← Chapters

အခန်း (၁၁၄၉-၁၁၅၀)

Vol. 96 Ch. 1149-1150

အခန်း (၁၁၄၉-၁၁၅၀)

Vol. 96 Ch. 1149-1150

အခန်း ၁၁၄၉ -

အင်မော်တယ်နယ်မြေ၏ အပြောင်းအလဲများ။

“ ကောင်းပြီ၊ ငါလည်းအနားယူတော့မယ်။ ”

ညသည် ရေကဲ့သို့ တိတ်ဆိတ်နေသည်။ စုရီတစ်ယောက်မတ်တပ်ထရပ်သဖြင့် ချင်းဝေမှ လျင်မြန်စွာပင်၊

“ ဧကရာဇ်သခင် ခဏစောင့်ပါဦး။ ”

-ဟု ဟန့်တားလိုက်သည်။

“ တစ်ခုခု လိုအပ်သလား။”

စုရီမှ မေးမြန်းလိုက်၏။ ချင်းဝေခမျာ ခဏမျှတွန့်ဆုတ်သွားပြီး ဝေမင်းနှင့် အဖွဲ့ကို ဆုတ်ခွာသွားရန် အမိန့်ပေးလိုက်သည်။

သည့်နောက် သူမနှင့်စုရီတို့နှစ်ဦး ခန်းမထဲတွင် နှစ်ယောက်တည်း ကျန်ခဲ့သော အခါမှသာ ခေါင်းငုံ့လျက်၊

“ ဧကရာဇ်သခင်ရဲ့ တာအိုဒဏ်ရာကို လုံးဝပျောက်ကင်းစေချင်ရင် ... ဒီဂျူနီယာမှာ အံ့သြဖွယ်နည်းလမ်းတစ်ခုရှိပါတယ်။ ”

-ဟု အကြံပြုလိုက်သည်။

စုရီတစ်ယောက် အံ့အားသင့်သွားပြီး မျက်လုံးများတွင် ထူးဆန်းသော အကြည့်များ ပြည့်နှက်လာ၏။

“ နှစ်မွှာ ကျင့်ကြံဖို့ကို ပြောချင်နေတာလား။”

စုရီမေးခွန်းကြောင့် ချင်ဝေသည် တွန့်ဆုတ်သွားပြီး မျက်နှာပေါ်တွင် အနည်းငယ် ရှက်ရွံ့နေလျက်ဖြင့် ခေါင်းညိတ်ပြ၏။

စုရီက ခေါင်းခါပြီး တိုးတိုးလေး သက်ပြင်းချလိုက်သည်။

“ ဒီနည်းလမ်းကို ငါသိတယ် ဒါပေမယ့် ကံမကောင်းစွာနဲ့ပဲ သင့်တော်တဲ့သူကို ရှာမတွေ့ သေးပါဘူး။ ”

ချင်းဝေတစ်ယောက် မျက်နှာ ရုတ်တရက် ရဲတွတ်သွားကာ၊

“ ဧကရာဇ်သခင် လိုအပ်ရင် ဒီဂျူနီယာက ဖြည့်ဆည်းပေးဖို့ ဆန္ဒရှိပါတယ်။ ”

-ဟု တိုးတိုးလေး ပြောလိုက်သည်။

ခန်းမအတွင်း လေထုသည် ရုတ်တရက် ပြောင်းလဲသွား၏။ ထို့နောက်ဆွဲဆောင်မှုရှိသော ကိုယ်ဟန် အနေအထားသို့ သိမ်မွေ့စွာ ပြောင်းလဲပြသလိုက်သည်။

တစ်ဆက်တည်းမှာပင် ထူးထူးခြားခြား စိတ်လှုပ်ရှားသွားကာ နူးညံ့သောလက်များက ဝတ်ရုံထောင့်ကို တင်းတင်းကျပ်ကျပ် ဆုပ်ကိုင်ထားတော့၏။

ဤသို့ဖွံထွားသော ကောက်ကြောင်းနှင့် ကမ်းလှမ်းမှုထံ အခြားမည်သူမဆို ထိန်းချုပ်မှု ဆုံးရှုံးသွားနိုင်သည်။

စုရီသည်ပင် အနည်းငယ် စိတ်ဝင်စား သွားတော့၏။ သို့သော် အဆုံး၌ ခေါင်းခါလိုက် လေသည်။ ချင်းဝေခမျာ ခန္ဓာကိုယ် ချက်ချင်း တောင့်တင်း အေးစက်သွား၏။

“ ဧကရာဇ်သခင် ကျေးဇူးပြုပြီး စိတ်ငြိမ်ငြိမ်ထားပေးပါ ဒါက ... ဂျူနီယာရဲ့ ရိုင်းပျမှုပါ ... တကယ်တော့ ။ ”

သူမက ရှင်းပြရန် ကြိုးစားတော့၏။ သို့သော်စုရီမှလက်ပြကာ ရှေ့တိုးသွားပြီးနောက် ချင်းဝေမျက်နှာထံ စိုက်ကြည့်လျက်၊

