← Chapters

အခန်း ၃၄၇

Vol. 35 Ch. 347

အခန်း ၃၄၇

Vol. 35 Ch. 347

အခန်း (၃၄၇) - အလွယ်တကူ နှိမ်နင်းခြင်း

လေပင်လယ်ကျောင်းတော်၏ အခြေခံအုတ်မြစ်သည် ရေခဲငှက်မွေးကျောင်းတော်ထက် ပိုမိုခိုင်မာသော်လည်း သူတို့၏ အသန်မာဆုံးသူများမှာ အဆင့်ခြောက် မှော်ပညာရှင် နှစ်ဦးသာ ရှိပေသည်။

အဆင့်လေး မှော်ပညာရှင်များအား လုပ်ကြံရန်အတွက် ထိုအဆင့်ခြောက် မှော်ပညာရှင်များကို စေလွှတ်လိမ့်မည် မဟုတ်ချေ။

လက်ရှိအချိန်တွင် အဆင့်ငါး မှော်ပညာရှင်တစ်ဦးဖြစ်သည့် ရွှီနင်၏ အစစ်အမှန် စွမ်းအားများမှာလည်း ဖော်ထုတ်ခြင်း မရှိသေးပေ။

“မင်း တော်တော်လေး ဂရုစိုက်ရမယ်နော်”

ကျန်းရွှိ၏ ရင်တွင်း၌ အမုန်းတရားများ ပွက်ပွက်ဆူနေသော်လည်း သူသည် အသိစိတ်ကို လက်မလွှတ်ခဲ့ပေ။

“မင်း အဲဒါလုပ်နေတဲ့အချိန် ငါက ကျောင်းအုပ်ဟောင်း သေဆုံးတာနဲ့ပတ်သက်ပြီး လျှို့ဝှက်စုံစမ်းတာတွေ ပြန်စလုပ်မယ်”

ကျန်းရွှိက ဆက်၍ ပြောလိုက်သည်။

“ငါ သက်သေအထောက်အထားတချို့ ရှာတွေ့တာနဲ့ ရေခဲငှက်မွေးကျောင်းတော်ထဲက မှော်ပညာရှင်တွေအားလုံးတင်မကဘူး အထီးကျန်လေပြင်းနယ်မြေ တောင်ပိုင်းတစ်ခွင်လုံးကိုပါ ကြေညာပစ်မယ်။ ယင်ချင်းလိန်ရဲ့ ဂုဏ်သိက္ခာကို အပြီးတိုင် ဖျက်ဆီးပစ်ရမယ်”

“အင်း...”

ရွှီနင် ခေါင်းညိတ်လိုက်သည်။

ယင်ချင်းလိန်၊ ကုချီရှင်နှင့် လေပင်လယ်ကျောင်းတော်တို့ လျှို့ဝှက်ပူးပေါင်းထားကြကြောင်းကို မည်သူမျှ သိမထားကြချေ။

ယင်ချင်းလိန်ဘက်မှ အခြားသောနည်းပြများပင် ထိုလျှို့ဝှက်ချက်များကို မသိရှိခဲ့ကြပေ။

အမှန်တရားကိုသာ သိသွားခဲ့ပါက သူတို့သည်လည်း ယင်ချင်းလိန်နှင့် မလွဲမသွေ လမ်းခွဲကြပေလိမ့်မည်။

“ကောင်းပြီလေ... ကျွန်တော် နည်းပြရွှီကို သွားရှာပြီး ကြိုတင်ညှိနှိုင်းထားလိုက်မယ်”

အချိန်ခေတ္တမျှ တိုင်ပင်ဆွေးနွေးပြီးနောက် ရွှီနင်သည် ရွှီစီးချီကို ရှာဖွေရန် ကျန်းရွှိ၏ စာကြည့်ခန်းထဲမှ ထွက်ခွာလာခဲ့လေသည်။

