အခန်း (၁၁၄၇-၁၁၄၈)
Vol. 96 Ch. 1147-1148
အခန်း ၁၁၄၇ -
ရွှင်ပျော်ပျော်ကျောက်စိမ်း မျှော်စင်။
“ ကောင်းကင်ဆေးအိုး အင်မော်တယ်မြို့။ ”
စုရီတစ်ယောက် အားနည်းသော အသွင်အပြင်ဖြင့် မြို့တစ်မြို့၏ လမ်းမပေါ်တွင် လျှောက်လှမ်းနေသည်။
သူသတိရလာပြီးနောက် မြစ်ကြောင်းအတိုင်းမျောပါကာ ကမ်းစပ်တစ်ခု၌ သောင်တင်နေသည်ကို မြင်လိုက်ရ၏။
ထို့နောက်တွင် အဝေးရှိမြို့လေးကိုမြင်ကာ ဆေးပြားများနှင့် ရတနာများလဲလှယ်ဝယ်ယူရန် ဦးတည်လာခဲ့ခြင်းပေပင်။
ရုတ်တရက် စုရီက ရပ်လိုက်ပြီး မဝေးလှသော ကိုးထပ်ကျောက်စိမ်းမျှော်စင်ထံ မော့ကြည့်လိုက်သည်။
ကျောက်စိမ်းမျှော်စင်ပေါ်တွင် ‘ရွှင်ပျော်ပျော်စံအိမ်’ဟု ကမ္ပည်းပြားရေးထိုးကာ ချိတ်ဆွဲထား၏။
ထိုအမည်ကြောင့် ဆုရီမျက်လုံးများ အတိတ်ကိုပြန်ပြောင်းသတိရသည့် အမူအရာ တစ်ခု ပေါ်လာသည်။
အချိန်အတော်ကြာပြီးနောက် သူ့နှာခေါင်းကိုကုပ်လျက် သက်ပြင်းချလိုက်၏။ ကောင်းကင်ဆေးအိုး အင်မော်တယ်မြို့လေး၌ ရွှင်ပျော်ပျော်စံအိမ်တစ်ခု အမှန်ပင်ရှိနေသည်။
သို့သော် ယင်းသည် ထိုစဉ်ကကဲ့သို့ လုပ်ငန်းတစ်ခုဖြစ်နေဆဲဖြစ်မည်လော သူ မသိ နိုင်ချေ။ ခဏမျှစဉ်းစားပြီးနောက် အဆုံးတွင် လျှောက်လှမ်းသွားလိုက်သည်။
“ သခင်လေးမှာ မင်းမှာ ချိန်းဆိုထားတာ ရှိလား။ ”
သူ လှမ်းဝင်လိုက်သည်နှင့် အစေခံ အမျိုးသားတစ်ယောက်က ပြုံးပြီးမေးမြန်း၏။ စုရီမှ ထိုသူထံ ပြန်ကြည့်ကာ၊
“ ဒီမှာ ကံကြမ္မာကြည့်သေးလား။ ”
- ဟု ပြန်မေးလိုက်သည်။
အစေခံအမျိုးသားမှ အံ့အားသင့်သွားကာ၊
“ သခင်လေး ... မင်းကံကြမ္မာကြည့်ဖို့ လာတာလား။ ”
-ဟု မေးမြန်း၏။
“ မဟုတ်ဘူး၊ ငါ ပဟေဠိတစ်ခု ဖြေရှင်းပေးဖို့အတွက် ရောက်လာတာပါ။ ”
အစေခံအမျိုးသားခမျာ ခန္ဓာကိုယ် တောင့်တင်းသွားပြီး၊
“ ခဏစောင့်ပါဦး သခင်လေး။ ”
-ဟု ပြောကြားလိုက်သည်။ များမကြာမီ အစေခံအမျိုးသားသည် နန်းတော်ရိုးရာဝတ်စုံကို ဝတ်ဆင်ထားသောလှပပြီး ကျက်သရေရှိသည့် အမျိုးသမီးတစ်ဦး ခေါ်ဆောင်လာ၏။
ထိုအမျိုးသမီးက မျက်ခုံးပင့်ကာ စုရီကိုကြည့်ပြီးနောက် လေးစားစွာဦးညွှတ်ပြ လိုက်သည်။
“ သခင်လေး၊ မင်းနာမည်ကို မေးလို့ရမလား။ ”
“ စုရီ ... ။ ”
“ သခင်လေး၊ ဝင်ခဲ့ပါ။ ”
ထို့နောက် အမျိုးသမီးက စုရီကို ရွှင်ပျော်ပျော်ကျောက်စိမ်းမျှော်စင်၏ နဝမ အထပ်ထံ ခေါ်ဆောင်သွား၏။
နဝမမြောက်အထပ်တွင် ရှေးဟောင်းဆန်သော ခမ်းနားထည်ဝါသည့် ခန်းမတောင်ကြီးတစ်ခုရှိသည်။
ခန်းမဆောင်အလယ်တွင် ဆယ်ပေခန့်ကြီးမားသော အနက်ရောင်လိပ်ခွံ တစ်ခုရှိနေ၏။ လိပ်ခွံပေါ်တွင် အဖြူရောင် ကျောက်စိမ်းပြွန်တစ်ခုရှိနေသည်။
ထိုပြွန်ထဲတွင် ကျောက်စိမ်းတုတ်တံ (၁၃)ချောင်းထည့်ထား၏။ အမျိုးသမီးမှလိပ်ခွံ အနားလျှောက်လှမ်းလျက်၊
“ သခင်လေး၊ ဒါက ကံကြမ္မာဖတ်ရှုမဲ့ ကျောက်စိမ်းတုတ် (၁၃)ချောင်းပါ ... တုတ်တံ တစ်ချောင်းချင်းစီမှာ နက်နဲတဲ့လျှို့ဝှက်ချက်တွေ ရှိပါတယ် ...
