ခန္ဓာကိုယ်ပေါင်းစပ် စတုတ္ထအဆင့်၊ ကောင်းကင်စံအိမ်၏ တပည့်
Vol. 7 Ch. 92
အခန်း (၉၂) ခန္ဓာကိုယ်ပေါင်းစပ် စတုတ္ထအဆင့်၊ ကောင်းကင်စံအိမ်၏ တပည့်
“အခုအချိန်မှာ ယွီဂျင်ဂိုဏ်းကို မေ့ထားလိုက်၊ ကောင်းကင်သွေးမီးလျှံဂိုဏ်းနဲ့ တိုက်ပွဲက နှစ်အတော်ကြာသွားတော့ အဆုံးသတ်ဖို့ အချိန်ရောက်ပြီ၊ ငါတို့ဂိုဏ်းရဲ့ ဂုဏ်သတင်းကလည်း အနယ်နယ်အရပ်ရပ်ကို ပျံ့နှံ့သွားပြီဆိုတော့ သူတို့ကို ထပ်တိုက်ခိုက်ဖို့ မလိုတော့ဘူး၊ မင်းက ကျင့်ကြံခြင်းကိုသာ အာရုံစိုက်၊ မင်းရဲ့ပန်းတိုင်က ကောင်းကင်စံအိမ်ကိုဝင်ရောက်နိုင်ဖို့ပဲ ဖြစ်သင့်တယ်၊ တစ်ခြားနေရာတွေမှာ အချိန်မဖြုန်းနဲ့” ခိုင်မင်မွန်းစတားအိုကြီးက လေးလေးနက်နက် ပြောလိုက်ပါတယ်။
တုန်းဝမ်ရှန်းဟာ မျက်မှောင်ကြုတ်သွားပါတယ်။ သူ့ဆရာသခင်ရဲ့ အကြောင်းပြချက်ကို မလုံလောက်ဘူးလို့ ခံစားလိုက်ရပါတယ်။ အရင်တုန်းက ကောင်းကင်သွေးမီးလျှံဂိုဏ်းကို ဖျက်ဆီးဖို့ သဘောတူထားပြီးမှ အခု ကောင်းကင်သွေးမီးလျှံဂိုဏ်း ယွီဂျင်ဂိုဏ်းထဲဝင်သွားမှ တိုက်ပွဲရပ်ဖို့ ဆုံးဖြတ်လိုက်တာဟာ အသွင်မဲ့ဂိုဏ်းက ယွီဂျင်ဂိုဏ်းကို ကြောက်ရွံ့တယ်လို့ အထင်ရောက်သွားစေနိုင်ပါတယ်။
“ဆရာသခင်... ကျူငုတ်ချန်ထားရင် ကျူပင် ပြန်ဖြစ်လာပါလိမ့်မယ်” တုန်းဝမ်ရှန်းက လေသံပျော့နဲ့ ပြောလိုက်ပါတယ်။
တစ်ခြားသူတွေကတော့ တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်လိုက် ကြပါတယ်။ သူတို့အကုန်လုံးက အသွင်မဲ့ဂိုဏ်းရဲ့ အကြီးအကဲတွေပါ။ တကယ်တော့ သူတို့လည်း ကောင်းကင်သွေးမီးလျှံဂိုဏ်းနဲ့ ထပ်မတိုက်ချင်တော့ပါဘူး။
သူတို့တွေက ကျင့်ကြံခြင်းဂိုဏ်းပါ။ လူသားတိုင်းပြည် မဟုတ်ပါဘူး။ ကျင့်ကြံသူတွေအတွက် အရေးကြီးဆုံးက အချိန်ပါ။ ကျင့်ကြံသူတွေရဲ့အချိန်က ကြီးမြတ်တဲ့တာအိုနောက် လိုက်ရင်း ကုန်ဆုံးရမှာဖြစ်ပြီး တိုက်ခိုက်ရင်း ကုန်ဆုံးရမှာ မဟုတ်ပါဘူး။
