← Chapters

မြေကမ္ဘာအဆင့်

Vol. 21 Ch. 282

မြေကမ္ဘာအဆင့်

Vol. 21 Ch. 282

အခန်း (၂၈၂) : မြေကမ္ဘာအဆင့်

ဝမ်ဝေ့က သီးသန့်လေ့ကျင့်ရာမှ ထွက်လာသော်လည်း လင်းဖန်နှင့် တိုက်ခိုက်ဖို့အတွက် ပြန်လည်တံခါးပိတ် ကျင့်ကြံရေး ဝင်သွားခဲ့သည်။ သူက အနိုင်ရမည်ဟု ယုံကြည်ချက်ရှိသော်လည်း ကိစ္စများကို အလေးအနက်ဆုံးဖြတ်ဖို့ လိုအပ်သေးသည်။ ခြင်္သေ့တစ်ကောင်က ယုန်တစ်ကောင်ကို အမဲလိုက်ရာတွင်ပင် အားမာန်အပြည့် ထုတ်သုံးသင့်သည် မဟုတ်ပါလော။

ဝမ်ဝေ့က တင်ပျဉ်ခွေ ထိုင်လိုက်ပြီးနောက် သူ့ခန္ဓာကိုယ်နှင့် ကျင့်ကြံဆင့်ကို စတင်စစ်ဆေးလိုက်သည်။ ရှေးဟောင်းခန္ဓာကိုယ် သန့်စင်ကျမ်းက သူ့ခန္ဓာကိုယ်အား လေ့ကျင့်ပေးထားသောကြောင့် အံ့ဖွယ်ခန္ဓာကိုယ် နယ်ပယ်၏ လူသားအဆင့်က သူ့အတွက် အဓိပ္ပာယ် သိပ်မရှိပေ။ မည်သို့ပင်ဆိုစေကာမူ ထိုကျမ်းတွင် သူ့ကျင့်ကြံဆင့်ပေါ် အခွင့်ကောင်းယူ၍ သူ့ခန္ဓာကိုယ်ကို ဆက်လက်လေ့ကျင့်ရမည့် အကြောင်းကို ရှင်းပြထားသည်။

ထိုသဘောတရားများအရ လူသားခန္ဓာကိုယ်တွင် ကျန့်အင်္ဂါရပ်ငါးခုနှင့် ဖူအင်္ဂါရပ် ခြောက်ခုတို့ ပါဝင်ပြီး တစ်ခုနှင့်တစ်ခု ဆက်သွယ်ထားလေသည်။ ကျန့်အင်္ဂါရပ်ငါးခုမှာ နှလုံး၊ အဆုတ်၊ ကျောက်ကပ်၊ အသည်းနှင့် သရက်ရွက်တို့ ဖြစ်ကြသည်။

ဖူအင်္ဂါရပ် ၆ခုမှာ အူသိမ်၊ အူမကြီး၊ ဆီးအိတ်၊ အစာအိမ်၊ သည်းခြေအိတ်နှင့် စန်းကျောင်းလည်း ပါဝင်သည်။

စန်းကျောင်း - အပေါ်ပိုင်း၊ အလယ်ပိုင်းနှင့် အောက်ပိုင်းများရှိ အင်္ဂါရပ်အားလုံး၏ လုပ်ဆောင်ချက်များနှင့် ဆက်စက်နေသော ယန်အင်္ဂါရပ်ကို ဆိုလိုသည်။

ထို့အပြင် ထိုအင်္ဂါရပ်များက ယင်နှင့်ယန်၊ ဓာတ်ငါးပါးညီမျှမှု သဘောတရားကို လိုက်နာကြ၏။ ကျန့်အင်္ဂါရပ်များက သဘာဝအားဖြင့် ယင်ဓာတ် ရှိပြီး ဖူအင်္ဂါရပ်များက သဘာဝအားဖြင့် ယန်ဓာတ် ရှိလေသည်။

