← Chapters

ကျင့်စဉ်ကျင့်ခြင်း

Vol. 001 Ch. 24

ကျင့်စဉ်ကျင့်ခြင်း

Vol. 001 Ch. 24

တောင်ပေါ်မှ စမ်းရေတော်တော်များများ ယူဆောင် လာပြီးနောက် ဝမ်လင်းက စိတ်စွမ်းအင်များဖြင့် ပြည့်နေသည့် စမ်းရေများ ဖြစ်အောင် လုပ်ရန် စတင်လိုက်သည်။ ညအချိန်တွင် ချူးယန်က တံခါးကို လုံခြုံအောင် ပိတ်လိုက်သည်။ ကြိုတင် ကာကွယ်သည့် အနေဖြင့် ဝမ်လင်းက ကြိုးတစ်ချောင်း၏ အစွန်းတစ်ဖက်ကို တံခါး၌ချည်ပြီး ကျန်အစွန်းတစ်ဖက်ကို သူ့လက်၌ချည်ထား လိုက်သည်။ တစ်ယောက်ယောက်ကသာ တံခါးကို ဖွင့်လိုက်ပါက ချက်ချင်းသိနိုင်ရန် ဖြစ်သည်။

စမ်းရေတစ်ငုံခန့် သောက်ပြီးနောက် ခန္ဓာကိုယ်က ပူလာသည်ဟု ဝမ်လင်း ခံစားလိုက်ရသည်။ ထို့နောက် မှော်ကျောက်တုံးကို စိုက်ကြည့်ကာ အိပ်မက်ထဲသို့ ဝင်ရောက်သွား၏။

အဆုံးမရှိသည့် အိပ်မက်နယ်မြေထဲတွင် ဝမ်လင်းက ခြေချိတ် ထိုင်လိုက်ပြီး ကျင့်စဉ်ကို စတင်ကျင့်လိုက်သည်။ ကျင့်စဉ် ကျင့်နေသည့် အချိန်တွင် သူ့နားတွင် ရှိသည့် အလင်းရောင်လေးများက တဖြည်းဖြည်း နူးညံ့လာကာ သူ့ကိုယ်ထဲသို့ ဝင်ရောက်သွား၏။ ထိုအဖြစ်အပျက်ကို ဝမ်လင်းကတော့ မသိလိုက်ချေ။

အိပ်မက်နယ်မြေထဲ၌ တစ်ရက် ကုန်လွန်ပြီးနောက် သူသောက်ထားသည့် စမ်းရေမှ စိတ်စွမ်းအင်အားလုံး ကုန်ဆုံးသွားသည်။ ဒီတစ်ကြိမ်တွင်တော့ ယခင်ကနှင့် ကွာခြားလေသည်။ ယခင်က စွန်းတဇူးထံမှ ဆေးသောက်ပြီးနောက် သူ့ကိုယ်က ပူလာသည်။ သို့သော်လည်း အရေးကြီးသည့် အချိန်ရောက်တိုင်း စိတ်စွမ်းအင်များအားလုံးက ပြိုကွဲသွား၏။

သို့သော် သည်တစ်ကြိမ်တွင် စိတ်စွမ်းအင်များ ပြိုကွဲသွားသော်လည်း အနည်းငယ်တော့ သူ့ကိုယ်ထဲတွင် ကျန်ရစ်လေသည်။ စိတ်စွမ်းအင်များက အရမ်းမများသော်လည်း သူ့ကိုယ်သူ ယုံကြည်မှု ပိုရှိသွားလေပြီ။ ဘာကြောင့် အရင်အကြိမ်နှင့် မတူရသလဲ မသိပေမဲ့ ဆန်းကြယ်သော မှော်ကျောက်တုံးကြောင့် ဖြစ်ရမည်ဟုသာ သုံးသပ်လိုက်သည်။

ဝမ်လင်းက အိပ်မက်နယ်မြေမှ မထွက်သေးဘဲ အချိန်အတော် ကြာအောင် ဆက်ကျင့် နေလိုက်သည်။ နောက်ဆုံး၌ အိပ်မက်နယ်မြေနှင့် အပြင်ဘက်၏ ကွာခြားမှုကို ဝမ်လင်း သိသွားလေပြီ။ အပြင်ဘက်တွင် တစ်လခန့် လေ့ကျင့်မှ သူ့ကိုယ်က လန်းဆန်းပြီး သက်သောင့်သက်သာ ဖြစ်လာသည်ဟု ခံစားရလိမ့်မည် ဖြစ်၏။

