← Chapters

လီရှန်

Vol. 001 Ch. 44

လီရှန်

Vol. 001 Ch. 44

ဝမ်လင်းက အချိန်အနည်းငယ် ကြာအောင် တွေးပြီး ပြောလိုက်သည် ... “မင်း ဘာဆက်လုပ်ဖို့ အစီအစဉ်ရှိလဲ ... ငါ့ဆီက လိုတဲ့ အကူအညီများ လိုသေးလား ... ”

ဝမ်ဟိုက သက်ပြင်းချကာ ပြောလိုက်သည် ... “မင်းကအခုမှ အလွှာ၃ပဲ ရောက်သေးတာ ... လုယွင်ကျဲက အလွှာ၆ကို ရောက်ပြီးနေပြီ ... ဒါ့ကြောင့် မင်း ကူညီနိုင်မှာ မဟုတ်ဘူး ... ပြီးတော့ သူလုပ်ပေးတဲ့ ဆေးလုံးတွေကြောင့် အကြီးအကဲတွေ ကလည်း သူ့ကို အရမ်း အရေးပေးကြတယ် ... ငါ့ကိုယ်ငါ အရှုံးပေး လိုက်ပြီးပြီး ... ဝမ်လင်း ဟုန်ယွီဂိုဏ်းမှာ ရှိနေတဲ့ ကာလအတွင်း မင်းက ငါ့ရဲ့ တစ်ဦးတည်းသော သူငယ်ချင်းလည်း ဖြစ်တယ် ... အစ်ကိုကြီး ဆိုလည်း ဟုတ်တယ် ... မင်း အနာဂါတ်မှာ သန်မာလာခဲ့ရင် ငါ့အတွက် လက်စားချေပေးပါ ... ”

စကားဆုံး သွားသည့် အချိန်တွင် ဝမ်ဟိုက လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်ထား၏။

ဝမ်လင်းက ဝမ်ဟိုကို စူးစိုက်ကြည့်ပြီး ခေါင်းညိတ်ပြ လိုက်သည်။

ဝမ်ဟိုက ခါးသက်စွာ ပြုံးသက်စွာ ပြုံးပြီး ပြော၏ ... “အစ်ကိုထေ့ကျူး ... တစ်စုံတစ်ခုအတွက် ငါ့အကူအညီ လိုနေလို့လား ... ငါ အသက်ရှင်နေသမျှ ငါတတ်နိုင်သမျှ လုပ်ပေးမှာပါ ... မင်း ကီစုစည်းခြင်း ဆေးလုံးတွေ လိုတာလား ... ငါ့မှာ အများကြီး ရှိတယ် ... ”

ဝမ်လင်းသည် ဝမ်ဟိုအား ကြည့်လိုက်သည်။ သူလိုသည့် ပစ္စည်းများအတွက် ဝမ်ဟိုကို မေးရန် လက်လျော့လိုက်၏။ သူက ဝမ်ဟိုကို ကူညီပေးချင် သော်လည်း ရန်သူက အလွှာ၆အဆင့်တစ်ယောက် ဖြစ်နေသည်။ ဝမ်လင်းက သူ့ကို ကူညီပေးနိုင်ရန် ယုံကြည်မှု မရှိချေ။

သူ့နတ်ဘုရား စိတ်အာရုံက တခြားသူများနှင့် ကွဲပြားပြီး ဆွဲငင်အား ပညာရပ်ကို နှစ်၂၀ကျော် လေ့ကျင့်ခဲ့သော်လည်း မည်သူနှင့်မှ မတိုက်ခိုက်ဖူးသည့် အတွက် သူ မည်မျှ သန်မာသည်ကို မသိချေ။

