← Chapters

အခန်း ၄၀၆

Vol. 41 Ch. 406

အခန်း ၄၀၆

Vol. 41 Ch. 406

အခန်း။ ၄၀၆

၎င်းတို့၏ ခန္ဓာကိုယ် အရွယ်အစားမှာ သိသိသာသာ ပိုမိုသေးငယ်လှသည်။

အရပ်အမောင်း ဆယ်ပေခန့်သာ မြင့်မားပြီး သန်မာထွားကျိုင်းသော ခြေလက်အဆစ်များတွင် အနက်ရောင် အရိုးဆူးချွန်များ ပေါက်နေကာ ရင်ဘတ်နှင့် ကျောပြင်ထက်တွင်မူ သဘာဝအတိုင်း ဖြစ်ပေါ်နေသော မီးခိုးဖြူရောင် အရေပြားသံချပ်ကာများ ဖုံးလွှမ်းလျက်ရှိသည်။

ဖောင်းပွနေသော ဝံပုလွေခေါင်းမှအပ ကျန်ခန္ဓာကိုယ်တစ်ခုလုံးရှိ အမွှေးအမျှင်များမှာ တိုတောင်းသည်။

၎င်းတို့၏ မျက်ဝန်းအစုံတွင်မူ ထုံးစံအတိုင်း ခက်ထန်သော အရောင်အဝါများအပြင် အခြားသော ဝံပုလွေအုပ်စုများနှင့် မတူညီသည့် အသိဉာဏ်ရှိမှုတို့ ကိန်းအောင်းနေသည်ကို မြင်တွေ့ရသည်။

ခေါင်းပေါ်တွင် ငွေရောင်သရဖူအသေးလေး ဆင်မြန်းထားသော ထိပ်ဆုံးမှ လူသားတစ်ပိုင်း ဝံပုလွေမိစ္ဆာသည် မြေခွေးတစ်ထောင်တောင်၏ ထိပ်ဖျားဆီသို့ မျက်နှာမူကာ ဟိန်းဟောက်

လိုက်ရာ မျက်စိဖြင့် ထင်ရှားစွာ မြင်တွေ့နိုင်သော အဖြူရောင် အသံလှိုင်းများ လွင့်ပျံထွက်ပေါ်လာခဲ့၏။

"မြေခွေးအိုကြီး... မင်း တကယ်ပဲ ငါ့ရဲ့ စိမ်းလဲ့ဝံပုလွေတောင်ကြောနဲ့ မပူးပေါင်းချင်ဘူးပေါ့လေ။ လူသားတွေ ပြောလေ့ရှိသလို မင်းက ကောင်းကောင်းပြောတုန်းက မနာခံဘဲ အတင်းအဓမ္မ အရေးယူခံရမှ နောင်တရမယ့် လူစားပဲ။ အကယ်၍ မင်းသာ အညံမခံဘူးဆိုရင် ငါတို့ မင်းရဲ့ တောင်တံခါးကို ဖောက်ထွင်းဝင်ရောက်တဲ့အခါ မင်းတို့တစ်မျိုးနွယ်လုံးရဲ့ နိဂုံးပဲ ဖြစ်သွားစေရမယ်"

"ဝံပုလွေသခင်လေး... ငါတို့ မြေခွေးတစ်ထောင်တောင်က လောကီရေးရာတွေကနေ အမြဲတမ်း ကင်းကင်းရှင်းရှင်း နေခဲ့တာပါ။ လူသားမျိုးနွယ်တွေနဲ့ မင်းတို့ကြားက ရန်ငြိုးတွေထဲမှာလည်း ငါတို့ ပါဝင်ပတ်သက်ခြင်း မရှိပါဘူး။ ဘာဖြစ်လို့ ငါတို့ကို အတင်းအဓမ္မ ဖိအားပေးနေရတာလဲ"

အသက်ကြီးရင့်လှသော အသံတစ်ခု ပဲ့တင်ထွက်ပေါ်လာပြီးနောက် တောင်ပေါ်တွင် လုံးဝ ဖြူဆွတ်နေသော မြေခွေးမိစ္ဆာတစ်ကောင် ပေါ်ထွက်လာခဲ့သည်။