သို့သော်လည်း ဤနေရာတွင် စမ်းရေမှ စိတ်စွမ်းအင်များ ကုန်ဆုံးသွားပြီးနောက် လန်းဆန်းပြီး သက်သောင့်သက်သာ ဖြစ်သည့် ခံစားချက်ကို မခံစားရပေ။ ထိုအစား အသက်ရှူနေသည်ဟုသာ ခံစားရသည်။

ခဏလောက် တုံံ့ဆိုင်းနေပြီးနောက် စိတ်စွမ်းအင်တည်ရှိခြင်းနှင့် ဆိုင်လိမ့်မည်ဟု ခန့်မှန်းလိုက်သည်။ အိပ်မက်နယ်မြေထဲတွင် စိတ်စွမ်းအင် မရှိချေ။

သူ ပိုပြီးတွေးလေ သူမှန်သည်ဟု ပိုခံစားရလေ ဖြစ်နေသည်။ သူက မျက်မှောင်ကျုံ့ပြီး တွေးလိုက်သည် ... ‘အပြင်ကနေ စိတ်စွမ်းအင်တွေကိုသာ ယူလို့ရမယ်ဆို အားလုံး အဆင်ပြေသွားပြီ ... ‘ ထိုအကြောင်းကို တွေးလိုက်ပြီးနောက် သူ့နှလုံးက တဒုတ်ဒုတ် ခုန်လာပြီး သူ့မျက်နှာ ပေါ်တွင်လည်း ထူးဆန်းသော အပြုံးတစ်ခု ပေါ်လာလေသည်။

ဝမ်လင်းက သူ့ကိုယ်ပေါ်တွင် အနီရောင် ယူနီဖောင်း ရှိသေးသည့် အတွက် ပဟေဠိ ဖြစ်နေသည်။ သူက လျင်မြန်စွာပင် သိုလှောင်အိတ် ထည့်ထားသည့်အိတ်ကို စမ်းကြည့်ရာ အိပ်မက်နယ်မြေထဲ ပါမလာသည်ကို သိလိုက်သည်။

‘အဝတ်အစား ကျတော့ ဒီထဲထိ ပါလာတယ် ... သိုလှောင်အိတ် ကျတော့ ပါမလာဘူး ... ‘ သူက ထိုအကြောင်းကို တွေးလိုက်ပြီး အပြင်ကို ပြန်ထွက်သည့်အခါ မည်သည့် ပစ္စည်းများက အထဲကို ယူလို့ရမရ စမ်းသပ်ကြည့်ရန် ဆုံးဖြတ်လိုက်သည်။

အချိန်တွေက လျင်မြန်စွာ ကုန်ဆုံးသွားသည်။ နာရီ၅၀ကြာပြီးနောက် သူ့ကိုယ်က နာကျင်လာပြီး ပြန်လည် နိုးထလာသည်။

သူ့စိတ်ထဲတွင် မေးခွန်းတစ်ခု ရှိနေသည်။ ဘာလို့ အိပ်မက် နယ်မြေထဲမှာ နာရီ၅၀ပဲ နေလို့ရတာလဲ။ ဝမ်လင်းက ဘူးသီးခြောက်ထဲ စမ်းရေများ ဖြည့်လိုက်ကာ သူ့ပခုံးထက်တွင် သယ်ဆောင် ထားလိုက်သည်။ သူက နောက်တစ်ကြိမ် အိပ်မက်နယ်မြေထဲသို့ ဝင်ရန် အသင့် ဖြစ်နေလေပြီ။

သို့သော်လည်း သည်တစ်ကြိမ်တွင် သူက ဘယ်လိုပဲ မှော်ကျောက်တုံးကို ကြည့်ကြည့် အိပ်ချင်စိတ်ကို မခံစားရတော့ပေ။ ဝမ်လင်းက စိုးရိမ်သွား၏။ အချိန်အတော် ကြာအောင် စဉ်းစားပြီးနောက် သူ့နှလုံးသားထဲမှ စိုးရိမ်မှုများကို ထိန်းချုပ်လိုက်ပြီး ထိုင်လိုက်ကာ စတင်ကျင့်ကြံ တော့သည်။

