အခန်း ၂၃၄
Vol. 24 Ch. 234
အခန်း (၂၃၄)
တစ်ကိုယ်လုံး ပျော့ခွေနေသော်လည်း ပါးစပ်ကမူ မာကျောနေဆဲပင်
"ငါ ခုခံတာကို ကြည့်လိုက် ဖယ်ရှားမယ်၊ အားအင်တွေ ထုတ်သုံးလိုက်မယ်...၊ အား...။"
"လက်ခံ၊ ခြေဖျက်၊ ထုတ်လွှတ်" နည်းစနစ်ကို သုံးသော မာတာ့ပေါင်သည် ကျဆင်းနေသော အခြေအနေကို ပြောင်းပြန်မလှန်နိုင်ခဲ့သည့်အပြင် နာရီဝက်ပင် မပြည့်မီ အချိန်အတွင်း သုံးကြိမ်တိုင်တိုင် လဲကျသွားခဲ့လေသည်။
သူ တတိယအကြိမ် မြေပြင်ပေါ်သို့ လဲကျသွားသောအခါ တစ်ကိုယ်လုံး တောင့်တင်းသွားပြီး မျက်လုံးများ ပြူး ကျယ်သွားကာ ပါးစပ်ထောင့်တွင် အမြှုပ်ဖြူများပင် ထွက်လာခဲ့လေသည်။ တပည့်များက အစ်ကိုပေါင် ဟု အော်ဟစ်ကာ ပြေးလာကြပြီး သူ၏ နှုတ်ခမ်းမွှေးနေရာနှင့် ရင်ဘတ်တို့ကို ဖိကာ အရေးပေါ် အသက်ကယ် နည်းလမ်းကိုပင် လုပ်ဆောင်ပေးရန် ကြိုးစားကြလေသည်။
သို့သော် တပည့်ဖြစ်သူက သူ၏ပါးစပ်ကို မထိရသေးမီမှာပင် မာတာ့ပေါင်က ရုတ်တရက် မျက်လုံးဖွင့်လာပြီး ထိုသူကို ရိုက်ဖယ်လိုက်ကာ ဒေါသတကြီး မျက်နှာထားဖြင့် ပြောလိုက်သည်။
"မင်း ပါးစပ်ကနံလိုက်တာ...။"
မာတာ့ပေါင်ကို တွဲထူပေးပြီးနောက် တပည့်အချို့က သူ့ကို အကြံပေးကြလေသည်။
"အစ်ကိုပေါင် အစ်ကိုတောင် သူ့ကို မနိုင်ဘူးဆိုတော့ ကျွန်တော်တို့ ထွက်ပြေးရအောင်...။"
တကယ်တမ်းတွင် မာတာ့ပေါင်၏ စွမ်းရည်များမှာ သာမန်လူများထက် များစွာ သာလွန်ပေသည်။ အနည်းဆုံး တော့ သူက အရိုက်ခံနိုင်ရည် ရှိလေသည်။ ထို့ပြင် မည်မျှပင် ပြင်းထန်စွာ အရိုက်ခံရပါစေ အသက်ရှူနိုင်သေး သရွေ့ သူက ပါးစပ်ကို ပိတ်ထားမည် မဟုတ်ပေ။
"ဒါ အတည်မယူဘူး…။ ငါ စမယ်လို့တောင် မအော်ရသေးခင် သူက အရင်ဝင်တိုက်တာ ခိုးကြောင်ခိုးဝှက် တိုက်ခိုက်တာပဲ သူက အားကစားသမားစိတ်ဓာတ် လုံးဝမရှိဘူး...။"
ထိုစကားကို ကြားသောအခါ ချူရှီမင်မှာ ဒေါသထွက်သွားပြီး လက်သီးဆုပ်ကာ ထပ်မံ ရှေ့တိုးရန် ပြင်လိုက် လေသည်။ ထိုအရာကို မြင်သောအခါ လျန်ထျန်းက အမြန်ရှေ့တက်လာပြီး သူ့ကို တားလိုက်လေသည်။
"တော်လောက်ပြီ ရှီမင်..၊ မင်း ဆက်ထိုးနေရင် သူ သေသွားလိမ့်မယ်...။"
