← Chapters

အခန်း ၆၄၁

Vol. 43 Ch. 641

အခန်း ၆၄၁

Vol. 43 Ch. 641

အပိုင်း ၆၄၁ : ယဲ့ချန်း၏ သရုပ်မှန်

ယဲ့ချန်းက ချန်းယွီကို အေးစက်စက်အကြည့်ဖြင့် ကြည့်လိုက်ပြီးနောက် သူ့ကို ဖြတ်ရိုက်ပစ်လိုက်သည်။

"လူကြီးတွေ စကားပြောနေတယ်လေ။ ကလေးတွေ ထွက်သွားစမ်း"

ချန်းယွီ : "..."

ယဲ့ချန်းက သူ့ယောက်ဖကို ရိုက်ရဲကြောင်း မြင်လိုက်ရသောအခါ ဟူထျန်းလည်း ချက်ချင်းဆိုသလို ဒေါသထွက်သွားသည်။

"ကောင်လေး... မင်းက ငါ့ယောက်ဖကို ရိုက်ရဲတယ်ပေါ့လေ"

"ဖြန်း"

နောက်ထပ် ရိုက်ချက်တစ်ချက် ထွက်ပေါ်လာပြီး ယဲ့ချန်းက အေးစက်ခက်ထန်စွာ ပြောလိုက်လေသည်။

"ငါက မင်းယောက်ဖကို ရိုက်ရဲရုံတင် မကဘူး။ မင်းကိုပါ ရိုက်ရဲတယ်"

စောစောက ဟူထျန်းက မောက်မာပြီး အာဏာပြနေချိန်တွင် ရိုက်ကူးရေးအဖွဲ့သားအားလုံးမှာ ဒေါသကို မျိုသိပ်ထားခဲ့ရသည်။

ကံမကောင်းချင်တော့ သူတို့က ရင်းနှီးမြှုပ်နှံသူများဖြစ်ကာ ချမ်းသာပြီး အာဏာရှိသူများဖြစ်သောကြောင့် လူတိုင်းလည်း ဒေါသထွက်ရုံသာ တတ်နိုင်ပြီး ထုတ်မပြောရဲခဲ့ကြပေ။

ယခုမူ ယဲ့ချန်းက တစ်ဖက်လူကို ဖြတ်ရိုက်လိုက်သောအခါ လူတိုင်း အလွန်ကျေနပ်အားရသွားသည်။

အထူးသဖြင့် ဒေါသထွက်နေသော ယဲ့ချန်း၏ပုံစံက မိန်းကလေးများကို ဆွဲဆောင်နိုင်ခဲ့သည်။

ဘုရားရေ... ဒီလူငယ်လေးက အရမ်းချောတာပဲ။ လူကိုရိုက်လိုက်တဲ့ ပုံစံလေးကတောင် မိုက်လွန်းတယ်။

ကျားရွေ့လည်း အလွန်ကျေနပ်သွားသည်။

အမှန်တကယ်တော့ သူ(မ) အစောပိုင်းက အလွန်ခံရခက်နေခဲ့သော်လည်း ယဲ့ချန်းက ဟူထျန်းနှင့် သူ့ယောက်ဖကို ရိုက်လိုက်ကြောင်း မြင်သောအခါ သူ(မ) ဒါရိုက်တာ ဆက်မလုပ်ရတော့လျှင်ပင် ကျေနပ်နေပြီဖြစ်၏။

ယန်းမီမီကလည်း ဘေးမှနေ၍ အလွန် စိတ်လှုပ်ရှားနေသည်။

"အစ်ကိုယဲ့က အရမ်းမိုက်တာပဲ။ ဒီလိုအမှိုက်ကောင်မျိုးက အရိုက်ခံရသင့်တယ်"

