← Chapters

အခန်း ၂၃၆

Vol. 24 Ch. 236

အခန်း ၂၃၆

Vol. 24 Ch. 236

အခန်း (၂၃၆)

ချင်းမင်းဆက် ပျက်သုဉ်းခဲ့သည်မှာ ကြာပြီ

ထိုနေ့ညနေ အိမ်သို့ပြန်ရောက်သောအခါ လျန်ထျန်းသည် သူ့ထံတွင် ဖြစ်ပျက်ခဲ့သမျှ အကြောင်းစုံကို ဝမ်ရှောင်ရို့ အား ပြောပြခဲ့လေသည်။

ထိုအကြောင်းကို ကြားသောအခါ ဝမ်ရှောင်ရို့မှာ ထိတ်လန့်သွားပြီး ပါးစပ်ကို အုပ်လိုက်ကာ သူမ၏ မျက်လုံး ထောင့်များတွင် မျက်ရည်များ ဝဲလာတော့သည်။

"ချစ်ရတဲ့ ထျန်းထျန်း...၊ ရှင်က ဘယ်လိုလုပ်ပြီး ဒီလောက် အန္တရာယ်များတဲ့ အခြေအနေမျိုးနဲ့ ကြုံတွေ့ခဲ့ရ တာလဲ...။"

"အစားအသောက် ပို့ဆောင်ရေး ကုမ္ပဏီကို ဝယ်မယ့်ကိစ္စကို စွန့်လွှတ်လိုက်ပါလား...။ မကြာသေးခင်က ကျွန်မရဲ့ စီးပွားရေးလုပ်ငန်းလေးလည်း အဆင်ပြေနေတာမို့ နောင်ကျရင် ရှင့်ကို ကျွန်မပဲ ထောက်ပံ့ပေးပါ့မယ်...။"

ဝမ်ရှောင်ရို့၏ ဂရုတစိုက် ပြောဆိုသော စကားများကို ကြားသောအခါ လျန်ထျန်းမှာ အလွန်ပင် စိတ်လှုပ်ရှား သွားရသော်လည်း ပြုံးလျက် ပြန်ပြောလိုက်သည်။

"ချစ်ရတဲ့ ရို့ရို့လေး...၊ ကိုယ်တို့ ဒီကိစ္စကို သဘောတူထားခဲ့ကြပြီးပြီ မဟုတ်လား...။"

"ကိုယ်က အစားအသောက် ပို့ဆောင်ရေး ကုမ္ပဏီတစ်ခုလုံးကို ဝယ်ယူပြီးသွားတဲ့အခါ...၊ ပြီးတော့ မင်းရဲ့ လုပ်ငန်းခွင် ရည်မှန်းချက်တွေ အောင်မြင်သွားတဲ့အခါ နောက်နှစ်နှစ်နေရင် ကိုယ်တို့ လက်ထပ်ကြမယ်လေ...။"

"ကိုယ်တို့တွေ အခက်အခဲတွေ အဟန့်အတားတွေနဲ့ ကြုံတွေ့ခဲ့ရပေမဲ့ ထွက်ပြေးရုံသက်သက်က ဘယ်တော့မှ ဖြေရှင်းနည်း မဟုတ်ဘူး...။"

"ပြီးတော့ ကိုယ်တို့အားလုံးက ရွှံ့နွံထဲ ရောက်ဖူးကြတဲ့သူတွေမို့ ရွှံ့နွံထဲမှာ နစ်မွန်းနေဆဲဖြစ်တဲ့ လူအများစုကို ပိုပြီး နားလည်ပေးနိုင်တယ်...။"

"အရင်တုန်းကဆိုရင် ကိုယ် မနှစ်သက်တဲ့ အရာတွေကို ပြောင်းလဲနိုင်စွမ်း မရှိခဲ့ပေမဲ့ ယခု ကိုယ့်မှာ စွမ်းဆောင်နိုင် ပြီမို့ အလွယ်တကူ ဆုတ်ခွာလို့ မဖြစ်ဘူး...။"

"စိတ်မပူပါနဲ့...။ ကိုယ့်မှာ ဒီကိစ္စကို ကိုင်တွယ်ဖြေရှင်းဖို့ နည်းလမ်းရှိပါတယ်...။ ကိုယ် ဘီမြို့တော်ကို ခရီးရှည် တစ်ခု သွားဖို့ပဲ လိုတာပါ...။"

တကယ်ချစ်ကြသည့် လူနှစ်ဦးသည် တစ်ဦးကိုတစ်ဦး အမြဲတမ်း နားလည်နိုင်စွမ်းရှိကြသည်ဆိုသော စကားမှာ အမှန်ပင်ဖြစ်သည်။ ဝမ်ရှောင်ရို့အနေဖြင့် လျန်ထျန်းနှင့် ခွဲခွာရမည်ကို တွန့်ဆုတ်နေသော်လည်း သူ၏ ဆုံးဖြတ် ချက်ကို လေးစားကာ အကြံပေးစကား ဆိုလေသည်။

