← Chapters

အခန်း ၃၄၁

Vol. 35 Ch. 341

အခန်း ၃၄၁

Vol. 35 Ch. 341

အခန်း (၃၄၁) - ဆွေးနွေးတိုင်ပင်ခြင်း

ယင်ချင်းလိန်သည် လုဝမ့် ပြန်လာမည့်အကြောင်း ဆွေးနွေးရန် သူ၏လူများကို စုစည်းနေချိန်တွင် ရွှီနင်နှင့် အခြားသူများသည်လည်း ရေခဲငှက်မွေးကျောင်းတော်မှ လူများနှင့် တွေ့ဆုံနေကြလေသည်။

“အစ်ကိုကျန်း၊ လုဝမ့်.. မင်းတို့ ပြန်ရောက်လာကြပြီပဲ”

အိမ်ထပ်ခိုးအတွင်း၌ ထိပ်ပြောင်ပြောင်နှင့် အဘိုးအိုတစ်ဦးက ရွှီနင်နှင့် အခြားသုံးဦးကို ဆီးကြိုနှုတ်ဆက်လိုက်သည်။

ထိုထိပ်ပြောင်ပြောင်နှင့် အဘိုးအို၏ အမည်မှာ ရွှီစီးချီဖြစ်ပြီး ရေခဲငှက်မွေးကျောင်းတော်၏ နည်းပြများထဲမှ တစ်ဦးဖြစ်သည်။ သူ၏ ခွန်အားမှာ အဆင့်လေး၏ အထွတ်အထိပ်တွင် ရှိပေသည်။

ရွှီစီးချီသည် ကျောင်းအုပ်ဟောင်းအား ထောက်ခံသူတစ်ဦး ဖြစ်သည်။

ထို့ကြောင့် ကျောင်းအုပ်ဟောင်း ကွယ်လွန်သွားပြီးနောက် လုဝမ့် ပြန်လာကာ ကျောင်းအုပ်ရာထူး ဆက်ခံမည့်အချိန်ကို သူ စောင့်ဆိုင်းနေခဲ့ခြင်း ဖြစ်လေသည်။

ယခုမူကား လုဝမ့်နှင့် ကျန်းရွှိတို့မှာ အမှန်တကယ် ပြန်ရောက်လာခဲ့ချေပြီ။

“အစ်ကိုကျန်း.. မင်း ဒဏ်ရာရထားတဲ့ပုံပဲ”

ရွှီစီးချီသည် ကျန်းရွှိ၏ ပုံမှန်မဟုတ်သော အခြေအနေကို သတိထားမိသွားသည်။

“ဟုတ်တယ်.. ငါ ဒဏ်ရာရထားတယ်”

ကျန်းရွှိသည် လုဝမ့်နှင့်အတူ သေမင်းနှုတ်ခမ်းဝမှ လွတ်မြောက်လာခဲ့ရသည့် မကြာသေးမီက အဖြစ်အပျက်များကို ရွှီစီးချီအား ရှင်းပြလိုက်လေသည်။

“ဘာ.. မင်းတို့ကို ယင်ချင်းလိန်ရဲ့လူတွေက လိုက်သတ်ကြတယ် ဟုတ်လား”

ကျန်းရွှိ၏ စကားကို ကြားပြီးနောက် ရွှီစီးချီမှာ ဒေါသထောင်းခနဲ ထွက်သွားပြီး ထိုင်ခုံမှ ချက်ချင်း မတ်တတ်ရပ်လိုက်သည်။

သူသည် ဒေါသကြီးသူတစ်ဦး ဖြစ်ရာ သူ၏ မျက်နှာပေါ်တွင် ဒေါသအမျက်များ ဖုံးလွှမ်းသွားပြီး ပြောလိုက်သည်။

“ငါ အခုချက်ချင်း သူ့ကို သွားရှာမယ်”

“နည်းပြရွှီ”

ကျန်းရွှိက ရွှီစီးချီကို ဆွဲထားလိုက်သည်။

“အလျင်စလို မလုပ်ပါနဲ့။ ခင်ဗျား အခု ယင်ချင်းလိန်ဆီ သွားရင်လည်း သူက ဝန်ခံမှာ မဟုတ်ဘူး။ ငါတို့ကို လိုက်ဖမ်းတဲ့သူတွေက သူ့လူတွေ ဆိုပေမဲ့ သူ လွှတ်လိုက်တာပါဆိုတဲ့ ခိုင်လုံတဲ့ သက်သေမှ မရှိတာ”

