← Chapters

အခန်း ၆၄၀

Vol. 43 Ch. 640

အခန်း ၆၄၀

Vol. 43 Ch. 640

အပိုင်း ၆၄၀ : မင်းနဲ့တန်လို့လား

ဟူထျန်းမှာ ချက်ချင်း အရှက်ကွဲသွားလေသည်။ သူ့လက်မှာ လေထဲတွင် တန့်နေပြီး မျက်နှာကလည်း အတော်ကြည့်ရဆိုးသွားသည်။

အစောက ကားရပ်လိုက်စဉ် ဟူထျန်းနှင့် ကျားရွေ့တို့ ပြောနေသည့် စကားများကို ယဲ့ချန်း ကြားလိုက်ရသည်။

သူတို့က ဇာတ်လိုက်မင်းသားကို လူပြောင်းမည့်အကြောင်း ပြောနေကြခြင်းပင်။

စနစ်၏တာဝန်ကြောင့် ယဲ့ချန်းသည် ခေါင်းဆောင်မင်းသားနေရာကို သေချာပေါက်ရယူရန် ဆုံးဖြတ်ထားပြီးဖြစ်၏။

သို့ဖြစ်လေရာ ယဲ့ချန်းအနေနှင့် ဟူထျန်းအပေါ် မည်သို့များ အမြင်ကောင်းရှိနိုင်မည်နည်း။

ထို့ပြင် ဟူထျန်းက အသေးစားရင်းနှီးမြှုပ်နှံသူတစ်ယောက်သာ ဖြစ်၏။ ဤတီဗီဇာတ်လမ်းတွဲတွင် ရင်းနှီးမြှုပ်နှံနေသူက မည်သူလေလဲ။

ရင်းနှီးမြှုပ်နှံသူမှာ ဝမ်သိုက်အိမ်ခြံမြေကုမ္ပဏီဖြစ်၏။ သူသည် လက်အောက်ခံကုမ္ပဏီတစ်ခု၏ မန်နေဂျာတစ်ဦးမျှသာ။

ဤပါ့မွှားလေးတစ်ယောက်က ယဲ့ချန်းနှင့် တွေ့ဆုံရန်ပင် အခွင့်အရေးရှိမည် မဟုတ်ပေ။ ယဲ့ချန်းက သူ့ကို ဘာကြောင့် ဂရုစိုက်နေရမည်နည်း။

"ဒါရိုက်တာကျား... ဆောရီးဗျာ။ ကားပိတ်နေလို့ နောက်ကျသွားတယ်"

ယဲ့ချန်းက အပြုံးလေးဖြင့် ပြောလိုက်၏။

ယဲ့ချန်းကို မြင်သောအခါ ဟူထျန်းရော ချန်းယွီပါ မှင်တက်သွားကြသည်။

ဘုရားရေ...

ယဲ့ချန်းက မယုံနိုင်လောက်အောင် ချောမောပြီး ဩဇာတိက္ကမကလည်း ထိပ်ဆုံး၌ ရှိနေပေသည်။

ကျားရွေ့ သူ့ကို သဘောကျသွားသည်မှာ မဆန်းပေ။ ဤလူငယ်မှာ ရုပ်ရည်ပိုင်းတွင် အမှန်တကယ် ထင်းထွက်နေပေသည်။ အရေးအကြီးဆုံးမှာ သူ့ထံမှ ထူးခြားသော အရှိန်အဝါတစ်ခု ဖြာထွက်နေခြင်းပင်။

ယဲ့ချန်းက သူသရုပ်ဆောင်မည့် အဋ္ဌမမင်းသားနေရာတွင် သရုပ်ဆောင်နေစရာပင် မလိုပေ။ သူ့အရှိန်အဝါအောက်တွင် ဇာတ်ညွှန်းထဲကအတိုင်း ပြောလိုက်ရုံဖြင့် အဆင်ပြေပေလိမ့်မည်။

ဟူထျန်းက ယဲ့ချန်းကို ကြည့်ပြီး ဇဝေဇဝါဖြစ်နေချေသည်။

ဒီကောင်လေးက လိုင်ကန်ကားကို မောင်းနိုင်လောက်အောင် ဘယ်လိုနောက်ခံမျိုး ရှိနေတာလဲ။

သို့သော် ဟူထျန်းက အေးစက်စက် နှာခေါင်းရှုံ့လိုက်၏။

"မင်းဘာသာ ချောတယ်ဆိုရင်တောင် မင်း ဘယ်လောက်ချမ်းသာသာ ဒီဇာတ်ကားရဲ့ ရင်းနှီးမြှုပ်နှံသူဖြစ်တဲ့ ငါ့အပေါ်မှာပဲ မူတည်နေတာ မဟုတ်ဘူးလား"