"ဒါဆိုရင် ရှင်က ရှင့်ရဲ့ ဘေးကင်းလုံခြုံရေးကို အမြဲတမ်း ပထမနေရာမှာ ထားရမယ်...။ အကယ်၍ အန္တရာယ်နဲ့ ကြုံလာရရင် ချက်ချင်းသာ ပြန်လာခဲ့ပါ...။"

"ကျွန်မရဲ့ အသက်မွေးဝမ်းကျောင်း အလုပ်တွေ အိပ်မက်တွေကို စွန့်လွှတ်နိုင်ပါတယ်...။ ဘာဖြစ်လို့လဲဆိုတော့ ဒီအရာတွေထက် ရှင်က ကျွန်မအတွက် အဆတစ်ထောင် အဆတစ်သောင်းမက ပိုပြီး အရေးကြီးလို့ပါပဲ...။"

"ကျွန်မရဲ့ ကမ္ဘာလောကကြီးက ရှင့်အနားမှာ ရှိနေမှသာ ပြည့်စုံတာပါ...။ အမြန်ဆုံး ဘေးကင်းကင်းနဲ့ ပြန်လာခဲ့ မယ်လို့ ကတိပေးပါ...။ ရှင်မရှိတဲ့ အချိန်တိုင်းမှာ ရှင့်ကို လွမ်းနေမှာပါ...။"

ထိုစကားကို ကြားသောအခါ လျန်ထျန်းသည် ဝမ်ရှောင်ရို့ကို တင်းကျပ်စွာ ပွေ့ဖက်လိုက်ပြီး သူမ၏ နားနားသို့ ကပ်ကာ ကတိပေးလိုက်လေသည်။

"ကိုယ် အမြန်ဆုံး ပြန်လာခဲ့ပါ့မယ်လို့ ကတိပေးပါတယ်...၊ ပြီးတော့ အချိန်တိုင်းမှာ ကိုယ် မင်းကို လွမ်းနေ မှာပါ...။"

ရက်အနည်းငယ် အကြာတွင် လျန်ထျန်းသည် ဘီမြို့တော်၌ အခြေချ နေထိုင်နေပြီ ဖြစ်သည်။ ဘေဂျင်းတွင် အလုပ်လာလုပ်ကြသော မရေမတွက်နိုင်သည့် အခြားသော ရွှေ့ပြောင်းအလုပ်သမားများကဲ့သို့ပင် သူသည်လည်း နေ့စဉ် အစားအသောက်များ ပို့ဆောင်ရင်း ကြိုးစားပန်းစား အလုပ်လုပ်ကိုင်နေလေသည်။ သူ့ကိုယ်သူ ပုန်းကွယ် ထားချင်သောကြောင့် ဈေးပေါသော မြေအောက်ခန်းတစ်ခုတွင် နေထိုင်ကာ ကဏ္ဍစုံတွင် သိုသိုသိပ်သိပ် နေထိုင် ရန် ကြိုးစားခဲ့လေသည်။

ဘီမြို့တော်တွင် လူဦးရေ ထူထပ်လှပြီး အထူးသဖြင့် အလုပ်လာလုပ်ကြသော ရွှေ့ပြောင်းလုပ်သား အရေအ တွက်မှာ မရေမတွက်နိုင်အောင်ပင် များပြားလှသည်။ အစားအသောက် ပို့ဆောင်ရေး အလုပ်သမားများလည်း ထိုနည်းတူပင် ဖြစ်သည်။ ထို့ကြောင့် ဖန်မိသားစုတွင် ကျယ်ပြန့်သော အဆက်အသွယ်များနှင့် ဩဇာလွှမ်းမိုးမှု ရှိနေစေကာမူ လျန်ထျန်းတစ်ယောက် ဤလူအုပ်ကြီးထဲတွင် ပုန်းကွယ်နေပြီးနောက် သူ့ကို ချက်ချင်း ရှာမတွေ့ နိုင်ခဲ့ပေ။

ဆန့်ကျင်ဘက်အားဖြင့် လျန်ထျန်းသည် မည်သည့်နေရာတွင် ရှိနေပါစေ၊ အစားအသောက် ပို့ဆောင်နေသမျှ ကာလပတ်လုံး သူ၏ ကော်မရှင်ခမှာ ကမ္ဘာ့ကုန်ဈေးနှုန်း အဆတစ်သန်း ပြုတ်ကျသွားခြင်းကြောင့် ထိခိုက်မှု မရှိခဲ့ပေ။ သတင်းကောင်းတစ်ခုလည်း ရှိနေသေးသည်။ ပထမတန်းစား မြို့ကြီးဖြစ်သည်နှင့်အညီ ဘီမြို့တော်၏ အစားအသောက် ပို့ဆောင်ခ ကော်မရှင်မှာ အယ်လ်မြို့ထက် သိသိသာသာ ပို၍ မြင့်မားနေခြင်းပင် ဖြစ်သည်။