ဒါ့အပြင် အသွင်မဲ့ဂိုဏ်းက လက်ဝဲဂိုဏ်းမဟုတ်တာကြောင့် သတ်ဖြတ်ခြင်းကို မနှစ်မြို့ပါဘူး။
ခိုက်မင်မွန်းစတားအိုကြီးဟာ သူ့လက်ကိုဝှေ့ယမ်းလိုက်ပါတယ် “ငါ ဆုံးဖြတ်ပြီးပြီ၊ ကောင်းကင်သွေးမီးလျှံဂိုဏ်းကို ထပ်မတိုက်တော့နဲ့”
တုန်းဝမ်ရှန်းဟာ မကျေမနပ် ဖြစ်သွားပါတယ် ‘ဆရာသခင်က အရာအားလုံးမှာ ကောင်းပါတယ်၊ ဒါပေမဲ့ စိတ်ပျော့လွန်းတယ်’
တုန်းဝမ်ရှန်းဟာ စိတ်မချမ်းမသာ ဖြစ်သွားပေမဲ့ သူ့ဆရာသခင်ကို အတိုက်အခံ မလုပ်ပါဘူး။ ဘာပဲဖြစ်ဖြစ် သူ့ဆရာသခင်က သူ့ကို မြေတောင်မြှောက်ပေးခဲ့တဲ့သူပါ။
…
ကောင်းကင်သွေးမီးလျှံဂိုဏ်းက ယွီဂျင်ဂိုဏ်းထဲဝင်မယ်လို့ ကြော်ငြာလိုက်တာနဲ့ အသွင်မဲ့ဂိုဏ်းက တိုက်ခိုက်တာ ရပ်သွားပါတယ်။ ဒီအဖြစ်ကြောင့် ကောင်းကင်သွေးမီးလျှံဂိုဏ်းတပည်တွေဟာ အသက်ရှူချောင်သွားပါတယ်။
တစ်ချိန်တည်းမှာ သူတို့တွေဟာ ယွီဂျင်ဂိုဏ်းကို တော်တော်လေး စိတ်ဝင်စွားသွားကြပါတယ်။
‘ယွီဂျင်ဂိုဏ်းက ဘယ်လောက်ထိ အင်အားကြီးလို့ အသွင်မဲ့ဂိုဏ်းကို နောက်ဆုတ်သွားစေတာလဲ’
အဓိကတောင်ထိပ်ကို လျူပုမီ ရောက်သွားတဲ့အခါမှာ လီချင်းဇဲ့က သူ့အတွက် ကျင့်ကြံခြင်းလိုဏ်ဂူတစ်ခု စီစဉ်ပေးပါတယ်။ တကယ်တော့ လျူပုမီဟာ ဓားစာခံပဲ ဖြစ်ပါတယ်။ ကောင်းကင်သွေးမီးလျှံဂိုဏ်းက မဟုတ်တာလုပ်ရင် လျူပုမီ အရင်ဆုံးသေမှာပါ။
လီချင်းဇဲ့ဟာ အသွင်မဲ့ဂိုဏ်းက ယွီဂျင်ဂိုဏ်းကို သွေးတိုးစမ်းလိုက်မယ်လို့ ထင်ထားခဲ့ပေမဲ့ တကယ်ကြီး အတိုက်ရပ်သွားမယ်လို့ ထင်မထားခဲ့ပါဘူး။ ဒီအဖြစ်ကြောင့် လီချင်းဇဲ့ဟာ စိတ်ပြေလက်ပျောက် ဖြစ်သွားပါတယ်။
အသွင်မဲ့ဂိုဏ်းက မတိုက်ခိုက်တာကြောင့် ယွီဂျင်ဂိုဏ်းဟာ ပြဿနာတွေနဲ့ ထပ်ပြီး မတွေ့ရတော့ပါဘူး။ ကောင်းကင်သွေးမီးလျှံဂိုဏ်း ဝင်လာပြီးနောက်မှာ ယွီဂျင်ဂိုဏ်းက ရန်ဒေသရဲ့ အင်အားအကြီးဆုံး ကျင့်ကြံခြင်းဂိုဏ်းတစ်ဂိုဏ်း ဖြစ်လာပါတယ်။ ခြေသလုံးအိမ်တိုင် ကျင့်ကြံသူတွေနဲ့ သာမန်လူသားတွေဟာ ယွီဂျင်ဂိုဏ်းထဲကို ပိုပိုဝင်လာကြပါတယ်။
