← Chapters

စုချီ၏ ခန့်မှန်းချက်၊ ကြီးပြင်းလာသော မိုးမြေမြက်ပင်

Vol. 7 Ch. 103

စုချီ၏ ခန့်မှန်းချက်၊ ကြီးပြင်းလာသော မိုးမြေမြက်ပင်

Vol. 7 Ch. 103

အခန်း (၁၀၃) စုချီ၏ ခန့်မှန်းချက်၊ ကြီးပြင်းလာသော မိုးမြေမြက်ပင်

‘နတ်ဆိုးနိုင်ဂိုဏ်းက ပျက်သုဉ်းသွားပြီလား’

ဟန်ကျွယ်ဟာ သက်ပြင်းသာ ချမိလိုက်ပါတော့တယ်။

စုချီဟာ ရန်ထျန်တုန်းလိုပဲ မွေးစားအဖေအသစ် ရသွားပါတယ်။ မိစ္ဆာသခင်က စုချီကို ကူညီပြီး နတ်ဆိုးနိုင်ဂိုဏ်းကို မျိုးတုံးသတ်လိုက်ပါတယ်။ ကြည့်ရတာ မိစ္ဆာသခင်ကိုယ်တိုင်က သွေးဆာနေတဲ့အတွက် စုချီကို အကြောင်းအရင်းတစ်ခုအနေနဲ့ အသုံးချလိုက်ပုံပါပဲ။

ဟန်ကျွယ်ဟာ ချန်ယွီအာနဲ့ တာအိုသခင်ကျိုးတိတို့ အတိုက်ခိုက်ခံရတာကို တွေ့လိုက်ရတဲ့အတွက် ပင်လယ်ရပ်ခြားဒေသက ဒီနှစ်ထဲ မအေးချမ်းဘူးဆိုတာ တန်းသိလိုက်ပါတယ်။

‘ငါ အပြင်လောကကို လျှောက်မသွားတာ မှန်တယ်၊ ငါ့ကျင့်ကြံမှု ဘယ်လောက်မြင့်မြင့် အပြင်လောကကို ရောက်ရင် အစော်ခံရမှာပဲ’ ဟန်ကျွယ်ဟာ တိတ်တဆိတ် တွေးတောလိုက်ပါတယ်။

အဲဒီနောက်မှာတော့ ဟန်ကျွယ်ဟာ ကြမ္မာဆိုးစာအုပ်ကို ထုတ်ယူပြီး ကြီးမြတ်တဲ့စပါးအုံးစိမ်း၊ ပြဒါးငှက်နဲ့ မော့ယိုလင်ကို ကျိန်စာတိုက်ပါတယ်။ ဟန်ကျွယ်ဟာ သူတို့သုံးဦးမှာ ဘယ်သူ့ကိုမှ မျက်နှာသာမပေးဘဲ အညီအမျှ ကျိန်စာတိုက်ပါတယ်။

…

မြောက်ပိုင်းဒေသ။

နတ်ဆိုးနိုင်ဂိုဏ်းဟာ လျှို့ဝှက်ဆန်းကြယ်တဲ့ လက်ဝဲကျင့်ကြံသူတစ်ဦး မျိုးတုံးသတ်ဖြတ်တာကို ခံရပြီး တစ်ဂိုဏ်းလုံး ပျက်သုဉ်းသွားပါတယ်။ ဒီကိစ္စက မြောက်ဒေသတစ်ခုလုံးကို တုန်လှုပ်သွားစေပြီး ကျင့်ကြံသူအများကြီးကို ချောက်ချားစေခဲ့ပါတယ်။ အခုအချိန်မှာ နတ်ဆိုးနိုင်ဂိုဏ်းက အပျက်အစီးတွေချည်းပဲ ကျန်ရှိပါတော့တယ်။ ဒီအချိန် ဒီအပျက်အစီးတွေကြားထဲမှာ လူတစ်ယောက် လမ်းလျှောက်နေပါတယ်။

