← Chapters

အခန်း ၆၃၆

Vol. 43 Ch. 636

အခန်း ၆၃၆

Vol. 43 Ch. 636

အပိုင်း ၆၃၆ : မကောင်းမှုလုပ်ရင် ပေးဆပ်ရမယ်

ရာဇဝတ်ကောင်ကို မဖမ်းမိခဲ့ပေ။ ကျိုးစုစုလည်း စစ်ဆင်ရေးကို ရပ်ဆိုင်းလိုက်၏။ ယဲ့ချန်းကမူ ကားမောင်းထွက်သွားခဲ့သည်။

ထိုအချိန်တွင် ယဲ့ချန်း အော်ဒါတစ်ခု လက်ခံရရှိခဲ့သည်။

ကားရပ်လိုက်သောအခါ အမျိုးသမီးတစ်ယောက် ကားပေါ်သို့ တက်လာလေသည်။

ယဲ့ချန်းမှာ ဆွံ့အသွားချေသည်။

"အစ်မကြီးရေ... ရဲတွေက မင်းကိုဖမ်းဖို့ စောင့်နေတာနော်။ မင်းက လမ်းတစ်ဖက်မှာတင် ရှိနေတာပဲ။ နည်းနည်း ရဲတင်းလွန်းမနေဘူးလား"

ကားပေါ်တက်လာသော အမျိုးသမီးမှာ အခြားသူမဟုတ်ပါချေ။ ရှောင်ရှန်းပင်။

"ရှင် အဲဒီရဲမေနဲ့ သိတာလား"

ရှောင်ရှန်းက အေးစက်စက်လေသံဖြင့် မေးလိုက်သည်။

"ဟုတ်တယ်။ သူက ကိုယ့်မိတ်ဆွေလေ။ ခုနကတင် သူ ကိုယ့်ကိုစာပို့လို့ သူတို့ မင်းကို ဖမ်းတော့မယ်ဆိုတာ သိခဲ့တာပေါ့"

ယဲ့ချန်းက ပြောလိုက်သည်။

ရှောင်ရှန်းလည်း မျက်မှောင်ကြုတ်လိုက်မိသည်။

"ကျွန်မကို သစ္စာဖောက်တာ ရှင်လား"

ယဲ့ချန်းမှာ ဆွံ့အသွားချေသည်။

"ကိုယ်က ရူးနေလို့လား။ မင်းကို သစ္စာဖောက်ပြီးမှ ထွက်ပြေးဖို့ အသိပေးနေပါ့မလား"

ရှောင်ရှန်း၏ အမူအရာမှာ အနည်းငယ် တင်းမာသွားသည်။

ဤတစ်ကြိမ်တွင် ယဲ့ချန်းနှင့် တွေ့ဆုံမည့်နေရာကို ရင်းနှီးသူတချို့ကသာ သိထားသည်။

သို့သော် ရဲအရာရှိများက ပေါ်လာခဲ့သည်။ ယဲ့ချန်း မဟုတ်ပါက သူ(မ)၏ပတ်ဝန်းကျင်ရှိ လူတစ်ယောက်ယောက်ပင် ဖြစ်ရမည်။

ယဲ့ချန်းက ဆို၏။

"မင်းပတ်ဝန်းကျင်က လူတွေကို စစ်ဆေးကြည့်တာ ပိုကောင်းမယ်။ ပြဿနာက မင်းကိုသတ်ဖို့ ကြိုးစားနေတဲ့ လုပ်ကြံသတ်ဖြတ်သူတစ်ယောက်တည်းရှိတာမဟုတ်ဘူး"

ရှောင်ရှန်းလည်း ခေါင်းညိတ်ပြလိုက်၏။

"ဒီတစ်ခေါက်လည်း ရှင့်ကို ကျေးဇူးကြွေးတင်ပြန်ပြီ"

ယဲ့ချန်းလည်း ခပ်ဖွဖွ ပြုံးလိုက်၏။

"ဟုတ်ပြီ... ကိုယ်ပြောတာကို စဉ်းစားကြည့်ပေါ့။ ကိုယ့်ဘက်က တာဝန်ရှိသူတွေနဲ့ ဆက်သွယ်ပေးနိုင်တယ်။ ဖြစ်နိုင်မယ်ဆိုရင် ချိတ်ဆက်မှုတစ်ခု လုပ်ပေးဖို့ ကူညီပေးမယ်"