တစ်စုံတစ်ယောက်က သူ့ကို တားဆီးနေသည်ကို မြင်သောအခါ မာတာ့ပေါင်က ပို၍ပင် ယုံကြည်မှု ရှိလာ လေသည်။
"ငါ့ကို လာမတားနဲ့ ငါ လုပ်နိုင်သေးတယ်...။"
"ခုနက သူ အားပြင်းပြင်းနဲ့ တိုက်ခိုက်တာကို ကြည့်ပြီး အလိမ်မခံကြနဲ့…။ ငါက အများစုကို ကာကွယ်နိုင်ခဲ့တာ သူ ပွတ်တိုက်မိသွားလို့သာ ငါ လဲကျသွားတာ...။"
"ဒါပေမဲ့ ရပါတယ် အခုတော့ အဆင်ပြေသွားပါပြီ…၊ ခုနက ငါ့ညာလက်သီးက သူ့နှာခေါင်းပေါ် ရောက်နေခဲ့ပေမဲ့ ငါ မထိုးခဲ့ဘူး ပြုံးရုံပဲ ပြုံးပြလိုက်တာ...။"
"ဘာလို့လဲဆိုတော့ ရိုးရာသိုင်းပညာရဲ့ စည်းမျဉ်းအရ အမှတ်ရရင် ရပ်ရမယ်ဆိုတဲ့အတိုင်း သူက ရှုံးနေပြီလေ..။ အဲ့ဒီလက်သီးသာ အားကုန်သုံးပြီး ထိုးလိုက်ရင် သူ့နှာခေါင်း ကျိုးသွားမှာပေါ့...။"
"ငါက သူ့ကို အနိုင်ပေးနေတာကို သူက ငါ့ကို ဆက်တိုက်နေတာ အဲ့ဒါ အဆင်ပြေရဲ့လား…။ အဲ့ဒါ မကောင်းဘူး လေ...။"
"ငါ့ကို လွှတ်လိုက်…။ သူ့ကို မတားနဲ့…၊ ငါ သူ့ကို ပြန်ချမယ်…။ ဒီတစ်ကြိမ်တော့ သူ့ကို အလွတ်မပေးတော့ ဘူး...။"
သူ့ဘေးရှိ တပည့်တစ်ဦးမှာ မူးဝေနေပြီး ကြယ်များပင် မြင်နေရသဖြင့် ယိမ်းထိုးနေလေသည်။
"အစ်ကိုပေါင် ကျွန်တော်တို့ အစ်ကို့ကို မတားတော့ပါဘူး ဒါပေမဲ့ ကျေးဇူးပြုပြီး ကျွန်တော့်လက်ကို လွှတ်ပေး ပါဦး...။"
သူ့မျက်နှာချင်းဆိုင်တွင်မူ လျန်ထျန်းက သူပြောနေသည့် စကားတစ်ဝက်ကိုသာ အဆုံးသတ်ပြီး ဆက်ပြော လိုက်လေသည်။
"နောက်ကွယ်က ကြိုးကိုင်နေတဲ့ အစ်ကိုလန်ဆိုတဲ့လူကို ရှာဖို့အတွက် သူ့အသက်ကို ချမ်းသာပေးချင် သေးတယ်...။"
"ရှီမင်…၊ နောက်တစ်ခါ ထိုးရင် သတိထားပါ၊ သူ့ကို မသတ်လိုက်နဲ့ အသက်ရှင်လျက်လေးပဲ ထားလိုက်...။"
ထိုသို့ပြောပြီးနောက် လျန်ထျန်းက ချူရှီမင်ကို ဆက်မတားတော့ပေ။ ထိုအရာကို မြင်သောအခါ တပည့်များကို ဖက်ထားပြီး အတားခံနေရဟန် ဆောင်နေသော မာတာ့ပေါင်မှာ အေးခဲသွားပြီး သူ၏ အမူအရာများမှာလည်း ရုတ်တရက် ရပ်တန့်သွားတော့သည်။
"ဟင်…။ ဘာလို့ သူ့ကို ဆက်မတားတော့တာလဲ...။"
"ဟေ့…၊ မင်းတို့အားလုံးက ဘာလို့ နောက်ဆုတ်သွားကြတာလဲ…။ ထွက်ပြေးမယ်ဆိုရင်လည်း ငါ့ကိုပါ ခေါ်သွား ကြလေ...။"
“ဘုန်း...”
