုင်းနှင့် ပေါင်းစပ်လိုက်၏။

အထွတ်ထိပ်သိုင်းပညာရပ်များက တစ်ခုနှင့်တစ်ခု ဆန့်ကျင်ခြင်းမပြုဘဲ တစ်သားတည်းပေါင်းစည်းသွားကာ အလွန်နက်နဲသည့် တန်ခိုးစွမ်းအား ထွက်ပေါ်လာသည်။

တစ်ချိန်တည်းမှာပင် သူ၏မျက်ဝန်းများထဲ၌ အစိမ်းရောင်အလင်းတန်းများတောက်ပသွားပြီး စိတ်အာရုံ စူးစိုက်သွားသည်။

သူက ရုတ်တရက်ပင် တောင်ပိုင်းချန်စန်းဧကရာဇ်ကို တည်ကြည်လေးနက်သည့်မျက်နှာထားဖြင့် လှမ်းကြည့်လိုက်သည်။

သို့သော် ရန်ကျောက်ကဲက မျက်နှာအမူအရာ ပျက်ယွင်းခြင်းမရှိဘဲ အမှောင်ထုထဲတွင် တိတ်တဆိတ် ပျောက်ကွယ်သွားလေသည်။

သူတို့(၃)ယောက်လုံး စွမ်းအားရောင်ဝါကို သဲလွန်စမကျန် ဖုံးကွယ်လျှက် နောက်သို့ဆုတ်သွားကြသည်။

သို့ဖြစ်ရာ သရီရဓာတ်တော် ဘုံကိုးဆင့်စေတီကြီးမှ အလင်းတန်းများထွက်ပေါ်နေသည့်တိုင် သူတို့၏တည်ရှိမှုကို အခြားသူများ သတိထားမိရန် အလွန်ခက်ခဲသွားသည်။

သို့ပေသိ အစောပိုင်းက ကြယ်စင်စုဝဲဂယက်အတွင်း ဝင်ရောက်သွားခဲ့ကြသည့် နတ်မိစ္ဆာများမှာတော့ ဖုံးမရဖိမရ ထွက်ပေါ်လာကြရတော့၏။

သရီရဓာတ်တော်မှ ထွက်ပေါ်လာသောအလင်းတန်းအောက်တွင် နတ်မိစ္ဆာများ ပုန်းကွယ်မရဘဲ ပေါ်ထွက်လာကြတော့သည်။

မိမိတို့၏တည်နေရာ ဗူးပေါ်သလိုပေါ်သွားသည့်တိုင် မဟာနတ်မိစ္ဆာများက အနည်းငယ်ပင် ထိတ်လန့်တုန်လှုပ်ခြင်း မရှိကြချေ။

သူတို့က တပြိုင်တည်း ကြုံးဝါးသံများ ပြုလိုက်ကြသည်။

ထိုကြုံးဝါးဟိန်းဟောက်သံများက ထုထည်ပါရှိသည့် ပြင်းထန်သော အသံလှိုင်းများအဖြစ် ပြောင်းလဲသွားပြီး အရပ်မျက်နှာအသီးသီးသို့ ပျံ့နှံ့သွားသည်။

ထိုအသံလှိုင်းများက မုန်တိုင်းတစ်ခုပမာ ပတ်ဝန်းကျင်မှ ဘုံကျောင်းစေတီများကို ရိုက်ခတ်တိုက်စားသွားသည်။

မိုးကြိုးလျှပ်စီးဗုဒ္ဓနှင့် အခြားဗုဒ္ဓဘာသာကိုယ်တော်များလည်း ထွက်ပေါ်လာကြပြီး ဗုဒ္ဓကျမ်းစာများကို ပြိုင်တူ ရွတ်ဆိုလိုက်ကြသည်။

ထိုအခါ ဘုံကိုးစင်စေတီကြီး အောက်ခြေမှ ရွှေရောင်အလင်းတန်းက မြေပြင်ထက်သို့ ဖြည်းဖြည်းချင်း လျှံတက်ထွက်ပေါ်လာသည်။

တစ်ချိန်တည်းမှာပင် နတ်မိစ္ဆာအုပ်စုများထဲမှ ဟိန်းဟောက်သံနှင့်အတူ ခြင်္သေ့ကြီးတစ်ကောင်ထွက်ပေါ်လာပြီး ကြုံးဝါးသံနှင့်အတူ နွားရိုင်းကြီးတစ်ကောင် ထွက်ပေါ်လာကာ အလင်းဖန်သားပြင်ကို ထိုးဖောက်လျှက် အရှေ့ဆီသို့ တဟုန်ထိုး ဝင်ရောက်သွားကြသည်။

