← Chapters

နှလုံးသား

Vol. 21 Ch. 283

နှလုံးသား

Vol. 21 Ch. 283

အခန်း (၂၈၃) : နှလုံးသား

တိုက်ပွဲစသည်နှင့် လင်းဖန်က သူ့ပင်ကိုစွမ်းရည်ကို အသက်သွင်းလိုက်ပြီး ဟွင်သွမ်းနတ်ဆိုးနတ်ဘုရားခန္ဓာကိုယ် အခြေအနေသို့ ဝင်ရောက်လိုက်သည်။ သူ့ခန္ဓာကိုယ်က ကြယ်တာရာများဖြင့် တောက်ပနေသည့် အနက်ရောင်အသွင် ပြောင်းလဲသွားသည်။ သူ့ဘေးဝန်းကျင်တွင် တူညီသည့် အရှိန်အဝါ တစ်ခုရှိနေပြီး သူ့အား ပို၍ စွမ်းအားကြီးပုံပေါ်လာစေသည်။

ယခင်နှင့် မတူညီသည်က သူ့ခေါင်းအထက်တွင် အနက်ရောင် သရဖူတစ်ခု ရှိနေပြီး ထိုသရဖူအား တိရစ္ဆာန်သုံးထောင်ကျော် ရေးထွင်းထားပြီး တန်ဆာဆင်ထားလေသည်။

ထိုအရာက သူ့ပြင်ဆင်မှုအားလုံး မဟုတ်သေးပေ။ သူက သူ့စွမ်းရည်ကို အမြင်အာရုံဖြင့် ပို၍ စွမ်းအားကြီးအောင် လုပ်လိုက်သည်။ သူ့အမြင်အာရုံနှင့်အတူ အသွင်ပြောင်းမှုအပြီးတွင် လင်းဖန်က တိုက်ပွဲအပေါ် အာရုံစိုက်ထားလိုက်သည်။ ကံဆိုးစွာဖြင့် ထိုအရာက အသုံးမဝင်ပေ။

ဝမ်ဝေ့က ကံကြမ္မာလွတ်မြောက်ရေး နည်းစနစ်အား အသုံးပြုကာ သူ့ရှေ့တွင် အရိပ်တစ်ခုလိုမျိုး ပေါ်ထွက်လာပြီး လက်သီးဖြင့် ထိုးချလိုက်သည်။

ဝုန်း…

လင်းဖန်၏ နံရိုးက အက်သွားပြီး အလင်းတန်းလို လွင့်စင်သွားပြီး တောင်ကို ဝင်တိုက်သွားလေသည်။ သူ ပြုတ်ကျလာပြီးသည့်နောက်တွင် နားက အူနေပြီး သူ့မြင်ကွင်းများက ဝေဝါးနေသည်။ သူက ပါးစပ်ထဲမှ သွေးအရသာကို ခံစားမိလိုက်၏။

စက္ကန့်ပိုင်းအတွင်း လင်းဖန်က စိတ်ထဲ အလျင်အမြန် အလုပ်ပေးကာ ဝမ်ဝေ့၏ အရှိန်ကို လိုက်မမှီနိုင်ကြောင်း ကောက်ချက်ချလိုက်သည်။ ထို့ကြောင့် သူက လှုပ်ရှားလိုက်၏။ ထို့နောက် သူက ရုတ်ချည်းဆိုသလို ကမ္ဘာမြေရှိအကြီးဆုံးကုန်းမြေထက် ရှည်လျားသည့် တောင်ပံနှစ်ခုပါသည့် ဧရာမငါးကြီးအသွင် ပြောင်းလဲသွားလေသည်။ ပို၍အရေးကြီးသည်က ထိုအသွင်ပြောင်းမှုသည် သူ့ ဟွင်သွမ်းနတ်ဆိုး နတ်ဘုရားခန္ဓာကိုယ် အသွင်ပြောင်းမှုနှင့် တူညီနေဆဲ ဖြစ်၏။