“ငါတို့ အခု ပြဿနာသွားရှာရင် သူက ငါတို့ကို ပြန်ပြီး အပြစ်ဖို့လိမ့်မယ်။ ပြီးတော့ သူက အခု ယာယီကျောင်းအုပ်ဖြစ်နေတော့ အာဏာရှိနေတယ်။ ဒီအချက်တွေကို ထည့်သွင်းစဉ်းစားကြည့်ရင် ငါတို့ သူ့ကို ဗြောင်ကျကျ သွားနှိမ်နင်းလို့ မရသေးဘူး”

ကျန်းရွှိ၏ စကားများကြောင့် ရွှီစီးချီ၏ ဒေါသများ အနည်းငယ် ငြိမ်ကျသွားလေသည်။

“ငါ အရမ်း စိတ်လိုက်မာပါ လုပ်မိသွားတယ်”

ရွှီစီးချီ သက်ပြင်းချလိုက်သည်

ထို့နောက် သူသည် ရွှီနင်ကို ကြည့်လိုက်သည်။

“ကျေးဇူးတင်ပါတယ် ညီလေးရွှီနင်။ မင်းကျေးဇူးကြောင့်သာ အစ်ကိုကျန်းနဲ့ လုဝမ့်တို့ အဲဒီအမှိုက်ကောင်တွေ လက်ထဲကနေ လွတ်မြောက်လာနိုင်ခဲ့တာပါ”

လွတ်မြောက်လာခဲ့ပုံကို ပြောပြစဉ်ကတည်းက ကျန်းရွှိသည် ရွှီနင်က သူတို့ကို ကယ်တင်ခဲ့ကြောင်း ရွှီစီးချီအား ပြောပြခဲ့ပြီး ဖြစ်လေသည်။

ရွှီစီးချီသည် ရွှီနင်ကို ကြည့်ရင်း ထူးခြားသူတစ်ဦးအဖြစ် ခံစားလိုက်ရသည်။

ဤမျှ ငယ်ရွယ်သော အသက်အရွယ်ဖြင့် အဆင့်လေး၏ အထွတ်အထိပ်သို့ ရောက်ရှိနေခြင်း ဖြစ်သည်။ အထီးကျန်လေပြင်းဒေသ၏ ထိပ်တန်းအဖွဲ့အစည်းများတွင်သာ ဤမျှ ထူးချွန်သော တပည့်မျိုး ရှိနိုင်ပေလိမ့်မည်။

“ရပါတယ်ဗျာ”

ရွှီနင်က လက်ယှက်ကာ အရိုအသေပေးလိုက်သည်။

“ညီလေးရွှီနင်ကို ရေခဲငှက်မွေးကျောင်းတော်နဲ့ မိတ်ဆက်ပေးဖို့ ငါ ဆုံးဖြတ်ထားတယ်”

ကျန်းရွှိက ပြောလိုက်သည်။

“ဟင်”

ရွှီစီးချီသည် ထိုစကားကို ကြားသောအခါ မသိစိတ်အရ မျက်မှောင်ကြုံ့သွားမိသည်။

ဤသည်မှာ သူ၏ ပင်ကိုတုံ့ပြန်မှုသာ ဖြစ်သည်။

ယခင်က ရေခဲငှက်မွေးကျောင်းတော်သို့ သရုပ်မှန်မသိရသော အစွမ်းထက်သိုင်းပညာရှင်များအား ခေါ်ယူခြင်းမျိုး တစ်ကြိမ်မျှ မရှိခဲ့ဖူးချေ။

သို့သော် ကျန်းရွှိ၏ မျက်လုံးများကို မြင်ပြီးနောက် ရွှီစီးချီတစ်ယောက် အခြေအနေကို သဘောပေါက်သွားလေသည်။

လက်ရှိ ရေခဲငှက်မွေးကျောင်းတော်တွင် ကျောင်းအုပ်ဟောင်း ချန်ရစ်ခဲ့သော အင်အားစုသည် ယင်ချင်းလိန်၏ အင်အားစုနှင့် ယှဉ်လျှင် အတော်လေး အားနည်းနေသည်။

အကယ်၍ ရွှီနင်သာ သူတို့ထံ ပူးပေါင်းလာပါက သူတို့အတွက် ကြီးမားသော အထောက်အပံ့တစ်ခု ဖြစ်လာပေလိမ့်မည်။