ဒီလူကတော့ နတ်ဆိုးနိုင်ဂိုဏ်းကို ဒီလိုကံဆိုးအောင်လုပ်ခဲ့တဲ့ စုချီပဲ ဖြစ်ပါတယ်။

မိစ္ဆာသခင်ထွက်သွားပြီးနောက်မှာ စုချီဟာ ဂူအောင်းကျင့်ကြံနေခဲ့ပါတယ်။ ဒီလိုနဲ့ ကနဦးဝိညာဉ်အဆင့်ကို ရောက်တဲ့အခါမှာ စုချီဟာ တောင်ကြားကနေ ထွက်ပြေးပြီး နတ်ဆိုးနိုင်ဂိုဏ်းကို ပြန်လာခဲ့ပါတယ်။

ဒါပေမဲ့ စုချီ နတ်ဆိုးနိုင်ဂိုဏ်းကို ပြန်ရောက်ပြီးနောက်မှာ စုချီကို မနှစ်သက်တဲ့ တပည့်တွေက စုချီကို ပစ်မှတ်ထားလာကြပါတယ်။ စုချီဟာ နောက်ဆုံးမှာတော့ သည်းမခံနိုင်တော့ဘဲ သူ့ကို ပစ်မှတ်ထားတဲ့ တပည့်အားလုံးကို သတ်ပစ်လိုက်ပါတယ်။ ဒီဖြစ်ရပ်ကြောင့် ဂိုဏ်းအကြီးအကဲတွေဟာ အမျက်ချောင်းချောင်းထွက်ပြီး စုချီကို နတ်ဆိုးနိုင်ဂိုဏ်းရဲ့ မြေအောက်အကျဉ်းထောင်ထဲမှာ ချုပ်နှောင်ကာ နေ့စဉ်ရက်ဆက် နှိပ်စက်ကြပါတယ်။

လွန်ခဲ့တဲ့ လေးငါးလလောက်က မြေအောက်အကျဉ်းထောင်တစ်ခုလုံး အလွန်အမင်း တုန်လှုပ်သွားပါတယ်။ မြေအောက်အကျဉ်းထောင်ကို စောင့်နေကြတဲ့ တပည့်တွေဟာ တစ်ယောက်ပြီး တစ်ယောက် ထွက်သွားတာ ဘယ်တော့မှ ပြန်မလာကြတော့ပါဘူး။

ဒီအတောအတွင်းမှာ စုချီဟာ ဒဏ်ရာတွေကို ပြန်ကုသပြီး အားယူနေတာပါ။ ဒီနေ့ကျမှာပဲ စုချီဟာ နတ်ဆိုးနိုင်ဂိုဏ်းက သူ့ကိုယ်ပေါ်မှာထားတဲ့ အတားအဆီးတွေကို ချိုးဖျက်နိုင်ခဲ့ပြီး ထွက်ပြေးခဲ့တာပါ။ ဒါပေမဲ့ စုချီဟာ အပြင်ဘက်ကို ရောက်တယ်ဆိုရင် မြင်လိုက်ရတဲ့ မြင်ကွင်းကြောင့် အံဩတကြီး ဖြစ်သွားရပါတယ်။

လေးငါးခြောက်လ ကြသွားပြီး နတ်ဆိုးနိုင်ဂိုဏ်းရဲ့ အပျက်အစီးတွေကို ဘယ်သူမှ မရှင်းလင်းတာကြောင့် အလောင်းအကုန်လုံးဟာ ပုပ်ပွနေပါတယ်။ ပုပ်စော်နံလွန်းတာကြောင့် စုချီဟာ အန်ထွက်လုနီး ဖြစ်သွားပါတယ်။

‘ဘာတွေ ဖြစ်သွားတာလဲ၊ သူတို့အကုန်လုံး သေသွားပြီလား’ ထိတ်လန့်တုန်လှုပ်သွားတဲ့ စုချီဟာ ပတ်ဝန်းကျင်ကို စိတ်ရှုပ်ထွေးစွာ ကြည့်လိုက်ပါတယ်။ ရုတ်တရက် စုချီဟာ ဖြစ်နိုင်ချေတစ်ခုကို တွေးမိသွားပါတယ်။

‘ဆရာသခင် တိုက်ခိုက်တာများလား’