သူ့တောင်ပံခတ်လိုက်သည့်အခါ ထိုငှက်ငါးကြီးက ဝမ်ဝေ့ရှေ့မှောက် ကီလိုမီတာထောင်ချီအကွာမှ ရုတ်ချည်း ပေါ်ထွက်လာသည်။ ထို့နောက် ထိုငှက်က ပါးစပ်ဟကာ အသက်ရှူသွင်းလိုက်၏။ ထိုလှုပ်ရှားမှုတစ်ခုတည်းက ကျတ်တီးတောင်တန်းများကိုပင် လှုပ်ခါသွားစေသည်။ တောင်များက မြေမှ ထွက်လာကာ ထိုတိုက်ကွက်အတွင်း ဝါးမျိုခံလိုက်ရ၏။ သူတို့သာ မကပေ။ အောက်ရှိမြေကြီး၊ ဝေဟင်အထက်ရှိ တိမ်များနှင့် လေဟာနယ်ပင် ကျိုးပျက်သွားပြီး ထိုငါးငှက်ပါးစပ်အတွင်းသို့ ဝါးမျိုခံလိုက်ရလေသည်။

တစ်ခုတည်းသော ချွင်းချက်က ဝမ်ဝေ့ ဖြစ်၏။ သူက ထိုဧရာမသတ္တဝါကြီးအား ကြည့်ကာ ရေရွတ်လိုက်သည် “ ဒဏ္ဍာရီလာ သတ္တဝါ ခွန်ပန်လား။ ဒီလိုသတ္တဝါမျိုးက အသင်္ချေအင်ပါယာကမ္ဘာမှာ နဂါးတွေ၊ ဇာမဏီတွေနဲ့ အတူတူ မရှိတော့ဘူး ထင်နေတာ”

သူ့ဘေးနားရှိ လေဟာနယ်က ဝါးမျိုခံလိုက်ရသော်လည်း သူက မတ်တပ်ရပ်နေဆဲဖြစ်ကြောင်း သတိပြုမိလိုက်သည်။ သာမန်အံ့ဖွယ်ခန္ဓာကို ကျင့်ကြံသူများက မူလအဆီအနှစ် မပျောက်ကွယ်သွားခင်အထိ ထိုပတ်ဝန်းကျင်မျိုးတွင် အသက်ရှင်နိုင်ကြလိမ့်မည်။ သို့သော် သူက လုံးဝ အဆင်ပြေနေလေ၏။

ထို့နောက် သူက လှုပ်ရှားလိုက်သည်။ ခွန်ပန်၏ ဝါးမျိုခြင်းစွမ်းအားက တွင်းနက်ကြီး စွမ်းရည်နှင့် အနည်းငယ်တူညီပြီး သူ့အပေါ် အနည်းငယ် သက်ရောက်မှုသာ ရှိလေသည်။ သူက သားရဲ၏ ဦးခေါင်းထိပ်တွင် ပေါ်ထွက်လာကာ လက်သီးတစ်ချက်ဖြင့် ပစ်ခွင်းလိုက်သည်။

ကမ္ဘာချိုးဖောက်လက်သီး

ကမ္ဘာငယ်တစ်ထောင်ကိုပင် ဖျက်ဆီးပစ်နိုင်သည့် အားကောင်းကောင်း တုန်ခါနှုန်းက ထိုလက်သီးချက်မှ ပေါ်ထွက်လာသည်။

သို့သော် လင်းဖန်က ဤတစ်ကြိမ်တွင် အချိန်မီ တုံ့ပြန်နိုင်လိုက်၏။ ခွန်ပန်၏ ကျောပေါ်တွင် ထူးထူးဆန်းဆန်း လက်မောင်းနှစ်ခု ပေါက်လာကာ ထိုတိုက်ကွက်အား တားဆီးလိုက်သည်။

ထို့အပြင် ဝမ်ဝေ့က သူ့လက်သီးသည် အာကာပြင်အလွှာများစွာကြောင့် တုံ့နှေးသွားသလို ခံစားလိုက်ရ၏။

