← Chapters

အခန်း ၆၃၁

Vol. 43 Ch. 631

အခန်း ၆၃၁

Vol. 43 Ch. 631

၄၀အခန်း ၆၃၁ - ကပ်ဘေးအန္တရာယ်

အဆိပ်နှင်းဆီ ကပ်ဘေးအန္တရာယ် ကြုံတွေ့ရလိမ့်မည်ဟု ယဲ့ချန်းက ပြောလိုက်သောအခါ လုပ်ကြံသူနှစ်ယောက်မှာ နားမလည်နိုင်လောက်အောင် ဖြစ်သွားကြသည်။

အဆိပ်နှင်းဆီသည် မယုံနိုင်လောက်အောင် အင်အားကြီးမားသူဖြစ်လေရာ သူ(မ)အနားသို့ ချဉ်းကပ်ရန်ပင် ခက်ခဲလှသည်။ သို့ဖြစ်လေရာ မည်သို့သော ကပ်ဘေးအန္တရာယ်နှင့် ကြုံတွေ့နိုင်မည်နည်း။

ချယ်ရီနှင့် လုယုံးတို့လည်း လုံးဝနားမလည်နိုင်လောက်အောင် ဖြစ်သွားသည်။

ဒီလူကတော့ တော်တော်လေလုံးထွားတာပဲ...

"ဒါနဲ့ မင်း အခု သူ့ဆီ ဖုန်းဆက်လိုက်တာ ပိုကောင်းမယ်ထင်တယ်။ ဘာလို့လဲဆိုတော့ အဲဒီကိစ္စက နောက်ငါးမိနစ်နေရင် ဖြစ်တော့မှာမို့လို့ပဲ"

ယဲ့ချန်းက ပြောလိုက်သည်။

ယဲ့ချန်း၏ စကားကို ကြားသောအခါ လုပ်ကြံသူ၏ အမူအရာကား ပြောင်းလဲသွားသည်။

သူ့အနေနှင့် ယဲ့ချန်းကို သိပ်မယုံကြည်သော်လည်း သတိထားသည့်အနေနှင့် ဖုန်းထုတ်လိုက်သည်။

"ကောင်းပြီ... ငါ အခုချက်ချင်း ဖုန်းဆက်ပြီး မင်းပြောတဲ့ စကားတွေကို သူဌေးဆီ ပြောပြလိုက်မယ်"

ဖုန်းဝင်သွားချိန်တွင် လုပ်ကြံသူ၏ အသံမှာ အနည်းငယ် တုန်ယင်နေချေသည်။

"ဘော့စ်... ငါတို့ရဲ့မစ်ရှင် ကျရှုံးသွားပါပြီ။ ကျွန်တော်တို့ ကျွမ်းကျင်သူတစ်ယောက်နဲ့ ထိပ်တိုက်တိုးနေလို့ ဟူဇစ်နဲ့ ကျွန်တော်ပေါင်းတာတောင် သူ့ကို မယှဉ်နိုင်ခဲ့ဘူး"

လုပ်ကြံသူ၏ စကားကို ကြားသောအခါ အဆိပမနှင်းဆီမှာ ခဏမျှ မှင်တက်သွားသည်။ ထို့နောက် ဖုန်းတစ်ဖက်က နူးညံ့သော်လည်း အနည်းငယ် ဒေါသထွက်နေသော အသံတစ်သံ ထွက်ပေါ်လာသည်။

"မင်းနဲ့ ဟူဇစ်ပေါင်းတာတောင် သူ့ကို မယှဉ်နိုင်ဘူးလား။ ချယ်ရီ့နားမှာ အဲဒီလောက် ကျွမ်းကျင်တဲ့သူ ရှိနေတာလား"

ဤတစ်ကြိမ်တွင် အဆိပ်နှင်းဆီက ချယ်ရီ့ကို ဖမ်းဆီးရန်အတွက် ထိပ်တန်းအဆင့် လုပ်ကြံသူနှစ်ယောက်ကို စေလွှတ်ခဲ့သည်။

