← Chapters

အခန်း (၃၁-၃၂)

Vol. 4 Ch. 31-32

အခန်း (၃၁-၃၂)

Vol. 4 Ch. 31-32

​အခန်း ၃၁ ငါတော့ သွားပြီ

​ကျောက်ဂူအတွင်း၌ အမျိုးသားတစ်ဦးသည် ပြင်း ထန်သော လှုပ်ရှားမှုများကြောင့် အမောတကော ဖြ စ်နေပြီး တစ်ကိုယ်လုံးတွင်လည်း ချွေးစက်များဖြင့် ရွှဲနစ်နေ၏။

​ထိုအချိန်မှာပင် ရုတ်တရက် ကျောက်ခဲတစ်လုံးက သူ့ကျောပြင်ပေါ်သို့ အရှိန်ဖြင့် ထိမှန်သွားရာ နာကျ င်လွန်းသဖြင့် အော်ဟစ်မိလိုက်ပြီး ချက်ချင်းပင် ဝုန် းကနဲ ထရပ်မိလိုက်သည်။

​မလှမ်းမကမ်း အမှောင်ရိပ်ထဲတွင် ပုန်း​နေသော ယ န်ကွမ်းသည် ခိုး၍ ပြုံးလိုက်မိ၏။ ဘယ်သူများပါလိ မ့်ဟု သူ စူးစမ်းကြည့်လိုက်ရာ ထိုလူမှာ စွန်းကော်ရ င် ဖြစ်နေ၏။

မှန်ပေသည်။ချုံရှန်းရွာတွင် ဤလူသည် အသက်အ ကြီးဆုံးဖြစ်သော်လည်း အကျင့်စာရိတ္တအပျက်ဆုံး လူလိမ်လူကောက် တစ်ဦးလည်းဖြစ်၏။

ရွာမှာရှိသော လူငယ်နှင့်လူလတ်ပိုင်း အမျိုးသား ထ က်ဝက်ကျော်မှာ မိုင်းတွင်းမတော်တဆမှုဖြင့် သေ ဆုံးခဲ့ကြရာ ဤလူယုတ်မာသည် ရွာလူကြီးဆိုသည့် အရှိန်အဝါကို အလွဲသုံးစားပြုကာ ကျန်ရစ်သူ မုဆိုး မများကို အခွင့်ကောင်းယူ၍ နှောင့်ယှက်လေ့ရှိသည် ။

အားကိုးရာမဲ့သည့် အမျိုးသမီးအချို့အား ထိုလူကြီး အမြတ်ထုတ်ခဲ့သည်ဟူသော သတင်းများကို ရန်ကွ မ်း အရင်က ကြားဖူးရုံသာ ရှိသော်လည်း ယခုမူ မျ က်ဝါးထင်ထင် မြင်လိုက်ရသဖြင့် အမှန်ပင် ဖြစ် ကြောင်း ရန်ကွမ်း အတည်ပြုနိုင်ခဲ့၏။

​ယန်ကွမ်း တိုးတိုးတိတ်တိတ် ရယ်မောနေစဉ်မှာပင် အမှောင်ထဲမှ အမျိုးသမီးတစ်ဦး၏ အသံထွက်ပေါ် လာသည်။

"ရှင် ဘာဖြစ်လို့လဲ.."

​ထိုအသံကို ကြားလိုက်ရသည့်အချိန်တွင် ယန်ကွမ်း ဆွံ့အသွားရ၏။အဘယ်ကြောင့်ဆိုသော် ထိုအမျိုး သမီးမှာ အဒေါ်နွား ဖြစ်နေသောကြောင့်ပင်။

​အရပ်ငါးပေပင် မပြည့်သော်လည်း ကိုယ်အလေးချိ န် ပေါင် ၁၅၀ ခန့်ရှိသည့် သူမ၏ ခန္ဓာကိုယ် အချိုး စားကို မြင်ယောင်မိကာ ယန်ကွမ်း အံ့အားသင့်သွား ရသည်။

ယန်ကွမ်းက စိတ်ထဲမှ ရေရွတ်လိုက်၏။

“လခွမ်း ဒီစွန်းကော်ရင်းကတော့ တကယ်ကို အစား အသောက် မရွေးတာပဲ”

​ထိုအချိန်မှာပင် စွန်းကော်ရင်း၏ စိတ်ပျက်လက်ပျ က် အသံ ထွက်ပေါ်လာသည်။

"အပေါ်က ကျောက်ခဲပြုတ်ကျပြီး ငါ့ကျောကို လာ မှန်တာလေ..နာလိုက်တာကွာ.."

အ​ဒေါ်နွားကလည်း ပြန်လည်၍ ငြူစူကာ ပြောဆိုလို က်သည်။

"ဒီနေရာကို မလာပါနဲ့လို့ ကျွန်မ ပြောသားပဲ အန္တရာ ယ်များပါတယ်ဆိုတာကို ရှင်က နားမှ မထောင်တာ”

စွန်းကော်ရင်းက ခါးခါးသီးသီး ပြန်ပြောလိုက်၏။

​"ဒါဆို ငါက ဘယ်လိုလုပ်ရမှာလဲ.. ငါ့အိမ်က မိန်းမ ကြီးက တစ်ညလုံး မျက်တောင်မခတ် စောင့်ကြည့် နေတာ.. အိမ်သာသွားရင်တောင် နောက်က မပြတ် လိုက်နေတာဆိုတော့ အပြင်ထွက်ဖို့က ဒီအချိန်ပဲ ရှိ တာပေါ့ဟ…"

​အဝေးမှနေ၍ ချောင်းမြောင်းနားထောင်နေသော ရန် ကွမ်းမှာမူ ဇာတ်ရည်လည်သွားပေသည်။

“ဪ... ဒီလိုကိုး..”

ထို့နောက်တွင်မူ အဒေါ်နွား၏ စိုးရိမ်တကြီး မေးမြန် းသံကို ယန်ကွမ်း ကြားလိုက်ရ၏။

"ဒါဆို အခု ဘယ်လိုလုပ်ကြမလဲ ရှင့်ဒဏ်ရာကရော သက်သာရဲ့လား.."

​"တောက်... နာလိုက်တာကွာ ငါတော့ သေတော့မှာပဲ ဒီလိုနေရာမျိုးကို လာတာမှားပြီ..တကယ်လို့ ငါ ဒီနေ မှာသာ အသတ်ခံရရင် ငါ့အလောင်းတောင် ရှာတွေ့ မှာ မဟုတ်ဘူး.."

