အခန်း ၆၂၁
Vol. 42 Ch. 621
အပိုင်း ၆၂၁ : သိုက်မင်၏ တိုင်တန်းချက်
ယဲ့ချန်းသည် ကျောင်းသားများကို ဓာတ်ခွဲခန်းထဲသို့ ဦးဆောင်၍ ခေါ်သွားခဲ့သည်။ အထဲရှိ စက်ကိရိယာများကို မြင်လိုက်ရသောအခါ ကျောင်းသားများမှာ လုံးဝအံ့ဩမှင်တက်သွားသည်။
ဘုရားရေ... ဓာတ်ခွဲခန်းက သားနားလှချည်လား...
ပီစီအာစက်များ၊ အီလက်ထရိုဖော်ရက်ဆစ်ပုံရိပ်ဖမ်းကိရိယာများ၊ စက်ဒလက်များ၊ အယ်လ်ထရာဆောင်းနှင့် ဗောတက်စ်စက်များ အစုံအလင် ရှိနေလေသည်။ ဤကိရိယာများမှာ ပြည်တွင်း၌သာမက နိုင်ငံတကာတွင်ပါ ထိပ်တန်းအဆင့်ရှိသော ပစ္စည်းများပင်။
ဤစက်ပစ္စည်းများကို မြင်လိုက်ရသောကြောင့် ကျောင်းသားများ စိတ်လှုပ်ရှားနေကြသည်။
ယဲ့ချန်းက ပြောလိုက်၏။
"ကဲ... အားလုံးပဲ အခုကစပြီး သုတေသနကို စတင်ကြတော့။ ငါက လမ်းညွှန်မှုပဲ ပေးမှာ။ အရာအားလုံးက မင်းတို့ရဲ့ ကိုယ်ပိုင်ကြိုးစားအားထုတ်မှုအပေါ်မှာပဲ မူတည်လိမ့်မယ်။ နားလည်လား"
"နားလည်ပါတယ်"
ကျောင်းသားများကလည်း တစ်ယောက်ပြီးတစ်ယောက် ခေါင်းညိတ်ကြသည်။ လူတိုင်းကို အကျဉ်းချုပ် ရှင်းပြပြီးနောက် ယဲ့ချန်း ထွက်ခွာသွားသည်။
ဆရာကောင်းဆိုသည်မှာ တံခါးဝအထိ လမ်းပြပေးရုံသာဖြစ်ပြီး လက်တွေ့လေ့ကျင့်မှုမှာ မိမိအပေါ်တွင်သာ မူတည်ပေသည်။
မည်မျှအထိ ခရီးပေါက်နိုင်မည်ဆိုခြင်းမှာမူ ကျောင်းသားများ၏ နားလည်သဘောပေါက်မှုနှင့် ဇွဲလုံ့လအပေါ်တွင်သာ မူတည်နေသည်။
ဤရက်ပိုင်းအတွင်း တန်းရှောင်ချောင်သည် တံခါးကြီးတစ်ချပ်ကို ဖွင့်လိုက်ရသလို ခံစားနေရသည်။ သူ၏ သီအိုရီပိုင်းဆိုင်ရာ အသိပညာမှာ ကျန်ကျောင်းသားများအကြား အားအနည်းဆုံး ဖြစ်သော်လည်း လက်တွေ့လုပ်ဆောင်နိုင်စွမ်းမှာမူ အလွန်ကောင်းမွန်လှသည်။ ထို့ပြင် သူသည် အခြားသူများထက်လည်း ပိုဝီရိယရှိသည်။
ယခုအခါ စမ်းသပ်မှုတစ်ခုလုံးကို လုယွမ်နှင့် တန်းရှောင်ချောင်တို့က ဦးဆောင်နေကြသည်။
