← Chapters

ကံကြမ္မာသားတော်

Vol. 21 Ch. 289

ကံကြမ္မာသားတော်

Vol. 21 Ch. 289

အခန်း (၂၈၉) : ကံကြမ္မာသားတော်

စွင်းကျောင်းလုံက မဟာကျိုးတိုင်းပြည်နှင့် စစ်ပွဲစရန် ကြံစည်ထားသည်မှာ ကြာမြင့်လှပြီ ဖြစ်၏။ သူ့ ယခင်အစီအစဉ်အရ တစ်ခုတည်းသော ပြဿနာမှာ ကျီစုန့်သာ ဖြစ်သည်။ သို့သော်လည်း ကျီစုန့် သေဆုံးပြီးသည့်နောက်တွင် သူက သူ့အခွင့်အရေး ရောက်လာကြောင်း ချက်ချင်း သိခဲ့သည်။

ထို့ကြောင့် သူက သိုင်းပညာဧကရာဇ် အမည်ဝှက်ကို ဖန်တီးပြီးသည့်နောက်တွင် မဟာဝူတိုင်းပြည်အတွင်း သူ့ထောက်ခံသူများကို စစ်ဆေးကာ စစ်ပွဲကို စတင်ခဲ့သည်။ သူ့အကြံအစည်က ရိုးရှင်းလှသည်။ သူ့ မသေနိုင်စွမ်းအား အသုံးပြုကာ မဟာကျိုးတိုင်းပြည်၏ ပိုင်နက်ကို ဖြည်းဖြည်းချင်း အုပ်စိုးခြင်း ဖြစ်၏။ မဟာဝူကသာ မဟာကျိုး၏ သူတော်စင်အဆင့်နှင့် အထွတ်အထိပ်နယ်ပယ်အဆင့် ကျင့်ကြံသူများကို ရပ်တန့်နိုင်သရွေ့ သူက တခြားပြဿနာများကို ဖြေရှင်းနိုင်လေသည်။

ပထမဦးစွာ စွင်းကျောင်းလုံ၏ အစီအစဉ်က အလုပ်ဖြစ်ခဲ့သည်။ အဆင့်တူအတွင်း မည်သူကမှ သူ့ကို မတားဆီးနိုင်ကြပေ။ သူက ပိုင်နက်ကို တစ်ခုပြီးတစ်ခု အလျင်အမြန် အုပ်စိုးလာခဲ့သည်။ သို့သော်လည်း လတ်တလော မဟာကျိုးတိုင်းပြည်က ထိုစစ်ပွဲအတွင်း အသုံးပြုသည့် အရင်းမြစ်အရေအတွက်ကို သိသိသာသာ တိုးမြှင့်လိုက်လေသည်။

သူတော်စင်အဆင့်နှင့် အထွတ်အထိပ်နယ်ပယ်အဆင့် ကျင့်ကြံသူအရေအတွက်က ရုတ်ချည်း တိုးမြှင့်လာလေသည်။ ကံဆိုးစွာဖြင့် မဟာဝူလူများက အမှီမလိုက်နိုင်ပေ။ မဟာဝူတွင် မဟာကျိုးထက် ဧကရာဇ်တစ်ပါး ပိုရှိထားသောကြောင့် သူတို့၏ အခြေခံအုတ်မြစ်က ခိုင်မာကာ အရင်းမြစ်များစွာ ရှိထားသည်ဟု ထင်ကြလိမ့်မည်။

သို့သော်လည်း သူတို့ မဟာဝူတိုင်းပြည်၏ ဧကရာဇ်လေးယောက်အနက် သုံးယောက်က ကောင်းကင်အလိုဆန္ဒကို ကြိုးပမ်းရယူထားသည့် ဧကရာဇ်တစ်ပိုင်းများသာ ဖြစ်ကြသည်။ ထို့ကြောင့် သူတို့၏ စိတ်အခြေအနေနှင့် စိတ်ဆန္ဒ သို့မဟုတ် တာအိုနှလုံးသားက ထိုအရာကို ခံနိုင်ရည် ရှိသည့် အဆင့်သို့ မရောက်ရှိခဲ့ပေ။