​စွန်းကော်ရင်းက ဆဲရေးတိုင်းထွာရင်း သူ့အဝတ်အ စားများကို ရှူးရှူးရှဲရှဲဖြင့် ကမန်းကတန်း ကောက်ဝ တ်လိုက်သည်။

အ​ဒေါ်နွားလည်း ထိုနည်း၎င်းပင်။သူမလည်း ထရပ် ကာ အဝတ်အစားများ ပြန်ဝတ်ရင်း တိုးတိုးလေး ပြောလိုက်၏။

"အဲ့တာ ရှင့်ကြောင့် ဖြစ်တာလေ.. ရှင်ကိုယ်တိုင်က ဒီလိုနေရာမျိုးမှ လာချင်တယ်ဆိုလို့ ကျွန်မက လာရ တာ.."

“ခွီး..”

​ယန်ကွမ်းမှာမူ ရယ်ချင်စိတ်ကို မနည်းအောင့်ထားရ သဖြင့် အသံထွက်မလာစေရန် ပါးစပ်ကို လက်ဖြင့် အတင်းပိတ်ထားရသည်။သူ့ ပုခုံးနှစ်ဖက်မှာ တသိမ့် သိမ့် တုန်နေသော်လည်း အသက်ကိုပင် ခပ်မှန်မှန်မ ရှူရဲဘဲ အသံကို ထိန်းထားရ၏။

​သူတို့နှစ်ဦး ဂူအပြင်သို့ ထွက်တော့မည်ကို သိလိုက် သဖြင့် ယန်ကွမ်းက အမှောင်ရိပ်ကျရာ ထောင့် တစ် နေရာတွင် ခန္ဓာကိုယ်ကို တတ်နိုင်သမျှ ကျုံ့၍ ပုန်း နေလိုက်သည်။

​အမှန်တကယ်တွင်မူ သူသည် လူမိသွားမှာကို ကြော က်၍ မဟုတ်ပေ။စွန်းကော်ရင်နှင့် သူသည် ယခင်က တည်းက ရန်ငြိုးရှိထားပြီးသားဖြစ်ရာ ယခုကဲ့သို့ လ က်ပူးလက်ကြပ် မိသွားခြင်းက သူ့အတွက် ပို၍ပင် အသာစီးရစေနိုင်သည်။

တကယ်လို့သာ လူမိသွားခဲ့လျှင်လည်း နောင်တွင် စွ န်းကော်ရင်သည် သူ့အပေါ် မည်သည့်ပရိယာယ်မှ သုံးရဲတော့မည် မဟုတ်ပေ။

​သို့သော်လည်း အဒေါ်နွားကို ငဲ့ညှာသောကြောင့် ယ န်ကွမ်း စိတ်လျှော့လိုက်ရခြင်း ဖြစ်သည်။ဤအမျိုး သမီးမှာလည်း သနားစရာကောင်းလှ၏။ယခုမှ အ သက် ၄၀ ကျော်သာ ရှိသေးသော်လည်း ခင်ပွန်းနှင့် သားဖြစ်သူမှာ မိုင်းတွင်းမတော်တဆမှုတွင် ဆုံးပါး သွားခဲ့သည်။

မိုင်းတွင်း ပိုင်ရှင်မှာလည်း ထွက်ပြေးတိမ်းရှောင်သွ ားသဖြင့် သူမအနေဖြင့် လျော်ကြေးတစ်ပြား တစ် ချပ်မှ မရရှိခဲ့ပေ။

​ယခုကဲ့သို့ ခက်ခဲကြမ်းတမ်းသော ဘဝကို ရုန်းကန် နေရချိန်တွင် အမျိုးသမီးတစ်ဦးအနေဖြင့် အထီးကျ န်ဝေဒနာ ခံစားရသည်မှာလည်း နားလည်ပေး၍ ရနို င်သောအချက်ပင်။

​ယန်ကွမ်းသည် အဒေါ်နွားအပေါ် မကောင်းသောစိ တ် မရှိသကဲ့သို့ သူမအား အရှက်ရစေရန်လည်း အ လိုမရှိသဖြင့် မမြင်ချင်ယောင်ဆောင်ကာ ပုန်းနေပေ း လိုက်ခြင်း ဖြစ်သည်။​ဒေါသထွက်နေသော ထိုသူ နှ စ်ဦးသည် ယန်ကွမ်းရှိနေသည်ကိုမူ သတိပင်မထာ းမိ ဘဲ ဂူအပြင်သို့ တစ်ယောက်ပြီးတစ်ယောက

အမြန် ထွက်သွားကြ၏။

​သူတို့ ထွက်သွားပြီးနောက်မှ ယန်ကွမ်းသည်လည်း ဓာတ်မီးကို ပြန်ဖွင့်လိုက်ပြီး စိတ်ထဲမှ ရေရွတ်လိုက် သည်။

"ဒီနေရာကို ငါ သုံးဖြစ်ရင်တော့ ခြံစည်းရိုးခတ်ပြီး သော့ပါခတ်ထားမှ ဖြစ်တော့မယ်”

​ဓာတ်မီးဖြင့် ဂူအမိုးပေါ်ရှိ ကျောက်ဆောင်များကို ထိုးကြည့်ရင်း ဂူအတွင်းပိုင်းသို့ ဖြည်းဖြည်းလေး ရ န်ကွမ်း ဝင်လာခဲ့သည်။​ဂူအတွင်းရှိ အပူချိန်မှာ ပုံမှ န်အားဖြင့် ၁၅ ဒီဂရီမှ ၂၀ ဒီဂရီဝန်းကျင်တွင် တည် ငြိမ်နေသဖြင့် ဆောင်းတွင်း၌ နွေးထွေးပြီး နွေရာသီ ၌ အေးမြလှ၏။

ဤဂူသည် အမှန်တကယ်ပင် ရှားပါးလှသော နေရာ ကောင်းတစ်ခု ဖြစ်ပေသည်။

​ယန်ကွမ်းသည် ဂူအတွင်းပိုင်းကို လေ့လာရင်း ကျော က်ခဲများ ပြုတ်ကျနိုင်သည့် အန္တရာယ်ကို ကာကွယ် ရန် မည်သို့ပြုပြင်ရမလဲ ဆိုသည်အား အတွေးနယ် ချဲ့နေမိသည်။ထိုသို့ သူ အတွေးထဲ နစ်မျောနေရင်း ဂူ၏ အဆုံးပိုင်းအထိ ယန်ကွမ်း ရောက်လာခဲ့၏။

​လမ်းဆုံးသွားပြီဖြစ်ကြောင်း သတိပြုမိလိုက်သည့် အချိန်တွင် သူ့ ခြေရင်းနားမှ တစ်ရှူးရှူး အသံတစ်ခု ထွက်ပေါ်လာသည်။ယန်ကွမ်းမှာ ထိတ်ခနဲ ဖြစ်သွား ပြီး ဓာတ်မီးဖြင့် ချက်ချင်း ထိုးကြည့်လိုက်ရာ ​မြေပြ င်ပေါ်တွင် တွားသွားနေသော အကောင်ကြီးကို မြင် လိုက်ရ၏။