သုံးရက်ကြာပြီးနောက်…

မွန်းလွဲပိုင်းအချိန်တွင် ရွှီနင်နှင့် ရွှီစီးချီတို့ အတူတကွ အပြင်ထွက်လာခဲ့ကြသည်။

ရေခဲငှက်မွေးကျောင်းတော်သည် သစ်တောအုပ်ကြီး၏ အနက်ရှိုင်းဆုံးနေရာတွင် တည်ရှိနေသောကြောင့် သူတို့သည် ထူထပ်သော တောအုပ်ကြီးကို ဦးစွာ ဖြတ်သန်းသွားရမည် ဖြစ်သည်။

သူတို့နှစ်ဦး ရေခဲငှက်မွေးကျောင်းတော်မှ ထွက်လာသည်နှင့်တစ်ပြိုင်နက် လူရိပ်အချို့သည် သူတို့နောက်သို့ တိတ်တဆိတ် လိုက်ပါလာကြလေသည်။

“နည်းပြရွှီ... သတိထားဦးနော်”

ရွှီနင်က တောအုပ်အတွင်း ဖြတ်သန်းသွားလာနေစဉ် သတိရှိရန် ရွှီစီးချီအား သတိပေးလိုက်ခြင်း ဖြစ်သည်။

ရွှီစီးချီ ထိုစကားကို ကြားလိုက်ရသောအခါ မျက်မှောင်ကြုတ်လိုက်သည်။ သူတို့ကို ခြုံခိုတိုက်ခိုက်မည့် လုပ်ကြံသူများ အနီးအနားတွင် ရှိနေကြောင်း ရွှီနင် ပြောလိုမှန်း သူ ကောင်းစွာ နားလည်လိုက်သည်။

လွန်ခဲ့သော သုံးရက်က ရွှီနင်သည် ကျန်းရွှိ၏ စာကြည့်ခန်းမှ ထွက်လာပြီးနောက် ရွှီစီးချီကို သွားရောက်ရှာဖွေကာ အဖြစ်အပျက်အားလုံးကို ပြောပြထားခဲ့ပြီး ဖြစ်သည်။

ရွှီစီးချီသည် ထိုအကြောင်းများကို ကြားသိရပြီးနောက် ဒေါသထွက်ကာ တုန်လှုပ်သွားခဲ့သော်လည်း စိတ်ကို တည်ငြိမ်အောင်ထားပြီး ရွှီနင်၏ အကြံပေးချက်ကို လက်ခံလိုက်လေသည်။

ထို့နောက် လေပင်လယ်ကျောင်းတော်မှ လုပ်ကြံသူများကို ဖမ်းဆီးနိုင်ရန် သူ့ကိုယ်သူ ငါးစာအဖြစ် အသုံးပြုရန် ပြင်ဆင်ခဲ့လေသည်။

လက်ရှိတွင် ရွှီနင်နှင့် ရွှီစီးချီတို့သည် မြင်းနှစ်ကောင်ကို စီးနှင်လာကြသည်။

ထိုမြင်းနှစ်ကောင်မှာ အလွန်မြင့်မားပြီး ကြွက်သားများဖြင့် သန်စွမ်းတောင့်တင်းလှပေသည်။

ထို့အပြင် မြင်းများ၏ ခန္ဓာကိုယ်ပေါ်တွင် ထူးခြားသော အမှတ်အသားမျဉ်းကြောင်းများကို အထင်အရှား တွေ့မြင်ရလေသည်။

ထိုအမှတ်အသားများ၏ မျက်နှာပြင်ပေါ်မှ မှော်ပညာရှင်တစ်ဦး၏ စွမ်းအားများ ဖြာထွက်နေလေသည်။

မှော်ပညာရှင်လောကတွင် သဘာဝအတိုင်း ဖြစ်တည်လာသော မိစ္ဆာသားရဲများဟူ၍ မရှိချေ။

သို့သော် အချို့သော အထူးမှော်ပညာရှင်များသည် သက်ရှိသတ္တဝါများကို ပြုပြင်ပြောင်းလဲကာ ထူးကဲသော စွမ်းအားများ ထည့်သွင်းပေးနိုင်စွမ်း ရှိကြသည်။

