← Chapters

အခန်း ၂၃၀

Vol. 23 Ch. 230

အခန်း ၂၃၀

Vol. 23 Ch. 230

အခန်း (၂၃၀)

အမျိုးသမီးများလည်း ဝက်သတ်နိုင်သည်

ဟွာကျွင်းသည် စားပွဲပုလေးပေါ်ရှိ ရေနွေးအိုးကို တိုက်မိသည်အထိ ရုတ်တရက် ထရပ်လိုက်မိ၏။

“သူက ဘယ်လိုလုပ် သိသွားတာလဲ၊ သူ တခြားသူတွေကို လုံးဝ သွားမပြောမိဖို့ လိုတယ်နော်၊ မဟုတ်ရင် ရှင့်ကို သုတေသနလုပ်ဖို့ ဖမ်းသွားကြလိမ့်မယ်”

“ကျွန်မ အခုချက်ချင်းပဲ လုကျောက်ဆီ မက်ဆေ့ချ်ပို့ပြီး သူ ဘယ်လိုလူမျိုးနဲ့ မိတ်ဆက်ပေးလိုက်တာလဲဆိုတာ မေးရမယ်”

မော့ချွမ်းက ပစ္စည်းများကို ပြန်စီရင်း ပြော၏။

“မလောပါနဲ့ဦး၊ ကျွန်တော် ပြောလို့ မပြီးသေးဘူးလေ”

“သူ့မှာ မကောင်းတဲ့ ရည်ရွယ်ချက် ရှိပုံမရပါဘူး၊ သူက ဒီအရာကို သဘောကျနေရုံတင်ပါပဲ”

“သူ ရှင့်ကို ဘာပြောလိုက်လို့လဲ”

မော့ချွမ်းက အန်နာဂူ ပြောသမျှကို ဟွာကျွင်းအား တစ်လုံးမကျန် ပြန်ပြောပြရာ ဟွာကျွင်းမှာ ထိုစကားများကို ကြားပြီးနောက် အနည်းငယ် စိတ်သက်သာရာ ရသွားသည်။

သူမ ခဏတာ စဉ်းစားပြီးနောက် ပြောလိုက်သည်။

“အန်နာဂူရဲ့ စရိုက်ကို သိရအောင် လုကျောက်ဆီ မက်ဆေ့ချ်ပို့ပြီး စုံစမ်းဖို့တော့ လိုဦးမယ်”

မမျှော်လင့်ဘဲ သူမ မက်ဆေ့ချ် ရေးလို့မပြီးခင်မှာပင် လုကျောက်ထံမှ ဖုန်းဝင်လာ၏။

“မစ္စဟွာ၊ အန်နာဂူနဲ့ တွေ့ပြီးပြီလား”

“တွေ့ပြီးပါပြီ မစ္စတာလု။ ကျွန်မ မေးချင်တာက ဒါရိုက်တာဂူက ဘယ်လိုလူမျိုးလဲဟင်”

လုကျောက်သည် နှစ်စက္ကန့်ခန့် တိတ်ဆိတ်သွားပြီးမှ ဖြေ၏။

“သူက ကျောက်ခဲတွေကိုပဲ စွဲစွဲလန်းလန်း ဖြစ်နေတဲ့သူပါ၊ မကောင်းတဲ့ စိတ်တော့ မရှိပါဘူး။ သူ ခင်ဗျား ကို စိတ်အနှောင့်အယှက်ဖြစ်အောင် ပြောလိုက်လို့လား”

“မဟုတ်ပါဘူး၊ သူက ကျွန်မရဲ့ အားနည်းချက်တစ်ခုကို သိသွားလို့ပါ”

လုကျောက်၏ ရင်ထဲ ထိတ်ခနဲ ဖြစ်သွား၏။

“အရမ်း အရေးကြီးတဲ့ အားနည်းချက်လား”

“အင်း”

‘ဘိုးဘွားစဉ်ဆက် လက်ဆင့်ကမ်းလာတဲ့ အဆုံးအမများကို မေ့လို့မဖြစ်ဘူး..’ လုကျောက်မှာ ခေါင်းခဲသွားရ၏။ ယခုလောက် ကြီးမားသည့် ကိစ္စမျိုးဆိုလျှင် သူ ဟွာကျွင်းကို အသေအချာ ကူညီဖြေရှင်းပေးရမည်။

သူ ဝန်လေးစွာ မေးလိုက်သည်။

“ဒါဆို ကျွန်တော့်ကို ဘာလုပ်ပေးစေချင်လဲ”

