← Chapters

မိစ္ဆာကျမ်း

Vol. 21 Ch. 288

မိစ္ဆာကျမ်း

Vol. 21 Ch. 288

အခန်း (၂၈၈) : မိစ္ဆာကျမ်း

ရက်အနည်းငယ်ကြာပြီးနောက် ကျန်းပိယုအား ကာကွယ်ပေးနေသည့် အစစ်အမှန်အုပ်ချုပ်သူများသည် သူမအတွက် လိုအပ်သည့် ကာကွယ်ရေးအစီအရင်များကို ခင်းကျင်းပေးပြီးသွားကြလေပြီ။ ထို့နောက် သူမက ဝမ်ဝေ့၏ အတွင်းအင်္ဂါ အစိတ်အပိုင်းများကို တစ်လကြာတိုင် စုယူလိုက်သည်။

သိပ်မကြာခင် ဓာတ်ငါးပါးနန်းတော်မှ လူများသည် တာအိုအခွင့်အလမ်းဂိုဏ်းမှ အလျင်အမြန် ပြန်ထွက်သွားကြသည်။

ထျန်းဝေ့တောင်ထိပ်တွင် ဝမ်ဝေ့နှင့် ဂိုဏ်း၏ အထက်ပိုင်းလူများက နောက်ထပ် အစည်းအဝေးတစ်ခု ကျင်းပနေသည်။ သူ့ရှေ့တွင် ပြသရေးပိတ်ကားချပ် တစ်ခုရှိပြီး ကျန်းပိယု၏ စုပ်ယူရေး ဖြစ်စဉ်ကို ပြသနေလေသည်။

ထိုဖြစ်စဉ်အတွင်း လူများစွာက ဝမ်ဝေ့၏ ပုရွက်ဆိတ်အရွယ် ရုပ်သေးရုပ် သို့မဟုတ် ယာဉ်ကို ဖန်တီးပြီး သူမ၏ ကျင့်ကြံရေးအခန်းအား လျှို့ဝှက်စွာ စောင့်ကြည့်နေသည်ကို အံ့ဩတကြီး တိတ်တဆိတ် သက်ပြင်းချလိုက်ကြသည်။

သူမ၏ တာအိုကာကွယ်သူများက သူတို့၏ အံ့ဖွယ်အာရုံဖြင့် အခန်းကို စစ်ဆေးကြည့်သည့်အခါပင် ထိုသေးနုတ်သည့် တိရစ္ဆာန်များကို လျစ်လျူရှုခဲ့ကြသည်။ သူတို့က သူမအား ကာကွယ်ဖို့ ချမှတ်ထားသည့် ကာကွယ်ရေး အစီအရင်များကလည်း ထိုဖြစ်နိုင်ချေကို ထည့်မစဉ်းစားခဲ့မိကြပေ။

“ ကြည့်ရတာ သူတို့ရဲ့ တည်ထောင်သူ သန့်စင်ရေးသုံးပါး ဧကရာဇ် ကျင့်ကြံခဲ့တဲ့ ဓာတ်ငါးပါးအခြေခံကို ကျင့်ကြံနေပုံပဲ” မဟာအကြီးအကဲယန်းမိန်က ပြောလိုက်သည်။ လူများစွာက သဘောတူညီစွာ ခေါင်းညိတ်လိုက်ကြသည်။ အကြောင်းမှာ သူတို့က ကျန်းပိယု ကျင့်ကြံနေသည့် ကျင့်စဉ်ကို မှတ်မိကြ၍ ဖြစ်သည်။

“ အဲလိုတော့လည်း မဟုတ်သေးဘူး” ဝမ်ဝေ့က သဘောမတူပေ “ သူမက ကိုယ်ပိုင်ကျမ်းကို မဖန်တီးထားဘူးလို့ မယုံနိုင်ဘူး”

“ သခင်လေး ပြောတာက သူမက ကျုပ်တို့ သူမကို လျှို့ဝှက်စောင့်ကြည့်နေတယ်ဆိုတာကို သိတယ်လို့ ပြောချင်တာလား”

