← Chapters

အိပ်စက်သူများ

Vol. 21 Ch. 285

အိပ်စက်သူများ

Vol. 21 Ch. 285

အခန်း (၂၈၅) : အိပ်စက်သူများ

လင်းဖန်က သေရည်သောက်တာကို ရပ်လိုက်ပြီးနောက် ရှီရှစ်၏ တုံ့ဆိုင်းနေသော အမူအရာကို ကြည့်လိုက်သည်။ သူက မျက်ခုံးအနည်းငယ်ပင့်ကာ မေးလိုက်၏ “ တကယ်လို့ မင်းမှာ ပြောစရာရှိရင် ပြောလိုက်ပါ။ ကိုယ်တို့နှစ်ယောက်ကြားမှာ ဘာမှတုံ့ဆိုင်းနေစရာ မလိုဘူး”

ထိုစကားများကို ကြားပြီးသည့်နောက်ပင် ရှီရှစ်က အနည်းငယ် တုံ့ဆိုင်းနေသေး၏။ ထို့နောက် သူမက ရှင်းပြလိုက်သည်။

“ တကယ်တော့ သတ်ဖြတ်ရေးစစ်ဆေးမှုလို့ ခေါ်တဲ့ အရာတစ်ခု ရှိတယ်။ အဲဒီဟာက ကမ္ဘာ့အသီးသီးက ကောင်းကင်ရွေးချယ်ခံတွေ တစ်နေရာတည်းကို ပို့ပြီး တစ်ယောက်နဲ့တစ်ယောက် သတ်ဖြတ်ကြတဲ့ တိုက်ပွဲမျိုးပဲ။ အဲဒီနေရာကို ထာဝရဧကရာဇ်တစ်ပါးက ဖန်တီးထားတာ။ ရလဒ်အနေနဲ့ အဲဒီက  အရင်းအမြစ်က တကယ်ကို စိတ်ကူးမကြည့်နိုင်လောက်အောင်ပဲ။ အဲဒီစစ်ဆေးမှုရဲ့ နောက်ဆုံးအသက်ရှင်ကျန်သူက ထာဝရဧကရာဇ်ဖြစ်နိုင်ဖို့ အလားအလာ အကောင်းဆုံးအဖြစ် သတ်မှတ်ခံရတယ်”

လင်းဖန်က ခဏမျှ စဉ်းစားပြီးလိုက်ပြီးနောက် “ ဒီစစ်ဆေးမှုက စိတ်ဝိညာဉ်ခရီးလမ်း စစ်ဆေးမှုလိုပဲ။ ဒါနဲ့ ဘယ်ထာဝရဧကရာဇ်က ဖန်တီးခဲ့တာလဲ။ ဘာလို့ တစ်ခါမှ မကြားဖူးရတာလဲ”

“ အဲဒါက စိတ်ဝိညာဉ်ခရီးလမ်းနဲ့ အတူတူပဲ” ရှီရှစ်က ပြန်ဖြေလိုက်သည် “ ဒါပေမဲ့ ဒီဟာက ကျင့်ကြံဆင့် ကန့်သတ်ထားတာတွေ မရှိဘူး။ ပြီးတော့ ဒီစစ်ဆေးမှုကို ဖန်တီးထားတဲ့သူက နယ်ခြားဧကရာဇ်တစ်ပါးလို့ပဲ သိထားတယ်။”

“ မင်း ပြောချင်တာက အသင်္ချေအင်ပါယာကမ္ဘာမဟုတ်ဘဲ တခြားကောင်းကင်ဆန္ဒကမ္ဘာက ထာဝရဧကရာဇ်လို့ ပြောချင်တာလား”

“ ရှင် တစ်ခါမှ ဒီစစ်ဆေးမှုကို မကြားဖူးတာက အဲဒါက ကျွန်မတို့ ကမ္ဘာနဲ့ အရမ်းဝေးတာရော ပြီးတော့ ကျွန်မတို့ ကမ္ဘာက ရွေးချယ်ခံလူတချို့ပဲ ပါဝင်ယှဉ်ပြိုင်လို့ရတာ”

