← Chapters

နိမ့်ကျသောဘဝ

Vol. 001 Ch. 45

နိမ့်ကျသောဘဝ

Vol. 001 Ch. 45

ထိုအတွေးနှင့်အတူ သူ့မျက်လုံးက မြင့်တက်သွားပြီး အော်ပြောလိုက်သည်။

“ဟုန်ယွီဂိုဏ်းက ညီအစ်ကိုတို့ ... ဟိုအရင်တုန်းက ပြောခဲ့တဲ့ စကားလေး တစ်ခွန်းရှိတယ် ... ‘လူသတ်တယ်ဆိုတာ ခေါင်းလေး တစ်ချက်ညိတ်ရုံပဲ’ တဲ့ ... ဒါပေမဲ့ လူတိုင်းကို မေးခွန်းလေး တစ်ခုမေးမယ် ... လူသတ်တာက အရှက်ခွဲတာလောက် အားရစရာ ကောင်းလို့လား ... သူတို့ကို အရှက်ခွဲလိုက်ရင် နှစ်ပေါင်း တစ်သောင်းလောက်အထိ အရိပ်မည်းကြီး စွဲထင်နေလိမ့်မယ် ... မင်းရဲ့ ပြိုင်ဘက်နဲ့ တိုက်ခိုက်နေတဲ့ အချိန်မှာ မင်းက ဒါကို အသုံးပြုလိုက်ရင် မင်း မနိုင်ခဲ့ရင်တောင်မှ မင်းရဲ့ ပြိုင်ဘက်ထက်တော့ အခြေအနေ ကောင်းကောင်းနဲ့ ထွက်လာနိုင်သေးတယ် ... “

“ဒါမှမဟုတ် ထွက်ပြေးနေရတဲ့ အချိန်မှာ မင်းက ဒီလိုအကွက်မျိုး ရှိလို့ကတော့ ဒါက အံ့ဩဖွယ်ရာတွေကို ယူဆောင် လာပေးလိမ့်မယ် ... မင်းသာ တစ်ဖက်လူကို ဒီအကွက်သုံးပြီး လူအများကြီးရှိတဲ့ နေရာကို ဝင်ပြေးသွားရင် သူက ဘယ်လို မျက်နှာမျိုးနဲ့ မင်းကို လိုက်ဖမ်းရဲမှာလဲ ... “

“မင်းရဲ့အချစ် ပြိုင်ဘက်ကိုလည်း ယှဉ်ပြိုင်တဲ့ အခါမှာလည်း ဒီဟာက အဆုံးအဖြတ် ပေးနိုင်တယ် ... ဟီးဟီး ... မင်းရဲ့ကောင်မလေးကို ခိုးယူရဲတဲ့ သူရှိရင် သူတို့အပေါ်ကို ဒါကို သုံးလိုက်ပါ ... သူက နောက်ကို ဘယ်တော့မှ အခွင့်အရေးရမှာ မဟုတ်တော့သလို ကောင်မလေးကလည်း ဒီလို အပုပ်နံ့ကြီးကို ဘယ်တော့မှ လိုချင်မှာ မဟုတ်ဘူး ... “

လီရှန်၏ ကြော်ငြာက ပင်မတပည့် တော်တော်များများကို လှုပ်လှုပ်ရှားရှား ဖြစ်သွားစေသည်။ အထူးသဖြင့် အချစ်ပြိုင်ဘက်ကို ဆန့်ကျင် တိုက်ခိုက်သည့် အချိန်မှာ ဖြစ်၏။ ဒါက တကယ်ကို ပင်မတပည့် တချို့အပေါ် ဩဇာသက်ရောက် သွား၏။

သည်ပစ္စည်းက တကယ်ကို အချစ်ပြိုင်ဘက်အား ဖယ်ထုတ်ရာတွင် ထိပ်တန်းအဆင့် ပစ္စည်းတစ်ခု ဖြစ်သည်။

လီရှန်၏ အကြည့်က အဝေးတွင်ရှိနေသော ဝမ်လင်းထံသို့ ရောက်သွား၏။ ဝမ်လင်းက ဟုန်ယွီဂိုဏ်း၏ အသုံးမကျသည့် တပည့်တစ်ယောက် ဖြစ်သည်ကို သူ သိသည်။ သည်လို လူမျိုးများက လီရှန်အတွက် အကြီးမားဆုံး ဝယ်ယူသူများ ဖြစ်၏။ ရွှမ်တောက်ဂိုဏ်းမှ အမှိုက်ကောင်ကိုလည်း သူ့လက်ချက်ဖြင့် ရှင်းထုတ်ပြီး ဖြစ်သည်။ သူက ဝမ်လင်းကို မြင်သောအခါ စိတ်လှုပ်ရှားစွာဖြင့် ဆက်လိုက်၏။