သဘာဝစိတ် စွမ်းအင်များကို သူ့ကိုယ်မှ စုပ်ယူနေပြီး သူ့၏အသက်ရှူသံက တဖြည်းဖြည်း တည်ငြိမ်လာသည်။ စိတ်စွမ်းအင်များ ပြိုကွဲပျောက်ကွယ် သွားသော်လည်း တချို့ကတော့ သူ့ကိုယ်ထဲတွင် ကျန်ရစ်လေသည်။ သို့သော်လည်း ကီစုစည်းခြင်း ပထမအလွှာနှင့် အလှမ်းကွာနေတုန်းပင် ဖြစ်သည်။

သူက တစ်နေ့လုံး ကျင့်ကြံနေခဲ့သည်။ သူက စိတ်စွမ်းအင်ပါသည့် စမ်းရေကို သူ့ကိုယ်က လက်ခံနိုင်ရုံလောက်သာ သောက်သုံးခဲ့၏။

ထပ်ပေါင်း ပြောဆိုရလျှင် အိပ်မက်နယ်မြေထဲ ပြန်ဝင်၍ရမလား မျှော်လင့်ရင်း သူက အမြဲတမ်း မှော်ကျောက်တုံးကို ကိုင်ထားခဲ့သည်။ သို့သော်လည်း အကြိမ်တိုင်း ကျရှုံးခဲ့သည်။

ညရောက်လာသည့်အခါ သူက မျက်လုံးနှစ်လုံးကို ဖွင့်လိုက်သည်။ သူ့ကိုယ်ထဲတွင် စိတ်စွမ်းအင် အနည်းငယ် တိုးလာသည်ကို ခံစားရမိသည်။ ပုံမှန်အခြေအနေသာ ဖြစ်ပါက စိတ်လှုပ်ရှားမည် ဖြစ်သော်လည်း သူက ဂနာမငြိမ် ဖြစ်နေလေသည်။ ဝမ်လင်းက မှော်ကျောက်တုံးကို ကြည့်လိုက်ရာ ရုတ်တရက် အိပ်ချင်စိတ် ဖြစ်ပေါ်လာသည်။ ပျော်ရွှင်နေသော အပြုံးတစ်ပွင့် သူ့မျက်နှာတွင် ပေါ်လာပေမဲ့ သူက မှော်ကျောက်တုံးကို မျက်နှာလွှဲလိုက်ကာ အိပ်ချင်စိတ်ကို ပယ်ဖျောက်လိုက်၏။

သူက မတ်တတ်ရပ်ကာ အခန်းထဲတွင် လမ်းလျှောက်ရင်း အိပ်မက်နယ်မြေထဲ ဝင်မရသည့် အကြောင်းရင်းကို အဖြေရှာနေလိုက်သည်။ နောက်ဆုံး၌ ပြဿနာကို သူ ရှာတွေ့လေပြီ။

ပထမ၂ကြိမ်တုန်းက ကြားထဲတွင် အချိန်မခြားပေ။ တတိယအကြိမ်တွင် ၅နာရီခန့် ခြားပြီးမှ ဝင်ရောက်ခဲ့သည်။ စတုတ္ထအကြိမ်တွင်မူ တတိယအကြိမ်နှင့် တစ်ရက်ခြားပြီးမှ ဝင်ရောက်ခဲ့ခြင်း ဖြစ်သည်။

ဒီသဘောတရား အတိုင်းဆိုလျှင် အိပ်မက်နယ်မြေသို့ ဝင်ရောက်ရာ၌ ကန့်သတ်ချက် အနည်းငယ် ရှိနိုင်သည်။ စိတ်ချရစေရန် တစ်ခါဝင်လျှင် ၅နာရီတော့ ခြားသင့်ပေသည်။

