← Chapters

အခန်း (၁၁၆၃-၁၁၆၄)

Vol. 117 Ch. 1163-1164

အခန်း (၁၁၆၃-၁၁၆၄)

Vol. 117 Ch. 1163-1164

အခန်း (၁၁၆၃) ယဲ့လန်ကို ကယ်တင်ခြင်း

သူက သူ၏ဆရာအား စိတ်နှလုံးအကြွင်းမဲ့ အလုပ်အကျွေးပြုခဲ့ပြီး ရှန်းရွှီတောင်ကို အမြဲတစေဦးစားပေးခဲ့သောကြောင့်၊ ထိုက်ရွှီဆေးဧကရာဇ်ကို ကိုယ်တိုင်ဖမ်းဆီးနိုင်မည့် ယခုအခွင့်အရေးကို ရရှိခဲ့ခြင်းဖြစ်သည်။

မွေးရာပါအရည်အချင်းများကို ပြောင်းလဲ၍မရနိုင်သော်လည်း၊ မည်သူက ပို၍ခရီးရောက်နိုင်မည်ဆိုသည်မှာ ကိုယ်ရရှိထားသောကြိုးစားအားထုတ်မှုများက ဆုံးဖြတ်ပေးလိမ့်မည်။

"ကောင်းကင်ဆေးလုံး၊မင်း ဘာလို့ ကိုယ်ထင်မပြရဲတာလဲ" ဤစကားများကို တိုးညှင်းစွာရေရွတ်လိုက်စဉ်၊ တာအိုသခင် ကျင်းလဲ့က အချိန်အတော်ကြာ မခံစားခဲ့ရသောစိတ်လှုပ်ရှားမှုတစ်ခုကို ခံစားလိုက်ရသည်။

ဤစကားများကို ပြောဆိုလိုက်သည်နှင့် တစ်ပြိုင်နက်၊ အခြားသူများက အနည်းငယ် မှင်တက်သွားကြပြီး၊ သူတို့၏မျက်လုံးများတွင် နားမလည်နိုင်သော အရိပ်အယောင်များ ပေါ်လာခဲ့၏။

ဤစကားက သူကူညီရန် ရောက်လာသည်နှင့် မတူလှပေ။

နောက်တစ်ခဏတွင်၊ စီနီယာအစ်ကိုက သူ၏လက်ကို ပေါ့ပေါ့ပါးပါးဝှေ့ယမ်းလိုက်ရာ၊ ဗလာဖြစ်နေသော ပုံရိပ်တစ်ခုက လေထဲမှရုတ်တရက် ပေါ်ထွက်လာပြီး သူ၏အရှေ့တည့်တည့်တွင် ရပ်သွားခဲ့၏။

"လန်အာ" တာအိုသခင်မချင်းယွဲ့က အစီအရင်ပစ္စည်းကိုကိုင်ဆောင်ထားရင်း ထိုသူ၏မျက်နှာကို ရှင်းလင်းစွာ မြင်လိုက်ရသောအခါ တစ်ခဏတာ မှင်တက်သွားသည်။

ထို့ပြင် ဤတပည့်တူမလေး၏အခြေအနေကို ကြည့်ခြင်းအားဖြင့် တစ်စုံတစ်ခုမှားယွင်းနေကြောင်း ချက်ချင်းသိသာနေပြီး၊ သူမ၏နတ်ဝိညာဉ်ကိုချိပ်ပိတ်ထားကြောင်း ရှင်းလင်းနေသည်။

လူတိုင်း အံ့အားသင့်နေစဉ်၊ ခြံဝင်းအတွင်းမှ တကျွိကျွိမြည်သံတိုးတိုးတစ်ခု ပဲ့တင်ထပ်လာ၏။

တင်းကျပ်စွာ ပိတ်ထားသော တံခါးက နောက်ဆုံးတွင် ပွင့်သွားသည်။

ရှည်လျားသော ဘွတ်ဖိနပ်များက တံခါးခုံကို ကျော်ဖြတ်လာပြီး၊မှင်ရောင်ဝတ်ရုံစများ လွင့်မျောလာသည်နှင့်အမျှ၊ ထွက်ပေါ်လာသော ပုံရိပ်မှာ အသားဖြူဖျေည့ကာချောမောသော လူငယ်တစ်ဦး ဖြစ်နေသည်။

"တကယ်ပဲ မင်းကိုး" ရှန်းရွှီတောင်က ကြာမြင့်စွာကတည်းက သံသယရှိနေခဲ့သော်လည်း၊ ရှန်းယီကို မြင်လိုက်ရသောအခါ တာအိုသခင် ချန်းဖုန်းက စိတ်လှုပ်ရှားမှုဖြင့် အော်ဟစ်မိခြင်းကို မထိန်းနိုင်ခဲ့ပေ။