အမှန်တကယ်တော့ ဤအစီအစဉ်က အမှားကင်းသည်ဟု အဆိပ်နှင်းဆီ ထင်မှတ်ထားခဲ့သည်။

မမျှော်လင့်ထားပါဘဲ သူ(မ)၏ ထိပ်တန်းလုပ်ကြံသူ နှစ်ယောက်ကိုယ်တိုင် လှုပ်ရှားသည့်တိုင် ကျရှုံးသွားခဲ့လေရာ သူ(မ) မျှော်လင့်ထားသည်ထက် လုံးဝကျော်လွန်နေပေသည်။

မည်သို့ပင်ဆိုစေ သူ(မ)၏ ထိပ်တန်းလုပ်ကြံသူနှစ်ယောက်မှာ ဟွားနိုင်ငံတွင် အဆင့်တစ်ရာအတွင်း ဝင်နိုင်သူများ ဖြစ်ပါလျက်နှင့် ချယ်ရီ့ဘေးရှိ လူတစ်ယောက်ထံတွင် အရှုံးပေးလိုက်ရသည်။

ပြိုင်ဘက်က ဘယ်လောက်တောင် ကြောက်ဖို့ကောင်းနေမလဲ။

"မင်းတို့နှစ်ယောက် ပေါ့ဆမိလို့ ထောင်ချောက်ထဲကျသွားတာလား"

အဆိပ်နှင်းဆီက အေးစက်စက်လေသံဖြင့် မေးလိုက်သည်။

လုပ်ကြံသူခမျာ ခါးသီးစွာ ပြုံးလိုက်လေသည်။

"မဟုတ်ပါဘူး... ကျွန်တော်တို့နှစ်ယောက်ပေါင်းတာတောင် သူ့ကို မနိုင်ခဲ့တာပါ"

အဆိပ်နှင်းဆီမှာ ပို၍ပင် အံ့အားသင့်သွားရသည်။ နှစ်ယောက်နှင့်တစ်ယောက် ချတာတောင် မယှဉ်နိုင်ဘူးဆိုသည်မှာ ယုံနိုင်စရာပင် မရှိပေ။

"ကျွန်တော်တို့ တိုက်ကွက်သုံးကွက်နဲ့တင် အရေးနိမ့်သွားခဲ့တာ"

လုပ်ကြံသူက နောက်ထပ် ထိတ်လန့်စရာကောင်းသော သတင်းတစ်ခုကို အဆိပ်နှင်းဆီအား ပြောပြလိုက်သည်။

"ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ"

ဤတစ်ကြိမ်တွင်မူ အဆိပ်နှင်းဆီပင် အံ့အားသင့်သွားလေသည်။

သူ(မ)သည် ဤထိပ်တန်းလုပ်ကြံသူနှစ်ယောက်၏ အစွမ်းအစကို ကောင်းကောင်း သိထားသည်။

သူတို့နှစ်ယောက် ပူးပေါင်းလိုက်လျှင် အတွင်းစည်းထဲရှိ ထိပ်တန်းတိုက်ခိုက်ရေးသမားများပင် သူတို့ကို ယှဉ်နိုင်မည်မဟုတ်ပေ။

သို့သော် ယခုမူ လူတစ်ယောက်၏ တိုက်ကွက်သုံးကွက်ကိုပင် တောင့်မခံနိုင်ခဲ့ဘူးတဲ့လား။

ပြိုင်ဘက်က ဘယ်လောက်တောင် အင်အားကြီးနေလို့လဲ။

ထို့ပြင် ဤမျှအင်အားကြီးမားသူသာ ရှိပါက သူ(မ) အစောကြီးကတည်းက ကြားဖူးထားသင့်သည်။

"ဪ... အဲဒီလူက သတင်းစကားတစ်ခု ပါးခိုင်းလိုက်သေးတယ်။ နောက်ငါးမိနစ်နေရင် ဘော့စ် ကပ်ဘေးအန္တရာယ်တစ်ခုနဲ့ ကြုံရလိမ့်မယ်တဲ့"

