အခန်း (၁၁၆၇-၁၁၆၈)
Vol. 117 Ch. 1167-1168
အခန်း (၁၁၆၇) မှန်ကန်တဲ့ လမ်းကြောင်းကို ရွေးချယ်ဖို့ အရမ်းအရေးကြီးတယ်
"..."
ရှန်းယီ၏စိတ်ထဲတွင် မျှော်လင့်ချက်တစ်ခု ပေါ်ထွက်လာခဲ့သည်။
သူ မှတ်မိသလောက်ဆိုလျှင်၊ ဗောဓိဂိုဏ်း နှင့်မတူဘဲ၊ ရှန်းရွှီဘိုးဘေးက မသေမျိုးသုံးပါးဂိုဏ်းတွင် သူကြုံတွေ့ခဲ့ရသော နတ်ဆိုးမျိုးနွယ်မှ ပထမဆုံးသူဖြစ်နိုင်ပါသည်။
ကျန်ရှိနေသူများမှာ စီးတော်ယာဉ်များ သို့မဟုတ် နတ်သားရဲများသာဖြစ်ကြ၏။
ဤအချက်ကိုထောက်ရှုခြင်းအားဖြင့်၊ မသေမျိုးသုံးပါးဂိုဏ်းက ဗောဓိဂိုဏ်းထက် ဘိုးဘေးများနှင့် အမွေအနှစ်များကို ပိုမို တန်ဖိုးထားကြောင်း ထင်ရှားသည်။
အခြားသော မသေမျိုးဂိုဏ်းများက တန်ဖိုးထားသော မဟာကပ်ဘေးများကို စိတ်ဝင်စားမှုမရှိဘဲ၊ ရှန်းရွှီဘိုးဘေးက ထိုက်ရွှီနယ်ပယ် တွင် အဘယ်ကြောင့် နှစ်ပေါင်းများစွာ တိတ်ဆိတ်စွာ နေခဲ့သည်ကို ဤအချက်က သွယ်ဝိုက်၍ ရှင်းပြနေသည်။
တပည့်တစ်ဦးက မသေမျိုးခုံရုံး၏ပူးတွဲအုပ်စိုးရှင် နေရာသို့ အမှန်တကယ်တက်လှမ်းသွားလျှင်ပင်၊ နတ်ဆိုးမျိုးနွယ်မှ ဆရာတစ်ဦးအနေဖြင့်၊ မသေမျိုးသုံးပါးဂိုဏ်းတွင် သူ၏အဆင့်အတန်းမှာ တိုးတက်လာမည် မဟုတ်သဖြင့်၊ သူ၏ကိုယ်ပိုင် စွမ်းအားကိုမြှင့်တင်ရန် နည်းလမ်းများကိုသာ ရှာဖွေရခြင်းဖြစ်မည်။
အမှန်တကယ်တော့၊ ဤကိစ္စများက ရှန်းယီနှင့် သိပ်မသက်ဆိုင်လှပေ။
သူ အမှန်တကယ် မျှော်လင့်ထားသောအရာမှာ ဤ မဟာနတ်ဆိုးကြီး ဘိုးဘေးဆရာသခင်က သူ၏သံသယများကို အတည်ပြုပေးနိုင်မည်လား ဆိုသည်ပင်။
တတိယအဆင့်က ယခင် နယ်ပယ်များနှင့် ကွာခြားသည်။
ဤသည်မှာ မိုးကောင်းကင်နှင့်မြေပြင်၏အစစ်အမှန်နတ်ဘုရားများကို အတုယူရာတွင် မသေမျိုးများလှမ်းလိုက်သော သိသာထင်ရှားသည့် ခြေလှမ်းတစ်လှမ်းပင်။
စစ်မှန်သော နတ်ဘုရားများသည် အမှန်တကယ်ပင် မသေနိုင်၊ မပျက်စီးနိုင်ကြောင်း နားလည်ထားရမည် ဖြစ်သည်။
ထိုအချက်ကို စိတ်ထဲထားလျက်၊ ရှန်းယီ စနစ်မျက်နှာပြင် ဆီသို့အကြည့်လွှဲလိုက်၏။
သို့သော် ထိုအကြည့်ကပင် သူ၏မျက်ခွံကို အနည်းငယ် လှုပ်သွားစေခဲ့သည်။
စနစ်မျက်နှာပြင်တွင် သက်ဆိုင်ရာအချက်ပြမှု မပေါ်လာခဲ့ပေ။
မျက်တောင်တစ်ခတ်အတွင်း၊ ရှန်းယီ၏မျက်လုံးများတွင် ကြမ်းတမ်းသောအရိပ်အရောင်တစ်ခုပေါ်လာပြီး၊ သူ၏အောက်ရှိ သွေးပုံကို ခံစားချက်ကင်းမဲ့စွာ ကြည့်လိုက်သည်။
ဤအေးစက်သော အကြည့်၏စူးစမ်းမှုအောက်တွင်၊သွေးပုံက ၎င်း၏တည်ငြိမ်မှုကို ထိန်းသိမ်းထားရန် ကြိုးစားနေခဲ့သည်။
၎င်း၏လက်ရှိ အခြေအနေတွင် ထိုရွှေမသေမျိုးများအုပ်စု ဤနေရာတွင် ရှိနေလျှင်ပင်တစ်စုံတစ်ခု မှားယွင်းနေကြောင်းကို သူတို့ သတိပြုမိနိုင်မည် မဟုတ်ပေ။
ဒီကောင်လေး ငါ့ကိုစမ်းသပ်နေတာပဲ ဖြစ်ရမယ်။
နောက်တစ်ခဏတွင်၊ ထူထပ်သော ရွှေရောင်အလင်းတန်းတစ်ခုက လောကကြီးကို နောက်တစ်ကြိမ်လွှမ်းခြုံသွားပြီး၊ ပြည့်နှက်နေသော မီးခိုးရောင်မြူခိုးများကို ဖယ်ရှားကာ၊ ဟုန်ကျယ်၏မြည်ဟီးသံကဲ့သို့ ပဲ့တင်ထပ်နေသော ဟိန်းဟောက်သံကြီးကို ဖြစ်ပေါ်စေခဲ့သည်။
ဘုန်း..