... အင်မော်တယ် တစ်ပါးတောင်မှ သူ့ရဲ့လျှို့ဝှက်ချက်တွေကို နားလည်မထားရင် ဆွဲမထုတ်နိုင်ပါဘူး။ ”
-ဟု ရှင်းပြသည်။
“ အခု သခင်လေးက ဒီပဟေဠိကို ဖြေရှင်းဖို့လာတာဆိုတော့ စလို့ရပါပြီ။ ”
“ ကောင်းပြီ ... ။ ”
စုရီက ရှေ့တိုးသွားပြီး ကံကြမ္မာလိပ်ခွံဝါးပြွန်ထံ လက်လှမ်းလိုက်၏။ အနက်ရောင် လိပ်ခွံပေါ်ရှိ မရေမတွက်နိုင်သော တာအိုအမိန့်ပုံစံများ ထွက်ပေါ်လာပြီး လက်ကို ပိတ်ဆို့လာသည်။
ထိုမြင်ကွင်းကြောင့် အမျိုးသမီးက ခန္ဓာကိုယ်အေးစက်လာပြီး အသက်ရှူမဝဖြစ် လာတော့၏။
အမိန့်များ အသက်ဝင်လာသည်နှင့် စုရီကတံဆိပ်တစ်ခုဖန်တီးလျက် အတားအဆီး ထံပါးသို့ ဖိကပ်လိုက်သည်။
“ ဝမ် ... ။ ”
အနက်ရောင်လိပ်ခွံပေါ်က ရှုပ်ထွေးပြီး ထူးဆန်းသော တာအိုအမိန့်များသည် ရုတ်ချည်း အလင်းမိုးအဖြစ် ပြောင်းလဲသွား၏။
“ ဝှစ် ... ။ ”
တစ်ဆက်တည်းမှာပင် လိပ်ခွံသည် တုန်ခါသွားပြီး ကံကြမ္မာတုတ်တစ်ချောင်းကို အလိုအလျောက် ထုတ်ပေးလာခဲ့သည်။
ယနေ့တွင် ရွှင်ပျော်ပျော်ကျောက်စိမ်း မျှော်စင်အကြောင်း သိရှိသူအနည်းငယ်သာလျှင် ရှိလေသည်။
ကောင်းကင်ဆေးအိုးမြို့လေးတွင် သူ့ဂုဏ်သတင်းသည် အခြားသော မျှော်စင်များ ကဲ့သို့ ဂုဏ်သတင်းကြီးမားခြင်း မရှိချေ။
ဓမ္မအဆုံးခေတ်ကို ကျော်လွန်နိုင်သည့် မြေခွေးအိုကြီးများသာ ဤမျှော်စင်၏ ရှေးကျပြီး ကြောက်စရာကောင်းသော အုတ်မြစ်ကို နားလည်ပေသည်။
ထိုစဉ်က အင်မော်တယ် ဘုရင်များသာ သူ့တံခါးသို့ဖြတ်ကျော်ရန် အရည်အချင်းပြည့်မီ လေသည်။ ရွှင်ပျော်ပျော် ကျောက်စိမ်းမျှော်စင်၌ စည်းမျဉ်းတစ်ခုရှိ၏။
ထိုစည်းမျဉ်းသည် ကံကြမ္မာတုတ်တံကို ဆွဲယူလိုသူများအပေါ် ပထမတန်းစားဧည့်သည် တစ်ယောက်အဖြစ် ဆက်ဆံရပေမည်။
ယင်းကို ကံကြမ္မာပဟေဠိဖြေရှင်းသူဟု ခေါ်ဆိုနိုင်ကာ ကျောက်စိမ်းတုတ်တံတစ်ချောင်း ထုတ်ယူနိုင်သူများ၏ တောင်းဆိုချက်များအပေါ် အကောင်းဆုံးဖြည့်ဆည်းပေးခြင်းပေပင်။
ထို့ကြောင့် စုရီသည် ကံကြမ္မာဖတ်ရန် မဟုတ်ဘဲ ပဟေဠိကို ဖြေရှင်းရန်လာသည်ဟု ဆိုလိုခြင်းဖြစ်သည်။
ယခုကဲ့သို့ စုရီသည် အနက်ရောင်လိပ်ခွံ အတားအဆီးအမိန့်များကို ချိုးဖြတ်ပြီးနောက် ကျောက်စိမ်းတုတ်တစ်ချောင်း ထုတ်ယူခြင်းမှာ အမျိုးသမီးအပေါ် ထိန်းမနိုင်သိမ်းမရ တုန်လှုပ်သွားစေသည်။
သူမ၏လှပပြီး ဂုဏ်သိက္ခာရှိသော မျက်နှာသည် မယုံနိုင်စရာစိတ်လှုပ်ရှားမှုများနှင့် ပြည့်နှက်လာ၏။
အဘယ့်ကြောင့်ဆိုသော် ကောင်းကင်ဆေးအိုးမြို့လေး၏ ရွှင်ပျော်ပျော် ကျောက်စိမ်းမျှော်စင်တွင် ဤသို့သော ကံကြမ္မာ ပဟေဠိများကို ဖြေဆိုနိုင်သူ မရှိခဲ့ချေ။
သို့သော် ချက်ချင်းပင် အမျိုးသမီးသည် တစ်စုံတစ်ရာမှားယွင်းနေကြောင်း သထားထား မိသွားသည်။ ဤကျောက်စိမ်းတုတ်ချောင်းသည် အလိုအလောက် ထွက်လာခြင်းဖြစ်၏။