ဝုန်း…

သူတို့နှစ်ဦး ထိပ်တိုက်တွေ့ဆုံမှုတွင် အားကောင်းသည့် တုန်ခါနှုန်းများက ကီလိုမီတာထောင်ချီ ပျံ့နှံ့သွားလေသည်။ ကံဆိုးသည်က ခွန်ပန်သည် စက္ကန့်ပိုင်းလောက် ခုခံပြီးသည့်နောက်တွင် မြေပေါ်သို့ ပြုတ်ကျသွားပြီး သွေးအန်လိုက်ရသည်။

ထိုစဉ် ဝမ်ဝေ့က မျက်မှောင်ကြုတ်လိုက်သည်။

သူက ဧကရာဇ်ခုံရဲ့ အသင်္ချေအရာများ ပြောင်းလဲခြင်း နည်းစနစ်ကို သုံးပြီး တာအိုသုံးထောင်ကို ထိန်းချုပ်နေတာလား…

ဝမ်ဝေ့က ဧကရာဇ်ခုံ အဆင့်တက်လှမ်းမှုအကြောင်း ဖတ်ဖူးလေသည်။ သူက တာအိုကို သက်သေပြပြီးသည့်နောက်တွင် တစ်ကမ္ဘာလုံးထံ နာမည်ကျော် စကားများအား ရေရွတ်ခဲ့၏

“ ကူးပြောင်းတာအို မဖြစ်နိုင်တာတွေ အကုန်လုံးကို ဖြစ်နိုင်အောင် ပြောင်းလဲခြင်း၊ ဖြစ်နိုင်တာတွေ အကုန်လုံးကို မဖြစ်နိုင်အောင် လုပ်ခြင်း၊ အမည်မသိ အားလုံးကို သိလာအောင် လုပ်ခြင်း၊ သိလာတဲ့ အရာအားလုံးကို မသိရှိအောင် လုပ်ခြင်း၊ ဗလာနတ္ထိမှ ပြီးပြည့်စုံမှု၊ ပြီးပြည့်စုံမှုမှ ဗလာနတ္ထိ …. ဒီအပြောင်းအလဲ အဆုံးမဲ့စက်ဝန်းက ငါ့တာအိုပဲ။ မင်းတို့တွေက ငါ့ကို ဧကရာဇ်ခုံလို့ ခေါ်နိုင်တယ်”

ဝမ်ဝေ့က လင်းဖန်သည် ထိုတာအို၏ အခြေခံအကျဆုံး စွမ်းအားကို လက်ရှိအသုံးပြုနေသော်လည်း သူ့အား ထိုသားရဲ၏ ပင်ကိုစွမ်းရည်ကို အသုံးပြုစေနိုင်ကြောင်း သိလိုက်ရသည်။

ထိုစဉ် ဒဏ်ရာအပြင်းအထန် ရရှိသွားသည့် လင်းဖန်က အလျင်အမြန် တုံ့ပြန်လိုက်၏။ သူ့ခန္ဓာကိုယ်မှ အဖြူရောင်အလင်းတန်း ထွက်ပေါ်လာကာ သူ့ဒဏ်ရာများအားလုံး ကောင်းမွန်သွားသည်။ သို့သော်လည်း သူက နဂိုသွင်ပြင်သို့ ပြောင်းလဲသွားပြီး ကျောပေါ်တွင် တောင်ပံနှစ်ခုသာ ကျန်ရှိနေလေသည်။

ဒီလိုအချိန်မျိုးမှာ ဒီလူ အသွင်ပြောင်းတာအို၊ ရှင်သန်ခြင်းတာအိုနဲ့ လေဟာနယ်တာအိုတို့ကို အသုံးပြုသွားတာပဲ…