ကျောင်းသားအားလုံးသည် သူတို့နှစ်ယောက်ကို ဗဟိုပြု၍ စမ်းသပ်မှုတွင် စိတ်ရောကိုယ်ပါ မြှုပ်နှံထားကြသည်။
ယဲ့ချန်း ရုံးခန်းသို့ ပြန်ရောက်သောအခါ သူ့ကိုစောင့်နေသော အကြီးအကဲဝေ့ကို တွေ့လိုက်ရသည်။
အကြီးအကဲဝေ့ကို မြင်လိုက်ရသောအခါ ယဲ့ချန်းခမျာ အတန်ငယ်ကူကယ်ရာမဲ့သွားသည်။
"အကြီးအကဲဝေ့... ခင်ဗျားမှာ ကိုင်တွယ်ဖြေရှင်းရမယ့် အလုပ်တွေပုံနေတာကို ဘာလို့ ကျွန်တော်တို့ စတားတက္ကသိုလ်ကိုပဲ ခဏခဏလာနေရတာလဲ"
အကြီးအကဲဝေ့က ရယ်မောလိုက်၏။
"ငါလည်း မတတ်နိုင်ဘူးလေ။ ဒီစီမံကိန်းက အထက်လူကြီးတွေရဲ့ အာရုံစိုက်မှုကို ခံနေရတာဆိုတော့ ငါ့ကိုပဲ ထပ်လွှတ်လိုက်တာပဲ"
ယဲ့ချန်းလည်း မဲ့တဲ့တဲ့ပြုံးလိုက်မိသည်။
"စမ်းသပ်မှုက အခုမှ စရုံပဲရှိသေးတာကို"
အကြီးအကဲဝေ့က စူးစမ်းလိုစိတ်ဖြင့် မေးလိုက်သည်။
"ကျောင်းအုပ်ယဲ့... ငါ နားမလည်တာ တစ်ခုရှိတယ်"
ယဲ့ချန်းကလည်း ခေါင်းညိတ်ပြလိုက်သည်။
"အားမနာတမ်း မေးပါ အကြီးအကဲဝေ့"
အကြီးအကဲဝေ့က ဆိုလိုက်လေသည်။
"ကျောင်းအုပ်ယဲ့... မင်းမှာ ဒီနည်းပညာတွေအကုန် ရှိနေပြီးသားမဟုတ်လား။ အဲဒါကို တိုက်ရိုက်သုတေသနလုပ်ပြီး အသုံးချမယ့်အစား ဘာလို့ ဒီကျောင်းသားတွေကို တစ်ဆင့်ချင်းစီ လေ့လာခိုင်းနေရတာလဲ"
ယဲ့ချန်းက ရယ်လိုက်လေသည်။
"အကြီးအကဲဝေ့... ကျွန်တော်က တစ်ယောက်တည်းလေ။ ကျွန်တော်တို့က ကျောင်းတစ်ကျောင်းဖြစ်တဲ့အတွက် နိုင်ငံအတွက် လူတော်လူကောင်းတွေ မွေးထုတ်ပေးရမယ့်နေရာပါ။ တကယ်လို့ ကျွန်တော်က သူတို့ကို အကုန်ပြောပြလိုက်ရင် သူတို့ရဲ့တိုးတက်မှုအတွက် အကျိုးရှိမှာမဟုတ်ဘူး။ ဒါပေမဲ့ သူတို့ကိုယ်တိုင် သုတေသနလုပ်မယ်ဆိုရင်တော့ အခြေအနေက လုံးဝကွဲပြားသွားပြီ။ သူတို့ကိုယ်တိုင်လည်း အများကြီးသင်ယူနိုင်သလို ဘွဲ့ရသွားတဲ့အခါလည်း တခြားလူတော်တွေကို ထပ်ပြီး မွေးထုတ်ပေးနိုင်လိမ့်မယ်။ ဒါက ကျွန်တော့်ရဲ့ ရည်ရွယ်ချက်ပဲ"
