အခန်း (၃၉-၄၀)
Vol. 4 Ch. 39-40
အခန်း 39 ထိုက်ဆွေမိူ
ဤမြေကွက်သည် အလျားရှည်မြောမြော ပုံသဏ္ဌာ န်ရှိပြီး တစ်ဖက်တွင် ချုံရှန်းရွာ၏ တောင်ဘက်ပိုင်း နှင့် ထိစပ်နေကာ အခြားတစ်ဖက်တွင်မူ တောင်ခြေ ရှိနေသည်။ ထိုမှတစ်ဆင့် ရှေ့သို့ ဆက်သွားပါက တောင်တန်းကြီးများ ရှိနေ၏။
စက်ယန္တရားကြီးက ပြောင်းဖူးပင်များကို မြေလှန်ဖျ က်ဆီးပြီးနောက် ရွှီလင်းသည် တောင်ဘက်မှာ ရှိ သောတောင်ခြေရင်းဆီသို့ ခြေလှမ်းကျဲကျဲဖြင့် လျှေ ာက်လာခဲ့သည်။
လျှောက်နေရင်းဖြင့် ရွှီလင်း၏ စိတ်ထဲမှလည်း တ စ်စုံတစ်ခုကို တတွတ်တွတ် ရေတွက်နေပုံရ၏။
ထိုအခြင်းအရာကို မြင်လိုက်ရသဖြင့် ယန်ကွမ်းက နောက်မှလိုက်သွားရင်း မေးလိုက်သည်။
“မမလင်း... ဘာလုပ်နေတာလဲဗျ..”
"အော် အကွာအဝေးကို တွက်ချက်နေတာပါ ဖန်လုံ အိမ် တစ်လုံးချင်းစီရဲ့ အရှေ့ဘက်မှာ အနည်းဆုံး ဆယ်မီတာလောက် နေရာလွတ် ချန်ထားရမယ်လေ"
ယန်ကွမ်းကမူ အော်... ဟုသာ ရေရွတ်ကာ ဘာမှထ ပ် မပြောတော့ဘဲ သူမ နောက်မှ ခပ်ခွာခွာ လိုက်လာ ခဲ့ သည်။
ဤသို့ဖြင့် နှစ်ဦးသား လျှောက်လာခဲ့ကြရာ တောင် ခြေရင်းသို့ပင် ရောက်လာ၏။သူတို့၏ အရှေ့တည့် တည့်တွင်မူ ချုံပုတ်များ ထူထပ်စွာ ပေါက်နေပြီး ထို မှတစ်ဆင့် တောင်ခြေမှသည် တောင်ထိပ်အထိ သ စ်ပင်ကြီးများ အုံ့ဆိုင်းလျက် ရှိနေပေသည်။
ရွှီလင်းက တောင်ခြေရင်းကို လက်ညှိုးထိုးပြကာ ပြောလိုက်၏။
"တောင်ပေါ်က တောရိုင်းတိရစ္ဆာန်တွေ ဖန်လုံအိမ်ထဲ ဝင်မွှေပြီး ဟင်းသီးဟင်းရွက်တွေကို ဖျက်ဆီးတာ မျိုး မဖြစ်ရအောင် ဒီနေရာမှာ ကာကွယ်ရေး အတား အဆီးတစ်ခုခု လုပ်ဖို့ လိုလိမ့်မယ်.."
ယန်ကွမ်းလည်း ခေါင်းညိတ်ကာ သဘောတူလို က်သည်။
"အင်း... တကယ်ပဲ လိုအပ်တာပေါ့..အဆင်မပြေရင် အုတ်တံတိုင်းတစ်ခုကို ကျွန်တော်တို့ ခပ်မြင့်မြင့် ဆောက်လိုက်ကြမလား"
ရွှီလင်းက အကြံ ဝင်ပေးလိုက်၏။
"အုတ်တံတိုင်းဆောက်ဖို့ဆိုရင် အချိန်ရော ကုန်ကျ စရိတ်ရော အများကြီး လိုလိမ့်မယ်..အဲဒါထက် ဆူး ကြိုး ခွေတွေ ကာလိုက်တာက ပိုအဆင်ပြေမယ်.."
ယန်ကွမ်းက ခဏမျှ စဉ်းစားလိုက်ပြီးနောက် ခေါင်း ညိတ်ကာ သဘောတူလိုက်သည်။
"ဟုတ်သားပဲ ဒါလည်း အကြံကောင်းပဲဗျ..”
နှစ်ဦးသား ထိုသို့ တိုင်ပင်ဆွေးနွေးနေကြစဉ်မှာပင် ရုတ်တရက် သူတို့ နှာခေါင်းထဲသို့ ထူးဆန်းသော အ နံ့တစ်ခု တပြိုင်နက်တည်း တိုးဝင်လာသဖြင့် တစ်ဦး ကိုတစ်ဦး အံ့ဩစွာ ကြည့်လိုက်မိပြီး ပြိုင်တူ မေးမြ န်းလိုက်ကြသည်။
"အမ်..ဒါ ဘာအနံ့ကြီးလဲ"
"တောအုပ်ထဲကနေ လာတဲ့အနံ့ ထင်တယ်ဗျ."