ထို့အပြင် မဟာကျိုးတော်ဝင်တိုင်းပြည်က မဟာဝူနှင့်ယှဉ်လျှင် သက်တမ်းကြာမြင့်သည့်အတွက် မဟာဝူအနေနှင့် မဟာကျိုးအား အရင်းအမြစ်နှင့် အင်အားကို ယှဉ်နိုင်မည် မဟုတ်ပေ။

ထိုအရာကို သတိပြုမိပြီးသည့်နောက်တွင် စွင်းကျောင်းလုံက သူ့အရာရှိလေးအား ထွက်သွားခိုင်းလိုက်သည်။ ထို့နောက် သူက မြို့အရှင်၏ စံအိမ်တော်အတွင်း ဝင်ရောက်လာသည်။ သူက အစီအရင်တစ်ခု ခင်းကျင်းကာ တင်ပျဉ်ခွေထိုင်လိုက်၏။ သူက လက်ထဲတွင် လူသားကံကြမ္မာဓားကို ကိုင်ဆောင်လိုက်သည့်အချိန် ထိုဓားမှ ရောင်စုံစွမ်းအားများ ပေါ်ထွက်လာပြီး သူ့ခန္ဓာကိုယ်အတွင်း ဝင်ရောက်သွားလေသည်။

တစ်ပတ်ကြာမြင့်ပြီးသည့်နောက်တွင် စွင်းကျောင်းလုံက မျက်လုံးဖွင့်လာသည်။ သူ့အသက်ရှူနှုန်းကလည်း သိသိသာသာ တိုးမြင့်လာလေ၏။

“ ဒီချီကံကောင်းမှုအသစ်နဲ့ ငါ ကြွက်သားတွေကို လေ့ကျင့်နိုင်ခဲ့တယ်။ အခု အတွင်းအင်္ဂါတွေအတွက် အချိန်ပဲ” စွင်းကျောင်းလုံက ရေရွတ်လိုက်သည်။

အကယ်၍ ဤနေရာတွင် တခြားကောင်းကင်ရွေးချယ်ခံများသာ ရှိနေပါက သူတို့က စွင်းကျောင်းလုံသည် အံဖွယ်ခန္ဓာ လူသားအဆင့်ရှိ အတွင်းအင်္ဂါလေ့ကျင့်ရေး ဖြစ်စဉ်အတွင်း ဝင်ရောက်နေပြီဖြစ်ကြောင်း အံ့ဩသွားကြလိမ့်မည်။ ထိုစဉ် သူတို့အများစုက အရေပြားကိုသာ လေ့ကျင့်မှု ပြီးဆုံးရုံမျှသာဖြစ်ပြီး ကြွက်သားကို စတင်ရုံမျှသာ ဖြစ်သည်။

ထို့နောက် သူက သိုလှောင်လက်စွပ်အတွင်းမှ အဆောင်တစ်ခုကို ထုတ်ယူကာ သူ့အဖေနှင့် လှမ်းဆက်သွယ်လိုက်သည်။

“ အဖေ ကိစ္စတွေရော ဘယ်လိုလဲ” စွင်းကျောင်းလုံက မျက်နှာချင်းဆိုင်တွင် ရှိသည့်သူကို ကြည့်ရင်း မေးလိုက်သည်။

“ သိပ်မကောင်းဘူး။ လတ်တလော ဆုံးရှုံးမှုတွေအရ လူတော်တော်များများက စစ်ပွဲကို ရပ်တန့်ချင်ကြတယ်”

စွင်းကျောင်းလုံက ထိုအရာကို ကြားပြီးနောက် နှာခေါင်းရှုံ့လိုက်သည် “ ဒါက ကျွန်တော်တို့ တိုင်းပြည်ကို အားနည်းစေတဲ့အချက်ပဲ။ ကိစ္စတွေက နည်းနည်းလောက် အခက်တွေ့လာတာနဲ့ အားလုံးက သူတို့အမြီးကို ဝှက်ပြီးတော့ ပုန်းအောင်းနေချင်ကြတာပဲ”