ယဲ့ချန်း၏စကားကို ကြားသောအခါ အကြီးအကဲဝေ့လည်း ရင်ထဲ ထိရှသွားသည်။
"ယဲ့ချန်း... ကျေးဇူးတင်ပါတယ်။ တကယ်လို့ တက္ကသိုလ်ကျောင်းအုပ်တိုင်းသာ မင်းလိုဖြစ်မယ်ဆိုရင် ဟွားနိုင်ငံ တိုးတက်လာဖို့က သိပ်မဝေးတော့ပါဘူး"
အကြီးအကဲဝေ့က မေးလိုက်ပြန်သည်။
"ဒီစီမံကိန်းက ဘယ်လောက်ကြာရင် ပြီးမယ်လို့ ထင်လဲ"
ယဲ့ချန်းလည်း ခဏမျှ စဉ်းစားလိုက်၏။ လက်ရှိအရှိန်အတိုင်းဆိုလျှင် လဝက်ခန့် ကြာလိမ့်မည်သာ။
အကြီးအကဲဝေ့က သက်ပြင်းရှည်ကြီးတစ်ချက် ချလိုက်သည်။
"တကယ်လို့ ရလဒ်တွေ ထွက်လာပြီဆိုရင် ငါ့ကို အသိပေးပါဦး"
ယဲ့ချန်းက ရယ်၏။
"အဲဒီအတွက် စိတ်မပူပါနဲ့"
အကြီးအကဲဝေ့ကို ပြန်ပို့ပြီးနောက် ယဲ့ချန်း၏ဖုန်းက ရုတ်တရက် မြည်လာသည်။
ဖုန်းကိုင်လိုက်သောအခါ လီရှန်းရှန်း ဖြစ်နေေသည်။
"ကျောင်းအုပ်ယဲ့... အခြေအနေမကောင်းတော့ဘူး။ စားဖိုမှူးများအဖွဲ့အစည်းက အခုလေးတင် ရောက်လာပြီး ကျွန်မတို့ရဲ့ နတ်သုဒ္ဓါစားသောက်ဆိုင်ရဲ့ ကြယ်ပွင့်အဆင့်ကို ပြန်ရုပ်သိမ်းတော့မယ်လို့ ပြောနေကြတယ်"
"ဘာဖြစ်လို့လဲ"
ယဲ့ချန်း အံ့အားသင့်သွားသည်။
"ငါတို့ဟိုတယ်ရဲ့ သန့်ရှင်းရေးစံနှုန်းတွေက အကုန်ပြည့်မီသလို စားသုံးသူတွေကလည်း ငါတို့ဟင်းလျာတွေကို အရမ်းကြိုက်ကြတယ်လေ။ ဘယ်လိုလုပ်ပိုင်ခွင့်နဲ့ ငါတို့ရဲ့ ကြယ်ပွင့်အဆင့်ကို ရုပ်သိမ်းမှာလဲ"
"လူတစ်ယောက်က ကျွန်မတို့စားသောက်ဆိုင်ရဲ့ သန့်ရှင်းရေးက စံနှုန်းမမီဘူးလို့ တိုင်တန်းထားလို့တဲ့"
"အဲဒါ သိုက်မင်လား"
ယဲ့ချန်းလည်း ထိုလူ့ကို ချက်ချင်းပင် သတိရသွားသည်။
ယခင်က သိုက်မင်ကို ယဲ့ချန်းကိုယ်တိုင် ထျန်းပေါင်ဟိုတယ်က မောင်းထုတ်ခဲ့သည်။ သူ့အခြေအနေလည်း သိပ်မကောင်းလှကြောင်း ကြားရသည်။
ယဲ့ချန်းက ပြောလိုက်လေ၏။
"ကောင်းပြီ... စိတ်မပူနဲ့။ ငါ အခုချက်ချင်း လာခဲ့မယ်"
ထိုအချိန်တွင် ဟိုတယ်၌ ပိုင်ထန်တစ်ယောက်စိုးရိမ်တကြီး ဖြစ်နေပေသည်။
