အခန်း ၆၁၉
Vol. 42 Ch. 619
အပိုင်း ၆၁၉ : မဟာဇီဝဗေဒပညာရှင်
ရွက်လှေက ယဲ့ချန်း၏လှေရှေ့မှာ ရပ်တန့်သွားသည်။ ယဲ့ချန်းကလည်း စုဝမ်ယိနှင့်အတူ ခရုပတ်လှေကားအတိုင်း သင်္ဘောပေါ်သို့ တက်သွားလေသည်။
အစောကမှ ချန်းဖေး ဘဝင်မြင့်နေခဲ့သော်လည်း ယခုမူ အခြေအနေများက လုံးဝ ပြောင်းပြန်ဖြစ်သွားခဲ့လေပြီ။
ယဲ့ချန်းက လှောင်လိုက်လေသည်။
"ဘယ်သူ့လှေက ပိုကြီးပြီး ပိုခမ်းနားလဲဆိုပြီး ခုနက မင်းပြောနေတာ မဟုတ်လား။ ငါ့သင်္ဘောက သုံးဆယ်ဘီလျံတန်တယ်။ အဲဒါကို မင်း ဘယ်လိုယှဉ်မှာလဲ"
ချန်းဖေးခမျာ ချက်ချင်းဆိုသလို ဆွံ့အသွားလေတော့သည်။
ယဲ့ချန်း၏သင်္ဘောက ဤမျှအထိ ခမ်းနားထည်ဝါလိမ့်မည်ဟု သူ အိပ်မက်ပင် မမက်ဖူးပေ။
သုံးဆယ်ဘီလျံတန်သင်္ဘောကို ပိုင်ဆိုင်ထားသည့် ယဲ့ချန်းက တကယ်တော့ ဘယ်သူများလဲ။
ထိုအချိန်မှာပင် နောက်ထပ်ရွက်လှေတစ်စင်း ရောက်လာပြန်သည်။
ဤသည်မှာ ချန်းဖေး၏အဖေ ချန်းဟွေ့ ဖြစ်၏။
ချန်းဟွေ့သည် သူ့မယားငယ်နှင့်အတူ ရွက်လှေပေါ်တွင် အပန်းဖြေနေခိုက် သူ့သားက တစ်စုံတစ်ယောက်နှင့် အခြေအတင် ဖြစ်နေကြောင်း လှမ်းမြင်လိုက်ရသည်။
ခန့်ညားထည်ဝါလှသော ထိုအပျော်စီးသင်္ဘောကြီးကို ကြည့်ရင်း ချန်းဟွေ့၏ ရင်ထဲတွင် မကောင်းသော အငွေ့အသက်များ ခံစားလိုက်ရသည်။
ချန်းဟွေ့လည်း သူ့သား၏ လှေပေါ်ကို ရောက်လာပြီး မေးလိုက်၏။
"ရှောင်ဖေး .. ဘာတွေဖြစ်နေတာလဲ"
သူ့အဖေကို မြင်လိုက်ရသော် ချန်းဖေးလည်း ရုတ်တရက် စိတ်ဓာတ်တက်ကြွသွားသည်။
"အဖေ... ဒီကောင်က ကျွန်တော်တို့နယ်မြေထဲမှာ ကျွန်တော့်ကို လာစိန်ခေါ်နေတာ"
သားဖြစ်သူ၏စကားကို ကြားသောအခါ ချန်းဟွေ့လည်း ဒေါသထွက်သွားသည်။
ဘယ်သူက ငါ့နယ်မြေထဲမှာ လာပြီး ဆရာကြီးလုပ်ရဲတာလဲ...
သူ့အကြည့်များက သုံးဆယ်ဘီလျံတန် ဇိမ်ခံရွက်လှေကြီးဆီသို့ ရောက်သွားလေသည်။
ဝိုး... ဒီရွက်လှေကို ရင်းနှီးနေသလိုပဲ။ အင်တာနက်ပေါ်မှာ မြင်ဖူးတာနေမယ်...