“ လူအနည်းငယ်ပဲလား။ အဲဒါဆိုတော့ ပါဝင်ယှဉ်ပြိုင်တဲ့သူ ရှိတယ်ဆိုတဲ့ သဘောပဲ။ သူတို့က ဘယ်လိုလုပ်ကြတာလဲ”

“ ပြောရရင် ကျွန်မတို့ကမ္ဘာဆီကို အမှတ်အသားပြားတစ်ခု ရောက်လာတယ်။ ကံကြမ္မာစပ်တဲ့သူက အဲဒီဟာကို ရတယ်” ရှီရှစ်က ထပ်ပြောလိုက်သည် “ လတ်တလော ကျွန်မတို့ ကုန်သွယ်ရေးအဖွဲ့အစည်းက ကံကောင်းပြီးတော့ အမှတ်အသားပြား တစ်ခု ရထားတယ်။”

“ အဲဒါဆို သတင်းကောင်းပဲ။ ကိုယ် ဒီစစ်ဆေးမှုမှာ ပါဝင်ယှဉ်ပြိုင်နိုင်တယ်ဆိုရင် ကိုယ့်စွမ်းအားက အဆမတန် တိုးပွားလာလိမ့်မယ်။ ပြီးတော့ အဲဒီနှစ်ယောက်နဲ့ ကြားမှာ ရှိနေတဲ့ ကွာဟချက်ကိုလည်း လိုက်မှီနိုင်လိမ့်မယ်”

“ လောင်ကုန်း ဒီစစ်ဆေးမှုက ဘယ်လောက်ထိ အန္တရာယ်များတယ်ဆိုတာကို ရှင်နားလည်သင့်တယ်။ အဆုံးသတ်မှာ ကောင်းကင်အလိုဆန္ဒကမ္ဘာ အသီးသီးက ကောင်းကင်ရွေးချယ်ခံတွေအကုန်လုံး ပါဝင်ယှဉ်ပြိုင်ပြီးတော့ တစ်ယောက်တည်းကပဲ အသက်ရှင်ကျန်ရစ်ခဲ့မှာ”

လင်းဖန်က ထိုအရာကို ကြားပြီးပြီးနောက် အနည်းငယ် တုံ့ဆိုင်းသွားလေသည်။ သူက ထိုပါဝင်သူများသည် မည်မျှပင် အားကောင်းကြောင်း စိတ်ကူးကြည့်နိုင်လေသည်။ ထိုနေရာတွင်လည်း တိထျန်းနှင့် ဝမ်ဝေ့လိုမျိုး ကြောက်စရာကောင်းသည့် မကောင်းဆိုးဝါးများ ရှိနေနိုင်သည်။ သို့သော်လည်း လင်းဖန်က အံကြိတ်ကာ “ ကိုယ် ပြောဖူးသလိုမျိုးပဲ။  နောက်ထပ်ပြင်ပအကူအညီလိုတယ်”

လင်းဖန်က ဆုံးဖြတ်ချက် ချပြီးလိုက်သည့်နောက်တွင် သူ့ဆရာနှင့် တာအိုကာကွယ်သူ ချိုးကျင့်အား လှမ်းဆက်သွယ်ကာ သူ့ဆုံးဖြတ်ချက်အကြောင်း ပြောပြလိုက်သည်။ ထိုအခြေအနေ၏ ပြင်းထန်မှုကို သိကာ ချိုးကျင့်က ကျောင်းအုပ်အသစ်အား ဆက်သွယ်၍ ဆုံးဖြတ်ချက်ချခိုင်းခဲ့သည်။

ရက်အနည်းငယ် အချေအတင် ပြောပြီးသည့်နောက်တွင် သူတို့က လင်းဖန်အား ထိုစစ်ဆေးမှုတွင် ပါဝင်ဖို့ ခွင့်ပြုလိုက်ကြသည်။

လင်းဖန်က ရှီရှစ်ဆီမှ အမှတ်အသားပြား ရရှိပြီးသည့်နောက်တွင် သူ့ဇနီးများ၊ ကိုယ်လုပ်တော်များနှင့် မိသားစုကို နှုတ်ဆက်ပြီး ထိုအမှတ်အသားပြားကို ချက်ချင်း အသက်သွင်းလိုက်သည်။ ထို့နောက် ချက်ချင်းဆိုသလို သူက အားလုံးရှေ့မှောက်မှ ပျောက်ကွယ်သွားလေ၏။