‘ဆရာသခင် တိုက်ခိုက်တာဆိုရင် ဘာလို့ ငါ့ကို မြေအောက်အကျဉ်းထောင်ထဲကနေ မကယ်တာလဲ’

‘ဖြစ်နိုင်တာက... နတ်ဆိုးနိုင်ဂိုဏ်း ပျက်သုဉ်းသွားပြီဆိုတော့ ငါ ပြန်လို့ရပြီ၊ အပြန်လမ်းကလည်း စမ်းသပ်မှုတစ်ခုပဲနဲ့ တူတယ်၊ ဒါကြောင်မို့လို့ ငါ့ဆရာသခင် ပေါ်မလာတာ ဖြစ်ရမယ်’

စုချီဟာ သူ့ဘာသာတွေးတောပြီး အဖြစ်အပျက်တွေကို ဆက်စပ်နားလည်လိုက်ပါတယ်။ အဲဒီနောက် စုချီဟာ နတ်ဆိုးနိုင်ဂိုဏ်းရဲ့ အပျက်အစီးတွေကြားထဲမှာ လျှောက်သွားပြီး ရှင်သန်ကျန်ရစ်သူကို ရှာဖွေပါတယ်။ ရည်ရွယ်ချက်ကောင်းနဲ့တော့ မဟုတ်ပါဘူး။ ရှန်သန်ကျန်ရစ်သူ ရှိနေခဲ့ရင် သူ့လက်နဲ့ သတ်ပစ်ချင်လို့ပါ။

စုချီက နတ်ဆိုးနိုင်ဂိုဏ်းကို အရိုးထဲကနေ မုန်းတာပါ။ နတ်ဆိုးနိုင်ဂိုဏ်းထဲကို စုချီ ဝင်လိုက်ကတည်းက လူအမျိုးမျိုးကို စုချီကို ပစ်မှတ်ထားပြီး ဒုက္ခပေးကြပါတယ်။ စုချီဟာ ဒီလူတွေလက်ချက်နဲ့ တော်တော်လေး ခံစားခဲ့ရပါတယ်။ အခုနောက်ဆုံးမှာတော့ စုချီဟာ လွတ်လပ်သွားပါပြီ။

စုချီဟာ ဒီလိုတွေးမိပြီး နံဟောင်လွန်းတဲ့ အပုပ်နံ့ဟာ ရေမွှေးအလား ခံစားလိုက်ရပါတယ်။

ငါးမိနစ်ကြာတဲ့အခါမှာတော့ စုချီဟာ အဘိုးကြီးတစ်ဦးကို တွေ့သွားပါတယ်။ အဘိုးကြီးဟာ ခါးကုန်နေပြီး သူ့ဝတ်ရုံက ညစ်တီးစုတ်ပြတ်သပ်နေပါတယ်။ သူ့မျက်နှာကလည်း သွေးတွေပေကျံနေပါတယ်။ ဒီအဘိုကြီးဟာ နတ်ဆိုးနိုင်ဂိုဏ်းရဲ့ ဂိတ်တံခါးမှာ ဒူးထောက်နေပြီး သူ့မျက်လုံးတွေက အသက်ကင်းမဲ့နေပါတယ်။

စုချီဟာ ဒီအဘိုးကြီးကို တွေ့လိုက်ရတာကြောင့် လန်းဆန်းသွားပါတယ် ‘နတ်ဆိုးနိုင်ဂိုဏ်းက လူလား... ကောင်းလိုက်တာ’

စုချီဟာ ညာလက်ကို နောက်ပစ်ပြီး နတ်ဆိုးချီ ထုတ်လိုက်တဲ့အခါမှာ အလွန်ကြောက်မက်ဖွယ်ကောင်းတဲ့ မြင်ကွင်းတစ်ခု ဖြစ်လာပါတယ်။ ပြီးတဲ့အခါမှာတော့ စုချီဟာ အဘိုးကြီးဆီ လျှောက်သွားပါတယ်။