ယင်းသည် သူမနားလည်မှုထက် လုံးဝကျော်လွန်နေသည်။ နှစ်ပေါင်းများစွာတိုင် ရွှင်ပျော်ပျော်ကျောက်စိမ်းမျှော်စင် ဌာနခွဲများ ထံပါးတွင် အမှုထမ်းခဲ့သော်လည်း ဤသို့သော ထူးဆန်းမှုမျိုး မကြုံတွေ့ဖူးချေ။
စုရီက သူ့လက်ထဲသို့ ကျဆင်းလာသော ကျောက်စိမ်းတုတ်၌ လျှို့ဝှက်စွမ်းအားတစ်ခုဖြင့် ကန့်သတ်ထားကြောင်း သိရှိလိုက်သည်။
ထို့ကြောင့် ကန့်သတ်ချက်ကို ချိုးဖျက်လိုက်ကာ ဖတ်ရှုကြည့်လိုက်တော့၏။ အမျိုးသမီးမှ သည်းမခံနိုင်တော့ဘဲ၊
“ သခင်လေး ဘာရေးထားလဲ။ ”
-ဟု မေးမြန်းလိုက်သည်။
“ မင်း ကိုယ်တိုင်ကြည့်ပါ။ ”
စုရီက ကျောက်စိမ်းတုန်ကို ကမ်းပေးလိုက်သည်။ အမျိုးသမီးမှ ကျောက်စိမ်း တုတ်တံကိုယူလိုက်ပြီး ဖတ်ကြည့်လိုက်၏။
“ ငါ့ကိုမြင်ရတာက ကောင်းကင်ဘုံကို မြင်နေရသလိုပါပဲ။ ”
အမျိုးသမီးခမျာ သူမ၏ လှပသော မျက်လုံးများ ပြူးကျယ်သွားပြီး အံ့သြသွားသည်။ တစ်ဆက်တည်းမှာပင် မယုံကြည်နိုင်ဟန်ဖြင့်။
“ မ ... မဖြစ်နိုင်ဘူး ... ။ ”
-ဟု အော်ဟစ်လိုက်သည်။
“ ရွှင်ပျော်ပျော် ကျောက်စိမ်း မျှော်စင်ရဲ့ တာဝန်ခံတစ်ယောက်အနေနဲ့ ... ဒီကျောက်စိမ်း တုတ်တံကနေ ရရှိနိုင်တဲ့အတွက် မင်းတို့တွေရဲ့ လုပ်ဆောင်ရမဲ့ စည်းမျဉ်းကို နားလည်လား။ ”
“ သခင်လေး ... ခွင့်လွှတ်ပါ ဖြစ်နိုင်ရင် ငါ့သခင့်ဆီ အကြောင်းကြားခွင့်ပြုပါ။ ”
“ ကောင်းပြီ မြန်မြန်သွား ... ။ ”
ခွင့်ပြုချက်ရသည်နှင့် အမျိုးသမီးက အလျင်အမြန် ပြေးထွက်သွားခဲ့၏။ ဤမျှော်စင် တစ်နေရာတွင် ပေတစ်ထောင်ခန့်ကျယ်သော လျှို့ဝှက်လှိုဏ်တစ်ခုရှိ၏။
ထိုနေရာတွင် အင်မော်တယ်ချီများဖြင့် ပြည့်နှက်နေပြီး အစိမ်းရောင်ထင်းရှူးပင်များ၊ မဏ္ဍပ်များနှင့် ဇရပ်များရှိနေ၏။
လရောင်အောင်တွင် ကြာပန်းများ ပွင့်နေသော ရေကန်ငယ်လေးတစ်ကန်လည်း ရှိနေသည်။ ကောင်းကင်ဘုံမှ သုခမြေတစ်ခု အလားပေပင်။
မဏ္ဍပ်အတွင်း လူလေးယောက် ထိုင်နေကြပြီး အထင်ရှားဆုံးသည် နူးညံ့သော ဆိုဖာပေါ်တွင် ပျင်းရိစွာ လှဲလျောင်းနေသည့် အမျိုးသမီးတစ်ယောက်အသွင်ပေပင်။
သူမ၏ မျက်နှာအမူအရာသည် အလွန်လှပပြီး အသားအရေမှာ ကျောက်စိမ်းလို ချောမွေ့နေ၏။
သူမ၏ရင်နှစ်မွှာအပေါ် အဖြူရောင် အကာအကွယ်တစ်ခုဖြင့် ဖုံးအုပ်အလှဆင်ကာ သွယ်လျသည့်ခါး၊ ရှည်လျားသော ပေါင်တံတစ်စုံတို့ ပိုင်ဆိုင်ထားသည်။
ကျက်သရေရှိပြီး တောက်ပသော နတ်သမီးတစ်ပါးနှင့်တူ၏။ အထူးသဖြင့် သူမ၏ မျက်ဝန်းများသည် ဆွဲဆောင်မှုရှိလေသည်။
“ အဖြူရောင် သမင်တောင်တန်းမှာ မကြာသေးခင်က တစ်စုံတစ်ခုဖြစ်ပွားခဲ့တယ် ထိုက်ချင်းဂိုဏ်းနဲ့ သူ့လက်အောက်ခံ အင်မော်တယ်အင်အားစုတွေက ...
