အခန်း ၆၁၇
Vol. 42 Ch. 617
အပိုင်း ၆၁၇ : ငါက ဘော့စ်ဖြစ်နေလို့ပဲ
ဖုန်းချလိုက်ပြီးနောက် ချင်းမင်မှာ စိတ်လှုပ်ရှားနေဆဲပင်။
မမျှော်လင့်ထားပါဘဲ ဤတစ်ခေါက် အလွန်ကံကောင်းနေချေသည်။
အစက နေရာဖြည့်ရန်အတွက် တက္ကစီဒရိုင်ဘာတစ်ယောက်ကို သူ ဆွဲခေါ်ခဲ့ပါသော်ငြား ထိုလူက အလွန်သြဇာကြီးမားသော သူဌေးကြီးတစ်ယောက် ဖြစ်နေလိမ့်မည်ဟု မထင်ထားခဲ့ပေ။
အရှေ့ပိုင်းလေကြောင်းလိုင်း၏ အဓိကရှယ်ယာရှင်တစ်ယောက်ဖြစ်သောကြောင့် ပိုင်ဆိုင်မှုကလည်း ဘီလျံနှင့်ချီပြီး ရှိနေမည်မှာ သေချာသည်။
သို့သော် ချင်းမင် နားမလည်နိုင်သည်မှာ ယခုလို အထင်ကြီးလောက်စရာကောင်းသည့် သူဌေးကြီးက ဘာကြောင့် တက္ကစီမောင်းနေရသလဲဟုပင်။
ယဲ့ချန်၏ သရုပ်မှန်ကို သိသွားချိန်မှာတော့ ရုပ်ရှင်ရိုက်ကွင်းတစ်ခုလုံး ရုတ်ရုတ်သဲသဲ ဖြစ်သွားလေသည်။
ဟူဖေး၏ မျက်ဝန်းအစုံကား ပို၍ပင် အရောင်လက်သွားသည်။
ယဲ့ချန်းက အံ့မခန်းချောမောရုံသာမက အထင်ကြီးလေးစားလောက်စရာကောင်းသော သူဌေးကြီးတစ်ယောက် ဖြစ်နေကြောင်း သိလိုက်ရသည်။
အစက ချန်းရှောင်သည် ယဲ့ချန်း၏ လူစားထိုးအဖြစ် သရုပ်ဆောင်ရမည်ကို သိပ်မကျေနပ်သော်ငြား ယဲ့ချန်း၏ နောက်ခံအကြောင်း သိသွားချိန်တွင်မူ လုံးဝဒူးထောက်အရှုံးပေးသွားခဲ့သည်။
ထင်ထားသည့်အတိုင်း သိပ်မကြာခင်မှာ ချင်းမင်၏ ဖုန်းက မြည်လာခဲ့သည်။
"ဟယ်လို ဒါရိုက်တာချင်းလား။ ကျွန်တော်က အရှေ့ပိုင်းလေကြောင်းလိုင်းရဲ့ စီအီးအိုပါ။ ပူးပေါင်းဆောင်ရွက်မယ့် ကိစ္စလေးအတွက် ဆွေးနွေးရအောင်"
ဖုန်းထဲမှ အသံတစ်သံ ထွက်ပေါ်လာသည်။
လေယာဉ်လက်မှတ်များသာ ကြိုတင်ဘိုကင်လုပ်ရမည်ဆိုလျှင် ရုပ်ရှင်အဖွဲ့သားများအနေနှင့် ခရီးထွက်ဖို့ အနည်းဆုံး သုံးရက်လောက် အချိန်ယူရမည်ဖြစ်၏။
ယဲ့ချန်း၏ အကူအညီကြောင့် ရုပ်ရှင်အဖွဲ့သားများမှာ ယဲ့ချန်းနှင့်ဆုံရန် စန်းယာမြို့သို့ တိုက်ရိုက်လေယာဉ်စီးသွားနိုင်ခဲ့ကြသည်။