ယန်ကွမ်းက ထိုသို့ပြောပြီးနောက် ချုံပုတ်များဆီသို့ ဦးတည်ကာ လှောက်လာလိုက်သည်။သူနှင့် ရွှီလင်း နှစ်ဦးစလုံးသည် စူးရှသင်းပျံ့သော ရနံ့တစ်ခုကို ရရှိ ခဲ့ကြခြင်း ဖြစ်၏။
၎င်းသည် အသားနံ့ သို့မဟုတ် ပန်းရနံ့မျိုး မဟုတ်ဘဲ အလွန်မွှေးကြိုင်လှသော်လည်း သူတို့တစ်ခါမျှ မရ ဖူးသေးသော ထူးဆန်းသည့် အနံ့မျိုး ဖြစ်နေသည်။
စိတ်ဝင်တစားဖြင့် ရွှီလင်းလည်း တောအုပ်ထဲတွင် ဘာရှိနေသလဲဆိုသည်ကို ကြည့်ရှုရန် ယန်ကွမ်း နော က်မှ လိုက်ပါလာ၏။
နှစ်ဦးသား ရှေ့ဆင့်နောက်ဆင့်ဖြင့် ချုံပုတ်များကို ဖြတ်ကျော်လာခဲ့ရာ သူတို့၏ အရှေ့တည့်တည့်တွင် အုံ့ဆိုင်းနေသော တောနက်ကြီး ရှိနေပေသည်။
ဤနေရာသည် ချုံရှန်းရွာနှင့် မီတာအနည်းငယ်မျှသ ာ ဝေးသော်လည်း လူသူအရောက်အပေါက် အလွ န်နည်းပါးလှ၏။အဓိကအချက်မှာ တောအုပ်က ထူ ထပ်လွန်းသဖြင့် လမ်းလျှောက်ရန် ခဲယဉ်းသောကြေ ာင့်ပင် ဖြစ်၏။
ထို့ကြောင့် တောင်ပေါ်ထွက်ပစ္စည်း ရှာဖွေသူများပင် ဤနေရာသို့ လာရောက်ရန် ဝန်လေးနေကာ ယန်ကွမ် း ကိုယ်တိုင်လည်း တစ်ခါမျှ မလာဖူးချေ။
ယခုအခါ သူ့ဦးခေါင်းထက်ရှိ သစ်ပင်များမှာ တစ်ပ င်နှင့်တစ်ပင် ယှက်နွယ်နေပြီး နေရောင်ခြည်ကို ကာ ဆီးထားသဖြင့် တောအုပ်အတွင်း၌ အနည်းငယ် မှေ ာင်ရီပျိုးနေပေသည်။
ထို့ကြောင့် ယန်ကွမ်းက နောက်သို့ လှည့်ကြည့်ကာ လက်ကမ်းပေးရင်း မေးလိုက်၏။
"မမလင်း...ကျွန်တော် တွဲပေးရမလား.."
ရွှီလင်းမှာမူ တစ်ချက်လန့်သွားပြီး သူမ တွေဝေ တု န့်ဆိုင်းနေစဉ်မှာပင် ယန်ကွမ်းက သူမလက်ကို ဆွဲကို င်လိုက်သည်။သူ၏ လက်ဖဝါးမှ နွေးထွေးမှုကို ခံစာ းလိုက်ရသဖြင့် ရွှီလင်း၏ ရင်ခုန်သံများမှာမူ တဒိ န်းဒိန်း ခုန်ပေါက်လာ၏။
မှောင်ရီနေသော ပတ်ဝန်းကျင်၊ ဆန်းပြားသော ရနံ့ သင်းသင်း၊အခြေအနေတစ်ခုလုံးက ရင်ခုန်စရာ အ တိပင်။
သို့သော်လည်း နောင်တရရန် အချိန်နှောင်းသွားပြီဖြ စ်ရာ သူမလည်း ဘာမှမဖြစ်သကဲ့သို့ ဟန်ဆောင်ကာ ယန်ကွမ်း၏နောက်မှ တောနက်ထဲသို့ ဘာမှမပြော ဘဲ လိုက်ပါလာခဲ့သည်။
ပတ်ဝန်းကျင်တစ်ခုလုံးတွင် ခြောက်သွေ့သော သစ် ရွက်များကို နင်းဖြတ်သွားသည့် တရှပ်ရှပ် ခြေသံမျ ားသာ ထွက်ပေါ်နေသဖြင့် ရွှီလင်းခဗျာ တံတွေးကို သာမျိုချမိလိုက်၏။
ယန်ကွမ်းကိုယ်တိုင်လည်း ရင်ခုန်မိသည်မှာ အမှန်ပ င်။အဓိကမှာ မိန်းကလေးတစ်ယောက်၏ လက်ကို ယခုကဲ့သို့ ပထမဆုံးအကြိမ် ကိုင်ဖူးခြင်းဖြစ်ပြီး နူး ညံ့အေးမြသော ထိုခံစားချက်က သူ့အတွက်မူ တက ယ်ကို ထူးခြားဆန်းပြားလွန်းလှသည်။
ဤလူငယ်နှစ်ဦးသည် လက်ချင်းချိတ်ထားရင်း ဘာ စကားမျှ မဆိုဘဲ ရှေ့သို့သာ လျှောက်နေကြ၏။
အမှန်တကယ်တွင်မူ သူတို့သည် အဝေးကြီး မသွား ရသေးပေ။သူတို့ ဆယ်မီတာခန့်သာ သွားရသေးခင် မှာပင် မလှမ်းမကမ်းရှိ မြက်ရိုင်းတောထဲ၌ မီးခိုးရေ ာင်သန်းသော အဖြူရောင် အရာတစ်ခုကို လှမ်းမြ င် လိုက်ရသည်။
ထိုဆန်းပြားသော ရနံ့သင်းသင်းမှာ ဤအရာဆီမှ ထွ က်ပေါ်နေခြင်း ဖြစ်၏။
ရွှီလင်းသည် သူမ၏ ရင်ဖိုထိတ်လန့်မှုများကိုပင် မေ့လျော့သွားပြီး ထိုအရာကို ကြည့်ကာ မေးလိုက် သည်။
"အမ် ဒါ ဘာကြီးလဲ..”
ရွှီလင်း၏ လက်ကို လွှတ်ရန် ယန်ကွမ်းက နှမြော နေမိသော်လည်း မတတ်နိုင်ဘဲ လွှတ်ပေးလိုက်ကာ ထိုအရာနားတွင် ဆောင့်ကြောင့်ထိုင်၍ လက်ဖြင့် တို့ ထိစမ်းသပ်ကာ မော့၍ ပြောလိုက်၏။
"ကျွန်တော့် အထင်မမှားဘူးဆိုရင် ဒါ 'ထိုက်ဆွေ'မိူ ပဲ…မမလင်းရ.."
ရွှီလင်း၏ မျက်ဝန်းအစုံမှာ အဝိုင်းသား ဖြစ်သွားပြီး ခေတ္တမျှ ဆွံ့အမှင်သက်သွားပေသည်။
"ဘာကြီးလဲ.."
