← Chapters

တရားဝင် လာရောက်‌တွေ့ဆုံခြင်း

Vol. 21 Ch. 286

တရားဝင် လာရောက်‌တွေ့ဆုံခြင်း

Vol. 21 Ch. 286

အခန်း (၂၈၆) : တရားဝင် လာရောက်‌တွေ့ဆုံခြင်း

ဝမ်ဝေ့က ထိုအိပ်စက်သူများအကြောင်း တွေ့ရှိပြီးနောက် မျက်မှောင်ကြုတ်မိလိုက်သည်။ သူက ထိုလူများသည် ဂိုဏ်းအတွင်း မည်သို့ဝင်ရောက်နေကြောင်း စဉ်းစားမိလိုက်၏။ အကယ်၍ အိပ်စက်နေသည့် ဘိုးဘေးများသာ ထိုမှတ်ဉာဏ်များ ရှိနေလျှင် သူတို့အတွက် ပြဿနာကြီး ဖြစ်လာပေမည်။ အကယ်၍ ထိုအိပ်စက်သူများသာ ဂိုဏ်းအတွင်း ဝင်ရောက်ခဲ့လျှင် သူတို့ သတင်းအချက်အလက် စုဆောင်းနှုန်းက မည်မျှပင် အားကောင်းနေမည်မှန်း စိတ်ကူးကြည့်၍ မရပေ။

ထို့အပြင် သူက တိထျန်းသည် ထိုလူများစွာကို တပြိုင်နက် ပြန်လည်ဝင်စားလာအောင် လုပ်နိုင်သည့်အတွက် မည်မျှပင် အားကောင်းကြောင်း တွေးမိလာသည်။ ဤသည်က သာမန် အထွတ်အထိပ် အဆင့် ပုဂ္ဂိုလ်များ လုပ်နိုင်သည့်အရာ မဟုတ်ပေ။

ဝမ်ဝေ့က ထိုအရာကို သိရှိပြီးသည့်နောက်တွင် သူ့အဖေနှင့် အဘိုးအား ဆက်သွယ်ကာ အခြေအနေကို ပြောပြလိုက်သည်။

ဝမ်ထျန်းက မျက်မှောင်ကြုတ်လိုက်ပြီးနောက် မေးလိုက်သည် “ အဲဒါဆိုရင် ဂိုဏ်းရဲ့အထက်ပိုင်းလူထဲမှာရော ရှာနိုင်လား”

“ စည်းမျဉ်းစွမ်းအား မရှိရင် ကျွန်တော် ဒီတန်ပြန်သက်ရောက် မခံရဘဲ ထူးဆန်းတဲ့ ကံကြမ္မာကြိုးမျှင်ကနေ ခွဲခြားနိုင်တယ်။ ဒါပေမဲ့ သူတို့က မခုခံမှဘဲ အဆင်ပြေလိမ့်မယ်”

“ ဒီလိုဆိုရင် သူတို့ကို မခုခံဖို့ အမိန့်ပေးလိုက်မယ်” ဝမ်ချန်က ပြောလိုက်သည် “ အကြီးအကဲချုပ်တွေကိုလည်း ပြောလိုက်မယ်”

“ တစ်ခုတည်းသော ပြဿနာက ကျွန်တော်တို့ရဲ့ ထာဝရအရှင်တွေနဲ့ တာအိုဘိုးဘေးတွေ သက်ရောက်ခံရလား မခံရလားဆိုတာပဲ” ဝမ်ထျန်းက ပြောလိုက်သည်။

“ အဲဒါကို စိုးရိမ်နေဖို့‌တော့ လိုမယ် မထင်ဘူး။ တာအိုဘိုးဘေး ဒါမှမဟုတ် ထာဝရအရှင် ဖြစ်လာဖို့က မဟာဧကရာဇ်တစ်ယောက်ရဲ့ အကူအညီက လိုအပ်တယ်။ တကယ်လို့ အိပ်စက်သူတွေက ဧကရာဇ်တွေဆီက ဖုံးကွယ်ထားနိုင်တဲ့ စွမ်းရည် ရှိနေမယ်ဆိုရင်တောင် ဖြစ်နိုင်ချေတော့ မရှိဘူး” ဝမ်ချန်က ပြောလိုက်သည်။

“ ဒီလိုဆိုရင် စရှင်းလိုက်ရအောင်”

“ အဲဒီလူတွေကို စောင့်ကြည့်ပြီးတော့ သတင်းအချက်အလက်အမှား ပေးလိုက်တာ ပိုမကောင်းဘူးလား” ဝမ်ဝေ့က ပြောလိုက်သည်။