ဤသို့ဖြင့် လျန်ထျန်းသည် မြို့ထဲတွင် ပုန်းအောင်းနေရင်း 'ခွန်အား' များကို တိတ်တဆိတ် စုဆောင်းကာ အရေးကြီးသော အချိန်ရောက်ပါက ထုတ်ဖော်ပြသရန် သင့်လျော်မည့် အခွင့်အရေးကို စောင့်ဆိုင်းနေခဲ့လေ သည်။

သို့သော်လည်း ဘီမြို့တော်တွင် အစားအသောက် ပို့ဆောင်သည့်အခါ အချို့သော ထူးဆန်းသည့် လူများနှင့် ကြုံတွေ့ရရန်မှာ ရှောင်လွှဲ၍ မရနိုင်ပေ။ မှတ်ချက်အနေဖြင့် ဆိုရလျှင် ကျွန်ုပ်တို့သည် ထူးဆန်းသော ဖောက်သည်များကို ဆိုလိုခြင်း မဟုတ်ဘဲ ထူးဆန်းသော လူများကို ဆိုလိုခြင်း ဖြစ်သည်။

ဟုတ်ပေသည်၊ လမ်းပေါ်တွင် အလွန်ထူးဆန်းသော လူများနှင့် ဆုံတွေ့ရခြင်းကို ဆိုလိုခြင်း ဖြစ်သည်။

ထိုနေ့က လျန်ထျန်းသည် အလွန် ရှုပ်ထွေးသော လမ်းများရှိသည့် ဟူထုံရပ်ကွက်သို့ ပို့ဆောင်ရမည့် အစား အသောက် အမှာစာတစ်ခုကို လက်ခံရရှိခဲ့လေသည်။ ဘီမြို့တော်တွင် ရှည်လျားသော သမိုင်းကြောင်းရှိသဖြင့် ရှေးဟောင်းအဆောက်အအုံ များစွာကို ယဉ်ကျေးမှု အမွေအနှစ်အဖြစ် ကာကွယ်ထားပြီး ဖြိုဖျက်ခြင်း မရှိပေ။ အတွေ့ရအများဆုံး နေရာများထဲမှ တစ်ခုမှာ ဟူထုံရပ်ကွက်ဖြစ်ပြီး လမ်းကြားငယ်များနှင့် ဘေးလမ်းငယ်လေး များစွာ ရှိသဖြင့် ဂျီပီအက်စ် လမ်းညွှန်ဖြင့်ပင် သွားလာရန် ခက်ခဲလှသည်။

လျန်ထျန်းသည် လမ်းညွှန်ကို အသုံးပြု၍ စတင်ထွက်ခွာလာခဲ့သော်လည်း လမ်းကြားငယ် ရပ်ကွက်ထဲသို့ မဝင်မီ မှာပင် လမ်းညွှန်၏ အသံကြေညာချက်ကို ကြားလိုက်ရလေသည်။

"ဒင်...၊ သင်သည် ဟူထုံရပ်ကွက်သို့ ဝင်ရောက်တော့မည် ဖြစ်သည်...။ ကောင်းတဲမြေပုံမှ သတိပေးအပ် ပါတယ်...။ ကျေးဇူးပြု၍ လမ်းလျှောက်မြေပုံသို့ ပြောင်းလဲပေးပါ...။"

ထိုအသံကို ကြားလိုက်ရသောအခါ လျန်ထျန်းမှာ ခေတ္တမျှ မှင်တက်သွားသော်လည်း ညွှန်ကြားချက်အတိုင်း လမ်းလျှောက်မြေပုံသို့ ပြောင်းလဲလိုက်လေသည်။

မထင်မှတ်ထားဘဲ လမ်းလျှောက်မြေပုံသို့ ပြောင်းလဲကာ ဟူထုံရပ်ကွက်ထဲသို့ ဝင်ရောက်ပြီးနောက် ထိုမြေပုံ ကလည်း အသံကြေညာချက်ကို စတင် ကြေညာလာပြန်သည်။

"ဘိုင်ဒူမြေပုံမှ ကြိုဆိုပါတယ်...။ မြေပြင်အနေအထား ရှုပ်ထွေးမှုကြောင့် ကျေးဇူးပြု၍ ရှေ့မှ ညာဘက်သို့ကွေ့ ကာ ဒေသခံတစ်ဦးထံ လမ်းမေးပါ...။ ဤလမ်းညွှန်မှု ပြီးဆုံးပါပြီ... နှုတ်ဆက်ပါတယ်...။"

