← Chapters

အခန်း ၂၃၁

Vol. 24 Ch. 231

အခန်း ၂၃၁

Vol. 24 Ch. 231

အခန်း (၂၃၁) စေတနာဖြင့် တစ်ရှူးလာပေးသည်ကို သေခိုင်းနေခြင်း

လျန်ထျန်း၏ စကားများမှာ အကြောင်းပြချက် ခိုင်လုံလှပေသည်။ သို့သော်လည်း ချီအမျိုးသမီးကမူ ထိုစကား များကို ကြားသောအခါ ဒေါသတကြီးဖြင့် အော်ဟစ်လိုက်လေသည်။

"နင့်လို အစားအသောက်ပို့တဲ့သူတစ်ယောက်က လူတွေကို ဘယ်လို ဒေါသထွက်အောင် လုပ်ရမလဲဆိုတာ သေချာသိတာပဲ... ။"

"ငါက နင့်အတွက် ဖြေရှင်းမယ့်နည်းလမ်းကို ပြောပြနေတာတောင် နင့်ဘာသာနင် မလုပ်ဘဲနဲ့ ငါ့ကို လာပြီး အပြစ်တင်နေတာလား...၊ အဲ့ဒါဆိုရင်လည်း သွားသေလိုက်...။"

အကြောင်းမဲ့ သက်သက် စွပ်စွဲခံလိုက်ရသဖြင့် လျန်ထျန်းလည်း အနည်းငယ် ဒေါသထွက်သွားကာ ပြန်လည် ချေပလိုက်လေသည်။

"ခင်ဗျား အော်ဒါတင်တုန်းက အရမ်းအရေးကြီးတယ်ဆိုလို့ ကျွန်တော် တခြားအော်ဒါတွေတောင် လက်မခံဘဲ ခင်ဗျားဆီ တစ်ရှူးလာပို့ပေးတာကိုတောင် ကျွန်တော့်ကို သွားသေခိုင်းနေတာလား...။"

"အခုကျတော့လည်း ယုတ္တိမရှိတဲ့ ဖြေရှင်းနည်းတွေကို လာပြောပြီး ကျွန်တော့်အချိန်တွေကို ဖြုန်းတီးနေတယ်...၊ ကျွန်တော်ကတော့ အဲ့ဒါကို လုံးဝ လက်မခံနိုင်ဘူး...။"

"ဘယ်သူကပဲ ကျွန်တော့်ကို မှားတယ်ပြောပြော ကျွန်တော်က အစားအသောက်ပို့တဲ့သူပါ...။ တခြားအော်ဒါတွေ သွားပို့ပြီး ပိုက်ဆံရှာရဦးမယ်...။ ခင်ဗျားနဲ့ အချိန်ကုန်ခံပြီး ဒီလိုတွေ လုပ်နေဖို့ အားမနေဘူး...။"

ထိုစကားများကို ပြောဆိုနေစဉ်အတွင်း လျန်ထျန်း၌ ပြောစရာများစွာ ရှိနေသေးသည်။ ဥပမာအားဖြင့် သူ၏ ပို့ဆောင်ခမှာ ကမ္ဘာပေါ်ရှိ ကုန်ဈေးနှုန်းများ အဆတစ်သန်း ပြုတ်ကျသွားခြင်း၏ သက်ရောက်မှု မရှိပေ။ သူ၏ အချိန်တစ်မိနစ်မှာ ယွမ်အနည်းငယ်ခန့် အတက်အကျ ရှိနိုင်ပြီး ယင်းမှာ ကုန်ဈေးနှုန်း မကျဆင်းမီကဆိုလျှင် တစ်မိနစ်လျှင် ယွမ်သန်းပေါင်းများစွာနှင့် ညီမျှနေလေသည်။

ထို့ပြင် ငွေကြေးကိစ္စကို ဘေးဖယ်ထားလိုက်လျှင်ပင် အမျိုးသမီးဖောက်သည်၏ အပြုအမူနှင့် သဘောထားမှာ အမှန်တကယ်ပင် ဒေါသထွက်စရာ ကောင်းလှသည်။ သူမကိုယ်တိုင် အမှားလုပ်ထားပါလျက်နှင့် မည်သို့များ ဤမျှလောက် မောက်မာနေနိုင်ရပါသနည်း။