နှလုံးသား (မီးဓာတ်)က အူသိမ်နှင့် ဆက်နွယ်ထားပြီး၊ အဆုတ် (သတ္တု)က အူမကြီးနှင့် ဆက်သွယ်ထားသည်။ အသည်း ( သစ်သားဓာတ်)က သည်းခြေအိတ်နှင့် ဆက်နွယ်ထားပြီး သရက်ရွက် (မြေဓာတ်)က အစာအိမ်နှင့် ဆက်နွယ်ထားကာ ကျောက်ကပ် (ရေဓာတ်)က ဆီးအိတ်နှင့် ဆက်နွယ်ထားလေသည်။

ရှေးဟောင်းခန္ဓာသန့်စင်ကျမ်းအရ ဝမ်ဝေ့က သူ့ကျန့်အင်္ဂါရပ်အားလုံးကို ပြီးပြည့်စုံအောင် လေ့ကျင့်ထားနိုင်လျှင် ထိုအင်္ဂါရပ်ရှိ စွမ်းအားများက ဖူအင်္ဂါရပ်များကို အားကောင်းလာစေလိမ့်မည် ဖြစ်သည်။ သို့သော်လည်း အတိတ်တုန်းက ထိုကျမ်းကို လေ့ကျင့်ကြသည့် လူများစွာက အံ့ဖွယ်ခန္ဓာကိုယ်အဆင့်ကို အသုံးချကာ ဖူအင်္ဂါရပ်များကို လေ့ကျင့်ပေးခဲ့ကြသည်။ ထို့ကြောင့် ခန္ဓာကိုယ်ခွန်အားကို ပို၍ ကောင်းမွန်လာစေကာ ပြီးပြည့်စုံသောအခြေအနေသို့ တိုးမြှင့်ပေးနိုင်သည်။

ထို့ကြောင့် ဝမ်ဝေ့က သူ့တာအိုသက်သေပြပစ္စည်းကို ပြုပြင်မွမ်းမံခြင်း လုပ်ခဲ့ခြင်း ဖြစ်၏။ ယခုသူက သူ့လုပ်ငန်းတာဝန် အောင်မြင်သွားပြီဖြစ်ရာ အံ့ဖွယ်ခန္ဓာကိုယ် နယ်ပယ်၏ မြေကမ္ဘာအဆင့်သို့ တက်လှမ်းနိုင်ပြီ ဖြစ်၏။

ထိုအဆင့်တွင် ကျင့်ကြံသူများက သူတို့၏ ကံကြမ္မာကောင်း မီးတောက်ဖြင့် မျက်လုံး၊ နှာခေါင်း၊ နား၊ လျှာ၊ လိင်နှင့် စအို ဖြစ်သည့် ဒွါရကိုးပေါက်ကို ဖွင့်နိုင်လိမ့်မည်။ ထိုဒွါရကိုးပေါက်က ထိုခန္ဓာကိုယ်အစိတ်အပိုင်းများကို ရည်ညွှန်းခြင်း မဟုတ်ဘဲ ထိုခန္ဓာကိုယ်အစိတ်အပိုင်းတွင် တည်ရှိသည့် လျှို့ဝှက်ဂိတ်တံခါးများကို ပြောခြင်းဖြစ်၏။ ထိုဂိတ်တံခါးများက လူသားခန္ဓာကိုယ်၏ အတားအဆီးနှင့် တူလေသည်။

ထိုအရာများကို ဖွင့်လှစ်ခြင်းဖြင့် လူသားများက သူတို့၏ အလားအလာကို အဆင့်မြင့် သက်ရှိပုံစံအဖြစ်သို့ ပြောင်းလဲနိုင်သည့် အလားအလာကို ဖြည်းဖြည်းချင်း မြှင့်တင်ပေးနိုင်သည်။

ထို့အပြင် ထိုဂိတ်တံခါးများကို ဖွင့်လှစ်ခြင်း ဖြစ်စဉ်က စိတ်ဝိညာဉ်ကို သန့်စင်သည့် နည်းလမ်းတစ်ခု ဖြစ်ပြီး ကမ္ဘာနှင့် တစ်သားတည်း ဖြစ်စေသည်။