“ မင်းက အရည်အချင်း မပြည့်မီလို့ မဟုတ်ဘူး မင်းအတွက် ညစ်ညူးစေလိမ့်မယ်။ ”

-ဟု ပြောကြားလိုက်၏။

“ ဒါက ဂျူနီယာရဲ့ ကိုယ်ပိုင်ဆန္ဒပါ ... ။ ”

သို့သော် စုရီမှ ခေါင်းရမ်းပြကာ၊

“ ငါ အမှန်အတိုင်းပြောရမလား။ ”

-ဟု မေးမြန်းလိုက်သည်။ ချင်းဝေတစ်ယောက် စကားမပြောနိုင်ခင်မှာပင် စုရီက သူ့စကားကိုဆက်ပြောတော့၏။

“ ဒီဘဝမှာ ... ငါက အင်မော်တယ် လမ်းပေါ်တောင် မတက်နိုင်သေးဘူး မင်းလို သူတော်စင်အင်မော်တယ်တစ်ပါးကို ဘယ်လို လုပ်ပြီး ခုခံနိုင်မှာလဲ။ ”

ယောက်ျားတစ်ယောက်အတွက် ထိုကျင့်ကြံမှုကွာခြားချက်သည် ပြဿနာ တစ်ခု မဟုတ်ချေ။

သို့သော် လေ့ကျင့်နေစဉ်အတွင်း သူသည်ဦးဆောင်နိုင်မှု ဆုံးရှုံးသွားနိုင်ချေရှိ၏။ ဤနည်းဖြင့် အမျိုးသမီးထံမှ ဦးဆောင်မှု ခံရခြင်းသည် သူပုံစံ မဟုတ်ချေ။

တစ်ဖက်တွင် ချင်းဝေသည် အံ့အားသင့်သွားတော့သည်။ ခဏအကြာတွင် ရုတ်တရက် တစ်စုံတစ်ရာသတိရသွားကာ၊

“ ဧကရာဇ်သခင် ဒါဆို ကောလာဟလအတိုင်း မင်းတကယ်ပဲ ပြန်လည် မွေးဖွားလာတာလား။ ”

-ဟု မေးမြန်းလိုက်၏။ စုရီမှ ခေါင်းညိတ်ပြီးနောက်၊ ‘ဟုတ်တယ်’-ဟု ဝန်ခံ လိုက်လေသည်။

ဤလျှို့ဝှက်ချက်ကို ကြာကြာ ဖုံးကွယ်ထား၍ မရချေ။ ထိုက်ချင်းဂိုဏ်းပင် သိပြီးသားဖြစ်သည်။

ချင်းဝေမှ စကားပင် မပြောနိုင်လောက်အောင် မှင်သပ်သွားခဲ့၏။ ခဏအကြာတွင် သက်ပြင်းချကာ၊

“ ဧကရာဇ်ရဲ့ ပြဿနာတွေကို ဖြေရှင်းဖို့ မကူညီနိုင်တဲ့ ဒီဂျူနီယာရဲ့ ကျင့်ကြံမှုအဆင့်ကို ပထမဆုံးအကြိမ် မုန်းတီးမိပါတယ်။ ”

-ဟု ညည်းတွားလိုက်လေသည်။ ထိုစကားကြောင့် စုရီမှ နဖူးကိုကုပ်ခြစ်လျက် တိတ်ဆိတ်သွားတော့၏။

သည့်နောက် ညဉ့်နက်လာပြီဖြစ်ရာ စုရီမှနှုတ်ဆက်ကာ တည်းခိုခန်းတစ်ခုကို ရှာဖွေရန် ထွက်ခွာလာခဲ့သည်။

ချင်းဝေ၊ ဝေမင်းနှင့် အကြီးအကဲ နှစ်ယောက်တို့သည် တံခါးဝတွင်ရပ်နေကြပြီး စုရီပုံရိပ်အမှောင်ထဲသို့ ဝင်ရောက် ပျောက်ကွယ် သွားသည်ကို ငေးကြည့်နေခဲ့၏။

“ သခင်၊ အဲဒီလူက တကယ်ပဲ သူလား ... ။ ”

ဝေမင်းက သတ္တိမွေးကာ တိုးတိုးလေး မေးမြန်းလိုက်သည်။ ချက်ချင်းပင် လူတိုင်းသည် အသက်ရှူမဝ ဖြစ်ကုန်ကြ၏။

“ ဟုတ်တယ် ... ။ ”

ချင်းဝေမှ ခေါင်းညိတ်လျက် မျက်လုံးများမှေးစင်းသွားပြီး၊

“ ငါ့ကို မြင်ရတာ ကောင်းကင်ဘုံကို မြင်ရတာပါပဲဆိုတဲ့ ကျောက်စိမ်းတုတ်တံကို ဒီကမ္ဘာမှာ သူတစ်ယောက်ပဲ ဆွဲနိုင်လိမ့်မယ်။ ”