ဝမ်လင်း ငြိမ်သက် သွားသည်ကို ဝမ်ဟို မြင်တွေ့နေရသည်။ သူက အဝတ်အစားများကို ပုတ်ပြီး ပြောလိုက်၏ ... “အစ်ကိုထေ့ကျူး ... မင်းက ငါ့ထက် ပင်ကိုစွမ်းရည် ပိုရှိတယ် ... ငါတို့တွေ ဝင်ခွင့်စမ်းသပ်မှု ဖြေတဲ့အချိန်ကို ပြန်စဉ်းစား ကြည့်လိုက်ရင် အိပ်မက်တစ်ခုလိုပဲ ... အချိန်တွေက ကုန်တာ မြန်လိုက်တာ ... ” ပြောပြီးသည်နှင့် ဝမ်ဟိုက စိတ်ဓာတ်ကျနေသော အမူအရာနှင့် ထွက်ခွာသွား၏။ သူက တဖြည်းဖြည်း ဝမ်လင်း၏ မြင်ကွင်းထဲမှ ပျောက်ကွယ်သွားသည်။

“ကျင့်ကြံခြင်း လောကမှာ သန်မာတဲ့သူက အားနည်းသူကို စားမှာပဲ ...” ကောင်းကင်ကို ကြည့်ရင်း ဝမ်လင်းက သူ့နှလုံးသားထဲတွင် နက်နက်ရှိုင်းရှိုင်း တွေးတောပြီး ကောက်ချက်ချ လိုက်၏။

ထိုအခိုက်အတန့်လေးတွင် ဝမ်လင်းက ဉာဏ်အလင်းရခြင်း အခြေအနေသို့ ရောက်ရှိသွားသည်။

ဉာဏ်အလင်းရခြင်း ဆိုသည်မှာ ကျင့်ကြံခြင်းနှင့် ပတ်သက်သည့် အသိအမြင်များ ရုတ်တရက် တိုးလာခြင်း သို့မဟုတ် ကျင့်ကြံခြင်းက ရုတ်တရက် တိုးတက်လာခြင်းကို ဆိုလို၏။ သို့သော်လည်း ဦးနှောက်ထဲသို့ အသိအမြင်၊ ဗဟုသုတများ ဝင်ရောက် လာခြင်းနှင့် ပိုပြီး ဆင်တူသည်။ တစ်စုံတစ်ယောက်၏ ကျင့်ကြံခြင်း သို့မဟုတ် ဝိညာဉ်ကို တိုးတက် လာစေခြင်းမျိုး မဟုတ်ဘဲ ကောင်းကင်နှင့် မြေကြီးအပေါ် အသိအမြင်များ တိုးလာခြင်း ဖြစ်၏။

ကျင့်ကြံခြင်း လောက၏ ရက်စက်မှုများကို နားလည်လိုက်ခြင်းက ဝမ်လင်းကို ဉာဏ်အလင်း ရသွားစေသည်။ ကျင့်ကြံသူ တစ်ယောက်ဖြစ်ရန် ကျင့်ကြံသူ တစ်ယောက်၏ သဘောထား ရှိနေရမည်။

ဝမ်လင်းက သက်ပြင်း ရှည်ကြီးချကာ ရေရွတ်လိုက်သည် ... “အားကြီးသူက အားနည်းသူကို နိုင်စားတာ ကျင့်ကြံသူ တစ်ယောက်မှာ ရှိရမယ့် သဘောထားလား ... ”

သူ့ကိုယ်က လှုပ်ရှားသွားပြီး သူရှိနေသည့် နေရာမှ ပျောက်ကွယ်သွား၏။

ဆေးဥယျာဉ်သို့ ပြန်သည့် လမ်းပေါ်တွင် ရှိနေစဉ် ရွှမ်တောက်ဂိုဏ်းမှ တပည့်များ နားခိုသည့် အဆောင်များကို ကြည့်ပြီး ရုတ်တရက် ဝမ်လင်း၏ အမူအရာက ပြောင်းလဲသွားကာ တွေးတွေးဆဆဖြင့် အဆောင်များဆီသို့ လျှောက်သွားလိုက်၏။

