← Chapters

မိစ္ဆာမျိုးနွယ်စု၊ ရှင်းဟုန်ရွှမ်၏ ကံတရားအထောက်အပံ့

Vol. 7 Ch. 96

မိစ္ဆာမျိုးနွယ်စု၊ ရှင်းဟုန်ရွှမ်၏ ကံတရားအထောက်အပံ့

Vol. 7 Ch. 96

အခန်း (၉၆) မိစ္ဆာမျိုးနွယ်စု၊ ရှင်းဟုန်ရွှမ်၏ ကံတရားအထောက်အပံ့

ဟန်ကျွယ်ရဲ့ နတ်အာရုံဟာ မော့ကျူရှိနေတဲ့ နန်းတော်ထဲကို ဝင်သွားပါတယ်။ ဟန်ကျွယ်ဟာ မော့ကျူကို မမြင်ရဘဲ နတ်ဆိုးချီတွေ စုပေါင်းပြီး ဖြစ်ပေါ်နေတဲ့ အနက်ရောင်ဥကြီးတစ်လုံး လေပေါ်မှာ မြှောက်နေတာကို တွေ့လိုက်ရပါတယ်။ ဒီမြင်ကွင်းက ကြောက်မက်ဖွယ် ကောင်းလှပါတယ်။ ကြောက်မက်ဖွယ်ကောင်းတဲ့ သတ်ဖြတ်ငွေ့တွေဟာ ခန်းမတစ်ခုလုံး ပြည့်နှက်နေပြီး အပူချိန်ကိုတောင် ရေခဲမှတ်အထိ ကျဆင်းသွားစေပါတယ်။

ဟန်ကျွယ်ခန္ဓာကိုယ်ဟာ အဲဒီခန်းမထဲကို ချက်ချင်း ရောက်လာပါတယ်။ ဟန်ကျွယ်ဟာ အနက်ရောင်ဥရှေ့ကို လျှောက်သွားပြီး သူ့နတ်အာရုံနဲ့ စစ်‌ဆေးလိုက်တဲ့အခါမှာ မော့ကျူရဲ့ရောင်ဝါကို ခံစားမိလိုက်ပါတယ်။ နတ်ဆိုးချီဟာ အလွန်ခိုင်မာတဲ့ ခုခံအား ရှိပါတယ်။ ဟင်းလင်းပြင်ပေါင်းစပ်ခြင်း ကျင့်ကြံသူတောင် ထိုးဖောက်နိုင်မှာ မဟုတ်ပါဘူး။

ဟန်ကျွယ်ဟာ နည်းနည်းအားသုံးလိုက်တဲ့အခါမှာ သူ့နတ်အာရုံက နတ်ဆိုးချီကို ‌ထိုးဖောက်ပြီး အနက်ရောင်ဥထဲ ဝင်သွားပါတယ်။ ချက်ချင်းဆိုသလို ဟန်ကျွယ်ဟာ ကသိကအောက် ဖြစ်သွားရပါတယ်။ အကြောင်းကတော့ မော့ကျူဟာ အနက်ရောင်ဥထဲမှာ ကိုယ်လုံးတီး ဖြစ်နေလို့ပါပဲ။ သူမရဲ့ နှင်းလိုဖြူစွတ်တဲ့ အသားအရေက ရှုမငြီးအောင် လှပနေပါတယ်။

ဟန်ကျွယ်ဟာ သူ့ညာလက်ကို ဝှေ့ယမ်းလိုက်တဲ့အခါမှာ လမ်းခြောက်သွယ်စိတ်ဝိညာဉ်စွမ်းအား ထွက်ပေါ်လာပြီး နန်းတော်တစ်ခုလုံးကို ချိပ်ပိတ်လိုက်ပါတယ်။ ဟန်ကျွယ်ဟာ သူ့မေးစေ့ကိုပွတ်သပ်ကာ တွေးတောလိုက်ပါတယ် “ဘာဖြစ်တာလဲ”