-ဟု ပြန်ဖြေလိုက်၏။ လူတိုင်း နောက်သို့ ခြေတစ်လှမ်း ဆုတ်သွားလေသည်။ သူတို့သည် ဤအချင်းအရာကို ခန့်မှန်းပြီး ဖြစ်သော်လည်း အတည်ပြုချက်ရချိန်၌ တုန်လှုပ်ဆဲပေပင်။

“ သွားကြစို့ ... ။ ”

ချင်းဝေမှ ပြန်လှည့်ဝင်သွား၏။

“ ဝေမင်း၊ ကျင်းပြည်နယ်ရဲ့ ပျော်ရွှင်ခြင်း ကျောက်စိမ်းမျှော်စင်(၁၁)ခုဆီ အကြောင်းကြား ဧကရာဇ်သခင် လိုအပ်တဲ့ဆေးဝါးကို အမြန်ဆုံး စုဆောင်းပေးဖို့လိုတယ်။ ”

ဤအချိန်တွင် သူမ၏ အလွန်လှပသော မျက်နှာသည် ဓားတစ်လက်ကဲ့သို့ ထက်ရှနေ တော့၏။

“ နားလည်ပါပြီ။ ”

ဝေမင်းက အမိန့်ကိုလက်ခံပြီး အလျင်အမြန်ပင် လုပ်‌ဆောင်ရန် စတင်လိုက် လေသည်။

ချင်းဝေသည်လည်း သူမနေအိမ်သို့ ပြန်သွားကာ လက်ဖဝါးကိုလှုပ်လိုက်သောအခါ ကျောက်စိမ်းပြားတစ်ခု ပေါ်လာ၏။

ဤကျောက်စိမ်းပြားကို စုရီမှ ထားသွားခဲ့ခြင်းဖြစ်လေသည်။ ထိုစဉ်က သူမ ဖွင့်မကြည့်ခဲ့ရသေးချေ။

“ မင်း ... ငါ့ကိုကူညီပေးခဲ့တဲ့အတွက် အခွင့်ကောင်းယူလို့မရဘူး မဟုတ်ရင် မင်းရဲ့ နတ်ဆိုးဧကရာဇ်ရှောင်ရုရီသိရင် ငါ့ကို ပျက်ရယ်ပြုမှာ သေချာတယ် ... ။ ”

ထိုစဉ်က စုရီအသံသည် သူမနားထဲ ပဲ့တင်ထပ်လာ၏။ စူးစိမ်းလိုစိတ်များ ထိန်းမရ တော့ဘဲ ချက်ချင်း ဖတ်ကြည့်လိုက်သည်။

များမကြာခင် ချင်းဝေခန္ဓာကိုယ်သည် လျှပ်စီးကြောင်းထိမှန်ခံရသလို တုန်ခါလျက် တောင့်တင်းသွားခဲ့၏။

နှလုံးသားအတွင်း အလွန်အမင်း ပျော်ရွှင်မှုများ ဖြစ်ပေါ်လာကာ စိတ်ခံစားချက် ထိန်းမနိုင်သိမ်းမရ ဖြစ်လာလေသည်။

သူမ၏ ကျင့်ကြံမှုသည် နှစ်ပေါင်းများစွာတိုင်အောင် အတားအဆီး အောက်တွင် နစ်မြုပ်နေခဲ့၏။

၎င်းအတားအဆီးကို သူမသည်သာ မကျော်လွှားနိုင်သော် သည်ဘဝ သည်မျှသာ ပေပင်။ ထို့ကြောင့် နှစ်မွှာကျင့်ကြံကာ ဖြတ်ကျော်လိုခဲ့ခြင်းဖြစ်၏။

အဆုံးတွင် စုရီသည် သူမ၏ ဤသို့သော အတွေးများကိုမြင်ကာ အတားအဆီးဖြိုခွင်းဖို့ရန် နည်းလမ်းတစ်ခု ပြန်ပေးခဲ့သည်။ ရှက်စရာ ကောင်ချေပြီ။

“ အရင်တုန်းက ငါ့ရဲ့ညံဖျင်းတဲ့ အကြံအစည်တွေကို ဧကရာဇ်က မြင်ပြီးသား ဖြစ်ပေမယ့် အပြစ်မတင်ခဲ့ပါဘူး အဲဒီအစား ...

... အခြေအနေကို ဖြေရှင်းဖို့ လျှို့ဝှက်နည်းလမ်းတစ်ခုပေးခဲ့တာပဲ ... ဒီလို ကြင်နာမှုကို ဒီဘဝ ငါပြန်ဆပ်ရမယ်။ ”

..... ။

နှစ်ရက်အကြာတွင် ချင်းဝေသည် အလွန်မွှေးပျံ့နေသော ဝိုင်အိုးကိုကိုင်ဆောင်ပြီး အနည်းငယ်ဦးညွှတ်ကာ စုရီအတွက် ငှဲ့ပေးနေတော့၏။