ဟုတ်ပေ၏။

ရှေ့မှဝင်ရောက်တိုက်ခိုက်သူက ခြင်္သေ့နတ်ဘုရားဖြစ်ပြီး နောက်မှလိုက်ပါလာသူက ပင်းထျန်းတန်ခိုးရှင် နွားရိုင်းမိစ္ဆာဘုရင် ဖြစ်၏။

သူတို့နှစ်ယောက်လုံးက ယခင်က ဗုဒ္ဓဘာသာဂိုဏ်းတွင် အလုပ်အကျွေးပြုခဲ့ကြဖူးသည်ဖြစ်ရာ ဗုဒ္ဓဘာသာနှင့်ပတ်သက်ပြီး အတော်လေးနှံ့စပ်ကြသည်။

ထို့ကြောင့် အခြားမဟာနတ်မိစ္ဆာများထက် ဘုံကိုးဆင့်စေတီရှိရာသို့ ပိုမိုမြန်ဆန်စွာ ဝင်ရောက်သွားနိုင်ခြင်း ဖြစ်သည်။

မိုးကြိုးလျှပ်စီးဗုဒ္ဓက တစ်ချက်ပင် တုန်လှုပ်ခြင်းမရှိဘဲ လက်တစ်ဖက်ကိုပင့်မြှောက်ကာ အလံတစ်ခုကို ပစ်လွှတ်လိုက်သည်။

ထိုအလံက မိုးကြိုးလျှပ်စီးဗုဒ္ဓကိုယ်တိုင်နှင့် စကြာမုနိသရီရဓာတ်တော်တို့ကို အတူတကွ ကာကွယ်စောင့်ရှောက်ပေးလိုက်သည်။

အဖြူရောင် ချီအလွှာတစ်ခု ဟင်းလင်းပြင်ထဲတွင် ထွက်ပေါ်လာပြီး အတွင်းမှ ရွှေရောင်အလင်းတန်းများ ထုတ်လွှတ်ကာ ခြင်္သေ့နတ်ဘုရားနှင့် နွားရိုင်းမိစ္ဆာဘုရင်တို့၏ လမ်းကြောင်းကို ပိတ်ဆို့လိုက်သည်။

ထိုအလံကိုမြင်တော့ နတ်မိစ္ဆာနှစ်ယောက်လုံး အံ့အားသင့်စွာ ရေရွတ်လိုက်ကြသည်။

"ကြာပန်းစိမ်းရတနာအလံပါလား..."

ထိုအချိန်...

ရုတ်ချည်းဆိုသလိုပင် ဗလာနယ်တစ်ခုလုံး တုန်ခါသွားသည်။

အနီ ၊ အဖြူ ၊ အပြာ ၊ အဝါ ၊ အနက် ရောင်စင်ငါးမျိုးအလင်းတန်းများ တောက်ပစွာထွက်ပေါ်လာပြီး လောကအလယ်သို့ ဗုဒ္ဓတစ်ပါးဆင်းသက်လာသည်ကို တွေ့လိုက်ရသည်။

ထိုသူကား အခြားသူမဟုတ် ၊ မဟာမာရူယိ ပင် ဖြစ်၏။

မဟာမာရူယိက ခံစားချက်ကင်းမဲ့သောမျက်နှာထားဖြင့် စကြာမုနိသရီရဓာတ်တော်ကို တစ်ချက်လှမ်းကြည့်လိုက်ပြီး သူ၏အကြည့်များက မိုးကြိုးလျှပ်စီးဗုဒ္ဓနှင့် ကြာပန်းစိမ်းရတနာအလံဆီသို့ ကျရောက်သွားသည်။

နတ်မိစ္ဆာအုပ်စုရော အပြင်ဘက်တွင်ရှိနေသည့် ရန်ကျောက်ကဲတို့အုပ်စုပါ အခြေအနေကို အလွန်စိတ်ဝင်စားသွားကြသည်။

ထိုအချိန်...

မဟာမာရူယိနှင့်အတူ လိုက်ပါလာသည့် ဖူရှန်ဗောဓိသတ္တ၏ ပုံရိပ်သည်လည်း ထင်ရှားစွာ ပေါ်ထွက်လာလေသည်။

All Chapters