“ဒီလိုဗုံးမျိုးက အထူးသဖြင့် ကျင့်စဉ် အဆင့်နိမ့်တဲ့ ညီအစ်ကိုတွေ အတွက် ပိုပြီး အသုံးဝင်တယ် ... ဒီလိုအနံ့ဆိုးဗုံးသာ လက်ထဲရှိနေရင် ဘယ်သူက အနိုင်ကျင့် စော်ကားရဲမှာလဲ ... မင်းကို အနိုင်ကျင့် ဗိုလ်ကျရဲတဲ့ သူရှိရင် သူတို့ကို ဒါလေးနဲ့ပဲ ပစ်လိုက် ... ငါ…လီရှန်း မင်းကို ကတိပေးနိုင်တယ် ... မင်းကို စိတ်အနှောင့်အယှက် ပေးရဲတဲ့သူ မရှိဘဲ ဂိုဏ်းထဲမှာ ခေါင်းမော့ ရင်ကော့ပြီး လမ်းလျှောက်နိုင်လိမ့်မယ် ... “

လီရှန်၏ စိတ်ထဲတွင်မူ ဟားတိုက် ရယ်မောနေသည်။ ဘယ်သူမှ မင်းကို အနိုင်မကျင့်ရဲဘူး ဆိုသည်မှာ မဖြစ်နိုင်ချေ။ ဒါက အရိုက်ခံဖို့ ဖိတ်ခေါ်နေသည်နှင့်ပင် ပိုပြီး တူ၏။

သူ့စကားက လူအများကြီး အပေါ်ကို လွှမ်းမိုးနိုင် သွားသည်ကို မြင်လိုက်ရသည်။ သူက လျင်မြန်စွာ ဆက်ပြီး ညွှန်းလိုက်၏ ... “ဒီအနံဆိုး ဗုံးက ကျင့်စဉ်အဆင့် နိမ့်တဲ့သူတွေ အနေနဲ့ ကိုယ့်ကိုယ်ကိုယ် ကာကွယ်ဖို့အတွက် လက်နက်ကောင်းပဲ ... ဒီနေ့မှာ ဒီပစ္စည်းကို ရောင်းပေးနေပြီနော် ... နှစ်ခုဝယ်ရင် တစ်ခုအပိုပေးမယ် ... ဒါကို ငါ့ရဲ့လက်ဆောင်အဖြစ် မှတ်ယူပေးပါ ... ကျင့်ကြံခြင်း လောကမှာ နောင်တစ်ချိန် ပြန်တွေ့ဖြစ်ရင် ငါ့ကို အနည်းငယ်လောက် ကြည့်ရှုစောင့်ရှောက်ပေးဖို့ မမေ့ပါနဲ့ ... “

သူပြောသမျှ စကားလုံးတိုင်းက ပင်မတပည့်များကို လှုပ်လှုပ်ရှားရှား ဖြစ်စေပြီး တစ်ယောက်က မေးလိုက်သည် ...

“ဒီပစ္စည်းက မင်းပြောသလို တကယ် အံ့ဩဖို့ ကောင်းတာလား ... အနည်းငယ်လောက် ထုတ်ပြပြီး ငါ့ကို တစ်ခုလောက် စမ်းဖို့ ခွင့်ပြုပေးလို့ ရမလား ... ဒီပစ္စည်းက တကယ်ပဲ ကောင်းတယ်ဆို ဆော့ဖို့အတွက် နည်းနည်းပါးပါးလောက် ဝယ်မှာပါ ... “

