← Chapters

အခန်း ၂၂၆

Vol. 23 Ch. 226

အခန်း ၂၂၆

Vol. 23 Ch. 226

အခန်း (၂၂၆)

ညဘက်တောက်ပသောပုလဲ (ညဥ့်ပုလဲ)

မော့ချွမ်းသည် သူ့အိတ်ကပ်များကို နှိုက်ကြည့်ရာ စုစုပေါင်း ငွေတေး (၅) တေးသာ တွေ့ရသည်။ သူသည် ထိုငွေများအားလုံးကို ထုတ်ပေးလိုက်ရင်း ပြောလိုက်၏။

“ကျွန်တော့်ကို မြင်းကောင်းတစ်ကောင် ရအောင်ကူညီပေးပါ။ ကျန်တဲ့ငွေကိုတော့ မနက်ဖြန် ယူလာခဲ့ပါ့မယ်”

ထိုလူက ငွေကို အိတ်ကပ်ထဲထည့်ကာ ရယ်မောရင်း ပြန်ပြောသည်။

“မင်း တကယ်ပဲ အကြီးအကျယ် အောင်မြင်နေတာပဲ။ နောက်ကျရင် ငါ့ကိုလည်း မင်းရဲ့အရိပ်အာဝါသအောက်မှာ ခိုလှုံခွင့်ပေးဖို့ မမေ့နဲ့ဦး”

“ဒီကိစ္စကို အဆင်ပြေအောင် လုပ်ပေးနိုင်ရင် ခင်ဗျားအတွက် ဆုလာဘ်တွေ အများကြီးရှိမှာပါ”

မုန့်ဆိုင်သို့ ပြန်ရောက်သောအခါ မော့ချွမ်းသည် ရေနှစ်ငုံခန့် သောက်လိုက်ပြီး ဟွာကျွင်းကို ဝမ်းသာအားရ ပြောပြတော့၏။

“အဆင်ပြေသွားပြီ၊ ရက်ပိုင်းအတွင်း ခင်ဗျားအတွက် မြင်းတစ်ကောင် ရလာလိမ့်မယ်”

“ရှင် ကျွန်မအတွက် မြင်းဝယ်ပေးတာလား၊ မြင်းစျေးကွက်က မြင်းတွေက သတင်းတွေထဲကလိုပဲ ပိန်ပြီး သေးနေတာလား”

“ကျွန်တော်က ခင်ဗျားအတွက် ဘယ်လိုလုပ်ပြီး ပိန်ပိန်သေးသေး မြင်းမျိုး ဝယ်ပေးပါ့မလဲ။ သေချာတာပေါက် သန်မာပြီး ကျန်းမာတဲ့ မြင်းမျိုးပေါ့၊ ပြီးတော့ စစ်မြင်းတစ်ကောင်ရဖို့ ကျွန်တော် အဆက်အသွယ်နဲ့ စျေးကြီးပေးပြီး ဝယ်ထားတာ”

ဟွာကျွင်း လန့်သွား၏။

“ရှင် စစ်မြင်းတစ်ကောင်ကို ဝယ်လိုက်တာလား။ စစ်မြင်းတွေက တရားဝင် မှတ်ပုံတင်ထားတာ မဟုတ်ဘူးလား။ ရှင် ဘယ်လိုလုပ်ပြီး ဝယ်နိုင်တာလဲ”

မော့ချွမ်း ဂုဏ်ယူစွာဖြင့် ပြော၏။

“ကျွန်တော့်မှာ အဆက်အသွယ်ရှိပါတယ်။ ခဏပဲ စောင့်ကြည့်လိုက်၊ ခင်ဗျား စိတ်ကျေနပ်စေရမယ်လို့ ကျွန်တော် အာမခံတယ်”

ဟွာကျွင်း ကျေးဇူးတင်စွာ ခေါင်းညိတ်လိုက်ပြီးမှ တစ်ခုခုကို သတိရသွားသည်။

“နေဦး၊ မြင်းစျေးကွက်က အခြေအနေကိုရော ရှင် မမေးခဲ့ဘူးလား”

မော့ချွမ်း

“မမေးမိဘူး၊ ခင်ဗျားက မြင်းဝယ်ချင်တာပဲ မဟုတ်လား၊ မြင်းစျေးကွက်အကြောင်း ဘာလို့ ဂရုစိုက်နေတာလဲ”

ဟွာကျွင်းက သူမကြားခဲ့ရသည့် ပုံပြင်ကို ပြန်ပြောပြသောအခါ မော့ချွမ်း ချက်ချင်း နားလည်သွားသည်။