သူနှင့် ချင်းယဲ့တို့က ရှန်းယီနှင့် ပတ်သက်ဆက်နွယ်ခဲ့သော တောင်ထိပ်ရှစ်ခုသခင်များထဲတွင် ပထမဆုံးသူများဖြစ်ကြောင်း မှတ်သားထားရမည်။

ပထမဆုံး မြင်တွေ့ခဲ့ရစဉ်က၊ တစ်ဖက်လူက ယဲ့လန်၏နောက်သို့ လိုက်ပါလာသော ထင်ပေါ်မှုမရှိသည့် လူငယ်တစ်ဦးသာဖြစ်ပြီး၊ မုယန်၏သားနှင့် ယဲ့လန်တို့ ပဋိပက္ခဖြစ်ပွားချိန်တွင်ပင် ဤလူငယ်သည် ဘေးမှနေ၍တိတ်ဆိတ်စွာ စောင့်ကြည့်နေခဲ့သည်။

နောက်ပိုင်းတွင် ရှန်းယီက မျှော်လင့်မထားသော လှုပ်ရှားမှုများကို ဆက်တိုက်ပြုလုပ်ခဲ့ပြီး ယဲ့လန်အား ဆေးလုံးတောင်ထိပ်အား အောင်မြင်စွာ ပြန်လည်ရယူနိုင်ရန် ကူညီပေးကာ၊ တောင်ထိပ်ရှစ်ခု သခင်များထဲမှ တစ်ဦးဖြစ်လာခဲ့သော်လည်း၊ အခြားသူများ၏အမြင်တွင် သူက ဆေးတာအို၌နက်ရှိုင်းသော ဗဟုသုတရှိသည့် မျိုးဆက်သစ် လူငယ်တစ်ဦးမျှသာ ဖြစ်သည်။

မျက်တောင်တစ်ခတ်အတွင်း ဤမျိုးဆက်သစ် လူငယ်က နာမည်ကျော်ကြားသော ထိုက်ရွှီဆေးဧကရာဇ်ဖြစ်လာလိမ့်မည်ဟု မည်သူကမျှ မျှော်လင့်မထားခဲ့ပေ။

"စီနီယာအစ်ကို၊ ဒီလူကို ရှာတွေ့ပြီ မဟုတ်ဘူးလား" တာအိုသခင်မ ချင်းယွဲ့က မျက်မှောင်ကြုတ်ကာ တိုးညှင်းသော အသံဖြင့်မေးလိုက်သည်။

"တကယ်တမ်း ဘာတွေဖြစ်နေတာလဲ"

ဆေးဧကရာဇ်ကို ဤသို့မြင်တွေ့ရခြင်းက သူမည်သူနှင့်မျှ ရင်ဆိုင်နေရပုံမပေါ်သကဲ့သို့၊ ကျားနဂါးဖိနှိပ်ခြင်းအလင်းဘုရင်၏အရှိန်အဝါ အရိပ်အယောင်အနည်းငယ်မျှကိုလည်း အာရုံမခံနိုင်ခဲ့သဖြင့်၊ နတ်ဘုရားထိုက်ရွှီမသေမျိုးအစီအရင်ကို ပြင်ဆင်ရခြင်း၏ရည်ရွယ်ချက်က အဘယ်နည်းဟု တွေးစရာဖြစ်လာသည်။

"..." တာအိုသခင် ကျင်းလဲ့ သူ၏ဂျူနီယာများ၏နားမလည်နိုင်မှုများကို တုံ့ပြန်ခြင်း မရှိဘဲ၊ ရှန်းယီ၏မျက်နှာကို တည်ငြိမ်စွာ အကဲခတ်နေသည်။

တစ်ဖက်လူ ရှန်းရွှီတောင်ပေါ်တွင် ရှိနေစဉ်က ပုံရိပ်များ သူ၏စိတ်ထဲတွင် ပေါ်လာသည်။

တကယ့်ကို အထင်ကြီးဖွယ်ရာပင်။

နှမြောစရာကောင်းသည်မှာ ဤသစ္စာဖောက်က သစ္စာကင်းမဲ့ပြီး ဤမျှကြီးမားလှသော အရည်အချင်းများကို ဖြုန်းတီးပစ်နေခြင်းပင်ဖြစ်သည်။

တစ်ချိန်တည်းမှာပင်။

ရှန်းယီ၏အနောက်ရှိ ခွေးနက်က လူတိုင်းကို တိတ်ဆိတ်စွာ စောင့်ကြည့်နေခဲ့သည်။

ဘုန်းကြီးလေး ကျစ်ခုန်းက အတွေ့အကြုံနည်းပါးပြီး ကျင့်ကြံခြင်းနိမ့်ကျသော်လည်း၊ လမ်းစဉ်သုံးသွယ်၏နောက်လိုက်တစ်ဦး ဖြစ်သည့်အားလျော်စွာလောကရှိ နာမည်ကျော် မဟာမသေမျိုးဂိုဏ်းကြီးများအကြောင်းကို အတိုင်းအတာတစ်ခုအထိ သိရှိထား၏။