ထို့နောက် ဝမ်လင်းက အိပ်မက် နယ်မြေထဲသို့ မည်သည့် ပစ္စည်းများ ယူသွားနိုင်သလဲဆိုတာကို စမ်းသပ်ရန် ပြင်ဆင်လိုက်သည်။ သူယူသွားမည့် ဘူးသီးခြောက် သုံးဘူးတွင် တစ်ဘူးက ရေငွေ့ရည်ထည့်ထားပြီး၊ တစ်ဘူးက စမ်းရေထည့်ထားပြီး ၊ တစ်ဘူးက ဘာမှမပါပေ။

သူက ကွဲသွားသော ကျောက်ပန်းကန်လုံး အပိုင်းအစတစ်ခု၊ အာလူးကြော်၊သိုလှော်အိတ်ကိုပါ သူ့ကိုယ်တွင် အိပ်မက်နယ်မြေထဲသို့ မဝင်မီ ချည်နှောင်လိုက်သည်။

အိပ်မက် နယ်မြေထဲတွင် ဝမ်လင်းက သူ့ကိုယ်ကို ချက်ချင်း စစ်ဆေးလိုက်၏။ အာလူးကြော်၊ ကျောက်ပန်းကန်လုံး အပိုင်းအစ၊ အဝတ်အစား အားလုံး ပါလာသော်လည်း ဘူးသီးခြောက်၃ဘူးနှင့် သိုလှောင်အိတ်ကတော့ ပါမလာပေ။

ထို့ကြောင့် သူက အိပ်မက် နယ်မြေထဲတွင် စိတ်စွမ်းအင် မရှိသောကြောင့် စိတ်စွမ်းအင် မပါရှိသော မည်သည့်ပစ္စည်းမျိုးကိုမဆို သယ်ဆောင်၍ ရပေမည်။

ဘူးသီးခြောက်သုံးဘူးနှင့် သိုလှောင်အိတ်က စိတ်စွမ်းအင်တချို့ ပါနေသောကြောင့် သူတို့ကို ယူဆောင်၍ မရနိုင်ချေ။

ဝမ်လင်းက သက်ပြင်းချလိုက်ပြီး ခါးသီးစွာ တွေးနေမိတော့သည်။ သူက ဘူးသီးခြောက်ကို အထဲသို့ ယူဆောင်၍ မရနိုင်ချေ။ အပြင်ဘက်တွင် သူသောက်လာသည့် တစ်ငုံ၊ နှစ်ငုံက အိပ်မက် နယ်မြေထဲတွင် လေ့ကျင့်ရန် အတွက် မလုံလောက်ပေ။

ထိုအကြောင်းကို တွေးတောပြီးနောက် သူ့ခေါင်းထဲသို့ အကြံတစ်ခု ဝင်လာသည်။ ထိုအကြံက သူ ယခုကြုံနေရသည့် ပြဿနာကို မဖြေရှင်းနိုင်သေးသော်လည်း နောက်ထပ် သူ့ကို ပိုမို စဉ်းစား တွေးတောစေရန် တွန်းအား ဖြစ်စေသည်။

အချိန်အတော်ကြာ ပြီးနောက်တွင် သူက သော့ချက်ကို ဖမ်းဆုပ်မိသွားလေပြီ။ စိတ်စွမ်းအင်များ ရှိနေသည့်ရေက အထဲသို့ ယူမလာ နိုင်သော်လည်း သူ့ကိုယ်ထဲ ပါလာသည့် စိတ်စွမ်းအင်ကတော့ မပျောက်မပျက်ဘဲ ပါလာ၏။

စိတ်စွမ်းအင် ပါရှိနေသည့် ပစ္စည်းများကို အထဲသို့ မယူဆောင် နိုင်သောကြောင့် နောက်ထပ် နည်းလမ်းတစ်ခုကို ရှာရပေဦးမည်။

နာရီ၅၀ကြာပြီးနောက် ဝမ်လင်းက အခန်းထဲမှ အမြန်ထွက်ကာ တောင်ဆီသို့ သွားပြီး ဘူးသီးခြောက်များကို ကောက်ပြီး အိမ်သို့ ယူလာလိုက်သည်။