ချီအမျိုးသမီး၏ နောက်ဆက်တွဲ စကားများမှာလည်း သူမအမှားမဟုတ်ဘဲ လျန်ထျန်းကသာ အမှားလုပ်ထား သည့်အလား ယုံကြည်မှု အပြည့်ရှိနေလေသည်။

"ကောင်းပြီ...၊ ကောင်းပြီ...။ နင် တကယ် စိတ်ပူနေတာက အဲ့ဒီ ပို့ဆောင်ခလေးကို မရမှာစိုးလို့ မဟုတ်လား...။"

"ငါ့ရဲ့ အလီပေးအကောင့်ထဲမှာ (၄.၇) မီလီပဲ ကျန်တော့တယ်...။ အဲ့ဒါ အကုန်လုံးကို နင့်ဆီ လွှဲပေးလိုက်မယ်...။ ပြီးရင် ကျန်တဲ့ တစ်ရှူးတွေကိုပါ နင့်ကို ပြန်ပေးလိုက်မယ်...။"

"ဆိုလိုတာက အဲ့ဒီ တစ်ရှူးထုတ်လေး နည်းနည်းကို (၄.၇) မီလီနဲ့ ဝယ်လိုက်တယ်လို့ သဘောထားလိုက်မယ်...။ အဲ့ဒါဆို ရပြီမလား...။ ကျန်တာတွေက ငါနဲ့ ဘာမှမဆိုင်တော့ဘူး...။"

ထိုစကားများကို ကြားလိုက်ရသောအခါ လျန်ထျန်းမှာ ခေါင်းပင် ကိုက်လာတော့သည်။

"အစ်မကြီး...၊ ခင်ဗျားပြောတာ ဘာသဘောလဲ...။ ကျွန်တော် ယုံတောင် မယုံနိုင်လို့ ဒူးထောက်ချင်လာပြီ...။ ကျွန်တော့်ဦးနှောက်က ခင်ဗျားရဲ့ မြန်နှုန်းကို လိုက်မမီတော့ဘူး...။"

"ဆိုလိုတာက ခင်ဗျားက ကျွန်တော့်ဆီက တစ်ရှူးထုတ်လေး နည်းနည်းကို (၄.၇) မီလီနဲ့ ဝယ်လိုက်တယ်ဆိုတဲ့ သဘောပေါ့...။ ဒါပေမဲ့ ကျွန်တော်က အစားအသောက်ပို့တဲ့သူလေ...။"

"အစကတည်းက ကျွန်တော်က ဒီတစ်ရှူးအထုပ်ကြီးကို ဝယ်ပြီး အထုပ်သေးလေးတွေ ခွဲပြီး ခင်ဗျားကို ပြန်ရောင်းဖို့ ရည်ရွယ်ထားတာ မဟုတ်ဘူးလေ...။ ခင်ဗျားက...၊ ခင်ဗျားက...။"

ချီအမျိုးသမီးက လျန်ထျန်းကို ထပ်မံ၍ စကားဖြတ်ပြောလိုက်သည်။

"အစားအသောက်ပို့တဲ့သူက ဘာလို့ ဒီလောက်တောင် ရှုပ်ထွေးနေရတာလဲ...။ (၄.၇) မီလီရယ် ကျန်တဲ့တစ်ရှူး တွေရယ်ဆိုရင် နင် လုံးဝ အရှုံးမပေါ်နိုင်ပါဘူး...။"

"ဘယ်လိုပဲဖြစ်ဖြစ် ဒါက နောက်ဆုံး ဖြေရှင်းနည်းပဲ...။ နင် သဘောမတူသေးဘူးဆိုရင်လည်း ငါ့ကို လာမ နှောင့်ယှက်နဲ့တော့...။ မဟုတ်ရင် နင့်ကိုဖမ်းဖို့ ငါ တကယ် ရဲခေါ်လိုက်မှာနော်...။"

ပြောရင်းဆိုရင်း ချီအမျိုးသမီးသည် တံခါးကို ပြန်ပိတ်ရန် ပြင်လိုက်သည်။ အခြားရွေးချယ်စရာ မရှိတော့ဘဲ အချိန်လည်း ထပ်၍ အကုန်မခံချင်တော့သဖြင့် လျန်ထျန်းသည် ထိုဖြေရှင်းနည်းကို လက်ခံလိုက်ရတော့သည်။ ထို့နောက် လျန်ထျန်းသည် ဆိုင်ရှင်ထံသို့ သွားကာ အခြေအနေကို ရှင်းပြပြီး သူ၏ ကိုယ်ပိုင်ငွေဖြင့် တစ်ရှူးဖိုး ရှင်းပေးလိုက်ခြင်းဖြင့် ထိုကိစ္စ ပြီးဆုံးသွားခဲ့လေသည်။