ကျင့်ကြံမှုမှာ အန္တရာယ်အငွေ့အသက်တစ်ခုကို ခံစားမိတာကြောင့် လီချင်းဇဲ့ဟာ လုပ်ပိုင်ခွင့်ကို စွန့်လွှတ်ပြီး ဂူအောင်းကျင့်ကြံပါတယ်။
ဆယ်နှစ်တာဟာ အေးအေးချမ်းချမ်းပဲ ကုန်ဆုံးသွားပါတယ်။
ဟန်ကျွယ်ဟာ ခန္ဓာကိုယ်ပေါင်းစပ် စတုတ္ထအဆင့်နဲ့ နီးကပ်သွားပါပြီ။
[သင်သည် အသက် ၄၀၀ ပြည့်ပြီဖြစ်သည့်အတွက် အောက်ပါရွေးချယ်မှုများ ပြုလုပ်နိုင်သည်။]
[၁။ ဂူအောင်ကျင့်ကြံရာမှ ထွက်ခွာပြီး လောကကြီးအား သင့်စွမ်းအားကြီးကြောင်း ပြသလိုက်ပါ။ ကံတရားအထောက်အပံ့ရှိသော နတ်သားရဲဥနှင့် ကျပန်းသဘာဝရတနာ တစ်ပါးကို ရရှိမည်။]
[၂။ ပြဿနာများမှ ဝေးဝေးနေပြီး ဂူအောင်း၍ ဆက်လက်ကျင့်ကြံပါ။ စိတ်ဝိညာဉ်ရတနာတစ်ပါးကို ရရှိမည်။]
ဟန်ကျွယ်ဟာ ဒီရွေးချယ်မှုနှစ်ခုမှာ ဒုတိယရွေးချယ်မှုကို တစ်စက္ကန့်တောင် မတုံ့ဆိုင်းဘဲ ရွေးချယ်လိုက်ပါတယ်။
[သင်သည် ဂူအောင်း၍ ဆက်လက်ကျင့်ကြံမည်ကို ရွေးချယ်ခဲ့သောကြောင့် စိတ်ဝိညာဉ်ရတနာတစ်ပါးကို ရရှိပါသည်။]
[အကောင်းစား စိတ်ဝိညာဉ်ရတနာ ကောင်းကင်စိတ်ဝိညာဉ်လက်ကောက်အား ရရှိခြင်းအတွက် ဂုဏ်ယူပါသည်။]
[ကောင်းကင်စိတ်ဝိညာဉ် လက်ကောက်: အကောင်းစား စိတ်ဝိညာဉ်ရတနာဖြစ်ပြီး နတ်အာရုံခံခြင်းကို ဟန့်တားနိုင်ရုံသာမက ဝိညာဉ်တိုက်ခိုက်မှုကိုလည်း ခုခံပေးသည်။]
‘နောက်ထပ် ခံစစ် စိတ်ဝိညာဉ်ရတနာပါလား... အရမ်းကောင်းတယ်’
ဟန်ကျွယ်ဟာ ကောင်းကင်စိတ်ဝိညာဉ်လက်ကောက်ကို ထုတ်ယူလိုက်ပြီး သူပိုင်ပစ္စည်းအဖြစ် သိမ်းပိုက်ပါတယ်။ ပြီးသွားတဲ့အခါမှာတော့ ဟန်ကျွယ်ဟာ ကောင်းကင်စိတ်ဝိညာဉ် လက်ကောက်မှာ အပြာရောင်၊ ငွေရောင်၊ အဖြူရောင်ရှိတဲ့ သလင်းကျောက်အချို့နဲ့ ဆင်ယင်လိုက်တဲ့အခါ အလွန်တရာလှပတဲ့ လက်ကောက်တစ်ကွင်း ဖြစ်သွားပါတယ်။
ဟန်ကျွယ်ဟာ သူ့ကိုယ်သူ ဂိမ်းထဲက မသေမျိုးကျင့်ကြံသူနဲ့ တဖြည်းဖြည်း နီးစပ်လာပြီလို့ ခံစားလိုက်ရပါတယ်။ ဒီရတနာတွေကြောင့် ဟန်ကျွယ်က ပိုပိုချောလာပါတယ်။
