← Chapters

အခန်း ၂၂၁

Vol. 23 Ch. 221

အခန်း ၂၂၁

Vol. 23 Ch. 221

အခန်း (၂၂၁)

ခေါက်ဆွဲပညာ သင်ယူခြင်း

ဆရာကြီးကျန်းသည် ဟွာကျွင်းကို တစ်ချက်ကြည့် မော့ချွမ်းကို တစ်ချက်ကြည့်ပြီးနောက် ဟွာကျွင်းကို မေးလိုက်သည်။

“ကျွန်တော့်ကို ခင်ဗျားတို့ လူကုန်ကူးပြီး ကလီစာတွေ ထုတ်ရောင်းမဲ့ လူလိမ်တွေ မဟုတ်ဘူးဆိုတာ ဘယ်လိုသိနိုင်မလဲ”

သူက ပြောရင်းနှင့် သူ၏ ခါးနောက်ပိုင်းကို ကာကွယ်သည့်အနေဖြင့် လက်ဖြင့် အုပ်ထားလိုက်သည်။

မော့ချွမ်း နှာခေါင်းရှုံ့လိုက်ပြီး ပြော၏။

“ကျွန်တော်တို့က ခင်ဗျားရဲ့ ကလီစာတွေကို တကယ် လိုချင်တာဆိုရင် ဒီလောက် စကားတွေ အများကြီး ပြောနေပါ့မလား၊ ခင်ဗျားကို အသာလေး ဖမ်းချုပ်ပြီး သယ်သွားတာက ပိုမမြန်ဘူးလား”

ဆရာကြီးကျန်း နောက်သို့ ခုန်ဆုတ်သွားပြီး ပြောတော့သည်။

“မင်း... မင်း... ငါပြောလိုက်မယ်နော်၊ ဒါက ဥပဒေစိုးမိုးတဲ့ လူ့အဖွဲ့အစည်းကွ၊ မရမ်းကားနဲ့”

ဟွာကျွင်းက သူမ ဖုန်းကို ထုတ်လိုက်ပြီး ပြောလိုက်၏။

“ကျွန်မ ရှင်ရမဲ့ထဲက ယွမ်တစ်သောင်း အရင်လွှဲပေးလိုက်မယ်၊ ကျန်တာကို ဒီနေ့ညမှ ပေးမယ်”

“ဟွန့်၊ တစ်သောင်း အရင်လွှဲပေးမယ် ဟုတ်လား၊ ကျစ်ကျစ်... ခင်ဗျားစကားကို ယုံမယ်များ ထင်နေလား... ကဲ... လွှဲကြည့်စမ်းပါဦး၊ ကျွန်တော် ကြည့်ရအောင်...”

ဘိဘိ

အလီပေးမှ ငွေလွှဲမှု လက်ခံရရှိပါသည်

ဆရာကြီးကျန်း ဆွံ့အသွားပြီး ပါးစပ်အဟောင်းသားဖြင့် အတော်ကြာအောင် ငေးနေမိ၏။

“ခင်ဗျား... မဟုတ်ဘူး၊ တကယ်ကြီးလား၊ ကျွန်တော့်ကို ပိုက်ဆံ လွှဲပေးလိုက်တာလား၊ ကျွန်တော်က ပိုက်ဆံယူပြီး အလုပ်မလုပ်ဘဲ ထွက်ပြေးသွားမှာကို မကြောက်ဘူးလား”

ဟွာကျွင်းက မော့ချွမ်းဘက်ကို မေးငေါ့ပြလိုက်ရာ၊ မော့ချွမ်းကလည်း အချိန်ကိုက်ပင် သူ၏ လက်သီးကို ဆုပ်ပြကာ မချဉ်းကပ်ရဲစရာ အမူအရာဖြင့် ကြည့်လိုက်သည်။

ဆရာကြီးကျန်း

“ဟဲဟဲ၊ ကျွန်တော် နောက်တာပါ... ကဲ ဘယ်တော့ စမလဲ”

“ဒီနေ့ည ၈ နာရီမှာ စမယ်။ ၆ နာရီခွဲကျရင် ကျွန်မ လာခေါ်ပါမယ်”

အာချင်း သည် ‘ရွှီ’ အချိန် (ည ၇ နာရီမှ ၉ နာရီအတွင်း) အစတွင် မုန့်ဆိုင်ရှေ့သို့ ရောက်လာ၏။ ပုံမှန်ဆိုလျှင် စည်ကားနေကျဖြစ်သော်လည်း ယခုအခါတွင် လူအနည်းငယ်သာ ရှိတော့သည်။