“ မင်းလည်း ဒီအချက်ကို သိတာ ကြာလောက်ပါပြီ။ တကယ်လို့ ဒီတိုင်းပြည်ကို ပိုမိုကောင်းမွန်အောင် ပြောင်းလဲစေချင်တယ်ဆိုရင် သိသိသာသာပြောင်းလဲမှု ဒါမှမဟုတ်ဘူးဆိုရင် ဖြည်းဖြည်းချင်း ပြုပြင်ယူရမယ်။ ဘာပဲဖြစ်ဖြစ် ဒီလက်ရှိ ပြဿနာက မင်းကိုယ်မင်းပဲ မှီခိုရတော့မှာ။ မင်းမှာ ဖြေရှင်းနည်း ရှိလား”

“ ရှိနိုင်ပါတယ်။ ဒါပေမဲ့ ဒါက စိတ်ချစရာတော့ မကောင်းဘူး။ ကျွန်တော် ဒီနည်းလမ်းကို စမ်းသပ်မကြည့်ဖူးတော့ အောင်မြင်မလား မအောင်မြင်မလားဆိုတာကို မပြောတတ်ဘူး”

အရှင်ဉာဏ်ပညာက ခေါင်းညိတ်လိုက်ပြီးနောက် ဆက်မမေးတော့ပေ။

“ မင်း တောင်းဆိုချက်အတိုင်း ငါ ဖန်းလီကျွမ်းဆီက အဆောင်ကို တောင်းထားတယ်”

“ အဲလောက်တောင် မြန်တယ်လား။ သူတို့က ထပ်ပြီးတော့ ငြင်းဦးမယ်ထင်နေတာ”

“ သူတို့က အပြင်မှာသာ အဲလိုပုံပေါက်ပေမဲ့ အံ့ဖွယ်တာအိုမျိုးနွယ်က အတော်လေးကို ဆင်းရဲနေပြီ။ ပြီးတော့ သူတို့ရဲ့ ပင်ကိုပစ္စည်းတောင်းဆိုမှုကို ငြင်းပယ်ပြီးတဲ့နောက်မှာ ရှားပါးပစ္စည်းတချို့ပေးပြီးတော့ သဘောတူညီချက် ရယူနိုင်ခဲ့တယ်”

“ သူတို့က ဘာလို့ ပင်ကိုပစ္စည်း လိုအပ်နေတာလဲ” စွင်းကျောင်းလုံက နားမလည်စွာ မေးလိုက်သည်။

“ ကြည့်ရတာ သူတို့လည်း တစ်ခုခုကြံစည်နေပုံပဲ”

“ ကျွန်တော် လိုချင်တာ ရသရွေ့ ဘာမှကိစ္စမရှိဘူး”

အရှင်ဉာဏ်ပညာက ခေါင်းညိတ်ကာ ခဏတာ ရပ်တန့်လိုက်ပြီးနောက် “ မင်း အကြံအစည် အလုပ်ဖြစ်မယ်ဆိုတာ သေချာလား။ တကယ်လို့ လုပ်ဖြစ်ခဲ့ရင် မဟာကျိုးတိုင်းပြည်အပေါ် ငါတို့အမုန်းတရားက နောက်တစ်ဆင့် ရောက်သွားလိမ့်မယ်။ မင်း ဒါကို ထည့်တွက်ထားသင့်တယ်”

“ မဟာကျိုးအပေါ် ကျွန်တော်တို့ အမုန်းတရားက မပြုပြင်နိုင်တော့တဲ့ အခြေအနေကို ရောက်နေပြီ။ ယခင်နှစ်သန်းချီအတွင်း ကျွန်တော်တို့ ပိုင်တဲ့ ပိုင်နက်တွေအားလုံးကို ဖြည်းဖြည်းချင်း တိုက်စားလာခဲ့တာ။ မဟာဝူ ဒီနေ့အထိ တည်ရှိနေတဲ့ အကြောင်းအရင်းက မဟာကျိုးက နောက်ထပ်ဧကရာဇ်တစ်ပါးကို မမွေးထုတ်နိုင်သေးလို့ပဲ။

