← Chapters

အခန်း (၃၇-၃၈)

Vol. 4 Ch. 37-38

အခန်း (၃၇-၃၈)

Vol. 4 Ch. 37-38

အခန်း ၃၇ ကမ်းလှမ်းချက်

​"နင်က အခုထိ အလုပ်များတုန်းပဲလား..”

​မုရှောင်ဝမ်က ရန်ကွမ်းကို မျက်စောင်းတစ်ချက် ထိုး လိုက်ပြီးနောက် သူ့ အချစ်တော် ကားလေးကို ငေး ကြည့်ကာ ပြောလိုက်၏။

"ဒီကား ပြင်တာ ဘယ်လောက် ကုန်မလဲဆိုတာ မသိ သေး ဘူး..4S ပြုပြင်ရေးစင်တာကို ပို့ပြီး စစ်ဆေးမှ ပဲ သိ ရမှာ.. ဒါကြောင့် ဒီလိုလုပ်ပါလား. .ရှင့်ဖုန်းနံပါ တ်ပေး....ကုန်ကျစရိတ် သိရရင် ကျွန်မ လှမ်းပြော လိုက်မယ်..”

​"ကောင်းပြီလေ..”

​ယန်ကွမ်းသည် ဖုန်းကိုထုတ်၍ ယခင်က မှတ်ထား ဖူးသော နံပါတ်တစ်ခုကို ရှာကာ နှိပ်လိုက်သည်။

​မုရှောင်ဝမ် တစ်ချက်လန့်သွားပြီး သူ့ကို မော့ကြည့် ကာ ပြောလိုက်၏။

"ဒါ နင့် ဖုန်းနံပါတ်လား..”

​"ဟုတ်တယ်…"

​"ငါ့ နံပါတ်ကို နင်က ဘယ်လိုလုပ် သိတာလဲ.."

​မုရှောင်ဝမ်က မျက်မှောင်ကြုတ်လျက် သံသယများ ဖြင့် စိုက်ကြည့်နေ၏။

ယန်ကွမ်းက သက်ပြင်းချကာ ပြန်ပြောလိုက်သည်။

​"ဘာလား ဒါက မင်းရဲ့ ရင်သားအတိုင်းအတာ နံပါ တ်မှ မဟုတ်တာ ဘာလို့ ဒီလောက်တောင် ပျာယာ ခ တ်နေရတာလဲ.."

​"ရှင်.."

​မုရှောင်ဝမ်မှာမူ ဒေါသထွက်ကာ ခြေဆောင့်လိုက်မိ သည်။အကယ်၍ သူမသာ အင်အားချင်း မမျှတဘူး ဟူ၍ မတွေးမိပါက ယန်ကွမ်းအား အသေသတ်ချ င်စိတ် ပေါက်သွားမည်မှာ အမှန်ပင်။

​ယန်ကွမ်းက ပြုံးကာ ပြန်ပြောလိုက်၏။

"ကဲပါ..ဒါက အကိုချန်ဆီကနေ ကျွန်တော် မေးထား တာပါဗျာ ဆေးဖက်ဝင်အပင်တွေ စိုက်ပျိုးတဲ့ကိစ္စ အကြောင်း ဆွေးနွေးဖို့ ခဗျားကို အချိန်ပေးပြီး လာ ရှာမလို့ပဲ လမ်းမပေါ်မှာ ဒီလို ရေစက် ဆုံရလိမ့်မယ် လို့ မထင်ထားမိဘူး ဟီး."

​"ဟမ့် နင် နဲ့ ရေစက်ရှိတာ သရဲပဲ ဖြစ်လိမ့်မယ်…"

​

မုရှောင်ဝမ်က မျက်စောင်းထိုးရင်း ဆက်ပြောလိုက် သည်။

“နင့်ကို ပြောရအုံးမယ်.. ကျွန်မတို့က သဘာဝအတို င်း ပေါက်တဲ့ တောရိုင်းဆေးဖက်ဝင်အပင်တွေကိုပဲ အဓိက အရောင်းအဝယ်လုပ်တာနော်.. လူကိုယ်တိုင်

စိုက်ပျိုးထားတဲ့ အပင်တွေကို လက်မခံဘူး.. ဒါကြေ ာင့် ရှင့်မှာ အခွင့်အရေးမရှိဘူးလို့သာ မှတ်ထားလို က်စမ်းပါ…"

​ယန်ကွမ်းမှာမူ အံ့အားသင့်ကာ ပြန်ပြောလိုက်၏။

"ဒါဆိုရင် လူကိုယ်တိုင်စိုက်ပျိုးတဲ့ အပင်ရဲ့ ဆေး ဖက်ဝင်အာနိသင်က တောရိုင်းအပင်ထက် ပို ထက် မြက်နေရင်ကော…”

​"ဟမ့် ဒါက ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ."

​မုရှောင်ဝမ်က နှာခေါင်းရှုံ့ကာ လှောင်ပြုံး ပြုံးလိုက် ပြီး ဆက်ပြောလိုက်သည်။

"လူကိုယ်တိုင်စိုက်ပျိုးတဲ့အခါ ပတ်ဝန်းကျင်မှာရှိတဲ့ သဘာဝစွမ်းအင်က မကောင်းဘူး အဲ့အခါ အပင် တွေမှာ ဝိညာဉ်စွမ်းအင် မလုံလောက်ဘူးလေ..”

ယန်ကွမ်းက နားမလည်နိုင်စွာ မေးမြန်းလိုက်၏။

​"ဝိညာဉ်စွမ်းအင်လား ဒါက ဘာကို ပြောတာလဲ.."

သူမ နှုတ်ကျွံသွားမှန်း သိသဖြင့် မုရှောင်ဝမ်က စက ားလမ်းကြောင်းလွှဲကာ ပြောလိုက်သည်။

"ဘာပဲဖြစ်ဖြစ် မဖြစ်နိုင်တာတော့ အမှန်ပဲ.. ရှင် အ လုပ်ရှုပ်နေတာ မဟုတ်ဘူးလား အမြန် သွားတော့ လေ.. ကျွန်မလည်း 4S စင်တာကို မေးမြန်းပြီးရင် ရှ င့်ဆီ ဖုန်းလှမ်းဆက်လိုက်မယ်…"

ယန်ကွမ်းက စနောက်သလို မေးလိုက်၏။

​"အော်... ကျွန်တော် ထွက်ပြေးသွားမှာကို မကြောက် ဘူးပေါ့.."