ထို့အပြင် လုဝမ့်နှင့် ကျန်းရွှိတို့ကလည်း ရွှီနင်အပေါ် ကျေးဇူးတင်နေရသူများ ဖြစ်သဖြင့် ဤအစီအစဉ်မှာ လွန်ကျူးလွန်းသည်ဟု မဆိုနိုင်ပေ။

“သိပ်ကောင်းတာပေါ့”

အကြောင်းစုံကို နားလည်သွားပြီးနောက် ရွှီစီးချီသည် သူ၏ သဘောထားကို ချက်ချင်း ဖော်ပြလိုက်သည်။

“ညီလေးရွှီနင်က အရည်အချင်းရှိပြီး ခွန်အားလည်း ကြီးမားတယ်။ သူ ရေခဲငှက်မွေးကျောင်းတော်ကို ဝင်လာတာက ကောင်းတဲ့ကိစ္စပဲ။ ငါ ထောက်ခံတယ်”

“နောက်ပိုင်းကျရင် ညီလေးရွှီနင်ကို နည်းပြတစ်ယောက် ဖြစ်လာဖို့ ငါ နည်းလမ်းရှာပြီး ကူညီပေးမယ်”

ကျန်းရွှိက သူ၏ စိတ်ကူးကို ဖွင့်ပြောလိုက်သည်။

“အဲဒါကတော့ နည်းနည်း ခက်ခဲနိုင်တယ်...”

ရွှီစီးချီသည် ခေတ္တမျှ စဉ်းစားပြီးမှ ပြန်ဖြေလိုက်လေသည်။

‘နည်းပြရာထူး ဟုတ်လား’

ရွှီနင် အနည်းငယ် အံ့အားသင့်သွားမိသည်။

ကျန်းရွှိက ဤကိစ္စကို သူ့အား ယခင်က တစ်ကြိမ်မျှ မပြောပြခဲ့ဖူးပေ။

‘ကြည့်ရတာ သူတို့က ငါ့ကို သူတို့အဖွဲ့ထဲ ဆွဲသွင်းချင်နေတဲ့ပုံပဲ’

ရွှီနင်သည် ခေတ္တမျှ တွေးတောလိုက်ပြီးနောက် ကျန်းရွှိ၏ ရည်ရွယ်ချက်ကို သဘောပေါက်သွားလေသည်။

နည်းပြတစ်ယောက်ဖြစ်လာပြီး သူတို့နှင့် တစ်လှေတည်းစီး တစ်ခရီးတည်းသွား ဖြစ်လာခြင်းက ယင်ချင်းလိန်နှင့် တိုက်ခိုက်ရာတွင် ကြီးမားသော အကူအညီတစ်ခု ဖြစ်လာပေလိမ့်မည်။

“အစ်ကိုကျန်း.. မင်း ဘယ်လို စီစဉ်ထားလဲ”

ရွှီစီးချီက မေးလိုက်သည်။

“သခင်လေး ပြန်ရောက်လာပြီဆိုတော့ အစည်းအဝေးတစ်ခုလုပ်ဖို့ ကျွန်တော်တို့ ဦးဆောင်ရမယ်”

ကျန်းရွှိက ပြောလိုက်သည်။

“အစည်းအဝေးမှာ လုဝမ့် ကျောင်းအုပ်ရာထူးကို ဆက်ခံမယ့်ကိစ္စကို ကျွန်တော်တို့ မဖြစ်မနေ ထည့်ပြောရမယ်။ ပြီးတော့ ကျောင်းအုပ်ဟောင်းရဲ့ နောက်ဆုံးမှာကြားချက်တွေကို အသုံးပြုပြီး ကျွန်တော်တို့ဘက်က အသာစီးရအောင် ယူရမယ်”

“ယင်ချင်းလိန်ဘက်က လူတွေကတော့ ကျွန်တော်တို့ကို လွယ်လွယ်နဲ့ အောင်မြင်ခွင့်ပေးမှာ မဟုတ်ဘူး။ သခင်လေး ကျောင်းအုပ်ရာထူး ဆက်ခံမယ့်ကိစ္စကို တားဆီးဖို့ သူတို့က ဆင်ခြေအမျိုးမျိုး ပေးလာကြမှာ သေချာတယ်။ နှစ်ဖက်အင်အားကို ချိန်ဆကြည့်ရင် ဒီဆုံးဖြတ်ချက်မှာ ကျွန်တော်တို့ဘက်က အသာစီးရဖို့ဆိုတာ လုံးဝ မဖြစ်နိုင်သလောက်ပဲ။”