လီရှန်က အနံ့ဆိုးဗုံး ဒါဇင် အနည်းငယ်ခန့်ကို သိုလှောင်အိတ်ထဲမှ ထုတ်ယူလိုက်ပြီး ပေါက်ကွဲသွားမည်ကို စိုးရွံ့နေဟန်ဖြင့် မြေပြင်ပေါ်သို့ ညင်သာစွာ ချလိုက်ကာ ပြောလိုက်၏ ... “ဒီပစ္စည်းကို မင်းတို့ရဲ့စိတ်ထဲမှာ ရတနာလိုမျိုး သဘောထားရမယ် ... နူးနူးညံ့ညံ့ ကိုင်တွယ် အသုံးပြုရမယ် ... ဒီပစ္စည်းကို အသုံးပြုတဲ့အချိန် ပစ်လွှတ်လိုက်တဲ့ အခါမှာ ဒီပစ္စည်းက ဘယ်လို အရာကိုမဆို ထိသွားတာနဲ့ ပေါက်ကွဲသွားလိမ်မယ် ... “

မေးလိုက်သည့် ပင်မတပည့်က စွန်းဟိုဖြစ်သည်။

စွန်းဟိုက ထွက်လာပြီး အနံ့ဆိုးဗုံး တစ်လုံးကို ကျပန်း ကောက်ယူလိုက်၏။ ထို့နောက် သူ့လက်ထဲတွင် ကိုင်ထားကာ စူးစမ်းစစ်ဆေးကြည့်လိုက်သည်။

လီရှန်၏မျက်နှာ အမူအရာက မပြောင်းလဲသွားပေ။ သို့သော်လည်း သူ့နှလုံးသားထဲတွင်မူ လှောင်ပြောင် ရယ်မောနေသည် ... ‘ကောင်စုတ်လေး…. မင်းကများ ဒါကို နားလည်မယ်တဲ့လား ... ဂိုဏ်းရဲ့ အကြီးအကဲတွေက လွဲပြီး မင်းရဲ့စီနီယာ အစ်ကိုတွေတောင် ဒီလျှို့ဝှက်ချက်ကို မမြင်နိုင်ဘူး ... “

စွန်းဟိုက အနံ့ဆိုးဗုံးကို အချိန်တော်တော် ကြာအောင် ကြည့်ပေမဲ့လည်း ထူးခြားမှုကို ရှာမတွေ့ခဲ့ပေ။ သူက အနံ့ဆိုးဗုံးကို ရှင်းလင်းနေသည့် ဘက်သို့ ပစ်လိုက်၏။ ဗုံးက စက်ဝန်းပြတ် တစ်ခုကဲ့သို့ လေထုကို ဖြတ်သန်းသွားပြီး မြေပြင်ကို ထိသွား၏။ လီရှန်က သူ့စိတ်ထဲတွင် တွေးလိုက်သည် ...

“ပေါက်ကွဲစမ်း ... “

အသံတစ်ခု ထွက်လာပြီး အနံ့ဆိုးဗုံးက ပေါက်ကွဲသွား၏။ မြေပြင်တွင် အနက်ရောင်များ စွန်းထင်သွားပြီး ဆိုးရွားသော အနံ့တစ်ခု ထွက်လာသည်။

ဝမ်လင်း၏ မျက်လုံးက အရောင်လက်သွား၏။ သည်နေရာ တစ်ခုလုံးကို ဝမ်လင်းက သူ့၏နတ်ဘုရား စိတ်အာရုံ ဖြန့်ကြက် ထားသည်ကို မည်သူမှ မသိချေ။ အနံ့ဆိုးဗုံး ပေါက်ကွဲသွားချိန်တွင် လီရှန်ထံမှ စိတ်စွမ်းအား လှုပ်ရှားမှုကို သတိပြုမိလိုက်သည်။

ပထမအကြိမ်တွင် လီရှန် အနံ့ဗုံးကို ပစ်လိုက်စဉ် အချိန်ကလည်း ထိုသို့ ဖြစ်သွားသည်။ ဝမ်လင်းက ရယ်လိုက်သော်လည်း ဘာမှထောက်မပြဘဲ ဆက်လက်၍သာ ကြည့်နေလိုက်၏။

လီရှန်က ပြုံးပြီး ပြောသည် ... “ဘယ်လိုလဲ…ဒီအနံ့ဆိုးဗုံးက တကယ် ကောင်းတယ်မလား ... ဒါပေမဲ့ ငါ…လီရှန်က ရိုးသားတဲ့ လူတစ်ယောက်မို့ ... ဒီဗုံးရဲ့ တစ်ခုတည်းသော အားနည်းချက်ကို ပြောပြမယ် ... ဒီရတနာက အချိန်တိုင်း မပေါက်ကွဲဘူး ... တိကျသေချာတဲ့ ပစ်ခတ်နည်း တစ်ခုလိုတယ် ... မင်းတို့ ဒါကို တစ်ကြိမ်လောက် ဝယ်လိုက်တာနဲ့ မင်းတို့ဘာသာ မင်းတို့ နားလည်သွားလိမ့်မယ် ... ဒီကိစ္စကြောင့်ဆိုရင် ငါ့ဆီကို မလာပါနဲ့….