လျန်ထျန်းမှာ အံ့အားသင့်ကာ လုံးဝကို ဆွံ့အသွားရလေသည်။

*ဒါက ဘယ်လို အဓိပ္ပာယ်မဲ့တာတွေလဲ...။*

သူသည် လမ်းညွှန်ကို လိုက်နာကာ လမ်းညွှန်ချက်များကို သေချာစွာ ရယူနေပါလျက်နှင့် အကောင်းဆုံး လမ်းညွှန်အက်ပ် နှစ်ခုစလုံးသည် အဘယ်ကြောင့် လမ်းတစ်ဝက်တွင် ရုတ်တရက် အလုပ်မလုပ်တော့ဘဲ ရပ်တန့်သွားရသနည်း။ သူသည် တစ်စုံတစ်ဦးကို လမ်းမေးရန်သာ ရှိတော့သည်။

အလွန်အမင်း စိတ်ပျက်ရသော်လည်း လျန်ထျန်းတွင် အခြား ရွေးချယ်စရာ မရှိပေ။ ရှေ့မှ ညာဘက်သို့ ကွေ့ပြီး နောက် ဒေသခံတစ်ဦးနှင့် တကယ်ပင် ဆုံတွေ့ရသဖြင့် သူသည် စကူတာကိုရပ်ကာ မည်သို့ဖြစ်ကြောင်း ယဉ်ကျေးစွာ မေးမြန်းလိုက်သည်။

"တောင်းပန်ပါတယ် အဘ...၊ ဒီလမ်းကြားက အမှတ် (၁၃၈) ကို ဘယ်လိုသွားရမလဲ ခင်ဗျာ...။"

ဘီမြို့တော်တွင် လူတို့သည် သူစိမ်းများကို အများအားဖြင့် "ဆရာ" သို့မဟုတ် "အဘ" ဟု ခေါ်ဝေါ်လေ့ရှိကြ သည်။ လျန်ထျန်း တွေ့ဆုံခဲ့သော ဒေသခံအမျိုးသားမှာ အတော်ပင် အသက်ရွယ်ကြီးရင့်နေပြီး အသက် ခြောက်ဆယ် သို့မဟုတ် ခုနစ်ဆယ်ခန့် ရှိနေပြီဖြစ်သဖြင့် သူ့ကို "အဘ" ဟု ခေါ်ဆိုခြင်းမှာ လုံးဝကို သင့်လျော် ပေသည်။

အဘိုးအိုသည် ပြန်လည်ဖြေကြားခြင်း မရှိသကဲ့သို့ ခေါင်းပင်မမော့ဘဲ လမ်းတစ်ဘက်သို့ ပေါ့ပေါ့ပါးပါးပင် လက်ညှိုးထိုးပြလိုက်လေသည်။ လျန်ထျန်းလည်း မသင်္ကာမှု မရှိဘဲ သူ့ကို ကျေးဇူးတင်စကားဆိုကာ ထိုဦး တည်ရာသို့ သွားခဲ့လေသည်။

သူ မသိခဲ့သည်မှာ သူ ထွက်ခွာသွားပြီးနောက် ထိုအဘိုးအိုသည် သူ၏ ကျောပြင်ကို မော့ကြည့်ကာ ပြုံးလျက် သူ့ဘာသာ ရေရွတ်လိုက်ခြင်းပင် ဖြစ်သည်။

"ဒီနေရာမှာ ရယ်စရာလေး တစ်ခုရှိတယ်...၊ ဆက်ရှာကြည့်ပါဦး...။"

အခြားတစ်ဖက်တွင်မူ လျန်ထျန်းသည် လမ်းညွှန်ပြသသည့်အတိုင်း အချိန်အတော်ကြာ လျှောက်လာခဲ့ရာ လျှောက်လေလေ တစ်ခုခု မှားယွင်းနေသည်ဟု ခံစားရလေလေ ဖြစ်သည်။ ထို့ကြောင့် လမ်းတွင် အခြား ဒေသခံတစ်ဦးနှင့် ဆုံတွေ့သောအခါ သူသည် မေးမြန်းရန်အတွက် လျှပ်စစ်စကူတာကို ထပ်မံ ရပ်နားလိုက် ပြန်သည်။

ဤတစ်ကြိမ်တွင် သဘောကောင်းပုံရသော အဘိုးအိုတစ်ဦးနှင့် ဆုံတွေ့ရသော်လည်း သူ လမ်းညွှန်ပြသောအခါ ယခင်အဘိုးအို၏ လမ်းညွှန်ချက်များနှင့် လုံးဝ ဆန့်ကျင်ဘက် ဖြစ်နေလေသည်။ ချက်ချင်းပင် လျန်ထျန်းသည် သူ လှည့်စားခံလိုက်ရမှန်း သဘောပေါက်သွားလေသည်။ သူက "ဘယ်လိုလူမျိုးကများ ဤလောက် တလွဲဟာသ ဉာဏ်မျိုး ရှိနေရတာလဲ" ဟု တွေးလိုက်ရင်း အဘိုးအိုကို အထပ်ထပ်အခါခါ ကျေးဇူးတင်စကား ဆိုလိုက်ပြန် လေသည်။