ဝမ်ဝေ့က မျက်လုံးမှိတ်လိုက်ပြီးနောက် သူ့ခန္ဓာကိုယ်အတွင်းရှိ တံခါးချပ်ကို ရှာဖွေတွေ့ရှိသွားလေသည်။ ဝမ်ဝေ့က ဒွါရကိုးပေါက်အတွင်း တည်ရှိနေသည့် တံခါးကိုးချပ်ကို ရှာဖွေတွေ့ရှိသွားသည်။ သို့သော်လည်း သူ့ဂိတ်တံခါးတစ်ခုက တခြားဂိတ်တံခါးများထက် အားနည်းနေသည်ကို တွေ့လိုက်ရပြီး သူက အကြောင်းအရင်းကို တန်းသိလိုက်သည်။

ဒွါရကိုးပေါက်က ကျန့်အင်္ဂါရပ်များဖြင့် ဆက်နွယ်ထားလေသည်။ လူသားအဆင့်တွင် သူတို့ကို ကောင်းကောင်း လေ့ကျင့်ထားခြင်း မရှိဘဲ ကျင့်ကြံသူများက မြေကမ္ဘာအဆင့်ရှိ ဒွါရကိုးပေါက်ကို ဖွင့်နိုင်မည် မဟုတ်ပေ။

သူ့အတွက်မူ သူ့အင်္ဂါရပ်များက လိုအပ်သည်ထက် ကျော်လွန်၍ လေ့ကျင့်ထားပြီးသား ဖြစ်၏။ မည်သို့ပင်ဆိုစေကာမူ သူ့နှလုံးသားက လိုအပ်သည့်ပစ္စည်းကို စုပ်ယူနိုင်ခြင်း မရှိသေးသည့်အတွက် တခြားအင်္ဂါရပ်များနှင့် အင်အားခြင်း မညီမျှပေ။ ထို့ကြောင့် ထိုအရာနှင့် ဆက်နွယ်ထားသည့် ဂိတ်တံခါးက တခြားအရာများနှင့် ယှဉ်လိုက်လျှင် အားနည်းနေခြင်း ဖြစ်၏။

ထို့ကြောင့် သူက ထိုတစ်ခုကို လျစ်လျူရှုထားပြီး တခြားအရာများအပေါ် အာရုံစိုက်ထားလိုက်သည်။ သူ့ ဗဟုသုတများအရ ထိုဒွါရကိုးပေါက်ကို မိုးမြေကြားရှိ စိတ်ဝိညာဉ်ချီနှင့် ဖွင့်နိုင်သော်လည်း ကံကြမ္မာကောင်းမီးတောက်ကို အသုံးပြုသည်က ပို၍ကောင်းပေသည်။

ဝမ်ဝေ့က နား၊ လိင်နှင့် စအို ဒွါရပေါက်များရှိ ဂိတ်တံခါးများကို စတင်ဖွင့်လှစ်လိုက်သည်။ အကြောင်းအရင်းက ထိုဒွါရပေါက်များက ကျောက်ကပ်နှင့် ဆက်နွယ်နေသောကြောင့် အချိန်တိုအတွင်း ဖွင့်လှစ်ဖို့ အဖြစ်နိုင်ဆုံး ဖြစ်သည်။

နားကို ဖွင့်လှစ်ပြီးသည့်နောက်တွင် ဝမ်ဝေ့၏ ခန္ဓာကိုယ်တစ်ခုလုံးကို ထူးခြားစွမ်းအား တစ်ခုက ဆေးကြောသန့်စင်သွားလေသည်။

ဖြစ်စဉ်က ခဏမျှကြာ ကြာရှိလိုက်သော်လည်း ချက်ချင်းဆိုသလို ဝမ်ဝေ့က ကီလိုမီတာ အကွာအဝေးရှိ အရာများကို စတင်ကြားလာသည်။ သူ့အနေနှင့် ထိုစွမ်းရည်ကို ထိန်းချုပ်ဖို့ ခဏမျှသာ ကြာမြင့်လိုက်သည်။

သူ့လိင်ဒွါရကို ဖွင့်လှစ်ပြီးသည့်နောက်တွင် သူ့ကမ္ဘာဦး ယန်စွမ်းအားက သိသိသာသာ တိုးမြင့်လာသောကြောင့် သူ့ သွေးစွမ်းအားကိုပင် မြင့်တက်လာစေသည်။ ထို့ကြောင့် အပြန်အလှန်အားဖြင့် သူ့ခန္ဓာကိုယ်စွမ်းအားကိုလည်း မြင့်တက်လာစေသည်။

သူ့စိတ်ထဲ တစ်ခုတည်း ကျန်ရှိသည့်အရာမှာ ….