ရွှီနင်နှင့် ရွှီစီးချီတို့ စီးနှင်လာသော မြင်းနှစ်ကောင်မှာလည်း ထိုကဲ့သို့ အထူးပြုပြင်ထားခြင်း ခံရသော မြင်းများပင်။ ပြုပြင်ခံထားရသဖြင့် ထိုမြင်းများသည် အလွန်လျင်မြန်စွာ ပြေးနိုင်ပြီး ခုခံနိုင်စွမ်းအားများသည်လည်း ကြီးမားလှပေသည်။

အဆင့်ခြောက်နှင့်အောက် မှော်ပညာရှင်တစ်ဦးသည် သူတို့၏ မှော်စွမ်းအားများကို အသုံးမပြုပါက ရုပ်ပိုင်းဆိုင်ရာ ခွန်အားသက်သက်ဖြင့် ဤမြင်းနှစ်ကောင်ကို ယှဉ်ပြိုင်နိုင်မည် မဟုတ်ပေ။

ခွပ်... ခွပ်... ခွပ်...

မြင်းခွာသံများနှင့်အတူ မြင်းနှစ်ကောင်သည် ထူထပ်သော တောအုပ်ကြီးထဲသို့ ဝင်ရောက်သွားကြလေသည်။

ဝှစ်...

ရုတ်တရက် တောအုပ်လမ်းကျဉ်း၏ ဘေးတစ်ဖက်တစ်ချက်ဆီမှ ရေခဲမြား တစ်ဒါဇင်ကျော်ခန့် ပျံသန်းထွက်ပေါ်လာလေသည်။

“သတိထား”

ရွှီနင်၏ သတိပေးချက်ကြောင့် ရွှီစီးချီသည် ကြိုတင်ပြင်ဆင်ထားပြီး ဖြစ်လေသည်။

အန္တရာယ်ကျရောက်လာပြီဖြစ်ကြောင်း သိလိုက်ရသည်နှင့် တစ်ပြိုင်နက် သူတို့နှစ်ဦးသည် မြင်းပေါ်မှ ခုန်ဆင်းကာ အလျင်အမြန် ရှောင်တိမ်းလိုက်ကြသည်။

မြင်းနှစ်ကောင်မှာ ဒဏ်ရာမရခဲ့သော်လည်း အလွန်ထိတ်လန့်သွားကြသည်။ ထို့ကြောင့် သူတို့နှစ်ဦးကို ခါချကာ တောအုပ်ကြီးထဲသို့ ထွက်ပြေးသွားကြတော့သည်။

ရေခဲမြားအစုအဝေးကို ရှောင်တိမ်းပြီးနောက် တောအုပ်ထဲတွင် လူငါးယောက်၏ ပုံရိပ်များ ပေါ်ထွက်လာလေသည်။

သူတို့အားလုံးသည် မီးခိုးရောင်ဝတ်စုံများကို ဝတ်ဆင်ထားကြပြီး မျက်နှာဖုံးများလည်း တပ်ဆင်ထားကြသည်။

‘အဆင့်ငါး တစ်ယောက်၊ အဆင့်လေး လေးယောက်...’

ရွှီနင်သည် လူငါးယောက်၏ စွမ်းအားကို ခန့်မှန်းလိုက်သည်။

ရွှီနင်၏ နှုတ်ခမ်းထောင့်များ အနည်းငယ် ကွေးတက်သွားသည်။ သူ၏ လက်ရှိစွမ်းအားဖြင့် ဤလူငါးယောက်ကို ရင်ဆိုင်ရန် မခက်ခဲလှကြောင်း သူ ကောင်းစွာ သိရှိထားလေသည်။

“တိုက်ကြ”

အဆင့်ငါး ခေါင်းဆောင်က အမိန့်ပေးလိုက်သည်။

ချက်ချင်းဆိုသလိုပင် အဆင့်လေး မှော်ပညာရှင် လေးယောက်သည် သူတို့၏ မှော်နည်းစနစ်များကို လျင်မြန်စွာ အသက်သွင်းလိုက်ပြီး ရွှီနင်နှင့် ရွှီစီးချီတို့အား တိုက်ခိုက်လာကြတော့သည်။