မြေကြီးပေါ်ရှိ အသားပုံက လျင်မြန်စွာ လူးလွန့်သွားပြီး၊ပျက်စီးနေသော ကြည်လင်သည့်ပုံရိပ်တစ်ခု ထွက်ပေါ်လာကာ၊ ဦးတည်ရာ တစ်ခုဆီသို့ အသည်းအသန် ထွက်ပြေးသွားခဲ့၏။
သို့သော်၊ ရွှေရောင်အလင်းတန်းက နဂါးတစ်ကောင်ကဲ့သို့ အဆက်မပြတ်လိုက်လံ ဖမ်းဆီးနေခဲ့သည်။
ရှန်းရွှီဘိုးဘေး မီးခိုးရောင်မြူခိုးများကို တိုက်ရိုက် ဖောက်ထွင်းပြီး၊ ထိုက်ရွှီ နယ်ပယ်၏ထိုအစိတ်အပိုင်းမှ မိမိဆန္ဒအလျောက်ထွက်ခွာသွားရန်မှတစ်ပါး အခြားရွေးချယ်စရာမရှိတော့ပေ။
...
ကျန်းယန်စီရင်စု၊ ရှန်းစံအိမ်တွင်
တာအိုသခင် ကျင်းလဲ့က မြေကြီးပေါ်တွင် အတင်းအကျပ်ဖိနှိပ်ခံထားရဆဲဖြစ်ပြီး၊ သူ၏ဒူးများကမြေကြီးထဲသို့ ခိုင်မြဲစွာနစ်မြုပ်နေခဲ့၏။
စတုတ္ထအဆင့် ထိုက်ယင်အစစ်အမှန်မသေမျိုး တစ်ဦးအနေဖြင့်၊ ထိုလူ၏အကြည့်တစ်ချက်ကပင် သူ့အပေါ် မရေမတွက်နိုင်သော တောင်တန်းကြီးများဖိချထားသကဲ့သို့ အလေးချိန်ရှိနေပြီး၊ သူ့ကို ပြန်လည် မတ်တပ်ရပ်ရန်ပင် ခွင့်မပြုခဲ့ပေ။
ဤအရာတစ်ချက်ကပင် ပြိုင်ဘက်အပေါ် သတ်မှတ်ထားသော ဂုဏ်သတင်းနှင့် ဩဇာတိက္ကမ ထက်များစွာ သာလွန်နေသည်။
သို့သော် အဖိုးအိုက ခေါင်းငုံ့ထားရုံသာဖြစ်ပြီး၊ သူ၏လက်ထဲရှိ အစီအရင်ပစ္စည်းကို စူးစိုက်ကြည့်နေခဲ့သည်။
သူနှင့် နှိုင်းယှဉ်ပါက ကျန်ရှိနေသော တောင်ထိပ်သခင်များက ပို၍ပင် ဇဝေဇဝါဖြစ်နေပုံရသည်။
တာအိုသခင် ချန်းဖုန်း နှင့် တာအိုသခင်မ ချင်းယွဲ့ တို့မှလွဲ၍ကျန်သူများက သူတို့၏ဂိုဏ်းကို ဆန့်ကျင်မည့် ရည်ရွယ်ချက် မရှိကြပေ။
သူတို့၏ကပ်ဘေးစွမ်းအားများကို ရုပ်သိမ်းလိုက်ရခြင်း၏တစ်ခုတည်းသော အကြောင်းရင်းမှာ စီနီယာအစ်ကို၏ရှင်းပြချက်ကို နားထောင်ရန်သာ ဖြစ်သည်။
မည်သို့ပင်ဆိုစေ သူတို့၏နှလုံးသားထဲတွင်၊ သူတို့က ဂိုဏ်းကိုနှစ်ပေါင်းများစွာ အလုပ်အကျွေးပြုခဲ့သောတပည့်များ ဖြစ်ကြပြီး မျက်ကန်းနောက်လိုက်များ မဟုတ်ကြပေ။ သူတို့အနည်းဆုံး ထိုမျှလောက်တော့ထိုက်တန်သည်ဟု ခံစားခဲ့ကြ၏။
မျိုးဆက်သစ်လူငယ်များကြားရှိ ကိစ္စရပ်များတွင် ဆရာသခင်ကိုယ်တိုင် ဆင်းသက်လာလိမ့်မည်ဟု သူတို့ဘယ်သောအခါမျှ မျှော်လင့်မထားခဲ့ကြပေ။
ထို မီးခိုးရောင်မြူခိုးတန်းလေးကို မြင်တွေ့လိုက်ရသောအခါ၊ စီနီယာအစ်ကိုက သူတို့ကိုမည်သည့် ရွေးချယ်စရာမျှ မချန်ထားခဲ့တော့ပေ။
ဤအခိုက်အတန့်တွင်၊ သူတို့၏နှလုံးသားများက လုံးဝ အေးစက်နေခဲ့၏။
လှည့်၍ထွက်ပြေးရန်ဟူသော အတွေးကိုပင် သူတို့ မတွေးရဲကြပေ။
အားလုံးက တစ်ချိန်က ထိုက်ရွှီတာအို အသီးအပွင့်ကို ရရှိခဲ့ဖူးကြရာ၊ သူတို့က ရေမြောင်းထဲမှကြွက်စုတ်များကဲ့သို့ ခေါင်းငုံ့ပေးလိုက်လျှင်ပင် ဆရာသခင်၏လျှို့ဝှက်ဆန်းကြယ်သော နည်းလမ်းများကို သူတို့ မည်သို့ ရှောင်လွှဲနိုင်မည်နည်း။
"စီနီယာအစ်ကို..." လူအနည်းငယ်က အတော်လေး စိုးရိမ်နေပုံဖြင့် တာအိုသခင် ချန်းဖုန်းကို သတိရှိရှိ လှမ်းကြည့်လိုက်ကြ၏။
"မင်းတို့က ဒူးထောက်ပြီးသနားညှာတာဖို့ တောင်းပန်ချင်တယ်၊ ခွင့်လွှတ်ဖို့ တောင်းဆိုချင်တယ်ဆိုရင် ဒါ မင်းတို့ကိစ္စပဲ၊ ငါ့ကို လာမမေးနဲ့"