ဝမ်ဝေ့က တွေးလိုက်မိသည်။

သူက ဒီလိုအဆင့်မျိုး ဘယ်လောက်ထုတ်သုံးနိုင်လဲ ကြည့်ကြသေးတာပေါ့

ထို့ကြောင့် သူက လင်းဖန်ဆီ ပြေးသွားလိုက်သည်။ သို့သော်လည်း လမ်းတစ်ဝက်တွင် လင်းဖန်၏ ခန္ဓာကိုယ်မှ အဖြူရောင်အလင်းတန်းက ကြီးထွားလာပြီး သူ့ဆီ ဝင်ရောက်လာသည်။ ထိုတိုက်ကွက်၏ လျှပ်တစ်ပြက်အရှိန်ကြောင့် သူက ညာဘက်လက်ကို မြှောက်ကာ တားဆီးလိုက်သည်။

ထိုအလင်းတန်းက အားကောင်းလွန်းသည့်အတွက် သူ့အား မီတာရာချီ နောက်ဆုတ်သွားစေသည်။ ထိုတိုက်ခိုက်မှု ရပ်တန့်သွားသည့်အခါ ဝမ်ဝေ့က အရိုးသာ ကျန်ရှိတော့သည်။ သူ့လက်ကို ကြည့်လိုက်မိ၏။

ထို့နောက် သူက ခေါင်းကို မော့ကာ ကောင်းကင်ရှိတိမ်များ မည်သို့ပျောက်ကွယ်သွားကြောင်း တွေ့လိုက်ရသည်။

“ ဖျက်ဆီးခြင်း တာအိုလား” သူက သူ့ကြွက်သားများနှင့် အရေပြား ပြန်လည်ကောင်းမွန်လာသည်ကို ကြည့်နေလိုက်၏။

ထိုစဉ် လင်းဖန်က ထိုတိုက်ကွက်အပြီးတွင် ပြင်းထန်စွာ အသက်လုရှူနေရသည်။ နတ်ဆိုးနတ်ဘုရား အသွင်ပြောင်းမှုအောက်တွင် သူ့မျက်နှာကို မြင်တွေ့ရလျှင် ယခုအမူအရာ တော်တော် ပျက်ယွင်းနေလိမ့်မည်။

ဤအရာက သူ၏ အားအကောင်းဆုံး တိုက်ကွက်တစ်ခု ဖြစ်၏။ အချိန်ကိုက်ညီပါက သူ့တစ်ဖက်လူအား ဒဏ်ရာ ရစေလိမ့်မည်ဟု ထင်ထားခဲ့သော်လည်း အသုံးမဝင်ခဲ့ပေ။ ယခုတွင်မူ သူ့မူလအဆီအနှစ်များက ကုန်ခမ်းသွားလေပြီ။

ဝမ်ဝေ့က သူ့လက် ပြန်ကောင်းလာသည်နှင့် လင်းဖန်အားကြည့်ကာ တွေးလိုက်မိသည်။

သူက သူ့ကန်သတ်ချက် ရောက်သွားပြီလား။ သူ့မူလအဆီအနှစ်က ဒီတာအိုအမျိုးမျိုးကို ထုတ်သုံးနိုင်ဖို့ မလုံလောက်သေးဘူးပဲ။ ဒီအချက်က သူ့အတွက် အားနည်းချက်ဖြစ်နေဦးမယ်…

သူ့ကန့်သတ်ချက် ရောက်ပြီဆိုတော့လည်း တကယ် အလေးအနက် လုပ်လိုက်ကြတာပေါ့

ဝမ်ဝေ့က သူ့ခန္ဓာကိုယ်၏ လေဟာနယ်ချိုးဖောက်ခြင်း စွမ်းရည်ကို အသုံးပြုကာ လင်းဖန်၏ ရှေ့တွင် ပေါ်ထွက်လာသည်။ ဤတစ်ကြိမ် လင်းဖန်က မတုံ့ပြန်နိုင်ခင် ဝမ်ဝေ့က ဖြတ်ကန်လိုက်သည်။

အရိုးကျိုးသံပင် ပဲ့တင်ထွက်လာပြီးနောက် အော်သံလည်း လိုက်ပါလာသည်။ ထို့နောက်တွင် ဝမ်ဝေ့က လင်းဖန်၏ လက်နှစ်ဖက်ကိုလည်း ဆွဲဖြဲလိုက်သောကြောင့် သွေးများစီးကျလာသည်။ သို့သော် သူက ထိုနေရာတွင် မရပ်တန့်ပေ။