ဆိုင်ရှေ့မှ ဖြတ်သွားသော ဖောက်သည်အချို့ နှမြောတသစွာဖြင့် ပြောဆိုသွားကြ၏။

“မုန့်ဆိုင်က ဘာလို့ ထပ်ပိတ်ပြန်တာလဲ၊၊ လာရတာ အလကား ဖြစ်သွားတာပဲ”

ထိုအခါမှ အာချင်း သည် ဆိုင်တံခါးတွင် ချိတ်ထားသော ‘ယနေ့ ဆိုင်ပိတ်သည်’ ဟူသည့် ဆိုင်းဘုတ်ကို သတိပြုမိတော့သည်။

သူသည် လှေကားထစ်တွင် ထိုင်စောင့်နေပြီး ‘ရွှီ’ အချိန် အလယ်လောက် ရောက်သောအခါမှ ထရပ်ကာ တံခါးကို ခေါက်လိုက်သည်။

မော့ချွမ်း တံခါးကို အနည်းငယ် ဖွင့်ကြည့်လိုက်ရာ အာချင်း ဖြစ်နေသည်ကို တွေ့ပြီးနောက် သူ၏နောက်ကို သေချာ အကဲခတ်လိုက်ပြီးမှ လျှို့ဝှက်စွာ ပြော၏။

“ဝင်လာခဲ့”

အာချင်း အထဲရောက်သည်နှင့် သူသည် တံခါးကို အမြန်ပြန်ပိတ်ကာ ဂျက်ထိုးလိုက်သည်။

“ကျွန်တော့်နောက် လိုက်ခဲ့”

ဆိုင်ထဲတွင် ဖယောင်းတိုင်အသေးလေး တစ်ခုသာ ထွန်းထားသဖြင့် အနည်းငယ် မှောင်နေ၏။ အာချင်း သည် မော့ချွမ်းနောက်မှ လိုက်လာကာ ဒုတိယထပ်သို့ ရောက်သောအခါမှ ပို၍ လင်းထိန်သွားတော့သည်။

ဒုတိယထပ်တွင် ဟွာကျွင်းအပြင်၊ ဝတ်စုံဖြူနှင့် အဖြူရောင် ဦးထုပ်အရှည်ကြီး ဆောင်းထားသော လူလတ်ပိုင်း အမျိုးသားတစ်ဦးကို တွေ့ရသည်။

သူက အာချင်း ကို ကြည့်ပြီးနောက် ဟွာကျွင်းဘက် လှည့်ကာ မေးလိုက်၏။

“အို၊ ဝိုး၊ ငါတို့တွေ ကော့စပလေ လုပ်နေကြတာလား”

“ဦးလေးက တကယ့်ကို ခေတ်မီတာပဲ”

ဟွာကျွင်းက ရယ်မောလျက် ပြောလိုက်သည်။

“ကဲ စကားတွေ အရှည်ကြီး မပြောနေနဲ့တော့၊ အမြန်စကြရအောင်”

ထို့နောက် သူမက အာချင်း ကို ပြောလိုက်သည်။

“အာချင်း၊ သေသေချာချာ ကြည့်ထားနော်၊ မသိတာရှိရင် မေးပါ။ မင်းမှာ ဒီတစ်ညပဲ အချိန်ရှိတာ၊ အလေးအနက် သင်ယူပါ”

“စိတ်ချပါ သူဌေးမဟွာ၊ ကျွန်တော် အစ်မရဲ့ ယုံကြည်မှုကို အပျက်မခံပါဘူး”

ဆရာကြီးကျန်း ပြောလိုက်၏။

“ဟ စကားတွေကတော့ တတ်သားပဲ”

ပိုက်ဆံရထားသဖြင့် ဆရာကြီးကျန်းသည် တက်ကြွနေပြီး အလုပ်ထဲသို့ ချက်ချင်း စိတ်ဝင်စားသွားသည်။

“စစ်မှန်တဲ့ လက်ဆွဲခေါက်ဆွဲတစ်ပွဲမှာ အချက် ၅ ချက် ရှိတယ် တစ်စိမ်း၊ နှစ်ဖြူ၊ သုံးနီ၊ လေးစိမ်း၊ ငါးဝါ တဲ့”

“ တစ်စိမ်း ဆိုတာ လက်ဖက်ရည်ရောင်လို ကြည်လင်နေတဲ့ ဟင်းရည်ကို ဆိုလိုတာ။ ‘နှစ်ဖြူ’ ကတော့ မုန်လာဥဖြူ အချပ်တွေ၊ ‘သုံးနီ’ က ငရုတ်သီးအနီ၊ ‘လေးစိမ်း’ က ကြက်သွန်မြိတ် အစိမ်းရောင်၊ ‘ငါးဝါ’ ကတော့ ခေါက်ဆွဲသား အဝါရောင်ကို ပြောတာပဲ”