ဟန်ကျွယ်ဟာ မော့ကျူရဲ့ခန္ဓာကိုယ်ထဲမှာ တစ်ခြားဝိညာဉ်တစ်ခုကို အာရုံမခံမိတဲ့အတွက် မော့ကျူက ရုပ်ခန္ဓာအသိမ်းခံရတာ မဟုတ်မှန်း သိလိုက်ပါတယ်။ ဒါပေမဲ့ မော့ကျူရဲ့ဝိညာဉ်က ပြောင်းလဲသွားပြီး လူသားဝိညာဉ် မဟုတ်တော့ဘဲ တစ်ခြားဝိညာဉ်တစ်ခု ဖြစ်လာပါတယ်။

“မော့မိသားစုရဲ့ နောက်ခံကဘာလဲ၊ မော့ဖူချိုလည်း မိစ္ဆာလမ်းစဉ်ထဲ ကျသွားတယ်...” ဟန်ကျွယ်ဟာ သူ့မေးစေ့ကို ပွတ်သပ်ရင်း ဆက်တွေးတောပါတယ်။

မော့ဖူချိုကလည်း မရိုးရှင်းပါဘူး။ သူ့ကျင့်ကြံမှုက ကျိုးဖန်နဲ့ သိပ်ပြီးနောက်ကောက်မကျပါဘူး။ ကျိုးဖန်ဟာ ကနဦးဝိညာဉ်အဆင့်ကို ထိုးဖောက်သွားပြီး မကြာခင်မှာပဲ မော့ဖူချိုလည်း ကနဦးဝိညာဉ်အဆင့်ကို ရောက်ရှိသွားပါတယ်။

ဟန်ကျွယ်ဟာ မော့ကျူတစ်ခုခုဖြစ်မှာစိုးတာကြောင့် မော့ကျူကို မနှောင့်ယှက်ရဲပါဘူး။ နန်းတော်ထဲမှာ ရုတ်ရုတ်သဲသဲ ဖြစ်သွားတာကြောင့် တာအိုသခင်ကျင်းရှုရောက်လာပါတယ်။ သူမဟာ နန်းတော်ထဲ ဝင်ဖို့ကြိုးစားပေမဲ့ ဟန်ကျွယ်ရဲ့ လမ်းခြောက်သွယ် စိတ်ဝိညာဉ်စွမ်းအားက ဟန့်တားလိုက်ပါတယ်။

“ဘာမှမဖြစ်ဘူး... ကျုပ် ဒီမှာရှိတယ်” ဟန်ကျွယ်အသံကို ကြားလိုက်ရတဲ့အတွက် တာအိုသခင်ကျင်းရှုဟာ သက်သာရာ ရသွားပါတယ်။ လီချင်းဇဲ့ရဲ့ ညွှန်ကြားချက်ကြောင့် တာအိုသခင်ကျင်းရှုဟာ မော့ကျူကို အရမ်းဂရုစိုက်ပါတယ်။ မော့ကျူကို ချုပ်နှောင်ထားတဲ့ ဒီနန်းတော်ရှိရာကို ဘယ်သူမှ အနားမကပ်ဖို့ တားမြစ်ထားပါတယ်။

တအိုသခင်ကျင်းရှု ထွက်သွားတဲ့အခါ ဟန်ကျွယ်ဟာ ဆက်စောင့်နေပါတယ်။ လေးငါးဆယ်ရက် ကြာတဲ့အခါမှာတော့ အနက်ရောင်ဥသဖွယ် ဖြစ်တည်နေတဲ့ နတ်ဆိုးချီဟာ တဖြည်းဖြည်း လွင့်ပါးပျောက်ကွယ်သွားပြီး မော့ကျူရဲ့ ခန္ဓာကိုယ်က ကြမ်းပြင်ပေါ်က ဖြည်းဖြည်းချင်း ပြန်ကျလာပါတယ်။ ဟန်ကျွယ်ဟာ ဝတ်ရုံတစ်ခုကို ချက်ချင်းထုတ်ယူလိုက်ပြီး မော့ကျူကို ဝတ်ဆင်ပေးလိုက်ပါတယ်။