ထို့ပြင် ဤလူများ၏လက်ထဲရှိ အစီအရင်ပစ္စည်းက တစ်ချက်ကြည့်ရုံဖြင့် ၎င်း၏ထူးခြားသော သဘာဝကို ဖော်ပြနေပြီး၊ ဗောဓိဂိုဏ်း၏ဗုဒ္ဓအသုံးအဆောင်များနှင့် နှိုင်းယှဉ်နိုင်စွမ်းရှိပါသည်။

မျှော်လင့်မထားဘဲ၊ အရာရှိ ရှန်းက နတ်ဘုရားမင်းဆက်မှ ထွက်မသွားခဲ့သော်လည်း၊ ရှန်းရွှီတောင်မှ ဤစီနီယာများက ကလဲ့စားချေရန် ရောက်လာခဲ့ကြသည်။

ဤမသေမျိုးအစီအရင်၏ဖုံးကွယ်မှုအောက်တွင်၊ နတ်ဘုရားမင်းဆက်မှ ကျွမ်းကျင်သူများ သို့မဟုတ် စီရင်စုသခင်များပင်လျှင် ပုံမှန်မဟုတ်သောအရာတစ်စုံတစ်ရာကို သတိမပြုမိနိုင်ပေ။

ဤအရာကို တွေးမိသောအခါ၊ ဘုန်းကြီးလေး ကျစ်ခုန်း၏မျက်လုံးများတွင် စိုးရိမ်မှုအရိပ်အယောင်တစ်ခုပေါ်လာခဲ့၏။

ရှန်းရွှီဘိုးဘေးက လက်တစ်ထောင် ဗောဓိသတ္တထက်ပင် ပိုမိုအားကောင်းသောကျင့်ကြံသူ တစ်ဦးဖြစ်ပြီး၊ ဒဏ်ရာရနေသော အခြေအနေမျိုးတွင်လည်းမရှိသည့်အပြင် ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်ထားသောကြောင့် သူ၏အန္တရာယ်ရှိမှု အဆင့်က ယခင် ဗောဓိသတ္တထက်များစွာ သာလွန်နေသည်။

သူက သူ၏ဘေးရှိလူငယ်ကို တိတ်ဆိတ်စွာ လှမ်းကြည့်လိုက်၏။

သို့သော် အရာရှိရှန်းက တည်ငြိမ်သော အမူအရာကို ထိန်းသိမ်းထားဆဲဖြစ်ပြီး၊ အခြားသူများကိုလျစ်လျူရှုလျက်ခြံဝင်းအတွင်းရှိ အခြား လူနှစ်ဦး၏အရှေ့တွင် ရပ်တန့်သွားသည်အထိ ပေါ့ပါးစွာ ခြေလှမ်းလှမ်းသွားသည်ကို သူတွေ့လိုက်ရသည်။

တာအိုသခင် ကျင်းလဲ့က ကြည့်နေရုံသာဖြစ်ပြီး ဆုတ်ခွာမည့်အရိပ်အယောင် အနည်းငယ်မျှမပြခဲ့ပေ။

ဆန့်ကျင်ဘက်အနေဖြင့်၊ ရှန်းယီပိုမို နီးကပ်လာသည်နှင့်အမျှ၊ သူ၏မျက်လုံးများထဲရှိ အပူရှိန်သည် ပိုမိုပြင်းထန်လာ၏။

သူက တစ်ဖက်လူခုခံလာမည်ကိုပင် မျှော်လင့်နေဟန်ရှိပါသည်။

ထိုက်ရွှီဆေးဧကရာဇ်နှင့် ကျားနဂါးဖိနှိပ်ခြင်းအလင်းဘုရင်တို့ကို မျိုးဆက်သစ် လူငယ်များ၏ခေါင်းဆောင်များအဖြစ် အသိအမှတ်ပြုခံထားရပြီး ဖြစ်သည်။

သူတို့ထဲမှ တစ်ဦးကို ကိုယ်တိုင် ဖမ်းဆီးနိုင်မည်ဆိုပါက၊ ထိုအခါ သူ့ကို မည်သည့်နေရာတွင်ထားရှိသင့်မည်နည်းဟု တွေးစရာ ဖြစ်လာသည်။

ကံမကောင်းစွာဖြင့်၊ တာအိုသခင် ကျင်းလဲ့ကို စိတ်ပျက်သွားစေသည်မှာ၊ ရှန်းယီက လှုပ်ရှားမည့် ရည်ရွယ်ချက်မရှိဘဲ၊ လက်ကို ပေါ့ပေါ့ပါးပါး မြှောက်ကာ သူ၏လက်ချောင်းထိပ်များက ယဲ့လန်၏နဖူးဆီသို့ ညွှန်ပြနေသည်။