"ထိုက်ဆွေမိူလေ..တချို့လူတွေက ဒါကို 'ရွှေမှိုသား စပ်' သို့မဟုတ် သားကောင်မှိုလို့ ခေါ်ကြတယ်.. ဒီမိူ က ကျန်းမာရေးကို အထူးကောင်းမွန်စေတဲ့အပြင် အသည်းကို အားဖြည့်ပေးပြီး ကျောက်ကပ်ကိုလည် း ကာကွယ်ပေးနိုင်တဲ့ အဖိုးတန် ရတနာတစ်ပါးပဲ မ မရ"
‘ရှန်နူန်းကျွယ်” ဆေးပညာရပ်ဆိုင်ရာ ကျမ်းထဲရှိ မှ တ်တမ်းများကို ပြန်လည်အမှတ်ရပြီးနောက် ယန်ကွ မ်း၏ မျက်လုံးထဲတွင်မူ အရောင်တစ်ချက် ဝင်းလ က်ခဲ့ရသည်။
သို့သော်လည်း သာမန် ‘ထိုက်ဆွေ’ များနှင့် နှိုင်းယှဉ် ပါက ဤမိူက အနည်းငယ် ထူးခြားနေ၏။
အဘယ်ကြောင့်ဆိုသော် ရှန်နူန်းကျွယ်ထဲ၌ မှတ်တမ် း တင်ထားသော ထိုက်ဆွေသည် မည်သည့်အနံ့အ သက်မျှ မရှိဘူးဟူ၍ ရေးထားသောကြောင့်ပင် ဖြစ် သည်။
သို့သော်လည်း ယခု သူ့ မျက်စိရှေ့မှ မိူကမူ စူးရှသ င်း ပျံ့သော ရနံ့ဆန်းတစ်မျိုးအား ထုတ်လွှတ်နေသ ဖြင့် သိသိသာသာပင် ကွဲပြားခြားနားနေခဲ့၏။
ရွှီလင်းတစ်ယောက် မှင်သက်နေဆဲဖြစ်သည်ကို မြင် ရသဖြင့် ယန်ကွမ်းက ပြုံးကာ ပြောလိုက်သည်။
"မမလင်း....ကျွန်တော်တို့ ဒီ တစ်ခေါက် ချမ်းသာပြီ ဗျ..ဟီးဟီး..”
"ချုံရှန်းရွာရဲ့ ပတ်ဝန်းကျင်မှာ ဒီလောက်အဖိုး တန် တဲ့ ရတနာ ရှိနေလိမ့်မယ်လို့ မထင်ထားမိဘူးဗျာ..”
ရွှီလင်းမှာမူ အံ့ဩမဆုံး ဖြစ်နေဆဲပင်။
သို့သော်လည်း ယန်ကွမ်းက အင်္ကျီ ချွတ်လိုက်သည် ကို မြင်သောအခါ သူမက အလန့်တကြားမေးလိုက် ၏။
"နင်... နင် ဒါ ဘာလုပ်မလို့လဲ..”
ယန်ကွမ်းက ကလေးတစ်ယောက်လို အပြစ်ကင်းစ င်စွာ ပြန်ဖြေလိုက်သည်။
"အာ မမလင်းကလည်း ကျွန်တော်တို့ ဒီဟာကို တွေ့ သွားတာ တခြားလူတွေကို မသိစေချင်လို့လေ၊ဒါ ကြောင့် အင်္ကျီနဲ့ ထုပ်ပိုးမလို့ပါဗျ…"
"……."
ထိုအခါမှ ရွှီလင်းလည်း သဘောပေါက်သွားပြီး ယန် ကွမ်းအား မျက်စောင်းထိုးကာ ပြောလိုက်၏။
"ဘုရားရေ.. ငါ အတော်လေး လန့်သွားပဲ…”
ယန်ကွမ်းက တဟဲဟဲ ရယ်မောရင်း ပြောလိုက်သည် ။
"မမက ကျွန်တော် ဘာလုပ်မယ်လို့ ထင်နေတာလဲ ဗျ..”
"အမ် ဘာမှမထင်ပါဘူး..”
ရွှီလင်း၏ မျက်နှာလေးမှာ ရဲခနဲ ဖြစ်သွားပြီး ယန် ကွမ်း ဆက်မကြည့်ရဲတော့ဘဲ သူတို့လာခဲ့သည့် လမ် း ကြောင်းဘက်သို့ မျက်နှာလွှဲကာ ပြောလိုက်၏။
"ရွာအဝင်ဝမှာ လူအများကြီးက ဆောက်လုပ်ရေး လုပ်တောကို ကြည့်နေကြတာလေ နင် အင်္ကျီနဲ့ ထုပ် သွားရင်တောင် အလကားပဲ..အားလုံးက ဝိုင်းမေး ကြမှာ သေချာတယ်နော်..”
"မေးချင်သလောက်မေးပါစေ မမလင်းရာ..ကျွန်တေ ာ်က အမှန်အတိုင်း မပြောရင် သူတို့က ဘာလုပ်နို င်မှာလဲဗျ ဟဲဟဲ.."
ယန်ကွမ်းက တချက် ရယ်ကာ ဆက်ပြောလိုက်သ ည်။
"ဘာပဲဖြစ်ဖြစ် ရတနာကို တွေ့ပြီဆိုမှတော့ အိမ်ကို သယ်သွားရမှာပေါ့.. ဒါကြီးကို တောင်ပေါ်မှာ ဒီထ က်ကြာကြာ ထားရမှာကို ကျွန်တော် စိတ်မချဘူးဗျာ ”
"အေးပါ ဒါဆိုလည်း ပြီးတာပါပဲ"
ရွှီလင်းလည်း မတတ်နိုင်ဘဲ ခေါင်းညိတ်ကာ မေးမြ န်း လိုက်၏။
"ဒါနဲ့... ဒီမိူက တကယ်ပဲ အဲဒီလောက်အထိ အစွမ်း ထက်တယ်ဆိုတာ ဟုတ်လို့လားဟယ်"
"ဒါပေါ့..မမလင်း အိမ်ပြန်ရောက်တဲ့အခါ ကျရင် သိ ရမှာပဲဝါကို ဟီး..”