ဘူးသီးခြောက် သုံးခုကို အထဲသို့ မယူနိုင်ရခြင်းမှာ ထိုဘူးသီးခြောက်သုံးဘူးက ရေငွေ့ရည်များ အချိန်ကြာမြင့်စွာ ထည့်ထားသောကြောင့် ဘူးသီးခြောက်တွင် စိတ်စွမ်းအင်များ စိမ့်ဝင်နေခြင်းကြောင့် ဖြစ်ရမည်ဟု ယုံကြည်ထား၏။

ယခု သူက ကောက်လာသည့် ဘူးသီးခြောက် အသစ်များကို စိတ်စွမ်းအင်ရေများ ဖြည့်လိုက်သည်။ သူက မှော်ကျောက်တုံးအား လှည့်စားကာ အိပ်မက်နယ်မြေထဲသို့ ယူဆောင်သွားမည် ဖြစ်သည်။

၅ နာရီကြာပြီးနောက် ဝမ်လင်းက ဘူးသီးခြောက် အသစ်လေးဘူး နှင့်အတူ အိပ်မက် နယ်မြေထဲသို့ ဝင်ရောက်သွားသည်။ အိပ်မက်နယ်မြေထဲသို့ ရောက်လာပြီးနောက် ဘူးသီးခြောက် အားလုံးက သူနှင့်အတူ ပါလာသည်ကို အံ့ဩဖွယ်ရာ တွေ့လိုက်ရ၏။

သူက အဖုံးကို ဖွင့်ကြည့်ရာ ရေများပါ ရှိသေးသည်ကို မြင်တွေ့လိုက်ရသည်။ သူက အနည်းငယ်ခန့် သောက်လိုက်ပြီး စတင်ကျင့်တော့သည်။

သူ့ကိုယ်ထဲမှ စိတ်စွမ်းအင်များ ပျောက်ကွယ် သွားသည့် အချိန်တိုင်း သူက စိတ်စွမ်းအင် ရေများကို ပိုမို သောက်သုံးလေသည်။ သူ့ကိုယ်ထဲမှ စိတ်စွမ်းအင် ငွေရောင်လေးက တဖြည်းဖြည်း ကီစုစည်းခြင်း ပထမအလွှာဆီသို့ နီးကပ်လာသည်။

သူ့ဘေးတွင် ရှိသည့် အလင်းရောင် များကလည်း သူ့ကိုယ်ထဲသို့ တိတ်ဆိတ်စွာပင် ဝင်ရောက်နေသည်။

ထူးဆန်းသော ကျောက်တုံးနှင့် စိတ်စွမ်းအင်ရေများ မရှိဘဲ သူ့ပင်ကို ပါရမီနှင့်ဆိုလျှင် ကီစုစည်းခြင်း ပထမ အလွှာကို ရောက်ရန် နှစ်ပေါင်းများစွာ ကြာပေလိမ့်မည်။ ကီပြိုကွဲခြင်း မြက်ကိုပါ ထည့်တွက်လိုက်လျှင် နှစ်၃၀မှ ၅၀ခန့် ကြာမြင့် သွားပေလိမ့်မည် ဖြစ်၏။

စွန်းတဇူး၏ တစ်လလုံးလုံး ဆေးတိုက်ကျွေးမှုက သူကို ကျင့်ကြံရာတွင် ပိုမိုလျင်မြန် လာစေသည်။ ဝမ်လင်း မသိဘဲနှင့် အသုံးပြုခဲ့သော ကီဖယ်ရှားခြင်း နည်းစနစ်က ကီပြိုကွဲခြင်းမြက်ကို ဖယ်ရှားပေးခဲ့သည်။ သို့သော်လည်း ဒါတောင်မှ ၁၀နှစ်ခန့် ကြာပေဦးမည် ဖြစ်၏။ သို့သော် ယခု အခြေအနေ၌ ဝမ်လင်းထံတွင် စိတ်စွမ်းအင်က ပြတ်လပ်သည်ဆိုတာ မရှိချေ။ မှော်ကျောက်တုံး ကလည်း အချိန်ကို ၁၀ဆ လျှော့ချပေးနိုင်သေး၏။ ကီစုစည်းခြင်း ပထမအလွှာ ဆိုသည်မှာ သူ့လက်တစ်ကမ်း အကွာတွင် ရှိနေလေပြီ။

***

All Chapters