တစ်ဖက်သတ် အကြိတ်ခံရပြီးနောက်တွင် မာတာ့ပေါင်မှာ မြေပြင်ပေါ်၌ အပြည့်အဝ လဲလျောင်းနေရပြီး လုံးဝ မလှုပ်ရှားနိုင်တော့ဘဲ အသက်ငင်နေတော့သည်။ ထိုအခါ လျန်ထျန်းက အနီးသို့ ရောက်လာပြီး သူ့ကို ငုံ့ကြည့် လိုက်လေသည်။
"အစ်ကိုလန်ကို ငါ့ဆီ ခေါ်လာခဲ့…၊ ငါ မင်းကို ချမ်းသာပေးမယ်…၊ ဟုတ်ပြီလား...။"
မာတာ့ပေါင်၏ အသံမှာ တုန်ရီနေလေသည်။
"အိပ်မက်မက်နေလိုက်...။"
လျန်ထျန်းက ပြုံးလိုက်သည်။
"မင်း တစ်ကိုယ်လုံး အားအင်တွေ ကုန်ခမ်းနေပြီ…။ ဒါပေမဲ့ မင်းရဲ့ ပါးစပ်ကတော့ မာကျောနေတုန်းပဲ...။"
"ကောင်းပြီလေ…၊ မင်းက သတ္တိရှိတာပဲ…။ ရှီမင်…၊ သူက ပူးပေါင်းဆောင်ရွက်မှာ မဟုတ်ဘူးဆိုတော့ သူ့ရဲ့ နောက်ဆုံး လက်ကျန် အသက်လေးကို အဆုံးသတ်ပေးလိုက်ပါ...။"
ထိုစကားကို ကြားသောအခါ မာတာ့ပေါင်က အလျင်အမြန် စိတ်ပြောင်းသွားပြီး ထပ်ပြောလိုက်လေသည်။
"လန်ဆိုတဲ့ကောင်ကို ခင်ဗျားဆီ ခေါ်လာပေးဖို့ အိပ်မက်မက်နေတာ...။ တကယ်တော့ ကျွန်တော် သူ့ကို သဘောမကျတာ ကြာပြီ…။ သည်းခံနေရတာလည်း ကြာပြီ...။"
"အင်တာနက်နာမည်ကြီးတွေက ပိုက်ဆံတွေ အများကြီး ရနေပေမဲ့ ကျွန်တော်တို့ကိုကျတော့ ပိုက်ဆံနည်းနည်း လေးပဲ ပေးတယ်…။ ပြီးတော့ ကျွန်တော်နဲ့ ကျွန်တော့် ညီအစ်ကိုတွေကို အမှိုက်လို သဘောထားပြီး မကောင်းတဲ့ အလုပ်တွေ အကုန်ခိုင်းတယ်...။"
"’ဒီနေ့တော့ ကျွန်တော်နဲ့ ကျွန်တော့် ညီအစ်ကိုတွေက အမှားကို အမှန်ပြင်ပြီး အမှောင်ထဲကနေ အလင်းဘက်ကို ကူးပြောင်းတော့မယ်...။ အစ်ကို ခုနကပြောတဲ့ (၅၀၀) ယွမ်ဆိုတာက တကယ်ပဲပြောတာလား...။"
ယခုအခါ မာတာ့ပေါင်မှာ လျန်ထျန်းသည် သူဌေးတစ်ဦးဖြစ်ကြောင်း စတင် ယုံကြည်လာလေပြီ။ အဘယ် ကြောင့်ဆိုသော် သာမန် အစားအသောက် ပို့ဆောင်သူတစ်ဦးက သူ့ကို တိတ်တဆိတ် ကာကွယ်ရန် ဤမျှ အဆင့်မြင့်သော လူတစ်ဦးကို ငှားရမ်းနိုင်ခြင်းမှာ တကယ်ကို မယုံနိုင်စရာပင် ဖြစ်သည်။
လျန်ထျန်းက ပို၍ ပြုံးလိုက်လေသည်။
"မင်းရဲ့ စွမ်းဆောင်ရည်ပေါ်မှာ မူတည်တယ်…၊ တစ်နာရီအတွင်း ဒီနေရာမှာပဲ အဲ့ဒီ အစ်ကိုလန်ဆိုတဲ့လူကို ငါ မြင်ချင်တယ်...။"
...