“ သာမန်အခြေအနေမှာဆိုရင်တော့ အဲဒါက မဆိုးဘူး။ ဒါပေမဲ့ မင်းပြောနေတာသာ အမှန်ဖြစ်တယ်ဆိုရင် ငါတို့ဂိုဏ်းရဲ့ ဧကရာဇ်ကျမ်းတွေ ပေါက်ကြားသွားနိုင်ချေ ရှိတယ်။ အဲဒါကြောင့် ငါတို့တွေ ဒီအခြေအနေကို မြန်မြန်ဖြေရှင်းဖို့ လိုအပ်တယ်။”

သိပ်မကြာခင် တာအိုအခွင့်အလမ်းဂိုဏ်းအတွင်း ရှင်းထုတ်သည့် အစီအစဉ်တစ်ခု စတင်လာသည်။ ဂိုဏ်း၏ တာဝန်ခံများ၊ အကြီးအကဲများ၊ မဟာအကြီးအကဲများနှင့် အကြီးအကဲချုပ်များကို ခေါ်ကာ ဝမ်ဝေ့၏ စမ်းသပ်မှုအပေါ် မခုခံဖို့ အမိန့်ပေးခဲ့သည်။

ခုခံသည့်သူများကို ချက်ချင်း ဖမ်းဆီးခဲ့သည်။ ထိုရှင်းထုတ်ခြင်းက မပြီးဆုံးသွားသေးပေ။ ဝမ်၊ ယန်းနှင့် လီမျိုးနွယ်ဝင်များကိုလည်း တပည့်များနှင့်အတူ ဆက်တိုက်ရှာဖွေခဲ့သည်။

ပထမဆုံးအကြိမ်အနေနှင့် ဝမ်ဝေ့က တခြားမိသားစုများမှ ထိန်းသိမ်းထားသည့် အဖွဲ့ဝင်များရှိသည့် လျှို့ဝှက်ကမ္ဘာအတွင်း ဝင်ရောက်ခဲ့သည်။ ထိုအခါမှ သူတို့မျိုးနွယ်စုသည် မည်မျှကြီးမားကြောင်း နားလည်သဘောပေါက်လာသည်။ အသင်္ချေအင်ပါယာကမ္ဘာအတွင်း ရှိနေသည့်သူများမှာ ရေခဲကျောက်ဆောင်၏ ထိပ်ပိုင်း အပေါ်ပိုင်းမျှသာ ဖြစ်၏။

ရှင်းထုတ်ရေးအစီအစဉ်က ထိုမျှတွင် ရပ်မသွားပေ။ ဝမ်ထျန်းနှင့် ဝမ်ချန်တို့က ဝမ်ဝေ့အား ဂိုဏ်း၏ စည်းပိတ်ရေး ခန်းမဆောင်အထိ ခေါ်လာကာ သူတို့ဂိုဏ်း၏ အုတ်မြစ်အစစ်အမှန်ကို ပြသခဲ့သည်။ ထိုအခါ သူက တော်တော်လေး အံ့အားသင့်သွားမိ၏။

မှောင်မိုက်နေသည့်အခန်းအတွင်း သူက အခေါင်းတလားများစွာကို မြင်လိုက်ရသည်။ သူတို့၏ အရှိန်အဝါများကို စစ်ဆေးပြီးသည့်နောက်တွင် သူ့မျက်နှာအထက် အံ့ဩမှုကို မဖုံးကွယ်နိုင်တော့ပေ။

ဝမ်ဝေ့က သူ့ဘဝတွင် ဤကဲ့သို့ အထွတ်အထိပ် နယ်ပယ်အဆင့်နှင့် သူတော်စင်အဆင့် ကျင့်ကြံသူများစွာကို တစ်ခါမှ မမြင်တွေ့ဖူးကြောင်း ကျိန်ဆိုနိုင်လေသည်။ သို့သော်လည်း သိပ်မကြာခင် ထိုလူများက နှစ်သန်းချီ စည်းပိတ်ထားကြောင်း သိလိုက်ရ၏။ သူတို့၏ သက်တမ်းနှင့် သွေးစွမ်းအားများက ကုန်ခမ်းလုနီးပါး ဖြစ်နေပြီး ဂိုဏ်းတွင် ပျက်သုဉ်းမှုအဆင့် ကပ်ဘေးကြုံမှသာ နိုးထလာပြီး ဖြေရှင်းကြကာ သေဆုံးကြမည် ဖြစ်၏။