Century Supremeလို့ ခေါ်မယ်ထင်တယ်။ သင်္ဘောပေါ်ကလူတွေကို ကြည့်လိုက်တော့လည်း ငါသိတဲ့လူ ဖြစ်နေပါလား... အဲဒါ ဂျော့ချ် မဟုတ်လား...
ဂျော့ချ်က လူငယ်တစ်ယောက်၏ နံဘေးတွင် တရိုတသေ ရပ်နေခြင်းပင်။
ထိုလူငယ်၏ဘေးနားရှိ ဂျော့ချ်၏ အမူအရာကို မြင်လိုက်ရချိန်ဝယ် ချန်းဟွေ့ မျက်နှာပျက်သွားလေတော့သည်။
ဒီလူကများ ဥက္ကဋ္ဌများဖြစ်နေမလား...
ထိုအချိန်မှာပင် ဂျော့ချ်ကလည်း ချန်းဟွေ့ကို မြင်သွားပြီး ပြောလိုက်လေသည်။
"ဥက္ကဋ္ဌချန်း... ခင်ဗျားသားကတော့ သတ္တိကောင်းလှချည်လား။ ဥက္ကဋ္ဌယဲ့ရဲ့ကောင်မလေးကိုတောင် လုချင်ရတယ်လို့"
ချန်းဟွေ့ခမျာ ထိတ်လန့်လွန်း၍ မူးလဲတော့မတတ်ပင်။
ပြီးခဲ့သည့်တစ်ခေါက်တုန်းက ဝူဝေ့ဘက်က ကာကွယ်ပေးခဲ့သည့် ကိစ္စအတွက်ပင် ဥက္ကဋ္ဌနှင့် စာရင်းမရှင်းရသေးပေ။ ယခုမူ သားဖြစ်သူက မိန်းကလေးလုသည့် ကိစ္စပါ ထပ်ဖြစ်လာပြန်လေပြီ။
သည်အတိုင်းသာ ဆက်သွားပါက နောက်တစ်ကြိမ် ဒါရိုက်တာအဖွဲ့ အစည်းအဝေးတွင် သူ ကန်ထုတ်ခံရပေတော့မည်။
ချန်းဟွေ့လည်း ချက်ချင်းပြောလိုက်လေသည်။
"ဥက္ကဋ္ဌယဲ့... ကျွန်တော့်သားက လူငယ်မို့ မရင့်ကျက်သေးလို့ပါ။ စိတ်မရှိပါနဲ့ဗျာ။ သူ့ကို အခုချက်ချင်း ဆုံးမလိုက်ပါ့မယ်"
ချန်းဖေးကလည်း ဤစကားကိုကြားသော် ကြက်သေသေသွားချေသည်။
"အဖေ ကျွန်တော်က..."
သို့သော် သူ စကားမဆုံးခင်မှာပင် ချန်းဟွေ့က သူ့ပါးကို ဖြတ်ရိုက်လိုက်သည်။
ဖြန်း...
ချန်းဟွေ့ကမူ ချန်းဖေးကို ပါးရိုက်လိုက်သည့်တိုင် ဒေါသမပြေနိုင်သေးသဖြင့် လက်သီးနှင့်လည်း ထိုးသလို ခြေထောက်နှင့်ကန်၍ပါ ဆက်တိုက် ဆုံးမနေတော့သည်။
ချန်းဖေးခမျာ နာလွန်းလှသဖြင့် အော်ဟစ်ညည်းညူနေရှာသည်။
ယဲ့ချန်းက ထိုမြင်ကွင်းကို အေးစက်စက်ကြည့်ရင်း ပြောလိုက်သည်။
"ချန်းဟွေ့မဟုတ်လား။ မင်းကိုယ်မင်းရော မင့်သားကိုရော သတိထားနေခိုင်းလိုက်။ နောက်တစ်ခါ ထပ်ဖြစ်ရင်တော့ အတ္တလန်တိတ်ရှယ်ယာရှင်များ အစည်းအဝေးကို မင်း တက်စရာမလိုတော့ဘူး"
ချန်းဟွေ့ကလည်း ခေါင်းတဆတ်ဆတ်ညိတ်လိုက်လေသည်။