ဆယ်မိနစ်ခန့် အကြာတွင် ဇိမ်ခံ ဗီလာအိမ်ကြီးတစ်ခုအတွင်း ဟာလာဟင်းလင်း အခွံသာဖြစ်အောင် တမင်တ ကာ ပြင်ဆင်ထားသော အခန်းတစ်ခန်း ရှိလေသည်။
"ဟုတ်ပါတယ် ကျွန်တော် အရမ်းကို ဒုက္ခရောက်နေပါတယ်…။ ကျွန်တော့် အစားအသောက်တွေကို ခိုးစားသွား တဲ့ ပို့ဆောင်သူကြောင့် လူတော်တော်များများက ကျွန်တော့်ကို အထင်လွဲနေကြတယ်...။"
"လူတိုင်းက ကျွန်တော် လူတွေရဲ့ ဒုက္ခပေါ်မှာ အမြတ်ထုတ်နေတယ်…၊ ပို့ဆောင်သူတစ်ယောက်ကို ရူးသွပ်သွား အောင် လုပ်ပြီး လူစိတ်ဝင်စားမှုရအောင် လုပ်နေတယ်လို့ ပြောကြတယ်..။ ဒါပေမဲ့ ကျွန်တော် နေတဲ့နေရာကို ကြည့်ပါဦး…။ ကျွန်တော့်မှာ အိမ်ကို ပြင်ဆင်ဖို့တောင် ပိုက်ဆံ မရှိပါဘူး...။"
"ဒါတောင်မှ ကျွန်တော့် မိသားစုကို ကောင်းကောင်းမွန်မွန် ကျွေးမွေးချင်ပါသေးတယ်…။ ဒီ ကိုယ်တိုင်အပူပေး လို့ရတဲ့ ထမင်းက (၉.၉) နာနိုပဲ ရှိပါတယ် အထုပ်အသစ်နဲ့ အဟောင်းကိုတော့ ကျပန်းပို့ပေးသွားမှာပါ...။"
"ဒီလောက် ဈေးပေါတာတောင် ကျွန်တော် တစ်ပြားမှ မမြတ်ပါဘူး…။ တစ်ပွဲရောင်းရတိုင်း ရှုံးတောင် ရှုံးပါသေး တယ် မြန်မြန်လေး ဝယ်လိုက်ကြပါ ခင်ဗျာ…။ အပြင်က မှာစားတာထက် အများကြီး ပိုကောင်းပါတယ်...။"
သောင်းနှင့်ချီသော ကိုယ်တိုင်အပူပေး ထမင်းပွဲများ ရောင်းကုန်သွားပြီးနောက် အစ်ကိုလန်က သူ၏ တိုက်ရိုက် ထုတ်လွှင့်မှုကို အဆုံးသတ်လိုက်ရာ ဘေးနားရှိ ထိပ်ပြောင်ပြောင်နှင့် လူတစ်ဦးက ချက်ချင်းပင် လက်မထောင် ပြလိုက်လေသည်။
"အစ်ကိုလန်ရဲ့ အရောင်းစွမ်းရည်က တကယ်ကို အားကောင်းတာပဲ…။ ဒီရောင်းမစွံတဲ့ ပစ္စည်းတွေကြောင့် ကျွန်တော် ရူးတော့မလို့ပဲ…။ ဒါပေမဲ့ အစ်ကိုလန်က ဝင်ပါလိုက်တာနဲ့ မိနစ်အနည်းငယ်အတွင်းမှာ အကုန် ရောင်းထွက်သွားမယ်လို့ မထင်ထားဘူး...။"
အစ်ကိုလန်က မိမိကိုယ်ကိုယ် ယုံကြည်မှု အပြည့်ဖြင့် ပြုံးလိုက်လေသည်။
"ငါ မရောင်းနိုင်တဲ့ ပစ္စည်းဆိုတာ ရှိလို့လား...။"
"သက်တမ်းကုန်တော့မယ့် ပစ္စည်းဖြစ်ဖြစ်…၊ နည်းပညာမြင့် ပစ္စည်းဖြစ်ဖြစ်…၊ ရှားပါး ပစ္စည်းဖြစ်ဖြစ်..၊ ငါ့ကို သင့်တော်တဲ့ ဈေးသာပေး…။ ငါ အကုန်ရောင်းပေးနိုင်တယ်...။"
ထိပ်ပြောင်ပြောင်နှင့် လူက ချီးကျူးနေရင်းနှင့်ပင် စိုးရိမ်မှု အချို့ကိုလည်း ဖော်ပြလာလေသည်။
"ဒါပေမဲ့ အစ်ကိုလန်…၊ အဲ့ဒီလူတွေက ဝယ်သွားပြီး သက်တမ်းကုန်တော့မယ့် ပစ္စည်းတွေမှန်း သိသွားလို့ ပြန်အမ်းချင်တယ် ဆိုရင်ကော...။"