ဟန်ကျွယ်ဟာ ထူးဆန်းသွားပါတယ်။ အကြောင်းကတော့ မော့ကျူရဲ့ ကျင့်ကြံမှုက ကနဦးဝိညာဉ်အဆင့်ကို ရောက်ရှိသွားလို့ပါ။ အရေးကြီးဆုံးက ကောင်းကင်ကပ်ဘေးကို မရင်ဆိုင်ရတာပါပဲ။ ဒီကိစ္စက လုံးဝမဖြစ်နိုင်တဲ့ ကိစ္စတစ်ခုပါ။

မော့ကျူဟာ သူ့မျက်လုံးတွေကို ဖြည်းညင်းစွာ ဖွင့်လိုက်တဲ့အခါမှာ ဟန်ကျွယ်မျက်နှာကို မြင်လိုက်ရတဲ့အတွက် ကြောက်လန့်သွားခြင်းမရှိဘဲ မျက်တောင်မခပ်တမ်း စိုက်ကြည့်နေပါတယ်။ အဲဒီနောက် သူမညာလက်ကိုမြှောက်ပြီး ဟန်ကျွယ်မျက်နှာကို ထိလိုက်ပါတယ်။ လက်ရှိမော့ကျူဟာ အရင်တုန်းကထက် ပိုမိုလှပနေပြီး သူ့မျက်နှာမှာရှိတဲ့ညှို့ဓာတ်က ပုရိသယောက်ျားတွေကို အရင်ကထက် ပိုဆွဲဆောင်နေပါတယ်။

ဟန်ကျွယ်ဟာ မျက်မှောင်ကြုတ်ပြီး မေးလိုက်ပါတယ် “မိန်းကလေးမော့ နိုးလာပြီလား”

မော့ကျူဟာ ဟန်ကျွယ်အသံကို ကြားဟန်မတူဘဲ ဟန်ကျွယ်မျက်နှာကို ဆက်ပွတ်သပ်နေပါတယ်။

“ဖြန်း” ဟန်ကျွယ်ဟာ မော့ကျူပါးကို ရိုက်ချလိုက်တာကြောင့် မော့ကျူဟာ ရှုံ့မဲ့သွားပါတယ်။

မော့ကျူဟာ သူ့မျက်နှာကို ပွတ်လိုက်ပြီး စိတ်ဆိုးမာန်ဆိုး ပြောလိုက်ပါတယ် “ရှင်ဘာလို့ ကျွန်မကို ထပ်ရိုက်ရတာလဲ”

‘ထပ်ရိုက်တာ၊ ငါ မင်းကို ဘယ်တုန်းက ရိုက်ဖူးလို့လဲ’ ဟန်ကျွယ်ဟာ အများကြီးမတွေးဘဲ မေးလိုက်ပါတယ် “မင်းတို့ မော့မိသားစုက ဘာဖြစ်တာလဲ၊ မင်းက ဘယ်လိုဖြစ်ပြီး မိစ္ဆာဖြစ်သွားတာလဲ”

မော့ကျူဟာ သတိပြန်ဝင်လာပြီး သူ့ခန္ဓာကိုယ်ကို ကြည့်လိုက်တဲ့အခါမှာ သူ့အဝတ်အစားက ဟန်ကျွယ်ရဲ့ အဖြူရောင်ဝတ်ရုံဖြစ်နေတာကို တွေ့လိုက်ရပါတယ်။ မော့ကျူဟာ ဒီအဖြစ်ကြောင့် လန့်မသွားဘဲ ကျေနပ်အားရသွားပါတယ်။

“ရှင် ကျွန်မကို အဝတ်အစား လဲပေးထားတာလဲ”

“အင်း ဟုတ်တယ်”