ရှောင်ရှန်းက ဘာမှပြန်မပြောခဲ့ပေ။

ကားပေါ်က မဆင်းခင် ရှောင်ရှန်းက ရုတ်တရက်ပြောလာလေသည်။

"ယဲ့ချန်း... ကျေးဇူးတင်ပါတယ်"

ယဲ့ချန်းက ရယ်မောလိုက်၏။

"ကျေးဇူးတင်စရာ မလိုပါဘူး။ ကိုယ့်ကို ကြယ်ငါးပွင့်အဆင့်သတ်မှတ်ချက်ပေးဖို့သာ မမေ့နဲ့"

ယဲ့ချန်းလည်း ရှောင်ရှန်းကို လေဆိပ်သို့ လိုက်ပို့ပြီးနောက် သူ(မ) ထွက်ခွာသွားသည်ကို ကြည့်နေချေသည်။

သူ(မ)က လှပသော်လည်း ယဲ့ချန်းအနေနှင့် ရင်သပ်ရှုမောဖွယ်ကောင်းအောင် လှပသော ဤအမျိုးသမီးနှင့် လုံးဝမပတ်သက်ချင်ပေ။

သို့သော် ကိုယ်ရေးမှတ်တမ်းစနစ်အရ ဤအမျိုးသမီးနှင့် ယဲ့ချန်းက ရှုပ်ထွေးစွာ ပတ်သက်နေမည်ဖြစ်၏။

ရွေးချယ်စရာမရှိပေ။ ယဲ့ချန်းလည်း ဆက်ကြိုးစားနေရမည်သာ။

ထိုအချိန်တွင် ယဲ့ချန်းထံသို့ စနစ်အသိပေးချက်တစ်ခု ရုတ်တရက်ဝင်လာခဲ့သည်။

"တင်! ကြယ်ငါးပွင့်အဆင့်သတ်မှတ်ချက်ကို လက်ခံရရှိတဲ့အတွက် ပိုင်ရှင့်ကို ဂုဏ်ပြုပါတယ်။ ဒုတိယ မြောက်ကြယ်ငါးပွင့်ကို အသက်သွင်းနိုင်တဲ့အတွက် စနစ်ရဲ့ဆုလာဘ်ဖြစ်တဲ့ သတိပေးစနစ်ဗားရှင်း၂.၀ကို ရရှိပါတယ်"

"သတိပေးစနစ်၂.၀ဖြင့် ပိုင်ရှင်နဲ့ ရင်းနှီးမှုအမှတ် ၉၀အထက်ရှိသူတစ်ဦးဦး အန္တရာယ်ကြုံတွေ့ရပါက ပိုင်ရှင်အနေနဲ့ စနစ်သတိပေးချက်တစ်ခုကို လက်ခံရရှိမှာပါ"

ဤစနစ်ဆုလာဘ်ကို မြင်သောအခါ ယဲ့ချန်း၏ မျက်လုံးများ အရောင်လက်သွားချေသည်။

ဤဆုလာဘ်မှာ ယဲ့ချန်းအတွက် အလွန်ကောင်းမွန်လှသည်။

ရှောင်ရှန်းနှင့် သိကျွမ်းရခြင်းမှာ သူသည် အမှောင်လောကနှင့် ပိုမိုထိတွေ့ရတော့မည်ဟု အဓိပ္ပာယ်သက်ရောက်သည်။

ယဲ့ချန်းကို သာမန်လုပ်ကြံသတ်ဖြတ်သူများက သတ်ဖြတ်ရန် ခက်ခဲသော်လည်း သူ့ပတ်ဝန်းကျင်ရှိ လူများအတွက် သူ စိုးရိမ်မိသည်။

ယခု ဤသတိပေးစနစ်၂.၀ဖြင့်ဆိုလျှင် သူ့မိသားစုနှင့် သူငယ်ချင်းများ အန္တရာယ်ရှိနေပါက သူ့ကို ချက်ချင်း သတိပေးနိုင်မည်ဖြစ်၏။ ဤဆုလာဘ်မှာ ယဲ့ချန်းအတွက် အလွန်အရေးကြီးလှသည်။

ယဲ့ချန်းသည် တက္ကစီအော်ဒါတချို့ကို ထပ်မံပြီးမြောက်ခဲ့သော်လည်း နောက်ထပ်ဆုလာဘ်တစ်ခုကို အသက်မသွင်းနိုင်ခဲ့ပေ။