နောက်တစ်နေ့မှာတော့ အဖွဲ့သားအားလုံး စင်းလုံးငှားထားသည့် လေယာဉ်ဖြင့် စန်းယာမြို့ကို ထွက်လာခဲ့ကြသည်။
သူတို့ မယ်ရီယော့ဟိုတယ်ကို ဘိုကင်တင်ထားကြသည်။
ဤဟိုတယ်က ရှုခင်းလှပြီး ကြယ်ငါးပွင့်အဆင့်ရှိ ဟိုတယ်တစ်ခုပင်။
ရိုက်ကွင်းအတွက်လည်း ဤနေရာကိုသာ ရွေးချယ်ဆုံးဖြတ်ထားသည်။
အစက ချင်းမင် ဤဟိုတယ်မှာ ရိုက်ကူးရေးလုပ်ရန် ဟိုတယ်ဘက်နှင့် ညှိနှိုင်းထားပြီးသားဖြစ်၏။
သို့တိုင် သူတို့ရောက်သွားချိန်မှာ တစ်ဖက်လူက ကတိဖျက်သွားသည်။
နှစ်ဦးနှစ်ဖက်ကြားရှ် စာချုပ်မှာ နှုတ်ကတိသာဖြစ်နေသဖြင့် တစ်ဖက်လူက ကတိဖျက်လိုက်ချိန်မှာ ချင်းမင်တစ်ယောက် ဘယ်မှာသွားရိုက်ရမလဲဟုတွေးကာ ကြောင်အသွားတော့သည်။
ထိုအချိန်မှာပင် ဘတ်စ်ကားတစ်စီး မောင်းဝင်လာသည်။
ကားပေါ်က ဆင်းလာကြသူများမှာ အခြားရုပ်ရှင်အဖွဲ့တစ်ခု ဖြစ်သည်။
ဤရုပ်ရှင်အဖွဲ့၏ နာမည်မှာ သူတို့နှင့် အလွန်ဆင်တူပြီး "ဗိုလ်ကျလွှမ်းမိုးတတ်တဲ့ ဥက္ကဋ္ဌကြီးကို ကျွန်မချစ်မိသွားတယ်"ဟု ခေါ်၏။
သူတို့နှစ်ဖွဲ့၏ အချိန်ဇယားများကလည်း ခပ်ဆင်ဆင်ဖြစ်နေလေရာ အမြဲတမ်း ပြိုင်ဘက်များနှယ် ဖြစ်နေကြသည်။
"ဗိုလ်ကျလွှမ်းမိုးတတ်တဲ့ ဥက္ကဋ္ဌကြီးကို ကျွန်မချစ်မိသွားတယ်"ဇာတ်လမ်း၏ ဒါရိုက်တာဖန်းယွင်က ချင်းမင်ကို မြင်သော် ရယ်မောလိုက်သည်။
"ဥက္ကဋ္ဌချင်းရဲ့ ရုပ်ကြီးက ညှိုးနေတဲ့ သခွားသီးနဲ့တောင် တူနေပါရောလား"
တစ်ဖက်လူကို မြင်လိုက်ရချိန်မှာမူ ချင်းမင်လည်း နောက်ဆုံးတွင် သဘောပေါက်သွားသည်။
"မင်းတို့ ငါတို့ကွယ်ရာမှာ ကြံစည်ထားတာပဲ"
ချင်းမင်ခမျာ ဒေါသထွက်လုနီးပါး ဖြစ်သွားသည်။
ဖန်းယွင်က လှောင်ပြုံးပြုံးလေသည်။
"ဟားဟား... ငါတို့ဘော့စ်က တော်တော်အစွမ်းထက်တယ်လို့ပဲ ပြောရမှာပေါ့။ ဒီဟိုတယ်ကို ငါတို့ တစ်ပတ်စာဘိုကင်တင်ထားလိုက်ပြီ။ ဥက္ကဋ္ဌချင်း...ဟိုတယ် မြန်မြန်ရှာတာ ပိုကောင်းလိမ့်မယ်။ စန်းယာမြို့က အခု ခရီးသွားရာသီဆိုတော့ ဟိုတယ်ရှာရတာ မလွယ်ဘူးနော်"