ဆရာသခင်ထွက်ပေါ်လာမည်ကို တာအိုသခင် ချန်းဖုန်းပင် မျှော်လင့်မထားခဲ့ကြောင်း ထင်ရှားသော်လည်း၊ သူက ရင်ဆိုင်ရမည်ဆိုလျှင်ပင် အကြောက်တရား မပြသခဲ့ပေ။
သူက လက်ကိုနောက်ပစ်ကာ မျက်နှာထား တင်းတင်းဖြင့် ထိုနေရာတွင်သာရပ်နေခဲ့၏။
သူ၏တာဝန်များကို ပထမဆုံးစွန့်လွှတ်သူအဖြစ်၊ သူ၏အသက်ကို စတေးပြီးဖြစ်ရာ၊ နောက်ဆုံး ကျန်ရှိနေသောဂုဏ်သိက္ခာကိုပါ မဆုံးရှုံးခံနိုင်တော့ပေ။
ထိုသို့ပြောပြီးနောက် သူကအခန်းထဲရှိ ယဲ့လန်ထံသို့ အကြည့်ကို လှည့်လိုက်၏။ အချိန်အတော်ကြာ တိတ်ဆိတ်နေပြီးနောက်၊ သူ၏လေးနက်သော မျက်နှာပေါ်တွင်အပြစ်ရှိသလို ခံစားရမှု အရိပ်အယောင်တစ်ခု ပေါ်လာ၏။ "တူမလေး ယဲ့လန်၊အတိတ်က ကိစ္စတွေနဲ့ ပတ်သက်ပြီး၊ ငါတို့က မင်းအပေါ် အမှန်တကယ် မှားယွင်းခဲ့တယ်... အင်း၊ ဒီနေ့ ဒီကပ်ဘေးကလည်းခံထိုက်ပါတယ်။"
ဆေးတောင်ထိပ်တွင် ပြဿနာ ပေါ်ပေါက်လာသောအခါ၊ တပည့်လုပ်ဖော်ကိုင်ဖက်များ အနေဖြင့်၊သူတို့က အားနည်းနေလျှင်ပင် ဆရာသခင်ကို အနည်းဆုံးရှင်းပြချက်တစ်ခုတော့ တောင်းဆိုခဲ့သင့်သည်။
ဆေးတောင်ထိပ်ရှိ တစ်ဦးတည်းသော မျိုးဆက်လေးကိုဂရုစိုက်ခြင်းက ဖြစ်နိုင်သင့်ပါသည်။
သို့သော် သူတို့အားလုံးက သူတို့၏ဂုဏ်သိက္ခာကို အလေးထားခဲ့ကြပြီး၊ ယဲ့လန်၏ညှိုးနွမ်းပြီး တိတ်ဆိတ်သောအမူအရာကို မြင်တွေ့ရတိုင်း သူတို့ စိတ်မသက်မသာ ဖြစ်ခဲ့ကြ၏။ ထို့ကြောင့် သူတို့က နှစ်သိမ့်မှုပေးရန်ရှောင်ကြဉ်ခဲ့ရုံသာမက၊ သူမကို တမင်တကာရှောင်ဖယ်ခဲ့ကြပြီး၊ တပည့်မြောက်မြားစွာ၏အရှေ့တွင် မုယန်ကို ဆေးတောင်ထိပ်အား အလွယ်တကူ သိမ်းပိုက်ခွင့်ပြုခဲ့ကြသည်။
ပြန်လည်တွေးကြည့်ပါက၊ စိတ်မသက်မသာ ဖြစ်ရခြင်းထက်၊ ၎င်းက အပြစ်ရှိသလိုခံစားရသည့် စိတ်သာ ဖြစ်နိုင်ပါသည်။
"..."
ယဲ့လန် ရှန်းယီ ပျောက်ကွယ်သွားသော နေရာကို မှင်တက်စွာသာစိုက်ကြည့်နေခဲ့သည်။
အချိန်အတော်ကြာပြီးနောက်၊ သူမက ဖြည်းညှင်းစွာလှည့်လာပြီး၊ စကားတစ်လုံးချင်းစီ ပြောလိုက်၏။ "ဘယ်သူ့ရဲ့ ကပ်ဘေးလဲ ဆိုတာကတော့... ဆက်ကြည့်ရဦးမှာပေါ့"
ရှန်းရွှီဘိုးဘေး နှင့် ရင်ဆိုင်ရချိန်တွင်ပင်၊ ရှန်းယီ သူ၏ကတိစကားကို ဖောက်ဖျက်သည်ကို သူမ တစ်ခါမျှ မမြင်ခဲ့ဖူးပေ။
ဤတစ်ကြိမ်လည်း မဖြစ်နိုင်ပေ။
"ကျီ... ကျီ... ကျီ..." ဤအခိုက်အတန့်တွင်၊မြေကြီးပေါ်တွင် ဒူးထောက်နေသော အဖိုးအိုက ရုတ်တရက်ထူးဆန်းသော ရယ်မောသံတစ်ခုကို ထုတ်လွှတ်လိုက်၏။
သူက နောက်ဆုံးတွင်ခေါင်းမော့လာပြီး လူအုပ်ကို ဖြည်းညှင်းစွာ အကဲခတ်လိုက်၏။ "လမ်းမှားကို ရွေးချယ်ပြီးမှပြန်လှည့်ချင်တာက အဲဒီလောက် မလွယ်ပါဘူး။ ဒါပေမယ့် အရမ်းကြီး စိတ်ပျက်အားငယ်နေဖို့ ဒါမှမဟုတ် အဲဒီလောက် ယုံကြည်မှုလွန်ကဲနေဖို့ မလိုပါဘူး။ ဒါက ရယ်စရာကောင်းပြီး မသေမျိုးတွေရဲ့အမူအကျင့်နဲ့ မကိုက်ညီဘူး"
ဒူးထောက်နေရသော်လည်း၊ တာအိုသခင် ကျင်းလဲ့၏စကားများက အခြားသူများကို ပြန်လည်မတုံ့ပြန်နိုင်စေခဲ့ပေ။
ရှန်းရွှီတောင်၏တောင်ထိပ်သခင် တစ်ဦးအနေဖြင့်၊သူ၏ဘိုးဘေးကြောက်မက်ဖွယ်ကောင်းသောစွမ်းအားကို မည်သူ့ထက်မဆို ပို၍ နားလည်ထားပါသည်။
"မှန်ကန်တဲ့လမ်းကြောင်းဆိုတာက မင်းလိုဒူးထောက်ဖို့လိုတာလား"
