← Chapters

ထူးဆန်းသောလူအိုကြီး

Vol. 001 Ch. 46

ထူးဆန်းသောလူအိုကြီး

Vol. 001 Ch. 46

ဝမ်လင်းက အနံ့ဆိုးဗုံးများကို သိမ်းဆည်းကာ လီရှန်ကို ကြည့်ပြီး ပြောလိုက်သည် ... “အစ်ကိုလီရှန် ... ဒါဆို ကျွန်တော်ဆက်ပြီး အနှောင့်အယှက် မပေးတော့ပါဘူး ... ကျွန်တော့်ကို ခွင့်ပြုပါဦး ... “

လီရှန်က ခေါင်းညိတ် လိုက်သည်။ သူက ရင်းနှီးဖော်ရွေသော အမူအရာကို ဖော်ပြပြီး ပြောလိုက်၏ ... “ညီအစ်ကို ... ဒီအနံ့ဆိုးဗုံးတွေနဲ့ ပတ်သက်ပြီး ဂရုစိုက်ပါ ... မှတ်ထားဦး ... ဒီဗုံးတွေ အလုပ်လုပ်ဖို့ ပစ်ခတ်နည်းတော့ လိုတယ်နော် ... မင်း မအောင်မြင်ရင်လည်း ငါ ညာတယ်လို့တော့ မပြောနဲ့ ... “

သည်လိုနှင့် တခြားတပည့်များကို ဆက်လက်ပြီး ဆွယ်လိုက်သည်။

“ညီအစ်ကိုတို့ ငါ့မှာ ရတနာတချို့ ရှိတယ် ... ဒီရတနာက ဟဲဟွမ်ဂိုဏ်းမှ အမှတ်တရလက်ဆောင်ပါ ... ဒီရတနာနဲ့ဆိုရင် လှပတဲ့ မိန်းကလေး တစ်ယောက်ရဖို့ ဟဲဟွမ်ဂိုဏ်းကို သွားနိုင်တယ် ... ဒီပစ္စည်းက ငါ အပင်ပန်းခံ၊ ဒုက္ခခံပြီးမှ ရလာတဲ့ ပစ္စည်းတစ်ခုပါ ... ဒီပစ္စည်းကို ဘာလို့ ရောင်းချရသလဲ ဆိုတော့ ငါတို့ရဲ့ခင်မင် ရင်းနှီးမှုကြောင့်ပါ ... ဟုန်ယွီဂိုဏ်းက ညီအစ်ကိုတို့ ဒီအခွင့်အရေးကြီးကို လက်လွှတ် မခံသင့်ဘူးနော် ... “

ဝမ်လင်းက ရယ်လိုက်ပြီး နောက်သို့လှည့်ကာ ဆေးဥယျာဉ်သို့ ဦးတည်ပြီး လျှောက်သွား၏။ မကြာမီ ဝမ်လင်းက ဥယျာဉ်ဆီသို့ ရောက်လာသည်။ နတ်ဘုရား စိတ်အာရုံကို ဖြန့်ကြက်ကြည့်ရာ စွန်းတဇူး ရှိမနေပေ။ သူက အခန်းထဲတွင် ခြေချိတ်ထိုင်လိုက်ပြီး အနံ့ဆိုးဗုံး ၃လုံးကို ထုတ်ယူကာ စူးစမ်းလိုက်၏။

အချိန် တော်တော် ကြာပြီးနောက် ဝမ်လင်း၏ မျက်နှာတွင် စိတ်ဝင်စားသော အမူအရာများ ပေါ်လာသည်။ သူ၏နတ်ဘုရား စိတ်အာရုံ အောက်တွင် အနံ့ဆိုးဗုံးက မည်သည့် လျှို့ဝှက်ချက်မျှ မဖုံးထားနိုင်သကဲ့သို့ ရှင်းလင်းစွာ မြင်နေရ၏။

လီရှန်က အနံ့ဆိုးဗုံးကို သဘောရှိ ဖောက်ခွဲ နိုင်ပစ်နိုင်စေရန် အနံ့ဆိုး ဗုံးထဲတွင် သူ၏နတ်ဘုရား စိတ်အာရုံ တစ်စွန်းတစ်စကို ထည့်ထားလေသည်။