“မြင်းတွေမှာ ပြဿနာတစ်ခုခု ရှိနေတယ်လို့ ခင်ဗျား သံသယရှိနေတာလား”

“ကျွန်မကတော့ ဒါက အရမ်းထူးဆန်းနေတယ်လို့ ထင်လို့ပါ”

“ကျွန်တော့်ညီအစ်ကို ပြောတာတော့ ဆွေကျိုးစစ်မြင်းခြံက မကြာသေးခင်ကမှ စစ်မြင်းအသစ်တစ်သုတ် ရထားတယ်တဲ့၊ အဲဒီအသုတ် ဖြစ်ဖို့လည်း များတယ်။ အလျင်မလိုပါနဲ့၊ သူတို့ဆီက အဖြေရရင် ကျွန်တော် သိရမှာပါ”

လောလောဆယ်တွင် သူတို့ ဘာမှ ထွေထွေထူးထူး မလုပ်နိုင်သေးပေ။ ဖြစ်နိုင်သည်မှာ ခရီးသွားကုန်သည်တစ်ဦး ဖန်တီးထားသည့် ပုံပြင်လေးတစ်ခုသာ ဖြစ်ပေလိမ့်မည်။

ဆိုင်ပိတ်ပြီးနောက် ဟွာကျွင်း အိမ်ပြန်လာခဲ့၏။ သူမသည် ပင်ပန်းနွမ်းနယ်မှုများကို ဖယ်ရှားကာ ရေချိုးပြီး ကောင်းကောင်းအိပ်စက်ရန် သူမ အခန်းသို့ ပြန်ရန် ပြင်လိုက်သည်။

ဒုတိယထပ်သို့ ရောက်သည်နှင့် ဟွာရှန့်က သူမကို မေးလိုက်၏။

“မမ၊ ဒီနေ့ အခန်းထဲက မီးကို မပိတ်ခဲ့ဘူးလား”

ဟွာကျွင်းသည် မီးပိတ်ခဲ့သည်ကို သေသေချာချာ မှတ်မိနေသည်။

“ပိတ်ခဲ့ပါတယ်”

သူမ ပြောပြီးသည်နှင့် ထူးဆန်းသော မြင်ကွင်းတစ်ခုကို မြင်လိုက်ရသည်။

သူမ၏ အခန်းတံခါးကြားမှ အစိမ်းရောင်ဖျော့ဖျော့ အလင်းတန်းတစ်ခု ထွက်ပေါ်နေသဖြင့် ဟွာကျွင်းသည် အလိုလိုပင် နောက်သို့ ခြေတစ်လှမ်း ဆုတ်လိုက်မိ၏။

ဟွာရှန့် သူမနောက်တွင် ပုန်းကာ တိုးတိုးလေးမေးလိုက်၏။

“မမ၊ အထဲမှာ ဘီးလူးလို မကောင်းဆိုးဝါး တစ်ခုခု ရှိနေတာလား”

ဟွာကျွင်းသည် သူမကိုယ်သူမ ပြန်တည်ငြိမ်အောင် ထိန်းလိုက်ပြီး အနီးရှိ တံမြက်စည်းကို ကောက်ကိုင်ကာ တံခါးနားသို့ ဖြည်းဖြည်းချင်း ချဉ်းကပ်သွားသည်။

သူမသည် မော့ချွမ်းကို လှမ်းခေါ်လိုက်ပြီးနောက် အသက်ပြင်းပြင်းရှူကာ တံခါးကို ရုတ်တရက် တွန်းဖွင့်လိုက်၏။ စားပွဲပေါ်တွင် မီးသီးတစ်လုံးကဲ့သို့ တောက်ပနေသည့် ပုတီးစေ့တစ်စေ့ကို သူမ မြင်လိုက်ရသည်။

“ဒါက...”