တာအိုသခင် ချန်းဖုန်းက လှောင်ပြောင်သရော်စွာ ပြုံးလိုက်ပြီး၊ လက်လျှော့လိုက်သည့် အရိပ်အယောင်အနည်းငယ်ဖြင့် ပြောလိုက်၏။ "မလိုအပ်ပါဘူး"
သို့သော် သူကိုယ်တိုင်ပင် စကားလုံးများဖြင့်သာ အနည်းငယ်အသာစီးရနိုင်ခဲ့သည်။
အမှန်တကယ်ပင်၊ တာအိုသခင် ကျင်းလဲ့က တုန်လှုပ်မှု မရှိဘဲ၊ကောင်းကင်ကန့်လန့်ကာကို စူးစိုက်ကြည့်နေစဉ် ထိုအရုပ်ဆိုးအကျဉ်းတန်သောအပြုံးကို ထိန်းသိမ်းထားသေး၏။
အခန်း (၁၁၆၈) မှန်ကန်တဲ့ လမ်းကြောင်းကို ရွေးချယ်ဖို့ အရမ်းအရေးကြီးတယ် ၂
သူ ခံစားခဲ့ရသောတစ်ခုတည်းသော နောင်တမှာ ထိုကောင်လေးကို ဆရာသခင်က ဝါးမြိုပြီး ဖြည်းညှင်းစွာချေဖျက်သွားသည်ကို ကိုယ်တိုင်ကိုယ်ကျ မမြင်တွေ့လိုက်ရခြင်းပင်။
…
အခြားသူများက ကူကယ်ရာမဲ့စွာဖြင့် သူတို့၏အကြည့်များကို လွှဲဖယ်လိုက်ကြ၏။
ကျင်းလဲ့ပြောခဲ့သလိုပင်၊ အရာရာတိုင်းတွင် နောင်တရရန် အခွင့်အရေးမရှိပေ။
သူတို့သည် ကပ်ဘေးစွမ်းအားကိုရုပ်သိမ်းခဲ့ပြီးဖြစ်သောကြောင့်၊ သူတို့၏လမ်းစဉ် ပြတ်တောက်သွားရန် အဆင်သင့်ဖြစ်နေရန်လိုအပ်သည်။ သနားညှာတာမှု တောင်းခံခြင်းနှင့် ပတ်သက်၍မူ၊ အကယ်၍ ၎င်းက အမှန်တကယ်အလုပ်ဖြစ်ခဲ့လျှင်၊ ဆေးတောင်ထိပ်က ထိုအချိန်က ၎င်း၏အမွေအနှစ်များကို နီးပါး ဆုံးရှုံးခဲ့မည် မဟုတ်ပေ။
ဂုဏ်သိက္ခာရှိရှိသေဆုံးသွားခြင်းက ပိုကောင်းသည်။
ဤသို့တွေးပြီးနောက်၊ သူတို့က ပြုတ်ကျလာမည့် ခေါင်းဖြတ်စက်ကို စောင့်ဆိုင်းနေသောအကျဉ်းသားများကဲ့သို့ဖြူရော်သော မျက်နှာများဖြင့် ထိုနေရာတွင်ရပ်နေကြ၏။
ဟူးလလား...
ထိုအခိုက်အတန့်တွင်...
ကောင်းကင်ကန့်လန့်ကာက ရုတ်တရက်ဆုတ်ဖြဲခံလိုက်ရပြီး၊ မီးခိုးရောင်မြူခိုးတန်းများက မိစ္ဆာတစ္ဆေများ၏လက်သည်းများကဲ့သို့ ရန်လိုစွာ ထွက်ပေါ်လာသည်။
အကယ်၍ နတ်ဘုရား ထိုက်ရွှီမသေမျိုးအစီအရင်၏ဖုံးကွယ်မှုသာ မရှိပါက၊ ၎င်းက ကျန်းယန်စီရင်စုတစ်ခုလုံးကို မျက်တောင်တစ်ခတ်အတွင်း ဝါးမြိုသွားနိုင်သည်။
တာအိုသခင် ကျင်းလဲ့က တစ်ခဏတာမှင်တက်သွားပြီးနောက်၊ သူ၏အပြုံးတွင် ကြမ်းတမ်းမှု အရိပ်အယောင်တစ်ခုပေါ်လာသည်။ သူက အစီအရင်ပစ္စည်းကိုအကိုင်းရှိုင်းဆုံးသော ယုံကြည်သူတစ်ဦးကဲ့သို့ တင်းကျပ်စွာဆုပ်ကိုင်လိုက်၏။ "
တပည့်က ဆရာသခင်ရောက်လာတာကိုကြိုဆိုပါတယ် "
အခြားသူများကလည်း မသိစိတ်ဖြင့် လှမ်းကြည့်လိုက်ကြ၏။
မျက်တောင်တစ်ခတ်အတွင်း၊ အနည်းငယ် စင်ကြယ်သောအရိပ်တစ်ခု လျှပ်တစ်ပြက်ထွက်ပေါ်လာ၏။
တာအိုသခင် ချန်းဖုန်းပင်လျှင် ဤအရိပ်ကို မြင်တွေ့လိုက်ရသောအခါ၊ သူ၏နှလုံးသားထဲတွင် အကြောက်တရားတစ်ခုကိုခံစားလိုက်ရ၏။ လူတစ်ယောက်မည်မျှပင် ခက်ထန်စွာစကားပြောနိုင်ပါစေ၊ သေဆုံးရမည့် အချိန်ရောက်လာသောအခါ၊ မိမိ၏ကျင့်ကြံခြင်းကိုနှမြောတသ မဖြစ်ဘဲ မနေနိုင်ပေ။
သူက သွားကိုပြင်းပြင်းကြိတ်လိုက်ပြီး၊ နောက်ဆုံးကျန်ရှိသောဂုဏ်သိက္ခာကို ထိန်းသိမ်းရန် ရုန်းကန်နေသည်။
သို့သော် ထိုအချိန်တွင် လူတိုင်း၏မျက်လုံးများတွင် နားမလည်နိုင်မှု အရိပ်အယောင်တစ်ခု ပေါ်လာ၏။
ထိုက်ရွှီနယ်ပယ်မှ ထွက်ပေါ်လာသူမှာ သူတို့ မှတ်မိနေသော ဆရာသခင်အမှန်တကယ်ဖြစ်သော်လည်း၊ ပုံရိပ်က သနားစရာကောင်းသော အခြေအနေတွင် ရှိနေပုံရသည်။