၎င်းသည် အရပ် သုံးပေခန့်သာ မြင့်မားသော်လည်း လူသားတစ်ယောက်ကဲ့သို့ မတ်တတ်လမ်းလျှောက်နေပြီး မျက်နှာတစ်ခုလုံးတွင်လည်း အဖြူရောင် မုတ်ဆိတ်မွှေးများ ဖုံးလွှမ်းနေသည်။

ညာဘက်လက်သည်းဖြင့် တောင်ဝှေးတစ်ချောင်းကို အားပြုကိုင်ဆောင်ထားကာ ခန္ဓာကိုယ်မှာလည်း ကိုင်းညွတ်နေသဖြင့် အလွန်တရာ အားနည်းနေပုံပင်။

"ဟွန်း... မိစ္ဆာမျိုးနွယ်ဖြစ်ပြီးတော့ နှစ်ဖက်ခွပြီး အကျိုးအမြတ်ရှာချင်နေတာလား။ ဒီလောကမှာ အဲဒီလောက်လွယ်ကူတဲ့အရာ မရှိဘူး"

ငွေရောင်သရဖူဆောင်းထားသည့် ဝံပုလွေသခင်လေးက နှာခေါင်းရှုံ့ရင်း အေးစက်စွာ ပြောလိုက်သည်။

"မင်း အညံမခံဘူးဆိုရင် ဒီနေ့ မင်းတို့ မြေခွေးတစ်ထောင်တောင် မျိုးနွယ်စုတစ်ခုလုံး သုတ်သင်ရှင်းလင်းခံရတာကို ငါကိုယ်တိုင် ကြည့်ရမှာပေါ့"

"အကယ်၍ အညံခံလိုက်ခြင်းကသာ အသက်ရှင်သန်ခွင့် ရစေမယ်ဆိုရင် ဒီအဖိုးအိုကလည်း ငြင်းဆန်ချင်မှာ မဟုတ်ဘူး။ ဒါပေမဲ့ ဝံပုလွေသခင်လေး တကယ်အလိုရှိတာက အညံခံဖို့ မဟုတ်ဘဲ ငါ့ရဲ့ အသက်ကိုပဲ ဖြစ်နေမှာကို ငါအကြောက်ဆုံးပဲ"

မြေခွေးမိစ္ဆာအိုကြီးက ညည်းတွားလိုက်သည်။

ထို့နောက် ဟိန်းဟောက်သံတစ်ခုနှင့်အတူ "အစီအရင်ကို ဖြန့်ကျက်စမ်း"

ထိုစကား ဆုံးသည်နှင့်တစ်ပြိုင်နက် မြေခွေးတစ်ထောင်တောင်ပေါ်ရှိ မရေမတွက်နိုင်သော ဂူပေါက်ဝများထဲမှ နေ၍ အနီရောင်၊ အဝါရောင်နှင့် အညိုရောင် မြေခွေးလေးများသည် လျင်မြန်စွာ တိုးဝှေ့ထွက်ပေါ်လာကြပြီး တောင်ခြေတွင် စုဝေးလိုက်ကြရာ အရေအတွက်အားဖြင့် သောင်းဂဏန်းအထိ ရှိနေသည်။

မြေခွေးလေးတစ်ကောင်ချင်းစီသည် ၎င်းတို့၏ လက်သည်းများဖြင့် အဖြူရောင် ကျောက်တုံးတစ်တုံးစီကို အထက်သို့ မြှောက်ကိုင်ထားကြကာ မြေပြင်ပေါ်တွင် ထိုင်၍ ကောင်းကင်ယံကို မော့ကြည့်ရင်း ဝူး ဝူး ဝူး ဟု အလွန်စိပ်ပြီး စနစ်ကျလှသည့် စည်းချက်အတိုင်း ရွတ်ဆိုလိုက်ကြသည်။

နောက်တစ်စက္ကန့်တွင် အဖြူရောင်ကျောက်တုံးများဆီမှ တောက်ပသော အလင်းတန်းများ ကောင်းကင်ယံထက်သို့ ပစ်လွှတ်သွားခဲ့၏။

