← Chapters

မျိုးစေ့

Vol. 21 Ch. 290

မျိုးစေ့

Vol. 21 Ch. 290

အခန်း (၂၉၀) : မျိုးစေ့

မဟာကျိုးတော်ဝင်တိုင်းပြည်

ယနေ့က တခြားရက်များလို သာမန်နေ့တစ်ရက်သာ ဖြစ်သည်။ အကြောင်းမှာ လတ်တလော စစ်ပွဲကြောင့် ယေဘုယျအခြေအနေက ပြင်းထန်နေသောကြောင့် တစ်မြို့လုံးက တိတ်ဆိတ်ကာ ပြည်သူပြည်သားများက သူတို့၏ အနာဂတ်ကို တွေး၍ စိတ်ပူနေကြသည်။

ဘုရင်ကျီဝမ်က ထိုစိတ်ညစ်နေသော အခြေအနေသည် တိုင်းပြည်၏ ချီကံကောင်းမှုအပေါ် သက်ရောက်မှု ဖြစ်နိုင်သောကြောင့် လူအများအား ကျေနပ်နိုင်ဖို့ အကောင်းဆုံး ကြိုးစားနေလေသည်။ သို့သော်လည်း သူက တစ်စိတ်တစ်ပိုင်းမျှသာ အောင်မြင်လေ၏။ စွင်းကျောင်းလုံ မြို့တစ်မြို့ သိမ်းပိုက်သွားသည့်အချိန်တိုင်း ပြည်သူများ၏ စိတ်ဓာတ်က ပို၍ကျဆင်းလာသည်။ သူ တချို့ကို အလျင်အမြန် ပြန်လည်သိမ်းပိုက်နိုင်ခဲ့သော်လည်း စိတ်ဓာတ်ခွန်အား ပြန်လည် မမြှင့်တင်နိုင်ခဲ့ပေ။

ဘုရင်ကျီဝမ်က စစ်မက်ရေးရာကိစ္စများ ဖြေရှင်းနေစဉ်တစ်ခုခု ထူးဆန်းနေကြောင်း ခံစားမိလိုက်သည်။ သူသာလျှင် မကပေ။ အားလုံး ခံစားမိလိုက်ကြ၏။ ပြောရလျှင် သေမျိုးများပင် အပါအဝင် ဖြစ်သည်။ အတိအကျဆိုရလျှင် အားလုံးက မြင်လိုက်ကြရသည်။ မြို့တစ်မြို့လုံးကို လွှမ်းခြုံသွားသည့် ဧရာမလက်ကြီးက ဖြည်းဖြည်းချင်း ကျရောက်လာလေသည်။ ထိုလက်ကြီးတွင် ကြောက်မက်ဖွယ် ဖိအားများ ထုတ်လွှတ်နေပြီး ကျင့်ကြံသူများကို အသက်ကောင်းကောင်း မရှူနိုင်အောင် ပြုလုပ်နေသည်။ ပို၍အရေးကြီးသည်က အားလုံးက ထိုအရာနှင့် ထိတွေ့မိပါက တစ်မြို့လုံး ပျက်စီးသွားနိုင်ကြောင်း သိနေကြသည်။

သို့သော်လည်း ထိုအရာက ဖြစ်ပျက်မလာပေ။ လက်ဝါးက နေရာအနေအထားတစ်ခုသို့ ရောက်သွားသည်နှင့် မြို့၏ အစီအရင်က အသက်ဝင်လာကာ တိုက်ကွက်ကို တားဆီးထားလေသည်။

“ ငါ့တိုင်းပြည်ကို ဘယ်သူက ကျူးကျော်ရဲတာလဲ” ဘုရင်ကျီဝမ်က အော်ပြောရင်း မြို့အထက် ပျံဝဲလိုက်သည်။ သိပ်မကြာခင် သူက တိုက်ကွက်၏ တာဝန်ရှိသူ အယောက်နှစ်ဆယ်ကို မြင်လိုက်ရသည်။