အဘိုးကြီးဟာ စုချီကို ကြည့်လိုက်ပြီး ခြောက်ခြောက်ကပ်ကပ်နဲ့ မေးလိုက်ပါတယ် “မင်း... မင်းက နတ်ဆိုးနိုင်ဂိုဏ်းရဲ့ တပည့်လား”

“ခင်ဗျားက”

“ဟင်း... ငါလည်း တစ်ချိန်တည်းက နတ်ဆိုးနိုင်ဂိုဏ်းရဲ့တပည့်ပဲ၊ ငါ့ဆရာသခင်က အကြောင်းတစ်ချို့ကြောင့် ငါ့ကို နတ်ဆိုးနိုင်ဂိုဏ်းက ထုတ်ပစ်ခဲ့တယ်၊ အခု ငါ ကပ်ဘေးကျော်ဖြတ်ပြီးလို့ အထက်ဘုံမတက်ခင် နတ်ဆိုးနိုင်ဂိုဏ်းကို ပြန်လာကြည့်တာ၊ ဂိုဏ်းတစ်ခုလုံး ပျက်စီးသွားလိမ့်မယ်လို့ ထင်မထားဘူး၊ ငါ နေ့စဉ်ရက်ဆက် ရှာတာတောင် ငါ့ဆရာသခင်ရဲ့ အလောင်းကို ရှာမတွေ့ဘူး”

‘အတိဒုက္ခဖြတ်ကျော်အဆင့်’ စုချီဟာ ကြောက်လန့်လွန်းတာကြောင့် လက်ဖဝါးထဲက နတ်ဆိုးချီကို အလျင်အမြန် ပြန်ဖျောက်လိုက်ပါတယ်။ စုချီဟာ သေမင်းနှုတ်ခမ်းဝမှာ မတ်တတ်ရပ်နေသလို ခံစားလိုက်ရပါတယ်။

…

နတ်ဆိုးနိုင်ဂိုဏ်း ပျက်သုဉ်းသွားကြောင်း ဟန်ကျွယ် သိရပြီး နှစ်လနီးပါးခန့်မှာ ရှင်းဟုန်ရွှမ်တစ်ယောက် ပြန်လာပါတယ်။ ရှင်းဟုန်ရွှမ်ဟာ ပြန်လာတာနဲ့ ဟန်ကျွယ်ကို အရင်ဆုံး လာရှာပါတယ်။ ဒီတစ်ခါမှာတော့ ရှင်းဟုန်ရွှမ်ဟာ ဟန်ကျွယ်ကို ဘာရတနာမှ မပေးပါဘူး။

“အပြင်လောကမှာ ဖရိုဖရဲ ဖြစ်နေတယ်၊ ကြီးမြတ်တဲ့စပါးအုံးစိမ်းဆိုတဲ့ နတ်ဆိုးတစ်ကောင် ဘယ်ကမှန်းမသိပေါ်လာပြီး လူသားတွေကို သတ်ဖြတ်နေတယ်၊ သူက အရမ်းရက်စက်တယ်၊ ပြောကြတာတော့ သူ့ကိုသစ္စာဖောက်သွားတဲ့ သူ့မွေးစားသားကို လိုက်နေတာတဲ့၊ ယောက်ျား... အဲဒီကြီးမြတ်တဲ့ စပါးအုံးစိမ်းက ကျွန်မတို့ရန်ဒေသကို ရောက်လာနိုင်လား၊ အသွင်မဲ့ဂိုဏ်းချုပ် ခိုက်မင်မွန်းစတားအိုကြီးက အဲဒီစပါးအုံးလက်ထဲမှာ သေသွားတယ်လို့ ပြောကြတယ်၊ အသွင်မဲ့ဂိုဏ်းက အဲဒီစပါးအုံးစိမ်းကို ဝိုင်းတိုက်ပေမဲ့ လက်ဗလာနဲ့ပဲ ပြန်သွားရတယ်၊ အကျအဆုံးလည်း အရမ်းများတယ်တဲ့” ရှင်းဟုန်ရွှမ်ဟာ ပြောဆိုရင်း မျက်မှောင်ကြုတ်သွားပါတယ်။