ငါ နောက်ဆုံးတော့ ငါ့ဇနီးလေးနဲ့ အမှီလိုက်နိုင်ပြီ။ အို… အားကောင်းတဲ့ မိန်းကလေးရှိရတာ ဘယ်လောက်တောင် ခက်ခဲလိုက်သလဲ…

နောက်ဆုံးတွင် ဝမ်ဝေ့က သူ့စအို ဒွါရကို ဖွင့်လှစ်လိုက်သည်။ ယခုတွင် ဝမ်ဝေ့က မစင်စွန့်ဖို့ မလိုတော့ပေ။ ဤသို့သောအရာက သူ့အတွက် နဂိုကတည်းက သက်ရောက်မှု မရှိခဲ့သည့်အကြောင်းမှာ သူ့အစာအိမ်က သူ စုပ်ယူလိုက်သမျှ အာဟာရအားလုံးကို ချေဖျက်နိုင်သည့် အချက်ကြောင့် ဖြစ်သည်။ ယခုတွင် သူက သဘာဝစွမ်းရည် ရရှိသွားသလိုဖြစ်ကာ ရေအိမ်သွားဖို့ မလိုတော့ပေ။

ဝမ်ဝေ့က ပြီးဆုံးသွားပြီးသည့်နောက်တွင် တစ်လကြာကုန်ဆုံးသွားကြောင်း သိကာ လင်းဖန်နှင့် ချိန်းဆိုထားသည့် တိုက်ပွဲအချိန်အခါသို့ ရောက်ရှိလာလေပြီ။ သူက သူ့ခန္ဓာကိုယ်ရှိ အပြောင်းအလဲများကိုကြည့်ကာ ရေရွတ်မိလိုက်သည် “ မဆိုးဘူးပဲ”

သူ ထိုဒွါရများကို ဖွင့်လှစ်သည့် အမြန်နှုန်းက မကြားစဖူး ဖြစ်၏။ ဤသည်က ရာစုနှစ် မဟုတ်လျှင်ပင် ဆယ်စုနှစ်တော့ ကြာမြင့်တတ်သည်။ သူ့အနေနှင့် တစ်လတည်းဖြင့် ဒွါရသုံးခု ဖွင့်လှစ်နိုင်သည့် တစ်ခုတည်းသော အကြောင်းအရင်းမှာ သူ့ခန္ဓာကိုယ်က မည်မျှအားကောင်းနေပြီး ကြိုတင်ပြင်ဆင်ထား၍ ဖြစ်သည်။

အနာဂတ်တွင် ဖြစ်စဉ်က ထိုမျှလွယ်ကူနေမည် မဟုတ်ပေ။ သူက သူ့ရွယ်တူများထက် မြန်ဆန်နေမည် ဖြစ်သော်လည်း အမြန်ဆန်ကြီးတော့ မဟုတ်သေးပေ။

ဝမ်ဝေ့က သူ သီးသန့်ကျင့်ကြံသည့်နေရာမှ ထွက်လာပြီးသည့်နောက်တွင် တိုက်ခိုက်ရေး ကွင်းပြင်ဆီ ဦးတည်လိုက်သည်။ ကာကွယ်ရေးအကြောင်းအရင်းများအတွက် ထိုတိုက်ပွဲကို နှစ်ဖက်လုံးမှ ပိုင်ဆိုင်သည့် ပိုင်နက်အတွင်း ကျင်းပထားခြင်းမျိုး မရှိပေ။

………………

လင်းဖန်က မျက်နှာချင်းဆိုင်တွင် ရပ်နေသည့် ဝမ်ဝေ့အား ကြည့်ကာ အလေးအနက် မျက်နှာထား ဖြစ်သွားသည်။

ခဏနေပါဦး။ သူ့အရှိန်အဝါက အံ့ဖွယ်ခန္ဓာကိုယ်နယ်ပယ်ရဲ့ မြေကမ္ဘာအဆင့်ပဲ။ ငါက လူသားအဆင့်ရဲ့ အရေပြားကိုပဲ လေ့ကျင့်ပြီးသေးတာလေ။ သူက ဘယ်လိုလုပ် မြေကမ္ဘာအဆင့် ရောက်နေရတာလဲ…