အဆုံးတွင်မူ အဖြူရောင်အလင်းတန်း ထောင်ပေါင်းများစွာက တစ်ခုနှင့်တစ်ခု ရောယှက်သွားခဲ့ကြသည်။

၎င်းတို့သည် တောင်၏ အစိတ်အပိုင်းအချို့ကို ဝန်းရံပိတ်ဆို့ထားသည့် ကြီးမားပြီး နက်နဲဆန်းပြားသော အစီအရင်အလွှာတစ်ခုကို ဖွဲ့စည်းလိုက်ရာ ဝံပုလွေများ၏ တိုက်ခိုက်ရေးလမ်းကြောင်းပေါ်တွင် ကြောက်မက်ဖွယ်ကောင်းသော အတားအဆီးကြီးတစ်ခု ဖြစ်လာခဲ့တော့သည်။

သန်မာထွားကျိုင်းသော ဝံပုလွေမိစ္ဆာ ဆယ်ကောင်ကျော်သည် ဟိန်းဟောက်ရင်း အစီအရင်ဆီသို့ အရှိန်အဟုန်ဖြင့် ပြေးဝင်၍ တိုက်ခိုက်ကြသည်။

သို့သော်လည်း ၎င်းတို့ အစီအရင်ထဲသို့ ရောက်ရှိသွားသည်နှင့်တစ်ပြိုင်နက် ကန်ရေပြင်ကျယ်ကြီးထဲသို့ ကျောက်ခဲငယ်လေးများ ကျရောက်သွားသကဲ့သို့ မည်သည့်အသံမျှ ထွက်ပေါ်မလာတော့ဘဲ သေးငယ်သော ဂယက်လှိုင်းအချို့သာ ဖြစ်ပေါ်စေခဲ့သည်။

"ဒီမြေခွေးအိုကြီးက သူငယ်စဉ်က လူသားမျိုးနွယ်တွေနဲ့ မကြာခဏ ပေါင်းသင်းခဲ့တာဆိုတော့ သူတို့ဆီက အစီအရင်ပညာရပ်တွေကို သင်ယူခဲ့တာပေါ့"

ဝံပုလွေခေါင်းနှင့် လူသားခန္ဓာကိုယ်ရှိသည့် မိစ္ဆာဗိုလ်ချုပ်တစ်ကောင်က လှောင်ပြောင်လိုက်သည်။

"ဒီအစီအရင်က တောင်ရဲ့ အစိတ်အပိုင်းတစ်ခုနဲ့ ပေါင်းစပ်ထားတာ။ တိုက်ခိုက်မှုစွမ်းအား အတော်များများကို တောင်ကနေပြီးတော့ စုပ်ယူသွားတာဆိုတော့ ကိုင်တွယ်ရ တကယ့်ကို ခက်ခဲတယ်"

အခြားမိစ္ဆာဗိုလ်ချုပ်တစ်ကောင်က သက်ပြင်းချလိုက်၏။

"ဟွန်း... သေးနုပ်တဲ့ လှည့်ကွက်ပညာရပ်လေးတင်ပါ။ ငါ ဘယ်လိုဖျက်ဆီးပြမလဲဆိုတာ စောင့်ကြည့်လိုက်"

ငွေရောင်သရဖူဆောင်းထားသည့် ဝံပုလွေသခင်လေးက လှောင်ပြုံးပြုံးလိုက်ပြီးနောက် ၎င်း၏ ခန္ဓာကိုယ်အနှံ့မှ စူးရှတောက်ပသော အနက်ရောင်အလင်းတန်းများ ထွက်ပေါ်လာစေသည်။

ဝူး...