ယန်ကွမ်းက ပြုံးလျက် အဝတ်ဖြင့် ပတ်ထားသော ‘ ထိုက်ဆွေ’မိူကို ပွေ့ချီလိုက်သည်။ထို့နောက် နှစ်ဦး သား တောအုပ်ထဲမှ ထွက်ခွာခဲ့ပြီး လာခဲ့သည့် လမ်း ကြောင်းအတိုင်း စိုက်ခင်းဆီသို့ ပြန်ရောက်လာ၏။
ထိုနေရာတွင် ပြောင်းဖူးပင်များကို ဖယ်ရှားသည့် အ လုပ်မှာ ဆက် လက်လည်ပတ်နေဆဲပင် ဖြစ်သည်။
လာရောက်အားပေးနေကြသော ရွာသားများမှာလ ည်း ခေတ္တမျှ ကြည့်ရှုပြီးနောက် သိပ်မထူးခြားတော့ သဖြင့် တဖြည်းဖြည်းချင်း လူစုကွဲသွားကြရာ စိုက် ခင်းဝန်းကျင်တွင် လူနည်းပါးသွားခဲ့၏။
"နင် ဒါကို အိမ်ကိုပဲ အရင် ပြန်သယ်သွားလိုက်တော့ ..ငါ လိုက်မလာတော့ဘူး..ပြောင်းဖူးပင်တွေ အကုန် ရှင်းပြီးရင် မြေညှိတဲ့အလုပ် ဆက်လုပ်ရဦးမယ်..”
သူမ၏ နှာခေါင်းထိပ်လေးတွင် ချွေးစက်လေးများ စို့နေသည်ကို မြင်လိုက်ရသဖြင့် ယန်ကွမ်းက ခေါင်း ညိတ်ပြကာ ပြန်ပြောလိုက်သည်။
"ဟုတ်ကဲ့ပါ မမလင်းရ..အရမ်းကြီး အပင်ပန်းမခံပါ နဲ့ဦး..ခဏနေရင် ကျွန်တော် ရေနွေးကြမ်း ယူလာပေ းမယ်နော်..”
ရွှီလင်းက ခေါင်းညိတ်ကာ သဘောတူလိုက်၏။
"အွန်း..”
ယန်ကွမ်းက ‘ထိုက်ဆွေ’မိူကို ရင်ခွင်ထဲ ပွေ့ပိုက်လျ က် အိမ်သို့ ပြန်လာခဲ့သည်။လမ်းခရီးတွင်မူ သူသည် ရွာ သားအချို့နှင့် ဆုံတွေ့ခဲ့သဖြင့် သူတို့က စပ်စပ်စု စု မေးမြန်းကြသော်လည်း အပေါ်ယံသာ ပြန်ဖြေပြီး ယန်ကွမ်းက အမြန်ကျော်ဖြတ်လာခဲ့၏။
အိမ်ထဲသို့ ယန်ကွမ်းက ကမန်းကတန်း ဝင်လာခဲ့ပြီး တံခါးဝသို့ ရောက်သည်နှင့် လှမ်းအော်လိုက်သည်။
"မရီးရေ..ဗျို့ မရီး..... ခဏ ထွက်လာပါဦးဗျာ..”
ဝူရှောင်လျန်းမှာမူ ယာယာလေးကို ပွေ့ချီလျက် စိုးရိ မ်တကြီးဖြင့် အခန်းထဲမှ ထွက်လာခဲ့၏။
"အလောတကြီးနဲ့ ဘာဖြစ်လို့လဲ ရှောင်ကွမ်းရ..”
"ဘာမှမဖြစ်ပါဘူး မရီးရဲ့ မရီးကို အဖိုးတန်ရတနာ တစ်ခု ပြမလို့ပါဗျ..ဟီး..”
ယန်ကွမ်းက ပြုံးရင်း ‘ထိုက်ဆွေ’မိူကို အုပ်ထားသေ ာ အင်္ကျီကို ဖယ်ကာ ပြလိုက်၏။ဝူရှောင်လျန်းမှာမူ တစ်ခဏမျှ ဆွံ့အသွားပြီးနောက် မျက်လုံးအဝိုင်းသ ားဖြင့် အံ့အားသင့်စွာ မေးလိုက်သည်။
"ဟဲ့ ဒါ... ဒါက ဘာကြီးလဲဟ..”
"ထိုက်ဆွေမိူလေ မရီးရ…”
ယန်ကွမ်းက ပြောပြောဆိုဆိုဖြင့် ‘ထိုက်ဆွေ’မိူကို ရေကန်ကြီးထဲသို့ ထည့်လိုက်၏။
ထိုမိူသည် အလွန်ထူးဆန်းလှပေသည်။၎င်းသည် ပေါင်အနည်းငယ်မျှ လေးလံသော်လည်း ရေထဲသို့ ထည့်လိုက်သောအခါ မြုပ်ဝင်သွားခြင်းမရှိဘဲ ရေ မျက်နှာပြင်ပေါ်တွင် ပေါ်လောပေါ်နေပေသည်။
ထိုအခြင်းအရာကို မြင်လိုက်ရသဖြင့် ဝူရှောင်လျန်း ခဗျာ အံ့ဩမဆုံး ဖြစ်ကာ မေးမြန်းလိုက်၏။
"ဘုရားရေ..အံသြစရာကောင်းလိုက်တာဟယ် ဒါကို နင် ဘယ်ကနေ ရလာတာလဲ..”
"တောင်ဘက်က တောအုပ်ထဲမှာ သွားတွေ့တာလေ မရီး"
ယန်ကွမ်းက ထိုသို့ပြောပြီးနောက် သူမကို ကြည့်ကာ ပြုံးကာ ပြောလိုက်သည်။
"ဒီဟာကို အခုကစပြီး ရေကန်ထဲမှာပဲ အမြဲ စိမ်ထား လိုက်မယ်.တစ်နေ့ထက်တစ်နေ့ မရီး ပိုပြီး လှပနုပျို လာ တော့မှာကိုသာ စောင့်နေလိုက်တော့..”
"ဟင်... ဘာကို ပြောတာလဲ.."
ဝူရှောင်လျန်းမှာမူ ဇဝေဇဝါ ဖြစ်သွားပြီး ဆိုလိုရင်း ကို မေးမြန်းရန် ပြင်လိုက်စဉ်မှာပင် ယန်ကွမ်းမှာမူ အပြင်သို့ ထွက်သွားပေသည်။
အချိန်ခေတ္တမျှ ကြာပြီးနောက် သူက မီးဖိုချောင်ထဲမှ ရေဘူးတစ်ဘူးကို ယူလာကာ ရေကန်ထဲရှိသော ရေ များကို ဖြည့်လိုက်၏။
"ကျွန်တော် မမလင်းဆီ ရေသွားပို့လိုက်ဦးမယ် မရီး ရ ပြန်လာမှ အေးအေးဆေးဆေး ပြောကြတာပေါ့ဗျ .."