စောစောက ယန်းမီမီ ည်း အလွန်စိတ်ဓာတ်ကျနေခဲ့သည်။

ယဲ့ချန်းသာ ခေါင်းဆောင်မင်းသား မဖြစ်လျှင် ဤဇာတ်လမ်းတွင် သူ(မ) သရုပ်မဆောင်တော့ဘူးဟုပင် တွေးထားခဲ့သည်။

အထူးသဖြင့် သူ(မ)အပေါ်ထားရှိသော ချန်းယွီ၏ အာသာငမ်းငမ်းအမူအရာကို မြင်သောအခါ သူ(မ) ရွံရှာသွားသည်။

ထို့ပြင် သရုပ်ဆောင်စွမ်းရည် လုံးဝမရှိပါဘဲ အနောက်ပေါက်က နေရာရလာသူများကို သူ(မ) လုံးဝ မနှစ်မြို့ပေ။

သုန်းရှောင်ယာမှာမူ ယဲ့ချန်း၏ လွှမ်းမိုးနိုင်စွမ်းကြီးသော အမူအရာကို ကြည့်၍ ရင်ခုန်သွားသည်။

ဟူထျန်းက ယဲ့ချန်းကို လက်ညှိုးထိုးလိုက်၏။

"မင်း... မင်းက ငါ့ကို ရိုက်ရဲတယ်ပေါ့လေ... မင်းတော့ သေပြီသာမှတ်"

ယဲ့ချန်းကလည်း အေးစက်စက် နှာခေါင်းရှုံ့လိုက်သည်။

"ငါတို့ထဲက တစ်ယောက်တော့ သေမှာ သေချာတယ်။ ဒါပေမဲ့ အဲဒါ ငါမဟုတ်ဘူး။ မင်းပဲ"

ထိုသို့ပြောပြီးနောက် ယဲ့ချန်းက ဖုန်းနံပါတ်တစ်ခုကို ခေါ်ဆိုလိုက်သည်။

"ချန်းဝမ်... အခုချက်ချင်း ရိုက်ကွင်းကိုလာခဲ့"

တစ်ဖက်တွင်မူ ချန်းဝမ်ခမျာ သူဌေးကို ဤမျှဒေါသထွက်စေလောက်အောင် ဘာတွေများ ဖြစ်သွားသလဲဟု တွေးရင်း ခဏတာမှင်တက်သွားသည်။

ဘေးနားရှိ ဟူထျန်းသည် ယဲ့ချန်း ဖုန်းခေါ်နေသည်ကို မြင်သောအခါ အစပိုင်းတွင် ဂရုမစိုက်ခဲ့ပေ။

သို့သော် ယဲ့ချန်းပြောလိုက်သည့် စကားကို ကြားသောအခါ ရုတ်တရက်ဆိုသလို ထိတ်လန့်သွားသည်။

ဒီကောင်လေး အခု ဘာပြောလိုက်တာလဲ။

ချန်းဝမ်ကို ဒီကိုလာခဲ့ဖို့ ပြောလိုက်တယ်ပေါ့။

ချန်းဝမ်က ဘယ်သူလဲ။

ဝမ်သိုက်လုပ်ငန်းစု၏ အထွေထွေမန်နေဂျာပင်။

နောက်ကွယ်ရှိ သူဌေးကြီးကို ဖယ်လိုက်လျှင် သူက ကုမ္ပဏီမှာ ရာထူးအကြီးဆုံးပင်။

ချန်းဝမ်ကို ဒီလိုပြောရဲရအောင် ဒီကောင်လေးက ဘယ်သူမို့လို့လဲ။

ရုတ်ခြည်းပင် ဟူထျန်း၏ရင်ထဲ တုန်လှုပ်သွားသည်။

အကြောင်းမှာ အစောပိုင်းက ကျားရွေ့သည် ယဲ့ချန်းအား မစ္စတာယဲ့ဟု ခေါ်လိုက်ကြောင်း သူ ရုတ်တရက် သတိရသွားသောကြောင့်ပင်။