ထိုကိစ္စ ပြီးဆုံးသွားပြီဟု လျန်ထျန်း ထင်မှတ်ခဲ့သော်လည်း သူ မသိခဲ့သည်မှာ ချီအမျိုးသမီး၏ အိမ်မှ သူ ထွက်ခွာသွားချိန်တွင်...၊ လျန်ထျန်းက သူမ၏ ငွေသား (၄.၇) မီလီနှင့် ကျန်ရှိသော တစ်ရှူးများကို လက်ခံသွား သည်ကို မြင်လိုက်ရသောအခါ ချီအမျိုးသမီး၏ မျက်နှာမှာ ဒေါသကြောင့် ရှုံ့မဲ့သွားခဲ့ခြင်းပင် ဖြစ်သည်။

ထို့ကြောင့် လျန်ထျန်း ကျောခိုင်း၍ ထွက်သွားချိန်တွင် ချီအမျိုးသမီးသည် လျန်ထျန်း၏ ကျောပြင်ကို ဓာတ်ပုံနှစ်ပုံ ရိုက်ယူကာ စာသားအချို့နှင့်အတူ အွန်လိုင်းပေါ်သို့ တင်လိုက်လေတော့သည်။

[မိန်းကလေးတို့ရေ...၊ ဒီလိုကိစ္စမျိုးကို သိကြလား...။]

[ဒီနေ့ တကယ်ကို ဘာမှနားမလည်တဲ့သူ တစ်ယောက်နဲ့ တွေ့ခဲ့တယ်...။ သူက တကယ့် လူယုတ်မာပဲ...။]

[သူက အစားအသောက်ပို့တဲ့သူပါ...။ ငါမှာထားတဲ့ တစ်ရှူးတွေကို လာပို့ပေမဲ့ ဈေးကွက်ပေါက်ဈေးထက် ပိုဈေးကြီးနေတယ်လို့ ထင်လို့ ငါက အော်ဒါကို ပယ်ဖျက်လိုက်တာ...။]

[ဒီပို့ဆောင်ရေးသမားက ငါ့ဆီကနေ (၄.၇) မီလီ တောင်းပြီး ငါ့ဆီမှာ ကျန်နေတဲ့ တစ်ရှူးတွေကိုပါ ယူသွား တယ်...။ ယောက်ျားကြီးတန်မဲ့ ဒီလောက်တောင် ကပ်စေးနည်းဖို့ လိုလို့လား...။]

[ပုံမှန်ဆိုရင် ကောင်လေးတွေ အများကြီးက ငါ့ကို ဟိုဟာဝယ်ပေး ဒီဟာဝယ်ပေး လုပ်ကြပေမဲ့ သူကတော့ တစ်ရှူးထုတ်လေး အနည်းငယ်အတွက်နဲ့ ငါ့ကို အကြာကြီး ဒုက္ခပေးနေခဲ့တာ...။ ငါ တော်တော်လေး စိတ်အ နှောင့်အယှက် ဖြစ်ရတယ် သိလား...။]

[ငါ တကယ်ကို ယုံတောင် မယုံနိုင်ဘူး...။ အခုဆို ၂၀×× ခုနှစ်တောင် ရောက်နေပြီကို ပုစွန်ခေါင်းနဲ့ ယောက်ျား တွေ ရှိနေတုန်းပဲ...။ ကြောက်စရာကောင်းလိုက်တာ...၊ နောက်ဆိုရင် အဲ့ဒီလို ယောက်ျားအရိုင်းစိုင်းတွေနဲ့ မပတ် သက်ရဲတော့ဘူး...။]

ချီအမျိုးသမီး၏ လိမ်လည်လှည့်စားကာ ဖန်တီးရေးသားထားသော စာသားများမှာ အွန်လိုင်းပေါ်တွင် လျင်မြန်စွာ ပျံ့နှံ့သွားခဲ့လေသည်။ နေ့လယ်စာစားချိန်တွင် ဖုန်းသုံးနေရင်း ထိုအကြောင်းကို မတော်တဆ မြင်တွေ့လိုက်ရ သောအခါ လျန်ထျန်းမှာ ချက်ချင်းပင် ဒေါသထွက်သွားလေသည်။