ယန်ကွမ်းတစ်ယောက် ကြောက်လန့်တကြား အော် ဟစ်လိုက်ပြီး အပေါ်သို့ သုံးပေခန့် မြောက်တက် သွားသည်အထိ ခုန်ရှောင်လိုက်ရသည်။

ထိုအ​ကောင်ကြီးမှာ ဧရာမ စပါးအုန်းမြွေကြီးတစ် ကောင် ဖြစ်နေ၏။

ယန်ကွမ်း၏ ဓာတ်မီးရောင်က မြွေကြီးတစ်ကိုယ်လုံ း မမြင်နိုင်သော်လည်း လူတစ်ယောက် ပေါင်လုံး ခန့်ရှိသော မြွေကြီး၏ ကိုယ်ထည်အစိတ်အပိုင်း တ စ်ခုမှာ သူ့ထံသို့ လျင်မြန်စွာ တိုးဝင်လာသည်ကိုမူ မြင်လိုက်ရသည်။

“ဘုရားရေ..ငါတော့ သွားပြီ..”

​"အမေ့ရေ... ကယ်တော်မူကြပါဦးဗျ.."

​ယန်ကွမ်းက အသည်းအသန် အော်ရင်း နောက်သို့ လှည့်ကာ ခြေဦးတည့်ရာသို့ ထွက်ပြေးလိုက်၏။သူ့ စိတ်ထဲတွင်လည်း အတွေးပေါင်းစုံ ဝင်နေမိသည်။

“ ဒီလောက်ကြီးတဲ့ မြွေကြီးကို ငါ့ တစ်သက်နဲ့တစ် ကိုယ်တစ်ခါမှလည်း မမြင်ဖူးပါဘူးကွာ..”

လူသူမရောက်သည်မှာ ကြာပြီဖြစ်သော ဤ ဂူအ ဟောင်းကြီးထဲတွင် မြွေနဂါးများပင် အောင်းနေလေ သလားဟု ယန်ကွမ်း တွေးကာ ထိတ်လန့်နေမိသည်။

​ပျာပျာသလဲ ထွက်ပြေးနေစဉ်မှာပင် အရာတစ်ခုနှင့် ခလုတ်တိုက်ကာ မြေပြင်ပေါ်သို့ ဝုန်းကနဲ ယန်ကွမ်း လဲကျသွား၏။

ထိုအချိန်မှာပင် အေးစက်စက် အရာတစ်ခုက သူ့ ကိုယ်ပေါ်သို့ ရစ်ပတ်ကာ တက်လာခဲ့သည်။

​"ဘုရားရေ ငါတော့ သွားပြီ..သေပြီပဲကွာ.."

​ယန်ကွမ်း၏ ရင်ထဲတွင် တုန်လှုပ်ချောက်ချားသွား ပြီး အငိုမျက်လုံး၊အပြုံးမျက်နှာဖြင့်ပင် ဘဝကို လ က်လျှော့ရတော့မလို ဖြစ်သွားရသည်။

ဤစပါးအုန်းမြွေကြီး တစ်ချက်ကလေး အားစိုက်၍ ညှစ်လိုက်လျှင်ပင် သေသွားနိုင်သည် မဟုတ်ပေ လော။

​

"လခွမ်း မဖြစ်သေးဘူး.ငါ မိန်းမတောင် မယူရသေး ဘူးလေကွာ.. ငါ့ရဲ့ ရှန်နူန်းကျွယ်လျို့ဝှက်ကျင့်စဥ်နဲ့ လည်း..ငါ ချမ်းသာအောင် လုပ်ဦးမှာဟ.."

​

ယန်ကွမ်းတစ်ယောက် ကြောက်ကြောက်လန့်လန့်ဖြ င့် အော်ဟစ်ရင်း ဘယ်ကအားတွေ ထွက်လာမှန်း မ သိဘဲ အသည်းအသန် ရုန်းကန်နေမိသည်။ထိုသို့ သူ ရုန်းကန်လိုက်သောအခါ အံ့ဩစရာကောင်းလောက် အောင်ပင် မြွေကြီး၏ ရစ်ပတ်မူက အနည်းငယ် လျော့ကျသွားသလို ယန်ကွမ်း ခံစားလိုက်ရ၏။

​ယန်ကွမ်းခဗျာ ဝမ်းသာသွားသော်လည်း တစ်ဖက် တွင်မူ မြွေကြီးကလည်း အားပြန်စိုက်ကာ သူ့အား ပို ၍တင်းကျပ်စွာ ရစ်ပတ်ရန် ကြိုးစားလာသည်ကို သိ လိုက်ရသဖြင့် သူက စိုးရိမ်တကြီး ကြုံးဝါးလိုက်သ ည်။

"တောက်... ခွေးကောင်ပဲ..မင်းနဲ့ငါ အသေအကြေ တိုက်ကြသေးတာပေါ့ကွာ လာစမ်း.."

​သူ့လက်ထဲတွင်မူ ခုခံကာကွယ်စရာ လက်နက်ဟူ၍ ဘာမှမရှိချေ။ထို့ကြောင့် ဘာကိုမျှ စဉ်းစားမနေတေ ာ့ဘဲ ခေါင်းငုံ့ကာ မြွေကြီး၏ ကိုယ်ထည်ကို အားကု န်သုံး၍ ယန်ကွမ်း ကိုက်ပစ်လိုက်သည်။

​စပါးအုန်းမြွေ၏ အရေခွံမှာ အလွန် မာကျောကာ အ ကြေးခွံများကလည်း စီတန်းနေ၏။ထို အကြေးခွံမျ ား ကွဲအက်သွားစေရန် ယန်ကွမ်းက အကြိမ်ကြိမ် အားထည့်၍ ကိုက်လိုက်ရသည်။

​ဤအချိန်တွင်မူ ယန်ကွမ်းမှာ ကြောက်စိတ်လွန်ကာ သွေးရူးသေရူး အခြေအနေသို့ ရောက်ရှိနေပြီ ဖြစ် သည်။သူ့စိတ်ထဲတွင်လည်း ‘အသက်ရှင်ရမည်’ ဆို သည့် အတွေးတစ်ခုသာ ရှိတော့၏။

​ထို့ကြောင့် လူသားဆန်မှုကို ခေတ္တဘေးဖယ်ကာ သ ားရဲတစ်ကောင်ကဲ့သို့ အမဲလိုက်သည့် ဗီဇဖြင့် ပါးစ ပ်ကို အစွမ်းကုန်ဟ၍ မြွေသားထဲအထိ မြုပ်အောင် ရန်ကွမ်း ကိုက်ပစ်လိုက်သည်။