“ အဲလိုလည်း မဟုတ်ဘူး။ ဒါပေမဲ့ စိတ်နှလုံးသား ဖြူစင်တဲ့သူတွေက အလိုလိုသိစိတ် အားပြင်းတယ်ဆိုပြီးတော့ မှတ်တမ်းတွေ ရှိတယ်။ သူမက တစ်ခုခုမှားယွင်းနေတာကို ခံစားပြီးတော့ သူမရဲ့ စွမ်းရည်ကို လျှို့ဝှက်ထားဖို့ ဆုံးဖြတ်လိုက်တာ ဖြစ်နိုင်တယ်”

ဤသည်က ဖြစ်နိုင်ချေ မြင့်မားပေသည်။

“ အဲလိုဆိုရင် ကျုပ်တို့က သူမအကြောင်း ဘာမှမသိလိုက်ဘူးပေါ့။” အကြီးအကဲ တစ်ယောက်က မေးလိုက်သည်။

“ အဲလိုလည်း မဟုတ်သေးဘူး။ ဒီအခြေအနေကနေပြီးတော့ ကျုပ်တို့ ကောက်ချက်ချနိုင်တာ ရှိတယ်” ဝမ်ထျန်းက ဖြေလိုက်သည်။

“နမူနာအရ သူမက ဓာတ်ငါးပါးအခြေခံကို ကျင့်ကြံပေမဲ့ သူမက အရမ်းဉာဏ်ကောင်းတယ်။ သူမရဲ့ အလိုလိုသိစိတ်ကလည်း တိုက်ပွဲအတွင်းမှာ အရမ်းအထောက်အကူ ဖြစ်နိုင်တယ်။”

“ ပြီးတော့ သူမရဲ့ ဓာတ်ငါးပါးတာအိုက ကြောက်ခမန်းလိလိအဆင့်ကို ရောက်နေပြီ” ဝမ်ဝေ့က ထပ်ပြောလိုက်သည်။

“ သူမ ပြောသလောက် အရှေ့ပိုင်းကုန်းမြေကနေပြီးတော့ ကျွန်တော်ခန္ဓာကိုယ်ထဲက ဓာတ်ငါးပါးစွမ်းရည်ကို ခံစားမိတယ်လို့ ပြောတာ။ ဒါ သာမန်လူတွေ လုပ်နိုင်တဲ့အရာ မဟုတ်ဘူး”

လူအများက ဝမ်ဝေ့နှင့် သဘောတူညီစွာ ခေါင်းညိတ်လိုက်ကြသည်။ ထို့နောက် သူတို့က ကျန်းပိယု၏ အင်အားကြောင်း ကောက်ချက်ချဖို့ နာရီအနည်းငယ်ကြာ ဆွေးနွေးခဲ့ကြသည်။

အစည်းအဝေးပြီးနောက် ဝမ်ဝေ့က သူ့အမွေခံသားတော် တောင်ထိပ်သို့ ပြန်သွားလေသည်။ ထိုနေရာတွင် ဝမ်ကျူက သူ့အား စောင့်ဆိုင်းနေလေ၏။ သူက သူမအား အစည်းအဝေးတက်ဖို့ ဖိတ်ခေါ်ထားသည်။

“ သခင်လေး ကျွန်မတို့ မိုမိသားစုဆီကနေ ကျမ်း ရပါပြီ”

“ အဲဒါဆိုတော့ ငါ ပြောတာမှန်နေတယ်မလား”

“ ဟုတ်ပါတယ်။ ကျွန်မတို့ သူတို့ကို လျှို့ဝှက်နယ်မြေတရားဝင် မဖွင့်ခင် သွားရောက်စစ်ဆေးဖို့ ပြောလိုက်တာနဲ့ သူတို့က ချက်ချင်း ငြင်းပယ်ခဲ့ကြတယ်။ ပြီးတော့ သခင်လေး တောင်းဆိုတဲ့အတိုင်း ကျွန်မတို့က ဖျက်ဆီးဖို့ ခြိမ်းခြောက်လိုက်တာနဲ့ ဖိအားအောက်မှာ မိုရှင်းယွမ်က စာချုပ်ကို လက်မှတ်ထိုးပေးခဲ့တယ်”

ဝမ်ကျူက ဝမ်ဝေ့ဆီ အနီရောင် စာလိပ်တစ်လိပ်ကို ပေးလိုက်သည်။ ထိုအရာက ဇူဇကာဝါးမျိုရေးကျမ်း ပါရှိနေလေ၏။