အစပိုင်းတွင် သူ၏အချိန်များမှာ အလွန်တန်ဖိုးရှိလှသဖြင့် ထိုကိစ္စကို လျစ်လျူရှုထားလိုက်ရန် လျန်ထျန်း စဉ်းစားခဲ့သေးသည်။ သို့သော်လည်း မိမိကိုယ်ကို ပြဿနာရှာချင်နေသူများမှာ အမြဲတမ်း ရှိနေတတ်သည် မဟုတ်ပါလား။ ခေတ္တမျှ စဉ်းစားပြီးနောက် လျန်ထျန်းသည် ဝူလု မီဒီယာ ကုမ္ပဏီမှ သူဌေးကြီးထံသို့ ဖုန်းခေါ် ဆိုလိုက်လေတော့သည်။

နာရီအနည်းငယ် အကြာတွင် အွန်လိုင်းပေါ်၌ ကိစ္စတစ်ခုမှာ အကြီးအကျယ် ပျံ့နှံ့သွားခဲ့သည်။ တောက်ရင် အက်ပ် ပေါ်တွင် ဖော်လိုဝါ သန်းချီ သို့မဟုတ် ဆယ်သန်းချီရှိသော အွန်လိုင်းနာမည်ကြီး ဆယ်ဦးကျော်ခန့်မှာ ကိစ္စ တစ်ခု တည်းကို တူညီစွာ ပြောဆိုလာကြသည်။ ယင်းမှာ ချီအမျိုးသမီးသည် အစားအသောက်ပို့ဆောင်သူ တစ်ဦးကို ဓာတ်ပုံရိုက်ကာ တစ်ရှူးထုတ် အနည်းငယ်မျှဖြင့် ဖြစ်ပွားခဲ့သော အသေးအဖွဲ ကိစ္စလေးကို အွန်လိုင်းပေါ်သို့ တင်ခဲ့ခြင်းအကြောင်းပင် ဖြစ်သည်။

ထိုကိစ္စ၏ အမှန်တရားမှာ အလုံးစုံ ပေါ်လွင်သွားခဲ့ပြီး ခိုင်လုံသော ဗီဒီယို သက်သေပင် ရှိနေလေသည်။ လျန်ထျန်း၏ ဆိုင်ကယ်ဦးထုပ်ပေါ်တွင် လျှို့ဝှက်ကင်မရာ တစ်လုံး တပ်ဆင်ထားခြင်းကြောင့် ဖြစ်သည်။

တစ်ရှူးဝယ်ယူသည့် ကိစ္စမှာ အွန်လိုင်းပေါ်တွင် လျင်မြန်စွာ ရေပန်းစားသွားပြီး ချီအမျိုးသမီးအား ဝေဖန်ရှုတ်ချ သည့် အသံများမှာ ချက်ချင်းပင် ထွက်ပေါ်လာတော့သည်။ အင်တာနက် အသုံးပြုသူ အများအပြားမှာ သူမ၏ အကောင့်ကို ရှာဖွေတွေ့ရှိသွားကြပြီး သူမ၏ ဗီဒီယိုများအောက်တွင် မှတ်ချက်များ ဝင်ရေးကာ ကိုယ်ရေး ကိုယ်တာ မက်ဆေ့ချ်များ ပို့၍ပင် ဆဲဆိုလာကြသည်။

ချီအမျိုးသမီး၏ မူလရည်ရွယ်ချက်မှာ ပို့ဆောင်ရေးသမားကို အွန်လိုင်းပေါ်တွင် အရှက်ခွဲကာ သူလုပ်ခဲ့သော လုပ်ရပ်များ၏ ဆိုးကျိုးကို ခံစားရစေရန် ဖြစ်သည်။ သို့သော် မျှော်လင့်မထားစွာပင် အမှန်တရား ပေါ်ပေါက်သွား ပြီးနောက် ပထမဆုံး အရှက်ကွဲရသူမှာ သူမကိုယ်တိုင် ဖြစ်နေခဲ့သည်။ ရှက်ရွံ့ခြင်း၊ ဒေါသထွက်ခြင်းတို့ဖြင့် လွှမ်းမိုးသွားကာ ဤတစ်ကြိမ်တွင် သူမကပင် လျန်ထျန်းထံသို့ အရင် ဆက်သွယ်လာခဲ့လေသည်။