စုရီက ဝိုင်ခွက်ကို ကောက်ယူကာ တစ်ကျိုက်တည်း မော့သောက်ချလိုက်သည်။ ချင်းဝေမှကိုင်းညွှတ်လျက် နောက်ထပ် ဝိုင် တစ်ခွက် ငှဲ့ပေးကာ ပြုံးပြပြီး၊

“ ဧကရာဇ်သခင် ... မင်းမှာထားတဲ့ ဆေးဘက်ဝင်အပင်တွေရပါပြီ စစ်ကြည့်ပါဦး။ ”

-ဟု ဆိုကာ သိုလှောင်အိတ်ကို ရှေ့တိုးပေးလိုက်သည်။

စုရီတစ်ယောက် ခေါင်းညိတ်လျက် သိုလှောင်အိတ်ကိုစစ်ဆေးပြီး သိမ်းဆည်းခဲ့၏။ ထို့နောက် ချင်းဝေထံ ပြန်ကြည့်ကာ၊

“ အင်မော်တယ်နယ်မြေက ဘယ်အင်အားစုတွေက ငါ့ကိုပစ်မှတ်ထား နေလဲဆိုတာ စုံစမ်းပေးထားပါဦး။ ”

-ဟု တောင်းဆိုလိုက်၏။

“ စိတ်ချပါ ဧကရာဇ်သခင် ... ဒီကိစ္စကို ဦးစားပေးအဖြစ်သတ်မှတ်ပြီး အမြန်ဆုံး စုံစမ်း စစ်ဆေးပေးပါ့မယ်။ ”

ချင်းဝေမှ ချက်ချင်း ကတိပေးလိုက်သည်။ နှစ်ယောက်သားခဏမျှ စကားစမြည် ပြောကြား လိုက်ပြီးနောက် အကြောင်းအရာများစွာကို စုံလင်စွာ သိရှိလာ၏။

ချင်းဝေသည် ပျော်ရွှင်ခြင်းကျောက်စိမ်း မျှော်စင်၏ ခေါင်းဆောင်ဖြစ်သဖြင့် ချီဖူဖန်းနှင့် မတူဘဲ အင်မော်တယ်မြေတဝှမ်း လက်ရှိ အခြေအနေများကို ပိုမိုနားလည်ချေပြီ။

ဆိုလိုသည်မှာ ဓမ္မအဆုံးခေတ်အပြီး အင်မော်တယ်နယ်မြေသည် လုံးဝကွာခြားသွား ခဲ့ပြီဖြစ်သည်။

အကြောင်းရင်းမှာ ရိုးရှင်းချေ၏။ ကောင်းကင်ဘုံစည်းမျဉ်းများမှာ အလျင်အမြန် ပြန်လည်ကောင်းမွန်လာနေသည်။

မိုးရွာပြီးနောက် မှိုများကဲ့သို့ အင်အားစုအသီးသီးသည်လည်း တိုးပွားရှင်သန် ပေါက်ဖွားလာ၏။

ဓမ္မအဆုံးခေတ်၌ ကျန်ရစ်ခဲ့သော ရှေးခေတ်မျိုးဆက်များသည်လည်း ပြန်လည် ပေါ်ထွက်လာကြသည်။

ထိုအချင်းအရာများသည် ဤလောကကြီးအပေါ် ဖရိုဖရဲဖြစ်လာစေပြီး မငြိမ်မသက်မှုများ ဖြစ်ပေါ်စေခဲ့၏။

အထူးသဖြင့် ကောင်းကင်တံခါး ပြင်ပရှိ နတ်ဆိုးမျိုးနွယ်များသည် ပြန်လည်နိုးထကာ လှုပ်ရှားလာချေပြီ။

တနေ့တွင် အင်မော်တယ်ကမ္ဘာနှင့် ထိုနတ်ဆိုးများကြား တိုက်ပွဲများမှာ မလွဲမသေ စတင်လာတော့မည်ဖြစ်၏။

အင်မော်တယ်မြေကို တံခါးကိုးချပ်ဖြင့် ကာကွယ်ထားသည်။ တံခါးများကို ကောင်းကင် တံခါးဟု ခေါ်တွင်၏။

နတ်ဆိုးမျိုးနွယ်များသည် ကောင်ကင်တံခါးပြင်ပတွင် နေထိုင်သူများ ပေပင်။

“ တကယ်ပဲ ... အဲဒီနတ်ဆိုးမျိုးနွယ်တွေက ကျူးကျော်ဖို့ ကြိုးစားဝံ့လိမ့်မယ်လို့ ငါတကယ် မထင်ထားမိဘူး။ ”

စုရီမှ ထိုသတင်းကြောင့် နဖူးကို ပွတ်သပ်လိုက်သည်။ ဝမ်ယဲ့သည် ဆဋ္ဌမမြောက် ကောင်းကင်တံခါးတွင် ကြီးပြင်းလာခဲ့သူဖြစ်၏။

အင်မော်တယ်ဘုရင် ဖြစ်လာပြီးနောက် ကောင်ကင်တံခါးကိုးချပ်ကို လှည့်လည်ခဲ့ကာ နတ်ဆိုးဧကရာဇ်များပေါ် အမဲလိုက်ဖူးသည်။ ထို့ကြောင့် နတ်ဆိုးမျိုးနွယ်များသည် ဝမ်ယဲ့ ရှေ့တွင် မျက်နှာမပြဝံ့အောင်ပေပင်။

“ လက်ရှိမှာတော့ ပြင်ပနတ်ဆိုး မျိုးနွယ်တွေဟာ မလှုပ်ရှားဝံ့သေးပါဘူး သူတို့ ပြန်လည်နိုးထမှု လက္ခဏာအနည်းငယ်သာ ပြသပါသေးတယ် ...