သူက ဖွင့်ကာ ဖတ်လိုက်သည် “ သက်ရှိတွေအားလုံးက လွတ်လပ်စွာ မွေးဖွားလာတယ်။ သူတို့က မွေးဖွားလာစဉ်ကတည်းက အသက်ရှင်သန်ဖို့ အစားအစာ လိုအပ်တယ်။ သူတို့က သူတို့မိခင်ဝမ်းဗိုက်ကတည်းက အာဟာရစုပ်ယူပြီး ကြီးထွားဖို့လည်း အစာကို စားရတယ်။ သေဆုံးခြင်းမှ ကာကွယ်ပြီး ကြီးထွားလာဖို့အတွက်လည်း အစာကို စားသုံးရတယ်။ ကျင့်ကြံသူတွေတောင်မှပဲ ဒီလိုဆက်တိုက် ဝါးမျိုနေရတဲ့ စက်ဝန်းကနေ မလွတ်မြောက်နိုင်ဘူး။ သူတို့က မိုးမြေကြားကနေ ဝိညာဉ်စွမ်းအားကို စားသုံးရတယ်။ စားသုံးခြင်းဆိုတာက စကြဝဠာကြီးရဲ့ သဘာဝစက်ဝန်းတစ်ခုရဲ့ အစိတ်အပိုင်းပဲ။

ဒါပေမဲ့ သက်ရှိတွေက စားလို့ရတဲ့ဟာတွေကို မစားသုံးဘဲ ဘာလို့ ရပ်လိုက်ရမှာလဲ။ တည်ရှိနေတဲ့ အရာအားလုံးက သူ့တန်ဖိုးနဲ့သူ ရှိတယ်။ အညစ်အကြေးပဲဖြစ်ဖြစ်၊ ကောင်းကင်အဖိုးတန်ပစ္စည်းပဲ ဖြစ်ဖြစ်။ အဲဒါကြောင့် အရာအားလုံးကို စားသုံးပြီးတော့ မိုးမြေကြားက အရာအားလုံးကို အစားအစာကလွဲပြီး တခြားအရာ မသတ်မှတ်တာက အကောင်းဆုံးပဲ။ သတ္တုပဲဖြစ်ဖြစ်၊ အသားပဲဖြစ်ဖြစ်၊ အသွေးပဲဖြစ်ဖြစ်၊ ဝိညာဉ်ပဲဖြစ်ဖြစ်၊ စွမ်းအားပဲဖြစ်ဖြစ်၊ ပြောရရင် တစ်ကမ္ဘာလုံးပဲဖြစ်ဖြစ် အားလုံးကိုဝါးမျိုပြီး စားသုံးရမယ်”

ဝမ်ဝေ့က ထိုကျမ်းကို ဖတ်လိုက်သည့်အခါ သူ့စိတ်ထဲ ဘေးနားရှိ အရာအားလုံးကို ဝါးမျိုလိုသည့် စိတ်ဆန္ဒ ကြီးထွားလာသည်ကို ခံစားမိလိုက်သည်။ ထိုစိတ်ဆန္ဒက သူ့စိတ်ကို လွှမ်းမိုးချင်နေဟန်ပေါ်သည်။

ကံဆိုးစွာဖြင့် သူ့စိတ်ဆန္ဒက အလွန်အားကောင်းသည့်အတွက် ထိုအတွေးကို အလျင်အမြန် ပယ်ချနိုင်လိုက်သည်။ ဝမ်ဝေ့က သက်ပြင်းချကာ ရေရွတ်လိုက်၏ “ မိစ္ဆာမျိုးနွယ်ရဲ့ ကျင့်စဉ်ဆိုတဲ့အတိုင်းပဲ သူတို့ရဲ့ မပြည့်စုံမှုကို ဖာထေးဖို့ မိုးမြေကြားက ကျင့်ကြံသူတွေရဲ့ အခြေခံအကျဆုံး အတွေးအခေါ်ကို ယူထားတာပဲ။ ပြီးတော့ ဒီကျမ်းက ကောင်းကင်ဝါးမျိုရေးဧကရာဇ် သူ ဘာလို့ အဲလိုတွေ လုပ်ခဲ့တယ်ဆိုတာကိုပါ ရှင်းပြပြီးသား ဖြစ်သွားတယ်။ တကယ်လို့ သူသာ ဒီစာအုပ်ကို ငယ်ငယ်တုန်းက ရမယ်ဆိုရင် ဒီစိတ်ဆန္ဒကနေ သက်ရောက်ခံရလိမ့်မယ်။ မိစ္ဆာကျင့်ကြံသူအနေနဲ့ သူက အဲလို လွှမ်းမိုးခံလိုက်ရဖို့ ပိုတောင် လွယ်ကူဦးမယ်”