စွန်းဟိုက လီရှန်ဆီသို့ လျှောက်လာပြီး လေသံတိုးတိုးဖြင့် တစ်ခုခု ပြောလိုက်သည်။ သူတို့က ဘေးဘက်ကို လျှောက်သွားလိုက်ပြီး သူက ပစ္စည်း အနည်းငယ်ကို ထုတ်ပေးလိုက်သည်။

လီရှန်က ခဏလောက် တွေးပြီး အနံ့ဆိုးဗုံး ၁၀ခု ထုတ်ပေးလိုက်၏။

လီရှန်က လေသံတိုးတိုးဖြင့် ပြောသည် ... “ပုံမှန်ဆို ၆ခုဝယ်ရင် ၃ခု အပိုရမယ် ... ဒါပေမဲ့ မင်းက ငါ့ရဲ့ ပထမဆုံး ဝယ်ယူသူမို့ တစ်ခုအပို ထပ်ပေးလိုက်တယ် ... “

ပထမဆုံး တစ်ယောက်က ဝယ်ယူပြီး စမ်းသပ် သွားသည့်အတွက် ပင်မတပည့် အနည်းငယ်က ထွက်လာပြီး ဝယ်ယူကြ၏။

လီရှန်က တစ်ခါရောင်းပြီးတိုင်း စကားတစ်ခွန်း ပြောသည် ... “ဒီပစ္စည်းက အချိန်တိုင်း အောင်မြင်မယ်လို့ အာမခံချက် မပေးဘူးနော် ... တစ်ခါနဲ့ အလုပ်မလုပ်ရင် နောက်ထပ်အကြိမ် အနည်းငယ် ထပ်ပြီး စမ်းသပ်ပါ ... “

ပြောနေသည့် အချိန်တွင် လီရှန်က စိတ်ထဲတွင် သူတို့ကို လှောင်ပြောင်နေသည် ... “မင်းတို့ ဘယ်လောက်ပဲ ကြိုးကြိုးစားစား ရှုံးနိမ့်မှာပဲ ... တစ်ကြိမ်ပြီး တစ်ကြိမ် ကြိုးစားကြည့်ကြပေါ့ ... ငါက ဒီမှာ ရက်အနည်းငယ် နေဦးမှာ ... ဒါပေမဲ့ မင်းတို့ငါ့ကို သံသယရှိတဲ့ အချိန်ရောက်ရင် ငါက ထွက်သွားပြီးပြီဖြစ်လို့ မင်းတို့ ငါ့ကို တမ်းတနေလိမ့်မယ် ... “

သို့သော်လည်း သတိထားသည့် တပည့် အများအပြားရှိပြီး သူတို့က ဘာကိုမှ မဝယ်ချေ။

အချိန်အနည်းငယ် ကြားပြီနောက်တွင် အနံ့ဆိုးဗုံး အနည်းငယ်သာ ကျန်တော့၏။ လီရှန်က ဝင့်ကြွားစွာဖြင့် ဟုန်ယွီဂိုဏ်းမှ တပည့်များအား ကြည့်ပြီး တွေးလိုက်သည် ... “ငတုံးအုပ်စုပဲ ... ပြိုင်ပွဲမှာသာ မင်းတို့ အသုံးမပြုရင် မင်းတို့အားလုံး ငါလိမ်တာကို ကောင်းကောင်းကြီး ခံလိုက်ရတာပဲ ... ဒါပေမဲ့ မင်းတို့ အသုံးပြုခဲ့ရင်လည်း ကြည့်ကောင်းတဲ့ ပွဲလေးတစ်ခု ဖြစ်သွားမှာပေါ့ ... ဒီအနံ့ဆိုးဗုံးတွေ အားလုံးက ငါ့ရဲ့ ထိန်းချုပ်မှု အောက်မှာပဲ ရှိတယ် ... တခြား သူတွေကတော့ တူသုံးပြီး ထုရိုက်ရင်တောင် ပေါက်မှာ မဟုတ်ဘူး ... ပြိုင်ပွဲကို ကြည့်ဖို့ တကယ်ကို မစောင့်နိုင်တော့ဘူး ... “

သူက ပတ်ဝန်းကျင်ကို ဝေ့ကြည့်လိုက်ရာ ဝမ်လင်း၏ ပြုံးယောင် သန်းနေသော မျက်နှာကို သတိပြုမိသွားကာ လီရှန် မှင်တက်သွား၏။ သူက ဝမ်လင်းကို ကြည့်ပြီး ပြောလိုက်သည် ...