ထိုအချိန်တွင် ယဲ့ချန်း၏သတိပေးချက် အသိပေးသံကား ရုတ်တရက် မြည်လာခဲ့သည်။

"တင်! ပိုင်ရှင်ရဲ့မိတ်ဆွေ စုရှောင်မေ့ဟာ မိုတု မြောက်ဘက်လမ်း၊ လမ်းကြားအမှတ်၃၄မှာ လိမ္မော်ရောင်အဆင့် အန္တရာယ်ကျရောက်နေပါတယ်။ တည်နေရာ ကိုဩဒိနိတ်တွေကို ဖုန်းထဲ ပို့ပေးလိုက်ပါပြီ"

အသိပေးချက်ကို မြင်သောအခါ ယဲ့ချန်း၏ မျက်လုံးများ စူးရဲသွားသည်။

စုရှောင်မေ့က အန္တရာယ်ကျရောက်နေတာလား။

ယဲ့ချန်းလည်း လီဗာကို နင်း၍ သတိပေးချက်တွင် ဖော်ပြထားသော နေရာသို့ အမြန်သွားလိုက်သည်။

စုရှောင်မေ့သည် အစောပိုင်းက သူငယ်ချင်းများနှင့် အတူ ညစာစားရန် ထွက်လာခဲ့ပြီး အရက်နည်းနည်းသောက်ထားသဖြင့် ပျို့အန်ချင်လာသောကြောင့် အန်ရန်အတွက် လမ်းကြားတစ်ခုထဲသို့ ဝင်သွားခဲ့သည်။

သို့သော် အန်ပြီးသည်နှင့် သူ(မ)ကို လူဆိုးတစ်စုက ဝိုင်းထားလိုက်ကြသည်။

ထိုလူဆိုးများမှာ ဤမျှလှပသော မိန်းကလေးကို မြင်သောအခါ သူ(မ) အရက်မူးနေသည်ကိုပါ သတိထားမိလိုက်သဖြင့် ချက်ချင်းပင် မကောင်းသော အကြံအစည်များ ပေါ်လာခဲ့သည်။

"ညီမလေး... နေလို့မကောင်းဘူးလား။ ပြဿနာမရှိပါဘူး။ အစ်ကိုတို့ စောင့်ရှောက်ပေးပါ့မယ်"

ထိုအုပ်စုကို မြင်သည်နှင့် စုရှောင်မေ့ အမူးတစ်ဝက်ပြေသွားခဲ့သည်။

"ရှင်တို့ ဘာလုပ်မလို့လဲ။ အနားမလာနဲ့နော်။ ကျွန်မ ရဲခေါ်ထားတယ်"

"ရဲခေါ်ထားတယ် ဟုတ်လား။ ငါတို့ အရမ်းကြောက်နေပါပြီ"

ထိုအချိန်တွင် အဝါရောင်ဆံပင်နှင့် ကောင်လေးတစ်ယောက်က ရုတ်တရက်လက်လှမ်း၍ စုရှောင်မေ့၏ ဖုန်းကို လုယူလိုက်သည်။

"ဟားဟား... ညီမလေး အစ်ကိုတို့က မင်းနဲ့ နည်းနည်းလောက် ပျော်ချင်ရုံလေးပါ။ ရဲခေါ်စရာ မလိုပါဘူး။ စိတ်မပူပါနဲ့။ မင်း သေချာပေါက် သဘောကျစေရမယ်"

လူဆိုးများ၏ မျက်နှာထက်တွင် ယုတ်မာလိုဟန် အရိပ်အယောင်များ ပြည့်နှက်နေပြီး စုရှောင်မေ့ထံသို့ တစ်လှမ်းချင်း ချဉ်းကပ်လာကြသည်။

စုရှောင်မေ့၏ မျက်နှာမှာ ဖြူရော်သွားလေတော့သည်။

ဤကဲ့သို့ လူသူကင်းမဲ့သော နေရာသို့ လာခဲ့မိသည့်အတွက် သူ(မ) အလွန်နောင်တရမိသည်။

ညသန်းခေါင်ကျော်နေပြီဖြစ်ရာ လမ်းပေါ်တွင် လူသိပ်မရှိတော့ပေ။ ထို့ပြင် သူ(မ)က လမ်းကြားထဲတွင် ရောက်နေသဖြင့် အော်ဟစ်အကူအညီတောင်းလျှင်ပင် တစ်ယောက်ယောက်ကြားနိုင်ရန် ခဲယဉ်းလှသည်။