ထို့နောက် သူ၏လက်နှစ်ချောင်းဖြင့် ညင်သာစွာ ဆွဲညှစ်လိုက်ပြီး၊ ကောင်မလေး၏မျက်ခုံးကြားမှ ချည်မျှင်တစ်ခုကို ဆွဲထုတ်လိုက်၏။

ဤပေါ့ပေါ့ပါးပါးလှုပ်ရှားမှု တစ်ခုတည်းကပင် တာအိုသခင် ကျင်းလဲ့ကို မျက်လုံးအနည်းငယ် ကျဉ်းသွားစေပြီး တိတ်တဆိတ်သက်ပြင်းချသွားစေသည်။

ဤစွမ်းရည်တစ်ခုတည်းကပင် ထိုက်ရွှီဆေးဧကရာဇ်၏ကြီးမားလှသော ဂုဏ်သတင်းနှင့် ထိုက်တန်ပြီး၊ အပေါ်ယံဟန်ပြသက်သက် မဟုတ်ကြောင်း ရှင်းလင်းနေသည်။

"မြန်မြန် ထွက်သွား သူက ရှင့်ကိုစားချင်နေတာ" ယဲ့လန်၏ပြန့်ကျဲနေသော သူငယ်အိမ်များက တဖြည်းဖြည်းစုစည်းလာပြီး၊ သူမ၏အသိစိတ်အပြည့်အဝမဝင်မီမှာပင်၊ တုန်လှုပ်ခြင်းနှင့် ဒေါသတို့ရောယှက်နေသော စကားတစ်ခွန်းထွက်ပေါ်လာ၏။

သူမ၏အမြင်အာရုံ ရှင်းလင်းသွားသောအခါ၊ သူမက ရှန်းယီ၏ရင်းနှီးသော မျက်နှာကိုစိုက်ကြည့်ကာ၊ မှင်တက်စွာဖြင့် တစ်ခဏတာရပ်တန့်သွားပြီးနောက်၊ရုတ်တရက် လှည့်ကာ ပတ်ဝန်းကျင်ကို ကြည့်လိုက်သည်။

သူမမြင်တွေ့လိုက်ရသည်မှာ တောင်ထိပ်သခင် အနည်းငယ်နှင့် ကောင်းကင်ကန့်လန့်ကာကိုလွှမ်းခြုံထားသော နတ်ဘုရားထိုက်ရွှီမသေမျိုးအစီအရင်ပင်။

ဂိုဏ်းက သူမမှတစ်ဆင့် ရှန်းယီကို အောင်မြင်စွာ ရှာဖွေတွေ့ရှိသွားကြောင်း ရှင်းလင်းနေသည်။

ယဲ့လန်၏အတွေးများက နောက်ဆုံးတွင် ရှင်းလင်းသွားပြီး သူမ၏မျက်နှာဖြူရော်သွား၏။

သူမက ရှန်းယီကို တစ်စုံတစ်ရာကူညီပေးခဲ့သည်ဟု အမှန်တကယ် မခံစားခဲ့ရဖူးပေ။

မည်သို့ပင်ဆိုစေ သူ၏အရည်အချင်းဖြင့်၊ သူက အနည်းငယ်ထုတ်ပြရန် ဆန္ဒရှိနေသရွေ့ မည်သည့်ဂိုဏ်းကမျှ သူ့ကိုဝင်ခွင့် ငြင်းပယ်မည် မဟုတ်ပေ။

ပြောင်းပြန်အားဖြင့်၊ သူမကသာ သူ့ကို ရှန်းရွှီတောင်သို့ ခေါ်ဆောင်လာပြီး တောင်ထိပ်သခင် နေရာကို ပေးအပ်ခဲ့ကာ၊ ဤသိုင်းဦးလေးကို ရှန်းရွှီ လူယုတ်မာအိုကြီးထံသို့ တစ်ဆင့်ပြီးတစ်ဆင့်ပို့ဆောင်ပေးခဲ့သည့်အပြင် ယခုဆိုလျှင် ထို လူယုတ်မာအိုကြီးကို ကိုယ်တိုင်ကိုယ်ကျပင် ခေါ်ဆောင်လာခဲ့ပြီဖြစ်သည်။

မီးခိုးရောင်မြူခိုးများကြားရှိ ထိုမျက်လုံးများကို တွေးလိုက်ရုံဖြင့် ယဲ့လန်၏တစ်ကိုယ်လုံးကို တုန်ယင်သွားစေပြီး၊ သူမ၏လက်ဖဝါးများက မထိန်းချုပ်နိုင်အောင် တုန်ခါနေသည်။

တုန်ယင်နေသော နှုတ်ခမ်းများဖြင့်၊ သူမက စုဝေးနေသော ဆရာဦးလေးများကိုကြည့်ကာ သားရဲငယ်လေးတစ်ကောင်ကဲ့သို့ အော်ဟစ်လိုက်၏။

