← Chapters

အခန်း (၃၅-၃၆)

Vol. 4 Ch. 35-36

အခန်း (၃၅-၃၆)

Vol. 4 Ch. 35-36

အခန်း ၃၅ ခံပေဦးတော့

​ရွှီလင်းက ယန်ကွမ်းကို စိုက်ကြည့်ကာ ပြန်မေးလို က်သည်။

“အမ်..ငါ ဘာမှလည်း မပြောရသေးပါဘူး..ငါ ဘာ တွေးနေလဲဆိုတာ နင်က ဘယ်လိုသိတာလဲ..”

​“အာ ကျွန်တော်ကအစ်မ အထင်လွဲသွားမှာ စိုးလို့ပါ

ဗျာ..”

​ယန်ကွမ်းက ခေါင်းကုတ်ကာ ပြုံးရင်း ရှင်းပြလိုက် သည်။

“မနေ့ညက ကျွန်တော့်ရင်ခွင်ထဲမှာပဲ မရီးက အိပ် ပျော်သွားတာ အစ်မရဲ့.. သူ အားငယ်ပြီး မလုံခြုံသ လိုမျိုး ခံစားနေရမှန်း သိလို့ ညက ဒီအတိုင်းပဲ အဖေ ာ်ပြုပေးနေလိုက်တာပါဗျာ..”

​ရွှီလင်းက နှာခေါင်းတစ်ချက်ရှုံ့ကာ ပြန်ပြောလိုက် ၏။

“ငါ့ကို ဒါတွေ လာရှင်းပြနေစရာ မလိုပါဘူး ငါလည် း ဘာမှ အများကြီး မတွေးပါဘူးဟယ်..”

​ပြောပြီးနောက် သူမက စကားလမ်းကြောင်း ပြောင်း လိုက်ပြီး မေးမြန်းလိုက်သည်။

“ဒါနဲ့... မနေ့ညက နင် လိုင်လာစီကို ပိုက်ဆံပေးလို က်တာ မနမြောဘူးလား..”

​ယန်ကွမ်း၏ မျက်နှာတစ်ပြင်လုံး ရှုံ့မဲ့သွားကာ ည ည်း တွားလိုက်သည်။

“ဘယ်သူက မနှမြောဘဲ နေမလဲဗျာ”

​ထို့နောက် ချက်ချင်းပင် ယန်ကွမ်း ဆက်ပြောလိုက် ၏။

“ဒါပေမဲ့လည်း ဘာတတ်နိုင်မှာလဲ.. ဒီလိုလုပ်မှသာ မရီးက စိတ်အေးလက်အေး နေနိုင်မှာလေ ပြီးတော့ ဝူမိသားစုနဲ့လည်း အစအန ပြတ်ပြတ်သားသား လ မ်းခွဲနိုင်မှာ.. ဒါမှ နောက်နောင် အဲ့လူတွေ လာပြီး မ နှောင့်ယှက်နိုင်တော့မှာ မဟုတ်လား အစ်မရ..”

​“အေး..ဒါလည်း ဟုတ်တာပါပဲ..”

​ရွှီလင်းက ခေါင်းညိတ်ထောက်ခံပြီးနောက် သက်ပြ င်းချကာ ပြောလိုက်သည်။

“ဒါပေမဲ့ ဖန်လုံအိမ် ဆောက်မယ့် အစီအစဉ်လေး ပျက်စီးသွားတာတော့ နှမြောစရာကောင်းတယ်လို့ ငါတွေးမိနေတုန်းပဲဟာ..”

​“ကိစ္စမရှိပါဘူး..ဘာပဲဖြစ်ဖြစ် ကျွန်တော့်လက်ထဲမှာ ပိုက်ဆံ ရှိနေသေးတာပဲ..ဒါ့အပြင် မကြာခင်မှာလည် း ပိုက်ဆံတွေ အများကြီး ရှာနိုင်ဦးမှာလေ..ဟဲဟဲ

နောက်ဆို ဒီပိုက်ဆံလောက်ကတော့ စာဖွဲ့နေစရာလ ားဗျာ..”

​ရွှီလင်းက ယန်ကွမ်းကို စောင်းကြည့်ကာ ပြောလိုက် သည်။

“လေကြီးမိုးကြီး လာမလုပ်စမ်းပါနဲ့ ပိုက်ဆံရှာရတာ က နင် ထင်သလောက် မလွယ်ကူဘူးနော်..”

​“ဟဲဟဲ... ဘာပဲဖြစ်ဖြစ် ကျွန်တော့်အတွက်တော့ လွ ယ်ကူပါတယ်ဗျာ…”

​ယန်ကွမ်းက ပြန်ပြောလိုက်ပြီးနောက် အသံကို တိုး ကာ ပြောလိုက်၏။

“မရီးကို ဆက်အိပ်ပါစေဦး..ကျွန်တော်တို့ မနက်စာ သွားပြင်ကြရအောင် လာ အစ်မ..”

​“ကောင်းပြီလေ…”

​ရွှီလင်းက ခေါင်းညိတ်ပြပြီး နှစ်ဦးသား အတူတူ ထွ က်လာခဲ့ကြသည်။​မီးခိုးများ အူလှိုက်သဲလိူက် ထွက် ပေါ်လာသည်နှင့်အမျှ ချုံရှန်း ကျေးရွာလေးတွင် နေ့ ရက်သစ်တစ်ရက် အစပြုခဲ့ပေသည်။

မနက်စာ ပြင်ဆင်ပြီးစီး၍ ယန်ကွမ်းက မရီးဖြစ်သူ အား ထမင်းစားရန် သွားရောက်နှိုးတော့မည့်အချိန် တွင် အိမ်ရှေ့၌ ရဲကားတစ်စီး ရုတ်တရက် ဆိုက်ရော က်လာပြီးနောက် ယူနီဖောင်းဝတ် ရဲအရာရှိနှစ်ဦးမှာ မူ ခြံထဲသို့ ဝင်ရောက်လာ၏။

​ထိုလူနှစ်ဦးကို မြင်လိုက်ရသည်နှင့် ရွှီလင်းက ချက် ချင်းပင် အပြေးအလွှား သွားရောက်ကာ နူတ်ဆက် လိုက်သည်။

“အရာရှိဟူ... ဘာကိစ္စရှိလို့ ဒီအထိ ကြွလာရတာလဲ ရှင့်..”

​“အာ..အတွင်းရေးမှူးရွှီ... ကျွန်တော်တို့ ကိစ္စတစ်ခု ကို စုံစမ်းစစ်ဆေးစရာရှိလို့ပါ..”