​မုရှောင်ဝမ်က သူ့ကို စိုက်ကြည့်ရင်း နှာခေါင်းရှုံ့က ာ ပြောလိုက်သည်။

"ဟမ့် ရှင်က ချုံရှန်းရွာက မဟုတ်လား လိုက်ရှာရ တာ လွယ်လွယ်လေး.."

​"အင်း. ကျွန်တော် တကယ်ပဲ သွားရတော့မယ်.. မဟု တ်ရင် ဆေးပင် စိုက်ပျိုးရေးကိစ္စ နောက်ထပ် တစ်ရ က် ကြန့်ကြာသွားလိမ့်မယ်..အဲဒီအချိန်ကျရင် ခဗျား ရဲ့ အနမ်းကို ရနိုင်မှာ မဟုတ်တော့ဘူး တာ့တာ့ ..ဟဲ ဟဲ.."

​စကားဆုံးသည်နှင့် ယန်ကွမ်းက ကျောခိုင်း၍ အမြန် ထွက်ခွာသွားပေသည်။​သူ့ကျောပြင်ကို ငေးကြည့်ရ င်း မုရှောင်ဝမ်မှာ ဒေါသတကြီးဖြင့် အံကြိတ်မိပြီး စိတ်ထဲကနေ ကြုံးဝါးလိုက်၏။

“အဲဒီအချိန်ကျလို့ ငါ ရှုံးရင်တောင် နင့်ကို နမ်းမှာ မ ဟုတ်ဘူး..ကိုက်ပဲ ကိုက်ပစ်မယ် အကောင်စုတ်ရဲ့..”

​မွန်းလွဲပိုင်းသို့ ရောက်သောအခါ ယန်ကွမ်းတစ်ယော က် ဘတ်စ်ကားပေါ်သို့ တက်လာခဲ့၏။​ယနေ့တွင် သူ ပစ္စည်းအများအပြား မဝယ်ဖြစ်ခဲ့ပေ။ကိရိယာ တန် ဆာပလာ အချို့ကိုသာ ဝယ်ယူခဲ့ပြီး ၎င်းတို့အား စ က္ကူဖာထဲ ထည့်ကာ သယ်လာခဲ့သည်။

​ မျိုးရင်းနှင့် ပတ်သက်၍မူ တောင်ပေါ်သို့တက်ကာ ရှာဖွေနိုင်သဖြင့် ၎င်းက ပြဿနာမဟုတ်ပေ။

​

​ကားပေါ်တွင် ထိုင်လျက် လမ်းခရီး၏ လှုပ်ခါမှုကို ခံ စားရင်း ရန်ကွမ်းသည် ကောင်းညှင်းဥများ အောင်မြ င်စွာ စိုက်ပျိုးနိုင်ပြီး ချမ်းသာလာမည့်အကြောင်းကို စိတ်ကူးယဉ်ကာ အိပ်မက်မက်နေမိသည်။

​ထိုစဉ် သူ့ဖုန်းမှာ ရုတ်တရက် မြည်လာ၏။​မုရှောင်ဝ မ်ထံမှ ဖုန်းခေါ်ဆိုမှုဖြစ်ကြောင်း တွေ့လိုက်ရသဖြင့် ယန်ကွမ်းက ဖုန်းလက်ခံဖြေကြားကာ မေးလိုက်သ ည်။

"မှန်ဖိုးကိစ္စကို မေးပြီးပြီလား..”

ဖုန်း တစ်ဖက်မှ မုရှောင်ဝမ်က ပြန်ဖြေလိုက်၏။

​"အင်း... 4S စင်တာက ပြောတယ် မှန်အစစ် တစ်ချ ပ်နဲ့ လဲလှယ်မယ်ဆိုရင် ယွမ် သောင်းဂဏန်းလောက် ကုန်မယ်တဲ့…"

"……."

​ယန်ကွမ်းမှာမူ ဆွံ့အသွားပြီး ဆက်မေးရန်ပင် အား မရှိတော့ပေ။

"အဲ့လူတွေက ဓားပြ တိုက်နေကြတာလားဗျ.. အရ မ်းဈေးကြီးလွန်းတယ်ဗျာ.. မှန်တစ်ချပ်တည်းကိုပဲ မှ န်ဆိုင်မှာဆို ယွမ် ဆယ်ဂဏန်းလောက်ပဲ ပေးရတာ လေဗျာ.."

​"လျှောက်မပြောနဲ့..တူလို့လား…"

​မုရှောင်ဝမ်က ဒေါသတကြီးဖြင့် ပြန်လည် ပြောဆို လိုက်ပြီးနောက် ချက်ချင်းပင် မေးလိုက်သည်။

"နင် ကတိဖျက်ဖို့တော့ စိတ်မကူးနဲ့နော်…"

​"ဘယ်လိုလုပ် အဲလိုဖြစ်မှာလဲ…”

​ယန်ကွမ်းမှာမူ ရင်ထဲ၌ နှမြောတသဖြစ်နေသော်လ ည်း တာဝန်ယူလိုစိတ် ရှိသူပီပီ ခေါင်ညိတ်ကာ ပြော လိုက်သည်။

"သုံးသောင်းခွဲဆိုလည်း သုံးသောင်းခွဲပေါ့.. နောက် မှ ကျွန်တော် ငွေလွှဲပေးလိုက်မယ်..”

​ထိုအချိန်မှာပင် မုရှောင်ဝမ်၏ လေသံသည် မမျှော် လင့်ဘဲ ရုတ်တရက် ပြောင်းလဲသွား၏။

"တကယ်တော့... နင် အဲဒီပိုက်ဆံကို ပြန်မလျော်ရင် လည်း ရပါတယ်..."

​"အမ် ဘာလား..”