အစ်ကိုလန်က ထိပ်ပြောင်ပြောင်နှင့် လူကို အရူးတစ်ယောက်အား ကြည့်သကဲ့သို့ ကြည့်လိုက်လေသည်။
"ဘာလို့ ပစ္စည်းအသစ် နှစ်ဆယ်ရာခိုင်နှုန်းလောက် ရောပြီး မရောင်းတာလဲ..။ ဒါမှမဟုတ်ရင် အထုပ်အသစ်နဲ့ အဟောင်း ကျပန်းပို့ပေးမယ်လို့ ငါက ဘာလို့ အလေးအနက် ပြောခဲ့ရမှာလဲ...။"
"ပြီးတော့ ဒီပစ္စည်းတွေက သက်တမ်းကုန်တော့မှာပဲ ရှိသေးတာ…။ သက်တမ်း ကုန်သွားတာမှ မဟုတ်တာ…၊ နောက်ပြီး ငါက ပို့ဆောင်ရေး အာမခံလည်း မပေးထားဘူးဆိုတော့ သူတို့ ပြန်ပို့ချင်ရင် ပို့ခကို သူတို့ဘာသာ ကျခံရမှာပဲလေ...။"
"(၉.၉) နာနိုပဲ တန်တဲ့ ပစ္စည်းတစ်ခုအတွက် အပြန်ပို့ခက (၁၀) နာနိုတောင် ကျမှာဆိုတော့ ဘယ်အရူးက အဲ့ဒီလို လုပ်မှာလဲ…။ အဲ့ဒီအစား လွှင့်ပစ်လိုက်တာကမှ ပိုတွက်ခြေကိုက်သေးတယ်...။"
ထိုစကားကို ကြားပြီးနောက် ထိပ်ပြောင်ပြောင်နှင့် လူမှာ သူ၏ လေးစားအားကျမှုကို ဖုံးကွယ်မထားနိုင်တော့ပေ။
"အစ်ကိုလန်က တကယ်ကို တော်တာပဲ…။ နောက်တစ်ခါ ဒီလို ရောင်းမစွံတဲ့ ပစ္စည်းတွေ ရှိလာရင် အစ်ကို့ဆီပဲ ထပ်လာခဲ့မယ်...။"
အစ်ကိုလန်က ကျေနပ်စွာ ပြုံးလိုက်လေသည်။
"ဈေးနှုန်း သင့်တော်သရွေ့ အချိန်မရွေး လာခဲ့လို့ ရတယ်…။ ဘာပဲဖြစ်ဖြစ် အွန်လိုင်းပေါ်မှာ လိမ်စားလို့ရတဲ့ လူတွေကတော့ အမြဲတမ်း အများကြီး ရှိနေမှာပဲ...။"
ထိပ်ပြောင်ပြောင်နှင့် လူ ထွက်သွားပြီး မကြာမီမှာပင် အစ်ကိုလန်သည် ရိုးရှင်းသော အခန်းလေးထဲမှ ထွက်လာ ကာ ဇိမ်ခံ ဧည့်ခန်းဆီသို့ လျှောက်သွားလိုက်လေသည်။ ကျယ်ဝန်းပြီး တောက်ပသော ဧည့်ခန်းထဲတွင် အိမ်အကူ များ အလုပ်မျိုးစုံ လုပ်နေကြသည်ကို မြင်တွေ့ရပြီး အစ်ကိုလန်၏ ရမ္မက်ပြင်းပြသော အကြည့်များက သူတို့ အပေါ်သို့ ဖုံးကွယ်ထားခြင်း မရှိဘဲ ကျရောက်နေခဲ့လေသည်။
အွန်လိုင်းပေါ်တွင် သနားစရာကောင်းဟန် ဆောင်နေသော ဤအင်တာနက် နာမည်ကြီးသည် လက်တွေ့ဘဝတွင် ဤမျှ ဇိမ်ကျပြီး ပျော်ပါးသော ဘဝမျိုးဖြင့် နေထိုင်နေမည်ဟု မည်သူက ထင်မှတ်ထားမည်နည်း။ အကယ်၍ ဤကိစ္စသာ ပေါက်ကြားသွားပါက သူ၏ ပရိသတ်များ တွေးတောင် တွေးဝံ့မည်မဟုတ်သော ကိစ္စတစ်ခု ဖြစ်လာ ပေလိမ့်မည်။ သို့သော် အစ်ကိုလန်က သူ၏ ပျော်ရွှင်ဖွယ် ဘဝကို စတင်ရန် ပြင်ဆင်နေစဉ် တံခါးခေါက်သံ ထွက် ပေါ်လာလေသည်။