အဲဒီနောက်မှာတော့ ဟန်ကျွယ်ဟာ ကြမ္မာဆိုးစာအုပ်ကို ထုတ်ယူပြီး ခိုက်မင်မွန်းစတားအိုကြီးနဲ့ ပြဒါးငှက်ကို ကျိန်စာတိုက်ပါတယ်။ ဟန်ကျွယ်ဟာ ကျင့်ကြံခြင်းကနေ ခဏနားတဲ့အချိန်တိုင်း သူ့ရန်သူတွေကို ကျိန်စာတိုက်တာ အကျင့်တစ်ခု ဖြစ်နေပါပြီ။
ဒီဆယ်နှစ်မှာ မုရုံချီနဲ့ ရွှင်ချန်အန်းရဲ့ ကျင့်ကြံမှုဟာ ဒီရေအလား တိုးတက်ခဲ့ပါတယ်။
မုရုံချီက တော်တော်လေး အရည်အချင်းရှိပါတယ်။ ရွှင်ချန်အန်းဟာ သူ့တပည့်က သူ့ကို ကျော်တက်သွားမှာ စိုးတာကြောင့် ချန်အာကို ထပ်မတွေးရဲတော့ဘဲ ကျင့်ကြံမှုကိုသာ အာရုံစိုက်ပါတယ်။ ဒီလိုအကြောင်းကြောင့် ဆရာတပည့်နှစ်ဦးရဲ့ ကျင့်ကြံမှုက ဒီရေအလား တိုးတက်လာတာ ဖြစ်ပါတယ်။
ငရဲကြက်နက်ကတော့ စိတ်ဝိညာဉ်ပြောင်းလဲခြင်း နဝမအဆင့်မှာပဲ ရှိသေးတယ်ဆိုပေမဲ့ ဟင်းလင်းပြင်ပေါင်းစပ်ခြင်း အဆင့်နဲ့ တော်တော်လေး နီးကပ်နေပါပြီ။ ငရဲကြက်နက်ဟာ ပဋိပက္ခကောင်းကင်ခွေးကို ပညာပြဖို့ စိတ်လောနေတာကြောင့် ပဋိပက္ခကောင်းကင်ခွေး ပြန်လာတယ်လို့ နေ့တိုင်း အိပ်မက်မက်ပါတယ်။
ဆယ်ရက်ကျော် ကျိန်စာတိုက်ပြီးတဲ့နောက်မှာတော့ ဟန်ကျွယ်ဟာ ကြမ္မာဆိုးစာအုပ်ကို ပြန်သိမ်းလိုက်ပြီး ကျေနပ်အားရစွာ ပြုံးလိုက်ပါတယ်။
ဟန်ကျွယ်ဟာ စာအိတ်တွေကို စစ်ဆေးလိုက်တဲ့အခါမှာ အတိုက်ခံရတဲ့သူတွေက အတိုက်ခံရတုန်းဆိုတာကို တွေ့လိုက်ရပါတယ်။ ပဋိပက္ခကောင်းကင်ခွေးက အတိုက်ခိုက်ရဆုံး ဖြစ်နေတုန်းပါပဲ။ ဟန်ကျွယ်ရဲ့ မိတ်ဆွေကောင်းတစ်ချို့ဟာလည်း ကံအားလျော်စွာ အခွင့်အရေးတွေ ရရှိကြပါတယ်။
ဒီထဲမှာ ထူးခြားတာကတော့ စုချီတစ်ယောက် ငြိမ်နေတာပါ။ လူမှုဆက်ဆံရေးထဲမှာ စုချီရဲ့ ရုပ်ပုံ ရှိနေသေးတာကြောင့်သာ မဟုတ်ရင် စုချီ သေသွားပြီလို့တောင် ဟန်ကျွယ် ထင်မှတ်မိမှာပါ။
ဟန်ကျွယ်ဟာ သူ့မိတ်ဆွေစာရင်းထဲက ပုံတစ်ချို့ပျောက်သွားတယ်လို့ ခံစားလိုက်ရပါတယ်။ ဒါပေမဲ့ ဘယ်သူတွေ ပျောက်သွားတယ် ဆိုတာကိုတော့ ဟန်ကျွယ် မမှတ်မိပါဘူး။ ဟန်ကျွယ် အထူးဂရုစိုက်တဲ့ လူတွေကတော့ တစ်ယောက်မှ မသေသေးပါဘူး။