​

ရဲအရာရှိဟူကျန့်က ပြုံး၍ ပြောဆိုပြီးနောက် ယန်ကွ မ်းဘက်သို့ လှည့်ကြည့်လိုက်သည်။ယန်ကွမ်းသည် လည်း အနားသို့ တိုးလာကာ မေးမြန်းလိုက်၏။

“ကျွန်တော့်ဆီက ဘာများ သိချင်လို့လဲခင်ဗျာ..”

ရဲအရာရှိဟူကျန့်က ပြန်မေးလိုက်သည်။

​“မင်းက ယန်ကွမ်း မဟုတ်လား.. မနေ့ညက လိုင်လာ စီရဲ့ အကောင့်ထဲကို မင်း ပိုက်ဆံလွှဲပေးခဲ့တယ်လို့ သူက ထွက်ဆိုထားတယ်..အဲဒါ တကယ်ပဲလား..”

​“ဟုတ်ပါတယ်..မနေ့ညက ကိစ္စတချို့ကြောင့် အတွ င်းရေးမှူးရွှီကို လွှဲပေးဖို့ ကျွန်တော် အကူအညီတော င်းခဲ့တာပါ..”

​ယန်ကွမ်းက ခေါင်းညိတ်ဝန်ခံလိုက်ပြီးနောက် စူးစမ် းလိုစိတ်ဖြင့် ​မေးမြန်းလိုက်၏။

“ဒါပေမဲ့ အဲ့ကိစ္စက. ရဲတွေကို တိုင်တန်းရလောက် တဲ့အထိ ကိစ္စကြီးသွားလို့လားဗျ..”

​ဟူကျန့်က ပြုံးကာ ရှင်းပြလိုက်သည်။

“အစကတော့ ဒီလောက်နဲ့ ဘာမှမဖြစ်ပါဘူး ဒါပေမဲ့ မနေ့ညက လိုင်လာစီတစ်ယောက် လောင်းကစားဝို င်းမှာ ပါဝင်ပတ်သက်နေလို့ အဖမ်းခံလိုက်ရတယ် လေ ဒါကြောင့် သူ လောင်းကစားတဲ့အထဲက သုံးစွဲ ခဲ့တဲ့ ငွေကြေးတွေရဲ့ အရင်းအမြစ်ကို ကျွန်တော်တို့ လိုက်လံစုံစမ်းနေတာပါ..”

​“ဗျာ..လိုင်လာစီ အဖမ်းခံလိုက်ရတယ် ဟုတ်လား..”

​ယန်ကွမ်းနှင့် ရွှီလင်းတို့ နှစ်ဦးစလုံး အံ့အားသင့်သွ ားကြ၏။အခြေအနေက ထိုကဲ့သို့ ပြောင်းပြန်လှန် သွားလိမ့်မည်ဟု သူတို့ လုံးဝ မမျှော်လင့်ထားမိပေ။

​ထို့နောက် ချက်ချင်းပင် ယန်ကွမ်းက စိတ်လှုပ်ရှားစွ ာ မေးလိုက်၏။

“ဒါနဲ့ အဲ့လူ အဖမ်းခံရပြီဆိုတော့... ပိုက်ဆံတွေက ရော ဘာဖြစ်သွားပြီလဲဗျ..”

ရဲအရာရှိဟူကျန့်က ပြုံးကာ ပြန်ဖြေလိုက်သည်။

​“မသင်္ကာဖွယ်ရာ ငွေပမာဏက အလွန်များပြားနေ တဲ့အတွက် အားလုံးကို ပြည်သူ့ပိုင် ဘဏ္ဍာအဖြစ် သိမ်းဆည်းလိုက်ပါပြီ..”

​ထိုစကားကို ယန်ကွမ်း ကြားလိုက်ရသောအခါ ဝမ်း မြောက်ဝမ်းသာ ဖြစ်သွားပြီး ကိုယ့်ပေါင်ကို ကိုယ် ဖြ တ်ခနဲ ရိုက်ကာ အားရပါးရ အော်ဟစ်လိုက်သည်။

“ခံပေဦးတော့ကွာ..... တကယ်ကို ထိုက်တန်တာပဲ ဟီးဟီးဟီး..”

ရဲအရာရှိ​ဟူကျန့်မှာမူ ခေတ္တမျှ ကြောင်အမ်းသွားပြီး နောက် မေးလိုက်၏။

“ဒီပိုက်ဆံက ဘာဖြစ်လို့လဲ..အကြောင်းစုံကို အသေ းစိတ် ရှင်းပြပေးလို့ ရမလား..”

​“ရတာပေါ့ဗျာ..”

​ယန်ကွမ်းက ဖြစ်ကြောင်းကုန်စင်ကို အလျင်အမြန်ပ င် ရှင်းပြလိုက်ရာ ဟူကျန့်က သဘောပေါက်သွားပြီး ပြန်ပြောလိုက်သည်။

“ဪ... ဒီလိုကိုး.. ငွေကြေးရဲ့ အရင်းအမြစ်က မှန် ကန်နေသရွေ့တော့ ဘာပြဿနာမှ မရှိပါဘူး..”

ယန်ကွမ်းက ရယ်ကာ ပြောလိုက်၏။

​“ကောင်းလိုက်တာဗျာ.. ဒီလိုင်လာစီက ခံရတာ ထို က်တန်ပါတယ်.. အစကတော့ အဲ့လူကို ပိုက်ဆံ ပေး လိုက်ရလို့ ရင်ထဲမှာ တစ်မျိုးကြီး ဖြစ်နေတာဗျာ အ ခုတော့ စိတ်ထဲ ရှင်းသွားပြီ..ဟီး”

​ရဲအရာရှိနှစ်ဦးကို ပြန်လည်နှုတ်ဆက်ပြီးနောက် ယ န်ကွမ်းသည် အလွန်အမင်း ပျော်ရွှင်နေပြီး ဝူရှောင် လျန်းအား ထိုသတင်းကောင်းကို သွားရောက်ပြော ပြရန် အခန်းထဲသို့ အပြေးအလွှား ပြန်လာခဲ့သည်။

​ဝူရှောင်လျန်းမှာမူ နိုးနေခဲ့သည်မှာ ကြာလှ၏။သို့ သော်လည်း မနေ့ညက မိမိပြုမူခဲ့မိသည်များကို ပြ န်လည်တွေးတောမိကာ ရုတ်တရက် အပြင်ထွက်ရန် တွေးကြောက်နေပြီး ယန်ကွမ်း၏ မျက်နှာကို မည် သို့ ရင်ဆိုင်ရမည်မှန်း မသိဘဲ ဖြစ်နေရှာသည်။