ရေဘူးထဲတွင် ရေအပြည့် ထည့်ပြီးနောက် ယန်ကွမ်း သည် အိမ်မှ ပြန်ထွက်လာခဲ့သည်။ဆောက်လုပ်ရေး လုပ်ငန်းခွင်သို့ သူ ရောက်ရှိလာသောအခါ ရွှီလင်း သည် ရေဘူးထဲမှ ရေကို တစ်ငုံ သောက်ကြည့်လိုက် ပြီးနောက် နားမလည်နိုင်သော အမူအရာဖြင့် ရေရွ တ်လိုက်၏။
"ဟင်... ဒီရေက ဘာလို့ အရသာရှိနေတာလည်း ရှေ ာင်ကွမ်းရ"
ယန်ကွမ်းက ပြုံးကာ ပြန်ဖြေလိုက်ပေသည်။
"ဘယ်လိုလဲ သောက်လို့ကောင်းတယ်မို့လား ဟဲဟဲ “
အခန်း ၄၀ ရန်ပွဲလား
ရွှီလင်းက ယန်ကွမ်းကို စိုက်ကြည့်ရင်း ပြန်ဖြေလိုက် သည်။
"အေးဟ.. ဒီရေက နည်းနည်း ချိုသလိုလိုပဲနော်"
"ဟုတ်တာပေါ့ဗျာ..ဟီး..”
ယန်ကွမ်းက ရယ်မောရင်း ရှင်းပြလိုက်၏။
"ဒါ ထိုက်ဆွေစိမ်ထားတဲ့ရေလေ မမလင်းရ.. ကျွန် တော်တို့အိမ်က ရေကန်ထဲမှာ စိမ်ထားတာ"
"ဘာကြီး..”
ရွှီလင်းမှာမူ ဆွံ့အသွားတော့သည်။သူမ ရေငတ်သ ည်မှာ မပြေနိုင်သေးသော်လည်း လက်ထဲရှိ ရေဘူး ကို ကြည့်ကာ ဆက်သောက်သုံးရန် စက်ဆုပ် ရွံရှာမိ ၏။
ထိုအခြင်းအရာကို မြင်ရသဖြင့် ယန်ကွမ်းက အလျ င် အမြန်ပင် ချော့မော့လိုက်ရသည်။
"ဘာမှ မဖြစ်ပါဘူး မမလင်းရ.. ထိုက်ဆွေဆိုတာ အဖိုးတန် ဆေးဖက်ဝင်အပင်တစ်မျိုးပဲဥစ္စာ.. ကတိုး သမင်ဦးချိုကို အရက်ထဲစိမ်သောက်တာတောင် ရှိ သေးတာပဲလေ..”
ရွှီလင်း: "……"
သူမအနေဖြင့် လက်ခံရန် ခက်ခဲနေဆဲဖြစ်သည်ကို မြင်ရသဖြင့် ယန်ကွမ်းလည်း မတတ်နိုင်ဘဲ ဆက်လ က်၍ ဖျောင်းဖျလိုက်၏။
"စိတ်အေးအေးထားပြီး သောက်ပါ မမလင်းရ.. ဒီ ဟာက အမျိုးသားတွေအတွက် သိပ်ပြီး အာနိသင် မပြပေမဲ့ အမျိုးသမီးတွေ သောက်ရင် သွေးသားကို ပြုပြင်ပေးပြီး အသားအရေကို စိုပြည်လှပစေတယ် ဗျ..”
“မမက အသားအရေ လှပြီးသားပဲလေ ဒီရေကို သေ ာက်ရင် ဒီထက် ပိုပြီးတော့တောင် လှလာဦးမှာဗျ"
ထိုစကားကို ကြားလိုက်ရသောအခါ ရွှီလင်းသည် ချက်ချင်းပင် စိတ်လှုပ်ရှားလာခဲ့သည်။မည်သည့် မိ န်းကလေးကများ မလှပချင်ဘဲ နေမည်နည်း။ခေတ္တ မျှ တွေဝေတုန့်ဆိုင်းသွားပြီးနောက် သူမသည် မော့ ကာ ရေကို နောက်ထပ်တစ်ငုံ သောက်ကြည့်လိုက်ပြ န်သည်။
သူမ သေသေချာချာ မြည်းစမ်းကြည့်လိုက်သော အ ခါ ရေထဲ၌ ထူးခြားသော အနံ့ဆိုးမျိုး လုံးဝမရှိဘဲ ပို ၍ပင် ချိုအီကာ မွှေးနေသဖြင့် ထိုအခါမှ ရွှီလင်းလ ည်း စိတ်သက်သာရာ ရလာခဲ့၏။
"ကျွန်တော် ဒီနေ့ လူတစ်ယောက်ကို ကတိပေးထား တာရှိလို့ မြို့ကို သွားရဦးမယ်..ညဘက် ပြန်မလာ ဖြ စ်တာမျိုးလည်း ရှိနိုင်လို့ မမနဲ့ မရီးတို့ အိမ်မှာ သတိ နဲ့ နေကြဦးနော်"
”အမ် နင်က ဘာသွားလုပ်မလို့လဲ..”
ယန်ကွမ်းက ခါးသက်သက် ပြုံးရင်း ပြန်ဖြေလိုက် ၏။
“တခြားလူအပေါ် တင်နေတဲ့ အကြွေးလေး သွားဆ ပ်မလို့.. ဒီနေ့ ချိန်းထားတာမို့လို့ပါ မမရ..”
ရွှီလင်းက ခေါင်းညိတ်လိုက်ပြီး အသေးစိတ် ထပ်မ မေးမြန်းတော့ပေ။
"အော်... အင်းပါ.."