၎င်းမှာ လုမင်လီ ပေးခဲ့သည့် သာမန်ဟု ထင်ရသော ပုတီးစေ့ပေ။ ၎င်းမှာ အမှန်တကယ်ပင် တောက်ပနေခဲ့၏။

မော့ချွမ်း အပေါ်ထပ်သို့ ပြေးတက်လာပြီး ထိုမြင်ကွင်းကြောင့် သူလည်း လန့်သွား၏။

“ဒါက ညဘက်တောက်ပတဲ့ပုလဲ (ညဥ့်ပုလဲ) လား”

“ညဥ့်ပုလဲ ဟုတ်လား”

“ဟုတ်တယ်၊ အဲဒါပဲ။ ဒဏ္ဍာရီတွေအရတော့ ညဥ့်ပုလဲက ကြက်ဥတစ်လုံးလောက် ကြီးပြီး ညဘက်မှာ လလိုမျိုး တောက်ပပြီး အခန်းတစ်ခန်းလုံးကို လင်းထိန်စေတယ်တဲ့။ ခင်ဗျား ဒါကို ဘယ်လိုရတာလဲ”

”လုမင်လီ ပေးထားတာပါ။ ဒါဆိုရင် ဒီပစ္စည်းက အရမ်းတန်ဖိုးရှိတာလား”

“သေချာပေါက် အရမ်းတန်ဖိုးရှိတာပေါ့”

ဟွာကျွင်းသည် တစ်စုံတစ်ယောက်ကို ရှာပြီး စစ်ဆေးခိုင်းရန် ဆုံးဖြတ်လိုက်သည်။

သူမသည် ညဥ့်ပုလဲကို ဓာတ်ပုံရိုက်ပြီး လုကျောက်ထံ ပို့လိုက်သည်။

လုကျောက် “...”

ခဏအကြာတွင် ဒုတိယမြောက် မက်ဆေ့ချ် ရောက်လာသည်။

“ညဥ့်ပုလဲနဲ့ တူတယ်၊ ဒါပေမဲ့ ကျွန်တော် အတပ်မပြောနိုင်သေးဘူး။ ကျောက်မျက်ရတနာ ကျွမ်းကျင်သူတစ်ယောက်ကို ခင်ဗျားဆီ လွှတ်ပြီး ကြည့်ခိုင်းလိုက်မယ်။”

နောက်တစ်နေ့တွင် ဟွာကျွင်း မနိုးသေးမီ အောက်ထပ်တွင် တံခါးကို ကျယ်လောင်စွာ ခေါက်နေသည့် အသံကို ကြားလိုက်ရသည်။

ထို့နောက် မော့ချွမ်းနှင့် အမျိုးသမီးတစ်ဦး စကားပြောနေသံကို ကြားရ၏။

ဟွာကျွင်းသည် မျက်နှာပင် မသစ်ရသေးဘဲ အဝတ်အစားလဲကာ အောက်ထပ်သို့ အမြန်ဆင်းလာခဲ့သည်။ အိမ်ရှေ့တံခါးကြီး ပွင့်နေပြီး မော့ချွမ်းက တံခါးဝတွင် သူမဘက်သို့ ကျောပေးကာ ရပ်နေသည်ကို တွေ့လိုက်ရသည်။

သူမ အနားသို့ ရောက်မှသာ အမျိုးသမီးတစ်ဦးက ဝင်ပေါက်ကို ပိတ်ရပ်ထားသည်ကို သတိထားမိသည်။

ထိုအမျိုးသမီးတွင် ရှည်လျားသော ဆံပင်ကောက်ကောက်များ ရှိပြီး မိတ်ကပ်အထူကြီးလိမ်းထားကာ သွေးကဲ့သို့ ရဲနေသော နှုတ်ခမ်းနီအရောင်မှာ အထူးသဖြင့် ထင်ရှားနေသည်။

သူမ၏ ဝတ်စားဆင်ယင်မှုမှာ မော့ချွမ်းကို တိုက်ရိုက် မကြည့်ရဲအောင် ဖြစ်စေ၏။ ကြိုးတစ်ချောင်း ဂါဝန်အတို နှင့် သားရေဖိနပ်ရှည်ကို တွဲဖက်ဝတ်ဆင်ထားပြီး ရင်ဘတ်တွင်လည်း ကြီးမားပြူးထွက်နေသည့် နီလာလည်ဆွဲကို ဆွဲထားသည်။

သူမ၏ နေကာမျက်မှန်မှာ နှာခေါင်းထိပ်တွင် ထား၊ ထားပြီး မော့ချွမ်းကို အထက်အောက် ကြည့်နေ၏။ ဟွာကျွင်းသည် သူမ၏ ပျင်းရိပျင်းတွဲ အသံကို ကြားလိုက်ရသည်။ “ရှင် ဘာလုပ်နေတာလဲ၊ဘာလို့ ဒီလောက်တောင် ကပ်စေးနည်းနေရတာလဲ၊ ကျွန်မကို ကြည့်ရုံလေး ကြည့်ခွင့်ပေးစမ်းပါ။ ရှင့်ဆီက အသားတစ်စမှ မလျော့သွားဘူး”