အစ်ကိုလန်က မျက်မှောင်ကြုတ်လိုက်ပြီး တံခါးနားသို့ လျှောက်သွားကာ အပြင်ဘက်ရှိ စောင့်ကြည့်ကင်မရာ မြင်ကွင်းကို အရင် ကြည့်လိုက်လေသည်။ မာတာ့ပေါင်နှင့် သူ၏ တပည့်များကို မှတ်မိပြီးနောက်မှသာ သူ၏ မျက်မှောင်ကြုတ်နေမှုများ ပြေလျော့သွားပြီး တံခါးကို ဖွင့်ပေးလိုက်လေသည်။
"ဒီတစ်ကြိမ် ပိုက်ဆံ ပိုပေးလိုက်ရတော့ မင်းတို့ရဲ့ အလုပ်လုပ်နိုင်စွမ်းက တကယ်ကို သိသိသာသာ တက်လာတာ ပဲ...။"
"ဒါနဲ့ အဲ့ဒီကောင့်ကို ပညာပေးလိုက်တာလား…၊ ဒါမှမဟုတ် အပြတ် ရှင်းပစ်လိုက်တာလား...။"
မာတာ့ပေါင်က ခေါင်းငုံ့ထားကာ ဩရှရှ အသံဖြင့် ပြန်ဖြေလိုက်လေသည်။
"အကုန် ရှင်းလင်းပြီးပါပြီ...။"
ထိုစကားကို ကြားသောအခါ အစ်ကိုလန်မှာ အလွန် ဝမ်းသာသွားလေသည်။
"ဟားဟား….။ ငါ ထင်တဲ့အတိုင်းပဲလေ…။ ဘာပဲဖြစ်ဖြစ် (၁၀၀) ယွမ်ဆိုတာ မင်းတို့အတွက်တော့ မရေတွက် နိုင်တဲ့ ပမာဏပဲ မဟုတ်လား...။"
"ပိုက်ဆံတွေကို ယူပြီး နိုင်ငံခြားမှာ သက်တမ်းကုန်တဲ့အထိ ဇိမ်ကျကျ သွားနေလိုက်ကြတော့ နောက်ဘယ်တော့ မှ ပြန်မလာနဲ့...။"
"ရိုးရိုးသားသား ပြောရရင်…၊ အဲ့ဒီကောင်လေးသာ အွန်လိုင်းပေါ်မှာ ဒီလောက် ဩဇာလွှမ်းမိုးမှု မကြီးဘူးဆိုရင် ငါလည်း ဒီလောက် ပိုက်ဆံအများကြီး အကုန်ခံမှာ မဟုတ်ဘူး...။"
"ကဲ ရှင်းလင်းပြီးသား သက်သေတွေကို ငါ့ကို ပြ…၊ ငါ မင်းတို့ကို အရင်ဆုံး (၅၀) ယွမ် ပေးမယ် ကျန်တာတွေကို တော့ မင်းတို့ နိုင်ငံခြားကို အောင်အောင်မြင်မြင် ရောက်သွားမှ လွှဲပေးမယ်...။"
မာတာ့ပေါင်မှာ လုံးဝ ခေါင်းမမော့ဘဲ တည်ငြိမ်သော အသံဖြင့် ဆက်ပြောလိုက်လေသည်။
"အစ်ကိုလန် ကျွန်တော်တို့က အဲ့ဒီလို သက်သေမျိုးကို ဘယ်လိုလုပ် ချန်ထားရဲမှာလဲ…။ နေရာမှာတင် အကုန် မြှုပ်ပစ်လိုက်တာ…။ အစ်ကို ကြည့်ချင်တယ်ဆိုရင်တော့ ကျွန်တော်တို့နဲ့ လိုက်ခဲ့မှ ရမယ်...။"
ထိုစကားကို ကြားသောအခါ အစ်ကိုလန်က ထပ်မံ မျက်မှောင်ကြုတ်လိုက်ပြီး အနည်းငယ် သတိထားသွား ခဲ့လေသည်။
"မာတာ့ပေါင် မင်း ငါ့ကို တစ်ခုခု လှည့်စားဖို့ ကြိုးစားနေတာတော့ မဟုတ်ပါဘူးနော်...။"
"ငါ မင်းကို ပြောထားမယ် ငါ့နောက်ကွယ်မှာ အင်အားကြီးတဲ့ ကျောထောက်နောက်ခံတွေ ရှိတယ်ဆိုတာ မင်း သိပါတယ်..။ ဒါကြောင့် ငါ့အပေါ် ဘာမှ မရိုးမသား လုပ်ဖို့ မကြိုးစားနဲ့...။"
ဤတစ်ကြိမ်တွင် မာတာ့ပေါင်က နောက်ဆုံး၌ ခေါင်းမော့လာပြီး သူ၏ မျက်နှာကို မြင်လိုက်ရသောကြောင့် အစ်ကိုလန်မှာ လန့်ဖြန့်သွားလေသည်။ ချက်ချင်းဆိုသလိုပင် မာတာ့ပေါင်၏ အေးစက်သော အသံက ထွက်ပေါ် လာလေသည်။