​ယန်ကွမ်းက တစ်ခဏမျှ အံ့အားသင့်သွားပြီးနောက် ချက်ချင်းပင် သတိကြီးစွာဖြင့် ပြောလိုက်သည်။

"ခဗျား ကျွန်တော့်အပေါ် တစ်ခုခု မရိုးမသား ကြံစ ည်နေတာတော့ မဟုတ်ပါဘူးနော်…"

​"ထွီး အော်ဂလီဆန်လိုက်တာ..”

​မုရှောင်ဝမ်က နှာခေါင်းရှုံ့ကာ ဆက်ပြောလိုက်၏။

"နင့်ရဲ့ ကိုယ်ခံပညာ အရည်အချင်းက မဆိုးဘူးလို့ ငါ ထင်လို့..နင့်ကို အခွင့်အရေး တစ်ခု ပေးမလို့ပါ န င်သာ ကူညီမယ်ဆိုရင် အဲဒီမှန်ဖိုးကို လျော်ကြေးပေ းဖို့ မလိုတော့ဘူးပေါ့…”

​"ဒါဆိုရင်တော့ အဆင်ပြေတာပေါ့ဗျာ..”

​ယန်ကွမ်းသည် ဝမ်းသာအားရ ဖြစ်သွားပြီးနောက် ခေါင်းခါကာ ဆက်ပြောလိုက်သည်။

"ဒါပေမဲ့ ကြိုပြောထားရမယ်နော်..ငါ ကူညီနိုင်ပေမဲ့ တရားမဝင်တဲ့ ကိစ္စတွေနဲ့ ငါ့ရဲ့ ကိုယ်ပိုင်ဆန္ဒကို ဆ န့်ကျင်တဲ့ အလုပ်မျိုးတွေကိုတော့ မလုပ်နိုင်ဘူး.."

​”ဖွီး နင်က ဘာတွေ ထင်နေတာလဲ အကောင်စုတ်ရဲ့”

​မုရှောင်ဝမ်သည် သိသိသာသာပင် စိတ်အနှောင့်အ ယှက် ဖြစ်သွားပုံရ၏။သူမက ညည်းတွားဆဲဆိုပြီး နောက် ဆက်ပြောလိုက်သည်။

"ငါက နင့်ကို သက်တော်စောင့်တစ်ယောက်အနေနဲ့ပဲ ကူညီခိုင်းချင်တာ..နင်က ဘာတွေ တွေးနေတာလဲ.."

​"အော်... သက်တော်စောင့်လား…"

​ယန်ကွမ်းမှာမူ သဘောပေါက်သွားပြီး ခေါင်းညိတ် ကာ ပြောလိုက်၏။

"ကောင်းပြီလေ ဒါဆိုရင်တော့ ကျွန်တော် သဘော တူတယ်.."

​"ဟုတ်ပြီ.. ဒါဆိုရင် မနက်ဖြန် မွန်းလွဲပိုင်း လေးနာရီ ကျရင် ခရိုင်မြို့ထဲမှာ ဆုံကြမယ်.."

​ထိုသို့ပြောပြီးနောက် မုရှောင်ဝမ်က ဖုန်းချသွားပေ သည်။

​ယန်ကွမ်းက ဖုန်းကိုကြည့်ကာ မျက်လုံးအဝိုင်းသား ဖြင့် စိတ်ပျက်လက်ပျက် ရေရွတ်မိလိုက်၏။

​"ဒီမိန်းမကတော့ တကယ်ကို အမိန့်ပေးတဲ့နေရာမှာ ဆရာကြီးပဲဟ..”

အိမ်သို့ ယန်ကွမ်းပြန်ရောက်သောအခါ နေဝင်ရီတ ရော အချိန်သို့ ရောက်ရှိနေပြီဖြစ်ရာ ဝူရှောင်လျန်း တို့မှာ ညစာချက်ပြုတ်နေကြသည်။​ဝူရှောင်လျန်းနှင့် ရွှီလင်းတို့ကို နှုတ်ဆက်ပြီးနောက် ရန်ကွမ်းသည် သူ့ ပစ္စည်းများကို ချထားကာ ယာယာအတွက် ဝယ် လာခဲ့သော အသံစုံကစားစရာလေးကို ထုတ်ယူလျ က် ဝူရှောင်လျန်း၏ အခန်းထဲသို့ စိတ်လှုပ်ရှားစွာဖြ င့် ပြေးဝင်လာခဲ့၏။

အခန်းတွင်း၌ ယာယာလေး၏ နို့နံ့သင်းသင်းလေးအ ား ယန်ကွမ်းရလိုက်ကာ ယာယာလေးမှာမူ ကုတင် ပေါ်တွင် နှစ်ခြိုက်စွာ အိပ်မောကျနေပေသည်။​အ ခြေအနေက ထိုသို့ဖြစ်နေသဖြင့် ယန်ကွမ်းလည်း ကစားစရာလေးကို ဘေးတွင်ချထားကာ အခန်းပြင် သို့ ပြန်ထွက်ရန် ပြင်လိုက်၏။

​ထိုအချိန်မှာပင် သူ့ မျက်လုံးထောင့်မှတစ်ဆင့် ကုတ င်ဘေးမှ ကြမ်းပြင်ပေါ်တွင်မူ အဝတ်လျှော် ဇလုံတ စ်လုံးကို လှမ်းမြင်လိုက်ရာ အထဲ၌ လျှော်ဖွပ်ရန် စုပုံ ထားသော အဝတ်အစားများနှင့်အတူ အပေါ်ဆုံးတွ င် အဖြူရောင် အတွင်းခံဘောင်းဘီ နှစ်ထည် ရှိနေ သည်ကို ယန်ကွမ်း သတိပြုမိသွား၏။

​ယန်ကွမ်း၏ ခြေလှမ်းများ တုန့်ခနဲ ရပ်တန့်သွားပြီး နောက်က် မရည်ရွယ်ဘဲ ထိုနေရာသို့ လျှောက်လာ မိသည်။​ထိုအဝတ်အစားများသည် မရီးဖြစ်သူ လဲ လှယ်ထားသော အဝတ်အစားများဖြစ်ကြောင်း သူ သိကာ ယခင် ဆေးကုသပေးစဉ်ကလည်း ယန်ကွမ်း မြင်တွေ့ ဖူးခဲ့သည်။

​သို့သော်လည်း မရီးဖြစ်သူ၏ ချွတ်ထားသော အတွ င်းခံအဝတ်အစားများကို ယခုကဲ့သို့ ကြည့်မိသည်မှာ ယန်ကွမ်းအတွက်မူ ယခုအကြိမ်သည် ပထမဆုံးပင် ဖြစ်၏။

​ခေတ္တမျှ ငေးမှိုင်သွားပြီးနောက် ရန်ကွမ်းက ကိုယ့်ပါ းကိုယ် ရိုက်ရင်း စိတ်ထဲမှ သတိပေးလိုက်သည်။

"ဖြောင်း..ဖြောင်း..”