... အစိုးရိမ်စရာ အကောင်းဆုံးကတော့ နတ်ဘုရားတွေရဲ့ ဆန္ဒဝိညာဉ်က ဒီကမ္ဘာကို ထိုးဖောက်ဝင်ရောက်လာတာပါပဲ ...

... မကြာခင်မှာ အဲဒီနတ်ဘုရားတွေဟာ အင်မော်တယ်မြေကို သေချာပေါက် ဆင်းသက် လာနိုင်ပါလိမ့်မယ်။ ”

ထိုစကားကြောင့် စုရီတစ်ယောက် မျက်ဝန်းများ မှေးစင်းသွား၏။ နတ်ဘုရားများ ဟူသည် သူ့အတွက် အမှန်ပင် ဒုက္ခဖြစ်ချေပြီ။

***

အခန်း ၁၁၅၀ -

ဝိညာဉ်တစ်သောင်းဂိုဏ်း၏ ဓမ္မအစည်းအဝေးပွဲ။

အင်မော်တယ်နယ်မြေ၏ ကောင်းကင်တံခါးကိုးခုသည် စိတ်ချရသော အခြေအနေတွင် မရှိတော့ချေ။

နတ်ဆိုးမျိုးနွယ်များ ပြန်လည် လှုပ်ရှားလာခြင်း၊ နတ်ဘုရားများ ဆင်းသက်ရန် ကြိုးစားလာခြင်း စသည်တို့သည် စုရီကို သက်ပြင်းချမိစေသည်။

အင်မော်တယ်မြေသည် အဆီများသော အသားတစ်တုံး ဖြစ်နေ၏။ နတ်ဆိုးမျိုးရိုးများမှ ကိုက်စားလိုကြသည်။ နတ်ဘုရားများ သည်လည်း တံတွေးယိုနေ၏။

နယ်မြေအတွင်း၌ပင် အာဏာအတွက် ယှဉ်ပြိုင်နေသောအင်အားစုများကြား စစ်ပွဲများ နေရာအနှံ့အပြား ဖြစ်ပွားနေသည်။

“ ဒါနဲ့ ... နတ်ဘုရားဆန္ဒတွေက အင်မော်တယ်နယ်မြေကို ဝင်ရောက်နေပြီလား၊ နတ်တမန်တွေရော ရှိနေပြီလား။ ”

စုရီမှ ရုတ်တရက်မေးလိုက်၏။ နတ်ဘုရားများသည် စည်းမျဉ်းများကြောင့် ဆင်းသက်နိုင်ခြင်း မရှိသော်လည်း နတ်တမန် များကို စေလွှတ်နိုင်သည်။

ဥပမာအားဖြင့် ‘အမှောင် ဆိတ်သုဉ်းခြင်း နတ်ဘုရားကို အစေခံခဲ့သော အပ်ချုပ်သမား၊ တံငါသည်နတ်ဘုရားကို အစေခံခဲ့သော မိုးတိမ် ယန္တရားစံအိမ် စသည်တို့ဖြစ်၏။

“ တကယ်တော့ လက်ရှိ အင်မော်တယ် နယ်မြေမှာ မကြာသေးမီက ပေါ်ထွက်လာတဲ့ ကျင့်ကြံမှုအင်အားစုတချို့ဟာ နတ်ဘုရား တစ်ပါးကို ကျောထောက်နောက်ခံ ပြုထားတယ်လို့ သံသယရှိပါတယ် ...

... အမှန်အတိုင်းပြောရရင် မကြာခင်မှာ ဒီဂျူနီယာဟာ နတ်ဘုရားတစ်ပါးနဲ့ ဆက်စပ်တဲ့ ဓမ္မဧည်ခံပွဲမှာ ပါဝင်ရပါဦးမယ်။ ”

“ ဆက်ပြောပါဦး။ ”

စုရီမှ ချင်းဝေစကားအပေါ် စိတ်ဝင်စားသွားသည်။ ချင်းဝေက ခဏမျှ စဉ်းစားလိုက်ပြီး၊

“ ဒီဓမ္မစည်းဝေးပွဲကို ... ဝိညာဉ် တစ်သောင်းဂိုဏ်းကနေ ... ကျင်းပပြီး ဂိုဏ်းရဲ့ အကြီးအကဲတစ်ပါးက နတ်ဘုရားတစ်ပါးရဲ့ အမိန့်တော်ကို ပြောကြားပါလိမ့်မယ်။ ”