အဆင့်လေး မှော်ပညာရှင် လေးယောက်အနက် နှစ်ဦးမှာ အနီးကပ်တိုက်ခိုက်မည့် မှော်နည်းစနစ်များကို အသုံးပြုလာပြီး ကျန်နှစ်ဦးမှာမူ အဝေးမှနေ၍ တိုက်ခိုက်မည့် မှော်နည်းစနစ်များကို အသက်သွင်းလိုက်ကြသည်။

“မုန်တိုင်းအကာအကွယ်”

သူတို့၏ မှော်နည်းစနစ်များ အနားသို့ရောက်လာချိန်မှာပင် ရွှီနင်သည် သူ၏ မှော်နည်းစနစ်ကို အသက်သွင်းလိုက်လေသည်။

ထူထဲသော လေတံတိုင်းတစ်ခုသည် ရွှီနင်နှင့် ရွှီစီးချီတို့၏ ဘေးတွင် ချက်ချင်း ပေါ်ပေါက်လာသည်။

ထိုလေတံတိုင်းပေါ်တွင် လေဓားသွားများလည်း ကပ်ပါနေလေသည်။

လုပ်ကြံသူများ၏ မှော်နည်းစနစ်များသည် လေတံတိုင်းနှင့် ထိတွေ့သွားသောအခါ မှော်စွမ်းအားတစ်စိတ်တစ်ပိုင်းမှာ ပျောက်ကွယ်သွားပြီး ကျန်ရှိနေသော စွမ်းအားများမှာမူ သူတို့ထံသို့ ပြန်လည်ရိုက်ခတ်သွားတော့သည်။

ရွှီနင်၏ မုန်တိုင်းအကာအကွယ်မှာ ရုတ်တရက် အသက်ဝင်လာသဖြင့် လုပ်ကြံသူများခမျာ လုံးဝ မတုံ့ပြန်နိုင်ခဲ့ကြပေ။

ပြန်လည်ရိုက်ခတ်လာသော မှော်နည်းစနစ်များကြောင့် သူတို့အားလုံး ဒဏ်ရာရသွားကြလေသည်။

‘ဒုက္ခပဲ’

အဆင့်ငါး မှော်ပညာရှင် ခေါင်းဆောင်၏ မျက်နှာထားမှာ ရုတ်ခြည်း ပြောင်းလဲသွားတော့သည်။

ခေါင်းဆောင်ဖြစ်သူက အော်ဟစ်လိုက်သည်။

“သတင်းအချက်အလက်တွေ မှားနေပြီ... ပစ်မှတ်တွေထဲက တစ်ယောက်က အဆင့်ငါး မှော်ပညာရှင်ဖြစ်နေတယ်”

ထို့နောက် ထပ်မံ အမိန့်ပေးလိုက်သည်။

“ဆုတ်ကြ”

သို့သော် ရွှီနင်က သူတို့ကို အခွင့်အရေး မပေးခဲ့ချေ။

“ဆွဲငင်အားစက်ဝန်းနည်းစနစ်”

ရွှီနင်နှင့် အဝေးသို့ ထွက်ပြေးရန် ကြိုးစားနေသော အဆင့်လေး မှော်ပညာရှင် လေးယောက်သည် သူတို့၏ ခန္ဓာကိုယ်များ ဆွဲယူခံလိုက်ရကြောင်း ရုတ်တရက် ခံစားလိုက်ကြရသည်။

ထို့နောက် ပြင်းထန်သော ဖိအားနှင့် ဆွဲဖြဲလိုသော ဆွဲငင်အားတစ်ခုက သူတို့ကို ရစ်ပတ်လာလေသည်။