စပါးအုန်းမြွေကြီးမှာ နာကျင်သွားသဖြင့် ယန်ကွမ်း အားအမြန်ဆုံး အသက်ရှူကျပ်ကာ သေဆုံးသွားစေ ရန် သူ၏ ခန္ဓာကိုယ်တစ်ခုလုံးကို အားကုန်သုံး၍ ပိုမို တင်းကျပ်စွာ ရစ်ပတ်လိုက်၏။

​

တစ်ဖက်က ကိုက်၊တစ်ဖက်က ညှစ်ရင်း နှစ်ဦးနှစ်ဖ က်မှာ မည်သူက နောက်ဆုံးအထိ အသက်လုကာ ယှ ဉ်ပြိုင်တိုက်ခိုက်နေပေသည်။

ယန်ကွမ်း၏ ဦးခေါင်းနှင့် မျက်နှာတစ်ခုလုံးတွင် မြွေ သွေးများဖြင့် ရွှဲနစ်နေ၏။သို့သော်လည်း သူသည် ထိုအရာများကို ဂရုမစိုက်နိုင်ဘဲ မြွေ၏ အသားဆိုင် များကိုသာ အငမ်းမရ ကိုက်ဖဲ့နေမိသည်။

မိနစ်အနည်းငယ်မျှ အသေအလဲ ကြိုးစားပြီးနောက် မြွေ၏အသားများ ပွင့်ထွက်သွားရာ ယန်ကွမ်းသည် မြွေကြီး၏ ကိုယ် အတွင်းထဲသို့ လက်ကို တိုက်ရိုက် နှိုက်ထည့်လိုက်၏။

​သူ့လက်ထဲတွင် ဆုပ်မိဆုပ်ရာကို ဆွဲကိုင်လိုက်ရာ ဘာမှန်းညာမှန်း မသိသော်လည်း ၎င်းမှာ သေစေနိုင် သော ကလီစာများဖြစ်ကြောင်း ယန်ကွမ်း သိပေသ ည်။

"သေလိုက်စမ်းကွာ..”

ထိုသို့ အော်ဟစ်ကာ ထိုအရာများကို အားကုန်သုံး၍ ယန်ကွမ်း ဆွဲထုတ်ပစ်လိုက်၏။

​အတွင်းကလီစာများ အရှင်လတ်လတ် ဆွဲထုတ်ခံလို က်ရသည်နှင့်တစ်ပြိုင်နက် တိတ်ဆိတ်နေသော စပါး အုန်းမြွေကြီးထံမှ နာကျင်စွာ ညည်းတွားသံတစ်ချ က် ထွက်ပေါ်လာပြီးနောက် ကိုယ်ထည်ကြီးမှာ ပျော့ ခွေသွားပေသည်။

ထို့နောက် ယန်ကွမ်း၏ ခန္ဓာကိုယ်ကို တင်းကျပ်စွာ ရစ်ပတ်ထားသည့် အရှိန်မှာလည်း ချက်ချင်းပင် လျောကျသွားခဲ့သည်။​ယန်ကွမ်းမှာလည်း အားအကု န်ထုတ်သုံးထားရသဖြင့် နုံးချိနေ၏။

“ဟူး..တော်ပါသေးရဲ့ကွာ..”

စိတ်အေးသွားသည်နှင့်တစ်ပြိုင်နက် ယန်ကွမ်းတစ် ယောက် ထိုနေရာ၌ပင် သတိလစ်ကာ မေ့မြောသွား ပေသည်။

​အချိန်မည်မျှကြာသွားသည်မသိ သွေးနံ့ များကြော င့် ယန်ကွမ်းတစ်ယောက် တဖြည်းဖြည်း သတိပြန်ဝ င်လာသည်။သူ့ အောက်တွင် ရှိနေသော စပါးအုန်း မြွေကြီး၏ ကိုယ်ထည်မှာလည်း လုံးဝ အေးစက်ကာ တောင့်တင်းနေပြီ ဖြစ်သည်။

​ယန်ကွမ်းက သက်ပြင်းအရှည်ကြီး ချလိုက်မိ၏။

​"လခွမ်း တကယ်ကို အန္တရာယ်များတာပဲ..ငါတော့ ဒီ နေရာမှာတင် အသက်ပျောက်တော့မလို့ပဲ..ဟူး.."

ထိုစဉ် သူ့လက်ထဲတွင် လုံးလုံးချောချော အရာတစ် ခုကို ဆုပ်ကိုင်ထားမိကြောင်း ယန်ကွမ်း သတိထားမိ လိုက်၏။ညှစ်ကြည့်လိုက်သောအခါ အေးစက်စက် နှင့် ချောမွတ်နေပြီး ရေဖြည့်ထားသည့် မိုးပျံပူဖောင် းလေးကဲ့သို့ ခံစားလိုက်ရသည်။

ယန်ကွမ်းက ​ပတ်ဝန်းကျင်ကို ဝေ့ကာ ရှာဖွေကြည့် သော်လည်း ဓာတ်မီးကိုမူ ရှာမတွေ့တော့ပေ။

ထို့ကြောင့်လည်း ဘာကိုမျှ ဂရုမစိုက်တော့ဘဲ ထိုအ ရာကို ဆုပ်ကိုင်လျက် ဂူအပြင်ဘက်သို့ စမ်းတဝါးဝါ းဖြင့် ရန်ကွမ်း ထွက်လာခဲ့၏။​ကျောက်ခဲများကို တိုက်မိလိုက်၊ချော်လဲလိုက်ဖြင့် ခက်ခက်ခဲခဲ လျှော က်လာပြီးနောက် နောက်ဆုံးတွင်မူ ဂူဝသို့ သူ ပြန် ရောက်လာခဲ့သည်။

​ကောင်းကင်ထက်သို့ ရန်ကွမ်း မော့ကြည့်လိုက်ရာ နေမင်းမှာ အနောက်ဘက်သို့ ယိုင်နေပြီဖြစ်ပြီး မကြ ာမီ ေ ဝင်တော့မည့် အခြေအနေတွင် ရှိနေ၏။

ခန့်မှန်းကြည့်ရသလောက် သူသည် ဂူထဲတွင် အနည် းဆုံး သုံးနာရီခန့် ကြာအောင် နေခဲ့ပေသည်။

​ထိုအခါမှ လက်ကို မြှောက်ကြည့်လိုက်သောအခါ သူဆုပ်ကိုင်လာသည့်အရာမှာ ပုံမှန်ထက် အဆပေါင် းများစွာ ပိုကြီးမားသော မြွေသည်းခြေကြီး ဖြစ်နေ ကြောင်း ရန်ကွမ်း သိလိုက်ရသည်။

"ဟေး..ဒါလည်း ကံကောင်းတာပဲကွာ…”

​မြွေသည်းခြေကြီးကို မြင်လိုက်ရသဖြင့် ရန်ကွမ်းက အားရပါးရ ပြုံးလိုက်မိသည်။ထို့နောက် တုံ့ဆိုင်းမ နေတော့ဘဲ ပါးစပ်ဖြင့် ကိုက်ဖောက်ကာ အတွင်းမှ သည်းခြေရည်များကို အားရပါးရ သောက်ချလိုက် ၏။

​သည်းခြေအရည်များကို သောက်ရင်း ယန်ကွမ်းတစ် ယောက် အောင်နိုင်သူတစ်ဦးအလား ဂုဏ်ယူဝင့်ကြွ ားစွာ ရေရွတ်လိုက်ပေသည်။

​"မင်းက ငါ့ကို စားချင်တာလား..အခုတော့ ငါက မင် းကို ပြန်စားလိုက်ပြီကွာ...ဟဲဟဲဟဲ..”