... ဒီသတင်းကို ပိတ်ဆို့ထားပေမယ့် ငါတို့ရဲ့ရွှင်ပျော်ပျော်ကျောက်စိမ်း မျှော်စင်ကို ထိန်ချန်ထားလို့ မရပါဘူး။ ”
စာပေသမားတစ်ယောက် အသွင်ဖြင့် အမျိုးသားက မှတ်ချက်ပေးသည်။
“ အင်မော်တယ်နယ်မြေကို တက်လှမ်းလာနိုင်တဲ့ အဲဒီသေမျိုးတွေထဲမှာ လျှို့ဝှက်ချက်တစ်ခု ရှိနေရမယ်။ ”
“ မှန်တယ် သေမျိုးတွေကြားမှာ သူတို့ဖုံးကွယ်ထားလိုတဲ့ ထူးထူးခြားခြား ဇာတ်ကောင်တစ်ကောင် ရှိနေရမယ် ...
... ဒါကြောင့် ထိုက်ချင်းဂိုဏ်းရဲ့ ခေါင်းဆောင်ကိုယ်တိုင်က စောင့်ကြည့်နေဖို့ကို ဆန္ဒရှိနေတာပဲ။”
“ အဲဒီလူက ဘယ်သူလဲဆိုတာ မင်းသိပြီလား။ ”
ကြမ်းတမ်းသောမုတ်ဆိတ်များရှိသည့် အသက်လတ်ပိုင်းအရွယ် လူတစ်ယောက်က လေးနက်စွာမေးလိုက်သည်။
“ မသိဘူး ... ။ ”
စာပေသမားက ခေါင်းခါပြလိုက်၏။
“ နောက်ထပ်တစ်ခုရှိသေးတယ်"
ဆံပင်ဖြူဖြူနှင့် အဖိုးကြီးတစ်ယောက်က၊
“ အဲဒီအဖြူရောင်သမင်တောင်မှာ ဆူပူမှုဖြစ်ပွားပြီး ဗလာနယ်ပယ်အင်မော်တယ် တစ်စု အသတ်ခံလိုက်ရတယ်။ ”
-ဟု ခပ်တိုးတိုး ပြောကြားလာသည်။
အခန်းထဲရှိ လူတိုင်း အသက်ရှူသံများ ပြင်းထန်ကုန်၏။ ဗလာနယ်ပယ်အင်မော်တယ် ဟူသည် ကျင်းပြည်နယ်တွင် အထက်တန်းစား ကျွမ်းကျင်သူများဖြစ်သည်။
ထိုသို့သော လူပေါင်းများစွာကို တစ်ပြိုင်နက်တည်း ဆုံးရှုံးသွားခြင်းမှာ တိမ်လွှာ ယန္တရားစံအိမ်အတွက် များစွာသော ဆုံးရှုံးစရာပေပင်။
“ ဘယ်သူလုပ်တာလဲ ... ။ ”
“ ငါတို့မသိဘူး ... ဒီသတင်းကို တိမ်လွှာယန္တရားအင်မော်တယ် စံအိမ်တော်က ဖုံးကွယ်ထားတယ်။ ”
လူတိုင်း နူးညံ့သောဆိုဖာပေါ်တွင် လှဲလျောင်းနေသည့် အမျိုးသမီးထံ အကြည့်များ ကျရောက်သွားသည်။
“ ဒီကိစ္စတွေက ငါတို့နဲ့မဆိုင်ပါဘူး။ ”
အမျိုးသမီးက ရုတ်တရက် ပြောကြားလိုက်သည်။ ထို့ကြောင့် စာပေသမား၊ အနက်ဝတ် လူလတ်ပိုင်းအရွယ် အမျိုးသားနှင့် ဆံပင်ဖြူအဖိုးအိုတို့မှာ စကားစမြည်ပြောဆိုမှုကို ရပ်တန့်လိုက်တော့၏။
“ တပည့်ယွဲ့နင်မှာ အရေးကြီးကိစ္စ တင်ပြစရာရှိတယ်။ ”
ထိုစဉ် ခန်းမအပြင်ဘက်မှ အမျိုးသမီးတစ်ယောက်အသံ ထွက်ပေါ်လာပြီး လေထုကို အနှောက်အယှက်ပေးလာသည်။
ယင်းကြောင့် အခန်းထဲမှ အမျိုးသမီးက မျက်မှောင်ကြုတ်ပြီး စာပေသမားကိုလှမ်းကြည့် လိုက်၏။ ယွဲ့နင်ဟူသည်မှာ သူ့တပည့်ပေပင်။
စကားတစ်လုံးမျှ မပြောသော်လည်း စာပေသမားခဗျာ ဖိအားများ ခံစားလိုက်ရကာ အေးစက်တောင့်တင်းသွားလေသည်။ သူက အားတင်းပြုံးလျက်၊
“ ယွဲ့နင်၊ ဘာအရေးတကြီးကိစ္စရှိလို့လဲ။ မြန်မြန်ပြောပါ။ ”
-ဟု တုန့်ပြန်အော်ဟစ်လိုက်၏။
“ သခင် ... အခုပဲ ပဟေဠိဖြေရှင်းပေးသူ တစ်ဦး ရောက်လာပါတယ်။ ”
ခန်းမအပြင်မှ အမျိုးသမီးက လေးနက်သောအသံဖြင့် ဖြေကြားလိုက်သည်။ သူမစကားကြောင့် ခန်းမအတွင်းရှိ လေထုမှာ ရုတ်တရက် တိတ်ဆိတ်သွားတော့၏။