ဆောက်လုပ်ရေး လုပ်ငန်းခွင်ကို ခေတ္တမျှ စောင့်ကြ ည့်ပြီးနောက် ယန်ကွမ်းသည် အိမ်သို့ ပြန်လာခဲ့ပြီး မ ရီးဖြစ်သူ ဝူရှောင်လျန်းကိုလည်း မြို့သို့ သွားမည့် အကြောင်း ပြောပြလိုက်သည်။
သူမသည်လည်း များများစားစား မမေးမြန်းဘဲ အ ပြင်တွင် ပြဿနာမရှာရန်နှင့် အိမ်ကို စောစော ပြန် လာရန်သာ ယန်ကွမ်းအား မှာလိုက်၏။ယန်ကွမ်းက ကတိပေးလိုက်ပြီး ထိုက်ဆွေစိမ်ထားသော ရေ၏ အကျိုးအာနိသင်ကိုလည်း သူမအား သေချာ ရှင်း ပြလိုက်သည်။
ထိုစကားကို ဝူရှောင်လျန်း ကြားသောအခါ အနည်း ငယ် တွန့်ဆုတ်သွားသော်လည်း နောက်ဆုံးတွင်မူ စိ တ်လှုပ်ရှားမှုကို မအောင့်နိုင်ဘဲ ရေကို အနည်းငယ် ခပ်သောက်ကြည့်လိုက်၏။
သူမ၏ တုံ့ပြန်မှုက ရွှီလင်းလောက် မပြင်းထန်လှဘဲ ထိုရေမှာ အမှန်တကယ်ပင် ပိုမိုအရသာရှိနေသည်ဟု ခံစားလိုက်ရသဖြင့် ယန်ကွမ်းလည်း ဘာမျှ စိုးရိမ်မ နေတော့ပေ။
ထို့နောက် အချိန်အတော်လင့်နေပြီဖြစ်ကြောင်း တွေ့ ရသဖြင့် မရီးဖြစ်သူကို နှုတ်ဆက်ကာ အိမ်မှ ယန် ကွမ်း ထွက်လာခဲ့၏။လမ်းခရီးတွင် ထူးထူးခြားခြား ဘာမှမရှိဘဲ မွန်းတည့်အချိန်၌ သူက မြို့သို့ ရောက် လာခဲ့သည်။
ချိန်းဆိုထားသည့်အချိန် မတိုင်မီ ‘မင်ယွဲ့ညကလပ်’ သို့ အရင်သွားရန် ယန်ကွမ်းက စိတ်ကူးမိသော်လည် း ထိုနေရာသို့ ရောက်သွားသောအခါတွင်မူ ညက လပ်မှာ တံခါးပိတ်ထားပြီး မဖွင့်သေးကြောင်း ယန် ကွမ်း သိလိုက်ရ၏။
ထို့နောက် တံခါးဝတွင် ချိတ်ဆွဲထားသော ဆိုင်းဘု တ်ပေါ်၌ ဆိုင်ဖွင့်ချိန်မှာ ညနေ ၈ နာရီမှ နံနက် ၂ နာရီ အထိဟု ရေးသားထားသည်ကို မြင်လိုက်ရသဖြင့် ယန်ကွမ်းလည်း ထိုအစီအစဉ်ကို လက်လျှော့လိုက် ရသည်။
နောက်ဆုံးတွင်မူ သူသည် ဘူတာရုံအနီးရှိ အင်တာန က်ကဖေးဆိုင် တစ်ဆိုင်ကို ရှာဖွေကာ အချိန်ဖြုန်းနေ လိုက်၏။မွန်းလွဲပိုင်း သုံးနာရီသို့ ရောက်သောအခါ သူ့.ဖုန်းမှာ မြည်လာခဲ့သည်။
တစ်ဖက်မှ မုရှောင်ဝမ်၏ လေသံမှာ ပြတ်သားစူးရှ စွာ မေးသံကို ယန်ကွမ်း ကြားလိုက်ရ၏။
"ဟဲ့ နင် ဘယ်မှာလဲ..”
"မြို့ထဲက ဘူတာရုံဘေးမှာလေ..”
မုရှောင်ဝမ်က ဟိုကြည့်ဒီကြည့်ဖြင့် မေးမြန်းလိုက် သည်။
"အသေးစိတ်လေး ပြောစမ်းပါ..ငါ အဲ့နားမှာ ရော က်နေတာ နင့် အရိပ်အယောင်တောင် မမြင်ရဘူး.."
"ခဏလေးစောင့် ကျွန်တော်.. အခုချက်ချင်း အော က်ကို ဆင်းလာခဲ့မယ်.."
ယန်ကွမ်းက ထိုသို့ပြောပြီး ဖုန်းကို ကမန်းကတန်းချ ကာ ကွန်ပျူတာကို ပိတ်လိုက်၏။ ပိုက်ဆံရှင်းပြီး နောက် သူသည် အောက်ထပ်သို့ ဆင်းလာခဲ့ရာ မလှ မ်းမကမ်းနေရာ၌ လမ်းဘေးတွင် ရပ်တန့်ထားသော အနီရောင် ပြိုင်ကားလေးတစ်စီးကို မြင်လိုက်ရသ ဖြင့် ထိုနေရာသို့ ယန်ကွမ်း လျှောက်လာခဲ့သည်။
သူ နီးကပ်သွားသောအခါ ကားမှန်မှာ အလိုအလျော က် ပွင့်လာပြီး မုရှောင်ဝမ်က ကားထဲမှနေ၍ ယန်ကွ မ်းကို လှမ်းကြည့်ကာ မေးလိုက်၏။
"ဒီကားက ငါ့ ကားမှန်း နင်က ဘယ်လိုလုပ်သိတာ လဲ… "
"ခဗျားရဲ့ စရိုက်ကို ကြည့်ပြီး ခန့်မှန်းလိုက်တာပေါ့ ဗျ.ဟဲဟဲ"
ပြန်ဖြေပြီးနောက် ကားတံခါးကိုဖွင့်ကာ ယန်ကွမ်း ဝင် ထိုင်လိုက်သည်။မုရှောင်ဝမ်က ကားကို ချက်ချ င်းမ မောင်းသေးဘဲ ယန်ကွမ်းအား သံသယမျက်လုံ းများ ဖြင့် စိုက်ကြည့်ကာ မေးလိုက်၏။
"ငါက ဘယ်လိုစရိုက်မျိုးမို့လို့လဲ နင်ဖြေစမ်း..”
"ဗိုလ်ကျစိုးမိုးချင်တယ်၊ထောင်လွှားတယ်.ပြီးတော့ ထင်ပေါ်ကျော်ကြားချင်စိတ်လည်း ပိုများတယ်လေ ဗျာ.."