နတ်ဝိညာဉ်ခန္ဓာကိုယ်က လေပြေတစ်ချက် တိုက်လိုက်ရုံဖြင့် လွင့်ပါသွားနိုင်လောက်အောင် မှိန်ဖျော့နေရုံသာမက၊ သူဝတ်ဆင်ထားသော ပိုးသား ရတနာဝတ်ရုံက စုတ်ပြဲနေပြီး၊ သူ၏ကျောဘက်ရှိ ရှည်လျားသောတံခွန်ခြောက်ခုပင် အားနည်းစွာ တွဲကျနေသည်။
အိုမင်းနေသောမျက်နှာက ပွန်းပဲ့စုတ်ပြဲနေပြီး၊ ပြင်းထန်စွာ ဒဏ်ရာရထားကြောင်း ထင်ရှား၏။
သူတို့အားလုံးက တူညီသောမျိုးဆက်မှ ကျင့်ကြံသူများ ဖြစ်ကြသည်။
လူတိုင်းက မိမိကိုယ်ကိုထိုနေရာတွင် ထားကြည့်လိုက်ရာ၊ ထိုကဲ့သို့သော အခြေအနေများအောက်တွင်၊ မည်သူမဆို ထိုက်ရွှီနယ်ပယ်ထဲသို့ ဆုတ်ခွာကာ၊ မီးခိုးရောင်မြူခိုးများကို အကာအကွယ်အဖြစ် အသုံးပြု၍ဒဏ်ရာများကို ကုသကြမည်သာ ဖြစ်သည်။
သို့သော် ရှန်းရွှီဘိုးဘေးက ရူးသွပ်စွာ ထွက်ပြေးလာခဲ့၏။
ဤသည်မှာ ထိုက်ရွှီ နယ်ပယ်အတွင်းတွင်၊ ပို၍ပင် ကြောက်မက်ဖွယ်ကောင်းသော တစ်စုံတစ်ရာ ရှိနေကြောင်းကိုသာ ဆိုလိုနိုင်သည်။
…
ရှန်းရွှီ ဘိုးဘေးက နက်ရှိုင်းပြီး လေးလံသော အသက်ရှူသံများကိုရှူသွင်းလိုက်ပြီး၊ သူ၏နီရဲနေသောမျက်လုံးများသည် လူတိုင်းကိုအေးစက်စွာ အကဲခတ်လိုက်ရာ၊ သူ၏အကြည့်က သူ၏တပည့်များကို ကြည့်နေပုံပင်မပေါ်ပေ။
သူက လွတ်မြောက်ရန်အခွင့်အရေးကို ရှာဖွေနေပြီး၊ သူ၏ရှေ့ရှိအရာများထဲမှ မည်သည့်အရာက သူ၏ကံကြမ္မာမှ လွတ်မြောက်ရန် ကိရိယာများ ဖြစ်နိုင်မည်ကို ခွဲခြားသိမြင်ရန် ကြိုးစားနေသော ဝရမ်းပြေးတစ်ဦးနှင့် တူနေသည်။
ချက်ချင်းပင်၊ ရှန်းရွှီ ဘိုးဘေး၏သူငယ်အိမ်များက အနည်းငယ်ကျဉ်းမြောင်းသွားပြီး၊ မဆိုင်းမတွ ပါးစပ်ကို ဟလိုက်သည်။
အခြေအနေရုတ်တရက်ပြောင်းလဲသွား၏။
ပထမဆုံးသားကောင်မှာ လွန်ခဲ့သော အခိုက်အတန့်လေးကမှ သူ၏ဆရာသခင်ကိုကြိုဆိုနေခဲ့သော တာအိုသခင် ကျင်းလဲ့ပင်။
အဖိုးအိုက ရိုသေကိုင်းရှိုင်းနေပုံရသော်လည်း၊ သူ၏မျက်နှာအမူအရာက ပြင်းထန်သောလေတိုက်ခတ်ခံလိုက်ရသကဲ့သို့ တွန့်လိမ်သွားသည်။ ကောင်းကင်ရှိဆရာသခင်ကို မယုံကြည်နိုင်စွာ စိုက်ကြည့်ရင်း သူ၏မျက်လုံးများ ပြူးကျယ်သွားကာ "ဆရာသခင်၊ဒါက ကျင်းလဲ့ ပါ၊ ဆရာသခင်ရဲ့ တပည့်ပါ" ဟု ဆိုသည်။
ယဲ့လန်အပါအဝင် ကျန်ရှိနေသော တောင်ထိပ်သခင်များကလည်း စုပ်ယူခံနေရသည့် တူညီသော ခံစားချက်ကို ခံစားလိုက်ရသည်။
ဤအခိုက်အတန့်တွင်မှသာ ဆေးတောင်ထိပ်က အတိတ်က မည်သည့်အရာကိုကြုံတွေ့ခဲ့ရကြောင်းကို သူတို့ကိုယ်တိုင်ကိုယ်ကျ ခံစားသိရှိသွားကြ၏။
ခုခံနိုင်စွမ်းမရှိသော ထိုစိတ်ပျက်အားငယ်မှုက သူတို့၏နှလုံးသားတစ်ခုလုံးကို ချက်ချင်း လွှမ်းမိုးသွားသည်။
သို့သော် နောက်တစ်ခဏတွင်၊ ရွှေရောင်အလင်းတန်းလှိုင်းလုံးကြီးတစ်ခုက အက်ကွဲကြောင်းမှ ပေါက်ကွဲထွက်လာပြီး၊ ပြည့်နှက်နေသော မီးခိုးရောင်မြူခိုးများကို ရိုက်ခွဲကာ၊ ရှည်လျားသောမြစ်တစ်စင်းကဲ့သို့ လှိုင်းထသွားပြီး၊ အတွင်းရှိ လူတိုင်းကို လွှမ်းခြုံသွားစေသည်။
တာအိုသခင် ကျင်းလဲ့ မှလွဲ၍ပင်။
အဖိုးအိုက သူ၏ခန္ဓာကိုယ် စုပ်ယူလိုက်ရကာ တောက်ပနေသော နတ္ထိရွှေရောင်မိုးကြိုးတာအို အသီးအပွင့်ထွက်ပေါ်လာသည်အထိ ထိုင်ကြည့်နေရ၏။