လင်းဖန်က သူ့ပတ်ဝန်းကျင်ကို ကြည့်လိုက်သည့်အခါ လူများစွာ လမ်းလျှောက်နေသည့် မြို့တစ်မြို့အတွင်းသို့ ရောက်ရှိနေသည်ကို မြင်လိုက်ရသည်။ သူ ရောက်ရှိလာသည်နှင့် လူများက သူ့အား ချက်ချင်းသတိထားမိလိုက်ကြသည်။ သူက မြို့လယ်ခေါင်တွင် ဖြစ်လေသည်။

လင်းဖန် ပထမဆုံး သတိထားမိသည့်အချက်မှာ ထိုလူများ၏ အရှိန်အဝါက ထူးဆန်းနေလေ၏။ ခဏအကြာ စဉ်းစားပြီးသည့်နောက်တွင် သူက ထိုလူများ၏ ကျင့်ကြံရေး နည်းစနစ်သည် သူ့ မူလလမ်းစဉ် နည်းစနစ်နှင့် ကွဲပြားကြောင်း သဘောပေါက်သွားသည်။

လင်းဖန်က သူ့ပတ်ဝန်းကျင်ရှိ လူများအား စစ်ဆေးနေစဉ် သူတို့ကလည်း သူ့အား စစ်ဆေးနေလေသည်။

“ ကံဆိုးရှာတဲ့ လူသစ်လေးပဲ” လူတစ်ယောက်က ရေရွတ်လိုက်သည်။

“ သူ့အရှိန်အဝါကို ကြည့်လိုက်။ သူ့ ကျင့်ကြံဆင့်က အနည်းဆုံး အဆင့် ၅ တော့ ဖြစ်ရမယ်။ အနည်းဆုံးတော့ သူက ဒီစစ်ဆေးမှုရဲ့ အောက်ဆုံးတော့ မဟုတ်ဘူးပေါ့”

“ သူက ဘယ်ကမ္ဘာကလဲ သိချင်မိသား”

မိနစ်အနည်းငယ်ကြာပြီးသည့်နောက်တွင် လင်းဖန်၏ ခန္ဓာကိုယ်မှ ရွှေရောင်အလင်းတန်းတစ်ခု ထွက်လာကာ ကောင်းကင်သို့ ပြေးဝင်သွားသည်။ ထို့နောက်တွင် ထိုစစ်ဆေးမှုတွင် ရှိနေသည့် မြို့အသီးသီး၏ လူအားလုံးရှေ့တွင် စာရင်းတစ်ခု ပေါ်ထွက်လာသည် “ လင်းဖန်၊ ဟွင်သွမ်းရုပ်ခန္ဓာပိုင်ရှင်၊ အသင်္ချေအင်ပါယာကမ္ဘာ၊ အဆင့် ၃၈၇၆”

လူများစွာက ထိုအရာကို ကြည့်ကာ အံ့ဩနေကြသည်။

“နောက်ထပ်ဟွင်သွမ်းရုပ်ခန္ဓာလား။ ဒီစစ်ဆေးမှုမှာ ပေါ်လာတာ ဒါ ၈ ကြိမ်မြောက်ပဲ”

“ မင်းတို့ ဘာလို့ အံ့ဩနေတာလဲ။ ကမ္ဘာ့အသီးသီးမှာ ထိပ်သီးကောင်းကင်ရုပ်ခန္ဓာတွေ အကုန်လုံးက အတူတူပဲ မဟုတ်ဘူးလား”

“ ငါ သိပါတယ်။ ဒါပေမဲ့ အနည်းငယ်ထူးဆန်းနေတုန်းပဲ”

“ အဲလိုလည်း မဟုတ်ဘူး။ ငါ ဂရုစိုက်တာက တခြားအချက်ပဲ။ သူ့အဆင့်က ကျင့်ကြံဆင့်နဲ့ သူက ထိပ်တန်း အယောက် ၅ထောင်ထဲမှာ ဝင်တယ်ဆိုတော့ ဒီလူက မရိုးရှင်းဘူးဆိုတာကို ပြနေတာပဲ”