“ရှင် ကျွန်မခန္ဓာကိုယ်ကို မြင်ပြီးပြီပေါ့”

“မမြင်ပါဘူး၊ ငါ မင်းကို မျက်လုံးမှိတ်ပြီး အဝတ်အစားဝတ်ပေးထားတာ”

“ရှင် ဘာလို့ မျက်လုံးမှိတ်လိုက်တာလဲ၊ ကျွန်မခန္ဓာကိုယ်ကို မြင်လိုက်လို့ မျက်လုံးမှိတ်လိုက်တာမလား”

“အဲဒါဆို ငါ တောင်းပန်ပါတယ်”

“ကျွန်မ ရှင်တောင်းပန်တာကို မလိုချင်ဘူး၊ ဒီလိုဖြစ်လာပြီဆိုတော့ ရှင် ကျွန်မကို တာဝန်ယူပေးရမယ်၊ အခုချိန်ကစပြီး ကျွန်မ ရှင့်ကို မှီခိုတော့မယ်”

“ဒါက သေချာအကွက်ချထားတဲ့ ထောင်ချောက်ပဲ”

“‌ဘာထောင်ချောက်လဲ”

ဟန်ကျွယ်ဟာ ခေါင်းကိုက်သွားပါတယ်။ ရုပ်ချောလွန်းတာကလည်း ဒုက္ခတစ်ခုပါပဲ။ ဟန်ကျွယ်ဟာ မော့ကျူကို ကယ်တင်ချင်ရုံပဲ ကယ်တင်ချင်တာပါ။ တစ်ခြားအတွေး လုံးဝမရှိပါဘူး။

မော့ကျူကလည်း ဟန်ကျွယ်နေရာမှာ ကျိုးဖန်ဆိုရင် ဒီလောက်ထိပြောနေမှာ မဟုတ်ပါဘူး။ တာဝန်ယူခိုင်းမှာလည်း မဟုတ်ပါဘူး။

မော့ကျူဟာ စိတ်ကောင်းဝင်နေတာကြောင့် ဟန်ကျွယ်မေးခွန်းကို ဖြေလိုက်ပါတယ် “ကျွန်မလည်း သေချာမသိဘူး၊ ကျွန်မ ရွှေဓာတ်လုံးအဆင့်ကို ရောက်ကတည်းက ကျွန်မ ကျင့်ကြံအားထုတ်ရင် အသံတစ်သံကို မကြာခဏ ကြားရတယ်၊ ပထမတုန်းက အတွင်းနတ်ဆိုးလို့ ကျွန်မထင်ခဲ့တာ၊ မကြာသေးခင်ကမှ ကျွန်မသိလိုက်ရတာက ဒီအသံက အတွင်းနတ်ဆိုးမဟုတ်ဘဲ မော့မိသားစုဘိုးဘေးတွေ လက်ဆင့်ကမ်းလာတဲ့ စိတ်ဆန္ဒတစ်ခုဆိုတာပဲ၊ မော့မိသားစုက မိစ္ဆာကျင့်ကြံသူတွေ မဟုတ်ဘူး၊ တကယ့်မိစ္ဆာရဲ့ မျိုးဆက်တွေ၊ မိစ္ဆာတွေက တစ်ချိန်တုန်းက မျိုးနွယ်စုတစ်ခု ဖြစ်ခဲ့တယ်၊ မိစ္ဆာမျိုးနွယ်စု ပျက်သုဉ်းပြီးနောက်မှာ သူတို့ကျင့်စဉ်ပညာရပ်တွေက လူသားတွေဆီ ရောက်လာခဲ့တယ်၊ အဲဒီကနေ မိစ္ဆာကျင့်ကြံသူတွေ ပေါ်လာတာပဲ၊ မော့မိသားစုက မိစ္ဆာနဲ့ လူသားမျိုးနွယ်စုက ဆင်းသက်လာတာလို့ ပြောလို့ရတယ်”