အခန်း ၃၂ မင်း..မင်းက ယန်ကွမ်းလား

​မြွေသည်းခြေသည် အေးမြသော ဂုဏ်သတ္တိရှိပြီး ခ န္ဓာကိုယ်ကို အားဖြည့်ပေးနိုင်စွမ်းရှိသည်ကို ယန်ကွမ် း ကောင်းကောင်းသိသည်။

​အမှန်တကယ်တွင်မူ သူသည် ၎င်းအား အားဆေး သဘောမျိုးဖြင့် သောက်သုံးရန် မရည်ရွယ်ခဲ့ပေ။

ထိုသည်းခြေကို သူ သောက်လိုက်ခြင်းမှာ တုန်လှုပ် ချော က်ချားသွားသော စိတ်ကို ပြန်လည်တည်ငြိမ် စေရန်နှင့် စောစောက ကြုံခဲ့ရသည့် ဒေါသကို တပြို င်နက်တည်း ဖြေဖျောက်ရန်သာ ဖြစ်၏။

​သည်းခြေအရည်များကို သောက်ပြီးနောက် ပါးစပ် ထဲတွင် အနည်းငယ် ခါးသက်သက် ဖြစ်ကျန်ခဲ့သော် လည်း ဝမ်းဗိုက်ထဲ၌မူ အေးမြသွားသဖြင့် ယန်ကွမ်း က အလွန်ပင် နေလို့ကောင်းသွား၏။သူသည် မျက် နှာပေါ်မှာရှိသော သွေးစများကို သုတ်သင်ပြီးနောက် ဂူဝမှ ထွက်လာခဲ့သည်။

​ထိုအချိန်တွင် မှောင်ရီပျိုးစပြုနေပြီ ဖြစ်၏။

ကျေးရွာအတွင်းရှိ အိမ်တိုင်းစေ့တွင် ထမင်းဟင်းချ က်ရန် မီးမွှေးနေကြသဖြင့် မီးခိုးငွေ့များမှာ ချုံရှန်း

ကျေးရွာအနှံ့ လွှမ်းခြုံနေပေသည်။

​လမ်းမပေါ် တွင် လူသူကင်းမဲ့နေသဖြင့် ရန်ကွမ်းက အိမ်သို့ ခပ်သွက်သွက် လျှောက်လာခဲ့၏။သို့သော် လည်း ခြံထဲသို့ အရောက်တွင် ဆူညံပွက်လောရိုက် နေသည့် အသံများကို ကြားလိုက်ရသည်။

ထိုအသံများထဲတွင် စွန်းကော်ရင်း၏ အသံလည်း ပါနေသည်မဟုတ်ပေလော။

​ယန်ကွမ်းမှာမူ စိတ်တိုသွားရ၏။

‘ဒီအဖိုးကြီးကတော့... ငါ့အိမ်အထိတောင် လာပြီး ပြဿနာရှာရဲတယ်ပေါ့လေ’

​ထိုသို့တွေးမိသည်နှင့် သူ ဘာကိုမျှ စဉ်းစားမနေတေ ာ့ဘဲ ခြံတံခါးကို ဝုန်းကနဲ ဖွင့်၍ ဝင်လာခဲ့သည်။

​ခြံဝင်းထဲတွင် လူအချို့ ရှိနေကြ၏။အမျိုးသမီးနှစ် ဦးမှာ ခါးထောက်လျက် စွန်းကော်ရင်းဘက်မှ ကူညီ အားပေးရင်း ရွှီလင်းအား အော်ဟစ်ဆဲ ဆိုနေကြသ ည်။ရွှီလင်းမှာမူ ဘာမှမတတ်နိုင်သည့်အဆုံး တစ်ခု ခုကို အသည်းအသန် ရှင်းပြနေရသော်လည်း ထိုလူ များက နားဝင်မည့်ပုံ မပေါ်ပေ။

​ထိုမြင်ကွင်းကို မြင်လိုက်ရသည့်အခါ ယန်ကွမ်း၏ ရင်ထဲတွင် ဒေါသများထွက်လာကာ အော်ပြောလိုက် ၏။

"ခဗျားတို့ ဘာတွေ ဆူညံနေကြတာလဲ..”

ထိုအော်သံကြောင့် လူတိုင်းက ထိတ်လန့် တုန်လှုပ် သွားကာ ယန်ကွမ်းဘက်သို့ လှည့်ကြည့်လိုက်ကြ ၏။

​"အမေရေ... ကယ်ပါဦး…”

​စွန်းလန်ရှန်း၏ မျက်နှာမှာပေါ်တွင် ကြောက်လန့်တ ကြားဖြင့် ဖြူလျော့လာကာ မြေပြင်ပေါ်သို့ ဘုန်းကနဲ ထိုင်ကျသွားပေသည်။

​သူမအနီးရှိ လီရွှမ်းလန်မှာလည်း ခြေဖျားလက်ဖျား များ ပျော့ခွေသွားပြီး စွန်းကော်ရင်း၏ လက်မောင်း ကို အတင်းဆွဲကိုင်ကာ မနည်းရပ်နေရ၏။

​စွန်းကော်ရင်းမှာမူ အမျိုးသားတစ်ဦး ဖြစ်သည့်အား လျော်စွာ ကြောက်စိတ်ကို ထိန်းထားသော်လည်း တ စ်ကိုယ်လုံး တုန်ယင်နေသည်အား ဖုံးကွယ်၍ မရပေ ။

ထို့နောက် သူက တုန်တုန်ရင်ရင်ဖြင့် မေးလိုက်သည် ။

"မင်း... မင်းက ယန်ကွမ်းလား.."