ဝမ်လင်းသည် နတ်ဘုရား စိတ်အာရုံကို ဤသို့ အသုံးပြု၍ ရသည်ဟု ဘယ်တုန်းကမှ မသိခဲ့ပေ။ ထို့နောက် သူက တုပပြီး အနံ့ဆိုး ဗုံးထဲမှ နတ်ဘုရား စိတ်အာရုံကို သူ၏နတ်ဘုရား စိတ်အာရုံနှင့် ထပ်လိုက်သည်။

လီရှန်၏ နတ်ဘုရား စိတ်အာရုံကို မဖျက်ဆီးဘဲ ဝန်းရံလိုက်ခြင်း ဖြစ်၏။ ဖောက်ခွဲရန် ဆန္ဒရှိသည့် အချိန်တွင် ဖောက်ခွဲနိုင်စေရန် ဝမ်လင်းက ပြုလုပ်ခဲ့ခြင်းဖြစ်သည်။

အနံ့ဆိုးဗုံးတွင် ပါရှိသော နတ်ဘုရား စိတ်အာရုံ အသုံးပြုမှုက ဝမ်လင်းကို စိတ်ကူးစိတ်သန်းများ ထွက်ပေါ်လာစေသည်။ သူက အနည်းငယ် တွေးလိုက်ပြီး မှော်ကျောက်တုံးကို ထုတ်ယူလိုက်၏။

“နတ်ဘုရား စိတ်အာရုံကို ဒီလိုမျိုး အသုံးပြုနိုင်ရင် မှော်ကျောက်တုံး ပေါ်မှာလည်း အသုံးပြုနိုင်မလား ... “ ဝမ်လင်း၏ မျက်လုံးက တလက်လက်‌ တောက်ပသွား၏။ သူက နတ်ဘုရား စိတ်အာရုံကို လျင်မြန်စွာ မှော်ကျောက်တုံးပေါ်တွင် စုစည်းလိုက်သည်။

အချိန်တော်တော် ကြာပြီးနောက်တွင် ဝမ်လင်း မျက်မှောင်ကြုတ် သွား၏။ သူ၏နတ်ဘုရား စိတ်အာရုံအောက်တွင် မှော်ကျောက်တုံးက ယခင်အတိုင်း ပြောင်းလဲမှု မရှိပေ။

အနည်းငယ် စဉ်းစားလိုက်ပြီး မှော်ကျောက်တုံးကို သိမ်းကာ ဆေးဥယျာဉ်မှ ထွက်လာခဲ့၏။ သူက အမြန်ဆုံးနှုန်းဖြင့် တောင်ပေါ်သို့ တက်သွားပြီး ချောင်ကျသော နေရာတစ်ခုကို ရှာကာ အိပ်မက် နယ်မြေထဲသို့ ဝင်ရောက်သွား၏။

အိပ်မက်နယ်မြေထဲသို့ ဝင်ရောက် ပြီးပြီးချင်း သူ၏နတ်ဘုရား စိတ်အာရုံကို ထုတ်လိုက်သည်။

တစ်မိနစ်၊ သုံးမိနစ်၊ ဆယ်မိနစ်၊ သုံးဆယ်မိနစ် ... ။

မိနစ် ၃၀ ကြာသွားသည့် တိုင်အောင် ပြောင်းလဲမှု မရှိသေးချေ။ ဝမ်လင်းက မေးစေ့ကို ပွတ်ပြီး ရေရွတ်လိုက်သည် ... “ဒီထူးဆန်းတဲ့ မှော်ကျောက်တုံးထဲမှာ ငါ့ရဲ့နတ်ဘုရား စိတ်အာရုံ ချန်ထားခဲ့လို့ မရဘူးလား ... “

ထိုအချိန်တွင် သူ့ဘေးတွင် လင်းလက်နေသော အလုံးများထဲမှ တစ်ခုက ရုတ်တရက် အလွန်တောက်ပလာပြီး နောက်ဆုံးတွင် မှိန်သွား၏။