ထိုအချိန်မှာပင် အခန်းတံခါးမှာ ဝုန်းခနဲ ပွင့်သွားပြီး ယန်ကွမ်း ဝင်ရောက်လာသည်ကို မြင်လိုက်ရသော အခါ သူမ၏ ပါးပြင်နှစ်ဖက်မှာမူ ချက်ခြင်းပင် နီမြ န်းလာ၏။

​သို့သော်လည်း ယန်ကွမ်းကမူ ထိုအခြင်းအရာကို သ တိပြုမိပုံမပေါ်ဘဲ ပြုံးရွှင်စွာ ပြောလိုက်၏။

“မရီးရေ... မနေ့ညက လိုင်လောင်စီတစ်ယောက် လောင်းကစားလုပ်လို့ အဖမ်းခံလိုက်ရတယ်ဗျ.. သူ ယူသွားတဲ့ ပိုက်ဆံတွေအကုန် အသိမ်းခံလိုက်ရပြီ ဒါ တကယ်ဝမ်းသာစရာ သတင်းမဟုတ်ဘူးလား..”

ဝူရှောင်လျန်းက ခေါင်းညိတ်ကာ ပြန်ပြောလိုက်သ ည်။

​“အင်းလေ... သူခံရတာ ထိုက်တန်ပါတယ်..”

​“ဟုတ်ပဗျာ.. ကံကြမ္မာက မျက်နှာသာပေးတာပဲ ဟီး ..”

​ယန်ကွမ်းက ရယ်မောပြီးနောက် ဆက်ပြောလိုက်၏ ။

“မနက်စာက အဆင်သင့်ဖြစ်နေပြီနော် မရီး.. အမြန် လာစားတော့ဗျ..”

ပြောပြီးနောက် ယန်ကွမ်းက လှည့်ထွက်သွားသည်။

​ဝူရှောင်လျန်းမှာမူ ယန်ကွမ်း၏ ကျောပြင်ကို ကြည့် ရင်း ငေးမှိုင်ကာ ကျန်ခဲ့၏။​အချိန် ခေတ္တမျှ ကြာပြီး နောက် သူမ သတိပြန်ဝင်လာကာ သက်ပြင်းခပ်ဖွ ဖွချလျက် ကုတင်ပေါ်မှ ထရပ်လိုက်သည်။

​မနက်စာ စားသောက်နေကြစဉ်အတွင်း ယန်ကွမ်းနှင့် ရွှီလင်းတို့သည် မနေ့ညက ဖြစ်ပျက်ခဲ့သည့် ကိစ္စရပ် များကို တစ်လုံးတစ်ပါဒမျှ ထည့်မပြောကြတော့ချေ ။သူတို့သည် ယာယာလေးကို စနောက်လိုက်၊ဖန် လုံအိမ်စိုက်ပျိုးရေးအကြောင်း ပြောဆိုလိုက်ဖြင့်သ ာ အချိန်ကုန်လွန်စေခဲ့ကြသည်။

​မြေယာကိစ္စအတွက်မူ ဖြေရှင်းရသည်မှာ မခက်ခဲလှ ပေ။

အဘယ်ကြောင့်ဆိုသော် မိုင်းတွင်းမတော်တဆမှု ကြောင့် ကျေးရွာအတွင်း၌ သက်ကြီးရွယ်အိုများ၊ အားနွဲ့သူများနှင့် အမျိုးသမီး၊ ကလေးသူငယ်များ သာ ကျန်တော့သဖြင့် စိုက်ပျိုးမြေများမှာ ပစ်ထား ခြင်းခံနေရသောကြောင့် ဖြစ်သည်။

ရွာသားများနှင့် စနစ်တကျ ဆွေးနွေးပြီး ငွေအနည်း ငယ်ပေးကာ အငှားစာချုပ်ချုပ်ဆိုရုံမျှဖြင့် အဆင် ပြေနိုင်ပေသည်။

​သို့သော်လည်း ဆောက်လုပ်ရေးအပိုင်းနှင့် ပတ်သ က်လာလျှင်မူ ကျွမ်းကျင်ပညာရှင်များကို ရှာဖွေရ ပေလိမ့်မည်။

​ကံကောင်းထောက်မစွာဖြင့် ရွှီလင်းသည် မြို့နယ်ရုံး တွင် အစည်းအဝေးတက်စဉ်က ရှီဖော်ကျေးရွာ၏ ရွာလူကြီးနှင့် စကားစမြည် ပြောဖြစ်ခဲ့ဖူးသည်။ထို ရွာမှာ ရှိသော လူအချို့မှာ ဟင်းသီးဟင်းရွက် ဖန်လုံ အိမ်စိုက်ပျိုးရေး လုပ်ငန်းများကို လုပ်ကိုင်နေကြသ ဖြင့် ဆောက်လုပ်ရေးအဖွဲ့များနှင့် ရင်းနှီးကျွမ်းကျင် မှုများ ရှိ၏။

​ထိုအကြောင်းအရာများကို ပြောဖြစ်ကြစဉ် ယန်ကွမ် းက ရွှီလင်းကို ကြည့်ကာ ပြောလိုက်သည်။

“အစ်မ... ဖန်လုံအိမ်ကိစ္စကိုတော့ အစ်မလက်ထဲပဲ အပ်ခဲ့ပါရစေ.. ကျွန်တော် ဒီနေ့ မြို့ပေါ်ကို သွားစရာ ရှိလို့ပါနော်..”

​“အမ်..... နင်က ဘာသွားလုပ်မလို့လဲ..”

​“ဆေးဘက်ဝင်အပင် စိုက်ပျိုးဖို့အတွက် ပြင်ဆင်စရ ာရှိတာတွေ သွားလုပ်ရဦးမယ်လေ.. ဒီကိစ္စက ရက် အနည်းငယ်တောင် နှောင့်နှေးနေပြီ အစ်မရ..”

​ရွှီလင်းက ခေါင်းညိတ်ကာ ပြန်ပြောလိုက်၏။

“ဩော်..ကောင်းပြီလေ..ဘာပဲဖြစ်ဖြစ် ပိုက်ဆံက ငါ့ ဆီမှာ ရှိနေတာဆိုတော့.. ငါပဲ အစစအ ရာရာ စီမံ ပေးပါ့မယ်…”

ယန်ကွမ်းက ပြုံးစိစိဖြင့် ပြောလိုက်သည်။

​“ကျေးဇူးပါပဲ အစ်မရယ်..ကျွန်တော် ..ပြန်လာရင် အရသာရှိတာတွေ ဝယ်ခဲ့ပေးမယ်နော်.. ဟဲဟဲ..”