​ယန်ကွမ်း၏ လက်ရှိပုံစံမှာ ကြောက်စရာ ကောင်းလှ ၏။အဘယ်ကြောင့်ဆိုသော် သူ့ ဦးခေါင်းနှင့် မျက်နှ ာတစ်ပြင်လုံးတွင် ခြောက်ကပ်နေသော သွေးစများ ဖြင့် ဖုံးလွှမ်းနေသောကြောင့်ပင်။

​ယန်ကွမ်းက လှောင်ပြုံးပြုံးရင်း မေးလိုက်သည်။

​"အမ် ဘာလား ခဗျားတို့က ကျုပ်ကိုတောင် မမှတ်မိ တော့ဘူးလား.."

ထိုအချိန်မှာပင် တစ်ခုခုကို သတိရသွားဟန်ဖြင့် သူ့ မျက်နှာကို ယန်ကွမ်း စမ်းကြည့်လိုက်၏။ထိုအခါမှ

​သူ့ မျက်နှာတစ်ပြင်လုံးတွင် ခြောက်ကပ်နေသော သွေးစများမှာ အမည်းရောင် အဖတ်များသဖွယ် ခဲ နေသည်အား သတိပြုမိသွားခဲ့သည်။

​ထို့ကြောင့် ယန်ကွမ်းက ရေတွင်းနားသို့ ခပ်သွက်သွ က်သွားကာ ရေပုံးထဲမှာရှိသော ရေများဖြင့် မျက်နှာ ကို ကမန်းကတန်း ဆေးကြောလိုက်ရ၏။

​ရွှီလင်းကလည်း စိုးရိမ်တကြီးဖြင့် နောက်ကလိုက် လာကာ မေးလိုက်သည်။

"မောင်လေး... ဒါတွေက ဘယ်လိုဖြစ်ရတာလဲ.."

​"ဘာမှမဟုတ်ပါဘူး မမရယ်.. ဂူထဲမှာ မြွေတစ်ကော င်နဲ့ တိုက်ခဲ့ရတာမို့ပါ.. အဲ့ဒီကောင်က ကျွန်တော့်ကို အသေညှစ်သတ်တော့မလို့…”

​မျက်နှာသစ်ပြီးနောက် မျက်နှာပေါ်ရှိ ရေစက်များကို ရန်ကွမ်း သုတ်ပစ်နေရင်း မေးမြန်းလိုက်၏။

"မမရွှီလင်း... ဒီစွန်းကော်ရင်းနဲ့ သူ့ညီမတွေက မမ ကို လာပြီး အနိုင်ကျင့်နေကြတာမို့လား.."

ရွှီလင်းက စိတ်ပျက်လက်ပျက် ပြုံးရင်း ပြန်ပြောပြ သည်။

​"အနိုင်ကျင့်တာတော့ မဟုတ်ပါဘူးဟယ်.ယ အစိုးရ ထောက်ပံ့ကြေးပေးမယ့် စာရင်း အစ်မ ပြောင်းလဲလို က်တာကို သူတို့က သဘောမတူလို့ပါ"

​"ရပါတယ်..ဒါတွေက ကျွန်တော့်တာဝန် ထားလိုက် ပါ.."

​ရွှီလင်း၏ ပုခုံးကို အသာအယာပုတ်ကာ အားပေး လိုက်ပြီးနောက် စွန်းကော်ရင်းတို့ရှိရာသို့ ခြေလှမ်း ကျဲကြီးများဖြင့် ယန်ကွမ်း လျှောက်လာလိုက်၏။

​စွန်းလန်ရှန်းနှင့်လီရွှမ်းလန်တို့သည်လည်း စောစော က သွေးရဲရဲနှင့် လူမှာ ယန်ကွမ်းမှန်း သိသွားသဖြင့် စိတ်အေးသွားရပြီ ဖြစ်သည်။ထို့ကြောင့် စွန်းလန်ရှန် း က ဒေါသတကြီး အော်ပြောလိုက်၏။

"ဟဲ့ နင်က ဘာတွေလုပ်လာတာလဲ.. ငါ့ကို ကြောက် ပြီး သေအောင် လုပ်နေတာလား.."

​"ကြောက်လို့ သေသွားရင်တောင် နင်တို့နဲ့ တန်ပါတ ယ်.. ငါ့အိမ်ထဲကို ခွင့်ပြုချက်မရှိဘဲ ဘယ်သူက ဝင် ခိုင်းလို့လဲ.."

​ယန်ကွမ်းသည် စွန်းကော်ရင်း၏ ညီမဖြစ်သူကို အရ င်ကတည်းက အမြင်မကြည်ပေ။

ဤအမျိုးသမီးမှာ အသက် ၅၀ နီးပါး ရှိနေပြီဖြစ်ပြီး သူမ၏သားမှာလည်း မြို့ကြီးတွင် အလုပ်လုပ်ကာ တစ်လလျှင် ယွမ် ခုနစ်ထောင်၊ရှစ်ထောင်ခန့် ဝင်ငွေ ရှိသူလည်း ဖြစ်၏။

သို့သော်လည်း သူမသည် အစ်ကိုဖြစ်သူ၏ အရှိန်အ ဝါကို သုံးကာ ချို့တဲ့နွမ်းပါးသူများစာရင်းတွင် ပါဝ င်နေပြီး အစိုးရထောက်ပံ့ကြေးကို မတရားရယူနေ သူလည်း ဖြစ်ပေသည်။

တစ်ရွာလုံးက သူမကို မကျေနပ်သော်လည်း ဘယ် သူမှ ထုတ်မပြောရဲကြပေ။

​လီရွှမ်းလန်မှာမူ စွန်းကော်ရင်း၏ ခဲအို၏ ဇနီး ဖြစ် ၏။သူမ၏ ခင်ပွန်းမှာလည်း မိုင်းတွင်းမတော်တဆ မှုဖြင့် ဆုံးပါးသွားခဲ့သော်လည်း သူမသည် ရွာထဲတွ င် ကုန်စုံဆိုင်ဖွင့်ထားရာ နေ့စဉ်ဝင်ငွေမှာ ယန်ကွမ်း ၏ ဆေးခန်းထက်ပင် သာလွန်နေသေးသည်။

ထို့ကြောင့် ဤလူနှစ်ဦးကို မြင်လိုက်ရသည့်အခါ ရ န်ကွမ်းအနေဖြင့် စကားကောင်းကောင်း ပြောစရာ အကြောင်းမရှိပေ။

​စွန်းလန်ရှန်းမှာ ယန်ကွမ်း၏ ပြန်ပြောပုံကြောင့် အံ့ အား သင့်ကာ ပြန်ပြောလိုက်၏။

"နင်က တော်တော်အတောင်စုံနေပြီပေါ့လေ..ငါ့ကို တောင် ဒီလိုစကားမျိုး ပြောရဲနေပြီလား.."