ဝမ်လင်း မှင်တက်သွားသည်။ ဆက်တိုက် ဆိုသလိုပင် တခြား အလင်းလုံးလေးများလည်း စတင်ပြီး အရောင်များ မှိန်လာသည်။ မကြာမီ အိပ်မက် နယ်မြေထဲရှိ အလင်းလုံး အားလုံး မှိန်သွားပြီး အိပ်မက်နယ်မြေ တစ်ခုလုံး လုံးဝ အမှောင် တိကျသွား၏။

ဝမ်လင်းက အလွန်အံ့ဩနေသည်။ သူက အချိန်အတော် ကြာသည့် တိုင်အောင် ဂရုတစိုက် ရှာဖွေ လေ့လာသော်လည်း ထူးခြားမှု တစ်စုံတစ်ရာကိုမျှ မတွေ့ရချေ။

ထိုစဉ် လူအိုကြီး တစ်ယောက်၏ အသံတစ်ခု ထွက်ပေါ်လာသည် ... “ငါ ဒီထက်ပိုပြီး စောင့်ကြည့်ဖို့ မလိုတော့ဘူး ... မင်းရဲ့ စိတ်ဝိညာဉ် လှုပ်ရှားမှုအဆင့်နဲ့ ကောင်းကင်ဘုံ ဆန့်ကျင်သော ပုတီးစေ့ကို မင်းကြည့်ချင်သလို ကြည့်လို့ရအောင် ကြိုးစားနေတာလား ... “

ဝမ်လင်းက ထိတ်လန့်တကြား ဖြစ်သွားပြီး သူငယ်အိမ်ကလည်း ကျဉ်းမြောင်းသွား၏။ အိပ်မက်နယ်မြေထဲတွင် နှစ်၃၀ ခန့်နီးပါး နေခဲ့သော်လည်း ပထမဆုံးအကြိမ် အဖြစ် တစ်ယောက်ယောက်၏ အသံကို ကြားရခြင်းဖြစ်သည်။

ဝမ်လင်းက အသက်ကို ဝအောင် ရှူလိုက်ပြီး သူ့နှလုံးသားထဲမှ တုန်လှုပ်နေမှုကို ဖိနှိပ်လိုက်၏။ သူက လက်နှစ်ဖက်ကို ဆုပ်ပြီး လေးစားစွာ ပြောလိုက်သည် ... “ဒီဂျူနီယာရဲ့ နာမည်က ဝမ်လင်း ဖြစ်ပါတယ် ... စီနီယာက ဘယ်သူများလဲ မသိဘူး ... “

ဝမ်လင်းသည် ဉာဏ်ကောင်းသော လူတစ်ယောက်ဖြစ်၏။ ထိုလူက ရုတ်တရက် ပေါ်လာလိမ့်မည်ဟု ထင်မထားသော်လည်း ထို့လူက အိပ်မက် နယ်မြေထဲတွင် အချိန်ကြာမြင့်စွာ နေခဲ့ပြီး သူကို နှစ်၃၀ခန့် စောင့်ကြည့်နေကြောင်း ခန့်မှန်းလိုက်နိုင်သည်။

“ဒီလိုသေးငယ်တဲ့ နိုင်ငံလေးတစ်ခုက ဂျူနီယာက ငါ့နာမည်ကို သိဖို့ မလိုအပ်ဘူး ... မင်းက နှစ်၃၀နီးပါး ငါ့ရဲ့ အကူအညီကိုရော ကောင်းကင်ဘုံ ဆန့်ကျင်သော ပုတီးစေ့ရဲ့ အကူအညီကိုရော ယူတယ်…. ဒါတောင် စိတ်ဝိညာဉ် လှုပ်ရှားမှု အဆင့်ကိုပဲ ရောက်သေးတယ် ... တကယ်ကို စိတ်ပျက်စရာပဲ ... အထူးသဖြင့် မင်းရဲ့ အသိအမြင်ပဲ ... အခုအချိန်မှာ မင်းရဲ့နတ်ဘုရား စိတ်အာရုံနဲ့ ကောင်းကင်ဘုံ ဆန့်ကျင်သော ပုတီးစေ့ကို စစ်ဆေးကြည့်ဖို့က စိတ်ကူးပဲ ဖြစ်နိုင်လိမ့်မယ် ... “