“လခွမ်း ငါ ဘာတွေ လျှောက်တွေးနေတာလဲ ယန် ကွမ်းရ အဲဒါ မင်းရဲ့ မရီးလေ…”

​ထို့နောက် ယန်ကွမ်းက ချက်ချင်းပင် လှည့်လိုက်ပြီး အခန်းတံခါးဝသို့ အမြန် လျှောက်လာခဲ့သည်။​မီးဖို ချောင်သို့ သူ ရောက်လာသောအခါ ပန်းကန်ခွက် ယောက်များကို ကူဆေးပေးရန် ပြင်လိုက်စဉ် ရွှီလ င်းက သူ့အား တစ်ချက်လှမ်းကြည့်ကာ မေးလိုက် ၏။

"ဟင်. ရှောင်ကွမ်း.. စောစောက နင် ပြန်လာတုန်းက ဒီဒဏ်ရာ မရှိပါဘူး..ဘာလို့ ရုတ်တရက် မျက်နှာပေါ် မှာ လက်ဝါးရာကြီး ထင်နေရတာလဲဟဲ့…”

​"ဗျာ…”

​ယန်ကွမ်းမှာမူ အံ့အားသင့်သွားပြီး မျက်လုံးအဝိုင်း သားဖြင့် အကြံထုတ်ကာ ​ပြန်ဖြေလိုက်သည်။

"အော်... ဟိုလေ... ဟုတ်တယ်..မမရွှီလင်းရ.. ခြင် တစ်ကောင်က မျက်နှာပေါ်လာနားလို့ လက်နဲ့ ပြင်းပြ င်း ရိုက်လိုက်မိတာဗျ”

​ယန်ကွမ်း၏ ပျာပျာသလဲ ဖြစ်နေသော မျက်နှာအမူ အရာကို ကြည့်ရုံမျှဖြင့် လုပ်ကြံပြောဆိုနေမှန်း သိ သာလှ၏။

​သို့သော်လည်း ရွှီလင်းက ထပ်မံ၍ မမေးမြန်းတော့ ဘဲ စကားလမ်းကြောင်းကို ပြောင်းကာ ပြောလိုက် သည်။

"နင် ဒီနေ့ မြို့ပေါ်သွားတဲ့ ကိစ္စတွေကော အဆင် ပြေခဲ့ရဲ့လား..”

..

ယန်ကွမ်းက ခေါင်းညိတ်ကာ ပြန်ဖြေလိုက်၏။

"အင်း...ပစ္စည်းတွေက မနက်ဖြန် ရောက်လိမ့်မယ်.. သန်ဘက်ခါကျရင် စိုက်ပျိုးရေးလုပ်ငန်းကို စလို့ ရပြီဗျ..”

​ထို့နောက် သူက ဆက်မေးလိုက်သည်။

"ဒါနဲ့... ရွာဘက်က အခြေအနေကော ဘယ်လိုရှိလဲ ..”

​"အဆင်ပြေပါတယ်..အန်တီနွားက မြေငှားဖို့ သဘေ ာတူလိုက်ပြီ..အိမ်နီးနားချင်းတွေကလည်း သူမ အ တိုင်း လိုက်လုပ်ကြတယ်လေ…”

ယန်ကွမ်းက စိတ်လှုပ်ရှားစွာ ပြန်ပြောလိုက်၏။

​"ဒါဆိုရင်တော့ အတော်ကောင်းတာပေါ့..အခုဆို ဟင်းသီးဟင်းရွက် စိုက်ပျိုးရေးကော ဆေးပင် စိုက် ပျိုးရေးကော တွဲလုပ်နိုင်ပြီဆိုတော့ မချမ်းသာဘဲ နေပါဦးမလား မမရွှီလင်းရာ....”

​"ကဲပါ... အသားထဲက အဆီထွက်မနေနဲ့ဦး လက် ဆေးပြီး ထမင်းစားဖို့ ပြင်တော့.."

​နွေဦးရာသီ၏ ညနေခင်းတွင်မူ သုံးဦးသာ မြိန်ရည် ယှက်ရည် စားသောက်ရင်း၊အပြန်အလှန် စနောက် ကာ ရယ်မောပျော်ရွှင်နေကြသည်။

​ညစာစားပြီးနောက် ရွှီလင်းက ပန်းကန်ခွက်ယောက် များကို သိမ်းဆည်းနေစဉ် ဝူရှောင်လျန်းက ယန်ကွမ် းကို မျက်ရိပ်ပြလိုက်ပြီး အခန်းထဲသို့ ဝင်သွား၏။ ထို အခြင်းအရာကို မြင်လိုက်ရသဖြင့် ယန်ကွမ်းသ ည် ဇဝေဇဝါဖြင့် နောက်မှ လိုက်ပါသွားပြီး တံခါးဝ သို့ ရောက်သောအခါ မေးမြန်းလိုက်၏။

"ဘာကိစ္စရှိလို့လဲ..မရီးရ..”

ဝူရှောင်လျန်းက စိုးရိမ်တကြီး ပြောပြလိုက်သည်။

​"ဒီနေ့ မော့လီဆိုတဲ့လူ နောက်တစ်ခေါက် ထပ်လာ ပြန်ပြီ ရှောင်ကွမ်းရ မရီးအထင်တော့ မင်းဘက်က အလုပ်တွေကို အရှိန်မြှင့်မှ ဖြစ်လိမ့်မယ်နော်.."