မုရှောင်ဝမ်က အံ့ဩသွားဟန်ဖြင့် နှုတ်ခမ်းကို တွန့် ကာ ပြန်ပြောလိုက်သည်။
"ဟမ့်.. မထင်ရဘူးနော်..နင်က လူအကဲခတ် တော် တော်တော်လေးကို တော်တာပဲ…"
ယန်ကွမ်းက သူမကို ပြုံးစစဖြင့် ကြည့်လိုက်ရာ ထို မိ န်းကလေးသည် တီရှပ်အင်္ကျီအဖြူနှင့် ဂျင်းဘော င်း ဘီတိုတစ်ထည်ကိုသာ ဝတ်ဆင်ထားပြီး ဖွေးဆွ တ်နေသော ပေါင်တံမှာမူ သူ့ မျက်စိရှေ့တည့်တည့် တွ င် အထင်းသား ပေါ်နေသဖြင့် မရည်ရွယ်ဘဲ တံ တွေး မျိုချလိုက်မိသည်။
မုရှောင်ဝမ်ကမူ သူ၏အကြည့်ကို သတိမပြုမိပုံရဘဲ ဆက်လက်၍ မေးမြန်းလိုက်သည်။
"နင် စောစောက အဲဒီထဲမှာ ဘာသွားလုပ်နေတာလဲ ကောင်လေး.. မကောင်းတာတစ်ခုခု သွားလုပ်နေတ ာတော့ မဟုတ်ပါဘူးနော်.."
ယန်ကွမ်းက တစ်ချက်လန့်သွားပြီးမှ ပခုံးတွန့်ပြကာ ပြောလိုက်၏။
"ကျွန်တော်က ဘာမကောင်းတာ လုပ်စရာရှိလို့လဲဗျ”
မုရှောင်ဝမ်က နှာခေါင်းရှုံ့လျက် သူထွက်လာခဲ့သ ည့် အဆောက်အအုံဘက်သို့ မေးငေါ့ပြလိုက်သည်။
"ဟမ့် အဲဒီလိုနေရာမျိုးကနေ နင် ထွက်လာတာပဲ လေ ..နင် ဘာ သွားလုပ်တာလဲဆိုတာ ဘယ်သူသိမှာ လဲ…”
နောက်သို့ ယန်ကွမ်း လှည့်ကြည့်လိုက်သောအခါ အ ဆောက်အအုံ၏ အပြင်ဘက်နံရံတွင် ချိတ်ဆွဲထား သော အနီရောင် မီးဆိုင်းဘုတ်တစ်ခုကို ရုတ်တရက် မြင်လိုက်ရ၏။၎င်းပေါ်တွင်မူ "အနှိပ်ခန်းနှင့် ခေတ္တ နားနေရန်နေရာ" ဟူ၍ ရေးသားထားပေသည်။
ထိုနေရာက ဘာအတွက်လဲဆိုသည်ကို သူ အသေအ ချာ မသိသော်လည်း မုရှောင်ဝမ်၏ ထူးဆန်းသော အကြည့်များမှတစ်ဆင့် တစ်စုံတစ်ခုကို ရိပ်မိသွား သဖြင့် ယန်ကွမ်းက မျက်နှာလွှဲကာ ပြန်ဖြေလိုက်ရ ၏။
"ခဗျား မဟုတ်တာ လျှောက်မတွေးနဲ့ အပေါ်ထပ်မှာ အင်တာနက်ကဖေးဆိုင် ရှိလို့ ကျုပ်က အဲဒီမှာ ဂိမ်း သွားဆော့တာဗျ ”
"ရှင်းပြမနေပါနဲ့ နင် ဘာလုပ်လုပ် ငါနဲ့ ဘာမှမဆိုင် ဘူး..”
မုရှောင်ဝမ်က မျက်စောင်းတစ်ချက်ထိုးကာ ကားစ က်နှိုးပြီး ထိုနေရာမှ မောင်းထွက်လိုက်သည်။ယ န် ကွမ်းမှာမူ ဆွံ့အသွားပြီး ဆက်ရှင်းလေ ပိုရူပ်လေဖြ စ်မည်ကို သိသဖြင့် ထိုအကြောင်းကို ဆက်မပြော တော့ဘဲ စကားလမ်းကြောင်း လွှဲလိုက်၏။
"ဒါနဲ့... ကျွန်တော်က ခဗျားရဲ့.. သက်တော်စောင့်လု ပ်ဖို့ မဟုတ်လား.. အခု ဘယ်သွားကြမလို့လဲ.."
"ရောက်ရင် သိမှာပေါ့ဟာ.."
မုရှောင်ဝမ်က ထိုသို့သာပြောပြီး ရှေ့သို့ မျက်တောင် မခတ် စိုက်ကြည့်ကာ စကားထပ်မပြောတော့ပေ။
ယန်ကွမ်းလည်း များများစားစား ထပ်မမေးချင်သ ဖြ င့် ရှေ့ဘက်လမ်းကိုသာ ငေးကြည့်နေမိသည်။မ ကြာမီမှာပင် ကားလေးသည် တံတားတစ်စင်းကို ဖြ တ်ကျော်ကာ မြစ်တစ်ဖက်ကမ်းရှိ တောင်ခြေသို့ ဆို က် ရောက်လာခဲ့သည်။
ထိုနေရာတွင် ကွင်းပြင်ကျယ်ကြီး ရှိနေပြီး ကားအ ချို့လည်း ရပ်တန့်ထားသည်ကို ယန်ကွမ်း တွေ့ရကာ ဖြင့် ကားမောင်းသင်တန်းကျောင်းတစ်ခုနှင့် တူလှ ၏။
“ဘွန်း..ဘွန်း…တီ..တီ..တီ..”
မုရှောင်ဝမ်သည် လီဗာကို ပြင်းပြင်းနင်းကာ ကွင်း ထဲသို့ တိုက်ရိုက် မောင်းနှင်ဝင်လာပြီးနောက် ကား ဟွန်းအား ဆက်တိုက် တီးနေသည်။
ခေတ္တမျှ ကြာပြီးနောက် တန်းစီဆောက်ထားသော ဘန်ဂလိုအိမ်တန်းလျားထဲမှ အရပ်မြင့်မြင့် လူကော င်ထွားထွား အမျိုးသား ခုနစ်ဦး၊ ရှစ်ဦးခန့် ထွက်လာ ၏။
ယန်ကွမ်းခဗျာ လန့်သွားမိသည်။
သက်တော်စောင့်လုပ်ရန် သူ လာခဲ့ခြင်းဖြစ်သော်လ ည်း ယခုအခြေအနေအရ လူမိုက်အလုပ် လုပ်ရမည့် အလား ခံစားလိုက်ရ၏။ဤမုရှောင်ဝမ်သည် တစ်ဖ က်လူကို ပြဿနာရှာရန် ရည်ရွယ်ချက်ရှိရှိ ရောက် လာခြင်းဖြစ်ကြောင်း ထင်ရှားလှပေသည်။
ယခုအခါ သူမသည် ကားကို ရပ်တန့်ကာ စက်သတ် လိုက်ပြီးနောက် ယန်ကွမ်းဘက်သို့ လှည့်ကြည့်၍ ပြောလိုက်၏။
"ခဏနေကျရင် နင် စွမ်းရည်ပြရမယ့် အလှည့်ပဲ နော်.."