မော့ချွမ်းက စိတ်မရှည်စွာ ပြန်ပြော၏။

“ကျွန်တော် နောက်ဆုံးအကြိမ် ပြောမယ်၊ မရဘူးဆိုရင် မရဘူးပဲ။ ခင်ဗျားမှာ ဘာမှလုပ်စရာ မရှိရင် ထွက်သွားပေးပါ”

ဟွာကျွင်း အနားသို့ လမ်းလျှောက်သွားပြီး မေးလိုက်၏။

“မော့ချွမ်း ဘာဖြစ်လို့လဲ၊၊ ဒါက ဘယ်သူလဲ”

မော့ချွမ်းနှင့် ထိုအမျိုးသမီး နှစ်ယောက်လုံးက ဟွာကျွင်းကို လှည့်ကြည့်ကြ၏။ မော့ချွမ်းက တံခါးကို ‘ဘုန်း’ ကနဲ အသံမြည်အောင် ပိတ်လိုက်ပြီး ဟွာကျွင်းကို ပြောလိုက်သည်။

“သူ ဘယ်သူလဲဆိုတာ ကျွန်တော် မသိဘူး၊ သူ နေရာမှားလာတာ ထင်တယ်”

ဟွာကျွင်းမှာ ကြောင်သွားပြီး သူမ ဘာမှမပြောရသေးမီ တံခါးကို ထပ်မံခေါက်သံ ကြားလိုက်ရပြန်သည်။

“ဟေး၊ ရှင် ဘာလို့ တံခါးပိတ်လိုက်တာလဲ၊ ကျွန်မ စကားမဆုံးသေးဘူးလေ တံခါးဖွင့်စမ်း”

ဟွာကျွင်းက တံခါးကို လက်ညှိုးထိုးပြရာ မော့ချွမ်း ပြော၏။

“ကျွန်တော် သူ့ကို တကယ် မသိတာပါ...”

“ဟေး၊ ကျွန်မကို လုကျောက် လွှတ်လိုက်တာ၊ ဟွာကျွင်းဆိုတဲ့သူကို လာတွေ့တာ၊ တံခါးဖွင့်”

ဟွာကျွင်း ပြောလိုက်၏။

“မြန်မြန် တံခါးဖွင့်ပေးလိုက်ပါ၊ လုကျောက် ဖိတ်ခေါ်ထားတဲ့ ကျွမ်းကျင်သူပဲ ဖြစ်ရမယ်”

မော့ချွမ်းသည် သူ၏နားကိုပင် မယုံနိုင်အောင် ဖြစ်သွားသော်လည်း ပြောသည့်အတိုင်း တံခါးကို ဖွင့်ပေးလိုက်သည်။

“ခင်ဗျားက ကျွမ်းကျင်သူလား၊ ဘယ်လို ကျွမ်းကျင်သူမျိုးက ဒီလောက်တောင် ကြွားကြွားဝါးဝါးဖြစ်အောင် ဝတ်စားထားရတာလဲ”

ထိုအမျိုးသမီးက တောက်ပသော လက်သည်းနီများ ဆိုးထားသည့် သူမ၏ လက်ကို ဆန့်ထုတ်ကာ မော့ချွမ်း၏ ရင်ဘတ်ကို ခပ်ပြင်းပြင်း တွန်းလိုက်၏။ “ဒါကို ချီးကျူးစကားလို့ပဲ မှတ်ယူလိုက်ပါ့မယ်။”

ထို့နောက် သူမသည် အိမ်ထဲသို့ ဝင်လာပြီး ဟွာကျွင်းကို နှုတ်ဆက်လိုက်သည်။ “ဟဲလို၊ ရှင်က ဟွာကျွင်း ဖြစ်ရမယ်၊ ကျွန်မနာမည်က အန်နာဂူ ပါ၊ လက်ရှိ ကျိုတိုဘူမိဗေဒတက္ကသိုလ်ရဲ့ ကျောက်မျက်ရတနာနဲ့ ပစ္စည်းသိပ္ပံပညာရပ်မှာ သင်ကြားပေးနေပါတယ်”

သူမသည် မေးစေ့ကို ပင့်လိုက်ပြီး မော့ချွမ်းကို တစ်ချက်ကြည့်ကာ ဆက်ပြော၏။

“ကျွန်မကတော့ ရှင်တို့ ခေါ်သလိုမျိုးကျောက်မျက်ရတနာ စစ်ဆေးရေး ကျွမ်းကျင်သူတစ်ယောက်ပေါ့”