ကျားရွေ့သည် ယဲ့ချန်းကို မြင်သောအခါ ကျေနပ်အားရစွာ ခေါင်းညိတ်လိုက်၏။

"ဟားဟား... သိပ်လည်း နောက်မကျပါဘူး။ ပစ္စည်းတွေကို အချိန်မီချိန်ညှိလို့ ရပါတယ်"

ကျားရွေ့ကို နှုတ်ဆက်ပြီးနောက် ယဲ့ချန်းမှာ ဟူထျန်းဘက်သို့ လှည့်လိုက်သည်။

ယဲ့ချန်း၏ အေးစက်ခက်ထန်သော အကြည့်ကို မြင်သောအခါ ဟူထျန်း၏ရင်ထဲ အေးစက်သွားသည်။

အကြောင်းပြချက်တစ်စုံတစ်ရာကြောင့် ယဲ့ချန်းထံမှ ဖိအားက သူ့ကို ထိတ်လန့်ကြောက်ရွံ့စေသည်။

သူသည် သန်းဆယ်ချီတန်သော ဝမ်သိုက်အိမ်ခြံမြေ လက်အောက်ခံကုမ္ပဏီတစ်ခု၏ ဌာနဆိုင်ရာ မန်နေဂျာတစ်ယောကါဖြစ်သော်လည်း ယခုလို အသက်နှစ်ဆယ်ကျော် လူငယ်တစ်ယောက်ထံတွင် ခြိမ်းခြောက်ခံနေရသည်မှာ အလွန် ရှက်စရာကောင်းလွန်းလှသည်။

ယဲ့ချန်းက ဟူထျန်းကို အေးစက်ခက်ထန်စွာ ကြည့်၍ အသာပြောလိုက်သည်။

"ဘာလဲ။ ငါ ဇာတ်လိုက်မင်းသားနေရာမှာ သရုပ်ဆောင်တာကို မင်းက သဘောမတူဘူးလား"

ယဲ့ချန်း၏စကားများက ဂရုမစိုက်သလိုဖြစ်နေသော်လည်း လွှမ်းမိုးနိုင်သော သူ့အရှိန်အဝါနှင့် ပေါင်းစပ်လိုက်သောအခါ ဟူထျန်းခမျာ ရေခဲလှိုဏ်ဂူထဲသို့ ကျသွားသလို ခံစားလိုက်ရပြီး ရင်ထဲဝယ် အေးစက်သွားသည်။

သို့သော် ဟူထျန်းက အမြန်ပြန်တည်ငြိမ်သွားပြီးနောက် မျက်နှာအမူအရာကား ပျက်ယွင်းသွားသည်။

မည်သို့ပင်ဆိုစေ သူသည် လက်အောက်ခံကုမ္ပဏီတစ်ခု၏ ဂုဏ်သိက္ခာရှိသော မန်နေဂျာတစ်ယောက်ဖြစ်ပြီး ဝမ်သိုက်လုပ်ငန်းစုကလည်း မိုတုမြို့ရှိ ထိပ်တန်း အိမ်ခြံမြေကုမ္ပဏီတစ်ခုပင်။

နောက်ကွယ်က သူဌေးနှင့် သူ တစ်ခါမှမဆုံဖူးသော်လည်း နောက်ခံအင်အားကတော့ အလွန်ကြီးမားလှသည်။

ဒီကောင်လေးက ပိုက်ဆံနည်းနည်းပါးပါး ရှိတယ်ဆိုရင်တောင် ဘာဖြစ်လဲ။

ထိုသို့တွေးမိသောအခါ ဟူထျန်းလည်း ယုံကြည်မှုပြန်ရလာပြီး ကျားရွေ့ဘက်သို့ လှည့်၍ ပြောလိုက်သည်။

"ဒါရိုက်တာကျား... စောစောက ကျုပ်ပြောတာကို ခင်ဗျား ကြားလိုက်တယ်မလား။ ခေါင်းဆောင်မင်းသားနေရာက ကျုပ်ယောက်ဖပဲ ဖြစ်ရမယ်။ ဒီကောင်လေးကိုတော့ သူလာတဲ့နေရာပဲ ပြန်သွားခိုင်းလိုက်တော့"

ကျားရွေ့၏ မျက်နှာကား အနည်းငယ် ခက်ထန်သွားသည်။

တစ်ဖက်တွင် သူ(မ) သဘောကျသော သရုပ်ဆောင်ဖြစ်ပြီး အခြားတစ်ဖက်တွင်မူ ရင်းနှီးမြှုပ်နှံသူ ဖြစ်နေပေသည်။