ဖြစ်နိုင်ပါ့မလား။

ဟူထျန်း၏မျက်နှာကား ရုတ်တရက် ပြောင်းလဲသွားသည်။

သူ့ယောက်ဖက တစ်ဖက်တွင် ကြွားလုံးထုတ်နေဆဲပင်။

"ကောင်လေး မင်းတော့ သေပြီပဲ။ ငါ့ယောက်ဖရဲ့ သက်တော်စောင့်တွေက နဂါးသံချပ်ကာကုမ္ပဏီကနေ လေ့ကျင့်ပေးထားတာကွ။ နေဦး... ယောက်ဖ မြန်မြန်လူခေါ်လိုက်လေ"

သို့သော် ခေါင်းလှည့်ကြည့်လိုက်သောအခါ သူ့ယောက်ဖဖြစ်သူ၏ အမူအရာကား တစ်ခုခုမှားယွင်းနေကြောင်း တွေ့လိုက်ရသည်။

ချန်းယွီလည်း တအံ့တသြမေးလိုက်သည်။

"ယောက်ဖ... ဘာဖြစ်သွားတာလဲ"

ထိုအချိန်တွင် ချန်းယွီက သူ့ယောက်ဖ၏မျက်နှာ ဖြူဖပ်ဖြူရော်ဖြစ်နေသည်ကို မြင်လိုက်ရ၏။

ဟူထျန်းလည်း ထိတ်လန့်တကြား မေးလိုက်မိလေတော့သည်။

"မစ္စတာယဲ့... ခင်ဗျားရဲ့နာမည်ကို သိပါရစေ"

ယဲ့ချန်းကလည်း ဟူထျန်းကို တစ်ချက်ကြည့်၍ တည်ငြိမ်အေးဆေးစွာ ပြောလိုက်သည်။

"ယဲ့ချန်း"

ဒုန်း!

ဟူထျန်းခမျာ မြေပြင်ပေါ်သို့ ဖင်ထိုင်လျက် လဲကျသွားသည်။

ထိုအချိန်မှာပင် ရိုက်ကွင်းအဝင်ဝ၌ ဘန်ထလေကားတစ်စီး ထိုးရပ်လိုက်သည်။

ကားပေါ်မှ ချန်းဝမ်တစ်ယောက် အလျင်စလို ဆင်းလာချေသည်။

အေးစက်စက် မျက်နှာထားနှင့် ယဲ့ချန်းကို မြင်ပြီးနောက် မြေပြင်ပေါ်တွင် ထိုင်လျက်လဲကျနေသော ဟူထျန်းကို ကြည့်ကာ ချန်းဝမ်လည်း ဟူထျန်းက သူဌေးယဲ့ကို အပြစ်ပြုထားမိပြီဖြစ်ကြောင်း ချက်ချင်း သိလိုက်သည်။

ယခုအချိန်တွင် ယဲ့ချန်းသည် ဝမ်သိုက်လုပ်ငန်းစု၏ အကြီးဆုံးရှယ်ယာရှင်ဖြစ်လေရာ ဝမ်သိုက်၏ တကယ့်သူဌေးအစစ်ပင်တည်း။

ဤမျက်ကန်းငတုံးကောင်က စော်ကားစရာ လူရှား၍များ အင်အားကြီးမားလွန်းလှသော သူဌေးကိုမှ သွားစော်ကားရသတဲ့လား။

ချန်းဝမ်ခမျာ ယဲ့ချန်းနားသို့ အလျင်စလို ရောက်လာသည်။

"ဥက္ကဋ္ဌယဲ့... ဘာတွေများဖြစ်လို့လဲဗျ"

ယဲ့ချန်းကမူ လှောင်ပြုံးပြုံးလိုက်၏။

"ဘာဖြစ်လဲ ဟုတ်လား။ မင်းရဲ့ ဌာနခွဲမန်နေဂျာကိုသာ မေးကြည့်လိုက်"