​ရွှီလင်းကမူ မျက်စောင်းတစ်ချက်ထိုးကာ ပြန်ပြော လိုက်၏။

“အရသာရှိတာတွေ ကျွေးဖို့ မလိုပါဘူး..ဒါက ငွေအ မြောက်အမြား ရင်းနှီးမြှုပ်နှံရမယ့် ကိစ္စမို့လို့ ငါ့ကို ယုံကြည်ရင်ပဲ… ရပါပြီ..”

“ကျွန်တော်တို့က မိသားစုဝင်တွေလို ဖြစ်နေပြီဟာ ကို ဘာ စိတ်မချစရာ ဘာရှိလဲဗျာ..ဟီး..”

​ရွှီလင်း၏ ပါးပြင်လေးမှာ ရဲတက်လာကာ ယန်ကွမ်း ကို စိုက်ကြည့်ကာ ပြောလိုက်သည်။

“ဟမ့် နင်ကတော့.. အသားယူပြန်ပြီ..”

ယန်ကွမ်းက အမြန် ရှင်းပြလိုက်ရ၏။

​“မဟုတ်ရပါဘူးဗျာ..ကျွန်တော် ဆိုလိုတာက ကျွန် တော်တို့က မောင်နှမအရင်းတွေလို ရင်းနှီးနေကြပြီ လို့ ပြောတာပါဗျ..”

​လူငယ်နှစ်ဦး အပြန်အလှန် စနောက် နေကြသည်ကို ကြည့်ရင်း ဝူရှောင်လျန်းက ပြုံးနေမိသော်လည်း သူ မ၏ ရင်ထဲတွင်မူ ဖော်ပြရခက်သော ခံစားချက် တ စ်မျိုး ကိန်းအောင်းနေပေသည်။၎င်းက မည်သို့သော အရာမျိုး ဖြစ်သည်ကိုမူ သူမကိုယ်တိုင်လည်း ရေ ရေရာရာ မခွဲခြားတတ်တော့ချေ။

​မနက်စာ စားပြီးသောအခါ ယန်ကွမ်းသည် ကောင် တီမြို့ (ခရိုင်မြို့)သို့ ရောက်သည်အထိ လျှပ်စစ်စက် ဘီးကို မောင်းလာခဲ့ရပြီး မြို့သို့ ရောက်ရောက်ချင်း ပထမဆုံး သူ လုပ်သည့်အလုပ်မှာ အင်တာနက် က ဖေးဆိုင်သို့ သွားခြင်းပင် ဖြစ်၏။

​

ဤနေရာသို့ ရန်ကွမ်းက ဂိမ်းကစားရန် လာခဲ့ခြင်း မ ဟုတ်ဘဲ အဓိကအားဖြင့် အချက်အလက်များကို ရှာ ဖွေလေ့လာရန်အတွက်သာ ဖြစ်သည်။

​ပြောရလျှင်မူ ရယ်စရာပင် ကောင်းလှ၏။

သုံးလအတွင်း ဆေးဘက်ဝင်အပင်ကို အောင်မြင် အောင် စိုက်ပြမည်ဟူ၍ ယန်ကွမ်းက ကြုံးဝါးခဲ့သေ ာ်လည်း အမှန်တကယ်တွင်မူ သူသည် ထိုအပင်၏ သဘာဝလက္ခဏာ၊ရှင်သန်ကြီးထွားသည့် ပတ်ဝန်း ကျင်နှင့် စိုက်ပျိုးသည့် နည်းစနစ်များကိုမူ လုံးဝပင် နားမလည်သေးချေ။

​ထို့ကြောင့် ထိုအချက်များကို အရင်ဆုံး သေချာစုံစ မ်း ပြီးမှသာ လိုအပ်သည့် ပစ္စည်းကိရိယာများကို သွားရောက်ဝယ်ယူရပေလိမ့်မည်။

​အချိန်နှင့် ဒီရေသည် လူကိုမစောင့်သဖြင့် ယန်ကွမ်း သည် ထိုကိစ္စကို အမြန်ဆုံး အကောင်အထည်ဖော် လိုလှသည်။သူ၏ နှောင့်နှေးကြန့်ကြာမှုကြောင့် နော က်ဆုံးတွင် တောင်သုံးလုံးဆေးပင်ကို မစိုက်ပျိုးနိုင် ဘဲ ဖြစ်ကာ မုရှောင်ဝမ် ဆိုသည့် မိန်းကလေးကို ရှုံး နိမ့်သွားရမည့် အဖြစ်မျိုးအား ယန်ကွမ်း လုံးဝ အဖြ စ် မခံနိုင်ချေ။

​ကွန်ပျူတာမျက်နှာပြင်ထက်တွင် ရှာဖွေတွေ့ရှိသော အချက်အလက်များကို စူးစိုက်ကြည့်ရှုကာ စက္ကူနှင့် ခဲတံတစ်ချောင်းမျှပင် အသုံးမပြုဘဲ စာသားအား လုံးကို သူ အလွတ်မှတ်သားလိုက်၏။

​မည်သို့သောအကြောင်းကြောင့်မှန်း ယန်ကွမ်း မသိ သော်လည်း ‘ရှန်နူန်းကျွယ်”’ ဆေးပညာရပ်ဆိုင်ရာ လျှို့ဝှက်ကျမ်းကို ဆက်ခံရရှိပြီးနောက်ပိုင်းတွင်မူ သူ့ ဦးနှောက်မှာ ယခင်ကထက် ပိုမိုထက်မြက်လာပြီ း ရှုပ်ထွေးလှသော အချက်အလက်များကိုလည်း တစ်ကြိမ်ဖတ်ရုံမျှဖြင့် မှတ်မိနိုင်ခဲ့သည်။

​အင်တာနက်ကဖေးဆိုင်အတွင်း၌ လူအတော်များမျ ား ရှိနေပြီး အများစုမှာ လူငယ်များ ဖြစ်ကြကာ သူ တို့သည် အဖွဲ့လိုက် စုပေါင်း၍ မျှော်စင်ဖြိုသည့် ဗျူ ဟာမြောက် ဂိမ်းကို ကစားနေ၏။

​သူတို့ အားလုံးသည် တစ်ဦးနှင့်တစ်ဦး စကားများခြ င်းလည်း မရှိခဲ့ပေ။

သို့သော်လည်း ယန်ကွမ်း၏ နောက်ကျောဘက်မှ လူတစ်ယောက်က လှောင်ကာ ရယ်ရင်း ပြောလိုက် ၏။

“အမ်..အခု ဘယ်ခေတ် ရောက်နေပြီလဲဟ..အခုထိ ခေါက်ဖုန်း သုံးတဲ့ကောင်က ရှိသေးတယ် ရယ်ရတ ယ် ခွီး…”

​ထိုစကားကြောင့် နောက်သို့ ယန်ကွမ်း လှည့်ကြည့် လိုက်ရာ သူ့အား ရွံရှာသော အကြည့်များဖြင့် စိုက် ကြည့်နေသည့် လူငယ်နှစ်ဦးအား တွေ့လိုက်ရသည် ။

အခန်း ၃၆ ကားမတော်တဆမှု

​ထိုလူငယ်နှစ်ဦး၏ မျက်နှာပေးကို မြင်လိုက်ရသော အခါ ယန်ကွမ်းက ပြန်မေးလိုက်၏။

“ခေါက်ဖုန်းသုံးတာ ဘာဖြစ်လို့လဲဗျ..”