"စိတ်ချပါ ဥက္ကဋ္ဌယဲ့... ကျွန်တော် နောက်တစ်ခါ မလုပ်ရဲတော့ပါဘူး"
ယဲ့ချန်းကမူ စုဝမ်ယိနှင့်အတူ ရွက်လှေပေါ်မှာ အချိန်အတော်ကြာအောင် ကစားခဲ့ပြီး မိုးချုပ်မှ ပြန်လာခဲ့ကြသည်။
စန်းယာမြို့မှာ နေခဲ့သည့် ရက်အနည်းငယ်အတွင်း စုဝမ်ယိ အလွန်ပျော်ရွှင်ခဲ့ရသည်။
နောက်ဆုံးမှာတော့ ပြန်ရမည့်အချိန်ကို ရောက်လာခဲ့ချေပြီ။
ယဲ့ချန်းနှင့် စုဝမ်ယိတို့လည်း ဂတ်ဖ်စထရင်ကိုယ်ပိုင်လေယာဉ်ဖြင့် ပြန်လာခဲ့ကြသည်။
လေယာဉ်ဆင်းသက်ပြီးနောက် စုဝမ်ယိက ပြုံးပြုံးလေး စကားဆိုလိုက်သည်။
"ယဲ့ချန်း... ကျေးဇူးအများကြီးတင်ပါတယ်"
ယဲ့ချန်းက စုဝမ်ယိကို အိမ်အထိ လိုက်ပို့ပေးခဲ့သည်။
အိမ်ပြန်ပြီး အနားယူရန် ပြင်နေခိုက် ယဲ့ချန်းဆီသို့ မမျှော်လင့်ပါဘဲ အော်ဒါအသစ်တစ်ခု ရောက်လာခဲ့သည်။
လမ်းကြုံနေသောကြောင့် သူ လိုက်ပို့ပေးဖို့ ဆုံးဖြတ်လိုက်၏။
ယဲ့ချန်းလည်း ကားကို လမ်းဘေးတွင် ထိုးရပ်လိုက်သည်။ ထိုအခါ လူငယ်တစ်ယောက် ကားပေါ်သို့ တက်လာခဲ့သည်။
ကားပေါ်သို့ ရောက်သည်နှင့် ထိုလူငယ်က ဆက်တိုက်ဆိုသလို ဖုန်းဆက်နေတော့သည်။
ပန်းသီးများအကြောင်း ကြော်ငြာနေခြင်းပင်။
သူတို့၏ ပန်းသီးများက ကြီးပြီး ချိုမြိန်ကြောင်း ပြောနေလေသည်။
ဤလူငယ်က ပန်းသီးရောင်းနေဟန်ပင်။
ထိုလူငယ်က သူ့အိတ်ကပ်ထဲက ပန်းသီးနှစ်လုံးကို ထုတ်လိုက်၏။
"အစ်ကို...ကျွန်တော့်ပန်းသီးလေးတွေကို မြည်းကြည့်ပါဦး။ ကောင်းတယ်ဆိုရင် ဝိုင်းပြီး ကြော်ငြာပေးပါဦးဗျာ။ ရှဝူတံဆိပ် ပန်းသီးတွေပါ။ တကယ်ချိုပြီး စားလို့ကောင်းတယ်"
ယဲ့ချန်းခမျာ ဘာပြောရမှန်းပင် မသိတော့ပေ။ ဤလူငယ်က ပန်းသီးရောင်းဖို့အတွက် အစွမ်းကုန် ကြိုးစားနေပေသည်။
ယဲ့ချန်းက ခေါင်းညိတ်ပြလိုက်၏။
"ကောင်းပါပြီ။ အခုတော့ ငါ ကားမောင်းနေလို့ ခဏနားတဲ့အခါကျရင် မင်းရဲ့ပန်းသီးတွေကို သေချာပေါက် မြည်းကြည့်လိုက်မယ်"
ထိုအချိန်မှာပင် လူငယ်၏ဖုန်းက ရုတ်တရက် မြည်လာလေသည်။
"ဘာ... သဲမုန်တိုင်း ဟုတ်လား။ ငါတို့ရဲ့ပန်းသီးပင်တွေအကုန်လုံး ပျက်စီးသွားပြီပေါ့"