ထိုအချိန်တွင် ဟူထျန်း၏ မျက်နှာကား ဖြူဖပ်ဖြူရော်ဖြစ်နေချေပြီ။

ဤလူငယ်လေးက ဝမ်သိုက်လုပ်ငန်းစု၏ နောက်ကွယ်ရှိ သူဌေးကြီးဖြစ်လိမ့်မည်ဟု သူ အိပ်မက်ပင် မမက်ဖူးပေ။

သူသာ ကြိုသိခဲ့မည်ဆိုလျှင် သတ္တိအပိုထပ်ပေးထားလျှင်ပင် ယဲ့ချန်း၏ ဇာတ်ကောင်နေရာကို လုယူရဲမည် မဟုတ်ပေ။

ဒုန်း!

ဟူထျန်း မြေပြင်ပေါ်သို့ ဒူးထောက်ချလိုက်သည်။

သူ့ယောက်ဖခမျာလည်း အစတုန်းက ဟူထျန်း၏ အထင်ကြီးဖွယ်ကောင်းသော စွမ်းဆောင်ရည်ကို မြင်ချင်ခဲ့သော်လည်း ယခုမူ ယောက်ဖဖြစ်သူက မြေပြင်ပေါ်တွင် အရှက်တကွဲ ဒူးထောက်နေသည်ကိုသာ မြင်လိုက်ရသည်။

"ယောက်ဖ... ဘာဖြစ်တာလဲ"

ဟူထျန်းက ချန်းယွီကို စူးစူးရဲရဲ စိုက်ကြည့်လိုက်သည်။

"သောက်ကျိုးနည်း... မင်းကြောင့် ငါတော့ ဒုက္ခရောက်ပြီ။ မစ္စတာယဲ့ကို မြန်မြန်တောင်းပန်လိုက်စမ်း။ သူက ငါတို့ဝမ်သိုက်လုပ်ငန်းစုရဲ့ သူဌေးကွ"

ဟူထျန်း၏ စကားကို ကြားသောအခါ ချန်းယွီ၏ ခြေထောက်များလည်း ပျော့ခွေသွားပြီး မြေပြင်ပေါ်သို့ ဒူးထောက်ကျသွားလေသည်။

ဟူထျန်းက သူတို့လုပ်ငန်းစု၏ နောက်ကွယ်ရှိ သူဌေးမှာ မည်မျှအင်အားကြီးမားကြောင်း မကြာခဏ ပြောပြလေ့ရှိသည်။

မထင်မှတ်ထားပါဘဲ ယနေ့ သူသည် ထိုမျှအင်အားကြီးမားသော လူတစ်ယောက်၏ ဇာတ်ကောင်နေရာကို လုယူရန် ကြိုးစားခဲ့မိသည်။

ပတ်ဝန်းကျင်တစ်ခုလုံး တိတ်ဆိတ်ငြိမ်သက်သွားသည်။

စောစောက မောက်မာနေခဲ့သော လူနှစ်ယောက် ယခု ယဲ့ချန်းရှေ့တွင် ဒူးထောက်နေသည့် မြင်ကွင်းကို အားလုံးက ကြောင်အမ်းအမ်းဖြင့် ကြည့်နေခဲ့ကြသည်။

ယဲ့ချန်းက အေးစက်ခက်ထန်စွာ ပြောလိုက်လေသည်။

"ဥက္ကဋ္ဌချန်း... ဟူထျန်းကို အလုပ်ထုတ်ပစ်လိုက်။ ပြီးတော့ ငါတို့ကုမ္ပဏီက သူ့ကို ဘယ်တော့မှ ပြန်မခန့်စေနဲ့"

ချန်းဝမ်ကလည်း ခေါင်းညိတ်ပြလိုက်ပြီးနောက် ဟူထျန်း၏ ကိုယ်လုံးကို ကန်ကျောက်လိုက်သည်။