လျန်ထျန်းမှာ မွန်းလွဲပိုင်း တစ်ချိန်လုံး အလုပ်များနေခဲ့ပြီး ညစာစားနေစဉ် ဖုန်းဝင်လာသဖြင့် လက်ခံပြောဆို လိုက်သည်။ ဖုန်းကို ကိုင်လိုက်သည်နှင့် တစ်ပြိုင်နက် ချီအမျိုးသမီး၏ အော်ဟစ်သံကို ကြားလိုက်ရလေသည်။

"နင် အဲ့ဒီဗီဒီယိုကို ဘယ်တုန်းက ရိုက်ထားတာလဲ...။ ဒါတွေ အကုန်လုံး နင့်အပြစ်တွေချည်းပဲ...၊ အခုဆို အွန်လိုင်းပေါ်မှာ ငါ့ကို ဆဲနေတဲ့သူတွေ အပြည့်ပဲ...။"

"ဒီလောက် အသေးအဖွဲ ကိစ္စလေးအတွက်နဲ့ ဒီလောက်လုပ်ဖို့ တကယ် တန်လို့လား...။ ပြီးတော့ တစ်ခုက တစ်ခုပဲလေ...၊ ငါက မိန်းကလေး တစ်ယောက်ပါ...။ ဒီလိုဖြစ်သွားတော့ ငါ လူတွေကို ဘယ်လို မျက်နှာပြရ တော့မလဲ...။"

ထိုစကားကို ကြားသောအခါ လျန်ထျန်းမှာ ရယ်ပင် ရယ်ချင်သွားမိလေသည်။

"ခင်ဗျားက မိန်းကလေး ဟုတ်လား...၊ ခင်ဗျားက ဘယ်လိုလုပ် အဲ့ဒီလို စကားမျိုး ပြောထွက်ရတာလဲ...။"

"ပွင့်ပွင့်လင်းလင်း ပြောရရင် ခင်ဗျားက အသာစီး မရလိုက်လို့ အွန်လိုင်းပေါ်ကနေ ကျွန်တော့်ကို လာနှောင့် ယှက်တာ မဟုတ်ဘူးလား...။"

"အခု အမှန်တရားလည်း ပေါ်သွားရော ခင်ဗျားက အွန်လိုင်းပေါ်မှာ အရှက်ကွဲသွားလို့ ကျွန်တော့်ကို လာပြီး အပြစ်တင်နေတာလား...။ ခင်ဗျားက မိန်းကလေးပါလို့ ပြောရဲသေးတယ်နော်...။"

"ဪ... ခင်ဗျားက မိန်းကလေးဖြစ်ပြီး ကျွန်တော်က ယောက်ျားလေး မဟုတ်လို့လား...။ ခင်ဗျားကို မိဘတွေက မွေးထားတာဆိုရင် ကျွန်တော့်ကိုကျတော့ မိဘတွေက မမွေးထားဘူးပေါ့ ဟုတ်လား...။"

"ခင်ဗျားက မိန်းကလေးဖြစ်တော့ရော ဘာဖြစ်လဲ...၊ ခင်ဗျားက မိန်းကလေးဖြစ်တော့ရော ဘာဖြစ်လဲလို့...။ ခင်ဗျား အမှားလုပ်ထားရင် အမှားပဲလေ...။ ခင်ဗျားက တိရစ္ဆာန် ဖြစ်နေရင်တောင် ဒီအတိုင်း လွတ်မြောက်သွား အောင် လုပ်လို့ မရဘူး...။"

လျန်ထျန်း၏ ဆက်တိုက် ဝေဖန်ပြစ်တင်မှုများနှင့် ရင်ဆိုင်လိုက်ရသောအခါ ချီအမျိုးသမီးမှာ အမှားလုပ်ထားသူ ဖြစ်သဖြင့် သူမ၏ လေသံကို အနည်းငယ် လျှော့ချလိုက်ရလေသည်။

"နင် ဆဲဆိုနေတာတွေကို ရပ်ပေးလို့ ရမလား...၊ နင့်ကို ဒေါသထွက်စေတဲ့အရာက ဘာလဲဆိုတာ ပြောပြပါ...။"