သို့သော် ပြုံးပြပြီးနောက် အဘိုးအိုက ငွေပေးချေမှု လက်ခံရန် ကျူအာကုဒ် တစ်ခုကို ပြသကာ ပြောလာလေ သည်။

"လမ်းညွှန်ခ နှစ်မီလီပါ...။"

လျန်ထျန်းမှာ ချက်ချင်းပင် ဆွံ့အသွားရကာ ခရီးစရိတ်အကြောင်း မေးမြန်းလိုက်သည်။ ငွေနှစ်မီလီမှာ မများလှ သော်လည်း လျန်ထျန်းသည် နေရာအတော်များများသို့ ရောက်ဖူးနေပြီ ဖြစ်ပြီး ဘီမြို့တော်တွင် ဤကဲ့သို့ "လမ်းမေးခြင်း" အတွက် ငွေတောင်းခံသူနှင့် တွေ့ဆုံရခြင်းမှာ ဤသည်က တကယ်ကို ပထမဆုံးအကြိမ် ဖြစ်လေသည်။

သို့သော် လျန်ထျန်းမှာ အစားအသောက် ပို့ဆောင်ရန် အလုပ်များနေသဖြင့် ဤကဲ့သို့သော ကိစ္စငယ်လေးကြောင့် အချိန်မနှောင့်နှေးစေလိုသဖြင့် ကုဒ်ကိုစကင်ဖတ်ကာ လမ်းညွှန်ခအဖြစ် ငွေနှစ်မီလီကို ပေးချေလိုက်လေသည်။ နောက်ဆုံးတွင် လျန်ထျန်းသည် အချိန်မကျော်လွန်မီ တစ်မိနစ်အလိုတွင် အစားအသောက်ကို ပို့ဆောင် ပေးနိုင်ခဲ့သည်။

မည်မျှ ခက်ခဲကြောင်းကို စိတ်ထဲမှ အံ့ဩနေစဉ်မှာပင် လျန်ထျန်းသည် ဤလမ်းကြားရပ်ကွက်ထဲမှ အမြန်ဆုံး ထွက်ခွာလိုစိတ်သာ ရှိတော့ပြီး တိတ်တဆိတ် ဆုံးဖြတ်ချက် ချလိုက်လေသည်။

*အခုကစပြီး ဘာပဲဖြစ်ဖြစ် ဒီလမ်းကြားထဲက ဘယ်အမှာစာကိုမှ ထပ်မယူတော့ဘူး...။ ယူမိရင်တောင် ပိုက်ဆံနည်းနည်း အကုန်ခံပြီး သူများကို လွှဲပေးလိုက်တော့မယ်...။*

*ဘီမြို့တော်က လူတွေအားလုံးက ဘာလို့ ဒီလိုမျိုးတွေ ဖြစ်နေရတာလဲ...။ သူတို့က လမ်းအမှားကို တမင်တကာ ညွှန်ပြကြပြီးတော့ လမ်းမေးတဲ့အတွက် အခကြေးငွေ တောင်းခံကြတယ်...။*

*ပိုပြီး ဒေါသထွက်ဖို့ကောင်းတာက...၊ ဒီလောက်ကျဉ်းတဲ့ လမ်းကြားမျိုးက ဘယ်လိုလုပ် ရှိနေရတာလဲ...။ လျှပ်စစ်စကူတာ စီးရတာ သိပ်ကို ခက်ခဲလွန်းတယ်... ။*

ယခုအချိန်တွင် လျန်ထျန်းသည် အလွန် ကျဉ်းမြောင်းသော လမ်းကြားလေးတစ်ခုပေါ်တွင် တကယ်ပင် မောင်းနှင်နေရခြင်း ဖြစ်ပေသည်။ သို့သော် ဤလမ်းကျဉ်းလေးမှ ထွက်လိုက်သည်နှင့် သူသည် လမ်းကြား ရပ်ကွက်၏ အပြင်ဘက်သို့ ရောက်ရှိသွားမည် ဖြစ်သည်။ ရှေ့တွင် ကြုံတွေ့ခဲ့ရသော မနှစ်မြို့ဖွယ် အတွေ့အကြုံ အမျိုးမျိုးကြောင့် သူ့အား ထိုနေရာတွင် နောက်ထပ် တစ်စက္ကန့်မျှပင် ဆက်မနေချင်တော့အောင် ဖြစ်စေခဲ့သည်။

သို့သော် အရာရာသည် အမြဲတမ်း စီစဉ်ထားသည့်အတိုင်း ဖြစ်မလာတတ်ပေ။ လျန်ထျန်းသည် လမ်းကျဉ်းလေး ထဲမှ ထွက်ရန် မီတာအနည်းငယ်မျှသာ လိုတော့သည့် အချိန်တွင် အဘွားအိုတစ်ဦးက သူ့ဆီသို့ လျှောက်လာ လေသည်။