"အသုံးမကျတဲ့ကောင်... ငါက မင်းကို ထမင်းစားဖို့ ပန်းကန်တစ်လုံး ပေးထားတာတောင် မင်းဘာသာမင်း ပန်းကန်ကို ရိုက်ခွဲပစ်တယ်ပေါ့လေ"

ဟူထျန်းက ချန်းဝမ်၏ အလှမ်းဝေးသော ဆွေမျိုးတစ်ယောက်ဖြစ်၏။ ဆွေမျိုးတော်စပ်မှုကြောင့် ဟူထျန်းအား ဌာနခွဲတစ်ခုကို စီမံခန့်ခွဲခွင့် ပေးခဲ့ခြင်းပင်။

ဤတစ်ခေါက်တွင် စတားဖျော်ဖြေရေးကုမ္ပဏီက ဇာတ်လမ်းတွဲတစ်ခု ရိုက်ကူးမည်ဖြစ်ရာ ချန်းဝမ်သည် ယဲ့ချန်းကို မျက်နှာလိုမျက်နှာရလုပ်ရန် ဟူထျန်းအား ရင်းနှီးမြှုပ်နှံခိုင်းခဲ့သည်။

သို့သော် ဤသကောင့်သားက သူ့ယောက်ဖကို ခေါင်းဆောင်မင်းသား ဖြစ်စေချင်ရုံသက်သက်ဖြင့် ယဲ့ချန်းကို သွားစော်ကားခဲ့သည်။

"သူဌေး... ကျွန်တော် မှားသွားပါတယ်။ နောက်ထပ် အခွင့်အရေးတစ်ကြိမ်လောက် ပေးပါဦး"

ဟူထျန်းခမျာ ငိုယိုနေတော့သည်။

သို့သော် ယဲ့ချန်း၏ အမူအရာမှာ အေးစက်နေဆဲပင်။

ဝမ်သိုက်လုပ်ငန်းစုက သူ့ကုမ္ပဏီဖြစ်သောကြောင့် ဤကဲ့သို့သော လူစားမျိုးများကို မမြင်ခဲ့လျှင်တော့ ကိစ္စမရှိသော်ငြား မြင်ပြီးသွားသည့်နောက်တွင်မူ သူတို့ကို ရှင်းထုတ်ပစ်ရမည်သာ။

ချန်းဝမ်က အေးစက်စက် နှာခေါင်းရှုံ့ပြီး သူ့ဘေးရှိ သက်တော်စောင့်အား ပြောလိုက်လေသည်။

'အဲဒီလူနှစ်ယောက်ကို အပြင်ဆွဲထုတ်ပြီး ခြေထောက်တစ်ဖက်စီ ရိုက်ချိုးလိုက်စမ်း"

ဟူထျန်းနှင့် ချန်းယွီတို့ကို သက်တော်စောင့်များက ဆွဲထုတ်သွားကြပြီး မကြာမီမှာပင် အပြင်ဘက်မှ သနားစရာကောင်းသော အော်ဟစ်သံများကို ကြားလိုက်ရသည်။

ချန်းဝမ်က ယဲ့ချန်းကို ထိတ်လန့်တကြား ကြည့်လိုက်၏။

"ဥက္ကဋ္ဌယဲ့... သေချာမခန့်ခွဲနိုင်ခဲ့တဲ့ ကျွန်တော့်ရဲ့ အမှားပါ။ ကျေးဇူးပြုပြီး ကျွန်တော့်ကို ဆူလိုက်ပါ"

ယဲ့ချန်းက အေးစက်မာကျောစွာ ပြန်ဖြေလိုက်သည်။

"ဒါက ပထမဆုံးနဲ့ နောက်ဆုံးအကြိမ်ပဲ။ ဆွေမျိုးတွေကို မျက်နှာသာပေးတာမျိုး ထပ်လုပ်မယ်ဆိုရင် မင်း အထွေထွေမန်နေဂျာ ဆက်လုပ်စရာမလိုတော့ဘူး"