ထိုစကားကို ကြားသောအခါ အဆိပ်နှင်းဆီ တစ်ခဏမျှ ငြိမ်ကျသွားပြီးနောက် သူ(မ)၏ နှုတ်ခမ်းထောင့်စွန်းတွင် အေးစက်စက်အပြုံးတစ်ခု ပေါ်လာသည်။

"ဒီကမ္ဘာပေါ်မှာ ငါ အဆိပ်နှင်းဆီကို သွေးထွက်သံယိုဖြစ်အောင် လုပ်နိုင်တဲ့သူ ဘယ်သူမှ မရှိဘူး"

လုပ်ကြံသူ : "..."

"ထားပါတော့... ဒါဆို မင်းတို့ကို လွှတ်ပေးဖို့အတွက် သူက ဘာလိုချင်တာတဲ့လဲ"

အဆိပ်နှင်းဆီက ဆက်မေးလိုက်သည်။

"သူ့စကားကို ဘော့စ်ဆီ သတင်းပါးပေးရင် ကျွန်တော်တို့ကို လွှတ်ပေးမယ်တဲ့"

ဤတစ်ကြိမ်တွင်မူ အဆိပ်နှင်းဆီ အတန်ငယ်အံ့သြသွားရသည်။

ဒီလူက တကယ်ထူးဆန်းတာပဲ။

"သူ့နာမည်က ဘာတဲ့လဲ။ သူ့ကို ဖုန်းပေးလိုက်"

အဆိပ်နှင်းဆီက ခပ်အေးအေးပင် ပြောလိုက်သည်။

လုပ်ကြံသူကလည်း ဖုန်းကို ယဲ့ချန်းထံသို့ ကမ်းပေးလိုက်သည်။

"ဟယ်လို အချောလေး... မင်းလိုအလှလေးတစ်ယောက်နဲ့ တွေ့ရတာ ဝမ်းသာပါတယ်"

အဆိပ်နှင်းဆီက အေးစက်စက် နှာခေါင်းရှုံ့လိုက်လေသည်။

"ရှင် ကျွန်မကို သိလို့လား"

ယဲ့ချန်းကမူ ပြုံးလိုက်၏။

"မသိပါဘူး။ ဒါပေမဲ့ ငါ့ရဲ့အလိုလိုသိစိတ်က အမြဲတမ်းတိကျတယ်နော်။ နောက်ငါးမိနစ်နေရင် မင်း ဘေးအန္တရာယ်တစ်ခုနဲ့ ကြုံရလိမ့်မယ်။ ဒီတော့ သတိထားဦး"

"ရှင့်နာမည်က ဘယ်သူလဲ"

"ဟင်း... ငါ့နာမည်က ယဲ့ချန်းလို့ ခေါ်တယ်"

အမှန်တကယ်တော့ ယဲ့ချန်းသည် သူတစ်ပါးကိစ္စတွင် ဝင်ရောက်မစွက်ဖက်ချင်ပေ။ သို့သော် ကိုယ်ရေးမှတ်တမ်းစနစ်ကတစ်ဆင့် ဤအမျိုးသမီးသည် သူနှင့် ရင်းရင်းနှီးနှီး ပတ်သက်နေလိမ့်မည်ဟု သိထားသောကြောင့် ဤတစ်ကြိမ်တွင်မူ သူ(မ)ကို သူ ကူညီပေးရမည်ဖြစ်၏။

"ကောင်းပြီလေ။ ရှင့်ကို ကျွန်မ မှတ်ထားလိုက်မယ်။ ရှင်ပြောသလို တကယ်ဖြစ်လာခဲ့ရင် ရှင့်ကျေးဇူးကို ကျွန်မ ဆပ်ပါ့မယ်။ တကယ်လို့ လိမ်ပြောတာဆိုရင်တော့ သေဖို့သာပြင်ထားပေတော့"