ထို့ကြောင့် သူက ထိုလူများကို စတင် စစ်ဆေးလိုက်သည်။ သူတို့ကို စည်းပိတ်ထားသဖြင့် သူတို့၏ ခုခံနှုန်းက မတည်ရှိသလောက် နည်းပါးလေသည်။ သူတို့က ပြဿနာရှိသည့်သူများကို ရှင်းထုတ်ပြီးသည့်နောက်တွင် သူတို့ကို စစ်ဆေးမေးမြန်းဖို့ ထုတ်လိုက်ကြသည်။

………………

ထျန်းဝေ့တောင်ထိပ်…

ဝမ်ဝေ့၊ ဝမ်ချန်နှင့် ဝမ်ထျန်းတို့က အစည်းအဝေးထိုင်နေကြသည်။ ဤတစ်ကြိမ် သူတို့ကို မဟာအကြီးအကဲ ယန်းမိန်နှင့် မဟာအကြီးအကဲ လီကျန်းတို့က အဖော်ပြုထားသည်။ သံသယများကို ရှင်းထုတ်ပြီးသည့်နောက်တွင် သူတို့ကို ထိုစစ်ဆေးမှုအတွင်း ပါဝင်ဖို့ ခွင့်ပြုခဲ့သည်။

“ အဲဒါဆိုတော့ ရလဒ်က ဘယ်လိုလဲ” ဝမ်ဝေ့က မေးလိုက်သည်။

ဝမ်ထျန်းက သက်ပြင်းချကာ “ ငါတို့ မျှော်လင့်ထားသလောက်တော့ မကောင်းဘူး။ ဒီလူတွေ အကုန်လုံးက ငါတို့ သူတို့ဝိညာဉ်ကို စစစ်ဆေးမယ်ဆိုတာနဲ့ အကုန်လုံး သတ်သေသွားကြတယ်။ ပိုဆိုးတာက သူတို့က သူတို့ဝိညာဉ်ကို ပြန်လည်ဝင်စားလို့ မရအောင်အထိ ဖျက်ဆီးသွားကြတယ်။”

“ ဒီလိုသစ္စာရှိနှုန်းက တကယ်ကို ကြောက်ဖို့ကောင်းတာပဲ။ ဘယ်သူကမှ သတ်သေဖို့ တုံ့ဆိုင်းမနေကြဘူး” လီကျန်းက ထပ်ပြောလိုက်သည်။

ဝမ်ဝေ့က မျက်မှောင်ကြုတ်လိုက်သည်။ သူတို့၏ ရှင်းထုတ်ရေးအစီအစဉ်ဖြင့် ဘာသတင်းအချက်အလက်မှ မစုဆောင်းနိုင်လိုက်ပေ။ ထိုလူများ၏ ခေါင်းဆောင်သည် တိထျန်း ဟုတ်၊ မဟုတ်ပင် မသိလိုက်ရပေ။ ထိုအရာက သူ့ခန့်မှန်းချက်နှင့် အလိုလိုသိစိတ်သာ ဖြစ်၏။

“ ကျွန်တော်တို့ ဆုံးရှုံးမှုကရော” ဝမ်ဝေ့က အတွေးများကို စုစည်းပြီးနောက် မေးလိုက်သည်။

“ ထင်ထားသလောက်တော့ မများဘူး။” ယန်းမိန်က ဖြေလိုက်သည် “ ဒါပေမဲ့ ငါတို့ရဲ့ နည်းစနစ်အရ အဖမ်းဆီးခံရတဲ့ လူတော်တော်များများက ဂိုဏ်းအမှုထမ်းဘက်က များတယ်။ အဲဒါကြောင့် သူတို့က ခံစားရဆုံးပဲ။ တကယ်တော့ ပြန်လည်ဝင်စားတဲ့ လူအရေအတွက်ထဲမှာ ငါတို့မိသားစုက တော်တော်လေးကို နည်းပါးတယ်”

“ အဲဒီအကြောင်းအရင်းရော ရှိလား”

အားလုံးက ခေါင်းခါလိုက်ကြသည်။ ဝမ်ဝေ့က ခဏတာ စဉ်းစားပြီးနောက် မဟာအကြီးအကဲ ယန်းမိန်အား ဖမ်းဆီးမိသည့် အိပ်စက်သူစာရင်းကို ပြဖို့ပြောလိုက်သည်။

“ ဝေ့အာ မင်းတစ်ခုခု စဉ်းစားမိလို့လား” ဝမ်ထျန်းက မေးလိုက်သည်။

သူက အလျင်အမြန် ကြည့်လိုက်ပြီးသည့်နောက်တွင် “ ဟုတ်တယ်။ ပြန်လည်ဝင်စားတဲ့ အရေအတွက်က ဝမ်နဲ့ ယန်းမိသားစုမှာ ပြန်လည်ဝင်စားနှုန်းက အနည်းဆုံးပဲ”