“ယင်ချင်းလိန်ရဲ့ လုပ်ဟန်အရဆိုရင် သူတို့လုပ်ရပ်က ကိုယ်ကျင့်တရားအရ မှားယွင်းနေတယ်ဆိုရင်တောင် ဒီဆုံးဖြတ်ချက်ကို အချိန်ဆွဲပြီး တခြားဆင်ခြေတွေပေးပြီး ရင်ဆိုင်လာမှာပဲ။ ဒါတွေအားလုံးကို ထည့်တွေးကြည့်ရင် ယင်ချင်းလိန်ကို ကျောင်းအုပ်ရာထူးကနေ ဖယ်ရှားဖို့ဆိုတာ ခက်ခဲတယ်”

“ဒါပေမဲ့ ဒီအခွင့်အရေးကို အသုံးချပြီး ကျွန်တော်တို့ နည်းဗျူဟာပြောင်းလို့ ရတယ်။ သခင်လေး ကျောင်းအုပ်ရာထူး ဆက်ခံမယ့်ကိစ္စကို ငြင်းပယ်ခံရတဲ့အချိန်ကျရင် ညီလေးရွှီနင်ကို နည်းပြတစ်ယောက်အဖြစ် ကျွန်တော်တို့ အဆိုပြုမယ်။ ဒီလိုဆိုရင် ကျွန်တော်တို့ဘက်က အတားအဆီး သိပ်ကြုံရမှာ မဟုတ်ဘူး”

ကျန်းရွှိ၏ စကားများသည် သေချာပေါက် ကြိုတင်စဉ်းစားထားကြောင်း သိသာနေလေသည်။

“ကောင်းပြီ”

ရွှီစီးချီသည် ထိုစကားကို ကြားပြီးနောက် ကျန်းရွှိ၏ အကြံဉာဏ်ကို သဘောတူလိုက်သည်။

“ဒီအစီအစဉ် အောင်မြင်ဖို့အတွက် လုဝမ့်ကို ထောက်ခံနေတဲ့ တခြားသူတွေကို ငါ သွားရှာလိုက်မယ်။ လာမယ့် အစည်းအဝေးကျရင် အားလုံး ဝိုင်းဝန်းကြိုးပမ်းကြတာပေါ့”

“ဒီလို ပင်ပန်းခံပေးတဲ့အတွက် ကျေးဇူးပါပဲ”

ကျန်းရွှိက ပြောလိုက်သည်။

ရွှီစီးချီသည် လက်ကာပြလိုက်ပြီး အခြားအကူအညီပေးမည့်သူများကို ရှာဖွေရန် အလျင်အမြန် ထွက်သွားလေတော့သည်။

ထို့နောက်တွင် ရွှီနင်နှင့် ကွမ်ယွဲ့တို့အတွက် နေထိုင်ရန် နေရာထိုင်ခင်းများ စီစဉ်ပေးခဲ့ပြီးနောက် သူတို့လည်း နေရာကျသွားကြလေသည်။

“အစ်ကိုရွှီ.. ရေခဲငှက်မွေးကျောင်းတော်ရဲ့ ပြဿနာတွေကြားထဲ ဝင်ပါလိုက်ရင် ကျွန်မတို့ အန္တရာယ်ကင်းပါ့မလား”

စိတ်အေးသွားပြီးနောက် ကွမ်ယွဲ့သည် ရွှီနင်ထံလာကာ သူမ၏ စိုးရိမ်ပူပန်မှုများကို ဖွင့်ဟပြောဆိုလိုက်သည်။

သူမအတွက် နေထိုင်စရာ နေရာတစ်ခု ရရှိသွားပြီ ဖြစ်သော်လည်း ဘဝက ငြိမ်းချမ်းမနေသေးပေ။

“အန္တရာယ်ရှိတဲ့ နေရာမှာ အခွင့်အရေးတွေလည်း ရှိနေတာပါပဲ”

ရွှီနင်က ပြောလိုက်သည်။

“ကျုပ်တို့သာ ဒီအခွင့်အရေးကို အသုံးမချဘူးဆိုရင် ကြီးမားတဲ့ သိုင်းအဖွဲ့အစည်းကြီးတစ်ခုထဲ ဝင်ရောက်နိုင်ဖို့ဆိုတာ လုံးဝ မဖြစ်နိုင်သလောက်ပဲ။ လက်ရှိအခြေအနေက နည်းနည်း ရှုပ်ထွေးနေတယ် ဆိုပေမဲ့ နောက်ဆက်တွဲရလဒ်တွေက သိပ်ဆိုးရွားမှာ မဟုတ်ဘူးလို့ ကျွန်တော် ထင်တယ်”