အော်ဟစ်သံအချို့ ထွက်ပေါ်လာပြီးနောက် အဆင့်လေး မှော်ပညာရှင် လေးယောက်လုံးမှာ မြေပြင်ပေါ်တွင် လဲကျသွားကြပြီး သေလုမျောပါး ဖြစ်သွားကြတော့သည်။

ရွှီနင်သည် သူတို့ကို မသတ်ခဲ့ပေ။ သို့သော် တိုက်ခိုက်မှု တစ်ကြိမ်တည်းဖြင့် သူတို့၏ တိုက်ခိုက်နိုင်စွမ်းအားလုံးကို ဖျက်ဆီးပစ်လိုက်လေသည်။

‘ငါတော့ ဒုက္ခရောက်ပြီ’

ထိုမြင်ကွင်းကို မြင်လိုက်ရသောအခါ အဆင့်ငါး မှော်ပညာရှင်သည် နောက်သို့လှည့်ကာ ထွက်ပြေးလေတော့သည်။

အဆင့်လေးအဖြစ် ဟန်ဆောင်ထားသော ဤအဆင့်ငါး မှော်ပညာရှင်သည် သူ့ထက် ပိုမို အစွမ်းထက်ကြောင်း သဘောပေါက်သွားချေပြီ။

“ထွက်ပြေးချင်နေတာလား”

ရွှီနင်သည် ချက်ချင်းပင် သူ့နောက်သို့ လိုက်လေသည်။

သူသည် လုပ်ကြံသူခေါင်းဆောင်ကို ထွက်မပြေးနိုင်စေရန် နောက်ထပ် ဆွဲငင်အားစက်ဝန်းနည်းစနစ်တစ်ခုကို အသုံးပြုလိုက်သည်။

“တိုက်စားခြင်းမိုး”

ချက်ချင်းဆိုသလိုပင် ရွှီနင်သည် အခြားသော မှော်နည်းစနစ်တစ်ခုကိုပါ ထပ်မံ အသုံးပြုလိုက်လေသည်။

ဝှစ်...

ကျဉ်းမြောင်းသော ဧရိယာတစ်ခုအတွင်း၌ အမည်းရောင် မိုးပေါက်များ ရွာကျလာသည်။

လုပ်ကြံသူခေါင်းဆောင်သည်လည်း ထိုမှော်နည်းစနစ်ကို ချက်ချင်း တုံ့ပြန်လိုက်သည်။ သူ့ပတ်လည်တွင် အလင်းတံတိုင်းတစ်ခု ပေါ်ထွက်လာပြီး တိုက်စားခြင်းမိုးကို တားဆီးကာကွယ်လိုက်သည်။

ရှဲ... ရှဲ... ရှဲ...

တိုက်စားခြင်းမိုးပေါက်များသည် အလင်းတံတိုင်းပေါ်သို့ ကျရောက်သွားရာ တရှဲရှဲ မြည်သံများ ထွက်ပေါ်လာလေသည်။

ကြွပ်... ကြွပ်... ကြွပ်...

မကြာမီမှာပင် လုပ်ကြံသူခေါင်းဆောင်၏ အလင်းတံတိုင်းသည် တိုက်စားမှုကို ဆက်လက်မခံနိုင်သဖြင့် အစိတ်စိတ်အမွှာမွှာ ကွဲအက်သွားလေတော့သည်။

‘ဒုက္ခပဲ’

လုပ်ကြံသူခေါင်းဆောင်မှာ တိုက်စားခြင်းမိုးထဲတွင် နစ်မြုပ်လုနီးပါး ဖြစ်သွားချေပြီ။

သို့သော် တိုက်စားခြင်းမိုးပေါက်များ လုပ်ကြံသူခေါင်းဆောင်၏ အပေါ်သို့ မကျရောက်မီ ရွှီနင်သည် စိတ်အာရုံဖြင့် မိုးပေါက်များကို ရပ်တန့်လိုက်သည်။

ထို့နောက် အဆင့်ငါး မှော်ပညာရှင်ကို ဆွဲငင်အားစက်ဝန်းနည်းစနစ်ဖြင့် သတိလစ်သွားစေရန် ရိုက်ချလိုက်လေသည်။

‘ပြီးပြီပဲ...’