သူက ထိုလူ၏ ခေါင်းကို ကိုင်ကာ ဆွဲဖြုတ်လိုက်၏။

သူ့လက်တစ်ချက်အဝှေ့တွင် လင်းဖန်၏ ခန္ဓာကိုယ်မှ ကြိုးမျှင်တစ်ခု ထွက်ပေါ်လာပြီး ဖြတ်တောက်ခံလိုက်ရသည်။ နောက်ဆုံးတွင် သူက အပေါ်ပိုင်းခန္ဓာကိုယ်ထဲ လက်သွင်းကာ ခုန်နေသည့် နှလုံးသားကို ဆွဲထုတ်လိုက်သည်။

ဝမ်ဝေ့က ထိုနှလုံးသားကို လက်ထဲတွင် ကိုင်ထားပြီး လက်ဝှေ့လိုက်သည့်အခါ စည်းတံဆိပ်ပေါ်လာပြီး သူ့သိုလှောင်လက်စွပ်အတွင်း ကျရောက်သွားသည်။ ထို့နောက် သူက လင်းဖန်၏ လက်များ၊ ခြေထောက်များနှင့် ခေါင်းကိုပင် သိုလှောင်လက်စွပ်အတွင်း ထည့်လိုက်ပြီးနောက် ကျန်ရှိနေသည့် အပေါ်ပိုင်းခန္ဓာကိုယ်အား မြေပေါ်တွင် ထားခဲ့လေသည်။

ထိုအရာ ဖြစ်ပြီးသည့်နောက်တွင် လင်းဖန် သေဆုံးပြီဟု ထင်နေသည်လား။

မဟုတ်ပေ။

ကောင်းကင်တာအို ကာကွယ်ရေးစာအုပ်က အသက်ဝင်လာပြီး သူ ပျောက်ဆုံးသွားသည့် အစိတ်အပိုင်းများအားလုံးက အလိုလို ပြန်ကောင်းလာလေသည်။ ဝမ်ဝေ့၏ သိုလှောင်လက်စွပ်အတွင်း သိမ်းဆည်းထားသော ဦးခေါင်းတွင် ကပ်ငြိနေသည့် သူ့ဝိညာဉ်ပင် ခန္ဓာကိုယ်အတွင်းသို့ ပြန်လည်ရောက်ရှိလာသည်။

ထိုဖြစ်စဉ်အတွင်း ဝမ်ဝေ့က တစ်ခုခု သင်ယူဖို့ ကြိုးစားခဲ့သော်လည်း ကျရှုံးခဲ့သည်။

လင်းဖန်က အသက်ပြန်ရှင်လာပြီးသည့်နောက်တွင် ဝမ်ဝေ့အား ဒေါသတကြီးဖြင့်ကြည့်ကာ “ မင်းက ငါ့ခန္ဓာကိုယ်ကို လိုချင်နေတာလား။ အတိအကျပြောရရင် မင်းက ငါ့နှလုံးသားထဲက ဟွင်သွမ်းချီနောက်ကို လိုက်နေတာပဲ။ မင်းက ရှေးဟောင်းခန္ဓာသန့်စင်ကျမ်းကို ကျင့်ကြံဖို့ အဲဒါကို လိုနေတာပဲ ဖြစ်ရမယ်။”

“ မင်းက ဒါကို သိသွားတော့ ဘာဆုလာဘ် လိုချင်လို့လဲ” ထို့နောက် လင်းဖန်အား လျစ်လျူရှုကာ ယန်းချန်အား ထွက်သွားဖို့ အမူအရာပြလိုက်သည်။ သူက သူ လိုချင်တာ ရရှိပြီးသည့်အတွက် ဒီနေရာတွင် အချိန်ဖြုန်းနေစရာ မလိုတော့ပေ။