ရွှီနင်၏ ယုံကြည်မှုသည် ကျန်းရွှိနှင့် ရွှီစီးချီတို့ထံမှ လာခြင်းမဟုတ်ဘဲ သူကိုယ်တိုင်ထံမှသာ လာခြင်းဖြစ်သည်။

အကယ်၍ သူသာ ရေခဲငှက်မွေးကျောင်းတော်၏ နည်းပြတစ်ဦး ဖြစ်လာပါက သိုင်းပညာအရင်းအမြစ် အမြောက်အမြားကို ရရှိလာပေလိမ့်မည်။

ထိုအရင်းအမြစ်များကို လက်ဝယ်ပိုင်ဆိုင်ထားပါက အဆင့်ငါးသို့ တက်လှမ်းရန် လိုအပ်သောအချိန်မှာ တိုတောင်းသွားပေလိမ့်မည်။

အဆင့်ငါးသို့ တက်လှမ်းနိုင်သွားသည်နှင့် ယင်ချင်းလိန်သည် သူ၏ ပြိုင်ဘက် လုံးဝ ဖြစ်လာတော့မည် မဟုတ်ပေ။

“အင်း...”

ရွှီနင်၏ စကားကို ကြားပြီးနောက် ကွမ်ယွဲ့တစ်ယောက် အနည်းငယ် စိတ်သက်သာရာ ရသွားလေသည်။

အတူတကွ အချိန်အတော်ကြာ ဖြတ်သန်းခဲ့ပြီးနောက်တွင် သူမသည် ရွှီနင်အား သူမ၏ အားကိုးရာ ကျောထောက်နောက်ခံအဖြစ် မှတ်ယူထားခဲ့သည်မှာ ကြာပြီဖြစ်သည်။ ရွှီနင် ဘာပြောပြော သူမ ယုံကြည်လေသည်။

နှစ်ရက်ခန့် ကုန်လွန်သွားခဲ့လေသည်။

“ညီလေးရွှီ.. သွားကြစို့”

ကျန်းရွှိ ကိုယ်တိုင် ရွှီနင်အား လာခေါ်လေသည်။

“ရေခဲငှက်မွေးကျောင်းတော်ရဲ့ အထက်ပိုင်း အစည်းအဝေးက မကြာခင် စတော့မယ်။ မင်း နည်းပြရာထူး ရဖို့အတွက် ရွှီစီးချီနဲ့ ငါ အစွမ်းကုန် ကြိုးစားပေးမယ်”

“ကောင်းပါပြီ”

ရွှီနင် ခေါင်းညိတ်ပြလိုက်ပြီး ကျန်းရွှိနောက်မှ အစည်းအဝေးလုပ်မည့် နေရာသို့ လိုက်ပါသွားလေသည်။

အခန်းထဲတွင် လူဆယ်ယောက်ခန့် ရှိနေနှင့်ပြီ ဖြစ်သည်။

ရွှီနင် ဝင်လာသည်နှင့် တစ်ပြိုင်နက် လူတိုင်းက သူ့ကို လှမ်းကြည့်လိုက်ကြသည်။

သူတို့၏ မျက်လုံးများထဲတွင် စူးစမ်းလိုစိတ်များ၊ ခင်မင်ရင်းနှီးမှုများနှင့်အတူ အကြောက်တရားနှင့် သရော်လှောင်ပြောင်မှုများလည်း ပါဝင်နေလေသည်။

တစ်ချက်ကြည့်လိုက်ရုံဖြင့် ရွှီနင်သည် နှစ်ဖက်အုပ်စု၏ အခြေအနေများကို အကြမ်းဖျင်း အတည်ပြုနိုင်ခဲ့လေပြီ။

“ရွှီနင်.. ထိုင်လေ”

ကျန်းရွှိက ရွှီနင်အား ထိုင်ရန် အမူအရာပြလိုက်သည်။

“ဒီနေ့ ရောက်လာတဲ့လူတွေ အားလုံးက ရေခဲငှက်မွေးကျောင်းတော်က လူတွေချည်းပဲ။ နည်းပြတွေအပြင် တခြား အရေးပါတဲ့ ပုဂ္ဂိုလ်တချို့လည်း ပါတယ်”

“အင်း...”

ရွှီနင် အသံပြုလိုက်ပြီး ဆက်လက်၍ အကဲခတ်နေလေတော့သည်။

All Chapters