သူ ဝင်တောင် မဝင်ရသေးခင် အတွင်းမှ ချဲ့ကားပြောနေသော အသံတစ်ခုကို ကြားလိုက်ရသည်။

“ဟုန်ယွီဂိုဏ်းမှ ညီအစ်ကိုတို့ ... ငါ ပြောပြမယ် ... ဒီဓားပျံက ရွှမ်တောက်ဂိုဏ်း၏ ပြိုင်ဘက်ကင်း ရတနာတစ်ခုပဲ ... ဒီဓားရဲ့နာမည်က မွန်းတည့် ငွေဓားလို့ခေါ်တယ် ... ဒီဓားကို ရဖို့ ငါဘယ်လောက် ဒုက္ခရောက်ခဲ့ရတယ် ဆိုတာ ဘေးနားက လူတွေကို မင်းတို့တွေ မေးကြည့်လို့ ရတယ် ... မင်းတို့တွေထဲမှာ ဒီဓားကို ဝယ်ချင်တဲ့ သူရှိရင် မင်းတို့တွေ ဒီပြိုင်ပွဲအတွင်းမှာ ဓားကို မသုံးပါဘူးလို့ သစ္စာဆိုပေးရမယ် ... မဟုတ်ဘူးဆိုရင်တော့ မရောင်းဘူး ... ”

တစ်ယောက်က သံသယ ရှိနေဟန်ဖြင့် ချက်ချင်း မေးလိုက်သည် ... “ဒီရတနာက မင်းပြောသလောက် အံ့ဩစရာ ကောင်းပါ့မလား ... ”

“ငါ ... လီရှန် ... ဘယ်တော့မှ မညာဘူး ... မင်းတို့တွေ ငါ့ကို မယုံရင် ဒါကို မေ့လိုက်ပါ ... ငါ ဒီဓားကို ဘယ်နေရာမှာမဆို ရောင်းလို့ရတယ် ... “

သည်နေရာတွင် တပည့်အများစု စုရုံးနေသည့် အတွက် ထူးခြားမည်ဟု ဝမ်လင်း ခန့်မှန်းမိပြီး ဖြစ်သည်။ သူက အနီးသို့ ရောက်သွားသောအခါ ရွှမ်တောက်ဂိုဏ်းမှ အသက်၂၀ခန့်ရှိသော တပည့်တစ်ယောက်က လက်ထဲတွင် အပြာရောင် တောက်နေသော သတ္တုဖြင့် ပြုလုပ်ထားသည့် ဓားတစ်လက် ကိုင်ထားသည်ပြီး တခြားသူ အထင်ကြီးအောင် လျှောက်ပြော နေသည်ကို တွေ့လိုက်ရ၏။

ဘေးပတ်ဝန်းကျင်ရှိ ရွှမ်တောက်ဂိုဏ်း၏ တပည့်များ၏ မျက်နှာ အမူအရာကလည်း ထူးဆန်းနေသည်။ သူတို့ထဲမှ တစ်ယောက်က မနေနိုင်တော့သည့် ဟန်ဖြင့် ချောင်းဟန့်ပြီး ဝင်ပြောလိုက်၏ ... “ဂိုဏ်းတူညီလေး လီရှန်ပြောတာ အမှန်တွေပဲ ... ဒီမွန်းတည့်ငွေဓားက တစ်ကယ်ကို ရွှမ်တောက်ဂိုဏ်းရဲ့ ရတနာတစ်ခုပဲ ... ဒါပေမဲ့ ပြောဖို့တစ်ခု ကျန်နေတာက ဂိုဏ်းတူ ညီလေးလုရှန် ကိုင်ထားတဲ့ ဓားက အတုဖြစ်နေတာလေးပဲ ... ဒါပေမဲ့လည်း အဲဒီဓားက တချို့ အသုံးဝင်တာလေးတွေ ရှိသေးတယ် ... “

ဟုန်ယွီဂိုဏ်း၏ တပည့်များ ကြားထဲတွင် စကားသံများ ထွက်လာသည်။ အလွှာ၅သို့ ရောက်နေသော တပည့်တစ်ယောက်က‌ ရှေ့ထွက်လာ၏။ ထိုတပည့်ကို ဝမ်လင်း မှတ်မိလိုက်သည်။ ထိုလူက တပည့်ကျိုး ဖြစ်သည်။ တပည့်ကျိုးက လုရှန်ဆီသို့ လျှောက်သွားပြီး စကားအနည်းငယ် ပြောကာ လဲလှယ် လိုက်ကြပြီး သူတို့နှစ်ဦးလုံး၏ မျက်နှာများတွင် အပြုံးပန်းများ ဝေဆာနေ၏။