အခန်း ၃၈ မရီး၏ အကြံ

​ယန်ကွမ်းက တစ်ခဏမျှ အံ့အားသင့်သွားပြီးနောက် မရီး ဆိုလိုသည့် သဘောကို ချက်ချင်းပင် နားလည် သွားပေသည်။

​ထို့ကြောင့် ယန်ကွမ်းက ပြုံးကာ ပြန်ပြောလိုက်၏။

"အဲဒါတွေ လျှောက်တွေးပြီး စိတ်မပူပါနဲ့ မရီးရာ..”

ဝူရှောင်လျန်းက ပြုံးကာ ပြောလိုက်သည်။

​"အေးပါ ဒါနဲ့ အစ်မ အမြင်တော့ ရွှီလင်းက မင်းအ ပေါ် စိတ်ဝင်စားမှု ရှိနေပုံရတယ်နော်.. သူက အားရ င် အစ်မဆီကို လာပြီး မင်းရဲ့ အတိတ်အကြောင်း တွေကို ခဏခဏ လာမေးလေ့ရှိတယ်ဟ.."

​ယန်ကွမ်းက သက်ပြင်းခပ်ဖွဖွချရင်း ခါးခါးသီးသီး င် ပြန်တုန့်ပြန်လိုက်၏။

"အာ ဒါက သာမန် စကားစမြည် ပြောရုံသက်သက် နေမှာပါ မရီးရာ.. အပိုတွေ လျှောက်မတွေးပါနဲ့ဗျာ”

​သူ့အနေဖြင့် ရွှီလင်းကို မနှစ်သက်၍ မဟုတ်ပေ။

သို့သော်လည်း မရီးဖြစ်သူက ဤကဲ့သို့ အတင်းအ ကြပ် ကြိုးပမ်းနေသည့်အပေါ် သူ့ စိတ်ထဲတွင်မူ တ စ်မျိုးကြီး ခံစားနေရပြီး တစ်ချက်တစ်ချက်၌ စိ တ်အနှောင့်အယှက်ပင် ဖြစ်နေမိသည်။

“ဝူး..ဝူး..ဝူး..မေမေ့..”

​ဝူရှောင်လျန်းက စကားဆက်၍ ပြောရန် ပြင်လိုက်စ ဉ် မှာပင် ယာယာလေးသည် ရုတ်တရက် နိုးလာပြီး တငိုငိုတရယ်ဖြင့် အော်ငိုလေရာ သူမလည်း စကား စဖြတ်၍ ကလေးကို အမြန် ကောက်ချီလိုက်ရ၏။

​ထို့နောက်တွင်မူ ဝူရှောင်လျန်းသည် အခန်းထဲ၌ ယန် ကွမ်း ရှိနေသေးသည်ကိုပင် မေ့လျော့သွားဟန်ဖြင့် အင်္ကျီရင်ဘတ်ကို လှန်ကာ ယာယာလေးအား နို့တို က်လိုက်သည်။

ထိုအခါ မရီးဖြစ်သူ၏ ​ဖွေးဆွတ်လုံးဝန်းနေသော အ လှတရားအား အတိုင်းသား ယန်ကွမ်း မြင်နေရ၏။

​ချက်ချင်းဆိုသလိုပင် သူ နှာခေါင်းထဲမှ သွေးများ လျှံကျမတတ် ခံစားလိုက်ရသဖြင့် ယန်ကွမ်းက ကမ န်းကတန်း ကျောခိုင်းလျက် အခန်းပြင်သို့ အလန့်တ ကြား ပြေးထွက်ခဲ့ရသည်။

​ရွှီလင်းမှာမူ ဝေယျာဝစ္စများကို အားလုံး လုပ်၍ပြီး စီးသွားပြီဖြစ်ရာ ယခုအခါတွင် ခြံဝင်းအတွင်း၌ ထို င်လျက် တဖြည်းဖြည်း မှေးမှိန်ပျောက်ကွယ်လုနီးပါ း ဖြစ်နေသော ဆည်းဆာကောင်းကင်ယံကို ငေးမေ ာကြည့်ရှုရင်း ဘာတွေကို တွေးတောနေမှန်း မသိ ချေ။

​ပန်းပုဆရာတစ်ဦးက စေ့စပ်သေချာစွာ ထုဆစ်ထား သကဲ့သို့ အပြစ်ဆိုဖွယ်မရှိ လှပလွန်းသော သူမ၏ ဘေးတစောင်း မျက်နှာသွင်ပြင်လေးကို ငေးကြည့် ရင်း ယန်ကွမ်းမှာမူ တစ်ခဏမျှ မိန်းမောသွားမိသ ည်။ထို့နောက် ခြေလှမ်းကျဲဖြင့် လျှောက်လာကာ သူ မ ဘေးနားတွင် ဝင်ထိုင်ရင်း ယန်ကွမ်း မေးလိုက်၏ ။

"ဘာတွေ တွေးနေတာလဲ မမရွှီလင်းရ..”

ရွှီလင်းက ပြုံးကာ ပြန်ပြောလိုက်သည်။

​"အော် ဘာမှမဟုတ်ပါဘူး..ရွာမှာနေရတာက အရမ်း ကိုမှ အေးချမ်းပြီး မြို့ထက်စာရင် စိတ်ပေါ့ပါးဖို့ကေ ာင်းတယ်လို့ ရုတ်တရက် ခံစားလိုက်ရလို့ပါ…"

​"မမရွှီလင်း သဘောကျတယ်ဆိုရင် ဒီမှာပဲ တစ်သ က်လုံး နေသွားလိုက်ပေါ့ဗျာ..”

​ရွှီလင်းက ယန်ကွမ်းကို စိုက်ကြည့်ကာ ပြန်ပြောလို က်၏။

"အမ် ငါက အတွင်းရေးမှူးမလေးအဖြစ် တစ်သက် လုံးနေရမှာလား.."