"ငါက လိမ်ညာလှည့်စားချင်တယ်လို့ တစ်ခါမှ မပြောခဲ့ဘူး...။ အရမ်းကြီးလည်း တွေးမနေပါနဲ့...၊ ပြောစရာရှိ တာသာ ပြောပါ...။"

"ငါ့ကို ဒေါသထွက်စေတဲ့ အကြောင်းရင်းကို အရင် ပြောပြမယ်...။"

ဤတစ်ကြိမ်တွင် လျန်ထျန်းက သူမအား စကားဖြတ်ပြောလိုက်လှည့်ပင် ဖြစ်သည်။ သူမှာ တကယ်ကို ရယ်ချင်စိတ်ကို မထိန်းနိုင်တော့ပေ။

"ခင်ဗျားက ဒေါသထွက်နေတုန်းပဲလား...။ အစ်မကြီး...၊ ခင်ဗျားက ဒေါသထွက်နေတုန်းပဲလားလို့...။ ဘာကို ဒေါသထွက်စရာ ရှိနေသေးလို့လဲ...။"

ချီအမျိုးသမီးက ဆက်၍ ပြောလိုက်သည်။

"ငါက ဘာလို့ ဒေါသ မထွက်ရမှာလဲ...။ သူတို့အကုန်လုံး ငါ့ကို အော်ဟစ်ဆဲဆိုနေကြတာလေ...။"

လျန်ထျန်းက သူမအား ထပ်မံ၍ စကားဖြတ်ပြောလိုက်ပြန်လေသည်။

"သူတို့ ဘာလို့ ခင်ဗျားကို ဆဲနေကြလဲဆိုတာ မသိဘူးလား...။ သူတို့ ခင်ဗျားကို ဆဲနေတဲ့ အကြောင်းရင်းက ခင်ဗျားက ကျွန်တော့်ကို ဆဲခဲ့လို့ မဟုတ်ဘူးလား...။"

"ခင်ဗျားအမှားကို ခင်ဗျား မသိသေးဘူးလား...။ ဘယ်လို သတ္တိမျိုးနဲ့ ကျွန်တော့်ကို ဖုန်းဆက်ပြီး လာအပြစ်တင်ရဲ တာလဲ...။"

ဤအချိန်တွင် ချီအမျိုးသမီးမှာ သူမကိုယ်သူမ မတရားခံရသည်ဟု ခံစားနေရလေသည်။

"ငါ နင့်ကို ဘာများပြောခဲ့လို့လဲ...၊ ငါ နင့်ကို ဘာမှမပြောခဲ့ပါဘူး...။"

လျန်ထျန်းက စကားလုံး တစ်လုံးချင်းစီကို ပီပီသသ ပြောလိုက်လေသည်။

"အဲ့ဒါဆိုရင်လည်း သွားသေလိုက်...။"

"အွန်လိုင်းပေါ်က ဗီဒီယိုကို ပြန်သွားကြည့်လိုက်...။ အဲ့တုန်းက ခင်ဗျား ကျွန်တော့်ကို ပြောခဲ့တဲ့ စကားက ဒါပဲ မဟုတ်လား...။"

ထိုစကားကို ကြားသောအခါ ချီအမျိုးသမီးမှာ နှစ်စက္ကန့်ခန့် တုံ့ဆိုင်းသွားပြီးနောက် ထစ်ထစ်ငေါ့ငေ့ါဖြင့် ပြော လိုက်လေသည်။ သူမကိုယ်သူမပင် သေချာမှု မရှိတော့သည့် လေသံမျိုး ဖြစ်နေသည်။

"အဲ့ဒီတုန်းက ငါပြောခဲ့တာက...၊"

"အဲ့ဒီစကားက နင့်ကို တစ်ခုခု ထိခိုက်သွားစေတယ်လို့ ခံစားရရင် ငါ့ဘက်က ဘာမကောင်းတဲ့ ရည်ရွယ်ချက်မှ မရှိခဲ့ပါဘူး...။"

လျန်ထျန်း၏ မျက်လုံးများ ပြူးကျယ်သွားကာ အသက်ပြင်းပြင်း ရှူလိုက်ရင်း သူမအား စကားဖြတ်ပြော လိုက်သည်။

"ခင်ဗျားက မကောင်းတဲ့ ရည်ရွယ်ချက် မရှိဘူး ဟုတ်လား...၊ ကျစ်...၊ တကယ်ကို အံ့ဩစရာပဲ...။"