သို့သော် သိုက်မင်ကမူ အေးအေးလူလူပင် လက်ဖက်ရည် သောက်နေလေသည်။
"လောင်ပိုင်... မင်းစိုးရိမ်နေလည်း အပိုပဲ။ ဘာပြဿနာမှမရှိရင် စားဖိုမှူးများအဖွဲ့အစည်းကလူတွေ ဘာမှရှာတွေ့မှာ မဟုတ်ပါဘူး"
"ပိုင်ထန်... မင်းလည်း ဒီဟိုတယ်အတွက် အများကြီး ကြိုးစားခဲ့တာပဲ။ ဒါပေမဲ့ အခုတော့ အတွေ့အကြုံမရှိတဲ့ မိန်းကလေးတစ်ယောက်ကို ခေါင်းဆောင်စားဖိုမှူး ခန့်ထားတယ်ဆိုတော့ ဒီစားသောက်ဆိုင်မှာ ဘာအနာဂတ် ရှိတော့မှာလဲ"
သိုက်မင်၏စကားကို ကြားရသောအခါ ပိုင်ထန်မှာ ဒေါသထွက်သွားချေသည်။
သိုက်မင် ထွက်သွားပြီးကတည်းက ဟိုတယ်မှာ ပုံမှန်အခြေအနေသို့ ပြန်ရောက်သွားသည်။
ထို့ပြင် ဟင်းလျာများမှာလည်း သိသိသာသာ ကောင်းမွန်လာပြီး မီးဖိုချောင်အဖွဲ့မှာ အလွန်စည်းလုံးကြသည်။
ဤလူက ဟိုတယ်ကို ပြန်လည်တိုက်ခိုက်လိမ့်မည်ဟု မမျှော်လင့်ထားပေ။
မည်သို့ပင်ဖြစ်စေ ဟိုတယ်ဘက်က သိုက်မင်အပေါ် ကောင်းမွန်စွာ ဆက်ဆံခဲ့သော်လည်း ယခုမူ သူသည် ကျေးဇူးကန်းနေလေပြီ။
ပိုင်ထန်ခမျာ ဒေါသကို ထိန်းချုပ်ရင်း ပြောလိုက်သည်။
"ဆရာသိုက်... ဥက္ကဋ္ဌယဲ့ ဟိုတယ်ကို လွှဲယူပြီးကတည်းက ဝန်ဆောင်မှု၊ ဟင်းလျာနဲ့ စီမံခန့်ခွဲမှုတွေက အဆင့်သစ်တစ်ခုကို ရောက်နေပြီ။ ကျွန်တော်တို့ ခက်ခဲတဲ့အချိန်တွေကို ကျော်ဖြတ်နိုင်ခဲ့သလို ယဲ့ချန်းကလည်း ခင်ဗျား ထွက်သွားတုန်းက လစာအပြည့်ပေးခဲ့တာပဲ။ ခင်ဗျား အခု ဘာလုပ်ချင်နေတာလဲ"
သိုက်မင်၏မျက်လုံးထဲတွင် ယုတ်မာရက်စက်သော အရိပ်အယောင်များ ပေါ်လာလေသည်။
"ငါ ဘာလုပ်နေတာလဲ ဟုတ်လား။ ရန်ကြွေးပြန်ဆပ်တာပေါ့။ ငါ့ကို စော်ကားခဲ့တဲ့ အဲဒီကောင်ကို ငါ့အကြောင်း သိစေချင်လို့ပဲ"
ထိုစဉ် သိုက်မင်သည် စားဖိုမှူးများအဖွဲ့အစည်း၏ တာဝန်ခံကို သွားတွေ့လိုက်သည်။
"လောင်ဝူ... ကျွန်တော်က ဒီဟိုတယ်ရဲ့ ခေါင်းဆောင်စားဖိုမှူးဟောင်းပါ။ ဒီနေရာရဲ့ သန့်ရှင်းရေးအခြေအနေကို ကျွန်တော် အသိဆုံးပဲ။ တကယ်စုတ်ပြတ်သတ်နေတာ။ ပိုးဟပ်တွေ တွေ့မယ်ဆိုရင်တောင် အံ့သြစရာမဟုတ်ဘူး"