ကျောင်းတော်ရှိလူများက ဒေါသထွက်နေကြသော်လည်း သူ ထွက်သွားသည်ကိုသာ ကြည့်နေရသည်။ တိုက်ပွဲ မတိုင်ခင် သူတို့က လင်းဖန်အား အနိုင်ရရှိလျှင် ဝမ်ဝေ့၏ ခန္ဓာကိုယ်မှ မိစ္ဆာနတ်ဘုရားအရိုးကို ယူနိုင်လိမ့်မည်ဟု ပြောခဲ့ကြသည်။ ကံဆိုးစွာဖြင့် သူတို့ကသာ ဆုံးရှုံးရသူ ဖြစ်နေလေသည်။

ဝမ်ဝေ့က ဂိုဏ်းသို့ ပြန်ရောက်ပြီးသည့်နောက်တွင် ဝူဟုန်က အဖန်ရည်သောက်ရင်း သူ့အား စောင့်စားနေသည်ကို မြင်လိုက်ရသည်။ ထို့ကြောင့် သူက အပြေးအလွှားသွားကာ ထွေးပွေ့လိုက်ရင်း ပါးပေါ် အနမ်းပေးလိုက်သည်။

“ မင်းကို လွမ်းနေတာ”

“ ကျွန်မရောပဲ” ဝူဟုန်က လက်ကို မြှောက်ကာ ဆံပင်သပ်ပေးလိုက်ရင်း “ ရှင့်တိုက်ပွဲကရော ဘယ်လိုနေလဲ”

“ စိတ်ပျက်စရာပါပဲ”

“ ဒီရလဒ်ကို မျှော်လင့်ထားပြီးသား မဟုတ်ဘူးလား” ဝူဟုန်က အဖန်ရည်သောက်ရင်း မေးလိုက်သည်။

“ မျှော်လင့်ထားပေမဲ့ တိုက်ပွဲကောင်းကောင်း တိုက်ရမယ်လို့တော့ ထင်ထားတာ။ ဒါပေမဲ့ ဒီကောင်က အစစ်အမှန် ခန္ဓာသန့်စင်သူတောင် မဟုတ်ဘူး။ သူက ကျီစုန့်ထက် အားကောင်းပေမဲ့ ဒဏ်မခံနိုင်ဘူး”

“ အဲလိုတော့ မျှော်လင့်ထားပြီးသားပဲလေ။ ဟွင်သွမ်းရုပ်ခန္ဓာက ပိုင်ရှင်ကို သာမန် အားအကောင်းဆုံးရုပ်ခန္ဓာနဲ့ တပြေးညီ လုပ်ပေးထားတယ်ဆိုတော့ သူတို့က ခန္ဓာကိုယ်သန့်စင်သူတွေ ဖြတ်ကျော်ရတဲ့ နာကျင်မှုတွေကို ခံစားနေစရာ မလိုဘူးလေ။ အကျိုးအမြတ်တွေကတော့ အလိုလို ရရှိနေတာပေါ့”

“ လင်းဖန်က ဒီဟာက သူ့အတွက် လုံလောက်နေပြီလို့ ထင်နေလောက်တယ်။ ဒါပေမဲ့ ဒီတိုက်ပွဲအပြီးမှာ သူ့အမှားကနေ သင်ယူနိုင်လိမ့်မယ်”

ဝမ်ဝေ့က ခေါင်းညိတ်လိုက်သည်။ ဤတိုက်ပွဲအတွင်း သူက လင်းဖန်သည် အလားအလာ မြောက်မြားစွာရှိကြောင်း သတိပြုမိလိုက်သည်။ အကယ်၍ သူ့လက်ရှိ မသေနိုင်စွမ်းကြောင့်သာ မဟုတ်လျှင် ဝမ်ဝေ့က သူ့ကို တစ်ခါတည်းသတ်ဖို့ ဆုံးဖြတ်ခဲ့မိလောက်၏။

“ မင်း အရင်နှစ်ပိုင်းမှာ ဘယ်ရောက်နေတာလဲ။ ကိုယ် ကျင့်ကြံရေးဝင်သွားတော့ မင်းလည်း ဂိုဏ်းကနေ ထွက်သွားတယ်လို့ ကြားမိတယ်။”

All Chapters