“ညီအစ်ကိုရော နည်းနည်းလောက် မဝယ်ဘူးလား ... မင်းရဲ့ ကျင့်စဉ်အဆင့်နဲ့ဆို ဒါက မင်းအတွက် အသင့်တော်ဆုံးပဲ ... မင်းကို တစ်ယောက်ယောက်က အနိုင်ကျင့်လာခဲ့ရင် ဒီပစ္စည်းလေးနဲ့ သူတို့ကို ပစ်လိုက်ရုံပဲ ... “

ဝမ်လင်းက လီရှန်ကို ကြည့်လိုက်ပြီး သရော်သည့် အမူအရာက သူ့မျက်နှာတွင်ပေါ်လာသည်။

လီရှန် အံ့အားသင့် နေ၏။ သည်အကြည့်က ဝမ်လင်းသည် သူ့လျှို့ဝှက်ချက်အား သိနေသည်ဟု သူ့ကို ခံစားရစေသည်။ သူက ဝမ်လင်းကို သေချာကြည့် လိုက်ရာ ဝမ်လင်းက ယခုမှ တတိယ အလွှာ၌သာ ရှိသေး၏။ တတိယ အလွှာ၌သာ ရှိသေးသည့် အသုံးမကျသည့် ကောင်က သူ့လျှို့ဝှက်ချက် သိနိုင်ရန် အကြောင်းမရှိချေ။ ထို့ကြောင့် သူ့စိတ်ထင် ဖြစ်လိမ့်မည်ဟုသာ တွေးလိုက်၏။

ဝမ်လင်းက ပေါ့ပေါ့ပါးပါးလေး ပြုံးပြပြီး ခေါင်းညိတ်ကာ ပြောလိုက်သည် ... “ကောင်းပြီ ... ငါ ၂ခု ဝယ်မယ် ... ဒါပေမဲ့ ငါ့မှာ ရတနာတွေ မရှိဘူး ... ဂိုဏ်းကပေးထားတဲ အဆောင်စာရွက်တွေပဲ ရှိတယ် ... “

လီရှန်သည် ပထမဆုံး အကြိမ်အဖြစ် တုံံ့ဆိုင်းသွား၏။ ဝမ်လင်းက တတိယ အလွှာ၌သာ ရောက်သေးကြောင်း သေချာသွားမှသာ စိတ်သက်သာရာ ရသွားပြီး အနံ့ဆိုးဗုံး ၃ခုကို ထုတ်ပေးရင်း ပြုံးပြကာ ပြောလိုက်သည် ...

“ညီအစ်ကို ... ငါ မင်းကို မျက်နှာသာ ပေးပြီး ရောင်းပေးလိုက်ပါ့မယ် ... ဒီအနံ့ဆိုး ဗုံးတွေက မင်းကို အံ့မခန်း စိတ်ခံစားမှုကို ပေးလိမ့်မယ် ... ဟဟ ... “

ပြောပြီးနောက် လီရှန်က စိတ်ထဲတွင် တွေးလိုက်သည် ... ‘အံ့မခန်းစိတ်ခံစားမှုကို ပေးစွမ်းမယ်ဆိုတာ မညာပါဘူး ... မင်း ဒီဗုံးတွေကို ကိုင်ထားသမျှ ကာလပတ်လုံး ပြိုင်ပွဲမှာ ဒီဗုံးကို အသုံးမပြုခဲ့ ရင်တောင် ငါမင်းကို တွေ့တဲ့ အချိန်တိုင်း အံမခန်း စိတ်ခံစားမှုက ဘယ်လိုဆိုတာ သိခွင့်ပေးပါ့မယ် ... ဒါက မင်းဘဝမှာ အမြဲတမ်း အမှတ်ရနေမဲ့ အရာတစ်ခု ဖြစ်သွားလိမ့်မယ် ... ဟဟ ... ‘

***

All Chapters