ထို စတုတ္ထအဆင့်တာအိုအသီးအပွင့်က လေထဲသို့ မထိန်းချုပ်နိုင်စွာ လွင့်တက်သွား၏။
သူ နောက်ဆုံးတွင် တုံ့ပြန်လာပြီး၊ အံ့အားသင့်ကာ လက်မခံနိုင်စွာဖြင့် နောက်သို့လှည့်ကြည့်လိုက်ရာ၊ ထို ဂိုဏ်းတူအဖွဲ့ဝင်များက အံ့အားသင့်နေသော်လည်း၊ထိုနေရာတွင် အန္တရာယ်ကင်းစွာ ရပ်နေသည်ကို မြင်တွေ့လိုက်ရသည်။
အကြောင်းရင်းမှာ အထက်ရှိ ရွှေရောင်မြစ်ကြောင့်ဖြစ်ကြောင်း ရှင်းလင်းနေသည်။
" ဂျူနီယာ ညီလေး၊ ငါ့ကို ကယ်ပါဦး" သူ အော်ဟစ်သည်။
မသိစိတ်ဖြင့်ပင်၊ တာအိုသခင် ကျင်းလဲ့က သူ၏ ကပ်ဘေးစွမ်းအားအားလုံးကို လှုံ့ဆော်ကာရွှေရောင်မြစ်ဆီသို့ အသည်းအသန်ခုန်ဝင်ရန် ကြိုးစားရင်းအသံကျယ်ကျယ်ဖြင့် အော်ဟစ်လိုက်၏။
…
လူတိုင်းက ကောင်းကင်ရှိ အက်ကွဲကြောင်းကို မှင်တက်စွာ စိုက်ကြည့်နေမိကြသည်။
ရွှေရောင်အလင်းတန်းများဖြင့် လွှမ်းခြုံထားပြီး၊ လက်ခြောက်ဖက်ပုံရိပ်ယောင်ကို သယ်ဆောင်ထားသော လူငယ်တစ်ဦးက ထိုက်ရွှီနယ်ပယ်မှ တိတ်ဆိတ်စွာ ထွက်ပေါ်လာသည်။
သူ့ထံမှထွက်ပေါ်နေသော အရှိန်အဝါက ဗောဓိသတ္တတစ်ပါး၏အရှိန်အဝါဖြစ်ကြောင်း ရှင်းလင်းလှသည်။
"ဗောဓိသတ္တ၊သနားကရုဏာထားတော်မူပါအုံး" တာအိုသခင် ကျင်းလဲ့က ဆရာသခင်က အဘယ်ကြောင့် သူ့ကိုရုတ်တရက်စားသုံးလိုကြောင်း လုံးဝ နားမလည်နိုင်ခဲ့ပေ။
သို့သော် သူ့ကို ယခုကယ်တင်နိုင်သည့် တစ်ဦးတည်းသော သူမှာမည်သူဖြစ်ကြောင်းကို သူ သိသည်။
တာအိုသခင် ကျင်းလဲ့က ထိုရွှေရောင်မြစ်ထဲသို့ ခုန်ဝင်တော့မည့်ဆဲဆဲတွင်..
ရုတ်တရက်၊ တာအိုသခင် ချန်းဖုန်းတာအိုက သူ၏ရင်ဘတ်ကို ကန်ထုတ်လိုက်ပြီး၊ အေးစက်စွာ သတိပေးလိုက်၏။ "စီနီယာအစ်ကို ကိုယ်တိုင်ပြောခဲ့တာပဲ၊လမ်းမှားကို ရွေးချယ်ပြီးမှ ဘယ်လိုလုပ် အလွယ်တကူ ပြန်လှည့်လို့ရမှာလဲ "
တာအိုသခင် ကျင်းလဲ့က နောက်သို့ လွင့်ထွက်သွားပြီး၊ကောင်းကင်တွင် တွဲလောင်းကျနေသော တာအိုအသီးအပွင့်ကို နောက်ဆုံးတွင် ရှန်းရွှီ ဘိုးဘေးကအလုံးလိုက် မြိုချလိုက်၏။
ဤအချိန်တွင်၊ အဖိုးအို၏မျက်လုံးများတွင် စိတ်ပျက်အားငယ်မှုများနောက်ဆုံးတွင် လွှမ်းမိုးလာခဲ့သည်။
သူက အကြောင်းပြချက်ကို အမှန်တကယ် နားလည်ခဲ့သော်လည်း၊ သူ ရွေးချယ်ခဲ့သော လမ်းစဉ်က အဘယ်ကြောင့်မှားယွင်းသွားရသနည်း ဟူသည်ကို သူ လုံးဝ နားမလည်နိုင်ခဲ့ပေ။
သူ၏တာအို အသီးအပွင့်ကို ဝါးမြိုပြီးနောက်၊ ရှန်းရွှီ ဘိုးဘေး၏ပုံသဏ္ဌာန်က အနည်းငယ်ခိုင်မာလာသော်လည်း၊ သူ၏မျက်နှာက တူညီသော စိတ်ပျက်အားငယ်မှုများဖြင့် ပြည့်နှက်နေကြောင်းကို သူ သတိမထားမိခဲ့ပေ။
ဤမသေမျိုးဂိုဏ်း၏ဘိုးဘေးက ရုတ်တရက် လှည့်လာပြီး၊ သူ့ထံ ချဉ်းကပ်လာသော လူငယ်ကို ရက်စက်စွာ စိုက်ကြည့်လိုက်သည်။
တာအိုသခင် ကျင်းလဲ့ တစ်ဦးတည်းကို စားသုံးခြင်းသည် မဆိုထားနှင့်၊ သူ တပည့်အားလုံးကို ဝါးမြိုလိုက်လျှင်ပင် သူပြန်လည်ရရှိလာမည့် သေးငယ်သောအခြေအနေက အခြေအနေကို ပြောင်းလဲနိုင်မည် မဟုတ်ပေ။
ရှန်းရွှီ ဘိုးဘေးက အသက်ရှင်သန်ရန်လမ်းတစ်ခုကိုမျှလက်မလွှတ်လိုဘဲ အသည်းအသန်ဖြစ်နေခြင်းသာ ဖြစ်သည်။
…
တောင်ထိပ်သခင်များက လေထဲတွင် မှင်တက်စွာ လွင့်မျောနေပြီး၊ ရှန်းယီက ဆရာသခင်ထံသို့ တည်ငြိမ်စွာချဉ်းကပ်သွားသည်ကို ကြည့်နေကြသည်။