ချင်းမင်၏ မျက်နှာမှာ မည်းခနဲဖြစ်သွားပြီး ဒေါသူပုန်ထလုမတတ်ပင်။
ထိုစဉ် ဟိုတယ်အဝင်ဝတွင် ရိုးလ်ရွိုက်စ်ကားတစ်စီး ထိုးရပ်လိုက်သည်။
ယဲ့ချန်း ရောက်လာချေသည်။
ချင်းမင်က ယခုလေးတင် ယဲ့ချန်းကို ရိုက်ကူးရေးအတွက် လာခဲ့ရန် ဖုန်းဆက်ခေါ်ထားသော်ငြား ယခုလိုအခြေအနေမျိုးနှင့် ကြုံရလိမ့်မည်ဟု မထင်ထားပေ။
"မင်းတို့အဖွဲ့ ရိုက်ကူးရေးလုပ်ဖို့ အထဲမဝင်သေးဘူးလား။ ဘာလို့ တံခါးဝမှာ ရပ်နေကြတာလဲ"
မျက်နှာမသာမယာဖြစ်နေသော ချင်းမင်က ပြောလိုက်လေသည်။
"မစ္စတာယဲ့... ကျွန်တော်တို့ ပြဿနာနည်းနည်းတက်သွားလို့ပါ။ ဒီဟိုတယ်နဲ့ ကျွန်တော်တို့ ဘိုကင်ချိတ်ထားပြီးသားဆိုပေမဲ့ ကျွန်တော်တို့လည်းရောက်ရော သူတို့က ကတိဖျက်ပြီး တခြားအဖွဲ့ကို ပေးလိုက်တယ်လေ"
ထိုစကားကို ကြားသောအခါ ယဲ့ချန်းက မျက်မှောင်ကြုတ်လိုက်သည်။
"သူတို့ဘက်က စာချုပ်ချိုးဖောက်လိုက်တယ်လို့ ပြောချင်တာလား"
ချင်းမင်က ခါးသက်သက်ပြောလိုက်၏။
"မစ္စတာယဲ့... ကျွန်တော်တို့ အလုပ်သေချာမလုပ်ခဲ့လို့ မှားသွားတာပါ။ ဟိုတယ်အသစ်တစ်ခုရအောင် ကျွန်တော်တို့ အမြန်ဆုံးရှာလိုက်ပါ့မယ်"
ဘေးနားရှိ ဖန်းယွင်က ဆောင့်ကြွားကြွား ဆိုလာလေသည်။
"ချင်းမင်... မင်းက တော်တော်အကင်းမပါးတာပဲ။ စန်းယာမြို့က ဟိုတယ်တွေအကုန်လုံး အခု အခန်းတွေပြည့်နေပြီလေ။ မင်း ဘယ်ကဟိုတယ်ကို သွားရှာမှာလဲ"
ဟူယိတစ်ယောက် အမောတကော ပြေးလာလေသည်။
"ဒါရိုက်တာချင်း... ကျွန်တော်တို့ ကြယ်ငါးပွင့်ဟိုတယ်ခုနစ်ခု ရှစ်ခုလောက်ကို ဆက်သွယ်ပြီးပြီ။ ဒါပေမဲ့ ဘယ်သူမှ လက်မခံကြဘူး။ နောက်ဆုံး ကြယ်သုံးပွင့်ဟိုတယ်တစ်ခုကို ဆက်သွယ်ကြည့်တော့ ဈေးများပေမဲ့ သူတို့ဘက်က အင်တင်တင်နဲ့ပဲ လက်ခံလိုက်တယ်"
"ကြယ်သုံးပွင့်ဟိုတယ် ဟုတ်လား"
ချင်းမင်၏ အမူအရာကား အနည်းငယ် ပြောင်းလဲသွားသည်။