ဒါက ကျင့်ကြံသူတစ်ယောက်ရဲ့ ဘဝပါ။ လမ်းတစ်ဝက်မှာ သေဆုံးတာက ဓမ္မတာပါပဲ။
ဟန်ကျွယ်ဟာ အများကြီးမတွေးတောဘဲ ဆက်လက်အားထုတ်ပါတယ်။ ဟန်ကျွယ်ဟာ ခန္ဓာကိုယ်ပေါင်းစပ် စတုတ္ထအဆင့်ကို တက်နိုင်သလောက် မြန်မြန်ရောက်ချင်နေပါပြီ။
…
အသွင်မဲ့ဂိုဏ်း။
ခိုက်မင်မွန်းစတားအိုကြီးဟာ အရူးမီးဝိုင်းဖြစ်နေပါပြီ။
‘ငါ ကောင်းကင်သွေးမီးလျှံဂိုဏ်းကို ထပ်မတိုက်တော့ဘူးလေ၊ အဲဒီလူက ဘာလို့ ကျိန်စာတိုက်နေရသေးတာလဲ’
နောက်ဆုံးမှာတော့ ခိုက်မင်မွန်းစတားအိုကြီးဟာ လုံးဝသည်းမခံနိုင်တော့ဘဲ ယွီဂျင်ဂိုဏ်းကို သွားဖို့ ဆုံးဖြတ်လိုက်ပါတယ်။ ခိုင်မင်မွန်းစတားအိုကြီးဟာ ချက်ချင်းပဲ တစ်ခြားအကြီးအကဲတွေကိုရှာပြီး ယွီဂျင်ဂိုဏ်းကို သွားမဲ့အကြောင်း ပြောလိုက်ပါတယ်။
တုန်းဝမ်ရှန်းဟာ ဒီသတင်းကို ကြားတဲ့အခါမှာ သူ့ဆရာသခင်နဲ့ အတူလိုက်သွားဖို့ ဆုံးဖြတ်လိုက်ပါတယ်။ ဒီဟာက လျူပုမီကို သတ်နိုင်မဲ့ အခွင့်အရေးကောင်း တစ်ခုပါ။
ခိုက်မင်မွန်းစတာအိုကြီးက ပထမတော့ ငြင်းပယ်ပေမဲ့ ဝမ်းတုန်ရှန်းရဲ့ ဆက်တိုက်တောင်းဆိုမှုကြောင့် မတက်နိုင်ဘဲ လိုက်လျောလိုက်ရပါတယ်။
…
မှောင်မိုက်တဲ့တောင်ကြားတစ်ခုမှာ စုချီဟာ တရားထိုင်ပြီး ကျင့်ကြံနေပါတယ်။ သူ့ခန္ဓာကိုယ် ပတ်လည်မှာတော့ နတ်ဆိုးချီတွေ ဝန်းရံနေပါတယ်။ စုချီဟာ အရင်ကလေ့ကျင့်ထားတဲ့ ကျင့်စဉ်ကိုပယ်ပြီး မိစ္ဆာသခင်ရဲ့ နတ်ဆိုးကျင့်စဉ်ကို လေ့ကျင်တဲ့အခါမှာ သူ့ကျင့်ကြံမှုက တစ်လှမ်းတည်းနဲ့ ကောင်းကင်ဘုံ ရောက်သွားသလို တဟုန်ထိုး ထိုးတက်သွားပါတယ်။
စုချီဟာ ဒီအဖြစ်ကြောင့် အံအားသင့်သွားရပါတယ်။ စုချီသာ မဟုတ်ပါဘူး။ မိစ္ဆာသခင်ဟာလည်း စုချီကိုကြည့်ပြီး ပါးစပ်ဟောင်းလောင်း ဖြစ်သွားရပါတယ်။