၎င်း၏ ခန္ဓာကိုယ်သည် လေမှုတ်သွင်းလိုက်သကဲ့သို့ လျင်မြန်စွာ ပွါးများကြီးထွားလာပြီး မျက်စိတစ်မှိတ်အတွင်းမှာပင် အဆပေါင်းရာချီ ပိုမိုကြီးမားသွားခဲ့သည်။

အမြင့်ပေ နှစ်ရာ၊ သုံးရာခန့်ရှိပြီး မြေခွေးတစ်ထောင်တောင်တစ်ခုလုံး၏ အမြင့်တစ်ဝက်နီးပါးအထိ ရှိသည့် အဖြူရောင် ဝံပုလွေဧရာမကြီးအဖြစ်သို့ ပြောင်းလဲသွားခဲ့ခြင်းပင်။

ဝံပုလွေဧရာမကြီးထံမှ လိပ်ပြာတက်နေသော အနက်ရောင်မီးခိုးငွဲ့များ ထွက်ပေါ်နေကာ ဒဏ္ဍာရီထဲမှ ရှေးဦးသမိုင်းမတင်မီခေတ်က သားရဲကြီးတစ်ကောင်နှင့် သဏ္ဌာန်တူနေပြီး အမွှေးအမျှင်တစ်ချောင်းချင်းစီမှာ တောင်ပေါ်က သစ်ပင်ကြီးများကဲ့သို့ ဖြစ်နေကာ ပေါ်ထွက်နေသော ကြွက်သားများကလည်း ဖျက်ဆီး၍မရသည့် ကျောက်နံရံကြီးများနှင့် အလားသဏ္ဌာန်တူသည်။

တောင်ကုန်းတစ်ခုကဲ့သို့ ကြီးမားလှသော ဝံပုလွေလက်ဝါးကြီးကို မြှောက်လိုက်ပြီး လွှမ်းမိုးချုပ်ကိုင်ထားသည့် မိစ္ဆာစွမ်းအားများနှင့်အတူ မြေခွေးတစ်ထောင်တောင်ပေါ်ရှိ အစီအရင်ဆီသို့ ပြင်းထန်စွာ ရိုက်ချလိုက်တော့သည်။

ဘုန်း...

ပြင်းထန်လှသော ဂယက်လှိုင်းများသည် အစီအရင်တစ်ခုလုံးသို့ ရိုက်ခတ်သွားခဲ့သည်။

ချက်ချင်းဆိုသလို မြေပြင်တစ်ခုလုံး တုန်ခါသွားပြီး လေပြင်းများ ပြင်းထန်စွာ တိုက်ခတ်လာကာ အမြင့်ပေတစ်ထောင်ရှိသည့် မြေခွေးတစ်ထောင်တောင်ပေါ်မှ ကျောက်ခဲပုံကြီးများ ပြိုကျလာခဲ့၏။

အစီအရင်၏ အောက်ခြေအုတ်မြစ်အဖြစ် ဆောင်ရွက်နေကြသည့် မြေခွေးလေးများသည်လည်း မျက်မှောင်ကြုတ်သွားကြပြီး သိသိသာသာကို သက်တောင့်သက်သာမရှိသလို ဖြစ်သွားကြသည်။

ဘုန်း...

ရှေးဦးသားရဲကြီးသည် ဒုတိယအကြိမ် ထပ်မံထုရိုက်လိုက်ပြန်သည်။

ဤတစ်ကြိမ်တွင်မူ မြေခွေးလေး တစ်ထောင်ကျော်သည် သွေးများအန်ထုတ်လိုက်ကြပြီး မြေပြင်ပေါ်တွင် သတိလစ် မေ့မြောကာ လဲကျကုန်ကြတော့သည်။

"မကောင်းတော့ဘူး"

မြေခွေးမိစ္ဆာအိုကြီး၏ မျက်နှာမှာ သိသိသာသာ ပျက်ယွင်းသွားခဲ့ရသည်။

ဤအတိုင်းသာ ဆက်သွားပါက ဤအစီအရင်ကြီးမှာ တစ်နေ့မဟုတ်တစ်နေ့ အတင်းအဓမ္မ ဖျက်ဆီးခြင်း ခံရမည်မှာ မြေကြီးလက်ခတ်မလွဲပေ။