"ကျွန်မရဲ့ဆရာက အဲဒီဆေးမီးဖိုကို မဖျက်ဆီးခဲ့ဘူး"

"ကျွန်မရဲ့ဆေးလုံးတောင်ထိပ်က ရှန်းရွှီတောင် အပေါ်ဘယ်တုန်းကမှ မှားယွင်းတာမျိုး မရှိခဲ့ဘူး"

အခန်း (၁၁၆၄) ခင်ဗျားရဲ့အသက်ကိုဝယ်ဖို့ သူမက ကပ်ဘေးဧကရာဇ်ချီ ၁၀၀၀ ကို အသုံးပြုခဲ့တယ်

"သူက ကျွန်မတို့ရဲ့ဂိုဏ်းအဖွဲ့ဝင်တွေရဲ့အသက်တွေကို အသုံးပြုပြီး သုံးနဲ့သုံးအရေအတွက်ကို ဖြတ်ကျော်ဖို့အတွက် လောဘတကြီးဝါးမြိုနေခဲ့တာ။ ရှင်တို့အားလုံးက အစာသက်သက်ပဲဆိုတာကိုတောင်သတိမထားမိကြဘူး။ ဒုတိယဆေးတောင်ထိပ်ဖြစ်လာမှာကို ရှင်တို့ မကြောက်ကြဘူးလား။"

"..."

တာအိုသခင် ကျင်းလဲ့က ရပ်တန့်ရန်ရည်ရွယ်ချက် မပြဘဲ တိတ်ဆိတ်စွာစောင့်ကြည့်နေသည်။

မည်သို့ပင်ဆိုစေ ဤကိစ္စများကို ဖုံးကွယ်ထား၍ မရနိုင်ပေ။

ထို့ပြင် ရှန်းရွှီတောင်မှ ယူဆောင်လာသော အကျိုးကျေးဇူးများကို ခံစားလိုသော်လည်း ဤမျှတာဝန်လေးကိုပင်မထမ်းဆောင်လိုပါက၊ သူတို့ဟာ ကြီးမားလှသောကောင်းချီးများကိုမျှဝေခံစားခွင့် မည်သို့ရှိမည်နည်း။

"ဒါက..."

အားလုံးက နှစ်ပေါင်းများစွာကျင့်ကြံလာခဲ့သော ကျင့်ကြံသူများဖြစ်ကြ၏။ ယဲ့လန်၏အမူအရာနှင့် ထိုစကားအနည်းငယ်မှတစ်ဆင့်၊ အမှန်တကယ် မည်သည့်အရာဖြစ်ပျက်ခဲ့ကြောင်းကို လူတိုင်း အကဲခတ်နိုင်ခဲ့သည်။

တာအိုသခင် ချန်ဖုန်း၏မျက်နှာက အကြိမ်အနည်းငယ်တွန့်လိမ်သွားပြီး စီနီယာအစ်ကိုကို မယုံကြည်နိုင်စွာ ကြည့်လိုက်၏။

ဆေးတောင်ထိပ်ပျက်စီးမှုကြောင့် ရှန်းရွှီတောင်၏အရင်းအမြစ်များ ကုန်ဆုံးသွားခြင်း၊ ဆရာသခင် မဟာကပ်ဘေးနှင့် ရုန်းကန်နေရခြင်း၊ သူ၏အသက်အန္တရာယ် ခြိမ်းခြောက်ခံရခြင်းနှင့် မသေမျိုးဂိုဏ်းတစ်ခုလုံးပြိုလဲသွားနိုင်ခြေရှိခြင်း အစရှိသည်တို့က အမှန်တကယ်ဖိအားများကြောင့် မဟုတ်ခဲ့ပေ။

၎င်းသည် ဆရာသခင်က သူ၏ဒေါသကို မထိန်းချုပ်နိုင်ဘဲ ဆက်လက်မစောင့်ဆိုင်းလိုသောကြောင့်သာဖြစ်သည်။

ဤအရှုပ်တော်ပုံက မည်သူမဆို စိတ်ကူးထားနိုင်သည်ထက် ပို၍ယုတ်မာရိုင်းစိုင်းနေခဲ့သည်။

"ကောင်းကင်ဆေးလုံးက သစ္စာမရှိဘူး၊ ဆရာသခင်က သူ့ကိုနှိမ်နင်းဖိနှိပ်ဖို့ ငါတို့ကို အမိန့်ပေးထားတယ်၊ ဒါက ဆရာသခင်ရဲ့ အမိန့်ပဲ။"

"မင်းတို့ရဲ့အစီအရင်ပစ္စည်းတွေကို မြဲအောင်ကိုင်ထား၊ အမှားမလုပ်နဲ့။" တာအိုသခင် ကျင်းလဲ့က ခေါင်းမလှည့်ဘဲ အေးစက်စွာပြောလိုက်သည်။