အခု သူတို့က ပြိုင်ပွဲမှာ စောစောစီးစီး ပြုတ်သွားပြီဆိုတော့ သူတို့ကို အားနည်းစေဖို့ အချိန်ကောင်းပဲ။ ကျွန်တော် တာအိုသက်သေပြပြီး ဧကရာဇ်ဖြစ်လာတာနဲ့ သူတို့ကို ရှင်းထုတ်ပစ်မယ်”

အရှင်ဉာဏ်ပညာက ကျယ်ကျယ်လောင်လောင် သက်ပြင်းချလိုက်ရင်း “ ဒီတစ်ကြိမ် ငါတို့တိုင်းပြည်ကလူတွေက မင်းကို ပွင့်လင်းမြင်သာ ပံ့ပိုးခွင့်ပေးလိမ့်မယ်တော့ မထင်ဘူး”

စွင်းကျောင်းလုံက ခေါင်းညိတ်လိုက်သည်။ သို့သော်လည်း သူက ထင်ထားသလောက် စိတ်မပျက်ပေ။ သူက ဒီရလဒ်ကို မျှော်လင့်ထားပြီးသာ မဟုတ်ပါလော။ သူ့အဖေနှင့် စကားပြောဆိုပြီးနောက်တွင် သူက မြို့အရှင်စံအိမ်မှ ထွက်လာလိုက်သည်။ ထို့နောက် ချက်ချင်းဆိုသလို သူ့အံ့ဖွယ်အသိစိတ်ကို မြို့တစ်မြို့လုံး လွှမ်းခြုံကာ အရာအားလုံး သူ့ အစီအစဉ်အောက် ရှိရဲ့လားဟု စစ်ဆေးလိုက်သည်။

နာရီအနည်းငယ် ကြာပြီးသည့်နောက်တွင် စွင်းကျောင်းလုံက တပ်မဟာရှေ့ ရပ်လိုက်သည်။ သူ့ရှေ့တွင် ကူးသန်းပို့ဆောင်ရေး အစီအရင်တစ်ခု ရှိနေသည်။

“ အရှင့်သား … ရှောင်လင်မြို့ရဲ့ ကူးသန်းရေး အစီအရင်က အဆင်သင့်ဖြစ်နေပါပြီ”

စွင်းကျောင်းလုံက စကားပြောသူကို လျစ်လျူရှုကာ မျက်လုံးမှိတ်ထားလိုက်သည်။ ထို့နောက် လူသားကံကြမ္မာဓားနှင့် ဆက်နွယ်လိုက်၏။ စက္ကန့်ပိုင်း ကြာမြင့်ပြီးသည့်နောက်တွင် သူ့မျက်လုံး ပြန်ပွင့်လာကာ “ အခြေအနေ ပြောင်းမယ်။ ငါတို့တွေ ရေခဲဆောင်မြို့ဆီ သွားမယ်။”

“ ဒါပေမဲ့ အရှင့်သား ရေခဲဆောင်မြို့က ကျွန်တော်တို့နေရာနဲ့ အလှမ်းဝေးလွန်းတယ်။ သဘောတရားအရပြောရရင် တိုက်ခိုက်ဖို့ အခြေအနေမကောင်းဘူး”

“ မင်းက ငါ့အမိန့်အတိုင်း လိုက်လုပ်ရုံပဲ။ မေးခွန်းထုတ်ဖို့ မဟုတ်ဘူး” စွင်းကျောင်းလုံက ခက်ထန်စွာ ပြောလိုက်သည်။ တပ်မဟာက ရွေးချယ်စရာမရှိဘဲ ရေခဲဆောင်မြို့သို့ ဦးတည်လိုက်ရသည်။

ယခင်တိုက်ပွဲကဲ့သို့ စွင်းကျောင်းလုံက တိုက်ပွဲကို ဦးဆောင်လာသည်။ သူ့လက်ထဲတွင် ပြိုင်ဘက်ကင်းအင်အားနှင့် လူသားကံကြမ္မာဓား ရှိနေ၍ လမ်းရှိသူအားလုံးကို သတ်ဖြတ်ခဲ့ပြီး သူ့ရွှေရောင်ချပ်ဝတ်ကိုပင် အနီရောင်သန်းသွားစေသည်။