"အစ်ကိုလန် ကျွန်တော့် မျက်နှာပေါ်က သွေးတွေကို ကြည့်ပါဦး အဲ့ဒီကောင်လေးကို ရှင်းလင်းရင်းနဲ့ ပေလာ တာတွေလေ ဒါ သက်သေ မဟုတ်ဘူးလား...။"
အသက်ရှူဝအောင် ရှူပြီးနောက် အစ်ကိုလန်က တံတွေးမြိုချကာ အနည်းငယ် တုန်ရီနေသော အသံဖြင့် ပြော လိုက်လေသည်။
"မင်းရဲ့ မျက်နှာကို ကြည့်ရတာ...၊ အခြေအနေက တော်တော် ဆိုးရွားခဲ့ပုံပဲ...။"
"ဒါတွေအကုန်လုံးက အဲ့ဒီကောင်လေးရဲ့ သွေးတွေချည်းပဲလား…၊ မင်း မျက်နှာမှာလည်း ရောင်ရမ်းနေတဲ့ နေရာ တွေ တွေ့ရတယ်...။"
မာတာ့ပေါင်က အလျင်အမြန် ခေါင်းပြန်ငုံ့သွားပြီး ဩရှရှ အသံဖြင့် ပြောလိုက်လေသည်။
"အဲ့ဒီကောင်လေးရဲ့ နောက်ဆုံး ရုန်းကန်မှုက နည်းနည်း ပြင်းထန်သွားတယ်…။ ဒါပေမဲ့ ဘာမှမဖြစ်ပါဘူး…၊ ပွတ်တိုက်မိရုံလေးပါ…။ ကျွန်တော့်ရဲ့ စွမ်းရည်နဲ့ဆိုရင် ဒါက ကိစ္စမရှိပါဘူး...။"
"အစ်ကိုလန် ကျွန်တော်တို့နဲ့ လိုက်ကြည့်ဦးမလား…။ မလိုဘူးဆိုရင်လည်း ပိုက်ဆံ အခုပဲ ပေးလိုက်ပါ ကျွန်တော် တို့ လေယာဉ်မီအောင် သွားရဦးမယ်...။"
အစ်ကိုလန်က ခေတ္တမျှ စဉ်းစားပြီးနောက် ပြောလိုက်လေသည်။
"သွားကြည့်ရအောင် လူ အသေအရှင်ကို မြင်မှ ရမယ်…။ ဒီကိစ္စမှာ အမှားအယွင်း ခံလို့ မဖြစ်ဘူး...။"
မိနစ်နှစ်ဆယ်ခန့် အကြာတွင် အစ်ကိုလန်သည် မာတာ့ပေါင်နှင့် အခြားသူများ နောက်သို့ လိုက်ကာ သစ်တော အုပ်လေးတစ်ခုဆီသို့ ရောက်ရှိလာလေသည်။ တပည့်အချို့က နေရာတစ်ခုကို ရှာတွေ့သွားပြီး မြေကျင်းတစ်ခုကို အားကုန်သုံးကာ စတင် တူးနေကြပြီး မာတာ့ပေါင်ကမူ အစ်ကိုလန်၏ အနောက်တွင် ခံစားချက် ကင်းမဲ့သော မျက်နှာဖြင့် ရပ်နေလေသည်။
အစ်ကိုလန်သည် ကျရောက်လာမည့် အန္တရာယ်ကို လုံးဝ သတိမထားမိဘဲ ရယ်မောရင်းပင် ပြောလိုက်လေသည်။
"အစားအသောက် ပို့တဲ့ အဲ့ဒီကောင်လေးက အွန်လိုင်းမှာ ဘာမဆို တင်ရဲတယ်…။ သူက တကယ် ပြဿနာရှာနေ တာပဲ...။"
"ငါ ထင်တာက သူလည်း ဒီကိစ္စကို သုံးပြီး လူစိတ်ဝင်စားမှုရအောင် လုပ်ချင်နေတာ…။ ပြီးရင် အင်တာနက် နာမည်ကြီး ဖြစ်လာပြီး ပိုက်ဆံရှာချင်နေတာ...။"
"ဒါပေမဲ့ လူတိုင်းက အင်တာနက် နာမည်ကြီး ဖြစ်နိုင်တယ်လို့ သူ ထင်နေတာလား…။ ဒီလောကမှာ အောင်မြင်ဖို့ ဆိုတာ အဆက်အသွယ်နဲ့ ဩဇာလွှမ်းမိုးမှု လိုတယ်...။"
"ဟား…ဟား…ဟား…ဟား... ၊ အား...။"