“ သူက အသင်္ချေအင်ပါယာကမ္ဘာကဆိုတော့ မူလလမ်းစဉ်နည်းစနစ်ကို ကျင့်ကြံဖို့များတယ်။ ဒီနည်းစနစ်ရဲ့ ကျင့်ကြံနှုန်းက နှေးကွေးပေမဲ့ ဒီလူတွေရဲ့စွမ်းအားက လျှော့တွက်လို့မရဘူး။ ပြီးတော့ သူတို့ရဲ့အဆင့်တစ်ဆင့် တက်တိုင်း တိုးလာတဲ့ သက်တမ်းက တခြားနည်းစနစ်တွေထက်စာရင် အတော်လေး ကောင်းမွန်တယ်”

“ အဟုတ်ဘဲ။ အသင်္ချေအင်ပါယာကမ္ဘာကို အားအကောင်းဆုံး ကောင်းကင်အလိုဆန္ဒကမ္ဘာထဲက တစ်ခုအဖြစ် သတ်မှတ်လို့ရတယ်။ ပြီးတော့ ထာဝရဧကရာဇ်အများဆုံး ကမ္ဘာစာရင်းထဲမှာလည်း ပါတယ်။ သူတို့က ထိပ်တန်းအဆင့် ၃ ကိုတောင် ချိတ်သေးတယ်။ ပြီးတော့ ပြောရရင် မိစ္ဆာနတ်ဘုရားကိုးပါးကမ္ဘာကလည်း သူတို့လက်ထဲမှာ ပျက်သုဉ်းသွားတာ မဟုတ်ဘူးလား”

ထိုစဉ် လင်းဖန်က ထိုစကားများကို နားထောင်ကာ အမှန်တကယ် အံ့အားသင့်သွားလေသည်။ သူက ကမ္ဘာကြီးသည် မည်မျှကျယ်ပြောပြီး သူက ထိုအရာနှင့် ယှဉ်လိုက်လျှင် မည်မျှသေးနုတ်ကြောင်း သဘောပေါက်သွားလေသည်။

သူ့ဂုဏ်အယူရဆုံး ဟွင်သွမ်းရုပ်ခန္ဓာပင် အဆုံးမဲ့လေဟာနယ်အတွင်း ထူးခြားနေခြင်း မရှိပေ။ သူက သူ့ဘာသာသူ သက်ပြင်းချလိုက်ပြီးနောက် သူ စိတ်ထဲ လက်ခံရရှိထားသော သတင်းအချက်အလက်အရ သူ နေထိုင်ရာဆီ ဦးတည်လိုက်သည်။

…………………

လက်ရှိကို ပြောရလျှင် အရှေ့ပိုင်း နဂါးပြာကုန်းမြေ၌

သီးသန့်နယ်မြေတစ်ခုအတွင်း အဆောက်အဦးငါးခုက ပဉ္စဂံပုံဖော်ထားသည့် နန်းတော်ကြီး ငါးခု ရှိနေလေသည်။ ထိုနန်းတော်တစ်ခုချင်းစီတွင် အရောင်ကွဲပြားပြီး အစိမ်းရောင်၊ နက်ပြာရောင်၊ အဖြူရောင်၊ အဝါရောင်နှင့် အနီရောင်တို့ ရှိကြပြီး ထိုနန်းတော်တို့၏ ကွဲပြားသည့် ဓာတ်အသီးသီးကိုလည်း နာမည်ရေးထိုးထားလေသည်။

ထိုနန်းတော်များ၏ စာလုံးများတွင် နက်နဲသည့် အဓိပ္ပာယ်များ ပါဝင်နေလေ၏။ နမူနာအားဖြင့် မီးဓာတ်နန်းတော်ရှိ မီးစာလုံးတွင် မီးဓာတ်နှင့် ပတ်သက်သည့် တာအိုစည်းချက်များ ပါဝင်နေသည်။ အကယ်၍ တစ်ယောက်ယောက်သာ ပါရမီကောင်းပါက သူတို့သည် ထိုအရာကို ကြည့်ခြင်းဖြင့် မီးဓာတ်စည်းမျဉ်းကို နားလည်သဘောပေါက်နိုင်သည်။