စာပေသမား၊ အနက်ရောင်ဝတ် အမျိုးသားနှင့် ဆံပင်ဖြူအဘိုးအိုတို့သုံးဦးသည် မျက်နှာများပေါ်တွင် မယုံနိုင်စရာ အမူအရာများ ပြသလာကြသည်။
နူးညံ့သော ဆိုဖာပေါ်တွင် ပြိုင်ဘက်ကင်းသော အလှတရားတစ်ခုကဲ့သို့ ထိုင်နေသော အမျိုးသမီးသည်ပင် ထိုအချိန်၌ မှင်သပ်သွားလေသည်။
နှစ်ပေါင်းများစွာ ကုန်ဆုံးသွားပြီးနောက် နောက်ဆုံးတွင် ပဟေဠိဖြေရှင်းပေးသူတစ်ဦး ထပ်မံရောက်ရှိလာခဲ့ချေပြီ။
ခန်းမအပြင်ဘက်တွင် ရပ်နေသော အမျိုးသမီးက၊
“ ပဟေဠိဖြေရှင်းသူက ဒီတပည့် ရှေ့မှောက်မှာတင် ရွှမ်ဝူနတ်ဘုရားတံဆိပ်ကို အလွယ်တကူ ချိုးဖြတ်လိုက်ပါတယ်။ ”
-ဟု ထပ်မံ တင်ပြလာ၏။
“ သူ ဘာကိုဆွဲခဲ့လဲ။ ”
စာပေသမားက သူမ စကားကြောင့် ချက်ချင်းစိတ်လှုပ်ရှားသွားသည်။ သူ့ရှေ့တွင် ထိုင်နေသော အမျိုးသမီးသည်ပင် ဂရုတစိုက် နားထောင်လာ၏။
သူမ၏ တင်းမို့နေသော ရင်သားများမှာ မို့မောက်တုန်ခါလျက် စိတ်လှုပ်ရှားမှုပြင်းစွာ ခံစားလာရပုံပေပင်။
ခန်းမအပြင်ဘက်မှ အမျိုးသမီး အသံက ထပ်မံထွက်ပေါ်လာသည်။
“ သခင် ... ပဟေဠိဖြေရှင်းသူက ကျောက်စိမ်းတုတ်တစ်ချောင်းမှ မဆွဲခဲ့ဘဲနဲ့ ကျောက်စိမ်းတုတ်တံတစ်ချောင်းက သူ့အလိုလို လက်ထဲကျသွားပါတယ်။ ”
“ ဟမ့် ... အလိုလို လက်ထဲ ကျလာတာလား။ ”
ခန်းမအတွင်းရှိ လူတိုင်းအံ့သြတကြီး အကြည့်ချင်းဖလှယ်လိုက်ကြ၏။ ဆိုဖာပေါ်တွင် ထိုင်နေသောအမျိုးသမီးက ရုတ်တရက် မထိန်းနိုင်တော့ဘဲ မတ်တပ်ထရပ်သည်။
သူမ မျက်နှာ၏ နူးညံ့သိမ်မွေ့ပြီး ဆွဲဆောင်မှုရှိသော အသွင်အပြင်မှာ ဖုံးကွယ်၍ မရသည့် စိတ်လှုပ်ရှားမှုဖြင့် ပြည့်နှက်လာ၏။
ဤသည်မှာ သူမအတွက် ပြင်းစွာသော တုန်လှုပ်မှုတစ်ခုဖြစ်ကြောင်း မည်သူမဆိုပင် ပြောနိုင်သည်။
အမျိုးသမီးက အသက်ရှူသံများ အနည်းငယ်မြန်လာကာ၊
“ အဲဒီ ကျောက်စိမ်းတုတ်တံမှာ ... ငါ့ကိုမြင်တာ ကောင်းကင်ဘုံကိုမြင်ရတာနဲ့ အတူပဲလို့ ရေးထားလား။ ”
-ဟု အလျင်စလိုမေးမြန်းလိုက်၏။
“ ဟုတ်ပါတယ် ... ။ ”
“ ဝှစ် ... ။ ”
ခန်းမအပြင်မှ အမျိုးသမီးအသံ မဆုံးခင်မှာပင် ခန်းမအတွင်းရှိ အမျိုးသမီးသည် ရိပ်ခနဲပျောက်ကွယ်သွားလေသည်။
စာပေသမားနှင့် အဖွဲ့သားများသည် အကြည့်ချင်းဖလှယ်လျက်၊
“ ငါ့ကိုမြင်ရတာ ကောင်းကင်ဘုံကို မြင်ရသလိုပါပဲ ... ဒီကျောက်စိမ်းတုတ်တံက နောက်တစ်ကြိမ်ထွက်လာပြန်တာလား။ ”
-ဟု ရေရွတ်လိုက်ကြသည်။
ထိုကျောက်စိမ်းတုတ်တံသည် အတိတ်ကဖြစ်ရပ်တစ်ခုကို ပြန်လည်အမှတ်ရ စေသည်။
“ ထာဝရဆိုတာ ကာလတစ်ခုပဲ၊ အင်မော်တယ်ဆိုတာ သေမျိုးလောကကြီးရဲ့ အထွတ်အထိပ်မှာရပ်နေတဲ့ အုပ်စိုးရှင်ပါ၊ ငါ့ကို မြင်ရတာ ကောင်းကင်ကို မြင်ရသလိုပဲ။ ”
အနက်ရောင်ဝတ် အသက်လတ်ပိုင်းအရွယ် အမျိုးသားက အသက်ပြင်းပြင်းရှူပြီး၊
“ ဒီစကားစုလေးတွေက ငါတို့ရဲ့ ရွှင်ပျော်ပျော် ကျောက်စိမ်းမျှော်စင် သက်တမ်း တလျှောက်မှာ အထူးဂရုစိုက်ရမဲ့ ဧည့်သည်ကို ကိုယ်စားပြုတယ်မဟုတ်လား။ ”