လက်ရှိအချိန်တွင် အဝါရောင်ဆံပင်နှင့် ကောင်လေးက စုရှောင်မေ့နှင့် တစ်မီတာခန့်သာ ကွာဝေးတော့သည်။

သူက စုရှောင်မေ့ကို အကြမ်းဖက်ရန် ပြင်လိုက်ချိန်မှာပင် အေးစက်ခက်ထန်သော အသံတစ်သံက ရုတ်တရက် ထွက်ပေါ်လာသည်။

"ရပ်လိုက်စမ်း"

ထိုအော်သံကို ကြားသောအခါ အားလုံး လန့်သွားကြသည်။

စိတ်ပျက်အားငယ်နေသော စုရှောင်မေ့၏ မျက်နှာပေါ်တွင် ဝမ်းသာပျော်ရွှင်သော အမူအရာတစ်ခု ပေါ်လာခဲ့သည်။

စုရှောင်မေ့မှာ လမ်းထိပ်သို့ လှမ်းကြည့်လိုက်သည်။

မှိန်ပျပျလရောင်အောက်တွင် အရိပ်တစ်ခု တဖြည်းဖြည်း ပေါ်လာပြီး သူတို့ဆီသို့ လျှောက်လာနေသည်။

အသက်နှစ်ဆယ်ကျော်အရွယ် လူရွယ်တစ်ဦးဖြစ်ပြီး အလွန်ချောမောခန့်ညားပေသည်။

ယဲ့ချန်းပဲ။

ယဲ့ချန်း ရုတ်တရက် ပေါ်လာလိမ့်မည်ဟု စုရှောင်မေ့ မမျှော်လင့်ထားပေ။

လူဆိုးတစ်စုမှာ နတ်သမီးတစ်ပါးနှယ် လှပသော အလှလေးတစ်ဦးကို တွေ့ရ၍ စိတ်လှုပ်ရှားနေကြပြီး အောင်မြင်တော့မည့်ဆဲဆဲမှာပင် လူငယ်တစ်ယောက်က ရုတ်တရက် ပေါ်လာခဲ့သည်။

ခေါင်းဆောင်ဖြစ်သူ ဟွမ်းမောက်က ယဲ့ချန်းကို အေးစက်စက် စိုက်ကြည့်လိုက်၏။

"ဟေ့ကောင်... ဝင်မရှုပ်နဲ့။ မသေချင်ရင် ထွက်သွားစမ်း"

ယဲ့ချန်းတစ်ယောက်တည်း ဖြစ်နေသည်ကို မြင်သောအခါ လူဆိုးများ စိတ်အေးသွားကြသည်။

မည်သို့ပင်ဆိုစေ သူတို့ဘက်က ရှစ်ယောက်ပင်။

အခြားလူဆိုးများကလည်း အလွန် မောက်မာနေကြသည်။

"ကောင်လေး... သူရဲကောင်း ဝင်လုပ်ချင်နေတာလား။ ကိုယ့်ကိုယ်ကိုယ် အရင်ကြည့်ဦး"

"မင်းကို ငါ့မျက်စိရှေ့က ထွက်သွားဖို့ သုံးစက္ကန့် အချိန်ပေးမယ်"

လူဆိုးများက အလွန် ဗိုလ်ကျစိုးမိုးချင်နေကြသည်။

သူတို့အမြင်တွင် ယဲ့ချန်းလို ယဉ်ကျေးပျူငှာသည့် လူငယ်တစ်ယောက်က ဘာမှမခြိမ်းခြောက်နိုင်ပေ။

သူတို့သည် သူ့ကို အလွယ်တကူ အနိုင်ယူနိုင်သည်ဟု ထင်နေပေသည်။

သူတို့အမြင်တွင် ယဲ့ချန်းက တီဗွီဒရမ်မာများ အကြည့်များပြီး သွေးဆူနေသော လူငယ်တစ်ယောက်သာ။

ဤကဲ့သို့သော လူစားမျိုးနှင့် သူတို့ ယခင်က ကြုံဖူးသည်။ သူတို့ဘက်က ခြိမ်းခြောက်လိုက်သည်နှင့် တစ်ဖက်လူမှာ ထိတ်လန့်တကြား ထွက်ပြေးသွားတတ်သည်။