ယန်ကွမ်း "……."
သူမ ကားတံခါးဖွင့်၍ ဆင်းသွားသည်ကို မြင်လိုက် ရသဖြင့် ယန်ကွမ်းလည်း နောက်မှ မတတ်သာဘဲ လိုက်ဆင်းခဲ့ရသည်။ထိုအမျိုးသား ခုနစ်ဦး၊ရှစ်ဦးခ န့် မှာမူ သူတို့အနားသို့ လျှောက်လာသောအခါ ၎င်း တို့ အားလုံး၏ မျက်လုံးများမှာ တညီတညွတ်တည်း ပင် မုရှောင်ဝမ်၏ ဖွေးဆွတ်နေသော ပေါင်တံများ ဆီသို့သာ မခွာတမ်း စိုက်ကြည့်နေကြ၏။
မုရှောင်ဝမ်သည် ထိုသူတို့၏ ရမ္မက်ကြီးလှသော အ ကြည့်များကြောင့် စိတ်တိုသွားကာ အမိန့်ပေးလိုက် သည်။
"ဟဲ ဆိုတဲ့ကောင် ဘယ်မှာလဲ..အဲ့အကောင်ကို ထွ က်လာခိုင်းလိုက်စမ်း…”
လက်မောင်းနှစ်ဖက်လုံးတွင် ဆေးမင်ကြောင် အပြ ည့်ထိုးထားသော အမျိုးသားတစ်ဦးက သရော်ပြုံး ပြုံးကာ ပြောလိုက်၏။
"ကျုပ်တို့ သခင်လေးက အိမ်မှာ မရှိဘူးလေ မမ လေးမုရဲ့..မမလေးက သူ့ကို လွမ်းလို့ လာရှာတာဆို ရင်လည်း ကြိုပြီး ဖုန်းဆက်သင့်တာပေါ့ဗျ..ဟီးဟီး”
"သူ့ကို အခုချက်ချင်း ဖုန်းဆက်လိုက်..ငါ သူနဲ့. စာ ရင်းရှင်းစရာ ရှိတယ်..”
"ဟုတ်ကဲ့ပါ..ဟုတ်ကဲ့ပါ..... ဒါပေမဲ့ သခင်လေးဟဲ ပြန်လာမလာတော့ ကျုပ်တို့ အာမမခံနိုင်ဘူးနော် "
ထိုကတုံးနှင့်လူမှာ ကာမရမ္မက်ကြီးသော မျက်လုံးမျ ားဖြင့် မုရှောင်ဝမ်ကို အထက်အောက် စုန်ဆန်ကြ ည့်နေပြီး ဘာရိုသေလေးစားမှုမျှ မရှိပေ။
ယန်ကွမ်းက ဘေးမှနေ၍ အကဲခတ်နေမိရာ ဤလူမို က်တစ်သိုက်မှာ တစ်ယောက်မှ လူကောင်းသူကောင် း ပုံမပေါက်သောကြောင့် ဘာအလုပ်အကိုင် လုပ် ကိုင်နေကြမှန်းလည်း သူ မသိရပေ။
တစ်ဖက်လူ ဖုန်းဆက်နေခိုက်ကို အခွင့်ကောင်းယူ၍ သူက မုရှောင်ဝမ်၏ ဘေးနားသို့ တိုးကာ ယန်ကွမ်း က မေးမြန်းလိုက်၏။
"ဒီလူတွေက ဘာတွေလဲဗျာ..ခဗျားက.. သူတို့နဲ့ ဘ ာပြဿနာရှိလို့လဲ..”
မုရှောင်ဝမ်က ခပ်ပြတ်ပြတ် ပြန်ဖြေလိုက်သည်။
"နင် အများကြီး လျှောက်မမေးနဲ့.. ဟဲဇီတုန်း ရောက် လာတာနဲ့ အဲ့ကောင်ကို ငါ့ကိုယ်စား နင် ဆွဲထိုးပစ် လိုက်ရုံပဲ”
ယန်ကွမ်း “ …..”
ယန်ကွမ်းတစ်ယောက် ဆွံ့အသွားရပြန်သည်။သူက တကယ်ပဲ လူမိုက်လုပ်ဖို့အတွက် ခေါ်လာခြင်းပင် ဖြ စ်၏။သူ အကြံရခက်သွားပြီး ကမန်းကတန်း ပြော လိုက်ရသည်။
"အာ နေဦးလေ.. မမလေးရ.. ကျွန်တော်က ခဗျားရဲ့ သက်တော်စောင့်လုပ်ဖို့ပဲ သဘောတူထားတာလေ.. ခဗျားကိုယ်စား လျှောက်ချဖို့ သဘောတူထားတာ မ ဟုတ်ဘူးနော်..”
"ဟမ့် နင်က ဘာဆိုလိုတာလဲ..”
မုရှောင်ဝမ်က မျက်မှောင်ကြုတ်လျက် သူ့ဘက်သို့ လှည့်ကြည့်ကာ မေးလိုက်၏။
"နင်က ကတိဖျက်မလို့လား”
ယန်ကွမ်းက ခါးသက်သက် ပြုံးလိုက်ရင်း ပြန်ပြော လိုက်သည်။
"ချုပ်ထားတဲ့ သဘောတူညီချက်ထဲမှာ ရန်ပွဲ ကူချ ပေးရမယ်လို့ မပါဘူးလေဗျာ.."
မုရှောင်ဝမ်က မျက်စောင်းတစ်ချက်ထိုးကာ ယန်ကွ မ်းအား ချက်ချင်းပင် နှင်ထုတ်လိုက်ပေသည်။
"အိုကေလေ..ဒါဆိုရင်လည်း နင် သွားနိုင်ပြီ ဒီကော င်တွေကို ငါ့ဘာသာငါ ရှင်းလိုက်မယ်.."