ဇာတ်လိုက်မင်းသားက ဘီလျံပေါင်းရာချီ၍ ချမ်းသာသော ဗိုလ်ကျလွှမ်းမိုးတတ်သည့် ဥက္ကဋ္ဌဖြစ်၏။ သူ့အနေနှင့် ကြယ်သုံးပွင့်ဟိုတယ်မှာ တည်းရမည်ဆိုလျှင် အလွန်အဆင့်နိမ့်လွန်းလှသည်။
ယဲ့ချန်းက ရယ်မောလိုက်၏။
"ငါ့ဆီမှာ ဟိုတယ်တစ်လုံးတော့ ရှိတယ်။ ခင်ဗျားတို့ရဲ့ ဇာတ်လမ်းနဲ့ ကိုက်မကိုက်တော့ မပြောတတ်ဘူး"
ထိုစကားကို ကြားလိုက်ရချိန်မှာ ချင်းမင်၏ မျက်လုံးအစုံကား အရောင်လက်သွားလေသည်။ ယဲ့ချန်လို အဆင့်အတန်းမျိုးက ကမ်းလှမ်းလာသည့် ဟိုတယ်ဆိုသည်မှာ သာမန်တော့ မဖြစ်နိုင်ပေ။
"မစ္စတာယဲ့... ဘယ်ဟိုတယ်ကို ပြောတာလဲ"
ယဲ့ချန်က တည်ငြိမ်စွာ ဆိုလိုက်၏။
"အတ္တလန်တိတ်ဟိုတယ်လေ"
"အတ္တလန်တိတ် ဟုတ်လား။ ဟို... ကြယ်ခုနစ်ပွင့်ဟိုတယ်လား"
ချင်းမင်တစ်ယောက် အံ့သြမှင်တက်သွားသည်။
အတ္တလန်တိတ်ဟိုတယ်ဆိုသည်မှာ ဟွားနိုင်ငံရှိ ထိပ်တန်းဟိုတယ်တစ်ခု ဖြစ်သည်။
ဤကျွန်းပေါ်တွင် နံပါတ်တစ်အဖြစ် သတ်မှတ်ခံထားရသည်။
ထိုသို့သော ဟိုတယ်မျိုးတွင် ရိုက်ကူးရေးလုပ်ရန်မှာ သူတို့ စိတ်ကူးမယဉ်ရဲသော ကိစ္စတစ်ခုပင်။
ဘေးနားရှိ ဖန်းယွင်ကတော့ ရယ်ချင်စိတ်ကို မထိန်းနိုင်တော့ပေ။
"ဟားဟား မင်းက တကယ်ပြောရဲတယ်နော်။ အတ္တလန်တိတ်အကြောင်း မင်း မသိဘူးလား။ အတ္တလန်တိတ်က ဘယ်ရုပ်ရှင်အဖွဲ့ကိုမှ ရိုက်ကူးရေးလုပ်ခွင့် မပေးဘူးဆိုတာ အနုပညာလောကထဲကလူတိုင်း သိတယ်"
ယဲ့ချန်က သရော်ပြုံးပြုံးလိုက်သည်။
"တခြားလူတွေတော့ မရဘူးပေါ့။ ဒါပေမဲ့ ငါကတော့ ရတယ်။ ဘာလို့လဲဆိုတော့ ငါက အတ္တလန်တိတ်ဟိုတယ်ရဲ့ ပိုင်ရှင်ဖြစ်နေလို့ပဲ"
တစ်ခဏချင်းမှာပင် ထိုနေရာတစ်ခုလုံး တိတ်ဆိတ်ငြိမ်သက်သွားသည်။
လူတိုင်း ဆွံ့အသွားကြသည်။
ဘာ... ယဲ့ချန်က အတ္တလန်တိတ်ဟိုတယ်ရဲ့ ပိုင်ရှင်တဲ့လား။
ချင်းမင်ခမျာ ဒူးထောက်ကျလုမတတ်ပင်။
ဒါက ဘယ်လိုတောင် စွမ်းလိုက်တဲ့ သူဌေးကြီးလဲ။
အရှေ့ပိုင်းလေကြောင်းလိုင်း၏ ရှယ်ယာရှင်၊ အတ္တလန်တိတ်ဟိုတယ်ရဲ့ ပိုင်ရှင်။
ဖန်းယွင်ကမူ ရယ်ချင်စိတ်ကို မထိန်းနိုင်ခဲ့ပေ။