-ဟု ရှင်းပြလိုက်သည်။

ဝိညာဉ်တစ်သောင်းဂိုဏ်းသည် ဓမ္မအဆုံးခေတ်ပြီးနောက် ထင်ရှားလာသော အင်အားစုတစ်ခုဖြစ်၏။

၎င်း၏ခေါင်းဆောင်သည် မယုံနိုင်လောက်အောင် အစွမ်းရှိသော နတ်ဆိုး အင်မော်တယ်ဘုရင် တစ်ပါးပေပင်။

ဝိညာဉ်တစ်သောင်းဂိုဏ်းတွင် ယဇ်ပုရောဟိတ်များအဖြစ် တာဝန်ထမ်းဆောင် သူ အားလုံးသည် သူတော်စင်သခင်များဖြစ်၏။

ဤဓမ္မအစည်းအဝေးတွင် ကျင်းပြည်နယ်အနှံ့အပြားမှ နတ်ဆိုးကျင့်ကြံသူ အများအပြား ဖိတ်ကြားထားသည်။

ချင်းဝေကဲ့သို့သော သူတော်စင် အင်မော်တယ်များနှင့် ဗလာနယ်ပယ်အဆင့် အင်မော်တယ်များ စသည်တို့ပါဝင်၏။

“ ဝိညာဉ် တစ်သောင်းဂိုဏ်း အမည်ကို လူအနည်းငယ်သာ ကြားဖူးကြပေမယ့် သူတို့ရဲ့ အစွမ်းသတ္တိအပေါ် လျစ်လျူရှုလို့မရဘူး ...

... သူတို့ဂိုဏ်းမှာ ... သူတော်စင် အင်မော်တယ်ဆယ်ဦးကျော်ပြီး ဩဇာလွှမ်းမိုးမှု ကိုလည်း ချဲ့ထွင်လာနိုင်တယ် ...

... ဓမ္မအဆုံးခေတ်နောက်ပိုင်း မရေမတွက်နိုင်တဲ့ နတ်ဆိုးကျင့်ကြံသူတွေကို သူတို့ဂိုဏ်းထဲ စုဆောင်းနိုင်ခဲ့တယ် ...

... ဂိုဏ်းကိုဝင်ဖို့ ငြင်းဆန်ခဲ့တဲ့ ... သူတော်စင်အင်မော်တယ်တစ်ပါး လမ်းပေါ်မှာ သေနေတာကို မကြာသေးခင်ကမှ တွေ့ရှိခဲ့ကြတယ်။ ”

ထိုစကားကြောင့် စုရီတစ်ယောက် ချင်းဝေ၏မျက်နှာကို ပြန်မော့ကြည့်လိုက်ကာ၊

“ ဒါနဲ့ ... မင်းက ဝိညာဉ်တစ်သောင်း ဂိုဏ်းကနေကျင်းပတဲ့ ဓမ္မစည်းဝေးပွဲမှာပါဝင်ဖို့ သဘောတူခဲ့တာလား။ ”

-ဟု မေးမြန်းလိုက်၏။ ချင်ဝေမှ ခေါင်းခါလျက်၊

“ ဒီဂျူနီယာနောက်မှာ ပျော်ရွှင်ခြင်း ကျောက်စိမ်းမျှော်စင် ရှိပါတယ် ... ဒါကြောင့် ဘာကိုမှ ပေါ့ပေါ့ဆဆ မလုပ်ရဲပါဘူး ဒါပေမယ့် တကယ်တမ်း ဒီပွဲမှာကို ဖိတ်ခေါ်ခံရတာက တခြားရည်ရွယ်ချက် အတွက်ပါ။ ”

-ဟု တုန့်ပြန်၏။

“ မင်း ဘာကိုဆိုလိုတာလဲ။ ”

စုရီမှ စိတ်ဝင်စားသွားသည်။ ချင်းဝေက သက်ပြင်းချက်လျက်၊

“ ဝိညာဉ်တစ်သောင်းဂိုဏ်းရဲ့ သန့်ရှင်းသောသားတော်တစ်ပါးက ဒီဂျူနီယာကို တာအိုအဖော်အဖြစ် လိုချင်နေပါတယ် ...

... သူက ဗလာနယ်ပယ်အင်မော်တယ် ဖြစ်ပေမယ့် ဂိုဏ်းမှာ သူ့ရဲ့အဆင့်အတန်းက အတော်လေးထူးခြားပါတယ် ...