လျန်ထျန်းသည် လျှပ်စစ်စကူတာကို ရပ်တန့်လိုက်သော်လည်း ထိုအဘွားအိုမှာမူ အပြင်သို့ မည်သူမျှ ထွက်မ လာသည်ကို သတိမပြုမိသကဲ့သို့ အတွင်းသို့ အမြန် လျှောက်ဝင်လာလေသည်။ ထိုအမျိုးသမီးသည် လျန်ထျန်း ၏ လျှပ်စစ်စကူတာရှေ့ တည့်တည့်တွင် ရပ်နေမှသာ ရပ်တန့်သွားပြီး ရှေ့သို့ ဆက်သွားပါက ဝင်တိုက်မိမည်ကို သိသွားလေသည်။ လမ်းမှာ အလွန်ကျဉ်းမြောင်းနေသဖြင့် လူတစ်ယောက်နှင့် လျှပ်စစ်စကူတာတစ်စီး အချင်း ချင်း ရှောင်ထွက်ရန် မဖြစ်နိုင်ပေ။

အဘွားအို၏ အကြည့်နှင့် ဆုံမိသောအခါ လျန်ထျန်းသည် ယဉ်ကျေးစွာ ပြုံးပြလိုက်သော်လည်း အနည်းငယ် အနေရခက်သည့် အရိပ်အယောင်တော့ ရှိနေသည်။

"အန်တီ...၊ ကျေးဇူးပြုပြီး နောက်ကို နည်းနည်းလောက် ဆုတ်ပေးလို့ ရမလား...၊ ကျွန်တော် တစ်မိနစ်လောက် နေရင် ထွက်လို့ရသွားပါလိမ့်မယ်...။"

ရိုးရိုးသားသား ဆိုရလျှင် လျန်ထျန်း၏ သဘောထားမှာ လုံးဝကို အဆင်ပြေနေခဲ့သည်။ သို့သော် ထိုအမျိုးသမီး က ရုတ်တရက် ပေါက်ကွဲသွားကာ သူမ၏ ဒေါသများ ထွက်ပေါ်လာပြီး လျန်ထျန်း၏ နှာခေါင်းကို လက်ညှိုးထိုး ကာ အော်ဟစ်တော့သည်။

"မင်းရဲ့ လေယူလေသိမ်းကို ကြည့်ရတာ မင်းက ဘီမြို့တော်က မဟုတ်ဘူးမလား...။"

"နယ်ဝေးက လာတဲ့ မင်းတို့ကို ငါ အထင်သေးတယ်...။ မင်းတို့က ယဉ်ကျေးမှုမရှိဘူး...၊ ငါ့လို လူအိုကြီးက မင်းကို လမ်းဖယ်ပေးရမယ်လို့ မျှော်လင့်နေတာလား...။ မင်းမှာ ရှက်စိတ်လေးတောင် မရှိဘူးလား...။"

ရှင်းပြ၍မရသော ဆဲဆိုမှုများကို ရင်ဆိုင်ရသောအခါ လျန်ထျန်းက စကားမဆပ်နိုင်တော့ဘဲ ပြောလိုက်သည်။

"မဟုတ်ပါဘူး...၊ အန်တီ...။ ကျွန်တော်က ဘာရည်ရွယ်ချက်မှ မရှိပါဘူး...။ အန်တီ မြင်တဲ့အတိုင်းပဲ ဒီကနေ နောက်ကိုပြန်ဆုတ်ဖို့ဆိုရင် မီတာရာနဲ့ချီ ဝေးနေလို့ပါ...။"

"ပြီးတော့ ဒီလောက်ကျဉ်းတဲ့ လမ်းပေါ်မှာ ကျွန်တော့်ရဲ့ လျှပ်စစ်စကူတာကို နောက်ပြန်ဆုတ်ဖို့က တကယ်ကို ခက်ခဲလွန်းလို့ပါ...။ အန်တီက ခြေလှမ်းနည်းနည်းလောက်ပဲ လျှောက်ရသေးတာမို့ လှည့်ပြီး ပြန်ထွက်သွားဖို့ လွယ်ကူနေလို့ပါ...။"

လျန်ထျန်းက ယဉ်ကျေးစွာနှင့် အကြောင်းပြချက်ခိုင်လုံစွာ ရှင်းပြခဲ့ပြီး သူ၏ စကားများမှာ ရိုင်းစိုင်းမှု မရှိခဲ့ပေ။ သို့သော် ဤအဘွားအိုမှာ ခေါင်းမာလွန်းပြီး မဲ့ရွဲ့သော အပြုံးဖြင့် သူမ၏ စကားများကို ဆက်တိုက် ဆိုနေလေ သည်။

"နံစော်နေတဲ့ နယ်ဝေးကကောင်...။ မင်းက ဘီမြို့တော်အထိ လာပြီး တောင်းစားနေတာတောင် စကားတွေက ဒီလောက် များနေသေးတယ်ပေါ့...။"