လူငယ်တစ်ဦးက ပြန်ဖြေလိုက်သည်။

​“ဘာမှတော့မဖြစ်ပါဘူး..စမတ်ဖုန်းတစ်လုံးတောင် မဝယ်နိုင်လောက်အောင် မင်းက တအားဆင်းရဲနေ မှာပဲလို့ တွေးမိလို့ပါ.. ဟုတ်တယ်မလား..”

​အခြားတစ်ယောက်ကလည်း ဘေးမှနေ၍ လှောင် ပြောင်လိုက်၏။

“ဟုတ်ပကွာ..ငါ့အထင်တော့ မင်း အင်တာနက် လာ မသုံးတာ ပိုကောင်းမယ်ထင်တယ်.. ဒီမှာက အင်တာ နက်ဖိုး တအားစျေးကြီးတယ်ကွ..အဲဒါကြောင့် ငါတို့ ကို နေရာအမြန်ဖယ်ပေးလိုက်တာ ပိုကောင်းမယ်..”

​ယန်ကွမ်းမှာမူ ဆွံ့အသွားရသည်။သူသည် ကိုယ်ကို လှည့်၍ ပတ်ဝန်းကျင်ကို ဝေ့ဝဲကြည့်ရှုလိုက်ရာ အ င်တာနက်ဆိုင်တစ်ဆိုင်လုံးတွင် လွတ်သည့်ခုံ အမှန် တကယ်ပင်မရှိတော့ကြောင်း သတိပြုမိလိုက်၏။

ထိုလူငယ်နှစ်ဦးမှာ အင်တာနက်သုံးရန် နေရာလိုက် ရှာနေကြခြင်း ဖြစ်ပေလိမ့်မည်။ထို့ကြောင့် ယန်ကွမ် းက ပြုံးစိစိဖြင့် ထိုလူငယ်အား ပြန်ပြောလိုက်၏။

“မင်းတို့က ငါ့နေရာကို လိုချင်တာပေါ့လေ... ဒါဆို ရင်လည်း စကားချိုချိုလေးပြောပြီး ငါ့ကို ‘အဖေ’ လို့ နှစ်ခါလောက် ခေါ်လိုက်ရင်တောင် ငါ သဘော တူရင် တူမိမှာပေါ့ကွာ..”

ထိုသို့ ​အပြောခံလိုက်ရသဖြင့် အကျီဖြူဝတ်ဆင်ထ ားသော လူငယ်က ဒေါသတကြီး မေးမြန်းလိုက်သ ည်။

​“ဟေ့ကောင်... မင်းက လာရွဲ့နေတာလား..”

​ယန်ကွမ်းက မျက်စောင်းထိုးကာ ကိုယ်ကိုပြန်လှည့် ပြီး ကွန်ပျူတာမျက်နှာပြင်ထက်မှ အချက်အလက် များကိုသာ ဆက်လက်ဖတ်ရှုနေလိုက်၏။

​“လစ်လိုက်စမ်းပါကွာ..”

​သွေးကြွနေသည့် လူငယ်သဘာဝမို့ ထိုကောင်လေး နှစ်ယောက်မှာ ဤကဲ့သို့သော အပြောအဆိုမျိုးကို မည်သို့ ခံနိုင်ရည်ရှိပါမည်နည်း။ အကျီဖြူဝတ်လူင ယ်က လက်ဝါးကို မြှောက်ကာ ယန်ကွမ်အား ပညာ ပေးရန် ပြင်လိုက်၏။

​သို့သော်လည်း မျှော်လင့်မထားဘဲ ထိုရိုက်ချက်သ ည် ယန်ကွမ်း၏ နောက်စေ့သို့ ထိလုနီးပါးအချိန်တွင် လေထဲ၌သာ ဝဲသွားပြီး ပစ်မှတ်ကို လွဲချော်သွားခဲ့ရ သည်။

​အရှိန်လွန်သွားသည့် ဒဏ်ကြောင့် ထိုလူငယ်မှာ ခန္ဓာ ကိုယ်တစ်ပတ်လည်သွားပြီး ယိုင်တိုင်တိုင်ဖြင့် ဘေး နားမှ ခုံတစ်ခုပေါ်သို့ ဘုန်းခနဲ လဲကျသွားပေသည်။

“ဝုန်း…”

​ထိုခုံတွင် ထိုင်နေသူမှာ မျက်နှာပေး ခက်ထန် ဆိုးသွ မ်းလှသော ကတုံးတစ်ယောက်ဖြစ်ပြီး ထိုကတုံးက မိန်းကလေးချောချောလေးများ ကနေသည့် ဗီဒီယို ကို စိတ်ပါလက်ပါ ကြည့်နေ၏။

​သို့သော်လည်း ရုတ်တရက် သူအား အရှိန်ပြင်းပြင်း ဝင်ဆောင့်မိသဖြင့် ကတုံးကြီးမှာ လန့်ဖျပ်သွားပြီး နားကြပ်ကို ဆွဲဖြုတ်ကာ ဒေါသတကြီး အော်ပြော လိုက်သည်။

“မင်းတို့ မအေဘေးတွေ ဘာလုပ်တာလဲ..”

ထိုလူငယ်က အလောတကြီး တောင်းပန်လိုက်၏။

​“တောင်းပန်ပါတယ် အစ်ကိုကြီးရယ် ညီလေး တမ င်လုပ်တာ မဟုတ်ပါဘူးဗျာ..”