ယဲ့ချန်း၏ စကားကို ကြားသောအခါ ချန်းဝမ်၏ ရင်ထဲ တုန်ယင်သွားသည်။

"နားလည်ပါပြီ။ ဒါ နောက်ဆုံးအကြိမ်ဖြစ်စေရမယ်လို့ အာမခံပါတယ်"

အလွန်အင်အားကြီးမားသော ဝမ်သိုက်အထွေထွေမန်နေဂျာတစ်ယောက် ယဲ့ချန်းရှေ့တွင် ကလေးတစ်ယောက်လို အဆူခံနေရသည်ကို မြင်သောအခါ လူတိုင်း မှင်တက်သွားကြသည်။

ယန်းမီမီနှင့် သုန်းရှောင်ယာကဲ့သို့သော မိန်းကလေးများ၏ မျက်လုံးများမှာ အရောင်လက်သွားလေသည်။

ယဲ့ချန်း၏ လုပ်ရပ်မှာ တီဗီထဲရှိ အာဏာရှင်ဆန်သော စီအီးအိုများထက်ပင် ပိုမိမိုက်နေပေသည်။

ချောလည်းချောသည်။ ကိုယ်ရည်ကိုယ်သွေးလည်း ကောင်းသည်။ ထို့ပြင် အလွန်တရာလည်း ချမ်းသာသေးသည်ဖြစ်ရာ ဤအမျိုးသားမှာ တကယ်ပြီးပြည့်စုံလွန်းလှသည်။

ယဲ့ချန်းက လက်ဝှေ့ယမ်းလိုက်၏။

"ကဲ ငါတို့ ဇာတ်ကားရိုက်စရာ ရှိသေးတယ်။ မင်း သွားတော့"

ချန်းဝမ်က ခေါင်းတဆတ်ဆတ်ညိတ်ပြီးနောက် လှည့်ထွက်သွားသည်။

ချန်းဝမ် ထွက်သွားသည်ကို ကြည့်ရင်း ရိုက်ကွင်းပေါ်ရှိ လူတိုင်း ယဲ့ချန်းကို တအံ့တသြ ကြည့်နေခဲ့ကြသည်။

အစက သူတို့သည် ယဲ့ချန်းမှာ ကျိကျိတက်ချမ်းသာရုံသက်သက်ဟုသာ ထင်ထားခဲ့သော်လည်း ယခုမူ သူသည် ဒိတ်ဒိတ်ကြဲသူဌေးတစ်ယောက်ဖြစ်ကြောင်း သေချာသိလိုက်ရလေပြီ။

မိုတုမြို့၏ အင်အားအကြီးဆုံး အိမ်ခြံမြေကုမ္ပဏီ၏ အထွေထွေမန်နေဂျာဖြစ်သူ ချန်းဝမ်လို လူက ယဲ့ချန်း၏ လက်အောက်ငယ်သား ဖြစ်နေကြောင်း သူတို့ သိလိုက်ရသည်။

ယဲ့ချန်းက ဘယ်လောက်တောင် အင်အားကြီးမားလိုက်လေမလဲ။

"ကဲ... ဒါရိုက်တာကျား ယင်ကောင်တွေကို မောင်းထုတ်ပြီးပြီဆိုတော့ ကျွန်တော်တို့ ရိုက်ကူးရေးစလို့ရပါပြီ"

ယဲ့ချန်း၏စကားကို ကြားသောအခါ ကျားရွေ့လည်း စိတ်လှုပ်ရှားစွာ ပြောလိုက်သည်။

"ကောင်းပါပြီ... ဌာနတွေအားလုံး အကုန်ပြင်ဆင်ထားကြ။ ရိုက်ကူးရေး စလိုက်ကြရအောင်"

••••••••••••••••••••••••••

All Chapters