ဟန်ကျွယ်ဟာ သူ့မျက်လုံးကိုမှေးကာ မေးလိုက်ပါတယ် “မင်း ထိန်းချုပ်မှု လွတ်နိုင်လား”

မော့ကျူသာ ရူးသွပ်ပြီး သတ်ဖြတ်မယ်ဆိုရင် ပါးတစ်ချက်ရိုက်ရုံနဲ့ ပြီးမဲ့ကိစ္စမဟုတ်ပါဘူး။

မော့ကျူဟာ မျက်လုံးပင့်ကာ ပြောလိုက်ပါတယ် “ကျွန်မက မိစ္ဆာကျင့်ကြံသူ မဟုတ်ဘူး၊ ဘယ်လိုလုပ်ပြီး ထိန်းချုပ်မှု လွတ်နိုင်မှာလဲ၊ မိစ္ဆာကျင့်ကြံသူတွေ သူတို့ခန္ဓာကိုယ်ကို မထိန်းချုပ်နိုင်တာက မိစ္ဆာစွမ်းအားကို တောင့်မခံနိုင်လို့ပဲ၊ သူတို့အတွင်းနတ်ဆိုးက နတ်ဆိုးစွမ်းအားရဲ့ တန့်ပြန်တိုက်ခိုက်မှုပဲ”

ဟန်ကျွယ်က လေးလေးနက်နက် ပြောလိုက်ပါတယ် “ဒါဆိုရင် မင်း မကောင်းတာမလုပ်နဲ့၊ အပြစ်မရှိတဲ့လူကို ဒုက္ခမပေးနဲ့၊ ဘာပဲဖြစ်ဖြစ် ယွီဂျင်ဂိုဏ်းက လက်ယာဂိုဏ်းလေ၊ မင်းကို တစ်ယောက်ယောက်က ဒုက္ခပေးချင်တာ မဟုတ်ရင် အလွယ်တကူ လူမသတ်နဲ့”

“ကျွန်မ သိပါတယ်”

နှစ်ဦးစလုံး တိတ်ဆိတ်သွားပြီး ကသိကအောက် အခြေအနေကို ရောက်ရှိသွားပါတယ်။

[မော့ယိုလင်သည် သင့်အား မုန်းတီးသွားပါပြီ။ လက်ရှိ မုန်းတီးမှု: ကြယ်သုံးပွင့်။]

ဟန်ကျွယ်ဟာ မျက်မှောင်ကြုတ်သွားပြီး သူ့လှုမှုဆက်ဆံရေးကနေ မော့ယိုလင်ရဲ့ အချက်အလက်ကို စစ်ဆေးလိုက်ပါတယ်။ မော့ယိုလင်ရဲ့ပုံရိပ်က အလွန်တရာမှလှပပြီး မော့ကျူနဲ့ နည်းနည်းဆင်တူပါတယ်။

[မော့ယိုလင်: အတိဒုက္ခဖြတ်ကျော်ခြင်း ပဥ္စမအဆင့်။ မော့မိသားစု၏ ဒုတိယမြောက်မျိုးဆက်ဖြစ်ပြီး တားမြစ်နယ်မြေ၌ ပိတ်မိနေ၏။ မော့ယိုလင်သည် မော့ကျူအား ဆက်ခံသူအဖြစ်လျာထားပြီး မော့ကျူကိုအမှီပြု၍ တားမြစ်နယ်မြေမှ လွတ်မြောက်ရန် မျှော်မှန်းထား၏။ မော့ကျူသည် သင့်အပေါ်၌ ခံစားချက်ရှိနေသောကြောင့် မော့ယိုလင်သည် သင်အား မကျေနပ်ပေ။ သင့်အား မော့ကျူ၏ တိုးတက်မှုလမ်းတွင် အနှောင့်အယှက်တစ်ခုဟု ယူဆထားပြီး ရှင်းပစ်ချင်နေ၏။ လက်ရှိမုန်းတီးမှု: ကြယ်သုံးပွင့်။]