ရှန်းရွှီ ဘိုးဘေး၏မျက်နှာပေါ်ရှိ ကြမ်းတမ်းမှုက လူငယ်၏တည်ငြိမ်သော အမူအရာရှေ့တွင် အနည်းငယ် ရယ်စရာကောင်းနေပုံရသည်။
ရွှေရောင်မြစ်လှိုင်းထသွားကာ ဤစီရင်စုငယ်လေးကို ရွှေရောင်တောက်ပသော သမုဒ္ဒရာကြီးထဲတွင် လုံးဝနစ်မြုပ်သွားစေခဲ့၏။
ရှန်းယီ လက်တစ်ဖက်ဖြင့် လက်ဟန်တစ်ခုကို ဖန်တီးလိုက်ရာ၊ နောက်တစ်ခဏတွင်၊ သူ၏အနောက်ရှိ လက်ခြောက်ဖက်က ပြင်းထန်သောမုန်တိုင်းတစ်ခုကဲ့သို့ ကျဆင်းလာပြီး၊ ရှန်းရွှီ ဘိုးဘေး၏ခန္ဓာကိုယ်တစ်ခုလုံးကို ရိုက်နှက်လိုက်၏။
လက်သီးချက်တိုင်းတွင် ကွဲပြားသော ဗုဒ္ဓတံဆိပ်တော်များ ပါဝင်နေသည်။
ဘန်း...ဘန်း
ဤတစ်ကြိမ်တွင် ရှန်းယီက ပြိုင်ဘက်ကို သေချာပေါက် သတ်ဖြတ်နိုင်ရန်အတွက်၊ အရှိန်အဝါအာရုံခံမှုကို လုံးဝလျစ်လျူရှုကာ၊ သူ၏မျက်လုံးများကိုသာ အားကိုး၍လက်ခြောက်ဖက်ကိုအတူတကွ ရမ်းခါလိုက်ပြီး၊ လူတိုင်း၏မျက်စိရှေ့တွင်ပင် ရှန်းရွှီ ဘိုးဘေး၏နတ်ဝိညာဉ်ခန္ဓာကိုယ်ကို အပိုင်းပိုင်းအစစ ဆွဲဖြဲပစ်လိုက်သည်။
မည်သည့် အကြွင်းအကျန်မျှမရှိစေရန် သေချာအောင်ပင်လုပ်ခဲ့သည်။
သူက ဆက်လက် ရပ်တန့်မသွားဘဲ၊ သူ၏လက်သီးချက်များမှ ယခင်က ဗုဒ္ဓတံဆိပ်တော်များက အဆက်မပြတ်စုစည်းလာကာ ရွှေရောင်သပိတ်တစ်ခုအဖြစ်ပြောင်းလဲသွားပြီး၊ မြေကြီးပေါ်သို့ မှောက်ချကာ မရပ်တန့်မီအကြိမ်ပေါင်း ထောင်ချီ၍ သန့်စင်လိုက်သည်။
နာမည်ကျော်ကြားပြီး ရိုသေလေးစားရသော ဘိုးဘေးတစ်ဦးက ခုခံမှုအနည်းငယ်မျှပင် မရှိဘဲ ရက်စက်ကြမ်းကြုတ်စွာ သတ်ဖြတ်ခံလိုက်ရသည်။
ဤရက်စက်သော အမူအရာက အခြားသူများ၏ မျက်လုံးထဲသို့ ဝင်ရောက်သွားသောအခါ သူတို့၏ကျောရိုးတစ်လျှောက် ကြက်သီးထသွားစေသည်။
တယအိုသခင်ချန်းဖုန်းက ပါးစပ်ကို ဟလိုက်၏။ “…”
အခြားသူများ မှင်တက်နေခြင်းနှင့် နှိုင်းယှဉ်ပါက၊ သူက တစ်စုံတစ်ခုကို ရုတ်တရက် သဘောပေါက်သွားခဲ့သည်။
အကယ်၍ ထိုက်ရွှီဆေးဧကရာဇ်က အမှန်တကယ်ပင် ဗောဓိသတ္တတစ်ပါးဖြစ်ခဲ့မည်ဆိုပါက၊ ကျားနဂါးဖိနှိပ်ခြင်းအလင်းဘုရင်က ဗောဓိသတ္တတစ်ပါးနှင့် ကျမ်းစာအတွက် မည်သို့ယှဉ်ပြိုင်မည်နည်း ဟု တွေးမိလိုက်သည်။
ရှန်းယီ၏လက်ခြောက်ဖက်ကို နောက်တစ်ကြိမ် ကြည့်လိုက်ရာ၊ပို၍ပို၍ ရင်းနှီးလာသလို ခံစားရသည်။
ထို့ကြောင့်၊ကျားနဂါးဖိနှိပ်ခြင်းအလင်းဘုရင်နှင့် ထိုက်ရွှီဆေးဧကရာဇ်တို့သည် အမှန်တကယ်တော့ လူတစ်ယောက်တည်း ဖြစ်နေခဲ့သည်။
အစကတည်းက သူတို့၏ရွယ်တူများကို ဖိနှိပ်နေသော ကောင်းကင်ပါရမီရှင်နှစ်ဦး မရှိခဲ့ပေ။ ၎င်းက လောကကြီးတွင် တစ်ကိုယ်တော်တောက်ပနေသော လူတစ်ယောက်တည်းသာ ဖြစ်သည်။
ဂလု..
အခြား တောင်ထိပ်သခင်များသတိပြန်ဝင်လာပြီးနောက်၊ သူတို့၏လက်ထဲရှိ အစီအရင်ပစ္စည်းကို တိတ်ဆိတ်စွာ ကြည့်လိုက်ကြ၏။
အကယ်၍ သူတို့သာ အစောပိုင်းက ကပ်ဘေးစွမ်းအားကို မရုပ်သိမ်းခဲ့ပါက၊ ယခု သူတို့ ဤနေရာတွင် ရပ်ကြည့်နိုင်ဦးမည်လား ဆိုသည်ကို စိတ်ကူးကြည့်ရန်ပင် ခက်ခဲလှသည်။
တာအိုသခင် ကျင်းလဲ့ ပြောခဲ့သည်မှာ မှန်ပါသည်။ မှန်ကန်သောလမ်းကြောင်းကို ရွေးချယ်ခြင်းက အလွန်အရေးကြီးသည်။
…
ခြံဝင်းအတွင်း၌..