ပင်မတပည့်များ ကြားထဲတွင် သည်ဓားအကြောင်းကို သိသောသူများလည်း ရှိသည်။ ထိုထဲမှ တစ်ယောက်က သရော်ပြီး ပြောလိုက်သည် ... “အဲဒီဓားက ရွှေနဲ့အုပ်ထားတဲ့ သာမန်ဓားတစ်ချောင်းပဲ ... ဘယ်လိုလုပ်ပြီး လာရောင်းရဲတာလဲ မသိဘူး ... ကြည့်ရတာ ရွှမ်တောက်ဂိုဏ်းက အများကြီး ချမ်းသာတာပဲ ... ”

လီရှန်းကလည်း ချက်ချင်း ပြန်ပက်လိုက်သည် ... “ညီအစ်ကို ပြောတာ မှားနေပြီ ... ဂိုဏ်းတူ အစ်ကိုကြီး ပြောသားပဲ ဒါက အတုကြီးပါလို့ ... ဒါပေမဲ့ မင်းတို့ ဟုန်ယွီဂိုဏ်းက တစ်ယောက်ကပဲ ဒါကို လာဝယ်သွားလေ ... ဒီလိုပစ္စည်းမျိုကို ပစ္စည်းအသစ် အဆန်းလို့ သဘောထားပြီး ဝယ်တာ အကောင်းဆုံးပဲ ... ”

ဓားကို ဝယ်သွားတဲ့ ဟုန်ယွီဂိုဏ်းမှ တပည့်က ရယ်မောပြီး ပြောလိုက်သည် ... “ညီအစ်ကို လီရှန်း ... မင်းပြောတာ မှားနေပြီ ... ဒီဓားကို ဝယ်တာ စုဆောင်းဖို့ မဟုတ်ဘူး ... ငါ့အဖေကို ပေးဖို့ပါ ... ငါ့ မိသားစုက ဝက်မွေးတာလေ ... ဒီလိုဓားမျိုးက ဝက်သတ်ဖို့အတွက် အကောင်းဆုံးပဲ ... ”

လီရှန်းက ရှူးရှူးရှားရှား ဖြစ်မသွားဘဲ ပြုံးပြီး ပြောလိုက်၏ ... “ဘာပဲဖြစ်ဖြစ် မင်း ဝယ်ပြီးသွားပြီး ... မင်း ဘာလုပ်လုပ် ငါ ဂရုမစိုက်တော့ဘူး ... ပြီးတော့ ငါ့မှာ ရတနာပစ္စည်း ကျန်သေးတယ် ... အနက်ရောင် ပြိုင်ဘက်ကင်း အပုပ်နံ့မိုးကြိုး ဘောလုံးပဲ ... ဒါက တကယ်ကို ရတနာတစ်ပါးပဲ ... ငါ မညာဘူး ... စမ်းပြလို့ရတယ် .. ”

လီရှန်းက အနက်ရောင် ဘောလုံးတစ်လုံးကို ထုတ်ယူလိုက်ပြီး နံရံကို ပစ်ပေါက်လိုက်သည်။ ‘ဘုန်း’ ဆိုသော အသံနှင့်အတူ နံရံပေါ်တွင် အက်ကွဲရာများ ပေါ်လာ၏။ အနက်ရောင် ဘောလုံးထိသွားသည့် နံရံပေါ်တွင် အနက်ရောင် အကွက်တစ်ခု ရှိနေပြီး ထိုအကွက်မှ ဆိုးရွားသော အနံ့အသက်တစ်မျိုး ထွက်လာလေသည်။

ဂုဏ်ယူနေသည့် အပြုံးနှင့် လီရှန်းက ပြောလိုက်သည် ... “ဘယ်လိုလဲ ... အနက်ရောင် ပြိုင်ဘက်ကင်း အပုပ်နံ့မိုးကြိုး ဘောလုံး ငါရဲ့ ကိုယ်ပိုင် လျှို့ဝှက်လက်နက် တစ်ခုပဲ ... စွမ်းအားက မပြင်းပေမဲ့ ... တစ်ယောက်ယောက် အပေါ်သာ ကျသွားရင် အဲဒီ အညစ်အကြေးတွေက ငါတောင် လျှော်ဖွပ် ဆေးကြောနိုင်မှာ မဟုတ်ဘူး ... အထူးသဖြင့် အနံ့ပဲ ... အဲ့တာကို သားရဲတွေ အများကြီး စုဆောင်းပြီးမှ ရလာတာ ... ဒီဟာ ထိခံလိုက်ရတဲ့ သူကတော့ လုံးဝကို မနှစ်မြို့စရာ ဖြစ်သွားမှာပဲ ... “