မြေဓာတ်၊ ရေဓာတ်၊ သတ္တုဓာတ်နှင့် သစ်သားဓာတ်နန်းတော်သည်လည်း အတူတူသာ ဖြစ်၏။

ထူးဆန်းစွာဖြင့် ထိုပဉ္စဂံအလယ်တွင် အဖိုးတန် ကျောက်မျက်ရတနာများဖြင့် ဖန်တီးထားသည့် ဇိမ်ခံနန်းတော်မျိုး မရှိပေ။ ကောင်းကင်တွင်လည်း ကြိုးကြာဖြူများ ကခုန်နေခြင်း မရှိသလို ဘေးပတ်ဝန်းကျင်တွင်လည်း သာယာငြိမ့်ငြောင်းသည့် သံစဉ်များ ထွက်ပေါ်နေခြင်း မရှိပေ။ ထိုအလယ်တွင် သစ်သားအိမ်ငယ် တစ်ခုသာ ရှိ၏။ ထိုအထဲတွင် သာမန်တာအိုဝတ်ရုံ ဝတ်ဆင်ထားသည့် မိန်းကလေးတစ်ဦး ရှိလေသည်။ သို့သော် ထိုအချက်တစ်ချက်ထဲက သာမန် ဖြစ်နေခြင်း မဟုတ်ပေ။

သူမတွင် နတ်ဘုရားများနှင့် သေမျိုးများ အားကျရလောက်အောင် လှပသည့် သွင်ပြင်မျိုး မပိုင်ဆိုင်ထားသလို စွမ်းအားကြီးသည့် အငွေ့အသက်လည်း ထုတ်လွှတ်နေခြင်း မရှိပေ။ သူမကို ကြည့်ရသည်မှာ ရိုးရှင်းလှသည်။ ရုတ်ချည်းဆိုသလို သူမက တရားထိုင်နေရာမှ မျက်လုံးပွင့်လာလေသည်။ သူမ၏ မျက်ဝန်းများက အလွန်တရာ ကြည်လင်ဖြူစင်နေပြီး အစွန်းအထင်းများ မရှိပေ။ သူမက နေရာတစ်နေရာကို လှမ်းကြည့်လိုက်ပြီးနောက် ရေရွတ်လိုက်သည်။

“ ပင်ကိုဓာတ်ငါးပါး ညီမျှမှုလား…။ ဒါက အလယ်ပိုင်းကုန်းမြေက ဖြစ်လာတာ ထင်တယ်”

ထို့နောက် ထိုမိန်းကလေးသည် အဆင့်၆ဓာတ်ငါးပါးမျှခြေညီ ရုပ်ခန္ဓာပိုင်ရှင်ဖြစ်သည့် ကျန်းပိယုဖြစ်၏။ သူမက သူမ၏ ခန္ဓာကိုယ်ရှိ တစ်ခုတည်းသော အဆင်တန်ဆာဖြစ်သည့် လက်စွပ်မှ အဆောင်တစ်ရွက်ကို ထုတ်လိုက်သည်။ မိနစ်အနည်းငယ်တွင် သူမက ဆက်သွယ်ရေးအဆောင်မှ တစ်ယောက်ယောက်နှင့် စကားပြောလိုက်သည်။

“ ကြည့်ရတာ ကျွန်မတို့ တာအိုအခွင့်အလမ်းဂိုဏ်းကို သွားရမဲ့ပုံပဲ”

………..

ထိုစဉ် တာအိုအခွင့်အလမ်းဂိုဏ်းတွင် ဝမ်ဝေ့က သူ့အဖေအား ပြဿနာရှာပြီးသည့်နောက်တွင် သူ့အလုပ်ကိုသာ အာရုံစိုက်နေလေသည်။