ထို့နောက် ဖုန်းကျသွားသည်။

ယဲ့ချန်းမှာ အနည်းငယ် ဆွံ့အသွားရသည်။

ဒီမိန်းကလေးက တကယ်ကို ဆူးနှင်းဆီပဲ။

အဆိပ်နှင်းဆီက ဖုန်းချလိုက်ပြီးနောက် သူ(မ) ဘေးအန္တရာယ်ကြုံရမည်ဟု ပြောရန် ဤလူက ဘယ်ကများ ယုံကြည်မှုများ ရနေသလဲဟု သိချင်သွားသည်။

ထိုအချိန်မှာပင် အပြင်ဘက်မှ တံခါးခေါက်သံ ထွက်ပေါ်လာသည်။

"ဘော့စ်... အရိပ် ပြန်ရောက်လာပါပြီ။ ပြီးတော့ ဘော့စ်လိုချင်တဲ့ ပန်းချီကားကိုလည်း ယူလာပါတယ်"

"တကယ်လား"

အဆိပ်နှင်းဆီခမျာ ဝမ်းသာသွားသည်။

ထိုအချိန်တွင် ပိန်ပါးပါးလူတစ်ယောက်က လက်ထဲတွင် ပန်းချီကားလိပ်တစ်ခုကို ကိုင်ဆောင်၍ ဝင်လာခဲ့သည်။

"ဘော့စ်... အရိပ်က တာဝန်ပြီးမြောက်သွားပြီမို့လို့ တာဝန်ကို လာအပ်တာပါ"

အဆိပ်နှင်းဆီကလည်း ခေါင်းညိတ်လိုက်၏။

"ပန်းချီကားကို ပြစမ်းပါဦး"

အရိပ်က ပန်းချီကားလိပ်ကို စားပွဲပေါ်တွင် ဖြန့်ချလိုက်ပြီးနောက် ဖြည်းဖြည်းချင်း ဖြည်ချလိုက်သည်။

အဆိပ်နှင်းဆီလည်း ယဲ့ချန်း၏ သတိပေးချက်ဖြစ်သော ဘေးအန္တရာယ်အကြောင်း ရုတ်တရက် သတိရလိုက်၏။

အရိပ်ကများ ပြဿနာဖြစ်နေမလား...

အရိပ်သည် သူ(မ)နှင့်အတူ ဆယ်နှစ်ကျော်ကြာအောင် အတူရှိနေခဲ့ပြီး ယုံကြည်ရသော ထိပ်တန်းအဆင့် လုပ်ကြံသူတစ်ဦးပင်။

ယုတ္တိကျကျတွေးကြည့်မည်ဆိုလျှင် သူက သူ(မ)ကို သစ္စာဖောက်မည် မဟုတ်ပေ။

ယဲ့ချန်း၏ သတိပေးချက်သာ မရှိခဲ့လျှင် အဆိပ်နှင်းဆီလည်း အရိပ်ကို သတိကြီးကြီးထားမိမည် မဟုတ်ပေ။

သို့သော် ဘေးအန္တရာယ်နှင့် ပတ်သက်သော ယဲ့ချန်း၏စကားကြောင့် အဆိပ်နှင်းဆီမှာ အနည်းငယ် ပိုသတိထားနေမိသည်။

ပန်းချီကားလိပ်ကို အဆုံးအထိ ဖြည်ချလိုက်သောအခါ ပန်းချီကားလိပ်၏ အစွန်းနားတွင် ဓားမြှောင်တစ်ချောင်း ရုတ်တရက် ပေါ်လာခဲ့သည်။

အရိပ်က ဓားမြှောင်ကို ယူပြီး အဆိပ်နှင်းဆီကို ထိုးစိုက်လိုက်လေတော့သည်။

အကယ်၍ အဆိပ်နှင်းဆီသာ သတိမထားမိခဲ့ပါက ဤမျှနီးကပ်သော အကွာအဝေးနှင့် အရိပ်၏ ကျွမ်းကျင်မှုတို့ ပေါင်းစပ်လိုက်လျှင် ဒဏ်ရာရသွားစေရန် လုံလောက်ပေလိမ့်မည်။