... ဒါကြောင့် သူတော်စင်အင်မော်တယ် အဆင့်မှာရှိတဲ့ အကြီးအကဲတွေတောင်မှ သူ့ကို လေးစားကြတယ်။ ”

-ဟု ရှင်းပြလိုက်သည်။ စုရီက အံ့အားသင့်သွားပြီး ရယ်စရာကောင်းသည်ဟု ခံစားလိုက်ရ၏။

သန့်ရှင်းသော သားတော်ရာထူးကို အားကိုးပြီး ဗလာနယ်ပယ်အင်မော်တယ်တစ်ပါး အနေဖြင့် သူတော်စင်အင်မော်တယ်အပေါ် တာအိုအဖော်အဖြစ် ရည်မှန်းဝံ့နေသည်။

ထိုသို့သော ရဲရင့်မှုနှင့် စိတ်အားထက်သန်မှုမျိုးသည် မယုံနိုင်အောင် အံ့သြစရာပေပင်။

သူတော်စင် အင်မော်တယ်ဟူသည် ထိပ်တန်းပုဂ္ဂိုလ်တစ်ပါးအဖြစ် ဒေသကြီးတစ်ခု အပေါ် ခြိမ်းခြောက်နိုင်ကာ ဗလာနယ်ပယ် သူတော်စင်များကို အုပ်စိုးနိုင်၏။

ခဏမျှ စဉ်းစားပြီးနောက် စုရီက၊

“ ဒီလူက သူ့ရဲ့ရာထူးကိုသုံးပြီး မင်းကိုသဘောတူအောင် အတင်းအကျပ်လုပ်ဖို့ စီစဉ်နေတာလား။ ”

-ဟု မေးမြန်းလိုက်၏။

“ ဖြစ်နိုင်ပါတယ် မျှော်လင့်မထားတဲ့ တစ်စုံတစ်ရာ ဖြစ်မလာရင် ချုံချီက သူ့ဂိုဏ်းက ကျင်းပတဲ့ ဓမ္မညီလာခံမှာ ဒါကို ထပ်ပြောလာပါလိမ့်မယ် ...

... ဒီဂျူနီယာက အကြိမ်ကြိမ် ငြင်းဆိုခဲ့ပြီးပါပြီ ဒါပေမယ့် ဝိညာဉ်တစ်သောင်း ဂိုဏ်းနဲ့ ဆက်ဆံရေး မဖြတ်ချင်တာကြောင့် ...

... အနည်းငယ် လိုက်လျောပေး နေရသေးပါတယ် မဟုတ်ရင် ဒီလိုကာမရာဂ ပြင်းထန်တဲ့လူကို သတ်ပစ်ပြီးတာကြာပါပြီ။ ”

ထိုသို့ပြောကြားနေစဉ် သူမ၏ လှပပြီး ဆွဲဆောင်မှုရှိသောမျက်ဝန်းများ၌ အေးစက်စက် အရိပ်အယောင်တစ်ခု ပေါ်လာ၏။

သူမသည် ဝိညာဉ်တစ်သောင်း ဂိုဏ်း၏ သန့်ရှင်းသောသားတော် ချုံချီကို အလွန်အမင်း စက်ဆုပ်ရွံရှာမှုအပေါ် ကြာမြင့်စွာကတည်းက ထိန်းထားနေရကြောင်း မြင်သာသည်။

ထိုအမူအရာကြောင့် စုရီမှ သံသယများစွာဖြင့်၊

“ ပျော်ရွှင်ခြင်း ကျောက်စိမ်းမျှောင်စင်ရဲ့ အုတ်မြစ်နဲ့စွမ်းအားအရဆိုရင် သူတို့က မင်းကို စော်ကားမိမှာ စိုးရိမ်သင့်တာ မဟုတ်ဘူးလား။ ”

-ဟု မေးမြန်းလိုက်သည်။ ချင်းဝေတစ်ယောက် ချက်ချင်း ဝမ်းနည်းကာ ကြေကွဲလာဟန်ဖြင့်၊

“ ဧကရာဇ်သခင် မင်းမသိဘူး ... ငါတို့ရဲ့ ပျော်ရွှင်ခြင်း ကျောက်စိမ်းမျှော်စင်က ဓမ္မအဆုံး ခေတ် မတိုင်ခင်ကထက် အများကြီး အားနည်းနေပါပြီ ...

... အကြောင်းရင်းကတော့ ဘိုးဘေးနတ်ဆိုးဧကရာဇ် ပျောက်ကွယ်သွားပြီး ဘာသတင်းမှ မကြားရတော့လို့ပါ ...

... လက်ရှိမှာ တာဝန်ခံ လွင့်မျောနေသော တိမ်လွှာအင်မော်တယ်ဘုရင်ကလည်း လွန်ခဲ့တဲ့ နှစ်ပေါင်းသုံးထောင်ကတည်းက တံခါးပိတ် ကျင့်ကြံနေခဲ့တယ် ...