ရှန်းယီက ပျောက်ကွယ်သွားသော ရွှေရောင်သပိတ်ကို တိတ်ဆိတ်စွာကြည့်နေပြီး၊ သူ၏အကြည့်ကို အနည်းငယ် ပင့်လိုက်၏။
[တတိယအဆင့် တောင်ပံခြောက်ခုနတ်ဝိညာဉ်ပိုးကောင်ကိုသတ်ဖြတ်ပြီး၊ စုစုပေါင်း သက်တမ်း ကပ်ဘေး တစ်သောင်း၊ ကျန်ရှိသော သက်တမ်း ကပ်ဘေး ရှစ်ထောင် ခုနစ်ရာ၊ စုပ်ယူခြင်းပြီး]
ဤစနစ်မျက်နှာပြင် အချက်ပြမှုနှင့်အတူ၊ သူက နောက်ဆုံးတွင် သက်သာရာရသွားခဲ့၏။
နတ်ဆိုးသက်တမ်းက တိတိကျကျ ကပ်ဘေး တစ်သောင်း ဖြစ်နေပြီး၊ အနည်းငယ်မျှ ကွဲလွဲမှု မရှိဘဲ၊ တတိယအဆင့်သို့ ဝင်ရောက်စဉ်က ကောင်းကင်တာအိုမူလရင်းမြစ် ဆယ်ချောင်းနှင့် ကိုက်ညီနေသည်။
သူ ခန့်မှန်းချက် မှန်ကန်ခဲ့သည်။
သူစိတ်ကူးထားသကဲ့သို့ မသေနိုင်၊ မပျက်စီးနိုင်သောအဆင့်သို့ မရောက်ရှိသေးသော်လည်း၊ သက်တမ်းနှစ်သုံးရာသာရှိသော စတုတ္ထအဆင့် နတ်ဆိုးများနှင့် နှိုင်းယှဉ်ပါက၊ ဤသည်မှာ ကြောက်မက်ဖွယ်ကောင်းသော ခုန်တက်မှုတစ်ခု ဖြစ်နေပြီ ဖြစ်သည်။
သူ သက်ပြင်းရှည်ကြီးတစ်ခုကို ရှူထုတ်လိုက်ပြီး၊ စိတ်ထဲ အတွေးနက်သွားခဲ့၏။
ဒါဆိုရင်၊ နောက်ဆက်တွဲ မူလရင်းမြစ်စုပ်ယူမှုက နယ်ပယ်အဆင့်တွေကိုတိုးတက်စေပေမယ့်၊ ကနဦး ဆယ်ချောင်းက သက်ရှိအဆင့်ပြောင်းလဲမှုကို ကိုယ်စားပြုနေတာလား။
နောက်ထပ် အသွင်ပြောင်းခြင်းသုံးခုကို ထပ်ပေါင်းထည့်လိုက်ရင်၊နောက်ဆုံးမှာ ပြန်လည်မွေးဖွားလာပြီး အစစ်အမှန်နတ်ဘုရား တစ်ပါး ဖြစ်လာမယ်၊ ဘုံနှစ်ဘုံကိုကျော်လွန်ပြီး လွတ်မြောက်သွားမယ်၊ ဒြပ်စင်ငါးပါးထဲကနေ ပျောက်ကွယ်သွားမယ်။
ချီသန့်စင်ခြင်းဖြင့် စတင်ခဲ့သော ဤလျှို့ဝှက်ဆန်းကြယ်ပြီးဖော်ပြ၍မရနိုင်သော ကျင့်ကြံခြင်း လမ်းစဉ်က ရှန်းယီ၏စိတ်ထဲတွင် တဖြည်းဖြည်း ရှင်းလင်းလာခဲ့၏။
သို့သော် ဤအရာနှင့်အတူ ပို၍ကြီးမားသော မေးခွန်းတစ်ခုက သူ၏စိတ်ထဲတွင် ပေါ်ထွက်လာခဲ့သည်။
ထို့ပြင် တတိယအဆင့်က အသွင်ပြောင်းခြင်း လုပ်ငန်းစဉ်မျှသာဖြစ်သည်။
ဒုတိယအဆင့်သို့ ခြေလှမ်းဝင်ရောက်ပြီးနောက်၊ ကျင့်ကြံသူများနှင့် နတ်ဆိုးများ နှစ်ခုစလုံးက ဤအသွင်ပြောင်းခြင်းကိုပြီးမြောက်ပြီး၊ ပြန်လည်မွေးဖွားပြီးနောက် အစစ်အမှန်နတ်ဘုရားများဖြစ်လာကြရာ၊ ၎င်းက သူ၏စနစ်မျက်နှာပြင်မှ စုပ်ယူနိုင်သောသက်တမ်းနှစ်များက နတ်ဆိုးမျိုးနွယ်မှ မြစ်ဖျားခံသောသက်ရှိများကိုသာ ကန့်သတ်ထားခြင်းမရှိတော့ကြောင်းဆိုလိုခြင်းလောဟု စဉ်းစားမိသည်။
သို့မဟုတ်သူတို့ကို သတ်ဖြတ်၍မရနိုင်တော့ဘူးလော။
ထားလိုက်ပါတော့၊အရမ်း ဝေးဝေးကို တွေးနေလဲအလကားပဲ။
ရှန်းယီ သူ၏အကြည့်ကို ရုပ်သိမ်းလိုက်ပြီး၊ လူတိုင်းကို နောက်တစ်ကြိမ်ကြည့်လိုက်သည်။
သူသည် ဤလူများကို ကာကွယ်ရန် ရွှေရောင်မြစ် ကို ယခင်က အသုံးပြုခဲ့ခြင်းမှာ ကရုဏာကြောင့် မဟုတ်ဘဲ၊ နတ်ဆိုးအိုကြီး၏ရမ်းကားစွာ သတ်ဖြတ်မှုကို သည်းမခံနိုင်သောကြောင့်သာ ဖြစ်သည်။
နောက်ကျိနေသောရေထဲတွင် ငါးဖမ်းရန်ဟူသော သူ၏ကနဦး အစီအစဉ်ကို အကောင်အထည်ဖော်ရန်၊ သူက လုံလောက်စွာထင်ရှားသော ကိုယ်ပိုင်အမှတ်အသားတစ်ခုကို ပိုင်ဆိုင်ထားရမည် ဖြစ်သည်။
ရှန်းရွှီဘိုးဘေး၏နာမည်က အတော်လေး ဂုဏ်သတင်းကြီးသော နာမည်တစ်ခုပင်ဖြစ်သည်။