ကံမကောင်းစွာဖြင့် ထိုအချိန်တွင် ယဲ့ချန်း၏ သတိပေးချက်ကြောင့် အဆိပ်နှင်းဆီသည် ပို၍ပင် သတိထားနေပြီးဖြစ်၏။

ဓားမြှောင် ဝင်လာချိန်တွင် အဆိပ်နှင်းဆီကလည်း ရှောင်တိမ်းလိုက်ပြီး အရိပ်၏ လက်ကောက်ဝတ်ကို ဖမ်းဆုပ်ကာ လက်ဖဝါးဖြင့် ရိုက်ချလိုက်လေရာ သူ လွင့်ထွက်သွားခဲ့သည်။

အပြင်ဘက်ရှိ အစောင့်များကလည်း ဆူညံသံကို ကြားသဖြင့် အပြေးအလွှား ဝင်လာကြပြီးနောက် အရိပ်ကို ချက်ချင်းဖမ်းချုပ်လိုက်ကြသည်။

အဆိပ်နှင်းဆီက မြေပြင်ပေါ်ရှိ အနက်ရောင်ဓားမြှောင်ကို ကြည့်လိုက်ချိန်ဝယ် မျက်နှာထားတင်းမာသွားသည်။

ထိုဓားမြှောင်တွင် အဆိပ်သုတ်ထားသဖြင့် အနည်းငယ် ခြစ်မိရုံမျှဖြင့် သေစေနိုင်သည်။

ယဲ့ချန်းသာ မရှိလျှင် သူ(မ) ယနေ့ ဤနေရာတွင် သေသွားနိုင်ပေသည်။

ယဲ့ချန်းက သူ(မ)၏ အသက်ကို ကယ်တင်ပေးခဲ့ခြင်းပင်။

အဆိပ်နှင်းဆီက အရိပ်ကို စိုက်ကြည့်ရင်း မေးလိုက်၏။

"ဘာလို့လဲ"

လုပ်ကြံမှုကျရှုံးသွားသော အရိပ်ကလည်း အနည်းငယ် စိတ်ပျက်အားလျော့နေဟန်ဖြင့် ပြောလိုက်လေသည်။

"ဘော့စ်... တောင်းပန်ပါတယ်။ သူတို့က ကျွန်တော့်ရဲ့ဇနီးနဲ့ ကလေးတွေကို ဖမ်းသွားလို့ ကျွန်တော့်မှာ ရွေးချယ်စရာ မရှိတော့လို့ပါ"

အဆိပ်နှင်းဆီက သက်ပြင်းချလိုက်လေသည်။

"မင်းက ငါ့အနားမှာ နှစ်ပေါင်းများစွာ ရှိနေပေးခဲ့တဲ့အတွက် မင်းကို နာကျင်မှုမရှိဘဲ သေခွင့်ပေးမယ်"

အဖွဲ့အစည်းကို သစ္စာဖောက်ပြီး အထက်လူကြီးကို လုပ်ကြံခြင်းမှာ စည်းမျဉ်းများအရဆိုလျှင် အသားများကို တစ်စစီလှီးဖြတ်၍ ကွပ်မျက်ခံရမည်ဖြစ်၏။

အဆိပ်နှင်းဆီဘက်က ထိုသို့မလုပ်ခြင်းကပင် အလွန်သက်ညှာရာရောက်နေလေပြီ။

အရိပ်ကို ဖြေရှင်းပြီးနောက် အဆိပ်နှင်းဆီလည်း ချယ်ရီ့ဖုန်းနံပါတ်ကို ခေါ်လိုက်သည်။

ဖုန်းဝင်သွားသည်နှင့် အဆိပ်နှင်းဆီက အေးစက်ခက်ထန်စွာ ပြောလိုက်သည်။

"ယဲ့ချန်းကို ဖုန်းပေးလိုက်"