“ဟင်းရည်အကြောင်း အရင်ပြောရအောင်။ ဟင်းရည်ကို ကြာကြာတည်ရတယ်၊ ပြီးတော့ ပါဝင်ပစ္စည်းတွေ အများကြီး လိုတယ်”

ဟွာကျွင်း ကြားဖြတ်ပြောလိုက်၏။

“ဆရာကြီးကျန်း၊ ကျွန်မ ယွမ် (၁၀၀၀)ထပ်တိုးပေးပါ့မယ်။ ဟင်းရည်အကြောင်း အသေးစိတ် ရှင်းပြမနေဘဲ ဟင်းရည်ဖော်စပ်နည်းကို စာနဲ့ပဲ ရေးပေးလိုက်ပါလား”

“ရတာပေါ့ ဒါဆို ခေါက်ဆွဲသား နယ်တာကနေ စကြရအောင်”

အလုပ်အရှိန်က ချက်ချင်း မြန်လာ၏။ ဆရာကြီးကျန်း အသေးစိတ် သင်ပေးသလို၊ အာချင်း ကလည်း အလေးအနက် သင်ယူသည်။ အစပိုင်းတွင် ပြဿနာမရှိသော်လည်း ခေါက်ဆွဲဆွဲသည့် အပိုင်းရောက်သောအခါ အာချင်း ခက်ခဲသွားတော့သည်။

ဤသည်မှာ အာချင်း ၏ အပြစ်မဟုတ်ပေ။ ပညာရပ်က အချိန်ယူ လေ့ကျင့်မှုမရှိဘဲ တတ်မြောက်ရန် ခက်ခဲလွန်းလှသည်။

သို့သော် အာချင်း မှာ ဇွဲရှိ၏။ သူ မလုပ်တတ်လေလေ ပိုပြီး ကြိုးစားလေလေ ဖြစ်သည်။

ဆရာကြီးကျန်းသည်လည်း ကလေးကို သဘောကျလာသည်၊၊ သူ့တပည့်တွေထက်တောင် သင်ရတာ အလုပ်ရှုပ်သက်သာသည်။

သူ တစ်ခါ သရုပ်ပြသည်။ အာချင်း ကို စမ်းခိုင်းသည်။ ထို့နောက် မှားတာကို ပြင်ပေး၏။

ဤကဲ့သို့ အကြိမ်ကြိမ် ပြုလုပ်နေရင်း ဟွာကျွင်း၏ ဖုန်းမှ အချက်ပေးသံ မြည်လာသည်။

သူမ ကြားဖြတ်ပြောလိုက်၏။

“ကဲ၊ အချိန်စေ့ပြီ။ အာချင်း... မင်း အခု ပြန်လို့ရပြီ”

ဆရာကြီးကျန်းသည် အာချင်း ၏ ကြိုးစားမှုကို မြင်သောအခါ စေတနာဖြင့် ပြောလိုက်သည်။

“ရပါတယ်၊ ကျွန်တော် နောက်ထပ် မိနစ် (၃၀) အပို ပေးပါ့မယ်။ အချက်အလက် အချို့ကို ထပ်ရှင်းပြဦးမယ်...”

အာချင်း ထရပ်ကာ ဆရာကြီးကျန်းကို လေးလေးစားစား ဦးညွှတ်လိုက်ပြီး ပြောတော့သည်။

“တစ်ရက် ဆရာလုပ်ရင် တစ်သက် ဖခင်ပါပဲ။ ကျွန်တော်တို့ ဆရာတင်ပွဲ တရားဝင် မလုပ်ရသေးပေမယ့်၊ ဒီနေ့ ဆရာကြီး သင်ပေးတာတွေကို အာချင်း ရင်ထဲမှာ အမြဲ မှတ်ကျောက်တင်ထားပါ့မယ်”

ထို့နောက် သူသည် ဟွာကျွင်းကို တစ်ချက် ဦးညွှတ်နှုတ်ဆက်ကာ လှည့်ထွက်ပြီး အောက်ထပ်သို့ ဆင်းသွားတော့သည်။

ဆရာကြီးကျန်းက ထွက်သွားသော အာချင်း ၏ ကျောပြင်ကို လက်ညှိုးထိုးပြကာ မေးလိုက်၏။

“ဟေ့၊ အဲဒီကလေးက ဘာတွေ တွတ်ထိုးသွားတာလဲ၊ ဘာလို့ ရုတ်တရက်ကြီး ထွက်သွားတာလဲ”