သူကိုယ်တိုင်ပင် သတိမထားမိဘဲ ယဉ်ကျေးသော အသုံးအနှုန်းများကို သုံးမိနေ၏။

“ရှင်”

ဟွာကျွင်းမှာ ချက်ချင်း မတုံ့ပြန်နိုင်ပေ။

“ကျွန်မက သူ့စရိုက်ကိုပဲ မေးကြည့်တာပါ”

“သူ့အဖေနဲ့ ကျွန်တော့်အဖေက ကျောင်းနေဖက်တွေပါ။ ကျွန်တော်တို့ မိသားစုနှစ်စုက သိပ်မဝေးတဲ့နေရာမှာ နေကြပေမဲ့ သူက သူ့အဖေနဲ့အတူ သုတေသနအတွက် ခဏခဏ အပြင်သွားနေတတ်တော့ တစ်နှစ်မှာ တစ်ခေါက်တောင် တွေ့ရခဲပါတယ်”

သူ သေသေချာချာ ပြန်စဉ်းစားကြည့်ပြီးနောက် ဆက်ပြောသည်။

“ကျွန်တော့် အထင်တော့ သူက အလှအပ ကြိုက်တတ်တယ်၊ လှတာမှန်သမျှ အကုန်သဘောကျတာ။ သူ နောက်ကျရင် ကျောက်ခဲတွေအကြောင်း လေ့လာမယ်လို့ ပြောခဲ့ဖူးတယ်၊ ပြီးတော့ သူ အရွယ်ရောက်လာတော့ ဘူမိဗေဒတက္ကသိုလ်ကို တက်ပြီး အဲဒီမှာပဲ ရှိနေတာ။ သူ့ရဲ့ ပေါင်းသင်းဆက်ဆံရေး နယ်ပယ်ကလည်း တော်တော်လေး ရိုးရှင်းပါတယ်”

“သူ့စကားတွေက ယုံကြည်ရပါ့မလား၊ ဥပမာ သူ ပေးခဲ့တဲ့ ကတိတွေပေါ့

လုကျောက် ခဏတာ တိတ်ဆိတ်သွားပြန်ပြီးနောက် ဖြေ၏။

“သူက ယုံကြည်ရတဲ့သူလို့ ကျွန်တော် ထင်ပါတယ်။ သူ့ကို ယုံကြည်လို့ပဲ ခင်ဗျား ဆီ လွှတ်လိုက်တာပါ”

ဟွာကျွင်း

‘ကျေးဇူးအများကြီးတင်ပါတယ်လို့၊ ရှင်သာ သူ့ကို လွှတ်မလိုက်ရင် မော့ချွမ်းလည်း လူမိမှာ မဟုတ်ဘူး’

“ဟုတ်ကဲ့၊ နားလည်ပါပြီ၊ ကျေးဇူးတင်ပါတယ်ရှင့်”

ဟွာကျွင်း ထပ်မမေးတော့ဘဲ ဖုန်းချလိုက်သည်။

မော့ချွမ်း မေးလိုက်၏။

“ဘယ်လိုလဲ”

“လုကျောက် ပြောတာတော့ သူက ယုံကြည်ရတဲ့သူတဲ့။ ဒါပေမဲ့ ဒါက ရှင့်ရဲ့ ကိုယ်ပိုင်ကိစ္စပဲလေ၊ ရှင့်ရဲ့ စိတ်ဆန္ဒအတိုင်းသာ လုပ်ပါ”

မော့ချွမ်း စဉ်းစားဟန်ဖြင့် ခေါင်းညိတ်လိုက်သည်။

ညနေပိုင်းတွင် မုန့်ဆိုင်လေးသည် ပုံမှန်အတိုင်းပင် လည်ပတ်နေသည်။

ဟွာကျွင်းသည် အမြဲတမ်းလုပ်နေကျအတိုင်း ဆိုင်ခန်းအချို့၏ လည်ပတ်မှုများကို စစ်ဆေး၏။ လူတိုင်း လိုအပ်သည့် ပစ္စည်းများကို မှတ်သားထားပြီး နောက်တစ်နေ့ ပို့ဆောင်ပေးရန်အတွက် စုပေါင်းမှာယူပေးလိုက်သည်။ ဤသည်မှာ သူမ၏ နေ့စဉ်အလုပ်တစ်ခု ဖြစ်လာ၏။