ဖုန်းချပြီးနောက် ထိုလူငယ်၏မျက်နှာမျာ ဖြူရော်သွားချေသည်။
[တင်! တက္ကစီရွေးချယ်မှုစနစ် စတင်ပါပြီ။ အပတ်စဉ် ထူးခြားတဲ့စရိုက်လက္ခဏာရှိတဲ့ ခရီးသည်တစ်ဦးနဲ့ ကျပန်းတွေ့ဆုံပြီး ရွေးချယ်ရေးတာဝန်ကို ပြီးမြောက်ပါက ထိပ်တန်းဆုလာဘ်တွေကို အရယူရင်း ပိုင်ရှင့်ကို ကမ္ဘာကျော်သူဌေးကြီးတစ်ယောက်ဖြစ်အောင် ကူညီပေးသွားမှာပါ]
[ခရီးသည်၏အလုပ်အကိုင် - သစ်သီးစိုက်ပျိုးသူ]
[ရွေးချယ်စရာ နံပါတ်တစ် : သစ်သီးစိုက်ပျိုးသူ ‘တန်းရှောင်ချောင်’ကို နှစ်သိမ့်ပေးပြီး စိတ်ကြည်လင်ဆေးရည်တစ်ပုလင်းနဲ့ ပန်းသီးဖျော်ရည်ဖော်စပ်နည်း တစ်မျိုးကို ရယူပါ]
[ရွေးချယ်စရာနံပါတ်နှစ် : သစ်သီးစိုက်ပျိုးသူ ‘တန်းရှောင်ချောင်’ကို စိတ်ဓာတ်ကျအောင် ပြောပါ။ သဲကန္တာရထဲမှာ ပန်းသီးစိုက်တာက ဟာသတစ်ခုပဲလို့ ပြောပြီး သံမဏိနှလုံးသားစွမ်းရည်နဲ့ လှောင်ပြောင်မှုစွမ်းရည်+၁၀ ကို ရယူပါ]
[ရွေးချယ်စရာနံပါတ်သုံး : သစ်သီးစိုက်ပျိုးသူ ‘တန်းရှောင်ချောင်’ကို သဲကန္တာရပန်းသီးစိုက်ပျိုးရေးမှာ အောင်မြင်အောင် ကူညီပေးရင်း နတ်ဘုရားအဆင့်ဇီဝနည်းပညာနဲ့ သဲကန္တာရထဲက ဧကတစ်သောင်းကျယ်တဲ့ သစ်သီးခြံကို ရယူပါ]
ယဲ့ချန်းက တန်းရှောင်ချောင်ကို ကူညီရန် ရွေးချယ်လိုက်သည်။
အစောတုန်းက ယဲ့ချန်းသည် တန်းရှောင်ချောင်၏ ကိုယ်ရေးရာဇဝင်ကို ကြည့်ထားသည်ဖြစ်ရာ ဤလူငယ်လေးကို စာနာသွားသည်။
တန်းရှောင်ချောင်က သဲကန္တာရထဲတွင် ကြီးပြင်းလာသည့် ကလေးတစ်ယောက်ပင်။
သူသည် ကလေးဘဝကတည်းက မြေဝါအရပ်မှာ ရှင်သန်ကြီးပြင်းခဲ့ရသည်။
ယခုတစ်ခေါက် မိုတုမြို့ကို လာလည်ခြင်းကလည်း သူတို့၏ သဲကန္တာရထွက်ပန်းသီးများကို လာရောက်ကြော်ငြာရန်ပင်။
စိုက်ပျိုးရေးတက္ကသိုလ်ကျောင်းသားတစ်ယောက်ဖြစ်သည့် သူသည် သက်သောင့်သက်သာရှိသော မြို့ကြီးပြကြီးမှာ မနေပါဘဲ သူ့ဇာတိကိုပြန်ပြီး ရွာသားများကို ဦးဆောင်ကာ လယ်ယာမြေများကို ပန်းသီးခြံများအဖြစ် ပြောင်းလဲခဲ့သည်။