ဝမ်ကျူအား ပြန်လွှတ်လိုက်ပြီးသည့်နောက်တွင် သူက ထိုကျမ်းအား အသေးစိတ် နားလည်အောင် အချိန်ယူခဲ့သည်။ သူက သူ့ဘာသာသူ မကျင့်ကြံသော်လည်း ထိုအရာမှ သူ့ကံကြမ္မာသာလွန်ကျမ်းအတွင်း ပေါင်းစပ်နိုင်မည့် နားလည်နိုင်စွမ်းကို ရှာဖွေနေဆဲ ဖြစ်၏။

သို့သော်လည်း တစ်ပတ်ကြာပြီးသည့်နောက်တွင် တခြားလူဆီမှ အဆောင်တစ်ခု ရရှိလိုက်သည်။ ထို့ကြောင့် သူက ရေမိုးချိုးကာ ထိုလူအား တွေ့ဖို့ ထွက်လာခဲ့လိုက်သည်။

သူ့စံအိမ်တော်ရှိ ဧည့်ခန်းထဲရှိ ဝင်လာသည့်အခါ ဆံဖြူဖြူနှင့် မိန်းမအိုကြီးက ဝူဟုန်နှင့် စကားပြောနေသည်ကို မြင်လိုက်ရသည်။

“ အဘွား” ဝမ်ဝေ့က ခေါ်ရင်း ပြေးဖက်လိုက်သည်။

“ အော် မြေးလေး သတိထားပါဦး။ ဒီအရိုးအိုကြီးတွေကို မချိုးမိစေနဲ့ဦး” ယွင်ကျောက်ကျွင်းက ပြောလိုက်သည်။

“ အဘွားက ယုမိသားစုကနေ လွယ်လွယ်လေး ထွက်မလာဘူးထင်နေတာ”

“ ဒါက ကိုယ်ပွားတစ်ခုပဲ။ မြေးလေးဘာမှ စိုးရိမ်နေစရာ မလိုဘူး”

ဝမ်ဝေ့က ခေါင်းညိတ်လိုက်သည်။ အကြောင်းမှာ လေဟာနယ်ဖြိုခွင်းခြင်းအဆင့် ကျင့်ကြံသူများသည် သူတို့ဘာသာသူတို့ ကိုယ်ပွားများ အလွယ်တကူ ဖန်တီးနိုင်ကြသည်။ သူ့အဘွားက အစစ်အမှန် အုပ်ချုပ်သူ တစ်ယောက် ဖြစ်ပေသည်။

“ အဲဒါဆိုတော့ ကျွန်တော်ကို လာတွေ့တာလား”

“ငါ့မြေးချွေးမလေးကို လာတွေ့တာ”

“ အဲဒါဆိုတော့ ကျွန်တော်ကို လာတွေ့တာ မဟုတ်ဘူးပေါ့” ဝမ်ဝေ့က အနည်းငယ် စိတ်ကောက်ကာ ပြောလိုက်သည်။

“ ငါ့ရဲ့ ဒီချစ်စရာမြေးလေးကို ဘယ်လိုလုပ် မေ့ထားပါ့မလဲ”

သူတို့သုံးယောက်က ထိုင်ကာ အဖန်ရည်သောက်ရင်း စကားပြောဆိုလိုက်ကြသည် “ အဲဒါဆိုတော့ မင်းတို့တွေ တာအိုလက်တွဲဖော် အခမ်းအနားကို ဘယ်တော့ ကျင်းပမယ် စိတ်ကူးထားကြလဲ”

“ ကျွန်တော်တို့ နှစ်ယောက်လုံး ကမ္ဘာဦးစိတ်ဝိညာဉ် ရောက်ပြီးတဲ့အခါမှ မိသားစုနဲ့ မိတ်ဆွေတွေလောက်ပဲ ဖိတ်ပြီးတော့ အခမ်းအနား အကျဉ်းချုံးလုပ်ဖို့ပဲ စဉ်းစားထားတယ်”