အခန်းထဲရှိ ထိုလူအားလုံးက ပါရမီအကောင်းဆုံးနှင့် ကောင်းချီးပေးခံထားရသူများဖြစ်ကာ ထိုသူ့ဆိုလိုရင်းကို ချက်ချင်း သဘောပေါက်သွားကြသည်။

“ ထာဝရဧကရာဇ်တွေလား” ယန်းမိန်က မေးလိုက်သည်။

“ ဟုတ်တယ်” ဝမ်ဝေ့က ပြန်ဖြေလိုက်သည် “ ကျွန်တော်တို့ ရထားတဲ့ သတင်းအချက်အလက်အရ တိထျန်းက ဧကရာဇ်အစောပိုင်းကာလကတည်းက တည်ရှိခဲ့တာရယ် တကယ်လို့ သူသာ အိပ်စက်သူတွေကို အဲဒီကတည်းက ပြန်လည်ဝင်စားခွင့် ပြုခဲ့မယ်ဆိုရင် ဧကရာဇ်ချီယွမ်နဲ့ ဓားဧကရီတို့က တစ်ခုခု သတိထားမိခဲ့တာ ဖြစ်ဖို့များမယ်”

ထိုလူများက ခေါင်းညိတ်လိုက်ကြသော်လည်း ထိုသတင်းအချက်အလက်က များစွာ ပြောင်းလဲမသွားပေ။ အကြောင်းမှာ ထိုမျိုးနွယ်စုနှစ်ခုကြားတွင် အိပ်စက်သူများ ရှိနေသေးသည့်အတွက် ဝမ်ဝေ့၏ သဘောတရားက မှားယွင်းသည်လား သို့မဟုတ် ဤအဖွဲ့၏ ခေါင်းဆောင်က ထာဝရဧကရာဇ်များ၏ အတားအဆီးကို ကျော်ဖြတ်နိုင်သည့် နည်းလမ်း တွေ့သွားသည်လားတော့ မသိပေ။

“ ငါတို့ စိုးရိမ်ဖို့လိုတာက ဒီဂိုဏ်းအမှုထမ်း အင်အားစုဘက်ကို ဘယ်လိုကျေနပ်အောင် လုပ်ပေးရမလဲဆိုတာပဲ” ဝမ်ထျန်းက ပြောလိုက်သည် “ လတ်တလောနှစ်တွေမှာ ငါတို့က ပြန်လည်စုစည်းနိုင်ခဲ့ပေမဲ့ လတ်တလော ရှင်းထုတ်ရေးကိစ္စက တော်တော်လေး ဆိုးရွားသွားစေတယ်”

သူတို့က အဆုံးရှုံးရဆုံးဖြစ်ပြီး ဂိုဏ်းအမှုထမ်း အင်အားစုဘက်က အခြေအနေကို နားလည်လျှင်ပင် သူတို့က တိတ်တဆိတ် မကျေမနပ်တော့ ဖြစ်မိကြလိမ့်မည်။

“ ငါတို့အင်အားစုတွေပဲ ပေးတဲ့ အရင်းအမြစ်တချို့ကို ပေးရင်ရော” လီကျန်းက အကြံပြုလိုက်သည်။

“ ဒါက သူတို့ကို ယာယီပဲ တည်ငြိမ်သွားစေမှာ။ ဒါက ယခင်နှစ်ရာချီတုန်းကလိုမျိုး ငါတို့ကို ရာနှုန်းပြည့် ထောက်ခံဖို့ လုံလောက်မှာ မဟုတ်ဘူး” ယန်းမိန်က ပြန်လည်ချေပလိုက်သည်။

“ တကယ်တော့ ပြန်လည်အားဖြည့်တာက သူတို့ရဲ့ ဆုံးရှုံးမှုတွေကို ကာမိလိမ့်မယ်” ဝမ်ထျန်းက ပြောလိုက်သည်။

“ သူတို့ကို ဝေ့အာ မဟာဧကရာဇ်ဖြစ်လာတဲ့အခါ တာအိုဘိုးဘေးနေရာတစ်ခု ပေးလိုက်ရင်ရော” ဝမ်ချန်က ရုတ်တရက် ထပြောလိုက်သည်။

ထိုအရာကို ကြားသည့်နောက်တွင် အားလုံး၏ အကြည့်များက လင်းလက်တောက်ပလာကြသည်။ သူတို့က အရင်းအမြစ်များ ပေးဖို့မလိုတော့ဘဲ ကတိစကားတစ်ခုသာ ပေးရုံမျှ ဖြစ်၏။  ထို့အပြင် နောက်ဆုံးတွင် ဝမ်ဝေ့သာ ပေးဆပ်ရမည် ဖြစ်ပေသည်။