​ထိုမြင်ကွင်းကို ကြည့်ရင်း ယန်ကွမ်းမှာမူ ဆွံ့အသွား ရသည်။ထို လူငယ်များက အကောင်ကြီးကိုတော့ ကြောက်ပြီး အကောင်သေးကိုမူ နှိပ်ကွပ်ချင်သည့် လူစားမျိုး ဖြစ်ပေသည်။

​ထို့ကြောင့် သူက မနေနိုင်ဘဲ ခနဲ့လိုက်၏။

“ဪ... မင်းတို့က တကယ်ပဲ သတ္တိရှိလို့ ရမ်းကား နေတာ မဟုတ်ဘဲ လူမိုက်ပုံစံဆိုရင် ဖင်တုန်အောင် ကြောက်ပြီး အားနွဲ့တဲ့သူကျ ဗိုလ်ကျချင်တဲ့ အော က်တန်းစားတွေ ကိုးကွ ဟီးဟီး..”

​အကျီဖြူဝတ်လူငယ်မှာ မျက်နှာတစ်ပြင်လုံး နီရဲ လျက် ရန်ကွမ်းအား ဒေါသတကြီး အော်ပြောလိုက် သည်။

​“ဟေ့ကောင်... မင်း သတ္တိရှိရင် အပြင်ထွက်ခဲ့..”

​“သွားစမ်းပါ... ငါ အလုပ်ရှုပ်နေတယ်..”

ထိုသို့ ပြော​ပြီးနောက် ယန်ကွမ်းက မျက်စောင်းထိုး ကာ ကွန်ပျူတာမျက်နှာပြင်ကိုသာ အာရုံစိုက်ပြီး ဆ က်ကြည့်နေလိုက်၏။​ထိုလူငယ်နှစ်ဦးမှာမူ ဘေးနား မှာရှိသော ကတုံးကြီးအား ထပ်မံ၍ မဆွရဲတော့သ လို အော်လည်းမအော်ရဲတော့ချေ။

သူတို့နှစ်ဦးသည် တစ်ဦးကိုတစ်ဦး မျက်ရိပ်ပြလိုက် ကြပြီးနောက် အင်တာနက်ဆိုင် အပြင်သို့ ထွက်သွား ကြပေသည်။

​ထိုဖြစ်ရပ်လေး ပြီးဆုံးသွားပြီးနောက် ယန်ကွမ်းမှာမူ စိတ်ထဲ သိပ်မထားတော့ဘဲ စိုက်ပျိုးရေးနည်းလမ်း အချက်အလက်များကိုသာ ဆက်ဖတ်နေလိုက်၏။

​အတန်ကြာသော် ဆေးပင် စိုက်ပျိုးခြင်းဆိုင်ရာ ဗဟု သုတများအား သူ စွဲမြဲစွာ မှတ်မိသွားပြီးနောက် ထိုင် ခုံမှထကာ ကောင်တာသို့ သွားရောက်၍ ငွေရှင်းလို က်သည်။

​မွန်းတည့်ရန် အချိန်အနည်းငယ် လိုသေးသဖြင့် လ က္ကားစျေးသို့ သွားရောက်ကာ လိုအပ်သည့် ပစ္စည်း အချို့ကို ဝယ်ယူရန် ယန်ကွမ်း စဉ်းစားလိုက်၏။ အင် တာနက်ကဖေးဆိုင်မှ အပြင်သို့ ယန်ကွမ်း ထွ က်လိုက်သည်နှင့် ဘေးနားမှ ရယ်သံတစ်သံထွက်ပေ ါ်လာသည်။

“ဟေ့ကောင်... မင်း နောက်ဆုံးတော့ ထွက်လာပြီပေ ါ့လေ..”

​ခေတ္တမျှ ကြောင်အမ်းသွားပြီးနောက် ယန်ကွမ်း ကြ ည့်လိုက်ရာ အနီးအနားတွင် ရပ်နေသော လူငယ် နှစ် ဦးကို တွေ့လိုက်ရသည်။သူတို့၏ လက်ထဲတွင်မူ စ တီးပိုက်လုံး တစ်ချောင်းစီကို ကိုင်ထားကြ၏။

​ယန်ကွမ်းက အံ့အားသင့်စွာဖြင့် မျက်လုံးပြူးကာ မေးလိုက်သည်။

​“အမလေးဗျာ... မင်းတို့က ငါ့ကို ရိုက်မလို့လား..”

​“မင်းလို ကောင်စုတ်က ရိုက်နှက်တာ ခံရဖို့ပဲ တန်တ ယ်ကွ ရော့ကွာ..”

​ပြောပြီးသည်နှင့် တစ်ပြိုင်နက် အကျီအဖြူဝတ်လူ ငယ်က သူ၏လက်ထဲမှ စတီးပိုက်လုံးကို လေထဲသို့ ဝှေ့ယမ်းကာ ချက်ချင်းပင် မြှောက်ရိုက်လိုက်၏။

​“ဖြောင်း....” “အား..”

ထူးဆန်းသည်မှာ ဖြောင်းခနဲ့ မြည်သံနှင့်အတူ ရိုက် နှက်ခြင်းခံလိုက်ရသူမှာ ယန်ကွမ်းမဟုတ်ဘဲ ထိုအ ကျီအဖြူဝတ်လူငယ်သာ ဖြစ်နေသည်။​စတီးပိုက်လုံ းကြီး ရန်ကွမ်း၏ကိုယ်ပေါ်သို့ မကျရောက်မီမှာပင် အကျီဖြူဝတ်လူငယ်သည် သူ့ ရင်ဘတ်တစ်ခုလုံး တင်းကျပ်သွားသလို ခံစားလိုက်ရပြီးနောက် နောက် ပြန်လန်ကာ လွင့်ထွက်သွား၏။

​တိုက်တိုက်ဆိုင်ဆိုင်ပင် ထိုကောင်လေး လွင့်ထွက် သွားသည့် ဘက်မှာမူ ကားလမ်းမကြီး ဖြစ်နေသည်။

​လမ်းပေါ်တွင် ကားများစွာ ဖြတ်သန်းမောင်းနှင်နေ ကြရာ ယန်ကွမ်းအနေဖြင့် နောင်တရရန်ပင် အချိန် မရလိုက်ဘဲ ထိုလူငယ် လွင့်ထွက်သွားသည်ကိုသာ မတတ်နိုင်ဘဲ ကြည့်နေလိုက်၏။

“ဘုန်း..” “ကျွီ..”

နောက်ဆုံးတွင်မူ ထိုလူငယ်သည် ဖြတ်မောင်းလာ သော ကားတစ်စီး ပေါ်သို့ ဘုန်းခနဲ ပြုတ်ကျသွားပြီး ကား၏ အရှေ့လေကာမှန်ကြီးအား ပင့်ကူအိမ်သဖွ ယ် အက်ကွဲသွားစေခဲ့သည်။

​“သွားပြီ..ဒီကောင်တော့. ဒုက္ခ ရောက်ပြီပဲ..”