ဟန်ကျွယ်ဟာ မျက်ခုံးပင့်တက်သွားပါတယ် ‘ကြီးမြတ်တဲ့စပါးအုံးစိမ်းပဲလား၊ အသွင်မဲ့ဂိုဏ်း‌တောင် ဘာမှမလုပ်နိုင်ဘူးဆိုတော့ ဒီကောင်က အတော်စွမ်းအားကြီးပုံပဲ’

ဟန်ကျွယ်က လေသံအေးအေးနဲ့ ပြောလိုက်ပါတယ် “စိုးရိမ်မနေနဲ့၊ အဲဒီကောင် ယွီဂျင်ဂိုဏ်းကို တိုက်ခိုက်ရင် ငါ ရှိပါသေးတယ်၊ ငါ သူ့ကို မနိုင်ရင်တောင် မင်းကိုခေါ်ပြီး ထွက်ပြေးနိုင်ပါသေးတယ်”

ရှင်းဟုန်ရွှမ်ဟာ ဝမ်းသာသွားပါတယ် ‘ငါက သူ့နှလုံးသားထဲမှာ ရှိနေပြီလား’

“ဒါနဲ့ ကျွန်မ ဒီကိုလာတဲ့လမ်းမှာ လိုက်ဂူတစ်ဂူ ရှာတွေ့ထားတယ်၊ အဲဒါ ဘယ်သူ့ဟာလဲ” ရှင်းဟုန်ရွှမ်က သာမန်ကာလျှံကာ မေးလိုက်ပါတယ်။

ဟန်ကျွယ်ဟာ မျက်နှာအမူအရာမပျက် ပြန်ဖြေပါတယ် “အဲဒါဂူက နတ်မိမယ်ရှီရွှမ်ရဲ့ဂူ၊ သူ စိတ်အေးလက်အေး ကျင့်ကြံလို့ရအောင် ငါ သူ့ကို ခေါ်ထားတာ”

“ယောက်ျားက သူ့ကို ဂရုစိုက်တာလား”

“အင်း... ဘာပဲဖြစ်ဖြစ် သူက ငါ့ဆရာသခင်လေ”

“ဆရာတပည့် ဆက်ဆံရေးပဲလား”

“မင်းဘာလို့ မေးခွန်းတွေ အများကြီး မေးနေတာလဲ၊ ငါ့ကို ဘယ်လိုလုပ်ရမလဲဆိုတာ သင်ပေးချင်လို့လား”

“ကျွန်မ မလုပ်ရဲပါဘူး... ယောကျ်ား ပျော်တယ်ဆိုရင် ကြိုက်တာလုပ်ပါ”

ရှင်းဟုန်ရွှမ်ဟာ မတရားအပြောခံရသလို ခံစားလိုက်ရပေမဲ့ ဟန်ကျွယ် စိတ်မချမ်းမသာ ဖြစ်မှာကိုလည်း အရမ်းကြောက်ပါတယ်။

ဟန်ကျွယ်က လေးလေးနက်နက် ပြောလိုက်ပါတယ် “ဒီလောကမှာ ယောက်ကျားတစ်ယောက်က မိန်းမအများကြီးရှိတာ သာမန်ပဲလေ၊ အကြီးအကဲတွေကိုပဲ ကြည့်လေ၊ တာအိုလက်တွဲဖော် လေးငါးယောက်မရှိတဲ့လူ ဘယ်သူရှိလဲ၊ ငါလည်းပဲ နောင်ကျရင် တာအိုလက်တွဲ‌ဖော်တွေ အများကြီးရှိလာမှာ၊ ဒါပေမဲ့ ငါ လက်ထပ်မယ်ဆိုရင် ပထမဆုံးလက်ထပ်မဲ့လူက မင်းပဲ”

ရှင်းဟုန်ရွှမ်ဟာ ဒီစကားကို ကြားလိုက်ရတဲ့အခါမှာ ဝမ်းသာပီတိဂွမ်းဆီထိ ဖြစ်သွားပါတယ်။ ရှင်းဟုန်ရွှမ်ဟာ ဟန်ကျွယ်လက်မောင်းကို ဖက်ပြီး ပြုံးရွှင်တဲ့မျက်နှာနဲ့ ပြောလိုက်ပါတယ် “ယောက်ျားက ကျွန်မကို ဘယ်တော့မှမမေ့ဘူးဆိုတာ ကျွန်မသိတယ်”