၎င်းသည် မူလက သူ၏ မိစ္ဆာစွမ်းအားများကို ခြိုးခြံချွေတာရန် ကြံရွယ်ထားသော်လည်း ယခုအခါတွင်မူ မပေါ့ဆဝံ့တော့ဘဲ အစီအရင်၏ ဗဟိုချက်မတွင် ဝင်ရောက်ထိုင်ကာ အစီအရင်

မျက်စိအဖြစ် ခံယူလိုက်ပြီး ပြင်းထန်လှသော မိစ္ဆာစွမ်းအားများကို အဆက်မပြတ် စီးဆင်းစေတော့သည်။

အနည်းငယ် မှုန်ဝါးသွားခဲ့သော အစီအရင်ဒိုင်းကာကြီးသည် ချက်ချင်းပင် မူလအခြေအနေသို့ ပြန်လည်ရောက်ရှိသွားခဲ့ပြီး မူလကထက်ပင် သိသိသာသာ ပိုမိုထူထဲလာခဲ့၏။

ကျောသံချပ်ကာ စိမ်းလဲ့ဝံပုလွေမျိုးနွယ်စု၏ မြေခွေးတစ်ထောင်တောင်အပေါ် တိုက်ခိုက်မှုမှာ အလွန်တရာ ကြီးမားကျယ်ပြန့်လှသဖြင့် အပြင်ဘက်တွင်လည်း လူတစ်စုက ကြိုတင်၍ တိတ်တဆိတ် ခြုံခိုပုန်းကွယ်နေခဲ့ကြပြီ ဖြစ်သည်။

"မိစ္ဆာမျိုးနွယ်တွေရဲ့ ပင်ကိုယ်ပါရမီက တကယ့်ကို ကြောက်စရာကောင်းတာပဲ။ ဒီဝံပုလွေသခင်လေး တစ်ကောင်တည်းကိုတင် ငါတို့လူသားတွေဘက်က အဆင့်တူကျင့်ကြံသူ သုံးယောက်ကနေ ငါးယောက်လောက်အထိ ပေါင်းပြီး နှိမ်နင်းမှ ရနိုင်မယ့်ပုံပဲ"

"ကျောသံချပ်ကာ စိမ်းလဲ့ဝံပုလွေမျိုးနွယ်စုက ခန္ဓာကိုယ်ခွန်အားပိုင်းမှာ နာမည်ကျော်ကြားတာလေ။ အခြားသော မိစ္ဆာဘုရင်မျိုးနွယ်စုတွေထဲမှာတောင် သူတို့ရဲ့ အင်အားကို ယှဉ်နိုင်တဲ့သူ ရှားတယ်"

"ဟူး... ဒီအစီအရင်သာမရှိရင် ဒီမြေခွေးတွေအားလုံး သူ့လက်ချက်နဲ့တင် မျိုးပြုတ်ကုန်မှာ သေချာတယ်"

"ငါတို့ ဘယ်အချိန်မှာ လှုပ်ရှားကြမလဲ"

"မလောပါနဲ့ဦး... နောက်ထပ် နည်းနည်းလောက် ထပ်စောင့်ကြည့်ရအောင်"

တိုက်ပွဲမြေပြင်ထက်တွင်မူ...

ဘုန်း...

အမြင့်ပေ နှစ်ရာ၊ သုံးရာခန့်ရှိသော ကျောသံချပ်ကာ စိမ်းလဲ့ဝံပုလွေသခင်လေးသည် တောင်ကုန်းငယ်တစ်ခုပမာ ကြီးမားလှသော သူ၏ဝံပုလွေလက်ဝါးကြီးကို မြှောက်ကာ မြေခွေးတစ်ထောင်တောင်ရှိ အစီအရင်ကြီးကို အဆက်မပြတ် ပြင်းထန်စွာ ထုရိုက်နေဆဲပင်။

မြေခွေးမိစ္ဆာအိုကြီး ကိုယ်တိုင် ပါဝင်ပူးပေါင်းလိုက်သော်လည်း ဝံပုလွေသခင်လေး၏ အဆက်မပြတ် ထိုးနှက်မှုများကြောင့် အစီအရင်မှာ တရွေ့ရွေ့ မှေးမှိန်လာခဲ့ရာ ကြာရှည်တောင့်ခံနိုင်တော့မည်မဟုတ်ကြောင်း ထင်ရှားသည်။