ဟွာကျွင်းက ပြုံးလျက် ဖြေ၏။

“သူ အိမ်ပြန်သွားတာပါ။ ဆရာကြီးကျန်းမှာ တခြားမှာစရာရှိရင် ကျွန်မကိုပဲ ပြောခဲ့ပါ၊ ကျွန်မ အသံသွင်းထားပြီး မနက်ကျရင် သူ့ကို ပြန်ဖွင့်ပြလိုက်မယ်”

ဆရာကြီးကျန်း ဟွာကျွင်း၏ ဖုန်းကို ယူလိုက်ပြီး ပြောလိုက်သည်။

“ကောင်းပြီလေ၊ ဒီသုံးသောင်းတစ်ထောင်အတွက် ကျွန်တော် ပိုပြီး အသေးစိတ် ရှင်းပြပေးပါ့မယ်... ကျွန်တော် ခေါက်ဆွဲကို နောက်တစ်ခါ ထပ်ဆွဲပြမယ်၊ ခင်ဗျားက အဲဒီကလေး ကြည့်ဖို့ ဗီဒီယို ရိုက်ထားပေးလိုက်လေ၊ ဘယ်လိုလဲ”

“အဲဒီလောက်အထိ မလိုပါဘူး...”

ဘယ်လိုပဲဖြစ်ဖြစ် ဗီဒီယိုကို အာချင်းကို မပြရဲပေ။

သို့သော် ဆရာကြီးကျန်းက ဇွတ်အတင်း လုပ်ချင်နေသဖြင့် သူမလည်း ဗီဒီယို တစ်ခါ ရိုက်ပေးလိုက်ရတော့သည်။

ဟွာကျွင်းသည် ဤနေရာတွင် ဖြစ်ပျက်သမျှကို လွန်ခဲ့သော ရက်အနည်းငယ်က စာရေး၍ လုမင်လီ ထံ ပို့ထားခဲ့ရာ ယနေ့တွင် သူ၏ အကြောင်းပြန်စာကို လက်ခံရရှိခဲ့၏။

သူ့ဆိုလိုရင်းမှာ ရွာကို စီမံခန့်ခွဲရန် အတွေ့အကြုံရှိသူ တစ်ဦး တကယ် လိုအပ်နေပြီ ဖြစ်ကြောင်းပင်။

ကျန်းရှီယွဲ့ မှာ ဤနယ်ပယ်တွင် အတွေ့အကြုံ ရင့်ကျက်ပြီး ထူးခြားသော အမြင်များ ရှိသည်။ သူသည် လောလောဆယ် ဘင်းခရိုင် တွင် စစ်သေနာပတိအဖြစ် တာဝန်ထမ်းဆောင်နေပြီး သူ့ထံတွင် သင့်တော်သော လူငယ်အချို့ကို သွားရောက် ပညာသင်ယူခိုင်းမည်ဆိုလျှင် အလွန် အကျိုးရှိလိမ့်မည်ဟု ဆိုထား၏။

ဟွာကျွင်းသည် စာကို ချလိုက်ပြီးနောက် လီနျန်ထံသို့ စာတစ်စောင် ထပ်ရေးလိုက်ကာ စာတတ်ပေတတ်ရှိသူများကို ရှာပေးရန် အကူအညီ တောင်းလိုက်သည်။

နောက်တစ်နေ့တွင် လီနျန်က လူအချို့ကို ရှာတွေ့ခဲ့၏။ ဟွာကျွင်းက သူတို့ထဲမှ နှစ်ယောက်ကို ရွေးချယ်လိုက်သည်။ တစ်ယောက်မှာ မာဟွေဖြစ်ပြီး နောက်တစ်ယောက်မှာ ကောင်းချန်ဖြစ်၏။

သူတို့နှင့် ရင်းနှီးသူများက ပြောပြသည်မှာ ဤနှစ်ယောက်မှာ လူဟောင်းများ ဖြစ်ကြကြောင်းပင်။ သူတို့မိသားစုများသည် အိမ်နီးချင်းများ ဖြစ်ခဲ့ဖူးသော်လည်း ဤနှစ်ယောက်မှာ တစ်ယောက်ကိုတစ်ယောက် မကြည့်နိုင်ကြပေ။

အကြောင်းမှာ မာဟွေ၏ ဖခင်က ကောင်းချန် အဘိုးသင်္ချိုင်းကို တူးဖော်ခဲ့ဖူးသောကြောင့် ဖြစ်၏။