သူ့စိတ်ထဲ အလျင်အမြန်တွက်ချက်လိုက်သည်။

ဒါက သူ့ခန္ဓာကိုယ်ကြောင့်ပဲ ဖြစ်ရမယ်။ စည်းမျဉ်းစွမ်းအားကို ခံနိုင်ရည်ရှိဖို့ လေ့ကျင့်တာက ကြာတယ်။ အဲဒီလိုဆိုတော့ ငါလည်း လူသားအဆင့်ကို မြန်မြန်ဖြတ်ကျော်လိုက်သင့်လား။ အာ မဖြစ်သေးဘူး။ ငါ ခိုင်မာတဲ့ အုတ်မြစ် ရဖို့ လိုတယ်

ငါတို့အားလုံးရဲ့ ဦးတည်ချက်က မဟာဧကရာဇ် ဖြစ်လာဖို့ပဲ။ ကောင်းကင်အလိုဆန္ဒ မရှိဘူးဆိုရင် ငါတို့ရောက်နိုင်တဲ့ အမြင့်ဆုံး ကျင့်ကြံဆင့်က ဧကရာဇ်တစ်ပိုင်းအဆင့်ပဲ။ အဲဒါကြောင့် ဘယ်သူအရင်ရောက်ရောက် ကိစ္စမရှိဘူး။

လင်းဖန်က အသက်ပြင်းပြင်းရှူကာ သူ့အတွေးများကို ချိုးနှိမ်လိုက်သည်။

ကျောင်းတော်ပြောစကားအရတော့ ဝမ်ဝေ့က အရာအားလုံးကို ရည်ရွယ်ချက်နဲ့ လုပ်တတ်တဲ့သူတဲ့။ ငါ့ကို ရုတ်တရက်ကြီး ထပြီး စိန်ခေါ်တာ အကြောင်းအရင်းတော့ ရှိရမယ်။ ဒီအကြောင်းအရင်းကို သူ့အင်အားကို စမ်းကြည့်ရင်း ငါ ရှာကြည့်ရမယ်။

ထိုစဉ်ဝမ်ဝေ့က တစ်ဖက်လူကို စစ်ဆေးကာ ယခင်က မမြင်ဖူးသည့် တည်ငြိမ်မှုနှင့် ယုံကြည်ချက်ရှိမှုမျိုးကို မြင်လိုက်ရသည်။

“မင်းက အနိုင်ရနိုင်ချေ မရှိဘဲနဲ့ ငါ့ စိန်ခေါ်မှုကို လက်ခံလိုက်တာ အံ့ဩမိသားပဲ။ မင်းက ငါ့စိန်ခေါ်မှုကို နောက်ဆယ်နှစ်နေမှ လက်ခံမယ်လို့ ပြောမယ် ထင်နေတာ”

“ သေခြင်းရှင်ခြင်း အခြေအနေတွေအပြီးမှာ မင်း အင်အားက တော်တော် တိုးတက်လာလောက်ပြီ။ အဲဒီအခါ မင်းက ငါ့ကို အနိုင်ယူပြီး မင်း ပျောက်ဆုံးသွားတဲ့ ဂုဏ်ကျက်သရေကို ပြန်ယူမှာ”

“ ခဏ” ဝမ်ဝေ့က မေးထောက်ကာ စဉ်းစားဟန်ပြုလိုက်သည်။ ထို့နောက် သူက မရှိသည့် မုတ်ဆိတ်မွေးအား သပ်လိုက်၏။

“ ငါ စိတ်ရှုပ်ထွေးမိသွားသလိုပဲ။ ဗီလိန်တွေက ဇာတ်လိုက်ကို အနိုင်ယူပြီးတော့ ခွေးတစ်ကောင်လို ရိုက်နှက်ပြီးတော့မှ ဖြစ်လာတာလေ။ အဲဒါဆိုတော့ တိုက်ပွဲပြီးမှ ပြောသင့်တာပေါ့” ဝမ်ဝေ့က တစ်ခုခု သတိပြုမိသွားဟန်ပေါ်သည်။