“ သူ ဘယ်သူဖြစ်မလဲ။ ”
“ မသိဘူး၊ ဒါပေမယ့် ငါတို့သခင်ကတော့ သေချာပေါက်သိလိမ့်မယ်။ ”
“ ဘာကိုစောင့်နေတာလဲ မြန်မြန်လုပ် နဝမမြောက်ခန်းမဆီကို သွားကြည့်ရအောင် ယွဲ့နင် ... ငါ့ရဲ့ အဖိုးတန်အင်မော်တယ်ဝိုင်နဲ့ အမြီးအချို့ ပြင်ဆင်လာခဲ့ ... ။ ”
စကားဆုံးသည်နှင့် သုံးယောက်သား ခန်းမအတွင်းမှ လှစ်ခနဲပြေးထွက်သွားသည်။ ခန်းမပြင်ဘက်တွင် ရပ်နေသော အမျိုးသမီးမှာ မှင်သပ်သွားတော့၏။
သူမ သခင်သည် ကောင်းကင်ကြီး ပြိုကျသွားလျှင်ပင် တည်ငြိမ်စွာဖြေရှင်းတတ်သူ တစ်ဦးဖြစ်သည်။ ယခုမူ လုံးဝခြားနားသော လူတစ်ယောက်အဖြစ် ပြောင်းလဲနေတော့၏။
ထို့ကြောင့် ယနေ့ည သူမ ကြိုဆိုခဲ့သော ထိုလူငယ်သည် သာမန်လူမဟုတ်ကြောင်း သူမ အပြည့်အဝ နားလည်လာခဲ့သည်။
***
အခန်း ၁၁၄၈ -
ပျော်ရွှင်ခြင်း ကျောက်စိမ်းစံအိမ်နှင့် လူအိုကြီးလေးဦး။
နဝမမြောက်ခန်းမ။ စုရီသည် ကြီးမားလှသော အနက်ရောင်လိပ်ခွံကြီးရှေ့တွင် ရပ်နေပြီး နောက်ထပ် ကျောက်စိမ်းတုတ် တစ်ချောင်းကို ထုတ်ယူလိုက်သည်။
ဤတစ်ကြိမ်တွင် ထာဝရဟူသည် ကာလအပိုင်းအခြား ဟူသော စကားလုံးများကို ရေးထွင်းထားသည့် ကျောက်စိမ်းတုတ်တံ ထွက်ပေါ်လာသည်။
သူ့စိတ်ထဲတွင် ရှုပ်ထွေးနေသော တာအိုဘုန်းကြီးတစ်ပါး၏ ပုံရိပ်တစ်ခုသည် မရည်ရွယ်ဘဲ ပေါ်လာ၏။
နှင်းဖုံးနေသော တောင်ထိပ်တစ်ခုတွင် လက်တစ်ဖက်နောက်ပို့ထားပြီး ကျန်လက်ကို ကောင်းကင်ပေါ် မြောက်တင်ထားသည်။
ယီချွန်ချူ။ အင်မော်တယ် ဘုရင် အထွတ်အထိပ်ကျင့်ကြံမှုကို ပိုင်ဆိုင်ထားသော တာအိုဂိုဏ်းဆရာတစ်ဦး။ တိုက်ပွဲမှတ်တမ်း အရ ထာဝရနတ်ဆိုးနယ်မြေမှ နတ်ဆိုးဧကရာဇ် သုံးပါးကို နှိမ်နင်းသတ်ဖြတ်ခဲ့သူဖြစ်သည်။
ထိုတိုက်ပွဲသည် အင်မော်တယ်မြေ၏ အဌမမြောက်ကောင်းကင်တံခါးကို ထာဝရ ငြိမ်းချမ်းသွားစေ၏။
“ အဲဒီ ပေါ့ပျက်ပျက်လူအိုကြီး၊ သူ အသက်ရှင်နေသေးလား သေပြီလားဆိုတာ ငါတွေးမိပါတယ် ... ။ ”
နှလုံးသားထဲတွင် ထူးဆန်းသော ခံစားချက်တစ်ခု ဖြစ်ပေါ်လာ၏။ ရှေးယခင်က ယီချွန်ချူနှင့်ဝမ်ယဲ့သည် နှစ်ရှစ်ထောင်ကြာ ရန်သူများဖြစ်ခဲ့ကြသည်။
ထိုကာလအတွင်း ယီချွန်ချူသည် အနိုင်ရခြင်းထက် ရှုံးနိမ့်ခြင်းသည်သာပိုများ၏။ နှစ်ပေါင်း ရှစ်ထောင်ခန့် ကြာပြီးနောက် ထိုလူ၌ နိုင်ပွဲမရှိတော့ချေ။
ဝမ်ယဲ့သည် ထိုသူ့ကို ဝိုင်တစ်အိုးလက်ဆောင်ပေးခဲ့ပြီး အပြုံးဖြင့် ရန်ငြိုးအားလုံးကို စွန့်ပစ်ခဲ့သည်။၊
ထိုအချိန်မှစ၍ နှစ်ယောက်စလုံး အင်မော်တယ်လမ်း၌ တာအိုမိတ်ဆွေများ ဖြစ်လာခဲ့ကြ၏။
တစ်နည်းအားဖြင့် ဝမ်ယဲ့နှင့် ယီချွန်ချူနှစ်ဦးစလုံးသည် အထွတ်အထိပ်သို့ ရောက်ရှိ ပြီးနောက် တာအိုညီအစ်ကိုများ ဖြစ်လာကြခြင်းဖြစ်လေသည်။
များမကြာမီ စုရီက နောက်ထပ်ကျောက်စိမ်းတုတ် တစ်ချောင်းကို ထုတ်ယူလိုက်ပြန်၏။