ဟန်ကျွယ်ဟာ ဒီစာကြောင်းကြောင့် ခေါင်းရှုပ်သွားပါတယ်။

ဒီအချိန်မှာပဲ မော့ကျူဟာ သူ့ကိုယ်သူရဲဆေးတင်လိုက်ပြီး ရှေ့တိုးကာ ရှက်ရှက်ရွံ့ရွံ့နဲ့ ပြောလိုက်ပါတယ် “ဟန်ကျွယ်... ကျွန်မ မော့မိသားစု ဘိုးဘေးတွေဆီကနေ ပညာရပ်တွေ အမွေရထားတယ်၊ အဲဒီထဲမှာ စုံတွဲ... လူနှစ်ယောက် လေ့ကျင့်လို့ရတဲ့ ကျင့်စဉ်ပါတယ်၊ ရှင် ကျွန်မနဲ့ လေ့ကျင့်ပါလား၊ ဒီကျင့်စဉ်က ကျွန်မတို့နှစ်ယောက်လုံးအတွက် ကောင်းတယ်”

ဟန်ကျွယ်ဟာ‌ မျက်မှောင်ကြုတ်သွားပါတယ်။

…

တစ်လကြာပြီးနောက်။

ဟန်ကျွယ်ဟာ မော့ကျူကို နှစ်သိမ့်ပြီးနောက် ကျင့်ကြံခြင်းလိုဏ်ဂူကို ပြန်သွားပါတယ်။ ကျင့်ကြံခြင်းလိုဏ်ဂူကို ပြန်ရောက်ရောက်ချင်း ဟန်ကျွယ် ပထမဆုံးလုပ်တဲ့အရာကတော့ ကြမ္မာဆိုးစာအုပ်ကိုထုတ်ပြီး မော့ယိုလင်ကို ကျိန်စာတိုက်တာပါ။

‘ငါ့ကို သတ်ချင်နေတဲ့မိန်းမကို သင်ခန်းစာကောင်းကောင်း ပေးရမယ်’

ဟန်ကျွယ်ဟာ မော့ယိုလင်က အဟန့်အတားထဲကနေ ထွက်လာပြီး သူ့ကျင့်ကြံခြင်းကို လာနှောင့်ယှက်မှာကို ကြောက်နေပါတယ်။ အဲဒီအချိန်ကျရင် ဟန်ကျွယ်ဟာ မော့ကျူကြောင့် ဘေးကျပ်နံကျပ် ဖြစ်နိုင်ပါတယ်။ ဒါကြောင့် မော့ယိုလင် အပြင်မထွက်လာနိုင်ရင် အကောင်းဆုံးပါပဲ။ အဲဒါကြောင့် ဟန်ကျွယ်ဟာ မော့ယိုလင်ကို မကြာခဏ ကျိန်စာတိုက်ဖို့ ဆုံးဖြတ်လိုက်ပါတယ်။

ခုနစ်ရက်ကြာ ကျိန်စာတိုက်ပြီးနောက် ဟန်ကျွယ်ဟာ ခိုက်မင်မွန်းစတားအိုကြီးဆီက ရထားတဲ့ ဆေးလုံးတွေကိုထုတ်ယူလိုက်ပြီး စတင်အားထုတ်ပါတယ်။

အချိန်ဟာ လျင်မြန်စွာပဲ ကုန်ဆုံးသွားပါတယ်။

မော့ကျူဟာ ဟန်ကျွယ်ကို ကျွန်မိန်းမတစ်ယောက်လို အသုံးတော်ခံပါတယ်။ ဟန်ကျွယ်က မော့ကျူကို နန်းတော်ထဲမှာပဲ ကျင့်ကြံဖို့ အပြင်မထွက်ဖို့ ပြောတဲ့အခါမှာ မော့ကျူဟာ ပျော်ပျော်ရွှင်ရွှင်နဲ့ သဘောတူလိုက်ပါတယ်။ သူတို့နှစ်ယောက်ဟာ တစ်လကြာအတူနေခဲ့ရတာမို့ သူတို့နှစ်ယောက်ရဲ့ ဆက်ဆံရေးက အတော်လေး တိုးတက်သွားပါတယ်။