သို့သော် ဤတစ်ကြိမ်တွင်မူ သူတို့ အတွက်မှားသွားချေသည်။

ယဲ့ချန်းက ထွက်မသွားသည့်အပြင် သူတို့ဆီသို့ တစ်လှမ်းချင်း လျှောက်လာခဲ့သည်။

တိတ်ဆိတ်နေသော လမ်းကြားထဲတွင် ယဲ့ချန်း၏ ခြေသံများသာ ပဲ့တင်ထပ်နေသည်။

အကြောင်းပြချက် တစ်စုံတစ်ရာကြောင့် ချဉ်းကပ်လာသော လူငယ်ကြောင့် သူတို့ထဲရှိ လူတချို့မှာ စိတ်ထဲဝယ် တုန်လှုပ်သွားပြီး ရှင်းပြ၍မရသော ထိတ်လန့်မှုတစ်ခုကို ခံစားလိုက်ရသည်။

ဟွမ်းမောက်က အံတင်းတင်းကြိတ်၍ ယဲ့ချန်းကို လက်ညှိုးထိုးလိုက်၏။

"ဟေ့ကောင်... မင်းက သေချင်နေတာပဲ။ ဒီကောင့်ကို အရင်အပြတ်ရှင်းကြမယ်။ ပြီးမှ ကောင်မလေးကို ရှင်းမယ်"

ယဲ့ချန်းက ထွက်မသွားဘဲ ပိုနီးကပ်လာသည်ကို မြင်သောအခါ လူဆိုးများ ဒေါသထွက်သွားကြသည်။

သူတို့သည် ယဲ့ချန်းကို ပညာပေးရန် စိတ်အားထက်သန်နေကြသည်။

ယဲ့ချန်း တစ်ယောက်တည်း ဖြစ်နေသည်ကို မြင်သောအခါ စုရှောင်မေ့ အနည်းငယ် စိုးရိမ်သွားသည်။

မည်သို့ပင်ဆိုစေ ယဲ့ချန်းက ပိန်ပါးလှလေရာ ဤလူဆိုးများကို သူတစ်ယောက်တည်း နိုင်မည်လော။

အကယ်၍ ရန်ပွဲသာဖြစ်ခဲ့လျှင် ဤလူဆိုးများက ရက်စက်ကြမ်းတမ်းပေသည်။ သူ ဆိုးဆိုးဝါးဝါး ရိုက်နှက်ခံရနိုင်သည်။

သူ(မ)ကိုယ်သူ(မ) မထိန်းနိုင်တော့သည့်အဆုံး စုရှောင်မေ့ အော်လိုက်လေသည်။

"ယဲ့ချန်း... ပြေးတော့။ ကျွန်မအတွက် စိတ်မပူနဲ့"

စုရှောင်မေ့၏ အော်သံကို ကြားသောအခါ ယဲ့ချန်း ခဏမျှ မှင်တက်သွားသည်။

ဤကောင်မလေးက သူ(မ)ကိုယ်တိုင် အန္တရာယ်ကြုံနေသည့် အခြေအနေမှာပင် သူ့လုံခြုံရေးကို စိုးရိမ်နေသည်။

ထိုအချိန်တွင် ဟွမ်းမောက်က ခြိမ်းခြောက်သည့်အနေနှင့် လက်သီးဆုပ်လိုက်၏။

"ငါ မင်းကို ထွက်သွားဖို့ အခွင့်အရေးပေးခဲ့တယ်နော်။ ဒါပေမဲ့ မင်းက လက်မခံခဲ့ဘူး။ အခုတော့ နောက်ကျသွားပြီ"

အခြားလူဆိုးများကလည်း မောက်မောက်မာမာ ပြုံးနေချေသည်။

"ဟားဟား... သူရဲကောင်း ဝင်လုပ်ချင်နေတာလား။ သူများကိစ္စဝင်ပါရင် တန်ရာတန်ကြေး ပေးဆပ်ရမယ်ဆိုတာ ဒီနေ့ မင်းကို ငါတို့ သင်ခန်းစာပေးမယ်"

ယဲ့ချန်းက သူတို့ကို အေးစက်စက်မျက်နှာထားဖြင့် ကြည့်လိုက်သည်။

"ငါက သူရဲကောင်း ဖြစ်ချင်တာ။ သူရဲကောင်းဖြစ်ဖို့တင် မကဘူး။ မင်းတို့လို အမှိုက်ကောင်တွေ မကောင်းတာလုပ်ရင် ပြန်ပေးဆပ်ရမယ်ဆိုတာကိုပါ သင်ခန်းစာပေးချင်တာ"

•••••••••••••••••••••••••••

All Chapters