ကျားရွေ့လည်း သက်ပြင်းရှိုက်၍ ပြောလိုက်သည်။

"ဥက္ကဋ္ဌဟူ... ဇာတ်လမ်းရဲ့ အရည်အသွေးအတွက် ကျွန်မ တာဝန်ယူရမှာမို့ ရှင့်ရဲ့တောင်းဆိုမှုကိုတော့ သဘောမတူနိုင်ပါဘူး"

အမှန်တကယ်တော့ ကျားရွေ့လည်း ဟူထျန်းကို သည်းခံနေခဲ့သည်မှာ ကြာလှချေပြီ။

အစကတည်းက ဟူထျန်းသည် ဝင်စွက်ဖက်နေခဲ့ပြီး ဆွေမျိုးအချို့ကိုပါ ပါဝင်သရုပ်ဆောင်ရန် စီစဉ်ပေးနေခဲ့သည်။

ယခု ခေါင်းဆောင်မင်းသားနေရာကိုပါ သူတို့၏ ဆွေမျိုးတစ်ယောက် ဖြစ်စေချင်နေသည်။

ဤဇာတ်လမ်းကို သီးသန့်ဖန်တီးထားသည့် မိသားစုဒရမ်မာဟုများ ထင်နေလေသလား။

ကျားရွေ့၏စကားကို ကြားသောအခါ ဟူထျန်း အေးစက်စက် နှာခေါင်းရှုံ့လိုက်လေသည်။

"ဒါဆို ခင်ဗျားက မပြောင်းပေးဘူးပေါ့လေ။ ကောင်းပြီလေ။ ဒါရိုက်တာအစားထိုးဖို့အတွက် စတားဖျော်ဖြေရေးကုမ္ပဏီကို ကျုပ် ဆက်သွယ်လိုက်မယ်"

ဤတစ်ကြိမ်တွင်မူ ဟူထျန်းက မျက်နှာဖုံးခွာချရန် အသင့်ဖြစ်နေပြီး ကျားရွေ့ကို အစားထိုးမည်ဟု ခြိမ်းခြောက်လိုက်သည်။

ထိုသို့ပြောနေစဉ် ဟူထျန်းက ယဲ့ချန်းကို အောင်နိုင်သူပမာ ကြည့်လိုက်သည်။

"ကောင်လေး... မင်းကို ငါပြောပြမယ်။ စတားဖျော်ဖြေရေးကုမ္ပဏီနဲ့ ငါတို့ ဝမ်သိုက်အိမ်ခြံမြေကုမ္ပဏီရဲ့သူဌေးက တစ်ယောက်တည်းပဲကွ။ မင်းမှာ ပိုက်ဆံရှိရင်တောင် ဒီနေရာမှာ ငါက အခရာပဲ"

ဤစကားကြောင့် ယဲ့ချန်း ရယ်မောလိုက်မိသည်။

ဝမ်သိုက်အိမ်ခြံမြေကုမ္ပဏီလား။

အဲဒါ ငါ့ကုမ္ပဏီ မဟုတ်ဘူးလား။ သူပြောနေတဲ့ နောက်ကွယ်က သူဌေးဆိုတာလည်း ငါပဲ မဟုတ်ဘူးလား။

ဟူထျန်းက လက်အောက်ခံကုမ္ပဏီတစ်ခု၏ မန်နေဂျာတစ်ယောက်သာ။

သူသည် ယဲ့ချန်းနှင့် တွေ့ဆုံရန်ပင် အခွင့်အရေးရှိမည် မဟုတ်ပေ။ သို့တိုင် ယခုမူ ယဲ့ချန်းကို ခြိမ်းခြောက်နေသတဲ့လား။

ကျားရွေ့က သက်ပြင်းရှိုက်လိုက်၏။

"ကောင်းပြီလေ။ ကျွန်မ နုတ်ထွက်ပေးလို့ ရပါတယ်။ ဒါပေမဲ့ စတားဖျော်ဖြေရေးကုမ္ပဏီရဲ့ ဥက္ကဋ္ဌလင်း ကိုယ်တိုင် အသိပေးမှရမယ်။ ရှင့်မှာ အဲဒီလောက်အထိ အရည်အချင်းမရှိဘူး"