“ ရုပ်သေးရုပ်တွေလား” ထိုလူများသည် သက်ရှိ မဟုတ်ဘဲ အထွတ်အထိပ် နယ်ပယ်အဆင့် ရုပ်သေးရုပ်များ ဖြစ်နေကြောင်း သတိပြုမိလိုက်သည်။

ဒါတွေက မဟာဝူကနေ စေလွှတ်လိုက်တာလား။ မဖြစ်နိုင်လိုက်တာ။ သူတို့ရဲ့ အုတ်မြစ်က ဒီလောက် အားကောင်းနေတဲ့ ရုပ်သေးရုပ်မျိုး မရှိနိုင်ဘူး

ထို့နောက် ကျီဝမ်က သူ၏ အံ့ဖွယ်အသိစိတ်ဖြင့် မြို့အပြင်ဘက် မိုင်သန်းချီကို စစ်ဆေးကြည့်လိုက်သည့်အခါ တစ်စုံတစ်ခုကို ရှာဖွေတွေ့ရှိသွားလေသည်။

သူတို့ကို ထိန်းချုပ်နေတဲ့သူ မရှိဘူးလား။ ဒါမှမဟုတ် သူတို့က ငါ့ဆီကနေ ဖုံးကွယ်ထားနိုင်တာလား။ လက်ရှိအခြေအနေအရတော့ ကိစ္စမရှိဘူး။

သူ လက်ဝှေ့လိုက်သည့်အခါ အားလုံးရှေ့တွင် ရောင်စုံနဂါးတစ်ကောင် ထွက်ပေါ်လာသည်။ ထိုချီကံကောင်းမှုနဂါးက မြည်ဟီးကာ ရှေ့သို့ ပျံသန်းသွားလေသည်။ ထိုရုပ်သေးရုပ်များ၏ ဘေးပတ်လည်ရှိ အရှိန်အဝါက ဖြည်းဖြည်းချင်း ကျဆင်းသွားလေသည်။ စက္ကန့်ပိုင်းအတွင်း သူတို့၏ အင်အားက သူတော်စင်အဆင့်သို့ လျှော့ချခံလိုက်ရပြီး ဆက်တိုက်လျော့ကျနေသည်။

သို့သော်လည်း သူတို့၏ ခန္ဓာကိုယ်မှ ရွှေရောင်အလင်းတစ်ချက် တောက်လာကာ သူတို့၏ စွမ်းအား နိမ့်ကျနေခြင်းက ရပ်တန့်သွားလေသည်။ ထို့အပြင် သူတို့က အထွတ်အထိပ်အခြေအနေသို့ ပြန်လည်ရောက်ရှိသွားကြ၏။

“ ဘယ်လိုစွမ်းအားမျိုးလဲ” ဘုရင်ကျီဝမ်က ရေရွတ်လိုက်သည်။

“ဒါက လူသားကံကြမ္မာဓားပိုင်တာပဲ ဖြစ်ရမယ်” သူ့အနားရှိ အထွတ်အထိပ်အဆင့် ကျင့်ကြံသူတစ်ယောက်က ပြောလိုက်သည်။

“ ဒါဆိုရင် မဟာဝူ  … အဲဒီမြွေစုတ်တွေပေါ့။ ဒါပေမဲ့ သူတို့လက်ထဲမှာ ဘယ်လိုလုပ် ဒီလိုစွမ်းအားကြီးတဲ့ ရုပ်သေးရုပ်မျိုး ရှိနေတာလဲ။ ငါ သိသလောက် သူတို့ဆီမှာ ဒီနယ်ပယ်မှာ ထူးချွန်တဲ့သူ တစ်ယောက်မှ မရှိဘူး မဟုတ်ဘူးလား။ ဒီလိုမျိုး အထွတ်အထိပ်နယ်ပယ်အဆင့်ကို ဖန်တီးဖို့ မပြောထားနဲ့ဦး”