​ယန်ကွမ်း၏ စိတ်ထဲ လေးလံသွားပြီး အခြားလူင ယ် တစ်ဦးဘက်သို့ လှည့်ကာ မေးလိုက်၏။

“မင်းရော ဆက်ချချင်သေးလား…”

​“မချတော့ဘူး... မချတော့ပါဘူးဗျာ..”

​ထိုလူငယ်က အလွန် ထိတ်လန့်တုန်လှုပ်သွားသဖြင့် သူ့ အဖော်ကိုပင် ပြန်မငဲ့နိုင်တော့ဘဲ လက်ထဲမှ စတီ းပိုက်လုံးကို ပစ်ချကာ ထွက်ပြေးသွားပေသည်။

​ယန်ကွမ်းကမူ ထွက်မပြေးဘဲ အရှိန်ပြင်းပြင်း ဘရိ တ်အုပ်လိုက်ရသော ထိုကားရှိရာသို့ သွားလိုက်၏။

​ထိုကိစ္စမှာ သူနှင့်လည်း သက်ဆိုင်နေသဖြင့် ဤအ တိုင်း ပစ်ထားခဲ့၍ မဖြစ်ပါချေ။

​ထို့ကြောင့် အနားသို့ ရောက်သောအခါ ယန်ကွမ်းက အကျီအဖြူဝတ်လူငယ်ကို ဆွဲထူလိုက်ပြီး မေးလို က်၏။

“မင်း... သေသွားပြီလား..”

​အကျီအဖြူဝတ်လူငယ်မှာမူ ဒဏ်ရာ ပြင်းပြင်းထန် ထန် ရပုံမပေါ်ပေ။

အဘယ်ကြောင့်ဆိုသော် သူ ပြုတ်ကျလာသည့် အ ရှိန်အား ကားမှန်ချပ်က စုပ်ယူပေးလိုက်သောကြော င့် ဖြစ်ပေသည်။

​ထိုလူငယ်က ကံကောင်း၍ ကားပေါ်သို့ ပြုတ်ကျခဲ့ ခြင်းဖြစ်ပြီး အကယ်၍ လမ်းမပေါ်သို့ တိုက်ရိုက်ကျ ခဲ့ပါက မောင်းလာသော ကားများကြောင့် ရှောင်တိ မ်းနိုင်မည်မဟုတ်ဘဲ သူ့အား ကြိတ်မိလောက်၏။

​ယခုအခါတွင်မူ အကျီအဖြူဝတ်လူငယ်သည် အသ က်ဝိညာဉ်ပင် လွင့်မတတ် ခြောက်ခြားနေပြီး ယန်ကွ မ်းကို ထိတ်လန့်တုန်ရီနေသော မျက်ဝန်းများဖြင့် စို က်ကြည့်ကာ မေးလိုက်သည်။

“မင်း... မင်းက ဘယ်သူလဲ..”

.

“ငါ ဘယ်သူပဲဖြစ်ဖြစ်... မင်းတို့လိုကောင်တွေ ရန်စ လို့ မဟုတ်တာတော့ အမှန်ပဲ..”

​ထိုသို့ ပြောလိုက်ပြီးနောက် ယန်ကွမ်းက ပြုံးကာ ပြောလိုက်၏။

“သူတပါးရဲ့ကားကို လျော်ကြေးမပေးချင်ရင်တော့ မင်း အခုချက်ချင်း လစ်လိုက်တာ ပိုကောင်းမယ်ထ င်တယ်…”

​အကျီဖြူဝတ်လူငယ်သည် ထိုစကားကို ကြားမှပင် ကားကိစ္စကို သတိရသွားခဲ့သည်။

သူသသည် ပင့်ကူအိမ်သဖွယ် အက်ကွဲကြောင်းထ နေသော လေကာမှန်ကြီးကို လှည့်ကြည့်ကာ တံတွေ းတစ်ချက်မြိုချပြီးနောက် ချက်ချင်းပင် လှည့်ပြေး ရန် ပြင်လိုက်၏။

​ ထိုအချိန်မှာပင် ကားထဲမှ ကြည်လင်ပြတ်သားသေ ာ အမျိုးသမီးအသံတစ်သံ ထွက်လာကာ တားလို က်သည်။

“ဟေး...ငါ့ ကားကို ဝင်ဆောင့်ပြီး ဒီအတိုင်း ထွက် ပြေးမလို့လား..”

​ထိုအသံကြောင့် ယန်ကွမ်းမှာမူ ကြောင်အမ်းအမ်း ဖြစ်သွားပြီး လှည့်ကြည့်လိုက်၏။

“ဟင်...ခဗျား..ခဗျားပါလား..”

​“အေး ငါပဲ..ငါကလည်း စဥ်းစားနေတာ..မနက် အိပ် ရာနိုးကတည်းက တစ်ကိုယ်လုံး တစ်မျိုးကြီးဖြစ်ပြီး နေလို့မကောင်းဘူးလို့ ခံစားနေရတာ. မင်းနဲ့လာတိုး မလို့ကိုး..”

​မုရှောင်ဝမ်က ဒေါသတကြီး မျက်စောင်းထိုးလိုက် ပြီးနောက် ကားပေါ်မှ ဆင်းလာခဲ့သည်။​ယန်ကွမ်းက ခပ်ပြုံးပြုံး ပုံစံဖြင့် ပြန်ပြောလိုက်၏။

“မနက်နိုးလို့ နေမကောင်းတာက ခဗျား အိပ်တာ ပုံစံ မမှန်လို့ လည်ပင်းနာတာ ဖြစ်မှာပါ..ကျွန်တော့်ကို လ ာမလွှဲချနဲ့..”

မုရှောင်ဝမ်က မကျေမနပ်ဖြင့် မေးလိုက်သည်။

​“တော်စမ်းပါ...လျှောက်ပြောမနေနဲ့… ငါ့ကားက သိ န်းချီတန်တာ.. ဒီလေကာမှန်တစ်ချပ်တည်းတင် အန ည်းဆုံး နှစ်သောင်း၊သုံးသောင်းလောက် ရှိတယ် အဲ ဒါ ဘယ်သူက လျော်မှာလဲ..”

​အစကမူ ယန်ကွမ်းက သူ့ဘာသာ စိုက်လျော်ပေးရန် စိတ်ကူးထားခြင်း ဖြစ်သော်လည်း ယခုအခါ ကားပို င်ရှင်မှာ မုရှောင်ဝမ် ဖြစ်နေသည်ကို မြင်လိုက်ရသဖြ င့် ချက်ချင်းပင် ပုခုံးတွန့်ကာ ပြောလိုက်သည်။

“ဝင်တိုက်တဲ့သူကပဲ လျော်ရမှာပေါ့ဗျ..”