"လင်းဝမ်ယိုလား။ ဟားဟား... ကောင်းပြီလေ။ သူ့ကို ငါ တိုက်ရိုက်ပြောလိုက်မယ်။ ဒါရိုက်တာကို မပြောင်းပေးဘူးဆိုရင် ငါ့ရဲ့ရင်းနှီးမြှုပ်နှံငွေကို ပြန်ရုပ်သိမ်းမယ်လို့လေ။ သူ ဘာကိုရွေးမယ်ထင်လဲ"

ဤသို့ပြောရင်း ဟူထျန်းက ယဲ့ချန်းကို ကျေနပ်အားရစွာ ကြည့်လိုက်ပြီး သူ့ဘက်က အသာစီးရနေသည်ဟု ထင်နေပေသည်။

ယဲ့ချန်းမှာ တီဗီဇာတ်လမ်းတွဲတစ်ခု ရိုက်ကူးရန် ကြိုးစားနေသည့် သူဌေးသားတစ်ယောက်သာ ဖြစ်သည်ဟု ဟူထျန်းက ကောက်ချက်ချထားခြင်းပင်။

ဤကဲ့သို့သော အငြင်းပွားမှုများတွင် သူ ဝင်စွက်ဖက်လိမ့်မည် မဟုတ်ပေ။

ဤနည်းဖြင့် သူသည် ကျားရွေ့ကို အကျပ်ရိုက်အောင် လုပ်လိုက်သည်။ အလွန်ဆုံးရှိလှ ဒါရိုက်တာအသစ်ခေါ်ရန် စတားဖျော်ဖြေရေးကုမ္ပဏီကို ပြောလိုက်ရုံသာ။

မည်သို့ပင်ဆိုစေ နှစ်ဖက်စလုံး၏ နောက်ကွယ်တွင် သူဌေးတစ်ယောက်တည်းရှိနေသည်ဖြစ်ရာ ရင်းနှီးမြှုပ်နှံသူတစ်ဦးအနေနှင့် သူတို့ဘက်က သူ့ကို သေချာပေါက် နေရာပေးပေလိမ့်မည်။

သူ့ဘေးရှိ ချန်းယွီက ကျေနပ်နေဟန်ပင်။ သူ့ယောက်ဖက ကျောထောက်နောက်ခံပေးထားသဖြင့် သူ ခေါင်းဆောင်မင်းသားနေရာရမည်မှာ သေချာနေတော့သည်။

ဤဇာတ်လမ်းတွင် မင်းသမီးများအဖြစ် ယန်းမီမီနှင့် သုန်းရှောင်ယာတို့ နှစ်ယောက်စလုံး ပါဝင်ထားသဖြင့် ဤဇာတ်လမ်းကို ရိုက်ကူးရပါက သူ့နာမည်ကျော်ကြားမှုလည်း ပိုမိုမြင့်တက်လာမည်ဖြစ်၏။

ကျားရွေ့ သက်ပြင်းချလိုက်မိသည်။

သူ(မ) ဤဇာတ်ညွှန်းနှင့် ယဲ့ချန်း၏ အရှိန်အဝါကို အလွန်သဘောကျသည်။

သို့သော် သူ(မ)က ဒါရိုက်တာငယ်လေး တစ်ယောက်သာ ဖြစ်၏။

ရင်းနှီးမြှုပ်နှံမှု၏ရှေ့တွင် သူ(မ)အနေနှင့် အမှန်တကယ်ပင် ပြောပိုင်ခွင့် နည်းပါးလှသည်။

ကျားရွေ့က အစပိုင်းတွင် ဤဇာတ်လမ်းတွဲဖြင့် သူ(မ)ကိုယ်သူ(မ) သက်သေပြချင်ခဲ့သော်လည်း ယခုတော့ လက်လျှော့ရုံသာ တတ်နိုင်တော့ဟန်ပင်။

ပြင်ဆင်မှုကအစ သရုပ်ဆောင်ရွေးချယ်မှုအထိ ဤတီဗီဇာတ်လမ်းတွဲတွင် သူ(မ)၏ ကြိုးစားအားထုတ်မှုများကို မြှုပ်နှံထားခဲ့သည်။

ယခုတော့ သူ(မ) လက်လျှော့ရတော့မည်။

ကျားရွေ့သည် စိတ်ဆန္ဒပြင်းပြသော ဒါရိုက်တာတစ်ယောက်ဖြစ်သောကြောင့် ပြီးပြည့်စုံအောင် မလုပ်နိုင်ပါက လုံးဝမရိုက်ဘဲ နေလိုက်မည်သာ။