​"ဖယ်စမ်းပါ နင်နဲ့ စကားပြောဖို့ ငါ့မှာ အချိန်မရှိဘူး”

​ယန်ကွမ်းက သူမကို မျက်စောင်းတစ်ချက်ထိုးကာ လျစ်လျူရှုလိုက်ပြီး စွန်းကော်ရင်းဘက်သို့ လှည့် ကာ မေးလိုက်၏။

"ရွာလူကြီး... ခဗျားက အတွင်းရေးမှူးရွှီရဲ့ ဆုံးဖြတ် ချက်ကို မကျေနပ်ဘူးဆိုတာ ဟုတ်သလား.."

စွန်းကော်ရင်းက လည်ပင်းကြီး အကြောထောင်အေ ာင် အော်ဟစ်ကာ ပြောလိုက်သည်။

​"ဟုတ်တယ်လေ... သူတို့နှစ်ယောက်လုံးရဲ့ မိသားစု တွေက ဒီထောက်ပံ့ကြေးကို ရပိုင်ခွင့်ရှိတာပဲ ဘာလို့ ပယ်ဖျက်ရမှာလဲ..မင်းတို့က ငါ့ကို ရွာလူကြီးဆိုပြီး အဖတ်မလုပ်တာလား.."

​"ခဗျားက ရွာလူကြီးလို့ အခေါ်ခံရဖို့တောင် တန်လို့ လားဗျ..ဟီးဟီး..”

​ယန်ကွမ်းက လှောင်ပြုံးပြုံးလိုက်ပြီးနောက် သူသိထ ား လျှို့ဝှက်ချက်ဖြစ်သော လူသတ်လက်နက်ကြီး ကို ထုတ်သုံးလိုက်ပေသည်။

"လူအိုကြီးစွန်း... ဒီနေ့ ခဗျား ကျောက်ခဲမှန်ပြီး သေ လုနီးပါး ဖြစ်ခဲ့တယ် မဟုတ်လား..ကျုပ်က ခဗျားအိ မ်ကို စွန်းတာဝေကို ဒီနေ့ ခဗျား ဘာတွေလုပ်ခဲ့သလဲ ဆိုတာ ကျုပ် ပြောပြရမလား.."

​"မင်း... မင်း..."

​စွန်းကော်ရင်း၏ မျက်နှာမှာမူ ချက်ချင်းပင်ဖြူလျေ ာ့လာကာ မျက်လုံးများမှာလည်း ကြောင်တောင် တောင် ဖြစ်သွားရ၏။

သူမ အကိုက စကားပင် ဆက်မပြောနိုင်တော့ဘဲ ဆွံ့ အသွားရာ စွန်းလန်ရှန်းက နားမလည်နိုင်ဘဲ မေးလို က်သည်။

"အစ်ကို...ဒီကောင်လေး ဘာတွေ ပြောနေတာလဲ..”

​"သိချင်ရင် ကျွန်တော် ပြောပြမယ်လေ.ဟဲဟဲ..."

​ယန်ကွမ်းက ပြုံးလိုက်ပြီး "ဒီနေ့လေ... ရွာအနော က်ဘက်က ကျောက်ဂူထဲမှာ..."

​သူက စကားကို တမင်တကာ ဆွဲပြောလိုက်ပြီး စွန်း ကော်ရင်း၏ မျက်နှာကို စိုက်ကြည့်နေလိုက်သည်။ စွန်းကော်ရင်း၏ မျက်နှာမှာ ဖြူနေရာမှ နီမြန်းလာ ပြီး အချိန်ခဏလေးအတွင်းမှာပင် မျောက်ဖင်ကဲ့သို့ ရဲတွတ်သွားပေသည်။

ထို့နောက် စွန်းကော်ရင်းက ယန်ကွမ်း၏ စကားကို အတင်းဝင် ဖြတ်ကာ တားစီးလိုက်၏။

"တော်တော့..မင်း. ပါးစပ်ပိတ်ထားစမ်း..”

ယန်ကွမ်းက လှောင်ပြောင်ကာ မေးလိုက်သည်။

​"ဘာဖြစ်လို့လဲ.. ရွာလူကြီးက အာဏာပြတာ တော် တော်လွန်နေပါလား..ကျုပ်အိမ်မှာတောင် ကျုပ်ကို စကားမပြောခိုင်းတာလားဗျ.."

​စွန်းကော်ရင်း၏ မျက်နှာအိုကြီးမှာ နီတစ်လှည့်၊ဖြူ တစ်လှည့် ဖြစ်နေပြီးနောက် မြေပြင်ကို ခြေဆောင့် ကာ ပြန်ပြောလိုက်သည်။

"မင်း... မင်းကတော့ တော်တော်ယုတ်မာတဲ့ ကောင် ပဲကွ.."

​ပြောပြီးသည်နှင့် ရွာလူကြီးသည် နောက်သို့ပင် လှ ည့်မကြည့်တော့ဘဲ ဝုန်းဒိုင်းကြဲကာ ထွက်သွားပေ သည်။

စွန်းလန်ရှန်းနှင့်လီရွှမ်းလန်တို့လည်း သူတို့၏ အား ကိုးရာကြီး ထွက်ပြေးသွားသည်ကို မြင်သောအခါ ထိုနေရာတွင် မနေရဲကြတော့ဘဲ သံသယများစွာဖြင့် နောက်မှ အပြေးအလွှား လိုက်သွားကြ၏။

ထိုလူသုံးဦး၏ အရိပ်အယောင်များ ပျောက်ကွယ် သွားသည်အထိ ယန်ကွမ်းက အေးစက်စက် အပြုံး ဖြင့် ကြည့်ကာ ကျန်ရစ်ခဲ့သည်။

​ထိုအချိန်တွင် ရွှီလင်းက အံ့ဩတကြီးဖြင့် အနားသို့ ရောက်လာကာ မေးမြန်းလိုက်၏။

"ဘာတွေဖြစ်နေတာလဲ..မောင်လေး နင် စကားတစ် ခွန်း၊နှစ်ခွန်း ပြောလိုက်တာနဲ့ စွန်းကော်ရင်းက လစ် ပြေးသွားတာပဲ..နင် စောစောက ပြောတဲ့စကားတွေ က ဘာအဓိပ္ပာယ်လဲ.."

​ယန်ကွမ်းက သူမကို လှည့်ကြည့်လိုက်ပြီး ရယ်ကာ ပြန်ဖြေလိုက်၏။

"မမရွှီလင်းက သိချင်လို့လား..အဲ့ဒါဆို ကျွန်တော် အသေးစိတ် ပြောပြမယ်လေ..ဟုတ်ပြီလား..ဟီး"

​ယန်ကွမ်း၏ ကောက်ကျစ်သော မျက်လုံးများကို မြ င်လိုက်ရသဖြင့် ရွှီလင်းမှာမူ ငြင်းဆန်လိုက်ရသည်။

"ထားလိုက်ပါတော့... ငါ မသိချင်တော့ဘူး.."