“ ကမ္ဘာဦးစိတ်ဝိညာဉ်အဆင့်ရောက်ပြီးမှလား။ အဲဒါဆိုရင် အချိန်သိပ်မကြာတော့ဘူးပဲ။ စောစောစီးစီး တရားဝင်လုပ်လိုက်တာ ကောင်းတယ်”

ဝမ်ဝေ့က မျက်မှောင်အသာကြုတ်လိုက်ပြီးနောက် “ အဘွား ကိစ္စတစ်ခုခုများ ရှိလို့လား”

“ မဟုတ်ပါဘူး။ မြေးလေးက မြေးရဲ့အချစ်ကို မြန်မြန်ရှာတွေ့သွားတာ ဝမ်းသာလို့ပါ။ ကံကောင်းတာက မင်းမိဘတွေ ဖြတ်ကျော်ရသလိုမျိုး ပြဿနာတွေ ကြုံတွေ့နေဖို့ မလိုဘူးပဲ”

ဝမ်ဝေ့က ခေါင်းညိတ်လိုက်ပြီး “ အဘိုးရော ဘယ်လိုနေသေးလဲ။ သူ့ဒဏ်ရာတွေရော ကုသိုလ်နဲ့ ပြန်ကောင်းရဲ့လား”

“ အခုတော့ ပိုကောင်းလာပါပြီ။ သူ နောက်ရက်အနည်းငယ်ကြာရင် သီးသန့်ကျင့်ကြံရာကနေ ထွက်လာနိုင်လောက်တယ်”

“ ကောင်းတယ်။ တကယ်လို့ အဘွား ကုသိုလ်တွေ ထပ်လိုတယ်ဆိုရင် ဂိုဏ်းမှာ အများကြီး ကျန်သေးတယ်။ တောင်းဖို့ တုံ့ဆိုင်းမနေနဲ့နော်”

“ အဘွားသိပါတယ်ကွယ့်” ကျောက်ကျွင်းက သူ့ပါးကို ဖြစ်ကာ ပြောလိုက်သည်။

ထို့နောက်တွင် ဝမ်ဝေ့က သူ့အဘွားနှင့်အတူ လအနည်းငယ် အချိန်ကုန်ဆုံးခဲ့သည်။ ထိုအချိန်အတွင်း သူက ကျင့်ကြံခြင်းမရှိသလို တစ်ခုခု စီစဉ်ကြံဆနေခြင်းမျိုးလည်း မရှိဘဲ သူ့မိသားစုနှင့်သာ ပျော်ပျော်ရွှင်ရွှင် အချိန်ကုန်ဆုံးနေလေသည်။

သူက ထိုသို့ငြိမ်းချမ်းအေးဆေးလှသည့် အချိန်မျိုးကို အင်မတန် နှစ်သက်လှသည်။ ထို့ကြောင့် သူ့အဘွားထွက်သွားပြီးသည့်နောက်တွင် အနည်းငယ် ဝမ်းနည်းမိ၏။ မည်သို့ပင်ဆိုစေကာမူ သူက သူမကို ထပ်တွေ့နိုင်သေးသည်။

ထို့နောက် ဝမ်ဝေ့ကလည်း သီးသန့်ကျင့်ကြံရေးထဲ ဝင်သွားခဲ့သည်။ သို့သော်လည်း သူ ကျင့်ကြံနေစဉ်အတွင်း ကမ္ဘာကြီးက တိတ်ဆိတ်ငြိမ်သက်ခြင်း မရှိပေ။ အထူးသဖြင့် အလယ်ပိုင်းကုန်းမြေတွင် ဖြစ်၏။

…………………

သစ်ပင်စိမ်းနယ်မြေ

ရွှေရောင်ချပ်ဝတ် ဝတ်ဆင်ထားပြီး ရွှေရောင်ဓားကို ကိုင်ဆောင်ထားသည့် လူငယ်လေးက စစ်တပ်တစ်တပ်ကို ဦးဆောင်ကာ ရင်ဆိုင်နေလေသည်။ သူ့ခန္ဓာကိုယ်မှ စွမ်းအားကြီးက သတ်ဖြတ်ငွေ့များ ပြင်းထန်နေသည့် အငွေ့အသက်များ ထုတ်လွှတ်နေလေသည်။