အရည်အသွေးမြင့် အာဟာရဖြည့်စွက်စာ အမျိုးမျိုးကြောင့် ကျန်းကျန်း၏ အခြေအနေမှာ အများကြီး တိုးတက်ကောင်းမွန်လာခဲ့သည်။ သူမသည် အိပ်ရာပေါ်မှ ထနိုင်ပြီး လမ်းလျှောက်နိုင်နေပြီဖြစ်ရာ မကြာခင်မှာပင် ပန်းထိုးအလုပ်ရုံသို့ ပြန်သွားပြီး အလုပ်လုပ်နိုင်တော့မည်။

ကျူးကျူးသည်လည်း မူလတန်းကျောင်းသို့ နေ့တိုင်း အချိန်မှန် တက်ရောက်၏။ သူမသည် ပီယာနိုတီးခတ်ခြင်းကို အလွန်စိတ်ဝင်စားနေပြီး တရုတ်စာနှင့် သင်္ချာအတန်းများ ပြီးလျှင် ကျိုင်ကတော်နောက်သို့ တကောက်ကောက်လိုက်ကာ လက်ချောင်း နည်းစနစ်များကို ဝီရိယရှိရှိ လေ့ကျင့်နေတတ်သည်။

အားကစားရုံဘက်မှလည်း သတင်းကောင်း ရောက်ရှိလာ၏။ ပထမအသုတ် သင်တန်းသူများဖြစ်သော ရှို့ယွန်း၏ ညီအစ်မအချို့မှာ သူမ၏ သေသေချာချာ စီစဉ်ပေးမှုအောက်တွင် အများဆုံး (၁၃) ကတ်တီမှ အနည်းဆုံး (၈) ကတ်တီအထိ ကိုယ်အလေးချိန် ကျသွားကြသည်။

သေချာသည့် အဓိကအကြောင်းရင်းမှာ သူတို့ကိုယ်တိုင်၏ ကြိုးစားအားထုတ်မှုကြောင့် ဖြစ်၏။ ဤခေတ်ကာလတွင် သူတို့ အားကိုးနိုင်သည့် တစ်ခုတည်းသော အရာမှာ အမျိုးသားများသာ ဖြစ်သဖြင့် သူတို့၏ လှပသော အရွယ်ကို တတ်နိုင်သမျှ ဆွဲဆန့်ထားကြရန်မှတစ်ပါး အခြားရွေးချယ်စရာ မရှိပေ။

သို့သော် မကြာမီတွင် သူတို့သည် မိမိကိုယ်မိမိ ဤမျှအထိ လှပလာနိုင်ကြောင်းကို ရှာဖွေတွေ့ရှိသွားကြ၏။ ထူထဲသော အဆီများ ဖယ်ရှားပြီးနောက်တွင် ကိုယ်လုံးကိုယ်ပေါက်များမှာ အလွန်ကျော့ရှင်းလှပသွားသဖြင့် မိမိကိုယ်ကိုယ် ပိုမိုမြတ်နိုးလာကြသည်။

ဤနမူနာများကြောင့် ရှို့ယွန်းသည် ဒုတိယအသုတ် သင်တန်းသူများအဖြစ် အမျိုးသမီး (၁၀) ဦးကို ထပ်မံလက်ခံလိုက်သည်။ အသုတ်နှစ်ခုအတွက် အချိန်ကို ခွဲခြားထားရသလို စားသောက်မှုပုံစံနှင့် လေ့ကျင့်ခန်း ပြင်းအားများကိုလည်း တစ်ဦးချင်းစီ၏ အခြေအနေပေါ် မူတည်၍ စီစဉ်ပေးရသောကြောင့် ရှို့ယွန်းတစ်ယောက် အလွန်အမင်း အလုပ်ရှုပ်နေတော့သည်။

သို့သော် သူမသည် မည်မျှပင် အလုပ်ရှုပ်စေကာမူ ညနေတိုင်း ဟွာကျွင်းထံသို့ လာရောက်၍ စကားစမြည်ပြောဆိုကာ သူမ၏ နေ့စဉ်ဘဝများကို မျှဝေရန် မမေ့ခဲ့ပေ။

ယနေ့တွင် သူမသည် ဝက်တစ်ကောင်ကိုပင် ဖမ်းခိုင်းလိုက်ပြီး ထိုဝက်ကို တုတ်နှောင်ကာ မုန့်ဆိုင်ထဲသို့ တိုက်ရိုက်သယ်ဆောင်လာခဲ့သည်။