သူက ကောင်းကင်ကို ပျံသန်းလိုက်ပြီးသည့်နောက် တာအိုသက်သေပြပစ္စည်းကို ထုတ်ယူလိုက်သည်။ သူက ကြိုးမျှင်များကို ကြေးမုံအသွင် ပြောင်းလဲလိုက်သည်။ သူ့ထိန်းချုပ်မှုအောက်တွင် ကြေးမုံက တောင်အများစုကို လွှမ်းခြုံသွားအောင် ကျယ်ပြန့်သွားပြီး တပည့်များအပေါ် အာရုံစိုက်ထားလိုက်သည်။ သို့သော်လည်း ထိုကြေးမုံကို မမြင်တွေ့နိုင်ပေ။ ထို့ကြောင့် ပြောရလျှင် ဂိုဏ်း၏ အထက်ပိုင်းအချို့သာ မြင်တွေ့နိုင်၏။ ဝမ်ဝေ့၏ အမိန့်အောက်တွင် ထိုကြေးမုံမှ အလင်းတစ်ချက်ထွက်လာကာ တပည့်အားလုံးကို စတင်စစ်ဆေးလိုက်သည်။

ထို့နောက် သူက ကြေးမုံကို မူလအရွယ်အစားသို့ ပြောင်းလဲလိုက်ပြီးနောက် ထိုအရာမှ တစ်ခုခုကို ကြည့်လိုက်ဟန်ပေါ်သည်။ ထိုအရာက ထိုတပည့်များ၏ ကံကြမ္မာ ဖြစ်၏။

ဝမ်ဝေ့၏ ထိန်းချုပ်မှုအောက်တွင် သူက သတင်းအချက်အလက်များစွာကို စစ်ထုတ်နိုင်လိုက်သည်။ သူက လွန်ခဲ့သည့် နှစ်များစွာ၊ လွန်ခဲ့သည့် နှစ်ရာချီခန့် ကောင်းကင်ရွေးချယ်ခံ စစ်ဆေးပွဲစတင်တော့မည့် အချိန်ဝန်းကျင်တွင် တပည့်အများစုသည် ရုတ်ချည်းဆိုသလို ထူးထူးဆန်းဆန်း မှတ်ဉာဏ်များ ပေါ်ထွက်လာသည်ကို တွေ့ရှိလိုက်ရသည်။ ထို့နောက်တွင် သူတို့၏ အကျင့်စရိုက်က ပြောင်းလဲသွားလေ၏။

သူတို့က ထိုရုတ်တရက် ပြောင်းလဲမှုကို ဖုံးကွယ်ဖို့ ကြိုးစားခဲ့သော်လည်း သေချာဂရုစိုက်ကြည့်ပါက  သတိပြုမိနိုင်လေသည်။

ထိုလူများကို အာရုံစိုက်ပြီးသည့်နောက်တွင် ဝမ်ဝေ့က ထိုလူအားလုံးသည် ပြန်လည်ဝင်စားလာကြောင်း သိလိုက်ရသည်။ အတိအကျဆိုရလျှင် သူတို့က အိပ်စက်သူဟု ခေါ်ဆိုသည့် သတင်းစုဆောင်းရေးအဖွဲ့၏ အစိတ်အပိုင်းတစ်ခုသာ ဖြစ်သည်။

သူတို့၏ သေဆုံးမှုအပြီးတွင် သူတို့က ပြန်လည်ဝင်စားလာပြီး အတိတ်ဘဝ၏ မှတ်ဉာဏ်များကို ပြန်လည်နှိုးဆွနိုင်ကြသည်။ ဤနည်းဖြင့် သူတို့က အင်အားစုအသီးသီးကို သံသယဖြစ်စရာ မရှိဘဲ ဝင်ရောက်နိုင်ကြသည်။ သူတို့ မသေဆုံးခင် စုဆောင်းထားသမျှ သတင်းအချက်အလက်အားလုံးကို သူတို့ခေါင်းဆောင်ဆီ ချန်ထားခဲ့ကြသည်။

ကံဆိုးစွာဖြင့် ဝမ်ဝေ့က ထိုတပည့်များ၏ အဆင့်သည် နိမ့်ကျလွန်းသည့်အတွက် ခေါင်းဆောင်၏ ဇစ်မြစ်အကြောင်း သိဖို့ မဖြစ်နိုင်ပေ။ သို့သော် ဝမ်ဝေ့က မည်သူမှန်း မှန်းဆမိလေ၏။ တိထျန်းသာ ဖြစ်ပေမည်။

All Chapters