"ငါ ပြောမယ်...၊ လူငယ်လေး အခုချက်ချင်း ငါ့ရှေ့ကနေ ဖယ်စမ်း...။ မင်း လူကြီးတွေကို လေးစားဖို့နဲ့ ကလေး တွေကို ကြင်နာဖို့ သင်ဖူးရဲ့လား...။ မင်းက လျော်ကန်သင့်မြတ်မှုနဲ့ ရှက်စိတ်ကို လုံးဝ ဆုံးရှုံးနေပြီပဲ မဟုတ် လား...။ တောက်...။"

လျန်ထျန်းသည် လူကြီးများကို အလွန်လေးစားပြီး ကလေးများကို ကြင်နာတတ်သူ ဖြစ်သော်လည်း ဤကဲ့သို့ ဆဲဆိုခံရခြင်းကို သည်းမခံနိုင်တော့ဘဲ ဒေါသတကြီး ပြန်လည် ချေပလိုက်လေသည်။

"အန်တီက ကျွန်တော့်ကို နံစော်နေတဲ့ နယ်ဝေးကကောင်လို့ ထပ်ခါတလဲလဲ ခေါ်နေတာ...၊ ဘီမြို့တော် တစ်ခုလုံး က အန်တီ့အိမ် ကျနေတာပဲ...။ အန်တီက ဒီလောက် စွမ်းဆောင်နိုင်နေရင် ဘာလို့ မြို့ဟောင်းထဲမှာ သွားမနေ တာလဲ...။"

မြို့ဟောင်းမှာ ဘီမြို့တော်တွင် အထင်ရှားဆုံးသော ဆွဲဆောင်မှုရှိလှ သည့် နေရာများထဲမှ တစ်ခုဖြစ်ပေသည်။ ရှေးခေတ်က ၎င်းသည် ဧကရာဇ်မင်း၏ နန်းတော် ဖြစ်ခဲ့သည်။ ယခုအခါ ၎င်းမှာ အဓိက ကမ္ဘာလှည့်ခရီးသွားများ လာရောက်လည်ပတ်ရာ နေရာတစ်ခုဖြစ်ပြီး အတွင်းသို့ ဝင်ရောက်ရန် လက်မှတ်ဝယ်ရမည် ဖြစ်သည်။ ထိုနေရာ တွင် နေထိုင်ရန် ဆိုသည်မှာ ပို၍ပင် ဝေးကွာပြီး သင့်အနေဖြင့် ဖမ်းဆီးခံရနိုင်ပေသည်။

အမျိုးသမီးက ချက်ချင်းပင် ပြန်လည် ချေပလိုက်သည်။

"ငါက အလံနီအောက်မှာ မွေးဖွားပြီး တာ့အန်းမင်မှာ ကြီးပြင်းလာခဲ့တာ...။ မင်းကရော...၊ မင်းက နံစော်နေတဲ့ နယ်ဝေးကကောင် သက်သက်ပဲ...။"

ဤအချိန်တွင် လမ်းကြားအဝင်ဝမှ ခြေလှမ်းအနည်းငယ်ခန့် ဝေးသောနေရာမှ ထွက်ပေါ်လာသော အသံကြောင့် လမ်းသွားလမ်းလာများအားလုံး စုရုံးရောက်ရှိလာကြပြီး အတွင်းသို့ လှမ်းကြည့်နေကြလေသည်။ ထိုအထဲမှ ဘီမြို့တော် ဒေသခံလူငယ်တစ်ဦးက သည်းမခံနိုင်တော့ဘဲ ဝင်ပြောလိုက်လေသည်။

"အန်တီ...၊ ဒိကိစ္စက ဘီမြို့တော် ဒါမှမဟုတ် အခြားနေရာတွေနဲ့ ဘာဆိုင်လို့လဲ...။ အန်တီက ပြဿနာရှာနေတာ မဟုတ်ဘူးလား...။"

ဒေသခံများက ကာကွယ်ပြောဆိုပေးသည့်တိုင် ထိုအမျိုးသမီးက နားမထောင်ဘဲ သူမ၏ ဒေါသကိုပင် လွှဲချလိုက် လေသည်။

"နယ်ဝေးက လူတွေကို ငါ အထင်သေးတယ်...။ သူတို့မှာ ယဉ်ကျေးမှု မရှိဘူး...၊ မင်းက တတိယစက်ဝိုင်းလမ်းရဲ့ အပြင်ဘက်က မဟုတ်လား...။ ငါက ဒုတိယစက်ဝိုင်းလမ်းရဲ့ နေထိုင်သူပဲ...။ ဒါကမှ စစ်မှန်တဲ့ ဘီမြို့တော်သား ဆိုတာပဲ...။"

လူငယ်လေးက ဒေါသတကြီးဖြင့် ထပ်ပြောလိုက်ပြန်သည်။

"အန်တီ့ကိုယ်အန်တီ ဘီမြို့တော်သားလို့ ခေါ်နေတာလား...။ ဒီနေရာမှာ လာပြီး ပြဿနာ မရှာပါနဲ့...၊ တားမြစ်မြို့ တော်ရဲ့ တံတိုင်းနားက ဒုတိယစက်ဝိုင်းလမ်းထဲက အန်တီ့နေရာကိုပဲ ပြန်သွားလိုက်ပါ...။"