ဟန်ကျွယ်ဟာ လီချင်းဇဲ့ဆီ အသံလွှင့်ပြီး မော့ကျူကို ဆေးလုံးတစ်ချို့ ထောက်ပံ့ပေးဖို့ ပြောလိုက်ပါတယ်။

လီချင်းဇဲ့ဟာ မော့ကျူဟာ ကနဦးဝိညာဉ်အဆင့် ရောက်နေပြီဆိုတာကို သိလိုက်ရတဲ့အခါမှာ ဝမ်းသာအားရ ဖြစ်သွားပြီး မော့ကျူကို အဓိကတတပည့်ဖြစ်လာဖို့ စီစဉ်ပါတယ်။ တာအိုသခင်ကျင်းရှုကိုလည်း မော့ကျူဆီ ဆေးလုံးတွေနဲ့ ရတနာတွေ မကြာခဏပို့စေပါတယ်။

ယွီဂျင်ဂိုဏ်းဟာ ဝပ်နေတဲ့ကျားလို တစ်ဖြည်းဖြည်း အင်အားကြီးထွားလာပေမဲ့ မာနထောင်လွှားခြင်း မရှိပါဘူး။ ဒီလိုနဲ့ ရှစ်နှစ်တာကာလဟာ လျင်မြန်စွာ ကုန်ဆုံးသွားပါတယ်။

ဆေးလုံးတွေရဲ့ ထောက်ပံ့ကူညီမှုကြောင့် ဟန်ကျွယ်ဟာ ခန္ဓာကိုယ်ပေါင်းစပ် ပဥ္စအဆင့်ကို ရောက်ရှိသွားပြီး ခိုက်မင်မွန်းစတားအိုကြီးရဲ့ ဆေးလုံးတွေလည်း တက်တက်စင်အောင် ပြောင်သွားပါတယ်။ ခန္ဓာကိုယ်ပေါင်းစပ်ကို ကျင့်ကြံရတာက အရမ်းခက်ခဲပါတယ်။ ဟန်ကျွယ်ရဲ့ ကျင့်ကြံခြင်းအလျင်က တစ်ခြားသူတွေနဲ့စာရင် အတော်လေးကို မြန်နေပါပြီ။

နှစ်၄၀၀ တည်းနဲ့ ခန္ဓာကိုယ်ပေါင်းစပ်ခြင်း ပဥ္စမအဆင့် ရောက်နေတာကို တစ်ခြားသူတွေကြားရင် ဘယ်သူမှယုံမှာ မဟုတ်ပါဘူး။

ဒီနေ့မှာတော့ ရှင်းဟုန်ရွှမ် ပြန်လာပါတယ်။ ရှင်းဟုန်ရွှမ်ဟာ ပြန်ရောက်ရောက်ချင်းပဲ ဟန်ကျွယ်ကို အရင်ဆုံးဝင်တွေ့ပါတယ်။ ဟန်ကျွယ်ဟာ ရှင်းဟုန်ရွှမ်ကို ဝင်ခွင့်ပြုလိုက်ပြီး ရှင်းဟုန်ရွှမ်က သူ့ကို ဒီတစ်ခေါက် ဘာပေးမလဲဆိုတာ သိချင်သွားပါတယ်။

ရှင်းဟုန်ရွှမ်ဟာ ဟန်ကျွယ်ဘေးနားမှာထိုင်လိုက်ပြီး သိုလှောင်လက်စွပ်ထဲကနေ ခရမ်းရောင်မြက်ပင်ကို ထုတ်ယူလိုက်ပါတယ်။ ခရမ်းရောင်မြက်ပင်ဟာ ဖျော့တော့တဲ့အလင်းရောင် ဖြာထွက်နေပါတယ်။