"သောက်ချေးလိုပဲ အစီအရင်ပစ္စည်းတွေ။"

အခြား တောင်ထိပ်သခင်များအတွေးထဲ နစ်မြောနေသည့် အခိုက်အတန့်တွင်၊ တာအိုသခင် ချန်းဖုန်းက သူ၏လက်ထဲရှိ ပစ္စည်းကို မထီမဲ့မြင်ပြုစွာဖြင့် မြေကြီးပေါ်သို့ ပစ်ချလိုက်၏။

သူက သဘာဝအားဖြင့် ဒေါသပေါက်ကွဲလွယ်သူဖြစ်သည်။ ထိုသို့မဟုတ်ပါက ယခင်အခြေအနေတွင် တာအိုသခင် မုယန်ကို သူ ဆက်တိုက် လှောင်ပြောင်နေခဲ့မည် မဟုတ်ပေ။

ထိုအချိန်ကတည်းက လူတိုင်းတစ်စုံတစ်ခု မှားယွင်းနေကြောင်း ခံစားခဲ့ရ၏။

သို့သော် သူတို့သည် စီနီယာအစ်ကို၏စီစဉ်မှုများကို လိုက်နာရသည်မှာအသားကျနေခဲ့ရာ၊ သူတို့၏ဂုဏ်သိက္ခာကို အမှန်တကယ်တန်ဖိုးထားကာ အရှုပ်တော်ပုံပြန့်နှံ့သွားမည်ကို ကြောက်ရွံ့သောကြောင့်၊ စီနီယာအစ်ကို၏ဆင်ခြေများဖြင့် လွယ်ကူစွာ ငြိမ်သက်သွားခဲ့ကြသည်။

ယခုအခါ သူတို့၏သံသယများ အတည်ပြုခံလိုက်ရသဖြင့်၊ သူတို့ကိုရွံရှာမုန်းတီးမှုနှင့် အော်ဂလီဆန်မှုများကိုသာ ခံစားရစေခဲ့၏။

"..." အထက်ရှိ မမြင်နိုင်သော ကန့်လန့်ကာက အနည်းငယ် လှိုင်းထသွားသည်။

တာအိုသခင်မ ချင်းယွဲ့က နှုတ်ခမ်းကိုကိုက်လိုက်ပြီး၊ တာအိုသခင် ချန်းဖုန်းကဲ့သို့ ဒေါသမျိုးမပြသသော်လည်း၊ သူမ၏ရပ်တည်ချက်ကို ပြသကာ သူမကပ်ဘေးစွမ်းအားကို တိုက်ရိုက် ရုပ်သိမ်းလိုက်သည်။

"ငါတို့ရဲ့မသေမျိုးဂိုဏ်းကဖြောင့်မတ်တဲ့ ဂိုဏ်းဖြစ်တယ်၊ ဆေးဧကရာဇ်က သစ္စာမရှိဘူးလို့ ရှင်ပြောရင်၊အခြေအမြစ်မရှိတဲ့ စွပ်စွဲချက်တွေသက်သက် မဟုတ်ဘဲသက်သေအထောက်အထားတချို့ ပေးရမယ်။"

"သေချာတာပေါ့... ရှင်ပြောတဲ့ သစ္စာမရှိမှုဆိုတာ ကျွန်မတို့ဆရာသခင်ရဲ့ဗိုက်ကိုဖြည့်ဆည်းပေးဖို့ သူ့ကိုယ်သူမစတေးလိုတာတော့ မဟုတ်ပါဘူးနော်။"

တာအိုသခင် ချင်းယွဲ့၏စကားကြောင့် ကျန်ရှိနေသော တောင်ထိပ်သခင်များက တစ်ခဏတာတုံ့ဆိုင်းသွားကြသော်လည်း၊ ထို့နောက် သူတို့၏အစီအရင်ပစ္စည်းများမှ ကပ်ဘေးစွမ်းအားကို တစ်ပြိုင်နက်တည်း ရုပ်သိမ်းလိုက်ကြ၏။

မူလက တောင်ထိပ်သခင် ရှစ်ဦး၏ပူးပေါင်းဆောင်ရွက်မှုလိုအပ်သော မသေမျိုးအစီအရင်က ယခုအခါ ထိန်းချုပ်သူခြောက်ဦးသာ ကျန်ရှိတော့သဖြင့်၊ ၎င်း၏ထိရောက်မှု ခုနစ်ဆယ်ရာခိုင်နှုန်းထက်ပို၍ မစွမ်းဆောင်နိုင်တော့ပေ။

သူတို့ တစ်ယောက်ချင်းစီဆုတ်ခွာသွားသည်နှင့်အမျှ..မမြင်နိုင်သော ကန့်လန့်ကာ၏လှိုင်းထမှုက ပိုမိုသိသာလာပြီး ပြိုကျမည့် လက္ခဏာများကိုပင် ပြသနေသည်။