အဘွားအိုက ဆက်လက်၍ ဆဲဆိုနေလေသည်။

"ထူးဆန်းလိုက်တာ...၊ ဒီကိစ္စက မင်းနဲ့ ဘာဆိုင်လို့လဲ...။"

"ငါ့မှာ ဒီလမ်းကြားရပ်ကွက်ထဲမှာ အိမ်တစ်လုံး ရှိတယ်...။ မင်းရဲ့ အပြုအမူမျိုးနဲ့ မင်းက ဘီမြို့တော်မှာ အိမ်ဝယ် နိုင်မယ်လို့ ထင်နေတာလား...။"

လူငယ်လေးမှာ ဒေါသထွက်လွန်းသဖြင့် အံကြိတ်ထားလိုက်ရလေသည်။

"ကျွန်တော်က ဘီမြို့တော်မှာ အိမ်မဝယ်နိုင်တာ ဖြစ်နိုင်ပေမဲ့ ဘီမြို့တော်သား တစ်ယောက်အနေနဲ့ အန်တီ့ရဲ့ အပြုအမူက ဘီမြို့တော်သားတွေအတွက် အရှက်ရစရာလို့ ခံစားရတယ်...။"

အဘွားအိုမှာ ဒေါသပေါက်ကွဲကာ ရူးသွပ်သွားလေတော့သည်။

"မင်း သွားချင်တဲ့နေရာကို သွားလို့ရတယ်...။ ငါနဲ့ ဘာမှမဆိုင်ဘူး...။ ငါက ဘီမြို့တော် နေထိုင်သူ တစ်ယောက် ပဲ...၊ ဘာဖြစ်လဲ...။"

"ပြီးတော့ ငါက အဝါရောင်အလံတော် အဖွဲ့ဝင် တစ်ယောက်ဖြစ်ပြီး ငါ့နဖူးမှာ ကောင်းကင်ဘုံအမှတ်အသား ရှိတယ်...၊ မင်းကို ပြမယ်...။ မင်းမှာရော ရှိလို့လား...။"

"ကောင်းကင်ဘုံအမှတ်အသား မရှိတဲ့သူတွေက သူတို့ကိုယ်သူတို့ ဘီမြို့တော်သားတွေလို့ ခေါ်ရဲသေးတယ် ပေါ့...။ သူတို့က ဘီမြို့တော်မှာ မျိုးဆက်နဲ့ချီပြီး တောင်းစားနေခဲ့တာ ဖြစ်ရမယ်...။"

စကားပြောရင်းနှင့် အမျိုးသမီးက သူမ၏ ဦးထုပ်ကို ချွတ်ကာ သူမ၏ နဖူးကို လက်ညှိုးထိုးပြပြီး လူတိုင်းကို ကြွားလုံးထုတ်လိုက်လေသည်။ ထိုမောက်မာသော အပြုအမူက သူမကို အခြားသူများထက် သာလွန်နေသကဲ့သို့ ထင်မှတ်ရစေပြီး လောကရှိ လူအားလုံးကို အထင်သေးနေပုံရလေသည်။

ဤအချိန်တွင် လျန်ထျန်းသည် သူ၏ ဒေါသကို ထပ်မံ ထိန်းချုပ်မထားနိုင်တော့ဘဲ ဒေါသတကြီးဖြင့် ထုတ်ပြော လိုက်လေတော့သည်။

"အခုက နှစ်ထောင့်နှစ်ဆယ်ကျော် ခုနှစ် ရောက်နေပြီကို ဘာလို့ အလံရှစ်ခုနဲ့ ရိုးရိုးအဝါရောင်အလံတော်တွေကို သုံးနေကြသေးတာလဲ...။"

"ဒါဆိုရင် အန်တီက လမ်းလျှောက်မနေသင့်ဘူးလေ...။ အဝါရောင်အင်္ကျီကို ဝတ်ပြီး လူရှစ်ယောက်ထမ်းတဲ့ ပုခက်ယာဉ်နဲ့ သွားသင့်တာပေါ့...။"

"မေ့လိုက်တော့...၊ အန်တီတို့ရဲ့ ချင်းမင်းဆက်က ပျက်သုဉ်းသွားခဲ့တာ ကြာလှပြီ...။ အဲ့ဒီတုန်းက အန်တီတို့ အရိုက်ခံရပြီး မြေတွေကို နိုင်ငံခြားသားတွေဆီ ပေးအပ်လိုက်ရတာလေ...။"

"သူတို့က တကယ်ကို အရှက်ခွဲခံရတာကို ဂုဏ်ယူစရာလို့ သဘောထားနေကြတာပဲ...။ တောက်...။"

All Chapters