ကျားရွေ့ခမျာ သက်ပြင်းရှိုက်လိုက်လေသည်။

"ဥက္ကဋ္ဌဟူ... ဒီတီဗီဇာတ်လမ်းတွဲမှာ မစ္စတာယဲ့ကပဲ ခေါင်းဆောင်မင်းသား ဖြစ်ရမယ်။ အဲ့လိုမှမဟုတ်ရင် ရှင့်အနေနဲ့ ကျွန်မကို လူစားထိုးနိုင်ပါတယ်"

ဟူထျန်းလည်း ဒေါသထွက်လာသည်။

"ကျားရွေ့... ခင်ဗျားက တကယ်ကျေးဇူးကန်းတာပဲ။ ခင်ဗျားကို ကျုပ် တကယ် လူစားမထိုးရဲဘူးလို့ ထင်နေတာလား"

ဟူထျန်း၏စကားကို ကြားသောအခါ ရိုက်ကူးရေးအဖွဲ့သားအားလုံး ဒေါသထွက်သွားကြသည်။

ဤဟူထျန်းက အလွန် မောက်မာလွန်းသည်။

ယန်းမီမီက အေးစက်ခက်ထန်စွာ ပြောလိုက်၏။

"ဒါရိုက်တာကျား... ရှင့်ကို လူစားထိုးမယ်ဆိုရင် ကျွန်မလည်း မရိုက်တော့ဘူး"

သုန်းရှောင်ယာကလည်း ဆိုလာလေသည်။

"ရှင် ဒါရိုက်တာမလုပ်ရင် ကျွန်မလည်း မရိုက်တော့ဘူး"

ကျားရွေ့ သက်ပြင်းချလိုက်လေသည်။

"မင်းတို့တွေက စတားကုမ္ပဏီနဲ့ စာချုပ်ချုပ်ထားတာလေ။ စိတ်လိုက်မာန်ပါ မလုပ်ကြနဲ့။ ထွက်သွားရမယ်ဆိုရင်တောင် ငါတစ်ယောက်တည်းပဲ"

ထိုအချိန်တွင် အေးစက်စက်အသံတစ်သံ ထွက်လာလေသည်။

"ဒါရိုက်တာကျား... ခင်ဗျားရဲ့စတိုင်လ်ကို ကျွန်တော် တကယ် သဘောကျတယ်။ ခင်ဗျားကိုလည်း အထွက်မခံနိုင်ဘူး။ ဘယ်သူမှ ခင်ဗျားကို ထွက်သွားခိုင်းဖို့ အာဏာမရှိဘူး"

ယဲ့ချန်း၏စကားကို ကြားသောအခါ အားလုံး မှင်တက်သွားကြသည်။

ယဲ့ချန်းက ဟူထျန်းကို ခပ်စူးစူးကြည့်လိုက်၏။

"မင်းက ဝမ်သိုက်အိမ်ခြံမြေကုမ္ပဏီကပေါ့"

ဟူထျန်းကလည်း အေးစက်စက် နှာခေါင်းရှုံ့လိုက်၏။

"မင်းက ငါတို့ရဲ့ဝမ်သိုက်အိမ်ခြံမြေကုမ္ပဏီကို သိတယ်ပေါ့။ ငါက ဝမ်သိုက်လက်အောက်ခံ ထိုက်တာ့အိမ်ခြံမြေရဲ့ အထွေထွေမန်နေဂျာပဲ။ အခု ငါ့အဆင့်အတန်းကို မင်း သိပြီလား"

ယဲ့ချန်းက အေးစက်စက် နှာခေါင်းရှုံ့လိုက်၏။

"အခု မဟုတ်တော့ဘူး။ မင်း အလုပ်ထုတ်ခံလိုက်ရပြီ"

ယဲ့ချန်း၏စကားကို ကြားသောအခါ ဟူထျန်းက ရယ်မောလိုက်လေသည်။

"ဟားဟား... ကောင်လေး မင်းကိုယ်မင်း ဘယ်သူလို့များ ထင်နေတာလဲ။ ငါတို့ရဲ့ သူဌေးလား။ မင်းက ငါ့ကို အလုပ်ထုတ်တာနဲ့ပဲ ငါက အလုပ်ပြုတ်သွားရောလား"

ဘေးနားရှိ ချန်းယွီက ပို၍ပင် မောက်မာသွားသည်။

"ကောင်လေး... မင်းကိုယ်မင်း ဝမ်သိုက်လုပ်ငန်းစုရဲ့ သူဌေး ဥက္ကဋ္ဌချန်းလို့များ ထင်နေတာလား။ ငါ့ယောက်ဖကို အလုပ်ထုတ်ဖို့ မင်းမှာ အရည်အချင်းရှိလို့လား"

•••••••••••••••••••••••••••••

All Chapters