သို့သော်လည်း ဤသို့လုပ်ဆောင်ခြင်းက ဝံပုလွေသခင်လေး၏ မိစ္ဆာစွမ်းအားနှင့် ခန္ဓာကိုယ်ခွန်အားကို အလွန်အမင်း ကုန်ခမ်းစေသဖြင့် ခဏအကြာတွင် သူသည် ထိုးနှက်မှုကို ခေတ္တရပ်နားကာ အသက်ကို ပြင်းထန်စွာ ရှူရှိုက်နေရတော့သည်။

ဟူး...

ဟင်း...

ဝံပုလွေသခင်လေး အသက်ရှူလိုက်သည့် အကြိမ်တိုင်းတွင် ကြီးမားလှသော အဖြူရောင် လေစီးကြောင်းကြီးများ ထွက်ပေါ်လာပြီး ကောင်းကင်ယံထက်တွင် မိုးကြိုးများ ဟိန်းဟောက်နေသကဲ့သို့ ပဲ့တင်ထပ်နေ၏။

ဝံပုလွေသခင်လေး အနည်းငယ် လက်လျော့ အနားယူနေသည့် ထိုအခိုက်အတန့်၌ပင် တောက်ပကာ နီရဲနေသော ပျံသန်းဓားမြှောင်တစ်စင်းသည် သူ၏ဦးခေါင်းထက်တွင် တိတ်တဆိတ် ပေါ်ထွက်လာခဲ့သည်။

၎င်း၏ ပတ်ပတ်လည်တွင် ကြီးမားလှသော ကြာပန်းပုံသဏ္ဌာန် မီးတောက်များ စုစည်းလာပြီး အလျားပေ ရာဂဏန်းခန့်ရှိသော ဧရာမ မီးနဂါးကြီးတစ်ကောင်အသွင် ပြောင်းလဲကာ အရှိန်အဟုန်ဖြင့် ထိုးဆင်း၍ တိုက်ခိုက်တော့သည်။

"လူသားတွေကများ ငါ့ကိစ္စထဲ ဝင်စွက်ဖက်ရဲတယ်ပေါ့လေ"

ဝံပုလွေသခင်လေးသည် ဒေါသတကြီး ဟိန်းဟောက်လိုက်၏။

ကောင်းကင်ယံမှ ထိုးဆင်းလာသော ကြောက်မက်ဖွယ် မီးနဂါးကြီးကို ရင်ဆိုင်ရာတွင် သူသည် မဆုတ်မနစ်ဘဲ သူ၏သံမဏိလက်သီးကို အထက်သို့ အားကုန်လွှဲ၍ ထိုးနှက်လိုက်တော့သည်။

ဒုန်း...

မြို့နယ်ငယ်တစ်ခုကိုပင် ပြာကျစေနိုင်သော ထိုမီးနဂါးကြီးသည် ဝံပုလွေသခင်လေး၏ လွှမ်းမိုးချုပ်ကိုင်ထားသော အင်အားအောက်တွင် တစ်စစီ ပေါက်ကွဲကာ ပျက်စီးသွားခဲ့ရ၏။

၎င်းသည် မြေပြင်ပေါ်သို့ မီးပွားမိုးများအဖြစ် ကြွေကျသွားပြီး မာကျူရီကျောက်ဆောင်များကို အရည်ပျော်စေခဲ့သော်လည်း ဝံပုလွေသခင်လေးကိုမူ အနည်းငယ်မျှပင် ထိခိုက်အောင် မလုပ်နိုင်ခဲ့ချေ။

သို့သော် လူသားမျိုးနွယ်တို့၏ တိုက်ခိုက်မှုမှာ ထိုမျှနှင့်တင် ပြီးဆုံးသွားခြင်းမရှိပေ။

ဝံပုလွေသခင်လေး၏ မူလခန္ဓာကိုယ်ထက်ပင် သိပ်မသေးလှသော ဧရာမ အပြာရောင် လွန်ငှက်ကြီးတစ်ကောင်သည် တိုက်ပွဲအတွင်းသို့ တိုးဝင်လာပြီး ၎င်း၏အတောင်ပံများကို ခတ်ခတ်ကာ ခက်ထန်စွာ ထိုးဆိတ်တော့သည်။

ရှူး...