တာအိုသခင် ကျင်းလဲ့၏လက်ထဲရှိ အစီအရင်အဓိကပစ္စည်းသာ မနည်းတောင့်ခံထားနေရ၏။

သို့သော် ၎င်း၏အာနိသင်က အစစ်အမှန် ဗောဓိသတ္တမသေမျိုးအရှင်ကို ထိန်းချုပ်ရန် ဆိုထားနှင့် ဧကရာဇ်ချီ၏အာရုံခံနိုင်စွမ်းကိုဖုံးကွယ်ရန်ပင် အနိုင်နိုင်ဖြစ်နေသည်၊။

"ဟက်။" တာအိုသခင် ကျင်းလဲ့ ခံစားချက်များဖြင့် အနည်းငယ်ဖြင့်ခေါင်းယမ်းလိုက်သည်။ "သူ ကိုယ်တိုင်ပြုစုပျိုးထောင်ခဲ့တဲ့ တပည့်တွေအားလုံးကနှလုံးသားမရှိဘဲ ယုံကြည်မှုကင်းမဲ့နေကြတယ် ဆိုတာကို ဆရာသခင်မျက်မြင်ကိုယ်တွေ့ မြင်တွေ့ခွင့်ရလိုက်လို့ သူဘယ်လောက်တောင်စိတ်နှလုံး ကွဲကြေရမလဲ မသိဘူး။"

"ဒါပေမယ့် ဒါက အကောင်းဆုံးပါပဲ။"

"အခု ရှင်းရှင်းလင်းလင်းသိလိုက်ရတာက အနာဂတ်မှာ မင်းတို့ကြောင့်ပိုပြီး နက်နက်ရှိုင်းရှိုင်း နာကျင်ရတာထက် ပိုကောင်းပါတယ်။"

စကားပြောပြီးနောက်၊ သူ ရှေ့ရှိလူငယ်ထံသို့ အကြည့်ပြန်လှည့်ကာ ခံစားချက်ကင်းမဲ့စွာ ပြောလိုက်၏။ "တကယ်လို့ မင်းကမတိုက်ခိုက်ဘဲ အညံ့ခံဖို့ဆန္ဒရှိရင်၊အနည်းဆုံးတော့ ဆေးတောင်ထိပ်က အသက်တစ်ချောင်းကျန်ရစ်နိုင်ပါတယ်။"

တာအိုသခင် ကျင်းလဲ့က ယဲ့လန်ကိုရည်ညွှန်းနေခြင်းဖြစ်ကြောင်း ထင်ရှားပါသည်။

"မလိုအပ်ဘူး။" ယဲ့လန် ရှေ့ရှိ အဖိုးအိုကို စိုက်ကြည့်နေပြီး၊ သူမ၏ရင်တွင်းရှိ သတ်ဖြတ်လိုသော ရည်ရွယ်ချက်ကိုနောက်ဆုံးတွင် မဖုံးကွယ်တော့ပေ။

"ကျွန်မရဲ့စွမ်းရည်တွေ နည်းပါးပြီး နှစ်ပေါင်းများစွာနောက်ကျမှ မွေးဖွားလာခဲ့တာ နှမြောစရာကောင်းတယ်။မဟုတ်ရင် ကျွန်မဆရာရဲ့ကျေးဇူးကို ဆပ်ဖို့ နင်တို့အားလုံးကိုခုတ်ပိုင်းပစ်ဖို့ ဓားတစ်လက်ယူခဲ့မှာ။"

"ကျွတ်" တာအိုသခင် ကျင်းလဲ့က မျက်ခုံးကို အနည်းငယ်ပင့်လိုက်ပြီး၊ ရှန်းယီကို ဖျော့တော့စွာ ပြုံးပြလိုက်သည်။

သူ၏လက်ဖဝါးမှ မီးခိုးရောင်မြူခိုးများ ထွက်ပေါ်လာနေသည်။

မသေမျိုးအစီအရင်က နာမည်ကျော်ကြားသော ထိုက်ရွှီဆေးဧကရာဇ်ကို ပိတ်လှောင်ရန်သာရည်ရွယ်ပြီး၊ ၎င်းကို အသုံးပြုမည့်သူမှာ သဘာဝကျကျပင် ကိုယ်တိုင်ကိုင်တွယ်ဖြေရှင်းမည့် ဆရာသခင်သာ ဖြစ်သည်။

သူ၏ကိုယ်ပိုင် အခန်းကဏ္ဍမှာမူ လမ်းကြောင်းတစ်ခုဆွဲပေးရန်သာဖြစ်သည်။

ယခုအခါ သူ၏ဂိုဏ်းတူအဖွဲ့ဝင်များက သူတို့၏လုပ်ရပ်များကြောင့် နောင်တရမည်လားဆိုသည်ကို မသိရသေးပေ။