မမျှော်လင့်ထားပါဘဲ ပန်းသီးခြံကား သဲမုန်တိုင်းဒဏ်ကို ခံလိုက်ရပြီး သူတို့၏ ကြိုးစားအားထုတ်မှုများလည်း ခဏအတွင်းမှာပင် ပျက်စီးသွားခဲ့ရသည်။
ကားထဲတွင်မူ တန်းရှောင်ချောင်၏ မျက်နှာက ကြည့်မကောင်းလောက်အောင် ညှိုးငယ်နေတော့သည်။
အဆုံးမှာတော့ ခေါင်းကို လက်နှင့်အုပ်ပြီး အသံထွက်၍ ငိုချလိုက်ပါတော့သည်။
ထိုသစ်သီးခြံက သူတို့၏မျှော်လင့်ချက်ဖြစ်သော်ငြား ယခုမူ ထိုမျှော်လင့်ချက်ကလည်း ပျောက်ဆုံးသွားခဲ့လေပြီ။
ယဲ့ချန်းကမူ ကားမောင်းရင်း မေးလိုက်၏။
"ညီလေး... တစ်ခုခု အခက်အခဲဖြစ်နေလို့လား"
တန်းရှောင်ချောင်က ခေါင်းမော့လိုက်လေသည်။
"ကျွန်တော်... ကျွန်တော့်ရဲ သစ်သီးခြံကြီး ပျက်စီးသွားပြီ။ ဘာလို့လဲ။ ကျွန်တော်တို့ ဒီလောက်ကြိုးစားနေတာတောင် ဘာလို့ ကျရှုံးနေရတာလဲ။ ကျွန်တော်တို့လို မြေဝါအရပ်က လူတွေအတွက် တစ်ခုခုစိုက်ပျိုးပြီး အသက်မွေးဖို့ ဘာလို့ ဒီလောက်ခက်ခဲနေရတာလဲ"
တန်းရှောင်ချောင်၏ အမူအရာကို ကြည့်ရင်း ယဲ့ချန်းလည်း သူ့ရင်ထဲ ဘယ်လောက်နာကျင်နေရမလဲဆိုသည်ကို သိလိုက်၏။
သူသည် ရွာသားအားလုံး၏ မျှော်လင့်ချက်ဖြစ်လေရာ ကျရှုံးမှုများကို အကြိမ်ကြိမ်ခံစားခဲ့ရသော်လည်း ထပ်ခါတလဲလဲ ပြန်ထခဲ့သည်။
ယဲ့ချန်းက လူတစ်ယောက်ကို အထင်ကြီးခဲသော်ငြား တန်းရှောင်ချောင်ကိုတော့ စိတ်ရင်းအမှန်ဖြင့် လေးစားမိသည်။
ယဲ့ချန်းမှာ ရွေးချယ်စရာနံပါတ်သုံးကို ရွေးချယ်လိုက်သည်။
[တင်! နတ်ဘုရားအဆင့်ဇီဝနည်းပညာနဲ့ သဲကန္တာရထဲက ဧကတစ်သောင်းကျယ်တဲ့ သစ်သီးခြံကို ရရှိတဲ့အတွက် ပိုင်ရှင့်ကို ဂုဏ်ပြုပါတယ်]
"မင်္ဂလာပါ.. ငါက စတားတက္ကသိုလ်ရဲ့ ကျောင်းအုပ်ကြီးပါ။ ငါတို့ အကျိုးတူပူးပေါင်းမလား"
ယဲ့ချန်းက ရုတ်တရက်ပြောလိုက်လေသည်။
တန်းရှောင်ချောင်ခမျာ အံ့သြသွားလေသည်။
"စတားတက္ကသိုလ်ရဲ့ ကျောင်းအုပ်ကြီး ဟုတ်လား"
ယဲ့ချန်း ခေါင်းညိတ်လိုက်လေသည်။
"ဟုတ်တယ်။ ငါတို့စတားတက္ကသိုလ်မှာ သဲကန္တာရ စိုက်ပျိုးရေးနဲ့ ပတ်သက်တဲ့ သုတေသနစီမံကိန်းတွေ ရှိတယ်"
"တကယ်လား...အဲဒါဆိုရင် အရမ်းကောင်းတာပေါ့"