"ခင်ဗျားက ကျွန်တော့်ကို သေခိုင်းပြီးတာတောင် မကောင်းတဲ့ ရည်ရွယ်ချက် မရှိဘူးလို့ ပြောရဲသေးတာလား...။ ခင်ဗျားက စကားပြော တော်တော်ကောင်းတာပဲဆိုတာ ကျွန်တော် သိသွားပြီ...။ ခင်ဗျားရဲ့ ဒီထိုးနှက်ချက်ကို ကျွန်တော် တကယ် မခံနိုင်ဘူး...။"

"ခင်ဗျားနဲ့ ကျွန်တော် ပြောခဲ့တဲ့ အသံဖမ်းမှတ်တမ်းလည်း ရှိသေးတယ်...။ နောက်ကျရင် ခင်ဗျားပြောခဲ့ တာတွေ ကို ပြန်နားထောင်လို့ရအောင် အွန်လိုင်းပေါ် တင်ပေးရမလား...။"

ချီအမျိုးသမီးမှာ စိုးရိမ်တကြီး ဖြစ်လာတော့သည်။

"ဒါက အသေးအဖွဲ ကိစ္စလေးပါ...၊ ငါက နင့်ကျောပြင်ကို ဓာတ်ပုံနှစ်ပုံရိုက်ပြီး ရိုးရိုးလေး မှတ်ချက်ပေးခဲ့ရုံပါ ပဲ...။"

"ပြီးတော့ အဲ့ဒီကိစ္စတွေက နင့်ကို တကယ် ထိခိုက်နစ်နာအောင် လုပ်ခဲ့တာမှ မဟုတ်တာ...။ ငါက ဒီအတိုင်း လွတ်လွတ်လပ်လပ် ပြောလိုက်ရုံပါ...။"

"နင် တကယ်ပဲ စိတ်မသက်မသာ ဖြစ်ပြီး ဒေါသထွက်နေတယ်ဆိုရင်တောင် ငါ့ကို ပြောပြလို့ရပါတယ်...။"

"နင့်ရဲ့ တောင်းပန်မှုကို ငါ လက်ခံပေးလို့ ရပေမဲ့ နင်က ဘာလို့ ဒီလောက်တောင် ကိစ္စကြီးကြီးကျယ်ကျယ် ဖြစ်အောင် လုပ်ရတာလဲ...။"

"ဘာလို့ နင့်ဖုန်းထဲက တုန်တုန်ယင်ယင်ဖြစ်နေတဲ့ ဗီဒီယိုကို တင်ပြီး လူတိုင်းသိအောင် လုပ်ရတာလဲ...။ ဘာလို့ ငါ့ကို သီးသန့် ဖုန်းမဆက်တာလဲ...။ ဘာလို့ ငါက နင့်ကို အရင်ဖုန်းဆက်ရတာလဲ...၊ ဒါက ဘာသဘောလဲ...။"

ထိုစကားများကို ကြားပြီးနောက် လျန်ထျန်းမှာ သူ၏မျက်နှာကို အုပ်ကာ အော်ဟစ်ရယ်မောလိုက်တော့သည်။

"ခင်ဗျားက ကျွန်တော့်ကို အရင်ဖုန်းဆက်တယ် ဟုတ်လား...။ ကျွန်တော်သာ အဲ့ဒီဗီဒီယိုကို မတင်ခဲ့ဘူးဆိုရင် ခင်ဗျားက ကျွန်တော့်ကို အရင်ဆက်သွယ်လာပါ့မလား...။"

"အခု ခင်ဗျားပြောနေတဲ့စကားတွေက ဘာနဲ့တူနေလဲ သိလား...။ လူနှစ်ယောက် ရန်ဖြစ်နေတုန်း ခင်ဗျားက ကျွန်တော့်ကို လက်သီးနဲ့ထိုးပြီး ခင်ဗျားကိုယ်ခင်ဗျား ကျေနပ်နေသလိုပဲ...။"

"ကျွန်တော်က ခင်ဗျားကို ပြန်ထိုးလိုက်တော့မှ ခင်ဗျားက ကျွန်တော့်ကို တရားစွဲပြီး ခင်ဗျားထက် ပိုနာအောင် ဘာလို့ထိုးရတာလဲဆိုပြီး ကျွန်တော် ပြန်ထိုးတဲ့အပေါ်ကို လာအပြစ်တင်နေတာလေ...။"