ကောင်းချန်၏ အဘိုးသင်္ချိုင်းမှာ မာဟွေတို့ မိသားစုပိုင် မြေကွက်ပေါ်တွင် ကျရောက်နေခြင်း ဖြစ်သည်။ မည်သူ အရင်ရောက်တာလဲဆိုတာ ရှင်းရှင်းလင်းလင်း မရှိသဖြင့် ထိုမိသားစု နှစ်စုမှာ မျိုးဆက်နှစ်ဆက်တိုင် ရန်ငြိုးဖွဲ့နေကြခြင်း ဖြစ်သည်။

ယခုအခါတွင် သင်္ချိုင်းရော မြေရော မရှိတော့သော်လည်း သူတို့မှာ စိတ်နာနေကြဆဲဖြစ်ပြီး ဟွာကျွင်းရှေ့တွင်ပင် မျက်နှာများ နီမြန်းသည်အထိ အကြီးအကျယ် ငြင်းခုံနေကြတော့၏။

ရွာလူကြီးက သူဌေးမဟွာကို သူတို့ကြား ဝင်ညှိပေးရန် ဖိတ်ခေါ်သည်ဟုပင် သူတို့ ထင်နေကြ၏။

မာဟွေ “ကျွန်တော်တို့ ရန်ငြိုးက မျိုးရိုးလိုက်လာတာ၊ ဘယ်လိုမှ ဖြေဖျောက်လို့ မရဘူး”

ကောင်းချန် “သူ ရှိရင် ကျွန်တော် မရှိဘူး၊ ကျွန်တော် ရှိရင် သူ မရှိဘူး”

ရွာလူကြီးက သူတို့ကို အတော်ကြာအောင် ဖျောင်းဖျသော်လည်း မရသဖြင့် ဟွာကျွင်းကို ပြောလိုက်ရသည်။

“သူတို့က တစ်ယောက်ကိုတစ်ယောက် မြင်တာနဲ့ ငြင်းကြတော့တာပဲ။ ဘယ်သူပြောပြော မရဘူး။ သမီး ရယ်စရာကြီးလို့ ထင်နေမှာပဲ”

ဟွာကျွင်း “ဒါက နှမြောစရာပဲ။ အခုက ရွာမှာ လူလိုနေတဲ့အချိန်။ ကျွန်မက ရွာကို စီမံခန့်ခွဲနည်း သင်ယူဖို့ လူတစ်ယောက် ရှာချင်တာ၊ ဒါပေမဲ့ ဒီလိုဆိုတော့လည်း... အင်း... တခြားလူပဲ ရှာရတော့မှာပေါ့”

မာဟွေ“သူဌေးမဟွာ... ကျွန်တော် သွားနိုင်ပါတယ်။ အလုပ်ကိုလည်း ပြီးမြောက်အောင် လုပ်နိုင်မယ်လို့ အာမခံပါတယ်”

ကောင်းချန် “သူဌေးမဟွာ... သူ့စကားကို မယုံနဲ့၊ သူ့မိသားစုက သူများဘိုးဘေးသင်္ချိုင်းကိုတောင် တူးရဲတဲ့လူတွေ၊ သူက ဘာကောင်းမှာလဲ။ အသုံးမကျဘူး၊ ကျွန်တော့်ကိုပဲ လွှတ်ပါ၊၊ ကျွန်တော် လုပ်နိုင်တယ်”

“မင်းတို့မိသားစုက ငါတို့မြေကို သိမ်းပိုက်ပြီး လယ်မြေကောင်းကြီးကို သင်္ချိုင်းလုပ်လိုက်တာကိုကျတော့ ဘာလို့ ထည့်မပြောတာလဲ”

“ဟေ့ အဲဒါက ငါတို့ ဘိုးဘွားသင်္ချိုင်းကွ”

“ငါတို့မိသားစုက အဲဒီမြေကို (၁၀) နှစ်စာ ငှားထားတာဟ”

နှစ်ယောက်သား ပြန်၍ ငြင်းခုံကြပြန်၏။ ဟွာကျွင်း အော်လိုက်သည်။

“တော်တော့ နှစ်ယောက်လုံး ရပ်ကြစမ်း၊ နှစ်ယောက်လုံး အတူတူ သွားရမယ်”

အခန်းထဲတွင် စက္ကန့်အနည်းငယ်ခန့် တိတ်ဆိတ်သွားပြီးနောက် လူနှစ်ယောက်လုံး ဝုန်းခနဲ ထရပ်လိုက်ကြ၏။

“လုံးဝ မဖြစ်နိုင်ဘူး”

All Chapters