သို့သော်လည်း တိုက်ပွဲတစ်ဝက်တွင် ထူးထူးဆန်းဆန်း အရာတစ်ခု ဖြစ်ပျက်ခဲ့သည်။ ထိုကျဆုံးသွားသော စစ်သားများ၏ သွေးအားလုံးက မြေကြီးထဲ စုပ်ယူခံလိုက်ရသည်။ တိုက်ပွဲအဆုံးသတ်သွားသည့်အခါ တိုက်ပွဲနှင့် မနီးမဝေးတွင် အာကာပြင် ကျိုးပျက်လာပြီး လေထဲတွင် အစီအရင်များစွာ ပေါ်ထွက်လာပြီး ကောင်းကင်တစ်ဝှမ်း ဖုံးလွှမ်းသွားသည်။ အနီရောင် တောက်ပနေသည့် အစီအရင်တစ်ခု ဖြစ်ပေါ်လာသည်။

စွင်းကျောင်းလုံက အပြုံးတစ်ပွင့်နှင့်အတူ လူသားကံကြမ္မာဓားကို ထုတ်လိုက်သည်။ ထို့နောက် ထိုအနီရောင်အလင်းများကို ကာကွယ်ထားသည့် ရွှေရောင်ဒိုင်းတစ်ခု ပေါ်ထွက်လာသည်။

ထို့နောက် သူက သူ့စစ်သူကြီးများနှင့် တပ်သားများအား တိုက်ပွဲနောက်ဆက်တွဲအား ဂရုစိုက်ဖို့ အမိန့်ပေးလိုက်ပြီး စွင်းကျောင်းလုံက ထိုအစီအရင်ထဲ ပြေးဝင်သွားသည်။ သူက တုံ့ဆိုင်းခြင်း မရှိဘဲ ဝင်ရောက်သွားလေ၏။ သိပ်မကြာခင် သူက အခန်းတစ်ခုအတွင်း ရောက်ရှိနေသည်ကို မြင်လိုက်ရသည်။ သူ့ရှေ့တွင် ရုပ်သေးရုပ် တပ်ဖွဲ့တစ်ခု ရှိနေလေသည်။

ထိုပတ်ဝန်းကျင်ကို အလျင်အမြန် စစ်ဆေးပေးပြီးနောက်တွင် သူက ရှေ့တိုးလာလိုက်သည်။ ထိုရုပ်သေးရုပ်တပ်ဖွဲ့က စတင်တိုက်ခိုက်လာလေ၏။

နောက်ရက် အနည်းငယ်ကြာပြီးသည့်နောက်တွင် စွင်းကျောင်းလုံက ရုပ်သေးရုပ်များနှင့် တိုက်ပွဲ တစ်ခုပြီးတစ်ခု တိုက်ခိုက်ပြီးသည့်နောက်တွင် ထိုလျှို့ဝှက်နယ်မြေ၏ ပင်မခန်းမကို တွေ့ရှိသွားလေသည်။

သူက ရုပ်သေးရုပ် နှစ်တန်းကို မြင်လိုက်ရသည်။ ပထမတန်းတွင် ရုပ်သေးရုပ် နှစ်ဆယ်ရှိပြီး တခြားတစ်ဖက်တွင် ရုပ်သေးရုပ်ရာချီ ရှိလေသည်။ ဤတစ်ကြိမ် သူက ထိုရုပ်သေးရုပ်များ၏ အင်အားကို မခံစားမိသဖြင့် ဂရုစိုက်ထားလိုက်သည်။

စွင်းကျောင်းလုံက ထိုအခန်းထဲ လျှောက်သွားနေစဉ် တိုက်ခိုက်ဖို့ အသင့်ပြင်ထားလိုက်သည်။ သို့သော်လည်း ဤတစ်ကြိမ် ဘာမှဖြစ်မလာခဲ့ပေ။ သူက တိုက်ခိုက်ခြင်း မခံရပေ။ သိပ်မကြာခင် သူက စင်မြင့်အလယ်တစ်ခုတွင် ရှိနေသည့် စာအုပ်တစ်အုပ်ကို မြင်လိုက်ရသည်။