... ဒါကြောင့် ပျော်ရွှင်ခြင်း ကျောက်စိမ်း မျှော်စင်ရဲ့ ဩဇာဟာ အင်မော်တယ်နယ်မြေ တစ်ခုလုံးကို ပျံ့နှံ့နေဆဲဆို‌ပေမယ့်လည်း မခိုင်မာတော့ပါဘူး။ ”

သို့မှသာ စုရီက နားလည်သွားသည်။ လွင့်မျောနေသောတိမ်လွှာ အင်မော်တယ်ဘုရင် ကျင့်ကြံနေချိန်တွင် ရန်သူများနှင့် အငြင်းပွားမှု ရှောင်ကွင်းလိုခြင်းဖြစ်၏။

ထို့ကြောင့် ချင်းဝေသည် ဝိညာဉ်တစ်သောင်းဂိုဏ်းကို ထိန်းထားနေရခြင်း ဖြစ်လေသည်။ ဆိုလိုသည်မှာ ပျော်ရွှင်ခြင်း ကျောက်စိမ်းမျှော်စင်၌ ခေါင်းဆောင်မဲ့ချေ၏။

သို့သော် ထိုသို့သော ချည်းကပ်မှုမျိုးကို စုရီမှသဘောမတူနိုင်ချေ။ သည်းခံနိုင်ခြင်းသည် ရန်သူကိုပို၍မာနကြီးစေမည်။ ယင်းကြောင့် ခဏမျှ စဉ်းစားပြီးနောက်၊

“ ဒီဓမ္မအစည်းအဝေးပွဲမှာ ... သူတို့ရဲ့နတ်ဘုရားက ဘယ်လိုအမိန့်မျိုးကို ပေးမှာလဲဆိုတာ မင်းသိလား။ ”

-ဟု မေးမြန်းလိုက်သည်။ ချင်းဝေက ချက်ချင်းခေါင်းခါ၏။

“ မသိပါဘူး ... ဒါပေမယ့် ချုံချီရဲ့ စကားတွေအရဆိုရင် ... ဒီတစ်ကြိမ်နတ်ဘုရား အမိန့်ဟာ တစ်ယောက်ယောက်ကို ရှာဖွေရမဲ့ အမိန့်ဖြစ်ပါလိမ့်မယ်။ ”

“ အဲဒီဓမ္မစည်းဝေးပွဲကို ဘယ်တော့ကျင်းပမှာလဲ။ ”

စုရီက မျက်ခုံးပင့်ကာ မေးလိုက်သည်။

“ ဆယ်ရက်အကြာ နဂါးနက်ဈေးမှာပါ။ ”

“ နဂါးနက်ဈေးလား ... အဲဒီမှောင်ခိုဈေးကွက်က အခုချိန်ထိကို ရှိနေတုန်းပဲလား။ ”

စုရီတစ်ယောက် အံ့သြသွား၏။ နဂါးနက်ဈေးမြို့သည် အင်မော်တယ်နယ်မြေ၌ နာမည်ကြီး မှောင်ခိုဈေးကွက်ဖြစ်ပြီး ပိုင်ရှင်မှာ စစ်မှန်သော နဂါးနက်တစ်ကောင်ပေပင်။

ထိုနဂါးနက်ဈေးတွင် ရှားပါးပြီး အဖိုးတန်သော ရတနာများအပြင် လူတိုင်း၏ အချက်အလက်များကို ဝယ်ယူနိုင်၏။

အများစုမှာ လူသတ်မှုနှင့် လုယက်မှုများ ကျူးလွန်ပြီးနောက် ရရှိလာသောရတနာများကို လာရောက်ရောင်းချကြခြင်းဖြစ်သည်။

ယေဘုယျအားဖြင့် ပြောရလျှင် ထိုစျေးမြို့သည် နတ်ဆိုးကျင့်ကြံသူများအတွက် အကျိုးရှိသောနေရာတစ်ခုပေပင်။

လူတိုင်းသည် ထိုနဂါးနက်စျေးမြို့သို့ ဝင်ရောက်ရန် အရည်အချင်းမပြည့်မီချေ။ စုရီမှ ခဏမျှစဉ်းစားပြီးနောက်၊

“ ဒါဆို ... ငါ မင်းနဲ့အတူ လိုက်ခဲ့ပေးမယ်။ ”

-ဟု ပြောကြားလိုက်၏။

သူ့တွင် ပြန်လည်ရောင်းချလိုသော ရတနာများစွားရှိနေပြီး ဆေးဘက်ဝင်အပင် အချို့သည်လည်း လိုအပ်နေသေးသည်။

အထူးသဖြင့် နဂါးနက်ဈေးမြို့၏ ကောင်းကင်စမ်းသပ်ဂူ၊ သူတော်စင် တာအို ကျောက်တိုင်သစ်တောနှင့် နဂါးအသွင်ပြောင်း ရေကန်များထံ လည်ပတ်ချင်သေး၏။

“ ဒီဂျူနီယာအတွက် ဂုဏ်ယူစရာပါပဲ ဧကရာဇ်သခင်။ ”

ချင်းဝေက မို့မောက်နေသော သူမ ရင်ဘတ်ကြီးကိုပုတ်ပြကာ ဝမ်သာအားရဖြင့် တုန့်ပြန်လာသောကြောင့် စုရီသည်ပင် ငေးခနဲဖြစ်သွားသည်။ ထို့နောက် တည်ငြိမ်မှုကို ပြန်လည်ရယူကာ၊

“ ငါတို့ အခုပဲ ကြိုတင်သွားကြရအောင်။ ”

-ဟု အကြံပြုလိုက်တော့၏။

***

All Chapters