“ ငါက ဒီဇာတ်ကြောင်းမှာ ဘာလို့ ဗီလိန် ဖြစ်ရမှာလဲ။ တကယ်လို့ ဇာတ်လိုက်သာ ရှိမယ်ဆိုရင် ဒါ ငါပဲ ဖြစ်သင့်တယ်။ လင်းဖန်ကတော့ သူက ငါ ဘယ်လောက်တော်ကြောင်း ပြသဖို့အတွက် အသေးစားဗီလိန်လေးပေါ့”

ထိုစဉ် ထိုတိုက်ပွဲကို ကြည့်နေသူ တော်တော်များများအား ဆွံ့အသွားကြသည်။ အထူးသဖြင့် လင်းဖန် ဖြစ်သည်။ သူသာ ထိုတိုက်ပွဲကို ရှုံးသွားပါက ထိုသို့ ပြောမိလောက်လေသည်။

လင်းဖန်က အသက်ပြင်းပြင်း ရှူလိုက်ပြီးနောက် စိတ်တည်ငြိမ်အောင် ထိန်းကာ “ မင်းက တိုက်ပွဲမတိုင်ခင် ငါ့ကို ရန်လာစနေတာလား။ မင်းအချိန်ကို မဖြုန်းနဲ့။ ငါ အရင်အမှားကနေ သင်ယူပြီးသား”

“ အဲလိုလား” ဝမ်ဝေ့က ပြန်ဖြေလိုက်သည် “ ဒါပေမဲ့ မင်း ဒီနေ့ ဆိုးဆိုးရွားရွား ရှုံးမယ်ဆိုတဲ့ အချက်က မပြောင်းလဲသေးဘူး”

“ တိုက်ပွဲက ဘယ်လိုမဆို ပြောင်းလဲသွားနိုင်တယ်။ မင်း ဘယ်သူက အနိုင်ရရှိမယ်လို့ ရာနှုန်းပြည့် အာမခံချက် မရှိဘူး။ ပြီးတော့ ငါ ရှုံးတော့လည်း ဘာဖြစ်တုန်း။ ကျီစုန့် ပြောသလိုမျိုးပဲ။ ကျရှုံးမှုတစ်ခုက ငါတို့အတွက် ဘာမှမဟုတ်ဘူး။ ငါတို့အတွက် အရေးကြီးတာက နောက်ဆုံးမှာ ပလ္လင်ပေါ်မှာ ဘယ်သူထိုင်ရမှာလဲဆိုတာပဲ”

“ ဟား…ဟား…ဟား…”

ဝမ်ဝေ့က အားရပါးရ ရယ်မောလိုက်သည် “ မင်းပြောတာမှန်တယ်။ ငါ ဒီတွေ့ဆုံမှုအပြီးမှာ မင်းအပေါ် အမြင်တွေ တိုးတက်လာပြီ။ ဘာပဲဖြစ်ဖြစ် သောက်ကလေးစုတ် အရိုက်လာခံလှည့်ချေ”

ထိုစဉ် ယန်းချန်က ထိုအရာကို ကြားပြီး တိတ်တဆိတ်သာ ခေါင်းခါလိုက်သည်။ သူ့သခင်ငယ်လေးက အုပ်ချုပ်သူတစ်ယောက်လိုမျိုး ခမ်းနားမြင့်မြတ်နိုင်သလို အာဏာရှင် တစ်ယောက်လိုမျိုးလည်း လွှမ်းမိုးမှုအားကြီးပြီး ပညာရှင် တစ်ယောက်လိုမျိုးလည်း စကားကောင်းကောင်းပြောတတ်ကာ လမ်းဘေးမှ လူရမ်းကားလိုမျိုးလည်း ရိုင်းရိုင်းပျပျ ပြောတတ်ပေသည်။

သူ့အကျင့်စရိုက်က သူ့ရဲ့ အနှောင်အဖွဲ့ကင်း လွတ်လပ်လိုတဲ့ လမ်းစဉ်နဲ့ ကိုက်ညီနေတာပဲ။ တကယ်လို့ သူသာ အလိုရှိရင် အဲဒီအရာတွေအားလုံးလည်း ဖြစ်နိုင်သလို ဘာမှမဖြစ်ဘဲနဲ့လည်း နေနိုင်တယ်…

All Chapters