ထိုအရာကို ဖွင့်ဖတ်ပြီးသည့်နောက်တွင် သူ့မျက်နှာထက် အပြုံးပန်း ပွင့်လန်းလာသည်။

“ အော် ဒါက ကံကြမ္မာသားတော် စွမ်းအားလား” စွင်းကျောင်းလုံက သူ့ဘာသာသူ ရေရွတ်လိုက်သည်။ “အခု ငါက အားကြီးတဲ့ ကျင့်ကြံသူတွေ လိုအပ်နေတဲ့အချိန်မှာ မိစ္ဆာခေတ်က အားကောင်းတဲ့ ရုပ်သေးရုပ်ဂိုဏ်း ကျန်နေခဲ့တဲ့ လျှို့ဝှက်နယ်မြေကို ရှာတွေ့ခဲ့တာပဲ။

ဒီလျှို့ဝှက်နယ်မြေထဲမှာ သူတော်စင်အဆင့် ရုပ်သေးရုပ်နှစ်ရာနဲ့ အထွတ်အထိပ်နယ်ပယ်အဆင့် ၁၈ရုပ်၊ ဧကရာဇ်တစ်ပိုင်း ရုပ်သေးရုပ် နှစ်ရုပ်ရှိနေတယ်” စွင်းကျောင်းလုံက သူ့လက်ထဲက ဓားကို တအံ့တဩကြည့်လိုက်သည်။ သူက ဘယ်ပြဿနာမဆို ရင်ဆိုင်ရပါစေ သူ့အတွက် ဖြေရှင်းဖို့ ကံကြမ္မာအခွင့်အလမ်းအဖြစ် ပြောင်းလဲသွားနိုင်သည်။

“ ဒီမျိုးဆက်မှာ ငါသာ ကံကြမ္မာသားတော်စွမ်းအားနဲ့ လုပ်ချင်တာ လုပ်လို့ရတယ်ဆိုပြီးတော့ မတွေးထားသရွေ့ ငါ ဒီကံကြမ္မာ အပြောင်းအလဲတွေကနေ ဖြည်းဖြည်းချင်း ထိပ်ကို တက်လှမ်းနိုင်တယ်။ အဲဒါဆိုရင် ဒီကောင်းကင်အလိုဆန္ဒကို ရယူနိုင်ပြီးတော့ တာအိုကိုလည်း သက်သေပြနိုင်လိမ့်မယ်”

စွင်းကျောင်းလုံက လမ်းလျှောက်သွားလိုက်ပြီးနောက် သူ့အား ထိုရုပ်သေးရုပ်များကို ထိန်းချုပ်နိုင်သည့် အဆောင်အား ရယူလိုက်သည်။ သူ့အား တိုက်ခိုက်ခဲ့သည့် ရုပ်သေးရုပ်များ အပါအဝင် ရုပ်သေးရုပ်အားလုံးကို သူ့သိုလှောင်လက်စွပ်အတွင်း ထည့်သိမ်းလိုက်၏။

သူက ထွက်မလာခင် အထွတ်အမြတ်နယ်မြေကို ပြန်ကြည့်လိုက်ပြီး ရေရွတ်လိုက်သည် “ ငါ ဒီကံကြမ္မာကို လက်ခံတယ်။ ငါ တာအိုကို သက်သေပြပြီး မဟာဧကရာဇ် ဖြစ်လာတာနဲ့ ပြန်လည်သန့်စင်ရေး ရုပ်သေးရုပ်ဂိုဏ်းက အသင်္ချေအင်ပါယာကမ္ဘာမှ ထပ်မံ ပေါ်ထွက်လာလိမ့်မယ်”

စွင်းကျောင်းလုံက သူ့အစီအစဉ် နောက်ခြေလှမ်းကို စတင်ဖို့အတွက် လျှို့ဝှက်နယ်မြေမှ ထွက်လာလိုက်သည်။ ရှာဖွေတွေ့ရှိထားသော အင်အားဖြင့် သူက သူ့အောင်မြင်မှုအပေါ် ယုံကြည်မှု ရှိနေလေသည်။

All Chapters