အထက်လူကြီး၏ အသံကို ကြားသောအခါ ချယ်ရီ၏ မျက်နှာကား အနည်းငယ် တွန့်လိမ်သွားပြီး ယဲ့ချန်းထံသို့ ဖုန်းကို အမြန်ကမ်းပေးလိုက်သည်။

"ဟယ်လို အချောလေး... ဘေးအန္တရာယ်ကို မင်း ရှောင်နိုင်ခဲ့ပုံရတယ်။ ဂုဏ်ယူပါတယ်"

"ရှင် ဘယ်လိုလုပ်သိတာလဲ"

အဆိပ်နှင်းဆီက အနည်းငယ် နားမလည်နိုင်ဟန်ဖြင့် မေးလိုက်သည်။

မည်သို့ပင်ဖြစ်စေ အရိပ်က ရုတ်တရက် ပြန်ရောက်လာခြင်းဖြစ်၏။ သူ(မ)ကိုယ်တိုင်ပင် ကြိုမသိထားပေ။ တစ်ဖက်လူက ဘယ်လိုလုပ်ပြီး သိနေရလေသလဲ။

ယဲ့ချန်းက ခပ်ဟဟ ရယ်မောလိုက်၏။

"ကောင်းကင်ဘုံရဲ့ လျှို့ဝှက်ချက်တွေကို ထုတ်ဖော်ပြလို့ မရဘူးလေ။ ဪ... စကားမစပ် ငါက မင်းအသက်ကို ကယ်ပေးထားတာဆိုတော့ မင်းဆီက လူတစ်ယောက်ကို ငါယူလိုက်ရင် မင်း စိတ်မဆိုးဘူးမလား"

"ရှင်က ချယ်ရီ့ကို ကာကွယ်ပေးချင်တာလား"

အဆိပ်နှင်းဆီက ပေါ့ပေါ့ပါးပါးပင် မေးလိုက်သည်။

ယဲ့ချန်းကလည်း ခေါင်းညိတ်ပြလိုက်၏။

"ဟုတ်တယ်။ ငါ့ကောင်မလေးက အမျိုးသမီးသက်တော်စောင့်တစ်ယောက် လိုနေလို့လေ။ ပြီးတော့ သူက တော်တော်သင့်တော်တယ်လို့ ငါ ထင်တယ်"

အဆိပ်နှင်းဆီက ခဏမျှ စဉ်းစားလိုက်၏။

"ကောင်းပြီလေ... ဒါပေမဲ့ ကျွန်မ ရှင်နဲ့ တွေ့ချင်တယ်"

ယဲ့ချန်း အံ့အားသင့်သွားလေသည်။

"မင်းနဲ့တွေ့ရမယ်တဲ့လား... လုံးဝမဖြစ်နိုင်ဘူး"

ထိုစကားကို ကြားသောအခါ အဆိပ်နှင်းဆီ အံ့ဩသွားသည်။ လူပေါင်းများစွာက သူ(မ)နှင့် တွေ့ဆုံချင်ကြသော်လည်း အခွင့်အရေး မရခဲ့ကြပေ။ ယခုမူ သူ(မ)ကိုယ်တိုင်က အမျိုးသားတစ်ယောက်ကို ဖိတ်ခေါ်နေပါလျက်နှင့် ငြင်းပယ်ခံလိုက်ရသည်။

"ရှင်က သေချင်နေတာလား"

အဆိပ်နှင်းဆီလည်း အာဏာသံဖြင့် ပြောလိုက်သည်။

ယဲ့ချန်းကမူ ရယ်မောလိုက်၏။

"မဟုတ်ပါဘူး... မင်း ငါ့ကိုမြင်ရင် ချစ်မိသွားမှာစိုးလို့ပါ"

"ရှင်..."

အမြဲအေးတိအေးစက်နိုင်သော အဆိပ်နှင်းဆီခမျာ ပထမဆုံးအကြိမ်အဖြစ် ရယ်မိတော့မတတ် ဖြစ်သွားရလေသည်။

*******************

All Chapters