ဟန်ကျွယ်ဟာ ပြုံးလိုက်ပြီး ဘာမှပြန်မပြောတော့ပါဘူး။

ကျင့်ကြံခြင်းလောကကြီးက တော်တော်လေး ကောင်းပါတယ်။ ၂၁ရာစုမှာဆိုရင် ဒီကိစ္စက မိုးမီးလောင်မဲ့ကိစ္စပါ။

အဲဒီနောက်မှာတော့ ရှင်းဟုန်ရွှမ်ဟာ ဟန်ကျွယ်နားကို တဖြည်းဖြည်း ကပ်လာပါတယ်။

“ယောက်ျား.... ကျွန်မ တွေးပြီးပြီ...”

“ဘာကိုတွေးတာလဲ၊ မင်း မလေ့ကျင့်ဘူးလား”

“ဒီဟာကလည်း လေ့ကျင့်နည်းတစ်မျိုးပဲလေ၊ လာပါ၊ ယောက်ျား... ကျွန်မခန္ဓာကိုယ်မှာ ပိုပြီးရင်းနှီးမြှုပ်နှံပေးအုန်း၊ ကြမ်းကြမ်လေး လုပ်ပေး...”

“ဟမ်... အဲဒါ မင်းရဲ့တစ်ဖက်သတ်အတွေးလေ၊ အရင်ဆုံး ထိုင်ပါအုန်း”

…

တစ်လကြာတဲ့အခါမှာတော့ ရှင်းဟုန်ရွှမ်ဟာ ဟန်ကျွယ်ရဲ့ ကျင့်ကြံခြင်းလိုဏ်ဂူထဲကနေ ထွက်သွားပါတယ်။

ဟန်ကျွယ်က ဆက်လက်အားထုတ်ပါတယ်။ ရှင်းဟုန်ရွှမ်ဆီ စကားကို ကြားရပြီးတဲ့နောက်မှာ ဟန်ကျွယ်ဟာ ကြီးမြတ်တဲ့စပါးအုံးစိမ်းကို ပိုကြောက်သွားပါတယ်။

‘မရသေးဘူး... ငါ ခန္ဓာကိုယ်ပေါင်းစပ် အဋ္ဌအဆင့်ကို အမြန်ဆုံးရောက်မှဖြစ်မယ်’

တစ်ချိန်တည်းမှာပဲ ကြီးမြတ်တဲ့စပါးအုံးစိမ်းရဲ့ နာမည်ဟာ ရန်ဒေသထိ ပျံ့နှံ့လာပါတယ်။ ဂိုဏ်းအသီးအသီးဟာ အလွန်အမင်း တုန်လှုပ်ချောက်ချားသွားကြပါတယ်။ ဒီဂိုဏ်းတွေရဲ့ မျက်စိထဲမှာ အသွင်မဲ့ဂိုဏ်းက ပြိုင်ဘက်ကင်းဂိုဏ်းကြီးတစ်ခုပါ။ အခု နတ်ဆိုးကြီးတစ်ကောင်က အသွင်မဲ့ဂိုဏ်းကို တစ်ယောက်တည်း တိုက်ခိုက်ပြီး အနိုင်ယူသွားတာကြောင့် ရန်ဒေသမှာရှိတဲ့ ဂိုဏ်းအသီးသီးဟာ မချောက်ချားပဲ မနေနိုင်ပါဘူး။

ဂိုဏ်းအကုန်လုံးဟာ ယွီဂျင်ဂိုဏ်းကို လူလွှတ်ပြီး လီချင်းဇဲ့နဲ့ ဆက်သွယ်ပါတယ်။ သူတို့အားလုံးရဲ့ ရည်ရွယ်ချက်ကတော့ ယွီဂျင်ဂိုဏ်းရဲ့ ကာကွယ်စောင့်ရှောက်မှုကို လိုချင်တာပါ။ ကြီးမြတ်တဲ့စပါအုံးစိမ်းသာ ရန်ဒေသကို တိုက်ခိုက်ခဲ့မယ်ဆိုရင် ယွီဂျင်ဂိုဏ်းကလွဲပြီး တစ်ခြားဘယ်ဂိုဏ်းကမှ ခုခံနိုင်မှာ မဟုတ်ပါဘူး။