​"မဟုတ်ဘူးလေ မမရွှီလင်းရ တစ်ယောက်ယောက်နဲ့ လက်ထပ်ပြီး သားသမီးတွေနဲ့ အခြေချနေထိုင်လို့ ရ တာပဲလေ"

​ရွှီလင်းမှာမူ ပြောစရာ စကားမရှိသလို ဖြစ်သွားပြီး ယန်ကွမ်းအား မျက်စောင်းထိုးကာ ပြန်ပြောလိုက်၏

။

"ဟမ့် မဖြစ်နိုင်ဘူး ..ဒီတစ်သက် ငါ ဘယ်တော့မှ လက်ထပ်မှာ မဟုတ်ဘူး..”

​သူမ၏ တည်ကြည်လေးနက်နေသော အမူအရာကို မြင်တွေ့လိုက်ရသဖြင့် ယန်ကွမ်းမှာမူ အံ့အားသင့်က ာ မေးမိလိုက်သည်။

"ဘာဖြစ်လို့လဲဗျ..”

​"နောက်ဆို နင် သိရမှာပဲဟာ.."

​ထိုသို့ပြောပြီးနောက် ရွှီလင်းက မတ်တပ်ရပ်၍ ထွ က်သွားပေသည်။​သူမ၏ ကျောပြင်လေးကို ငေးကြ ည့်ရင်း ယန်ကွမ်းတစ်ယောက် ဆွံ့အလျက် ကျန်ရစ် ခဲ့သည်။

​သူ တွေးထင်ထားသကဲ့သို့ ရွှီလင်းသည် သာမန် မိန်း ကလေးတစ်ဦး မဟုတ်ကြောင်း သဘောပေါက်လို က်မိသည်။သူမတွင်လည်း ထုတ်မပြောနိုင်သော ကို ယ်ပိုင်သောကများ ရှိနေသော်လည်း ၎င်းတို့အား ဘ ယ်သောအခါမှ အပြင်သို့ ထုတ်မပြခဲ့ခြင်းသာ ဖြစ် ပေလိမ့်မည်။

​စောစောက ရွှီလင်း မျက်လုံးထဲတွင် ဖြတ်ပြေးသွား သော အထီးကျန်ရိပ်များကို မြင်ယောင်မိရင်း ယန် ကွမ်းသည် သူမ စကား၏ ဆိုလိုရင်းကို နားမလည် နိုင်အောင် ဖြစ်နေမိသည်။

သူက နောက်မှ လိုက်သွားပြီး အကျိုးအကြောင်း မေးမြန်းချင်သော်လည်း အလိုက်မသိရာ ရောက်မ ည်စိုးသဖြင့် နောက်နောင် အခွင့်အရေးကြုံမှသာ အေးအေးဆေးဆေး မေးမြန်းရန် ဆုံးဖြတ်လိုက်၏။

​မှောင်ရီပျိုးစအချိန်သို့ ရောက်သောအခါ ယန်ကွမ်း သည် မိမိအခန်းသို့ ပြန်လာခဲ့ပြီး တင်ပလ္လင်ခွေထိုင် ကာ စတင် ကျင့်ကြံလိုက်သည်။​သူက ‘ရှန်နူန်းကျွ ယ်’ကျင့်စဉ်၏ ပထမအဆင့်ဖြစ်သော ခန္ဓာကိုယ်ကြံ့ ခိုင်မှုဆိုင်ရာ အခန်းအား အလွတ်ရနေခဲ့၏။

ကျင့်ကြံလိုက်တိုင်းတွင် သူ့ ဝမ်းဗိုက် ချက်နားရှိ ဒန် တျန်၌ စွမ်းအင်များ ပိုမိုသိပ်သည်းလာသည်ကိုမူ ယန်ကွမ်းတစ်ယောက် ခံစားလိုက်ရသည်။ထိုစွမ်း အင် များသည် နေ့စဉ်နှင့်အမျှ သူ့ တစ်ကိုယ်လုံးရှိ အရိုး အဆစ်များ၊အကြောများနှင့် ကြွက်သားများ ကိုပါ ပိုမိုသန်မာစေခဲ၏။

​ယခုအခါ ယန်ကွမ်း၏ ခွန်အားသည် အနည်းဆုံး ပေါင် ၃၀၀ ကျော် (၁၅၀ ကီလိုဂရမ်ခန့်) လေးလံ သော အရာဝတ္ထုများကိုပင် အလွယ်တကူ မနိုင် ပေသည်။

ထိုမျှ တိုတောင်းလှသော အချိန်ကာလအတွင်း၌ ထူးခြားသည့် စွမ်းအင်းများကို ရခဲ့သဖြင့် ယန်ကွမ်း က အလွန်ပျော်ရွှင်နေမိ၏။

​သို့သော်လည်း တစ်ချိန်တည်းမှာပင် ယန်ကွမ်း၏ စိတ်ထဲ၌ သံသယအချို့ ဖြစ်ပေါ်လာခဲ့သည်။

အဘယ်ကြောင့်ဆိုသော် ဤ ‘ရှန်နူန်းကျွယ်’ကျင့်စဉ် ကို ရရှိရန် သူက ဘာကြောင့် ရွေးချယ်ခံခဲ့ရသလဲဆို သည်ကိုမူ သူကိုယ်တိုင် နားမလည်နိုင်သောကြောင့် ဖြစ်၏။

၎င်းက ကံကောင်းခြင်းသက်သက်ကြောင့်များလား သို့မဟုတ် တစ်ယောက်ယောက်က ကွယ်ရာကနေ ဖ န်တီးပေးလိုက်ခြင်းလားဆိုသည်ကိုမူ သူ ကိုယ်တိုင် လည်း သေချာ မသိပေ။

ဤသို့ဖြင့် ​တစ်ညတာ ကုန်ဆုံးသွားခဲ့၏။တစ်ညလုံ း ကျင့်ကြံခဲ့သော ယန်ကွမ်းသည် မောပန်းနွမ်းနယ် ခြင်း မရှိသည့်အပြင် စိတ်ဓာတ်များက ပိုမိုတက်ကြွ လန်းဆန်းနေပြီး အိပ်ရေးဝဝ အိပ်လိုက်ရသည်ထက် ပင် ပိုမိုနေထိုင်လို့ ကောင်းမွန်နေခဲ့သည်။

သူ့ ​တစ်ကိုယ်လုံး၌ အားအင်များ ပြည့်လျှံနေသဖြင့် အော်ဟစ်ပစ်ချင်စိတ် ပေါက်လာ၏။အခန်းပြင်သို့ ယန်ကွမ်း ထွက်လာခဲ့ရာ ဝူရှောင်လျန်းမှာမူ မနက်စ ာကို ချက်ပြုတ်ပြီးစီးနေပြီ ဖြစ်သည်။

သူမက ထမင်းစားရင်း ယန်ကွမ်းကို မျက်ရိပ်ပြကာ ပြောလိုက်၏။

"ဟဲ့ ရှောင်ကွမ်း.နင် ဒီနေ့ အလုပ်မရှိရင် လင်းလင်း နဲ့အတူ လိုက်သွားပါလား..ဘာပဲဖြစ်ဖြစ် ဟင်းသီးဟ င်းရွက် စိုက်ပျိုးတဲ့ကိစ္စက နင့်အပိုင်ပဲဟာကို..”