“ အရှင်မင်းကြီး အခု ဒီဟာက အရေးမကြီးပါဘူး။ အရေးကြီးဆုံးက ဒီဧကရာဇ်တစ်ပိုင်း ရုပ်သေးရုပ်နှစ်ရုပ်ကို ဖြေရှင်းဖို့ နည်းလမ်းရှာဖို့ပဲ”

ငါ ဧကရာဇ်အစီအရင်ကို အသက်သွင်းလိုက်ရမလား။ မဟုတ်သေးဘူး တန်ကြေးက အရမ်းကို ကြီးမားလွန်းတယ်။ လက်ရှိစစ်ပွဲနဲ့ဆိုရင် ဒါက အကောင်းဆုံး လှုပ်ရှားမှု မဟုတ်သေးဘူး။ ဒီလိုဆိုရင် ငါ လုပ်နိုင်တာက…

ကျီဝမ်က ကျောက်စိမ်းအဆောင်တစ်ရွက်ကို ထုတ်ကာ ချေမွလိုက်သည်။ သိပ်မကြာခင် တော်ဝင်နန်းတော်အတွင်းပိုင်းမှ အလွန်အားကောင်းသည့် အငွေ့အသက်နှစ်ခုက ထွက်ပေါ်လာလေသည်။

ထိုမုတ်ဆိတ်ဖြူ၊ ဆံပင်ဖြူ လူအိုကြီးနှစ်ယောက်က ကောင်းကင်တွင် ပေါ်ထွက်လာလေ၏။ သူတို့၏ ခန္ဓာကိုယ်များက အရိုးခြောက်သဖွယ် ပိန်လှီနေပြီး သေခြင်းတရား အငွေ့အသက်က သူတို့အား လွှမ်းခြုံထားလေသည်။ သူတို့က ကောင်းကင်ရုပ်သေးရုပ်များအား ကြည့်ကာ ကျီဝမ်အား ခေါင်းညိတ်ပြလိုက်သည်။

ဧကရာဇ်တစ်ပိုင်း အဆင့်ကျင့်ကြံသူ နှစ်ယောက်က ပါးစပ်ကို ဖွင့်ကာ ပိုင်နက်အနည်းငယ်ရှိ ဝိညာဉ်စွမ်းအား အားလုံးကို စုပ်ယူလိုက်သည်။ အားလုံးရှေ့မှောက်တွင် သူတို့ခန္ဓာကိုယ်က ပုံမှန်ပြန်ဖြစ်သွားလေ၏။

သူတို့က ကြွက်သားများ ကြီးထွားလာသလို အရေပြားများကလည်း ယခင်ပုံစံ စက္ကူလို ရှုံ့တွမနေတော့ပေ။ သူတို့၏ မျက်ဝန်းများကလည်း အသက်မဲ့ မနေတော့ဘဲနှင့် ပုံမှန်လို ပြန်ဖြစ်နေလေပြီ။ ကံဆိုးစွာဖြင့် သူတို့ဝန်းကျင်ရှိ သက်တမ်းကြာမြင့်နေသည့် အငွေ့အသက်က ပျောက်ကွယ်မသွားပေ။

သူတို့၏ အားမာန်ပြန်ရပြီးသည့်နောက်တွင် သူတို့က ဧကရာဇ်တစ်ပိုင်း ရုပ်သေးရုပ်နှစ်ရုပ်ဆီ ပြေးသွားကာ တိုက်ခိုက်လိုက်သည်။ သူတို့ ဖျက်ဆီးနိုင်စွမ်း၏ အလားအလာကို သိကာ ရုပ်သေးရုပ်နှစ်ရုပ်ကို အဆုံးမဲ့လေဟာနယ်ထဲသို့ ဆွဲခေါ်သွားလေသည်။