လူတိုင်းက အံ့အားသင့် သွားကြပြီး တစ်ယောက်နှင့်တစ်ယောက် ကြည့်လိုက်ကြသည်။ အမျိုးသမီးတပည့် အနည်းငယ်က သူတို့နှာခေါင်းကို လက်ဖြင့်ပိတ်ပြီး နောက်သို့ ခြေလှမ်းအနည်းငယ် ဆုတ်သွားကြ၏။ ဝမ်လင်းလည်းပဲ အံ့အားသင့် သွားသည်။ သူက နတ်ဘုရား စိတ်အာရုံကို ထုတ်လွှတ်ကြည့်ရာ ရုတ်တရက် သူ့မျက်နှာက ထူးဆန်းသွား၏။

ရွှမ်တောက်ဂိုဏ်းမှ တပည့်အားလုံးက စိတ်ထဲတွင် ကသိကအောက် ဖြစ်နေသည်။ သို့သော်လည်း ရွှမ်တောက်ဂိုဏ်းတွင် လီရှန်းက ထူးထူးဆန်းဆန်းများ လုပ်တတ်ခြင်းကြောင့် လူသိများ၏။ ဂိုဏ်းထဲတွင် မည်သူမျှ လီရှန်နှင့် ရှုပ်ရှုပ်ယှက်ယှက် မလုပ်ရဲကြချေ။ အဘယ်ကြောင့်ဆိုသော် ဤအနံ့ဆိုး ဗုံးများဖြင့် ထိမှန်ခံရမည်ကို စိုးရွံ့သောကြောင့် ဖြစ်၏။

ပြိုင်ဘက်ကင်း အနံ့ဆိုးဗုံးများက ရွှမ်တောက်ဂိုဏ်းထဲတွင် ကျော်ကြားသော အစစ်အမှန် ရတနာတစ်ပါး ဖြစ်သည်။ ကျော်ကြားမှုက ဂိုဏ်း၏ အစစ်အမှန် ရတနာနှင့်ပင် ယှဉ်နိုင်၏။

“မြင်ကြပြီဆိုတော့ ဘယ်လိုလဲ ... ဒီတစ်ကြိမ်က ငါ့ရဲ့ လျှို့ဝှက်ဖဲချပ်ကို ထုတ်ပြထားတာနော် ... ငါ အရင်က ပြောထားသလိုပဲ ... ပြိုင်ပွဲမှာ ထုတ်သုံးခွင့် မရှိဘူး ... မဟုတ်ရင် ရောင်းမှာ မဟုတ်ဘူး ... “ လီရှန်း၏ မျက်နှာက အပြင်ဘက်တွင် လေးလေးနက်နက် ဖြစ်နေသော်လည်း နှလုံးသားထဲတွင်မူ ရယ်မောနေသည် ... ‘ဦးနှောက်မရှိတဲ့ ကောင်စုတ်လေးတွေ ... ငါက မသုံးနဲ့လို့ ပိုပြီး ပြောမှ မင်းတို့တွေက ပြိုင်ပွဲမှာ ပိုပြီး ထုတ်သုံးကြမှာ ... ဟီးဟီးဟီး ... ဒီလိုသာဖြစ်လာရင် ဒါက ပြပွဲကောင်းတစ်ခု ဖြစ်လာမှာပဲ ... အကြီးအကဲတွေက ငါ့ကို ချီးမွမ်းပြီး မှော်ရတနာ အနည်းငယ်တောင် ပေးနိုင်တယ် ... ”

ထိုအတွေးနှင့်အတူ သူ့မျက်လုံးက မြင့်တက်သွားပြီး အော်ပြောလိုက်သည်။

***

All Chapters