မျှော်စင်မြင့်ဓားကြီးတစ်စင်းနှင့် အလားသဏ္ဌာန်တူလှသော လွန်ငှက်ကြီး၏ ငွေရောင်နှုတ်သီးဧရာမကြီးသည် ဝံပုလွေသခင်လေး၏ သံမဏိလက်သီးနှင့် ပြင်းထန်စွာ ထိပ်တိုက်တွေ့ဆုံခဲ့သည်။

ချက်ချင်းဆိုသလို လေဟာနယ်တစ်ခုလုံး မိုးခြိမ်းသံကဲ့သို့ ဟိန်းဟောက်သွားခဲ့၏။

၎င်းတို့ ထိခိုက်မိရာ အမှတ်အသားဆီမှနေ၍ ကြီးမားလှသော အဖြူရောင်လေစီးကြောင်းများ အရပ်ရပ်သို့ ပန်းထွက်သွားခဲ့ပြီး တောင်ခြေရှိ ဝံပုလွေအုပ်စုများကို လွင့်စင်သွားစေခဲ့သည်။

သို့သော်လည်း ၎င်းသည် ဝံပုလွေသခင်လေး၏ ပြိုင်ဘက်မဟုတ်ခဲ့ဘဲ အမွှေးအမျှင်များ လွင့်စင်ကာ အကြိမ်ကြိမ် စူးစူးရှရှ အော်ဟစ်နေရတော့သည်။

ဝံပုလွေသခင်လေးသည် ဧရာမ လွန်ငှက်ကြီးနှင့် လုံးထွေးသတ်ပုဒ်နေစဉ်မှာပင် အရပ် ဆယ်ပေခန့်သာ မြင့်မားသော လူသားအမျိုးသား ငါးဦးသည် ထိုအခွင့်အရေးကို အရယူကာ ဝံပုလွေသခင်လေး၏ နောက်ကျောဆီသို့ လျှပ်တပြက် ရောက်ရှိလာကြသည်။

၎င်းတို့၏ ခန္ဓာကိုယ်ထက်တွင် ဆန်းပြားသော ရှေးဟောင်းအစီအရင်စာလုံးများ အဆက်မပြတ် ပေါ်ထွက်လာပြီး ဦးခေါင်းထက်တွင်မူ ပေဆယ်ဂဏန်းခန့် မြင့်မားသော အနက်ရောင်မျောက်ဝံကြီးနှင့် ရွှေရောင်ငှက်ဧရာမကြီးတို့ကဲ့သို့သော နတ်ဘုရားသားရဲပုံရိပ်များ ထွက်ပေါ်လာခဲ့ရာ ၎င်းတို့မှာ စစ်မှန်သောသွေးဂိုဏ်းမှ ခန္ဓာကိုယ်ကျင့်ကြံသူများဖြစ်ကြကြောင်း ထင်ရှားသည်။

ထိုခန္ဓာကိုယ်ကျင့်ကြံသူများသည် တစ်ဦးချင်းစီ၏ အားအင်အားလုံးကို လက်သီးတစ်ချက်စီတွင် စုစည်းကာ ဝံပုလွေသခင်လေး၏ ကျောပြင်ထက်သို့ တိုက်ရိုက် ထိုးနှက်လိုက်ကြရာ မိုးခြိမ်းသံများ ကမ္ဘာပျက်မတတ် ပဲ့တင်ထွက်ပေါ်လာခဲ့သည်။

သို့သော်လည်း တောင်တန်းများကို ဖြိုခွဲနိုင်ပြီး မြစ်ချောင်းများကို ဖြတ်တောက်နိုင်စွမ်းရှိသော ထိုပြင်းထန်လှသည့် တိုက်ခိုက်မှုကြီးက ဝံပုလွေသခင်လေးကို အနည်းငယ်မျှသာ နာကျင်သွားစေခဲ့ပြီး သွေးတစ်စက်မျှပင် ထွက်လာအောင် မလုပ်နိုင်ခဲ့ချေ။