ဤတစ်ကြိမ်တွင် ‘အင်မော်တယ် လမ်းကြောင်းပေါ်၌ ပြည့်စုံသောဆန္ဒငယ်များ’ ဟူသော စာပိုဒ်ကို ရေးထားသည်။
ထိုဝါကျကြောင့် စုရီနှုတ်ခမ်းတွင် ဖုံးကွယ်၍မရသော အပြုံးတစ်ခု ပေါ်လာသည်။ ဤသည်မှာ နှလုံးသား၏ လွတ်မြောက်မှု ဖြစ်ချေ၏။
ချောမောကျက်သရေရှိသော အမျိုးသမီးတစ်ယောက်သည် လက်ထဲတွင် ဝိုင်အိုးကိုင်လျက် ထိုင်နေသည့်ပုံရိပ် ထွက်ပေါ်လာသည်။
သူမခြေဖျားအောက်တွင် အဆုံးမဲ့သွေးပင်လယ်နှင့် အလောင်းများစွာ ပြည့်နှက်နေသော တောအုပ်ကြီးရှိ၏။
“ ရှောင်ရို့ရီ။ ”
အင်မော်တယ်ဘုရင်အဆင့်သို့ ရောက်ရှိခဲ့သော ပြိုင်ဘက်ကင်းနတ်ဆိုး တစ်ကောင်ပေပင်။ နတ်ဆိုးအားလုံး၏ ဧကရာဇ်ဖြစ်၏။
ဤကမ္ဘာကြီးသည် မပြည့်စုံဘဲ ဘဝသည်နောင်တများနှင့် ပြည့်နေသည်ဟု မကြာခဏညည်းတွားသည်။
ထို့ကြောင့် မဟာတာအိုတွင် ပြီးပြည့်စုံမှုကိုမရှာဖွေတော့ဘဲ စိတ်ထင်တိုင်း လုပ်ဆောင်ကာ လွတ်လပ်မှုကို ရရှိခဲ့၏။
ဓမ္မအဆုံးခေတ် မတိုင်မီ မရေမတွက်နိုင်သော တန်ခိုးရှင်များစွာသည် သူမကို ရိုသေလေးစားကြသဖြင့် ပျော်ရွှင်ခြင်း ကျောက်စိမ်း မျှော်စင်ဟု အမည်ပေးခဲ့သည်။
အဆုံး၌ အမျိုးသမီးသည် သူမ၏ ကံကြမ္မာကိုရှာဖွေရန် အချိန်မြစ်ဆီသို့ ခရီးထွက် သွားခဲ့လေသည်။
“ ဒီကောင်မလေး အသက်ရှင်သေးရဲ့ တွေးမိပါတယ်။ ”
စုရီမှ သက်ပြင်းချလိုက်သည်။ ထိုနောက် နောက်ထပ်ကျောက်စိမ်းတုတ်တံ တစ်ချောင်ကို ဆွဲထုတ်လိုက်ပြန်၏။
“ ဒီတံလျှပ်ကမ္ဘာကြီးမှာ ဘယ်သူက အုပ်စိုးရှင်လဲ။ ”
တံလျှပ်ကမ္ဘာဟူသော အသုံးအနှုန်းသည် ထူးဆန်းသောအဘိုးကြီးတစ်ယောက်၏ ဝါကျ တစ်ကြောင်းဖြစ်သည်။
သူသည် နယ်ပယ်တူအတွင်း ပြိုင်ဘက်ကင်းတစ်ယောက်ဖြစ်ရန် ကျိန်ဆိုပြီး ပြိုင်ဘက်များကို စိန်ခေါ်ခဲ့သည်။
သို့သော် မြောက်ပိုင်းမရဏကမ္ဘာ ကြယ်တာရာဧကရာဇ် ရှင်းကျောက်လက်တွင်မူ အကြိမ်ကြိမ် ရှုံးနိမ့်ခဲ့ရ၏။
ယင်းကြောင့် ယီချွန်ချူအတွက် လှောင်ပြောင်စရာဖြစ်လာခဲ့ပြီး တံလျှပ်ကမ္ဘာ အဖိုးကြီးနှင့် ကြုံတွေ့ရချိန်တိုင်း သူ့ကို လှောင်ပြောင်လေ့ရှိသည်။
စုရီတစ်ယောက် အတိတ်ကို ပြန်ပြောင်းတွေးနေစဉ်မှာပင် ပုံရိပ်တစ်ရိပ်သည် ခန်းမရှေ့သို့ ရောက်နေခဲ့ပြီဖြစ်၏။
သူမက ခန်းမတံခါးဝတွင် ရပ်ကာ စုရီတစ်ယောက် ကျောက်စိမ်းဝါးပြွန်ထံပါးကနေ ကျောက်စိမ်းတုတ်တံများ တစ်ခုပြီးတစ်ခု ထုတ်ယူနေတာကို ငေးကြည့်နေသည်။
သူမ နှလုံးသားသည်လည်း စိတ်လှုပ်ရှားမှုများကြောင့် ခုန်ပေါက်နေ၏။ အတိတ်ကာလတလျှောက် မည်သူမျှ ဤသို့ ပေါ့ပေါ့ပါးပါး ထုတ်ယူနိုင်သူ မရှိချေ။
အဘယ့်ကြောင့်ဆိုသော် အနက်ရောင်လိပ်ခွံကို အဆင့်မြင့်တားမြစ် အမိန့်တစ်ခုဖြင့် ကာကွယ်ထား၍ပေပင်။
အနက်ရောင်လိပ်ခွံကိုယ်တိုင်သည်ပင် သဘာဝအတိုင်းထူးခြားပြီး ခန့်မှန်းရခက်သော မွေးရာပါအမိန့်များရှိနေသည်။