​“ဗျာ..”

​အကျီဖြူဝတ်လူငယ်မှာ ကြောင်အမ်းသွားရသည်။ စောစောလေးတင်ကပဲ သူ့အား ထွက်ပြေးခိုင်းပြီး အခုကျမှ ဘာဖြစ်လို့ စကားတွေ ချက်ချင်း ပြောင်း လဲသွားရသနည်း။

ယွမ် နှစ်သောင်း၊သုံးသောင်းဆိုသည့် ပမာဏမှာ သူ့ အတွက်မူ မိုးပေါ်ကကြယ်ကို လှမ်းဆွဲရသလိုမျိုး မ ဖြစ်နိုင်သည့် ကိန်းဂဏန်းမျိုး ဖြစ်နေသဖြင့် အကျီ အဖြူဝတ်လူငယ်က ပျာပျာသလဲ ငြင်းဆန်လိုက်၏ ။

“ကျွန်တော့်ကို လာမပြစ်တင်ပါနဲ့ဗျာ..အဲ့ကောင်က ကျွန်တော့်ကို ကန်လွှတ်လိုက်လို့ ကားမှန်ကို ထိသွား ပါဗျ..”

​“ကန်လွှတ်လိုက်တာ ဟုတ်လား..”

မုရှောင်ဝမ်မှာမူ အံ့အားသင့်သွားပြီး ယန်ကွမ်းအား လှည့်ကြည့်ကာ မေးလိုက်သည်။

“ငါကလည်း စဉ်းစားနေတာ... လူတစ်ယောက်က ငါ့ ကားပေါ်ကို ဘယ်လိုဖြစ်ပြီး ပျံကျလာရတာလဲလို့.. တကယ်တော့ မင်းလက်ချက်ကိုး မင်းက ဒီလောက် တောင် လက်ရုံးရည် ကောင်းနေတာလား..”

​ယန်ကွမ်းက ခပ်ပြုံးပြုံးဖြင့် ပြန်ဖြေလိုက်၏။

“ဘာလဲ ခဗျားက မယုံဘူးလား..မယုံရင် ကျွန်တော် နောက်တစ်ခါ ထပ်ပြပေးမယ်လေ..”

ပြောပြီးနောက် အကျီအဖြူဝတ်ထားသည့် လူငယ် ဘက်သို့ လှည့်ကာ ခေါ်လိုက်သည်။

“လာခဲ့...ဒီကို.. မင်းကို ငါ နောက်တစ်ချက် ထပ်က န်ပြမလို့…”

​“ဘာလားဟ..ငါက အရူးမို့လို့ မင်း အကန်ခံရအောင် လာရမှာလားကွ.. “

​အကျီအဖြူဝတ်လူငယ်က ကျိန်ဆဲလိုက်ပြီးနောက် သူ့ရင်ဘတ်ကို ပုတ်ရင်း အော်ပြောလိုက်သည်။

“ဒါ ငါနဲ့မဆိုင်ဘူးလို့ ပြောပြီးပြီပဲ.. ငါကတော့ ဆေ းရုံသွားပြီး စစ်ဆေးကြည့်ရမယ်..”

​ပြောပြီးသည်နှင့် ထိုလူငယ်က လှည့်ထွက်သွားရန် ပြင်လိုက်ရာ ယန်ကွမ်းကလည်း တားဆီးရန် စိတ်ကူ းမရှိဘဲ ရယ်မောလျက် ပြန်ပြောလိုက်၏။

“ဆေးရုံအထိ သွားနေစရာ မလိုပါဘူးကွာ အနီးအန ားက ဆေးဆိုင်သွားပြီး ဘိုင်ယောင် အနာကျက် ဖြ န်းဆေးလေး ဝယ်ဖြန်းလိုက်ရင် ရပြီကိုး..မင်း ငါ့ ကို ကျေးဇူးတင်မနေနဲ့ဦး.. ဒါက ဆရာဝန်တစ်ယောက် အနေနဲ့ ညွှန်ကြားပေးတာပါ ဟီး..”

​အကျီဖြူဝတ်လူငယ်မှာမူ “......”

ဘာပြန်ပြောရမှန်းမသိ ဆွံ့အသွားရရှာသည်။

​ယန်ကွမ်းက ခန္ဓာကိုယ်ကိုပြန်လှည့်လိုက်စဉ် မုရှောင် ဝမ်က သူ့အား မမှိတ်မသုန် စိုက်ကြည့်နေသည်ကို တွေ့ရသဖြင့် ကြောင်အမ်းအမ်းဖြင့် မေးလိုက်၏။

“ခဗျားက ဘာလို့ ဒီလောက်တောင် စိုက်ကြည့်နေရ တာလဲ…”

​“နင်ကတော့ တကယ့် ပြဿနာကောင်ပဲ..”

​မုရှောင်ဝမ်က ယန်ကွမ်းကို မျက်စောင်းထိုးကာ မေး လိုက်သည်။

“အဲဒီလူကို နင်က လွှတ်ပေးလိုက်ပြီဆိုတော့... ငါ့ ကားကို နင်ပဲ တာဝန်ယူရတော့မယ်.. ဟုတ်တယ်မ လား..”

ယန်ကွမ်းက ရင်ဘတ်ကို ပုတ်ကာ ရဲရဲဝံဝံ ပြောလို က်သည်။

​“ရတာပေါ့.. စိတ်ချပါ...ကျွန်တော် လျော်နိုင်ပါတယ် ဗျ ”

​မုရှောင်ဝမ်မှာမူ မျက်လုံးလေးကလည်ကလည်ဖြင့် နှာခေါင်းရူံ့ကာ ပြန်ပြောလိုက်၏။

“ဟမ့်... နင်က တောထဲတောင်ထဲ ဆေးဖက်ဝင် အပ င်တွေ လိုက်တူးပြီး အသက်မွေးရတဲ့သူ မဟုတ်ဘူး လား…”

​“အဲဒါ ဘာဖြစ်လဲ..ဆေးတူးရုံနဲ့ ကျွန်တော့်မှာ ပိုက်ဆံ မရဘူးလို့ ဘယ်သူက ပြောလဲ..”

​ယန်ကွမ်းက ပြန်ချေပလိုက်ပြီးနောက် ဆက်ပြောလို က် ၏။

“ဒါနဲ့...ကျွန်တော်တို့ အမြန်လေး ကိစ္စ ရှင်းရအောင်.. ကျွန်တော့်မှာ နောက်ထပ် လုပ်စရာ ကိစ္စတွေ ရှိသေ းတယ်ဗျ..”

All Chapters