ထိုစဉ် နောက်ထပ် ကံကြမ္မာအကြွေး လက်ခံလိုက်ရသည့်သူက အံ့ဩဆွံ့အသွားလေသည်။ ထို့ကြောင့် ဝမ်ဝေ့က သူတို့အကြံအစည်ကို သိရှိပြီးသည့်နောက်တွင် ထိုလူအိုကြီးများက တိတ်တဆိတ် ကျိန်ဆဲလိုက်မိသည်။ အထူးသဖြင့် သူ့အဘိုး ဖြစ်၏။ သူက လက်သီးသုံး၍ ဖြေရှင်းရသည်ကို ကြိုက်သည့် အရူးနှင့်တူသော်လည်း ဉာဏ်အများဆုံး ဖြစ်လေသည်။

ဝမ်ဝေ့အား ပို၍ ရူးသွပ်စေသည်က သူ့အနေနှင့် ထိုလူများ တာအိုဘိုးဘေး ဖြစ်လာဖို့ မည်သို့ ကူညီရမှန်းပင် မသိပေ။

ထို့ကြောင့် သူက ထိုအခွင့်အရေးအား အသုံးချကာ မေးဖို့ ဆုံးဖြတ်လိုက်သည်။

ကံဆိုးစွာဖြင့် သူက ပါးစပ်ဟ၍ မမေးနိုင်ခင်သူ့အဘိုးက ပြောလာသည် “ မင်း မေးဖို့ မလိုဘူး။ မင်း သိဖို့ အခွင့်ကျလာတဲ့အခါ ငါ မင်းကို ပြောပြမယ်”

ဝမ်ဝေ့က ခပ်တည်တည်သာ ကြည့်လိုက်သည်။ သူ့အတွက် ကံဆိုးသည်က သူက လျစ်လျူရှုခံထားရ၏။ ထို့ကြောင့် ဝမ်ဝေ့က တိတ်တဆိတ် သက်ပြင်းသာ ချလိုက်တော့သည်။ ဤသို့သော အချိန်တွင် သူ့အဘွားအသက်ရှင်နေဆဲ ရှိဖို့သာ ဆုတောင်းမိသည်။ ဤနည်းဖြင့် သူက သူ့အဖေကို အသုံးပြုသည့်နည်းလမ်းဖြင့် သူ့အဘိုးအား အသုံးပြုနိုင်လိမ့်မည်။

လူအိုကြီးက တခြားသူများ သူ့အား မျှတခြင်းမရှိဘဲ သူ လုပ်ချင်ရာသာ လုပ်လေသည်။ အကယ်၍ သူသာ သူ့အဖိုး၏ မကြည်တော့သည့် ဘက်အခြမ်းသို့ ရောက်ရှိသွားလျှင် သူ့အား ရိုက်နှက်ဖို့ တုံ့ဆိုင်းနေမည် မဟုတ်ကြောင်း သိလေသည်။ ထိုအခါ သူ့အမေပင် သူ့အား ကယ်တင်နိုင်မည် မဟုတ်ပေ။

ဝမ်ချန်၏ အဆိုပြုချက်အပြီးတွင် ထိုအဖြစ်အပျက်၏ နောက်ဆက်တွဲနှင့် ပတ်သက်၍ မည်သို့ ဖြေရှင်းရမည်ကို စတင်ဆွေးနွေးလာကြသည်။ သို့သော်လည်း လမ်းတစ်ဝက်တွင် ဝမ်ထျန်း၏ နောက်တွင် အရိပ်တစ်ခု ပေါ်ထွက်လာကာ သူ့အား တစ်ခုခု ပြောလိုက်သည်။ ထိုအခါက ဝမ်ထျန်းက အနည်းငယ် မျက်မှောင်ကြုတ်သွားလေ၏။

“ ပြဿနာတစ်ခုခု ရှိလို့လား”

“ ဓာတ်ငါးပါး နန်းတော်က လူတွေ တရားဝင်လာရောက်တွေ့ဆုံတယ်။ သူတို့က ကျန်းပိယုကိုတောင် ခေါ်လာသေးတယ်”

အားလုံးက သူတို့၏ လာရောက်တွေ့ဆုံမှုသည် သာမန်မဟုတ်ကြောင်း သတိပြုမိလိုက်၍ မျက်ခုံးပင့်ကြည့်လိုက်မိကြသည်။

All Chapters