တခြားသော အစစ်အမှန် အုပ်ချုပ်သူများကလည်း အတူတူ လုပ်လိုက်ကြသည်။ ထိုစဉ် ဘုရင်ကျီဝမ်က ထိုလူများ မြို့တော်ကို ခိုးကြောင်ခိုးဝှက်တိုက်ခိုက်ခြင်းမှ ကာကွယ်ရန် အစီအရင်ကို အသက်သွင်းလိုက်သည်။ ကံဆိုးစွာဖြင့် ရလဒ်အနေဖြင့် နန်းတော်အတွင်း ကိုယ်ပျောက်အရိပ်တစ်ခု ဝင်ရောက်လာသည်ကို မည်သူကမှ သတိမပြုမိလိုက်ကြပေ။

ဤတိုက်ပွဲက နာရီပိုင်းမျှသာ ကြာမြင့်လိုက်ပြီး လူများစွာက တော်ဝင်တိုင်းပြည် နှစ်ခုကြားရှိ ရင်ဆိုင်မှုကို တိတ်တဆိတ် စောင့်ကြည့်နေကြသည်။

စစ်ပွဲအပြီးတွင် ဘုရင်ကျီဝမ်က သူ့အရာရှိများနှင့် အစည်းအဝေးကျင်းပလိုက်သည်။

“ အမတ်ချုပ် ဒီတိုက်ကွက်ကို ဘယ်လိုထင်လဲ”

“ ဒါက အတော်လေး ထူးဆန်းတယ်။ ဒီလိုမျိုး ကြိုးပမ်းမှုက အလုပ်ဖြစ်နိုင်မှာ မဟုတ်ဘူး။ သူတို့က ဒီတိုက်ကွက်အတွက် တခြားအကြောင်းအရင်းတစ်ခု ရှိရမယ်” ကျောင်းယန်က ပြန်ပြောလိုက်သည်။

“ တစ်ခုခုများ တွေးမိသေးလား”

“ ကျွန်တော်တို့ တွေးမိတဲ့ အကောင်းဆုံးတစ်ခုက ဧကရာဇ်အစီအရင်ကို အသက်သွင်းပြီးတော့ အရင်းအမြစ်ကို ဖြုန်းတီးမလား။ ဒါမှမဟုတ်ဘူးဆိုရင် အိပ်စက်နေတဲ့ အထွတ်အထိပ် အကြီးအကဲတွေကို နိုးထစေရမလားဆိုတာပဲ”

အားလုံးက ထိုအရာကို ကြားပြီး သက်ပြင်းချလိုက်သည်။ ဤတိုက်ပွဲအတွင်း ဧကရာဇ်တစ်ပိုင်းအဆင့် ရုပ်သေးရုပ်နှစ်ရုပ်က ပျက်စီးသွားသော်လည်း တခြားလူများနှင့်အတူ လွတ်မြောက်သွားလေသည်။ သူတို့ ပြန်လည်ကောင်းမွန်လာသည့်အချိန်တွင် အထွတ်အထိပ်အကြီးအကဲများအတွက် အတူတူဟု မပြောနိုင်တော့ပေ။

သူတို့က သူတို့ကိုယ်သူတို့ စည်းပိတ်ထားသည့် အကြောင်းအရင်းမှာ သူတို့သက်တမ်းက အဆုံးသတ် ရောက်နေပြီဖြစ်၍ ယခုနိုးထလာသည့်အခါ အလွန်ဆုံး သက်တမ်း နှစ် ၂၀ မျှသာ ရှင်သန်နိုင်လိမ့်မည်။

သူတို့၏ အသက်ဓာတ်က ကုန်ခမ်းနေပြီဖြစ်၍ သူတို့ဘာသာသူတို့ ပြန်လည်မပြုပြင်နိုင်တော့ပေ။ ထို့ကြောင့် မဟာကျိုးတိုင်းပြည်က ရုပ်သေးရုပ်တစ်ရုပ်အတွက် ဧကရာဇ်တစ်ပိုင်း ကျင့်ကြံသူနှစ်ယောက် ဆုံးရှုံးသွားလေသည်။

ဤသည်က တိုက်ပွဲစတင်ကတည်းက သူတို့အတွက် ဆုံးရှုံးမှုကြီး ဖြစ်၏။

“ ငါတို့တွေ သူတို့မြို့တော်ကို တိုက်ရင်ရော ဘယ်လိုလဲ”