မိစ္ဆာသခင်ဟာ စုချီရဲ့ကျင့်ကြံမှုကို ကျေနပ်အားရသွားပေမဲ့ သူ့ကိုယ်သူတော့ လုံးဝမကျေနပ်ပါဘူး။ ဒီနှစ်ထဲမှာ မိစ္ဆာသခင်ဟာ ကျင့်ကြံရင်းနဲ့ အတွင်းနတ်ဆိုးကို ခဏခဏတွေ့ပြီး တော်တော်လေး ခံစားခဲ့ရပါတယ်။
ဒီအကြိမ်မှာလည်း မိစ္ဆာသခင်ဟာ အတွင်းနတ်ဆိုးကြောင့် သွေးလေဖောက်ပြန်သွားပါတယ်။ ဒါကြောင့် မိစ္ဆာသခင်ဟာ ကျင့်ကြံတာ ရပ်လိုက်ရပါတယ်။
မိစ္ဆာသခင်ဟာ မတ်တတ်ရပ်ပြီး ပြောလိုက်ပါတယ် “မင်း ဒီနေရာမှာနေပြီး ဆက်ကျင့်ကြံချည်၊ ငါ ဒီနေရာမှာ အစီအရင်ချထားခဲ့တယ်၊ ဒီအစီအရင်က ရန်သူကို တားဆီးနိုင်ရုံတင် မဟုတ်ဘူး၊ မင်းကျင့်ကြံခြင်းအတွက် သင့်တော်တဲ့ စိတ်ဝိညာဉ်ချီကိုလည်း စုစည်းပေးနိုင်တယ်၊ ငါ သွားတော့မယ်”
စုချီဟာ မျက်လုံးဖွင့်လိုက်ပြီး သိချင်စိတ်နဲ့ မေးလိုက်ပါတယ် “ခင်ဗျားက ဘယ်သွားမလို့လဲ”
“လမ်းထွက်လျှောက်မလို့၊ အပျင်းပြေအောင် ဂိုဏ်းအချို့ကို သုတ်သင်မလို့” ပြောဆိုပြီးတာနဲ့ မိစ္ဆာသခင်ဟာ နတ်ဆိုးချီအသွင် ပြောင်းလဲကာ ပျောက်ကွယ်သွားပါတယ်။
စုချီဟာ ချီတုံချတုံ ဖြစ်သွားပါတယ် ‘ငါ ဒီအခွင့်အရေးကိုယူပြီး ထွက်ပြေးသင့်လား’
‘ထားလိုက်ပါတော့... အေးအေးဆေးဆေး ဆက်ကျင့်ကြံတာပဲ ကောင်းပါတယ်’
‘ငါ့ဆရာသခင်က မလှုပ်ရှားဘူးဆိုတော့ ငါ့ကို စွမ်းအားကြီးလာအောင် ကျင့်ကြံစေချင်လို့ပဲ ဖြစ်ရမယ်’
ဒီလိုတွေးမိတဲ့ စုချီဟာ ဆက်လက်အားထုတ်ပါတယ်။
…
မျက်တောင်တစ်ခတ်အတွင်းမှာ အချိန်သုံးနှစ် ကုန်ဆုံးသွားပါတယ်။
နောက်ဆုံးမှာတော့ ဟန်ကျွယ်ဟာ ခန္ဓာကိုယ်ပေါင်းစပ် စတုတ္ထအဆင့်ကို ထိုးဖောက်နိုင်သွားပါတယ်။ လမ်းခြောက်သွယ် စိတ်ဝိညာဉ်စွမ်းအား တိုးတက်လာမှုက ဟန်ကျွယ်ကို ပျော်ရွှင်သွားစေပါတယ်။ ဟန်ကျွယ်ဟာ အောင်ပွဲကျင်းပတဲ့အနေနဲ့ ကြမ္မာဆိုးစာအုပ်ကို ထုတ်ယူပြီး ခိုက်မင်မွန်းစတားအိုကြီးနဲ့ ပြဒါးငှက်ကို ကျိန်စာတိုက်ဖို့ ပြင်လိုက်ပါတယ်။
“ကျုပ်က ဂျိလုန်ချန်... ယွီဂျင်ဂိုဏ်းကို စိန်ခေါ်ဖို့ ရောက်လာတာပါ၊ လက်ရည်စမ်းရုံ ဖြစ်တာကြောင့် လူမသေစေရပါဘူး၊ ကျုပ်နဲ့ ဘယ်သူ တိုက်ရဲလဲ”