"ပြီးတော့ ခင်ဗျားက ပြောသေးတယ်...၊ ကျွန်တော် နာသွားတယ်ဆိုတာကို စောစောစီးစီး မပြောဘူးတဲ့...။ ပြောခဲ့ရင် ခင်ဗျားက တောင်းပန်မှာမို့လို့ ဒီလိုကိစ္စတွေ ဖြစ်လာမှာ မဟုတ်ဘူးတဲ့လေ...။"

"ဒါပေမဲ့ ကျွန်တော်သာ ပြန်မထိုးခဲ့ဘူးဆိုရင် ခင်ဗျားက ကျွန်တော့်ကို တကယ် တောင်းပန်ပါ့မလား...။"

"ခင်ဗျား ကျွန်တော့်ကို ဖုန်းဆက်လာတာက ကြောက်လို့လေ...။ ကျွန်တော် ဘယ်လောက် အင်အားကြီးလဲဆိုတာ ကို ခင်ဗျား သိသွားလို့ပေါ့...။"

"ကျွန်တော်သာ အားနည်းတဲ့သူဆိုရင် ယုံလိုက်ပါ...။ ခင်ဗျားက ကျွန်တော့်ကို ဖုန်းဆက်ပြီး တောင်းပန်မှာမဟုတ် တဲ့အပြင် ကျွန်တော့်ကို သေတဲ့အထိ အနိုင်ကျင့်ချင်နေဦးမှာပဲ...။"

"ကျွန်တော်သာ ဗီဒီယို သက်သေမရှိတဲ့ သာမန် အစားအသောက်ပို့တဲ့သူ တစ်ယောက်သာဆိုရင် အွန်လိုင်းပေါ်မှာ လူတွေကြား မျက်နှာမပြရဲလောက်အောင် အရှက်ကွဲရမယ့်သူက ကျွန်တော် ဖြစ်နေမှာပဲ...။"

"ခင်ဗျားက အားနည်းသူကို အနိုင်ကျင့်ပြီး အင်အားကြီးသူကို ကြောက်တဲ့ လူစားမျိုးပဲ...၊ ခင်ဗျား စိုက်ပျိုးခဲ့တဲ့ အရာတွေကို ခင်ဗျား ပြန်ရိတ်သိမ်းရမှာပဲ...။"

ထိုသို့ပြောပြီးနောက် လျန်ထျန်းသည် ဖုန်းချလိုက်လေသည်။ တစ်ချိန်တည်းမှာပင် ဤဖုန်းခေါ်ဆိုမှု၏ အသံဖမ်းမှတ်တမ်းကို ဝူလု မီဒီယာ ကုမ္ပဏီထံသို့ ပေးပို့ကာ အွန်လိုင်းနာမည်ကြီး အချို့ကို သတင်းတင်ဆက် ပေးရန် စီစဉ်ခိုင်းလိုက်သည်။

ထိုကိစ္စမှာ ဆက်လက်၍ ရေပန်းစားလာခဲ့ပြီး ဤနှုန်းအတိုင်းသာဆိုလျှင် ချီအမျိုးသမီးမှာ အပြင်ထွက်ကာ လူလုံးပြရဲမည်ပင် မဟုတ်တော့ပေ။

သို့သော် မကြာမီမှာပင် လျန်ထျန်းသည် အစားအသောက်ပို့ဆောင်ရေး ကုမ္ပဏီထံမှ ဖုန်းတစ်ကော လက်ခံရရှိ ခဲ့လေသည်။ ဖုန်းခေါ်ဆိုသူမှာ အမျိုးသမီး မန်နေဂျာတစ်ဦး ဖြစ်သည်။

"ဒီကိစ္စကို ကြီးကြီးကျယ်ကျယ် ဖြစ်အောင် မလုပ်ပါနဲ့...။ တကယ့်ယောက်ျားစစ်ဆိုရင် အမျိုးသမီးဖောက်သည် ကို တောင်းပန်လိုက်တာနဲ့ ကိစ္စပြီးသွားမှာပါ...။"

"အမျိုးသမီးဖောက်သည်မှာ စိတ်ကျရောဂါ ရှိတယ်လို့ ကြားရတယ်...။ ဒါကြောင့် တကယ့်ပြဿနာတစ်ခုခု ဖြစ်လာမှ နောင်တရနေတာမျိုး အဖြစ်မခံနိုင်ဘူး...။"

All Chapters