“ သူတို့က ဒီလိုရလဒ်ကို မျှော်လင့်ထားပြီးသားပဲ ဖြစ်ရမယ်။ ကျွန်တော်တို့ ထောင်ချောက်ထဲ တိုးဝင်မိမှာကို စိုးရတယ်”

“ အဲဒါဆိုရင် ငါတို့ ဘာမှမလုပ်ဘဲ ထိုင်နေရမှာလား”

“ ကျွန်တော်တို့ အိပ်ပျော်နေတဲ့ တာအိုဘိုးဘေးတွေကို နှိုးလို့ရပါသေးတယ်”

“ ဒါက မဖြစ်နိုင်ဘူး။ တိုင်းပြည်က နောက်ဆုံးထွက်သက် မရောက်မချင်း သူတို့က ဝင်ပါချင်မှာ မဟုတ်ဘူး” ဘုရင်ကျီဝမ်က ပြောလိုက်သည်။ သူ မပြောလိုက်သည်က တချို့သူများသည် တိုင်းပြည်ကြေမွပျက်စီးသွားလျှင်ပင် ဆက်ကြည့်နေမည်သာ ဖြစ်၏။

“ ပြီးတော့ အခြေအနေက အဲလောက်ကြီး မဆိုးဝါးသေးဘူး။ ငါတို့တွေ စစ်ပွဲအနိုင်ရဖို့ပဲ အာရုံစိုက်ထားဖို့လိုတယ်”

အားလုံးက စစ်ပွဲကို မည်သို့အဆုံးသတ်ရမည်ကို ဆွေးနွေးနေစဉ် ခေါင်းညိတ်လိုက်ကြသည်။

…………..

ထိုစဉ် စွင်းကျောင်းလုံက ရေခဲဆောင်မြို့အတွင်း တစ်စုံတစ်ခုကို လက်ခံရရှိလိုက်သည်။ သူ့ရှေ့မှ ဝတ်ရုံနှင့် လူအားကြည့်ကာ မေးလိုက်သည်။

“ အရာအားလုံး အစီအစဉ်အတိုင်းပဲလား”

“ ဟုတ်ကဲ့ပါ”

“ ပြဿနာတစ်ခုခုရော ရှိသေးလား”

“ မရှိပါဘူး”

စွင်းကျောင်းလုံက ထိုလူရှေ့တွင် ချက်ချင်းပေါ်လာကာ ခေါင်းကို ဆုပ်ကိုင်၍ ဦးနှောက်အား ချေမွပစ်လိုက်သည်။

“ ငါ့အစီအစဉ်ကို ပေါက်ကြားလို့ မဖြစ်ဘူးဆိုတော့ စိတ်မကောင်းပါဘူး” ထို့နောက် သူက မဟာကျိုးတိုင်းပြည်ဘက်ကို လှမ်းကြည့်ကာ ရေရွတ်လိုက်သည် “ အခုမျိုးစေ့ကို စိုက်ပျိုးပြီးပြီဆိုတော့ အသီးအပွင့်ကို စောင့်ဆိုင်းရုံပဲ”

စွင်းကျောင်းလုံက သူ့တပ်မဟာဆီသွားကာ အမိန့်ပေးလိုက်သည်။

“ အခုကစပြီး ငါတို့တွေ တိုက်ပွဲကို ဖြည်းဖြည်းချင်း စီစဉ်မယ်”