သို့သော် အစ်ကိုလန်၏ မောက်မာသော ရယ်မောသံ အဆုံးမသတ်မီမှာပင် သူ၏ နောက်တွင် ရပ်နေသော မာတာ့ပေါင် က ရုတ်တရက် ခိုးကြောင်ခိုးဝှက် တိုက်ခိုက်လိုက်ပြီး သူ့ကို အားပြင်းပြင်းဖြင့် ကန်ချလိုက် လေသည်။ အစ်ကိုလန်မှာ အော်ဟစ်သံနှင့်အတူ အသစ်တူးထားသော မြေကျင်းထဲသို့ ပြုတ်ကျသွားပြီး ဂေါ်ပြားကိုင်ထားသော တပည့်အချို့က သူ့ကို ဖိချုပ်ထားလိုက်လေသည်။
မြေကျင်းထဲသို့ ပြုတ်ကျသွားသဖြင့် အနည်းငယ် မူးဝေသွားပြီးနောက် အစ်ကိုလန်က သတိပြန်ဝင်လာကာ ရုန်းကန်အော်ဟစ်တော့သည်။
"မာတာ့ပေါင်…၊ မင်း ဘာလုပ်နေတာလဲ ရူးနေတာလား...။"
အစ်ကိုလန်က အားကုန်သုံး၍ ရုန်းကန်သော်လည်း သူ့ကို ဖိထားသော သံဂေါ်ပြားများမှာ ပို၍ ခိုင်မာနေသဖြင့် သူ လုံးဝ မလှုပ်ရှားနိုင်တော့ပေ။ ထိုစဉ် သူ့ကို ဆူပူကြိမ်းမောင်းခဲ့သော မာတာ့ပေါင်သည် မြေကျင်းဘေးတွင် ရပ်နေပြီး ချဉ်းကပ်လာသော ပုံရိပ်တစ်ခုကို နှုတ်ဆက်လိုက်လေသည်။
ပို့ဆောင်သူ ဝတ်စုံကို ဝတ်ဆင်ထားသော လျန်ထျန်းသည် ထိုနေရာသို့ ရောက်လာပြီး အစ်ကိုလန်ကို ငုံ့ကြည့်ကာ ရယ်မောလိုက်လေသည်။
"အစ်ကိုလန်…။ ဒီလောကမှာ ရှင်သန်ဖို့အတွက် အဆက်အသွယ်နဲ့ ဩဇာလွှမ်းမိုးမှု လိုတယ်လို့ ခုနကပဲ မင်း ပြောတာကို ငါ ကြားလိုက်တယ်...။"
"အခု ငါ တကယ်ကို သိချင်နေပြီ…။ မင်းရဲ့ နောက်ကွယ်က လူတွေနဲ့ အင်အားစုတွေက ဘယ်သူတွေလဲ ဆိုတာ ကိုပေါ့...။"
အစ်ကိုလန်မှာ မြေပြင်ပေါ်တွင် မှောက်လျက် အနေအထားဖြင့် ဖိချခံထားရလေသည်။ သူက ခေါင်းကို ခက်ခက် ခဲခဲ လှည့်ကြည့်လိုက်ရာ လျန်ထျန်းကို မြင်လိုက်ရသဖြင့် သူ၏ မျက်လုံးအိမ်များ ရုတ်တရက် ကျုံ့ဝင်သွားပြီး နောက် ဘာတွေဖြစ်နေသည်ကို နားလည်သွားတော့သည်။ ထို့နောက် သူက ထပ်မံ အော်ဟစ်လိုက်ရာ အားစိုက် ရလွန်းသဖြင့် သူ၏ အသံမှာ ဩရှနေလေသည်။
"မာတာ့ပေါင်…၊ မင်းက အစားအသောက်ပို့တဲ့ ကောင်စုတ်လေးဆီက လာဘ်စားလိုက်တာပေါ့လေ…။ ငါ့ကို သစ္စာဖောက်ရဲတယ်ပေါ့လေ...။"
"ပြီးတော့…၊ မင်း… ဟေ့ကောင် ပို့ဆောင်ရေးသမားစုတ် မင်းက ငါ့နောက်ကွယ်က သူဌေးကြီးက ဘယ်သူလဲ ဆိုတာကို သိချင်နေတာလား…။ ငါ ပြောလိုက်မယ်…၊ ဘယ်တော့မှ မဖြစ်နိုင်ဘူး...။"
ထိုစကားကို ကြားသောအခါ လျန်ထျန်း၏ နှုတ်ခမ်းများက မဲ့ပြုံး ပြုံးလိုက်လေသည်။
"တစ်ကိုယ်လုံး ပျော့ခွေနေပေမဲ့ ပါးစပ်ကတော့ မာကျောနေတုန်းဖြစ်တဲ့ နောက်တစ်ယောက်ပဲ...။"
"မာတာ့ပေါင်…၊ ဒီတစ်ကြိမ်တော့ မင်းအပေါ်မှာပဲ မူတည်တော့တယ် မင်း (၅၀၀) ယွမ် ရနိုင်မရနိုင် ဆိုတာက မင်းရဲ့ စွမ်းဆောင်ရည်ပေါ်မှာ မူတည်နေတယ်...။"