​"ဟုတ်ကဲ့ပါ မရီး..”

​ယန်ကွမ်းသည် မရီးဖြစ်သူ၏ စိတ်ကူးကို ရိပ်မိနေခဲ့ သည်။၎င်းမှာ သူ့ကို ရွှီလင်းနှင့် ပိုမိုနီးစပ်ခွင့် ရစေချ င်ရုံသက်သက်သာ ဖြစ်၏။

​သူကိုယ်တိုင်လည်း ထိုသို့သော ဆန္ဒမျိုးရှိသဖြင့် ခေါင်းညိတ်ကာ သဘောတူလိုက်သည်။​ရွှီလင်းက မူ များများစားစား မတွေးပဲ ခေါင်းညိတ်ကာ ပြော လိုက်၏။

"အေးလေ..နင် လိုက်ကြည့်သင့်တာပေါ့.. ဒီနေ့ မြေ ညှိကြမှာ.. ပြီးရင် ဆောက်လုပ်တာတွေ ချက်ချင်း ဆက်လုပ်သွားမှာ..တစ်လလောက်ဆိုရင် ဖန်လုံအိမ် လေးလုံး ဆောက်ပြီးသွားမှာဟ…”

​ယန်ကွမ်းမှာမူ အံ့အားသင့်ကာ ပြန်ပြောလိုက်သ ည်။

"လေးလုံးပဲလား.. အရင်က ခြောက်လုံး ဆောက်ဖို့ စီစဉ်ထားတာ မဟုတ်ဘူးလား..”

​"မြေနေရာက မလောက်ဘူးလေဟာ.. တခြားနေရာ တွေမှာ သွားဆောက်လို့ရပေမဲ့ အဆက်အစပ် မရှိဖြ စ်သွားလိမ့်မယ်..ဒါကြောင့် ငါက နင့်ကိုယ်စား ဆုံးဖြ တ်ချက်ချပြီး လေးလုံးပဲ အရင်ဆောက်ဖို့ စီစဉ်လို က်တာ..ကျန်တဲ့ပိုက်ဆံတွေကို တခြား ရင်းနှီးမြှုပ်နှံ မှုတွေအတွက် သိမ်းထားလို့ရတာပေါ့ဟ.. ဥတွေကို ခြင်းတောင်းတစ်တောင်းတည်း အကုန်ထည့် မထား ရဘူးဆိုတဲ့ အဓိပ္ပာယ်ကို နင် သဘောပေါက်တယ်မ လား.."

ယန်ကွမ်းက ခေါင်းညိတ်ကာ ပြန်ပြောလိုက်၏။

"ကျွန်တော် သဘောပေါက်ပါတယ် မမလင်းရာ.. ဒါ ပေမဲ့ အမက ကျွန်တော့်အပေါ် ယုံကြည်မှု နည်းသေ းတယ်ဗျာ.. ဖန်လုံအိမ်တွေ ဆောက်ပြီးသွားတာနဲ့ ပိုက်ဆံတွေ အများကြီး ဝင်လာမှာကို မမ မကြာခင် မြင်တွေ့ရလိမ့်မယ်.. ကျွန်တော့်ကိုသာ ယုံလိုက်စမ် းပါဗျာ..”

​ထိုစကားနှင့် ပတ်သက်၍ ရွှီလင်းကမူ ပြုံးရုံသာ ပြုံ းနေပြီး ပြန်လည်ငြင်းခုံခြင်း မပြုခဲ့ပေ။

​မနက်စာ စားသောက်ပြီးနောက် နှစ်ဦးသား အပြင် သို့ ထွက်လာခဲ့ကြရာ ရွာတောင်ဘက်ပိုင်းတွင်မူ ရွာ ထဲမှ အမျိုးသမီးအချို့ ရောက်နေကြပြီး အားလုံးမှာ လာရောက် အားပေးကြခြင်း ဖြစ်ပေသည်။

​ဘေးပတ်ဝန်းကျင်တွင် လူသူကင်းဝေးနေခိုက်ကို အ ခွင့်ကောင်းယူ၍ ယန်ကွမ်းက လှမ်းမေးလိုက်၏။

"မမလင်း.. မနေ့က မော့လီ နောက်တစ်ခေါက် ထပ် လာသေးတယ်ဆို.. “

ရွှီလင်းက ခေါင်းညိတ်ပြလိုက်သည်။

​"အင်း... ငါ့ဆီ လာလည်တာပါ"

​ယန်ကွမ်းမှာမူ ဆွံ့အသွားကာ ပြန်ပြောလိုက်၏။

“မမက သူ့ကို စိတ်မဝင်စားဘူးဆို.. အဲဒီကောင်က တကယ်ကို အရှက်မရှိဘဲ မမလင်းဆီကို လာသေး တာပဲလား…”

​"ချုံရှန်းရွာမှာ ငါ ရှိနေတာပဲလေ.. သူလာတာကို ငါ က တားဆီးလို့ မရဘူး မဟုတ်လား..”

​ရွှီလင်းက ယန်ကွမ်းကို လှမ်းကြည့်ကာ ပြောလိုက် သည်။

"ဒါနဲ့... နင်က ဒါကို ဘာလို့ ဒီလောက်တောင် စိတ်ဝ င်စားနေရတာလဲ.."