ဂုဏ်ယူလွန်းတဲ့ အသံတစ်သံဟာ လေကကို ပဲ့တင်ထပ်သွားပါတယ်။ ဟန်ကျွယ်ဟာ ဒီအသံကြောင့် မှင်သက်သွားပါတယ် ‘ဂိုဏ်းကို လာစိန်ခေါ်တာလား’ ဟန်ကျွယ်ဟာ တစ်ခြားသူရဲ့ ကျင့်ကြံမှုကို ချက်ချင်း စစ်ဆေးလိုက်ပါတယ်။
[ဂျိလုန်ချန်: ခန္ဓာကိုယ်ပေါင်းစပ် ဒုတိယအဆင့်၊ ကောင်ကင်စံအိမ်တော်၏ တာအိုတပည့်တစ်ဦး ဖြစ်ပြီး လောကတွင် နံပါတစ်ကျင့်ကြံသူ ဖြစ်လို၏။ ထို့ကြောင့် လောကတစ်ခွင့် လှည့်လည်ပြီး ဂိုဏ်းများအား လိုက်စိန်ခေါ်နေခြင်း ဖြစ်သည်။ ယနေ့အချိန်အထိ အရှုံးမရှိသေးပါ။]
‘ကောင်းကင်စံအိမ်ရဲ့ တာအိုတပည့်လား’
ဟန်ကျွယ်ဟာ သူ့မျက်လုံးကို မှေးလိုက်ပါတယ်။ ကောင်းကင်စံအိမ်ကို ဟန်ကျွယ် ကြားဖူးတာ ကြာပါပြီ။ နောက်ဆုံးတော့ ဟန်ကျွယ်ဟာ ကောင်းကင်စံအိမ်ရဲ့ တပည့်တစ်ယောက်နဲ့ တွေ့ဆုံရပါပြီ။
ဟန်ကျွယ်ဟာ ချက်ချင်းပဲ အသွင်တူလက်ရည်းစမ်းပွဲကို အသုံးပြုလိုက်ပါတယ်။ အသက်ရှူကြိမ် သုံးကြိမ် ကြာတဲ့အခါမှာတော့ ဟန်ကျွယ်ဟာ မျက်လုံးဖွင့်လိုက်ပြီး မျက်မှောင်ကြုတ်သွားပါတယ်။
‘ဒီကောင်က တစ်ခုခုတော့ တစ်ခုခုပဲ...’
“ဘာလဲ၊ ကောင်းကင်သွေးမီးလျှံဂိုဏ်းကို လက်ခံရဲတဲ့ ယွီဂျင်ဂိုဏ်းက ကျုပ်နဲ့ တိုက်ရဲတဲ့လူ တစ်ယောက်မှ မရှိတော့ဘူးလား၊ ကျုပ် တကယ်ပဲ စိတ်ပျက်မိတယ်၊ ကျုပ်နဲ့တိုက်လို့ အနိုင်ရတဲ့သူကို စိတ်ဝိညာဉ်ကျောက်တုံး တစ်သန်းပေးမယ်”
“စိတ်ဝိညာဉ်ကျောက်တုံး တစ်သန်းက မလုံလောက်ဘူးလား... ဒါဆိုရင် နောက်ထပ် စိတ်ဝိညာဉ်ရတနာတစ်ပါးကို ထပ်ပေါင်းထည့်ပေးမယ်”
“မဖြစ်နိုင်ဘူး... မင်းတို့ ယွီဂျင်ဂိုဏ်းမှာရှိတဲ့ လူတွေအကုန်လုံးက တကယ်ပဲ ငကြောက်တွေလား”
“ခွီးတဲ့မှပဲ၊ မင်းတို့အကုန်လုံး သေနေလို့ တစ်ယောက်မှ ထွက်မလာကြတာလား”
စကြာဝဠာ အနန္တရှိ နတ် လူ သတ္တဝါ အားလုံး ဘေးရန်ကြောင့်ကြ ဆင်းရဲကင်း၍ ကိုယ်စိတ်နှစ်ဖြာ ချမ်းသာကြပါစေ၊ ကောင်းကျိုးလိုရာဆန္ဒ ပြည့်ဝကြပါစေ။