သို့သော် ဘေးနားရှိ ပိုင်ထန်သည် စိုးစဉ်းမျှတုန်လှုပ်ခြင်းမရှိဘဲ တည်ငြိမ်စွာ ပြောလိုက်လေသည်။
"ဆရာသိုက်... စကားကို လက်လွတ်စပယ်မပြောပါနဲ့။ သန့်ရှင်းရေး ကောင်းမကောင်းဆိုတာ ခင်ဗျားပြောရမှာ မဟုတ်ဘူး။ စားဖိုမှူးများအဖွဲ့အစည်းက လူတွေကပဲ ဆုံးဖြတ်မှာပါ"
ပိုင်ထန်၏စကားကို ကြားသောအခါ သိုက်မင် အံ့အားသင့်သွားချေသည်။
သူရှိစဉ်က သန့်ရှင်းရေးမှာ အမှန်တကယ်ပင် စံနှုန်းမမီခဲ့သဖြင့် ဟိုတယ်၏ အားနည်းချက်တစ်ခု ဖြစ်ခဲ့သည်။
သို့သော် ဤလူက အဘယ်ကြောင့် မထိတ်လန့်ရသလဲ။
ပိုင်ထန်က လှောင်ပြုံးပြုံးလေသည်။
"ဆရာသိုက်... ခင်ဗျားက သန့်ရှင်းရေးနဲ့ပတ်သက်ပြီး အပြစ်ရှာချင်တာဆိုရင်တော့ မှားသွားပြီ။ ကျွန်တော်တို့ဟိုတယ်ရဲ့ သန့်ရှင်းရေးက ဟွားနိုင်ငံတစ်နိုင်ငံလုံးမှာတောင် ထိပ်တန်းအဆင့်ပဲ"
"ဟွန့်... အဓိပ္ပာယ်မရှိတာ။ ငါ ပြောလိုက်မယ်... မင်းတို့လို စားသုံးသူတွေကို လိမ်ညာနေတဲ့ ဟိုတယ်မျိုးကို ငါ လုံးဝသည်းမခံနိုင်ဘူး"
ပိုင်ထန်ကမူ သိုက်မင်အပေါ် ယဉ်ကျေးမနေတော့ဘဲ အေးစက်ခက်ထန်စွာ ပြောလိုက်သည်။
"စားသုံးသူတွေ ဟုတ်လား။ စားသုံးသူတွေကို လိမ်ခဲ့တာ ခင်ဗျားပဲလို့ထင်တယ်နော်။ ထျန်းပေါင်ဟိုတယ်ကို ခင်ဗျား စီမံခန့်ခွဲတုန်းက တကယ့်ကို ကမောက်ကမတွေ ဖြစ်ခဲ့တာ။ တော်သေးတာပေါ့... မစ္စတာယဲ့က အခြေအနေကို ပြောင်းလဲပေးပြီး ခင်ဗျားကို အလုပ်ထုတ်လိုက်လို့။ အခုဆိုရင် ဟိုတယ်က လမ်းမှန်ပေါ်ရောက်နေပြီ။ သန့်ရှင်းရေးရော ဟင်းလျာတွေပါ အများကြီးတိုးတက်လာပြီ"
ထိုအချိန်တွင် ယဲ့ချန်း ဝင်လာလေသည်။ ယဲ့ချန်းကို မြင်လိုက်ရသောအခါ သိုက်မင်၏မျက်နှာကား အနည်းငယ် ပျက်ယွင်းသွားသည်။
"သိုက်မင်... ပြီးခဲ့တဲ့တစ်ခေါက်က ငါ မင်းအပေါ် အရမ်းညှာတာခဲ့မိပုံပဲ။ မင်းက ဒီကို ထပ်လာရဲသေးတယ်ပေါ့"