လီချင်းဇဲ့ဟာ ဒီသတင်းကို ကြားရတဲ့အခါမှာ အဓိကတပည့်တွေကို ရန်ဒေသကနေ တစ်ခြားဒေသဆီ သွားရောက်ပြီး ကြီးမြတ်တဲ့စပါးအုံးစိမ်းရဲ့ သတင်းတွေကို ရှာဖွေစုဆောင်းစေပါတယ်။

သုံးနှစ်ကြာပြီးနောက်။

ဟန်ကျွယ်ဟာ ရယ်စရာကောင်းတဲ့အရာတစ်ခုကို ရှာတွေ့သွားပါတယ်။

အဲဒါကတော့ မိုးမြေမြက်ပင်ဟာ မိန်းကလေး ဖြစ်နေတာပါပဲ။

မိုးမြေမြက်ပင်ရဲ့ အသိဉာဏ်ဟာ ဆက်တိုးလာတာကြောင့် တစ်နေ့မှာတော့ ဟန်ကျွယ်ဟာ မိုးမြေမြက်ပင်ဆီက အသံကို ရုတ်တရက် ကြားလိုက်ရပါတယ်။ မိုးမြေမြက်ပင်ရဲ့အသံဟာ အလွန်အားနည်းပြီး ငယ်ရွယ်တဲ့မိန်းကလေးသံပါ။

ဒါက ထူးဆန်းလွန်းပါတယ်။

ဟန်ကျွယ်က မေးလိုက်ပါတယ် “မင်း ဘာလို့ စကားပြောနိုင်ရတာလဲ” ဟန်ကျွယ်ဟာ မိုးမြေမြက်ပင်ကို ဘယ်ဘာသာစကားမှ မသင်ပေးခဲ့ပါဘူး။

“ကျွန်မရဲ့ မှတ်ဉာဏ်တွေက ပြန်စုဖွဲ့နေတုန်း၊ ကျွန်မ အရင်တုန်းကလည်း အသက်ရှင်ခဲ့ပုံပဲ...” မိုးမြေမြက်ပင်ဟာ သတိထားပြီး ပြန်ဖြေလိုက်ပါတယ်။

‘မှတ်ဉာဏ်တွေ’

ဟန်ကျွယ်ဟာ ချက်ချင်းဆိုသလို နိုးနိုးကြားကြား ဖြစ်သွားပါတယ် ‘ဒီလူက အမတများလား’

ဟန်ကျွယ်ဟာ သူ့နတ်အာရုံကို အသုံးပြုပြီး မိုးမြေမြက်ပင်ရဲ့ ‌ရောင်ဝါကို စစ်ဆေးလိုက်ပါတယ်။ မိုးမြေမြက်ပင်ရဲ့ ရောင်ဝါက သိပ်ပြီး အားမကောင်းပါဘူး။ ဟန်ကျွယ်ဟာ ခြေထောက်တစ်ချက်တည်း ဒီမိုးမြေမြက်ပင်ကို ချေမွပစ်လို့ရပါတယ်။

“ရှင်က ကျွန်မရဲ့ သခင်လား” မိုးမြေမြက်ပင်က မေးလိုက်ပါတယ်။

“မဟုတ်ဘူး... ငါက မင်းအဖေ”

စကြာဝဠာ အနန္တရှိ နတ် လူ သတ္တဝါ အားလုံး ဘေးရန်ကြောင့်ကြ ဆင်းရဲကင်း၍ ကိုယ်စိတ်နှစ်ဖြာ ချမ်းသာကြပါစေ၊ ကောင်းကျိုးလိုရာဆန္ဒ ပြည့်ဝကြပါစေ။

All Chapters