ရွှီနင်သည် အချိန်တိုလေးအတွင်းမှာပင် လုပ်ကြံသူအားလုံးကို အောင်မြင်စွာ နှိမ်နင်းနိုင်ခဲ့လေပြီ။

တိုက်ပွဲစတင်သည့်အချိန်မှစ၍ ရွှီနင်သည် ကြောက်မက်ဖွယ်ကောင်းသော တိုက်ခိုက်နိုင်စွမ်းကို ထုတ်ဖော်ပြသခဲ့သဖြင့် အဆင့်ငါး လုပ်ကြံသူမှာ သူ၏ အစွမ်းအစများကို အပြည့်အဝ အသုံးမပြုလိုက်နိုင်ပေ။

“ဟူး...”

အခြားတစ်ဖက်တွင် ရွှီစီးချီတစ်ယောက် အသက်ပြင်းပြင်း ရှူလိုက်မိသည်။

သူသည် အံ့အားသင့်လွန်းသဖြင့် အသံပင် မထွက်နိုင်တော့ချေ။

ရွှီနင်သည် လုပ်ကြံသူအားလုံးကို မျက်စိတစ်မှိတ်အတွင်း အလွယ်တကူ ရှင်းလင်းပစ်ခဲ့သည်။

ထို့အပြင် ရွှီနင်သည် သူတို့အားလုံးကို အရှင်ဖမ်းဆီးနိုင်ခဲ့ခြင်း ဖြစ်သည်။

ဤကဲ့သို့ လုပ်ဆောင်နိုင်စွမ်းမှာ သတ်ပစ်ခြင်းထက် အဆပေါင်းများစွာ ပို၍ခက်ခဲလှပေသည်။

‘ဒါက အဆင့်ငါး အစပိုင်းအဆင့်ရဲ့ စွမ်းအားမဟုတ်ဘူး... အဆင့်ငါး အထွတ်အထိပ်အဆင့်ဆိုရင်တောင် ဒီလောက် မစွမ်းနိုင်ဘူး...’

ရွှီစီးချီမှာ ကြက်သေ သေနေမိသည်။

လွန်ခဲ့သော လအနည်းငယ်က ကျန်းရွှိတစ်ယောက် ရွှီနင်ကို ခေါ်ဆောင်လာခဲ့သည့်အတွက် သူ အတိုင်းမသိ ဝမ်းသာနေမိသည်။

“နည်းပြရွှီ... ဒီလုပ်ကြံသူတွေကို ခေါ်ပြီး ရေခဲငှက်မွေးကျောင်းတော်ကို ပြန်သွားကြရအောင်”

ရွှီနင်က ဆက်လက်၍ ပြောလိုက်သည်။

“ကျွန်တော်တို့ ပြန်ရောက်သွားတဲ့အခါ အသုံးဝင်တဲ့ အချက်အလက်တွေရအောင် ဒီလူတွေကို စစ်ဆေးမေးမြန်းကြတာပေါ့”

“ကောင်းပြီ”

ရွှီစီးချီက ချက်ချင်း ပြန်ဖြေလိုက်သည်။

ယခုအချိန်တွင် သူသည် ရွှီနင်ကို အကြွင့်းမဲ့ ယုံကြည်သွားခဲ့ပြီ ဖြစ်သည်။

လုပ်ကြံသူများကို နှိမ်နင်းပြီးနောက် သူတို့နှစ်ဦးသည် တောအုပ်ထဲသို့ ထွက်ပြေးသွားသော မြင်းနှစ်ကောင်ကို ပြန်လည်ရှာဖွေလိုက်ကြသည်။

ထို့နောက် အပြည့်အဝ နှိမ်နင်းခံထားရသော လုပ်ကြံသူငါးယောက်ကို ခေါ်ဆောင်လျက် ရေခဲငှက်မွေးကျောင်းတော်သို့ ပြန်လည်ထွက်ခွာလာခဲ့ကြတော့သည်။

All Chapters