"အခုခေတ် လူငယ်တွေက ယုံနိုင်စရာမရှိလောက်အောင်ကို ကြွားလုံးထုတ်တတ်တာပဲ"
သို့တိုင် ယဲ့ချန်းကမူ သူ့ကို ဂရုမစိုက်ဘဲ ဂျော့ချ်ဆီကို ဖုန်းခေါ်လိုက်သည်။
"ဂျော့ချ်... ခဏနေရင် ရုပ်ရှင်အဖွဲ့တစ်ဖွဲ့ ငါတို့ဟိုတယ်မှာ ရိုက်ကူးရေးလာလုပ်လိမ့်မယ်။ အကုန်စီစဉ်ထားလိုက်"
"ဟုတ်ကဲ့ပါ သူဌေး။ စိတ်ချပါ"
ဂျော့ချ်ကလည်း ချက်ချင်း သဘောတူလိုက်သည်။
ဖန်းယွင်က ယဲ့ချန်း ဖုန်းပြောနေသည်ကို ကြားသော်လည်း လုံးဝမယုံကြည်ပါဘဲ သက်သက်ဖြီးလုံးဖြန်းလုံးထုတ်နေသည်ဟုသာ ထင်နေပေသည်။
ထိုစဉ် မယ်ရီယော့ဟိုတယ်၏ အထွေထွေမန်နေဂျာ ပြေးလာလေသည်။
"ဥက္ကဋ္ဌယဲ့... ဟိုတယ်ကို လာရောက်လမ်းညွှန်ပေးတဲ့အတွက် ကြိုဆိုပါတယ်ခင်ဗျာ"
ယဲ့ချန်က မယ်ရီယော့ဟိုတယ်၏ သူဌေးကို ခက်ထန်သော မျက်နှာထားဖြင့် ကြည့်လိုက်သည်။
"ခင်ဗျား သူတို့နဲ့ သဘောတူညီချက်ယူထားပြီးမှ ပေါ်တင်ကတိဖျက်ခဲ့တယ်လို့ ကြားတယ်။ အဲ့ဒီလိုကိစ္စမျိုး တကယ်ရှိလား"
"ဥက္ကဋ္ဌယဲ့... ဒီလိုပါ။ တခြားအဖွဲ့က ပိုက်ဆံပိုပေးလို့ ကျွန်တော်တို့က..."
"စီးပွားရေးလုပ်တယ်ဆိုတာ ရိုးသားဖြောင့်မတ်မှုကို အခြေခံရတယ်။ ခင်ဗျား ဒီလိုလုပ်မယ်ဆိုရင် နောက်နောင် ဘယ်သူက ကျုပ်တို့ဟိုတယ်နဲ့ လာပူးပေါင်းချင်တော့မှာလဲ"
ထိုအချိန်ဝယ် ပတ်ဝန်းကျင်တစ်ခုလုံး တစပြင်အလား တိတ်ဆိတ်ငြိမ်သက်သွားသည်။
အထူးသဖြင့် ချင်းမင်နှင့် ရုပ်ရှင်အဖွဲ့သားများမှာ လုံးဝမှင်တက်သွားကြသည်။
ယဲ့ချန်းတွင် စီးပွားရေးလုပ်ငန်း ဘယ်လောက်တောင် ရှိနေလေသလဲ။ ဤဟိုတယ်ကလည်း သူ့အပိုင်ပဲတဲ့လား။
ဖန်းယွင်လည်း အံ့သြသွားသည်။
"ဒီဟိုတယ်က တကယ်ပဲ ယဲ့ချန်းရဲ့အပိုင်လား"
ယဲ့ချန်းက တည်ငြိမ်စွာ ဆိုလိုက်လေသည်။
"အခုအချိန်က ခရီးသွားရာသီအထွတ်အထိပ်ရောက်နေတာဆိုတော့ ရိုက်ကူးရေးအတွက် ဟိုတယ်ကိုငှားလိုက်ဖို့ မသင့်တော်ဘူးလို့ ထင်တာပဲ"
မယ်ရီယော့ဟိုတယ်၏ အထွေထွေမန်နေဂျာကလည်း ခေါင်းညိတ်ပြလိုက်၏။
"ဟုတ်ကဲ့ပါ ဥက္ကဋ္ဌယဲ့... ကျွန်တော် နားလည်ပါပြီ"