"ယဲ့ချန်း... မင်းကိုယ်မင်း ဘာကောင်မှတ်နေလဲ။ ငါပြောလိုက်မယ်... ဒီနေ့ မင်းရဲ့ စားသောက်ဆိုင်ကို ကြယ်လေးပွင့်အဆင့်အထိ ကျသွားအောင် ငါ လုပ်ပြမယ်"
ယဲ့ချန်းက ရုတ်တရက် ရယ်လိုက်လေသည်။
"ဟားဟား... မင်း စိတ်ပျက်သွားလိမ့်မယ်ထင်တယ်။ ငါ့ဟိုတယ်အပေါ် ငါ အပြည့်အဝ ယုံကြည်မှုရှိတယ်"
သိုက်မင်ကမူ နှာခေါင်းရှုံ့လိုက်၏။
"ယုံကြည်မှု ဟုတ်လား။ ခဏနေရင် မင်း ဘယ်လို ငိုမလဲဆိုတာ စောင့်ကြည့်နေလိုက်"
ထိုစဉ် စားဖိုမှူးများအဖွဲ့အစည်းမှ လူတချို့ လျှောက်လာချေသည်။
သိုက်မင်က သူတို့ဆီသို့ အမြန်ပြေးသွားလိုက်သည်။
"ခင်ဗျားတို့ စစ်ဆေးပြီးပြီမလား။ ကျွန်တော့်ရဲ့ တိုင်ကြားချက်က အမှန်ပဲနော်။ သူတို့ရဲ့ သန့်ရှင်းရေးက တကယ်ဆိုးရွားလွန်းတယ်"
"ဆိုးရွားတယ် ဟုတ်လား"
အဖွဲ့ခေါင်းဆောင် လူငယ်လေးက အံ့အားသင့်စွာ မေးလိုက်သည်။
"ကျွန်တော်တို့ ဟိုတယ်တွေအများကြီး စစ်ဆေးဖူးပေမဲ့ ဒီဟိုတယ်ရဲ့ သန့်ရှင်းရေးကတော့ မြင်ဖူးသမျှထဲမှာ အကောင်းဆုံးပဲ"
ထိုစကားကို ကြားလိုက်ရသောအခါ သိုက်မင်ခမျာ ချက်ချင်း မျက်နှာပျက်သွားလေသည်။
"ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ"
ယဲ့ချန်းကမူ ရယ်မောလိုက်သည်။
"ဆရာသိုက်... စိတ်ပျက်အောင်လုပ်မိတဲ့အတွက် တောင်းပန်ပါတယ်"
"လူကြီးမင်းတို့... ရောက်တုန်းရောက်ခိုက် ကျွန်တော်တို့ စားသောက်ဆိုင်ရဲ့ ဟင်းလျာတွေကို မြည်းသွားကြပါဦး။ ခင်ဗျားတို့ စိတ်မပျက်စေရပါဘူး"
အဖွဲ့ခေါင်းဆောင် လောင်ဝူက ခေါင်းညိတ်လိုက်၏။
"အင်း... ဒီစားသောက်ဆိုင်ရဲ့ ဟင်းလျာတွေက ထူးခြားတယ်လို့ ကြားဖူးတယ်။ ဒီနေ့တော့ မြည်းကြည့်ရမှာပေါ့"
ထိုစဉ် နောက်ကျောဘက်မှ အေးစက်စက် အသံတစ်သံ ထွက်လာလေသည်။ သိုက်မင် အော်ဟစ်လိုက်ခြင်းပင်။
"မဖြစ်နိုင်ဘူး။ ဒီဟိုတယ်က တစ်ခုခုတော့လွဲနေပြီ။ မင်း စားဖိုမှူးများအဖွဲ့အစည်းကို လာဘ်ထိုးထားတာပဲဖြစ်ရမယ်"
•••••••••••••••••••••