ဤလူငယ်လေးကို အမှန်တကယ် ရပ်တန့်လို့ မရပေ။ သူ့လမ်းတွင် ဝင်ရှုပ်သူများအားလုံးကို သူ့ဓားဖြင့် နှစ်ပိုင်း ပိုင်းခံရမည်သာ ဖြစ်၏။ ထိုစဉ် စည်းမျဉ်းကျင့်ကြံသည့် ကျင့်ကြံသူ ငါးယောက်အထက်က သူတို့၏ ခန္ဓာကိုယ်အတွင်း လှည့်ပတ်ကာ အတူတကွ ရင်ဆိုင်နေကြသည်။ သို့သော်လည်း သူ တစ်ယောက်တည်းဖြင့် အားလုံးကို အနိုင်ယူခဲ့လေ၏။ နာရီအနည်းငယ် ကြာမြင့်ပြီးနောက် ထိုလူငယ်လေးက တစ်ဖက်စစ်တပ်ကို အနိုင်ပိုင်းကာ သူတို့ ကာကွယ်ထားသည့်မြို့ကို သိမ်းပိုက်နိုင်ခဲ့သည်။ သူက သူ့လူများအား မြို့ကို သိမ်းယူပြီး ပြည်သူပြည်သားများကို အန္တရာယ်မပြုဖို့ အမိန့်ပေးလိုက်သည်။

အရာအားလုံး ချောမွေ့ပြီးသွားသည့်နောက်တွင် သူက မြို့ဂိတ်ပေါက်တွင် ရပ်ကာ အားလုံးကို ခြုံကြည့်လိုက်သည်။ ထိုသူက စွင်းကျောင်းလုံ ဖြစ်၏။

စွင်းကျောင်းလုံက ခေါင်းမော့ကာ ကောင်းကင်ဆီ ကြည့်လိုက်သည်။ သူက ဝေဟင်တွင် ဖြစ်ပျက်နေသည့် တိုက်ပွဲမှ အားကောင်းသည့်အငွေ့အသက်နှင့် တုန်ခါနှုန်းများကို ခံစားမိနေသည်။ သူက တိုက်ပွဲရလဒ်ကို စောင့်ဆိုင်းနေစဉ် တစ်ယောက်ယောက်က သူ့ဆီ လျှောက်လှမ်းလာကာ ပြောလိုက်၏။

“ အရှင့်သား ကျွန်တော်တို့ သိမ်းပိုက်ထားတဲ့ မြို့တချို့ကို မဟာကျိုးတိုင်းပြည်က ပြန်လည်သိမ်းပိုက်သွားပြီဆိုပြီးတော့ သတင်းရလိုက်ပါတယ်”

“ မင်း အကြောင်းအရင်းကိုရော သိလား” စွင်းကျောင်းလုံက တည်ငြိမ်စွာ မေးလိုက်သည်။

“ သတင်းအချက်အလက်အရတော့ သူတော်စင်အဆင့်နဲ့ အထွတ်အထိပ်နယ်ပယ်အဆင့်တွေ ထပ်ပြီးတော့ ပေါ်ထွက်လာတယ်။ ကျွန်တော်တို့ လူတွေ သူတို့ကို မတားဆီးနိုင်ဘူး”

“ မဟာဝူဘက်ကရော အားကောင်းတဲ့ ကျင့်ကြံသူတွေ ပို့မပေးဘူးလား”

အရာရှိလေးက တစ်ခုခု ပြောချင်သော်လည်း ပါးစပ်သာ ပိတ်ထားလိုက်ရသည်။ သို့သော်လည်း စွင်းကျောင်းလုံက အကြောင်းအရင်းမှန်ကို မှန်းဆမိလေသည်။ သူက တိတ်တဆိတ်သာ သက်ပြင်းချလိုက်ပြီး သူ့လက်ထဲမှ ဓားကို ကြည့်ကာ ရေရွတ်လိုက်သည်။

“ အခု ငါ မင်းရဲ့ စွမ်းရည်ကို အသက်သွင်းရမဲ့အချိန်ကျလာပုံပဲ”

All Chapters