​ပြောပြောဆိုဆိုပင် သူမသည် အိမ်ထဲသို့ လှည့်ဝင် သွားတော့သည်။

​ယန်ကွမ်းလည်း သူမနောက်သို့ ခပ်သွက်သွက် လိုက် သွားရင်း ပြောလိုက်၏။

"နေပါဦး မမရဲ့ ကျွန်တော့်မျက်နှာမှာ ဘာလို့ သွေး တွေ ပေနေရတာလဲဆိုတာ မသိချင်ဘူးလား…”

​"အေး.အဲ့တာတော့ သိချင်တယ်.. ဒါနဲ့ နေပါဦး.. နင် က ဘာ​တွေ ဖြစ်လာတာလဲ…”

​"တကယ်ကို အန္တရာယ်များခဲ့တာ မမရွှီလင်းရ.ဟီး."

​ယန်ကွမ်းက ရယ်မောရင်း ဂူထဲတွင် စပါးအုန်းမြွေ ကြီးနှင့် ရင်ဆိုင်ခဲ့ရပုံကို ပြန်ပြောပြလိုက်သည်။​သူမ ကို ယ်တိုင် အခင်းဖြစ်ပွားရာနေရာတွင် မရှိသော်လ ည်း ယန်ကွမ်း၏ ပြောစကားကို နားထောင်ရင်း ရွှီ လင်း၏ မျက်နှာမှာမူ ချက်ချင်းပင် ဖြူလျော့လာခဲ့ ၏။

သူမက ရင်ဘတ်ကို လက်ဖြင့်ဖိကာ ထိတ်လန့်တကြ ား ပြောလိုက်သည်။

"ဘုရား..ဘုရားတကယ့်ကို အန္တရာယ်များတာပဲ… တော်သေးတာပေါ့... နင် ဘာမှမဖြစ်လို့"

​"ကျွန်တော့်က ဘာမှဖြစ်စရာ အကြောင်းမရှိပါဘူး ဗျာ..”

​ယန်ကွမ်းက ပြုံးလျက် ရွှီလင်းကို စိုက်ကြည့်ကာ ဆက်ပြောလိုက်၏။

"အဲ့ဒီလို အသက်လုနေရတဲ့ အချိန်မှာလေ ကျွန်တေ ာ်က မမကို သတိရလိုက်တာဗျ.. အဲ့ဒါနဲ့ပဲ ကျွန်တေ ာ် ချက်ချင်း အားတွေရှိလာပြီး အဲ့ဒီ မြွေကြီးကို အ ရှင်လတ်လတ် ပြန်ကိုက်ပစ်လိုက်တာပေါ့ဗျာ.."

ရွှီလင်း ​"..."

ယန်ကွမ်းက နောက်တစ်ကြိမ် နောက်ပြောင်ကျီစယ် နေပြန်ပြီ ဖြစ်ကြောင်း သိလိုက်ရသဖြင့် ရွှီလင်း၏ မျက်နှာမှာမူ ချက်ချင်းပင် နီမြန်းသွားပေသည်။

ထို့နောက် ယန်ကွမ်းကို မျက်စောင်းတစ်ချက်ထိုး ကာ ရွှီလင်းက ပြန်​ပြောလိုက်၏။

"သွားစမ်းပါ.နင်က.. လာနောက်နေပြန်ပြီ..”

​"ဟဲဟဲ... ဒါနဲ့ မရီးရော…အိမ်မှာ မရှိဘူးလား.."

​ယန်ကွမ်းက ရယ်မောရင်း စကားလမ်းကြောင်း လွှဲ လိုက်သည်။

​ရွှီလင်းက ဖြေပြီးနောက် မီးဖိုချောင်ထဲသို့ ဝင်ကာ ထမင်းဟင်းချက်ရန် မီးမွှေးလိုက်၏။

​"သူ့အမေအိမ်ကို ပိုက်ဆံသွားပို့တယ်လေ"

ထိုအခါမှသာ ယန်ကွမ်းသည် သူ့ မရီးဖြစ်သူ အဘ ယ်ကြောင့် ဤမျှလောနေရသည်ကို နားလည်သွား ပေသည်။ဝူရှောင်လျန်းသည် ထိုပိုက်ဆံကို သူမ၏ မိဘ များထံသို့ အမြန်မပို့ရလျှင် စိတ်လက်မအေးနို င်ဘဲ ဖြစ်နေပုံရ၏။

​ဝူရှောင်လျန်း၏ မိဘအိမ်မှာ ချူံရှန်းကျေးရွာနှင့် သိ ပ်မဝေးလှပေ။လျှပ်စစ်စက်ဘီးဖြင့် သွားလျှင် ဆယ် မိနစ်ကျော်ကျော်ခန့်သာ ကြာသဖြင့် ယန်ကွမ်း အ နေဖြင့် သိပ်ပြီး စိုးရိမ်ပူပန်ခြင်း မရှိခဲ့ပေ။

​ထို့ကြောင့် သူနှင့် ရွှီလင်းတို့သည် မရီးဖြစ်သူ ပြန်အ လာကို စောင့်ရင်း ညစာကို အတူတူ ချက်ပြုတ်နေ လိုက်သည်။

​သို့သော်လည်း ညစာအကုန်ချက်ပြီး၍ ကောင်းကင် ယံ၌ မှောင်ရီပျိုးစပြုလာသည့်တိုင် ဝူရှောင်လျန်းမှာ ပြန်ရောက်မလာသေးပေ။

တစ်ခုခုတော့ မှားနေပြီဟု ယန်ကွမ်း ရုတ်တရက် ခံ စားလိုက်ရသဖြင့် ရွှီလင်းကို လှမ်းပြောလိုက်သည်။

"မမရွှီလင်း... အိမ်မှာပဲ စောင့်နေနော်.. ကျွန်တော် မ မရဲ့ လျှပ်စစ်စက်ဘီးကို စီးပြီး ဝူအိမ်ဘက်ကို ခဏ သွားကြည့်လိုက်ဦးမယ်…"

​"ငါလည်း လိုက်ခဲ့မယ်.."

​ရွှီလင်းသည် ချက်ချင်းပင် ထရပ်လိုက်ကာ စိုးရိမ် တကြီး ဆက်ပြောလိုက်၏။

"အစ်မဝူက ဒီလောက်ထိ နောက်ကျနေတာတောင် ပြန်မလာသေးဘူးဆိုတော့ တစ်ခုခု ဖြစ်နေတာများ လား မသိဘူးဟယ်.."

All Chapters