ထို့နောက် အထွေထွေမန်နေဂျာက ဖန်းယွင်ကို အေးစက်စက်လေသံဖြင့် ပြောလိုက်သည်။
"တောင်းပန်ပါတယ် ဒါရိုက်တာဖန်း။ ကျွန်တော်တို့ဟိုတယ်က လုပ်ငန်းလည်ပတ်နေတာမို့လို့ ခင်ဗျားတို့ကို မငှားနိုင်တော့ပါဘူး"
"ကျွန်တော်တို့ သဘောတူထားပြီးပြီ မဟုတ်ဘူးလား။ ခင်ဗျားတို့ ဒီလိုလုပ်လို့ မရဘူးလေ"
အထွေထွေမန်နေဂျာက အေးစက်စက် နှာခေါင်းရှုံ့လိုက်၏။
"သဘောတူထားတယ် ဟုတ်လား။ ခင်ဗျားဆီမှာ စာချုပ်စာတမ်း ရှိလို့လား။ အသံဖမ်းထားတဲ့ သက်သေရော ရှိလို့လား"
ဖန်းယွင် : "..."
ဤတစ်ခါတော့ ဖန်းယွင်တစ်ယောက် လုံးဝဆွံ့အသွားသည်။
သူတို့၏ ရုပ်ရှင်အဖွဲ့တစ်ခုလုံး ဤနေရာသို့ ရောက်နေကြပြီဖြစ်ရာ ယခု ရိုက်ကွင်းအတွက် ဟိုတယ်မရှိတော့ပါက ဘာဆက်လုပ်ရတော့မည်နည်း။
ထိုအချိန်မှာပင် ချင်းမင်ထံသို့ ဖုန်းဝင်လာသည်။
"ဒါရိုက်တာချင်းလား။ ကျွန်တော်က အတ္တလန်တိတ်ဟိုတယ်ရဲ့ စီအီးအိုပါ။ သူဌေးက ခင်ဗျားကို ဆက်သွယ်ဖို့ အခုလေးတင် ခိုင်းထားလို့ပါ။ ခင်ဗျားတို့အဖွဲ့ အခုချက်ချင်း ရိုက်ကူးရေးလာလုပ်လို့ ရပါပြီ။ ခင်ဗျားတို့နဲ့ ပူးပေါင်းလုပ်ဆောင်ဖို့အတွက် ကျွန်တော်တို့ဘက်က အချိန်မရွေး နေရာရှင်းပေးထားနိုင်ပါတယ်"
ချင်းမင် : "..."
ဖန်းယွင် : "..."
ရုပ်ရှင်အဖွဲ့သားအားလုံး : "..."
အစောပိုင်းက လူတိုင်းသည် ယဲ့ချန်းက အတ္တလန်တိတ်ဟိုတယ်၏ ပိုင်ရှင်ဟုတ်မဟုတ် သံသယဝင်နေခဲ့ကြသည်။ ယခုမူ စီအီးအိုကိုယ်တိုင် ဖုန်းဆက်လာလေပြီ။
ဝိုး... ယဲ့ချန်းက တကယ့်ဘော့စ်အစစ် ဖြစ်နေတာကိုး...
ယဲ့ချန်းက တက္ကစီဒရိုင်ဘာမဟုတ်ကြောင်း ယခုမူ လူတိုင်း သဘောပေါက်သွားကြချေပြီ။
သူသည် သြဇာအလွန်ကြီးမားသူ၊ အထင်ကြီးလေးစားစရာကောင်းသည့် သူဌေးကြီးတစ်ယောက်ပင်။
ဖန်းယွင်၏ နောင်တကတော့ တိုင်းတာ၍ပင် မရနိုင်ပေ။ သူသာ ကြိုသိခဲ့မည်ဆိုပါက ယဲ့ချန်းကို သေချာပေါက် အပြစ်ပြုမိမည်မဟုတ်ပေ။
•••••••••••••••••••