တန်းရှောင်ချောင်က စိတ်လှုပ်ရှားစွာ ပြောလိုက်လေသည်။
ယခု ယဲ့ချန်း၏ ဦးနှောက်ထဲတွင် မရေမတွက်နိုင်သော ဇီဝဗေဒဆိုင်ရာ ဗဟုသုတများ ပေါ်လာလေသည်။
ကျောင်းတွင် ဇီဝဗေဒသီအိုရီများကို သုတေသနလုပ်နေသည့် ကျောင်းသားများ ရှိကြောင်း သူ သိသည်။
သို့သော် လမ်းညွှန်မှုကောင်းကောင်းမရှိသောကြောင့် သူတို့၏ တိုးတက်မှုက နှေးကွေးနေခဲ့သည်။
သို့သော် ယခုမူ အခြေအနေက မတူတော့ပါချေ။ ယဲ့ချန်းကို ကမ္ဘာ့ထိပ်တန်း ဇီဝဗေဒကျွမ်းကျင်ပညာရှင်တစ်ယောက်ဟုပင် သတ်မှတ်နိုင်ပြီဖြစ်၏။
သူ့လမ်းညွှန်ပြသမှုဖြင့်သာဆိုပါက ထိုကျောင်းသားများအတွက် တိုးတက်ရန် အလွန်လွယ်ကူသွားပေမည်။
ယဲ့ချန်းထံတွင် သဲကန္တာရစိုက်ပျိုးရေးအတွက် အကြိုစီမံကိန်း ရှိထားပြီးသားပင်။
မျိုးရိုးဗီဇအင်ဂျင်နီယာနည်းပညာကို အသုံးချပြီး သဲကန္တာရထဲတွင် ပေါက်ရောက်နိုင်သည့် ကောက်ပဲသီးနှံအမျိုးအစားသစ်ကို ဖန်တီးမည်ဖြစ်၏။
အကယ်၍ အောင်မြင်သွားမည်ဆိုပါက သဲကန္တာရကို စိမ်းလန်းစိုပြေသော နယ်မြေအဖြစ် ပြောင်းလဲရန်မှာ အိပ်မက်တစ်ခု မဟုတ်တော့ပါချေ။
မြေပြန့်မှာ မွေးဖွားလာသူများကတော့ သဲကန္တာရထဲတွင် နေထိုင်ရသူများသည် စိမ်းလန်းစိုပြေသည့်နေရာကို မည်မျှတောင့်တကြောင်း နားလည်နိုင်မည် မဟုတ်ပေ။
ထို့ပြင် ဤနည်းပညာကို သဲကန္တာရမှာ အသုံးချပြီး အိုအေစစ်အဖြစ် ပြောင်းလဲနိုင်မည်ဆိုပါက တိုင်းပြည်နှင့် လူမျိုးအတွက်ပါ အကျိုးရှိစေလိမ့်မည်။
ယဲ့ချန်းက ဤနည်းပညာကို ပိုင်ပိုင်နိုင်နိုင် တတ်မြောက်ထားပြီး အချိန်မရွေး သုတေသနလုပ်နိုင်သော်လည်း ဤအလုပ်ကို ကျောင်းသားများကိုသာ တာဝန်ပေးဖို့ ဆုံးဖြတ်လိုက်၏။
မည်သို့့ပင်ဖြစ်စေ တိုင်းပြည်အတွက် အရည်အချင်းရှိသူများကို သူ့အနေနှင့် ပျိုးထောင်ပေးရန် လိုအပ်သည်။
ထူးချွန်ထက်မြက်သူများ များပြားလာမှသာ တိုင်းပြည်က တိုးတက်မည်ဖြစ်သောကြောင့် ယဲ့ချန်းလည်း ဤအခွင့်အရေးကို အသုံးချပြီး နိုင်ငံအတွက် ဇီဝဗေဒပညာရှင်များကို ပျိုးထောင်ပေးရန် အစီအစဉ်ချလိုက်ပါတော့သည်။
•••••••••••••••••••••••