“ညီမ၊ ကြည့်ပါဦး ညီမအတွက် ဘာ ယူလာပေးလဲဆိုတာ”

ဟွာကျွင်း

“အစ်မ ဘာလို့ ဝက်ကြီး သယ်လာတာလဲ”

“ဒါက ညီမပြောတဲ့အတိုင်း သင်းကွတ်ထားတဲ့ ဝက်လေ၊ အစ်မတို့ စမ်းကြည့်ပြီးပြီ၊ တကယ်ပဲ အနံ့က အများကြီး သက်သာသွားတယ်၊။ဒါကြောင့် ညီမကို မြည်းကြည့်ခိုင်းဖို့ အထူးတလည် ယူလာပေးတာ”

ဟွာကျွင်းသည် ရှို့ယွန်း၏ လက်တွေ့လုပ်ဆောင်နိုင်စွမ်း အားကောင်းသည်ကို ဝမ်းသာမိသော်လည်း ဤဝက်ကို မည်ကဲ့သို့ သတ်ရမည်နည်း။

ဟွာကျွင်းသည် ဒေါ်လေးပန်းကို မေးမြန်း၏။

“ရွာထဲမှာ ဝက်သတ်တတ်တဲ့သူ ရှိလား”

ရှို့ယွန်း ပြောလိုက်သည်။

“အို၊ ဝက်သတ်ဖို့ လူရှာနေစရာ မလိုပါဘူး၊ အစ်မ သတ်ပေးမယ်”

ဟွာကျွင်းသည် ဝက်သတ်ခြင်းမှာ ခွန်အားသုံးရသည့် အလုပ်ကြမ်းဟု ယူဆထားသဖြင့် အံ့ဩသွားပြီး မေးလိုက်သည်။ “တကယ်လား၊ အစ်မက ဝက်သတ်တတ်လို့လား”

“ကြွားတာ မဟုတ်ဘူးနော်၊ အစ်မ တစ်ချိန်က ‘ဝက်သတ်သမား အလှလေး’ လို့တောင် နာမည်ကြီးခဲ့တာ”

သူမက ဟွာကျွင်းကို ထပ်မံပြောပြ၏။

“ဓားနဲ့ထိုးတာ၊ ထောက်တာ၊ လေထိုးတာ၊ အမွေးနုတ်တာ၊ ကလီစာထုတ်တာ၊ သန့်စင်တာ၊ အပိုင်းပိုင်းဖြတ်တာ၊ အရိုးနွှင်တာ။ ဒီလုပ်ငန်းစဉ်တစ်ခုလုံးကို လက်ဖက်ရည်တစ်ခွက်စာ အချိန်လေးအတွင်းမှာတင် အပြီးလုပ်နိုင်တယ်၊ ညီမလေးကတော့ အစ်မကို ဝက်ကို ဝိုင်းဖိပေးဖို့ လူရှာပေးရင် ရပြီ”

ထိုသို့ပြောကြားရင်း သူမသည် အဝတ်စတစ်ခုကို ရှာဖွေကာ အင်္ကျီလက်နှစ်ဖက်လုံးကို စည်းနှောင်လိုက်ပြီးနောက် သူမ၏ စကတ်ကို မကာ ခါးတွင် ပတ်ချည်လိုက်သည်။

ဟွာကျွင်း မေးမြန်းလိုက်၏။ “ဝက်ကို ဝိုင်းဖိပေးနိုင်မဲ့သူ ရှိလား”

သူမ၏မျက်လုံးများက ဒေါ်လေးပန်းနှင့် အခြားသူများထံသို့ အလိုလို ရောက်ရှိသွားသည်။ ဤလူများထဲတွင် ထိုသူနှစ်ဦးသာ ခွန်အားရှိပုံရ၏။

ကံမကောင်းစွာ ဒေါ်လေးပန်းနှင့် အားမောက်မှာ အလုပ်ရှုပ်နေကြသဖြင့် အာရှင်းက ရှေ့သို့ တိုးလာ၏။

“သူဌေးမဟွာ၊ ကျွန်မ စမ်းကြည့်ပါ့မယ်”

ဟွာကျွင်း အနည်းငယ် အံ့ဩသွားသည်။ “ရှင်လား၊ ရှင် ဝက်ကို ဖိထားနိုင်ပါ့မလား”