ဝမ်လင်း တွေးကြည့် လိုက်သည်။ ယခင်က မှော်ကျောက်တုံးကို သူ၏နတ်ဘုရား စိတ်အာရုံဖြင့် လေ့လာကြည့် သော်လည်း ဘာမှ မတွေ့ခဲ့ရပေ။

“လုပ်နေတဲ့ မင်းရဲ့ နည်းလမ်းတွေက ငါ့ကို စိတ်အနှောင့်အယှက် ဖြစ်စေတယ် ... ကျင့်ကြံခြင်းက ကောင်းကင်ဘုံကို ဆန့်ကျင်တဲ့ အလုပ်ပဲ ... မင်းကို ဆန့်ကျင့်တဲ့ ဘယ်သူမဆို မင်း သတ်ပစ်သင့်တယ် ... ဒီခွေးချေးဂိုဏ်းမှာ နေတဲ့ ကာလတစ်လျှောက်လုံး ငါ မင်းကို စောင့်ကြည့်ခဲ့တယ် ... ငါသာ မင်းနေရာမှာဆို သူတို့အားလုံးကို သတ်ပစ်တယ် ... ငါ့ကို စော်ကားတဲ့ ဘယ်သူမဆို လုံးဝ ဖျက်ဆီးပစ်မှာ ... အထူးသဖြင့် ဝမ်ကျောက် ... ငါ့ရဲ့ဒေါသနဲ့ဆို သူ့ရဲ့ဝိညာဉ်ကို ထုတ်ယူပြီး ငရဲကို လွှင့်ပစ်လိုက်မှာ ပြီးတော့ သူ့ရဲ့မိသားစုကိုလည်း သုတ်သင်ပစ်မယ် ... မင်းရဲ့ဂိုဏ်းထဲမှာ ကျန်းဟူကိုတော့ အတော်အသင့် ရက်စက်တတ်လို့ တကယ် သဘောကျတယ် ... ဂျူနီယာလျိုကလည်း အရသာခံတတ်တဲ့ နေရာမှာ ငါနဲ့တူတယ် ... “

ဝမ်လင်း၏ အမူအရာက ကြောင်တိကြောင်တောင် ဖြစ်လာသည်။ သူက မဲ့ပြုံးလေးဖြင့် ပြောလိုက်သည် ... “စီနီယာ ... ငါ ... “

“ဖြတ်မပြောနဲ့ ... ငါပြောလို့ မပြီးသေးဘူး ... မင်းရဲ့ဂိုဏ်း သေးသေးလေးထဲမှာလဲ တော်တော် ကြည့်ကောင်းတဲ့ ကောင်မလေးတွေ ရှိတာပဲ ... မင်းကတော့ မင်းကိုယ်မင်း ဘယ်လို ပျော်အောင် လုပ်ရမလဲဆိုတာ မသိတဲ့ကောင် ... ငါသာဆိုရင် သူတို့ကို ဖမ်းပြီး သူတို့ရဲ့ ဝိညာဉ်တွေကိုသန့်စင်ပစ်မှာ ... ဟီးဟီး ... အဲ့အရသာက အရင်က အကြောင်းတွေ ပြန်သတိရစေတာပဲ ... ငါ အဲ့တာတွေကို မခံစားရတာ နှစ်၃၀ကျော်နေပြီ ... “

ဝမ်လင်းက ကြက်သေသေပြီး အချိန်အတော်ကြာသည့် တိုင်အောင် ဘာမှမပြောနိုင်တော့ပေ။

“ကောင်လေး ... နည်းနည်းလောက် ပိုကြိုးစားလို့ မရဘူးလား ... စိတ်ဝိညာဉ် အသွင်ပြောင်းခြင်း အဆင့်ကို မြန်မြန်ရောက်အောင် လုပ်စမ်းပါ ... ဒါဆို ဒီအဘိုးကြီး အပြင်ထွက်လာလို့ ရပြီ ... “

ဝမ်လင်း တုံံ့ဆိုင်းဆိုင်း ဖြစ်သွားသည်။ သူက ဇဝေဇဝါ ဖြစ်နေသည့်ဟန်ဖြင့် မေးလိုက်၏ ...