"ကောက်ကျစ်တဲ့ လူသားတွေ"

ဝံပုလွေသခင်လေးသည် လွန်ငှက်ကြီးကို သူ၏လက်သည်းဖြင့် လှမ်း၍ ရိုက်ထုတ်လိုက်ပြီနောက် ဒေါသတကြီး လှည့်ကာ ခြုံခိုတိုက်ခိုက်သူများကို ရက်စက်စွာ လှမ်း၍ ဖမ်းဆွဲလိုက်တော့သည်။

အခြေခံအုတ်မြစ်တည်ဆောက်ခြင်းအဆင့်ရှိ လူသား ခန္ဓာကိုယ်ကျင့်ကြံသူတစ်ဦးသည် အချိန်မီ မရှောင်တိမ်းနိုင်ခဲ့ဘဲ ဝံပုလွေသခင်လေး၏ လက်သည်းကြားတွင် ညှပ်ပူးညှပ်ပိတ် မိသွားခဲ့ကာ ချက်ချင်းပင် သွေးစင်္ကြံတစ်ခုအသွင် ပြောင်းလဲသွားခဲ့ရပြီး တစ်ချက်မျှပင် ပြန်လည်တောင့်ခံနိုင်ခြင်း မရှိခဲ့ချေ။

"မင်းတို့ လူသားတွေက ငါ့ကို ကျောကုတ်ပေးဖို့ပဲ အရည်အချင်းရှိတာပါကွာ... ဟားဟားဟားဟား"

ဝံပုလွေသခင်လေးသည် ထောင်လွှားစော်ကားစွာ ရယ်မောလိုက်ရင်း သူကို အလစ်အငိုက် တိုက်ခိုက်ရန် ကြိုးပမ်းလာသော ဧရာမ ကြေးနီခေါင်းလောင်းကြီးကို လက်ဝါးဖြင့် ရိုက်ထုတ်လိုက်သည်။

အမြင့်ပေ တစ်ရာကျော်ရှိသော ထိုကြေးနီခေါင်းလောင်းကြီးတွင် မူလက တောက်ပလှသော အလင်းတန်းများ ဝန်းရံလျက် နတ်ဘုရားဝိညာဉ်ရတနာတစ်ခုအလား လူ့လောကသို့ ဆင်းသက်လာခဲ့ခြင်းပင်။

သို့သော် ဝံပုလွေသခင်လေး၏ ကြီးမားလှသော ခွန်အားအောက်တွင်မူ ၎င်းသည် နက်ရှိုင်းစွာ ချိုင့်ဝင်သွားခဲ့ရပြီး ဝိညာဉ်အလင်းတန်းများ မှေးမှိန်သွားကာ ပျက်စီးလုနီးပါး ဖြစ်သွားခဲ့ရ၏။

ကြောက်မက်ဖွယ်ကောင်းသော စွမ်းရည်နှင့်အတူ ဝံပုလွေသခင်လေးသည် အဆင့်တူကျင့်ကြံသူ ခုနစ်ယောက်မှ ရှစ်ယောက်၏ တစ်ပြိုင်နက်တည်း တိုက်ခိုက်မှုကို ရင်ဆိုင်နေရသော်လည်း အလွန်တရာ ထက်မြက်ကာ ရဲရင့်နေဆဲပင်။

သူသည် လူသားကျင့်ကြံသူတစ်ဦးချင်းစီ၏ ကျင့်စဉ်အတတ်ပညာများကို တစ်ခုပြီးတစ်ခု ချေမှုန်းပစ်လိုက်ပြီး သူကိုယ်တိုင်မှာမူ ဒဏ်ရာအနည်းငယ်မျှသာ ရရှိခဲ့ရာ သူ၏ ရက်စက်ခက်ထန်လှသော အရှိန်အဝါကြောင့် ရန်သူများမှာ ပြန်လည်ခုခံရန်ပင် အခွင့်အလမ်း မရှိသလောက်ပင်။

All Chapters