“ကျွန်မ... ကျွန်မ အစွမ်းကုန် ကြိုးစားပြီး ဖိထားပါ့မယ်။”

အားမန်က လီနျန်ကို ရှေ့သို့ ဆွဲခေါ်လာပြီး လီနျန်ကလည်း ပြော၏။

“ဒါဆိုရင်... ကျွန်မတို့လည်း ဝိုင်းကူပေးပါ့မယ်”

ရှို့ယွန်းသည် မုန့်ဆိုင်နှင့် အနည်းငယ်ဝေးသော မြေကွက်လပ်တွင် ထိုင်ခုံတစ်ခုကို ချလိုက်ပြီး ဟစ်အော်လိုက်သည်။ “ဒီမှာနော်၊ ဘာမှမဖြစ်စေရဘူး”

သူမ ယူဆောင်လာသည့် အစေခံနှစ်ဦးက ဝက်ကို သယ်ဆောင်လာကာ ထိုင်ခုံပေါ်သို့ အတင်းဖိချလိုက်ရာ ကြည့်ရှုသူ လူအုပ်ကြီးလည်း နောက်မှ ပါလာကြသည်။

သူတို့မှာ မူလက ဆိုင်ပြင်ပတွင် တန်းစီနေသည့် ဖောက်သည်များ ဖြစ်ကြသော်လည်း အမျိုးသမီးတစ်ဦး ဝက်သတ်မည်ဟု ကြားသိရသောအခါ အလွန်အံ့ဩသွားကြပြီး ဝိုင်းအုံကြည့်ရှုကြတော့၏။

ပါးနပ်သော ဖောက်သည်တစ်ဦးမှာ ကြည့်လည်းကြည့်ချင်၊ မိမိ၏ နေရာကိုလည်း အဆုံးရှုံးမခံလိုသဖြင့် သူ ကိုင်ဆောင်လာသည့် ယပ်တောင်ကို မြေပြင်ပေါ်တွင် ချထားခဲ့ပြီး ရှေ့နှင့်နောက်မှ လူများကို နေရာဦးထားကြောင်း‌ ပြောထားလိုက်သည်။

၎င်းမှာ ကောင်းမွန်သော အကြံဉာဏ် ဖြစ်သောကြောင့် ရုတ်တရက်ဆိုသလို တန်းစီနေသူ အများစုမှာ ပြေးသွားကြပြီး မြေပြင်ပေါ်တွင် ပစ္စည်းတန်းကြီးသာ ကျန်ရစ်တော့သည်။

ယပ်တောင်များ၊ လက်ကိုင်ပဝါများ၊ လက်စွပ်များ... နှင့် ဖိနပ်တစ်စုံပင် ပါဝင်၏။

တန်းစီရာတွင် ကျန်ရစ်ခဲ့သည့် လူအနည်းငယ်မှာ ကြောက်တတ်သဖြင့် သွားရောက်မကြည့်ရဲကြပေ။ သူတို့ထံတွင် ကြီးလေးသော တာဝန်တစ်ခု ပေးအပ်ခြင်း ခံလိုက်ရ၏။ တန်းစီတန်းကြီး ရှေ့သို့ တိုးသွားတိုင်း ထိုပစ္စည်းများကို တစ်ခုချင်းစီ လိုက်လံရွှေ့ပေးရခြင်းပင် ဖြစ်သည်။

အခြားတစ်ဖက်တွင် လူအုပ်ကြီး၏ မျှော်လင့်တကြီး အကြည့်များအောက်၌ ရှို့ယွန်းမှာ တည်ငြိမ်နေဆဲဖြစ်သည်။ သူမသည် ပထမဦးစွာ အားမန်၊ လီနျန်နှင့် အာရှင်းတို့ကို နေရာအသီးသီးမှ ဖိထားခိုင်းပြီးနောက် သင့်တော်သော ဓားတစ်လက်ကို ရွေးချယ်လိုက်၏။

သူမ လိပ်တင်ထားသည့် အင်္ကျီလက်များအောက်တွင် သန်မာသော လက်မောင်းများကို တွေ့မြင်ရသည်။ သူမသည် ရုန်းကန်နေသော ဝက်ကို ခိုင်မြဲစွာ ဖိထားပြီး လျင်မြန်သော လက်လှုပ်ရှားမှုနှင့်အတူ ဓားသည် ဝက်၏ အရေးကြီးသော နေရာသို့ တိကျစွာ ထိုးဖောက်ဝင်ရောက်သွားတော့၏။

All Chapters