…………………

တောင်ပိုင်းမီးငှက်ကုန်းမြေတွင် ပျံဝဲမီးအိမ်တောင်ကြားဟုခေါ်သည့် အထွတ်အထိပ်ကုန်းမြေတစ်ခု ရှိလေသည်။ ထိုကျင့်ကြံရေးဂူအတွင်း အနက်ရောင် ဝတ်စုံနှင့်လူငယ်လေးတစ်ယောက်က တင်ပျဉ်ခွေ ထိုင်နေသည်။ သူ့ရှေ့တွင် ကျမ်းတစ်ခု လွင့်မြောနေလေ၏။ သူ့ခန္ဓာကိုယ်အတွင်း အနက်ရောင်ချီများက အဆက်မပြတ် ဝင်ရောက်နေကာ သူ့ခန္ဓာကိုယ်က အပိုင်းအစများစွာအဖြစ် ပေါက်ကွဲထွက်သွားသည်။ သို့သော်လည်း သိပ်မကြာခင် ထူးခြားအံ့ဖွယ်စွမ်းအား တစ်ခုက သူ့ခန္ဓာကိုယ်အား အလိုလိုပြုပြင်သွားလေသည်။

လူငယ်လေးက ထိုဖြစ်စဉ်ကို အကြိမ်ရာချီမက ဆက်လက်ပြုလုပ်နေပြီး မျက်လုံးပြန်ဖွင့်လာလေသည်။

“ နောက်ဆုံးတော့ မသေနိုင်စွမ်းကို အသုံးပြုပြီး သေခြင်းရှင်ခြင်းကျမ်းကို သန့်စင်နိုင်ခဲ့ပြီ” လူငယ်လေးက ရေရွတ်လိုက်သည် “ ငါ ဒီကမ္ဘာကို ရောက်လာကတည်းက ငါ့ကံကြမ္မာက ဆိုးနေတာဆိုတော့ ဒီဟာကိုတော့ ကံကောင်းတဲ့ အရာအဖြစ် သတ်မှတ်နိုင်ရမယ်”

လူငယ်လေးက ထရပ်ကာ ခြေလက်အညောင်းအညာဆန့်လိုက်သည်။

အခု ငါဖြေရှင်းရမဲ့ ကိစ္စသုံးခုပဲရှိတယ်။ ပထမတစ်ခုက ငါ့ကမ္ဘာဦးစိတ်ဝိညာဉ်က ဒီခန္ဓာကိုယ်နဲ့ မကိုက်ညီဘူးဆိုတော့ ခန္ဓာကိုယ်အသစ်ရှာရမယ်။ ဒုတိယတစ်ခုက ငါ့ရဲ့အထွတ်အထိပ်စွမ်းအားကို မြန်မြန်ပြန်ရအောင် လုပ်ရမယ်။ နောက်ဆုံးအနေနဲ့ ငါ ကောင်းကင်အလိုဆန္ဒတိုက်ပွဲမှာ ပါဝင်နိုင်ဖို့ အမှတ်အသားပြားရအောင် ယူရမယ်။

ပျံဝဲမီးအိမ်တောင်ကြားက ဒီလိုအရာမျိုးရှိဖို့ အရမ်းကို အားနည်းလွန်းတယ်။ ပြီးတော့ သူတို့က ငါ့အထွတ်အထိပ်အခြေအနေ ပြန်ရောက်သွားနိုင်ဖို့ အရင်းအမြစ် မရှိဘူး။

သူက အကြံအစည် ချမှတ်ပြီးသည့်နောက်တွင် ဂူထဲမှ ထွက်လာလိုက်သည်။ အပြင်ဘက်တွင် အစေခံတချို့က သူ့အား စောင့်ဆိုင်းနေလေ၏။ သူတို့က သူ့အား မြင်မြင်ချင်း တစ်ပြိုင်နက် ဦးညွှတ်ကာ “ သခင်လေး ဟွမ်ယွမ်”

ဟွမ်ယွမ်က ခေါင်းညိတ်ကာ ပြောလိုက်သည် “ ဂိုဏ်းချုပ်နဲ့ အကြီးအကဲတွေကို ငါအရှေ့ပိုင်းကုန်းမြေဆီ သွားမယ်လို့ ပြောလိုက်”

ထို့နောက် သူက ထိုအစေခံများ၏ ကိုးကွယ်လိုသည့် အကြည့်များကို လျစ်လျူရှုကာ ပျံသန်းသွားလေသည်။

All Chapters