“ယောက်ကျား... ကျွန်မ ဒီမြက်ပင်ကို နတ်ဆိုးနယ်မြေမှာ တွေ့ခဲ့တာ၊ ဒီအတောအတွင်းမှာ ကျွန်မ ရန်ဒေသကနေခွာပြီး အသူရာချောက်ဒေသကို သွားခဲ့တယ်၊ ဒီမြက်ပင်ကို မရိုးရှင်းဘူး၊ ကျွန်မ ပထမဆုံးရှာတွေ့တုန်းက နတ်ဆိုးဘုရင်နှစ်ကောင်က ဒီမြက်ပင်အတွက် တိုက်ခိုက်နေကြတယ်၊ သူတို့တွေ ဒဏ်ရာရနေတာကို အခွင့်ကောင်းယူပြီး ကျွန်မ ဒီမြက်ပင်ကို လုလာတာ” ရှင်းဟုန်ရွှမ်က ဂုဏ်ယူဝင့်ကြွားစွာ ပြောလိုက်ပါတယ်။

ဟန်ကျွယ်က တအံတဩ မေးလိုက်ပါတယ် “မင်းက အဲဒီလောက်တောင် စွမ်းအားကြီးနေပြီလား”

ရှင်းဟုန်ရွှမ်က ရွှေဓာတ်လုံး စတုတ္ထအဆင့်ပဲ ရှိသေးတာကြောင့် နတ်ဆိုးဘုရင်နှစ်ကောင်ရဲ့ လက်ထဲကနေ ဒီလိုရတနာမျိုးကို လုယူဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။

ရှင်းဟုန်ရွှမ်ဟာ သူ့ပါးစပ်ကို လက်ဖြင့်ကာပြီး ရယ်မောလိုက်ပါတယ် “ကျွန်မ လျှို့ဝှက်နယ်မြေထဲမှာ ဆန်းကြယ်စွမ်းအားတစ်ပါး သိမြင်နားလည်ခဲ့တာကို မေ့သွားပြီလား၊ အဲဒီပညာထဲမှာ ကိုယ်ရွေ့ပညာရပ် ပါတယ်၊ ကျွန်မက သူတို့ကို အနိုင်မယူနိုင်ပေမဲ့ ထွက်ပြေးနိုင်ပါသေးတယ်၊ ဘယ်သူမှ ကျွန်မကို လိုက်မဖမ်းနိုင်ဘူး”

‘သူ့ကံတရားက ဘာလို့ ဒီလောကတောင် ကောင်းနေရတာလဲ၊ ငါ့ရဲ့ အမတဧကရာဇ် ကံတရားအထောက်အပံ့က သူ့ဆီ ကူးစက်သွားတာလား’

ဟန်ကျွယ်ဟာ ခရမ်းရောင်မြက်ပင်ကို ယူပြီးကြည့်လိုက်တဲ့အခါမှာ သူ့ရှေ့မှာ စာကြောင်းတစ်ကြောင်း ပေါ်လာပါတယ်။

[ကံတရားအထောက်အပံ့ရှိသူ ဖြစ်လာနိုင်သည့် သဘာဝရတနာတစ်ပါးကို ရှာတွေ့ထားသည်။ မူလဇစ်မြစ်အား စစ်ဆေးနေသည်။]

‘အား... ဒီမြက်ပင်က စိတ်ဝိညာဉ် ဖြစ်လာနိုင်တာလား’

စကြာဝဠာ အနန္တရှိ နတ် လူ သတ္တဝါ အားလုံး ဘေးရန်ကြောင့်ကြ ဆင်းရဲကင်း၍ ကိုယ်စိတ်နှစ်ဖြာ ချမ်းသာကြပါစေ၊ ကောင်းကျိုးလိုရာဆန္ဒ ပြည့်ဝကြပါစေ။

All Chapters