​ယန်ကွမ်းအနေဖြင့် သူ့ စိတ်ထဲတွင် သဝန်တိုနေသ ည် ဟူ၍ အမှန်အတိုင်း မပြောရဲသဖြင့် ရယ်ကျဲကျဲ ဖြင့် ပြန်ဖြေလိုက်၏။

"ဟီး..ဘာမှမဟုတ်ပါဘူးဗျာ..ဒီအတိုင်း မေးကြည့် တာပါ.. အဓိကက သူ မမကို အနိုင်ကျင့်မှာ စိုးရိမ် လို့ပါဗျာ.."

​"ဒါဆိုရင်တော့ နင် စိတ်ပူမနေပါနဲ့..သူက အဲဒီလော က်အထိ သတ္တိမရှိသေးပါဘူး…"

​ရွှီလင်းက ထိုသို့ပြောပြီးနောက် တစ်စုံတစ်ခုကို သ တိရသွားသည့် ပုံစံဖြင့် ဆက်ပြောလိုက်၏။

"အမ် ဒါနဲ့... ငါ သူ့ကို မေးကြည့်သေးတယ် ရန်ဇီမင် ရဲ့ ကိစ္စက သူနဲ့ ဘာမှမပတ်သက်ဘူးတဲ့.. သူ စီစဉ်ခို င်းတာ မဟုတ်ဘူးလို့လည်း ပြောတယ်.."

​"ဟုတ်လို့လား…”

​ယန်ကွမ်းက လှောင်ပြုံးပြုံးကာ ဆက်ပြောလိုက်သ ည်။

"ဒီလိုကိစ္စမျိုးက လုပ်ပြီးရင်လည်း ဘယ်သူက အမှ န်အတိုင်း ဝန်ခံမှာလဲ မမလင်းရာ..”

​"အေးလေ ဒါလည်း ဟုတ်တာပါပဲ..ဒါပေမဲ့ သူ လိမ် ပြောတာတော့ မဟုတ်ဘူးလို့ ငါထင်တယ်..မော့လီ ကနည်းနည်း ထောင်လွှားတတ်တာ မှန်ပေမဲ့ အဲဒီ လောက်အထိ ယုတ်မာမယ့်လူမျိုး မဟုတ်လောက်ပ ါဘူးဟာ.. “

​"ဒါဆိုလည်း ပြီးတာပါပဲဗျာ.."

ယန်ကွမ်းက ဘာမှထပ်မပြောတော့သော်လည်း စိတ် ထဲတွင်မူ ထိုစကားအား လုံးဝသဘောမတူမိပေ။

​လောကတွင် အမျိုးသားတို့၏ စိတ်နေသဘောထား ကို အသိဆုံးသူမှာ အမျိုးသားအချင်းချင်းသာ ဖြစ် ၏။

​သူက မော့လီနှင့် တစ်ကြိမ်သာ ဆုံဖူးသေးသော်လ ည်း ထိုလူ၏ မျက်ဝန်းထဲမှ အေးစက်သော အရိပ်အ ယောင်များကို အမိအရ မြင်လိုက်ရသည်။ထိုလူသ ည် အေးအေးဆေးဆေးနှင့် လူသတ်မည့် လူစားမျိုး ဖြစ်သည်မှာ သေချာလှ၏။

​ကံကောင်းသည်မှာ ယနေ့မွန်းလွဲပိုင်းတွင် ခရိုင်မြို့ ပေါ်သို့ သူ သွားရန်ရှိနေခြင်းပင်။

အကယ်၍ ညဘက်တွင် အချိန်ရပါက ညကလပ်သို့ သွား၍ ရန်ဇီမင်ထံမှ စကားနှိုက်ကြည့်ရပေမည်။ ထိုအခါမှသာ ကွယ်ရာကနေ မိမိကို မည်သူက လျှို့ ဝှက်ပစ်မှတ်ထားနေသလဲဆိုသည်ကိုမူ သိရပေလိမ့် မည်။

​နှစ်ဦးသား စိုက်ခင်းအစပ်သို့ ရောက်ရှိလာချိန်၌ မြေ ထိုးစက်တစ်စီးမှာ အဆင်သင့် ရောက်ရှိနေ၏။ရွှီလ င်း၏ သဘောတူညီချက်ကို ရရှိပြီးနောက် စက်မော င်းသမားသည် စိုက်ခင်းထဲရှိ လူတစ်ရပ်စာခန့် မြင့် မားနေပြီဖြစ်သော ပြောင်းဖူးပင်များကို မြေလှန် ဖျ က်ဆီးပစ်ရန် စတင်မောင်းနှင်တော့သည်။

​မြေယာများကို ငှားရမ်းထားပြီးဖြစ်သလို စိုက်ခင်း ထဲရှိ ပြောင်းဖူးပင်များအတွက်လည်း လျော်ကြေး ပေးထားသဖြင့် ဤအပင်များကို သူ စိတ်ကြိုက် ရန် ကွမ်းက စီမံပိုင်ခွင့် ရှိနေခဲ့၏။

​နှမြောစရာကောင်းသည်မှာ ဖန်လုံအိမ်ကို အမြန်ဆုံး ဆောက်လုပ်နိုင်ရေးအတွက် ဤသီးနှံပင်ပျိုများကို စနစ်တကျ ဖယ်ရှားပစ်ရမည်သာ ဖြစ်၏။

​မြေထိုးစက်၏ တဒုန်းဒုန်းမြည်ဟည်းသံများနှင့်အ တူ ချုံရှန်းရွာသားများကလည်း တစ်ဦးနှင့်တစ်ဦး တိုးတိုးတိတ်တိတ် ပြောဆိုနေကြပြီး ထိုလူတွေ၏ ပြောစကားများမှာ ယန်ကွမ်းအကြောင်းသာ ဖြစ်နေ ပေသည်။

​ထိုလူအုပ်ကြီးထဲ၌ လူတစ်ဦးသည် မျက်နှာသေဖြင့် ရပ်ကြည့်နေသော်လည်း သူ့ မျက်လုံးထဲတွင်မူ ဒေါ သမီးလျှံများထွက်ပေါ်နေ၏။

All Chapters