ဤအခိုက်အတန့်တွင်၊ တာအိုသခင် ကျင်းလဲ့က တစ်စုံတစ်ခု ထူးဆန်းနေကြောင်း ရုတ်တရက် ခံစားလိုက်ရသည်။

အစမှအဆုံး ရှန်းယီက သူ့ကိုစောင့်ကြည့်နေခဲ့သော်လည်း၊ သူ့ကို လုံးဝ ဂရုမစိုက်သည့်အလား ဖြစ်နေပြီး၊ထို ကြည်လင်သောအနက်ရောင် မျက်လုံးများထဲတွင် သူ့အတွက်စိတ်ခံစားမှု အရိပ်အယောင်အနည်းငယ်မျှ မရှိကြောင်း သူ သဘောပေါက်သွားသည်။

ဆရာသခင်ရောက်လာမည်ကို ဤသူက အစကတည်းက သိရှိနေခဲ့သည်။

တစ်ဖက်လူ၏မျက်လုံးများတွင် သူက လူတစ်ယောက်ပင်မဟုတ်ဘဲ ဆရာသခင်ထံ ခေါ်ဆောင်သွားမည်လမ်းတစ်ခုမျှသာ ဖြစ်သည်။

ဤအရာကို သဘောပေါက်သွားသောအခါ၊ တာအိုသခင် ကျင်းလဲ့က နက်ရှိုင်းသောအရှက်ကွဲမှုနှင့် ဒေါသတို့ဖြင့် ရုတ်တရက်လွှမ်းမိုးခံလိုက်ရ၏။

သူက မသေမျိုးအစီအရင်၏စွမ်းအားကို လှုံ့ဆော်ကာ ပြိုင်ဘက်ဘက်သို့ပြင်းထန်စွာ ဖိနှိပ်လိုက်၏။ "အသိဉာဏ်ကင်းမဲ့တဲ့လူမိုက်၊ ဆရာသခင် ရောက်လာတာကိုကြိုဆိုဖို့ ဒူးမထောက်ဘူးလား။"

"..."

ရှန်းယီ၏အကြည့်က နောက်ဆုံးတွင် မီးခိုးရောင် မြူခိုးများမှ အဖိုးအို၏မျက်နှာပေါ်သို့ ကျရောက်သွားသည်။

တစ်ချက်ကြည့်လိုက်ရုံဖြင့် တာအိုသခင် ကျင်းလဲ့၏မျက်နှာကို သိသိသာသာ ပြောင်းလဲသွားစေပြီး၊ သူ၏တစ်ကိုယ်လုံးရှိ အရိုးများတကျွတ်ကျွတ်မြည်သွားကာ၊ နတ္ထိရွှေမိုးကြိုးတာအို အသီးအပွင့်နှင့် ဆက်သွယ်မှုပြတ်တောက်သွားခဲ့သည်။

သူ၏တစ်ကိုယ်လုံး တောင့်တင်းသွားပြီး မြေကြီးပေါ်တွင် အတင်းအကျပ်ဖိအားပေးဒူးထောက်ခံလိုက်ရသည်။

ရှန်းယီသည် သူ၏အကြည့်ကို ရုပ်သိမ်းလိုက်ပြီး ယဲ့လန်၏ပခုံးကို ညင်သာစွာ ပုတ်လိုက်၏။ "ငြိမ်ငြိမ်နေပြီး အကြွေးယူရမယ့်အချိန်ကို စောင့်နေလိုက်။"

အကြွေး ယူရမှာလား။

ယဲ့လန် နားမလည်နိုင်စွာဖြင့် လှည့်ကြည့်လိုက်ပြီးနောက်မှ နားလည်သွားခဲ့သည်။ အကယ်၍ အကြွေးတစ်ခုခု ရှိနေမည်ဆိုပါက၊ ၎င်းက လွန်ခဲ့သော အချိန်ကြာမြင့်စွာက တစ်ဖက်လူ ပေါ့ပေါ့ပါးပါးပေးခဲ့သော ကတိစကားသာ ဖြစ်နိုင်သည်။

အသက်တစ်ချောင်းနှင့် လဲလှယ်ရန် ကပ်ဘေးတစ်ထောင် ဧကရာဇ်ချီ။

ရှန်းရွှီဘိုးဘေး၏အသက်ကို ဝယ်ယူရန်ဖြစ်သည်။

နောက်တစ်ခဏတွင်၊ ရှန်းယီက တည်ငြိမ်စွာမတ်တပ်ရပ်နေပြီး၊လူးလွန့်နေသော မီးခိုးရောင်မြူခိုးများက သူ့ကိုလုံးဝလွှမ်းခြုံသွားသည်ကို စောင့်ကြည့်နေခဲ့၏။

All Chapters