မော့ချွမ်း ဘာမှမပြောဘဲ သူမကို မျက်လုံးလှန်ကြည့်လိုက်၏။

ဟွာကျွင်းက ပြုံး၍ ပြောလိုက်သည်။

“ဒါဆိုရင် ရှင်က လုကျောက် ပြောခဲ့တဲ့ ဒါရိုက်တာဂူ ပေါ့၊ ကြိုဆိုပါတယ်ရှင်၊ ကြိုဆိုပါတယ်”

“မဟုတ်တာ၊ မဟုတ်တာ၊ ကျွန်မကို ဒါရိုက်တာဂူလို့ မခေါ်ပါနဲ့၊ လက်ဖက်ရည်ဖတ်တွေ ထွက်လာတော့မလို ခံစားရလို့ပါ။ အန်နာလို့ပဲ ခေါ်ပါ”

“ကောင်းပါပြီ အန်နာ။ ဒါကတော့ ကျွန်မ လက်ထောက် မော့ချွမ်းပါ”

မော့ချွမ်းက နှုတ်ဆက်သည်ကို သိကြောင်းပြသည့်အနေဖြင့် အသံတစ်ချက် ထွက်ပြလိုက်သည်။

“ရှင်ရဲ့ လက်ထောက်က တော်တော်လေး စိတ်ဝင်စားဖို့ကောင်းတာပဲ၊ နည်းနည်းတော့ ကပ်စေးနည်းတယ်။ လုကျောက် ပြောတဲ့ ပုလဲကို ကျွန်မကို ပြပါဦး”

ဟွာကျွင်းက သူမကို ဧည့်ခန်း ဆိုဖာပေါ်တွင် ထိုင်ရန် ဖိတ်ခေါ်လိုက်ပြီး မော့ချွမ်းကို လက်ဖက်ရည် ငှဲ့ပေးရန် ပြောကာ ညဥ့်ပုလဲကို ယူရန် အပေါ်ထပ်သို့ တက်သွား၏။

သူမ အောက်ထပ်သို့ ပြန်ဆင်းလာသောအခါ ဧည့်ခန်းအတွင်းရှိ လေထုမှာ အလွန်ထူးဆန်းနေသည်ကို တွေ့ရသည်။

အန်နာဂူ၏ မျက်လုံးများမှာ မော့ချွမ်းထံသို့ စိုက်ကြည့်နေပြီး လုံးဝ မလွှဲပေ။

ဟွာကျွင်းက ထိုအခြေအနေကို ဖြိုခွဲရန် ချောင်းတစ်ချက် ဟန့်လိုက်မှသာ အန်နာဂူ၏ အာရုံမှာ ဟွာကျွင်းထံသို့ ရောက်လာ၏။

ဟွာကျွင်းက သူမ၏ မျက်နှာချင်းဆိုင်တွင် ထိုင်လိုက်ပြီး သစ်သားသေတ္တာလေးကို စားပွဲပေါ် တင်လိုက်ကာပြောလိုက်သည်။

“ဒါကတော့ အဲဒီပုလဲပါ”

အန်နာဂူက သစ်သားသေတ္တာကို မထိသေးပေ။ သူမသည် သူမ၏ လက်ဆွဲသေတ္တာကို စားပွဲပေါ်တင်ကာ ဖွင့်လိုက်၏။ ဟွာကျွင်းသည် ထိုသေတ္တာထဲတွင် ကျွမ်းကျင်ပစ္စည်း အမျိုးမျိုး ပါရှိနေသည်ကို မြင်လိုက်ရသည်။

သူမသည် နေကာမျက်မှန်ကို ချွတ်လိုက်ပြီး ပထမဦးစွာ သေတ္တာထဲမှ အကာအကွယ်မျက်မှန် ကို ထုတ်လိုက်သည်။ ၎င်းကို ဝတ်ရင်း ဟွာကျွင်းကို ပြုံးပြကာ ရှင်းပြ၏။

“စိတ်ထဲမထားပါနဲ့၊ ကျွန်မတို့ အလုပ်မှာက ဂရုစိုက်တာ အကောင်းဆုံးမို့လို့ပါ”

ထို့နောက် သူမသည် လက်အိတ်များ ဝတ်ဆင်ကာ ကိရိယာများကို ထုတ်ယူလိုက်သည်။

ဟွာကျွင်း နားမလည်သဖြင့် သူမကို မေးလိုက်၏။ “ဒါက ဘာအတွက်လဲဟင်”

All Chapters