“စီနီယာ ... စိတ်ဝိညာဉ် အသွင်ပြောင်းခြင်း အဆင့်ဆိုတာ ဘာလဲ ... ပြီးတော့ စောနက ပြောလိုက်တဲ့ စိတ်ဝိညာဉ် လှုပ်ရှားမှု အဆင့်ကရော ဘာကို ဆိုလိုတာလဲ ... “

“မင်းကိုယ်တိုင် မတွေးနိုင်ဘူးလား ... အားလုံးကို မေးနေတော့တာပဲ ...

ကျင့်ကြံသူ အနည်းငယ်ပဲရှိရင် အဆင့်၃နိုင်ငံပဲ ... မင်း ခေါင်းပေါက်အောင် စဉ်းစားလည်း မင်းနားလည်မှာ မဟုတ်ဘူး ... အဲ့ဒါကြောင့် ကောင်းကောင်းနားထောင် ... ငါ မင်းကို အဆင့် ၅ နိုင်ငံရဲ့ ကျင့်စဉ်နယ်ပယ် အကြောင်းကို ပြောပြနေတာ ... မင်းရဲ့နိုင်ငံလို အဆင့်၃ ကျင့်ကြံခြင်း နိုင်ငံတစ်ခုမှာ နယ်ပယ် ၄ ခုပဲ ရှိလိမ့်မယ် ... ချီစုစည်းခြင်း အဆင့်၊ ခန္ဓာကိုယ် သန့်စင်ခြင်း အဆင့်၊ အမြုတေ ဖွဲ့တည်ခြင်းအဆင့်၊ စဦးစိတ်ဝိညာဉ်အဆင့် ဆိုတဲ့ ကျင့်စဉ် နယ်ပယ်၄ခုပဲ ... စိတ်ဝိညာဉ် ပုံစံဖြစ်ပေါ်ခြင်း အဆင့်ကတော့ မင်းတို့ မျက်လုံးထဲမှာ ဒဏ္ဍာရီအဆင့် တစ်ခုဖြစ်လိမ့်မယ် ... “ (ကီစုစည်းမှု အဆင့်ကို ချီစုစည်းခြင်း အဆင့်ဟု ယခုမှစ၍ ပြောင်းလဲသုံးစွဲ သွားပါမည်။)

“တစ်ယောက်ယောက်က စိတ်ဝိညာဉ်ပုံစံ ဖြစ်ပေါ်ြခင်း အဆင့်ကို ရောက်သွားရင် မင်းရဲ့နိုင်ငံက အဆင့်၄ ကျင့်ကြံခြင်းနိုင်ငံ ဖြစ်သွားလိမ့်မယ် ... နိုင်ငံက မဟာမိတ် ကျင့်ကြံသူတွေကို သင့်တော်တဲ့ အရင်းအမြစ်တွေ ထောက်ပံ့ပေးရတယ် ... နိုင်ငံကလည်း ပြင်ပက ကျင့်ကြံခြင်း ကြယ်ပွင့်တွေကို တိုက်ခိုက်ဖို့ အခွင့်အရေးတွေ ပြန်ရတယ် ... နိုင်ငံဘက်ကလည်း မဟာမိတ် ကျင့်ကြံသူတွေကို ကာကွယ်ဖို့အတွက် တာဝန်ယူပေးဖို့ လိုတယ် ... “

“အဲ့လိုပဲ စိတ်ဝိညာဉ် အသွင်ပြောင်းခြင်း အဆင့်က အဆင့်၄ နိုင်ငံတစ်ခုမှာ ပေါ်လာရင် အဲ့နိုင်ငံက အဆင့်၅နိုင်ငံ အဖြစ် ရောက်သွာလိမ့်မယ် ... စိတ်ဝိညာဉ် လှုပ်ရှားမှု အဆင့်ကတော့ အဆင့်၄နဲ့ ၄အထက် တိုင်းပြည်တွေမှာ မြင်နေကြပဲ ... အဲ့အဆင့်က ချီစုစည်းခြင်း အဆင့်နဲ့ တူတယ် … ဒါပေမဲ့ သူက ပိုပြီး ကျယ်ပြန့်တယ် ... “

***

All Chapters