အင်မော်တယ်လမ်းပေါ်ရှိ ဧရာမပုဂ္ဂိုလ်များဖြစ်စေ၊ ပြိုင်ဘက်ကင်းသော ပါရမီရှင်ဖြစ်စေ ဤအမိန့်ရှေ့တွင် ကူကယ်ရာမဲ့ ရချေပြီ။
သို့သော် ယခုအချိန်၌ လူငယ်တစ်ဦးသည် ကျောက်စိမ်းတုတ်တံများကို စော့ကစားသကဲ့သို့ အလွယ်တကူ ထုတ်ယူနေ၏။ ဤသည်မှာ အံ့ဖွယ်အမှုတစ်ခုပေပင်။
သို့သော် သူမကို အံ့အားသင့်စေသည်မှာ ထို့ကြောင့်မဟုတ်ချေ။ တစ်ချိန်က ထိုသို့သော အံ့ဖွယ်အမှုကို တစ်စုံတစ်ဦးမှပြုလုပ်ခဲ့ကြောင်း သတိရလာသောကြောင့်ဖြစ်သည်။
“ တကယ်ပဲ အဲဒီဧကရာဇ်သခင် ဖြစ်နိုင်မလား ... ။ ”
သူမနှလုံးသားထဲတွင် ရုတ်တရက် စိတ်လှုပ်ရှားမှုနှင့် ထိတ်လန့်မှုများ ရောပြွန်း ပေါ်ပေါက်လာသည်။
“ လုံလောက်ပြီလား။ ”
ရုတ်တရက် စုရီက ကျောက်စိမ်းတုတ်တံများကို ဝါးပြွန်ထဲသို့ ပြန်ထည့်ကာ လှည့်ကြည့်လိုက်သည်။
ကျက်သရေရှိသော အမျိုးသမီးသည် တုန်ခါသွားပြီး ခေါင်းငုံ့ကာ ခါးကွေးညွှတ်လျက် စုရီထံ ချက်ချင်းအရိုအသေပေးတော့၏။
“ ပျော်ရွှင်ခြင်းကျောက်စိမ်းမျှော်စင်ရဲ့ ဒသမမြောက်ဌာနခွဲရဲ့ တာဝန်ခံအကြီးအကဲ ဂျူနီယာချင်းဝေက ဧကရာဇ်သခင်ကို နှုတ်ဆက်ပါတယ်။ ”
နူးညံ့ချိုမြိန်သော အသံသည် စိတ်လှုပ်ရှားမှုကြောင့် အနည်းငယ်တုန်ခါနေ၏။ စုရီက ကုလားထိုင်ထုတ်ယူပြီး ထိုင်ချလိုက်ကာ ထိုအမျိုးသမီးထံ စိုက်ကြည့်လျက်၊
“ မင်းရဲ့ နတ်ဆိုးဧကရာဇ် ရှိသေးလား။ ”
-ဟု တိုက်ရိုက်မေးမြန်းလိုက်သည်။
သူမ သူ့ကို မှတ်မိခြင်းသည် အံ့သြစရာ မရှိချေ။ ဤမှော်စင်ရှိ အဆင့်မြင့်အကြီးအကဲ မည်သူမဆို ဝါးပြွန်မှကျောက်စိမ်းတုတ်တံကို အလွယ်တကူ ထုတ်ယူနိုင်သည်ဟူသော အဓိပ္ပာယ်အပေါ် နားလည်ရပေမည်။
ချင်းဝေဟုခေါ်သော အလွန်လှပသည့် အမျိုးသမီးသည် ပို၍ပင် နိမ့်ကျစွာ ဦးညွှတ်ကာ လေးစားစွာဖြင့်၊
“ ဧကရာဇ်သခင်၊ ဓမ္မအဆုံးခေတ် မတိုင်မီတည်းက နတ်ဆိုးဧကရာဇ်ဟာ သူ့ခရီး ကနေ လုံးဝပြန်မလာသေးပါဘူး ...
... လက်ရှိ ပျော်ရွှင်ခြင်းကျောက်စိမ်း မျှော်စင်ကို တတိယမြောက်စစ်သူကြီးဖြစ်တဲ့ အင်မော်တယ်ဘုရင်လျိုယွင်ကနေ ဦးဆောင်နေပါတယ် ”
ထို့နောက် အမျိုးသမီးကပင်၊
“ အင်မော်တယ်ဘုရင်လျိုယွင်က လွန်ခဲ့တဲ့နှစ်ပေါင်းသုံးထောင်က ကျင့်ကြံဖို့ ကျင်းပြည်နယ်ကနေ ထွက်သွားပါတယ်။ ”
-ဟု ထပ်မံ ရှင်းပြလာသည်။
စုရီမှ အနည်းငယ် ခေါင်းညိတ်ပြလိုက်၏။ ရှောင်ရို့ယီကို မတွေ့ရခြင်းသည် သာမန်ပေပင်။ သူမကိုတွေ့ရှိမှသာလျှင် သံသယဝင်မိချေမည်။
“ ဒီလောက်အထိ ယဉ်ကျေးမနေပါနဲ့ ကျေးဇူးပြုပြီးထိုင်ပါ။ ”
စုရီက သူ့လက်ကိုဝှေ့ယမ်းပြီး၊
“ ဘာပဲဖြစ်ဖြစ်၊ ဒါက မင်းရဲ့ ပျော်ရွှင်ခြင်းကျောက်စိမ်းမျှော်စင်ပဲ ... ငါက ဒီနေရာမှာ ဧည့်သည်တစ်ယောက်ပါ။ ”
-ဟု ဆိုကာ ချင်းဝေထံမှ မျက်နှာလွှဲလိုက်သည်။
တစ်ဖက်လူသည် သူတော်စင် အင်မော်တယ်တစ်ပါးဖြစ်သော်မှ ရဲဝင့်စွာဖြင့် ဝတ်ဆင်ထားသည်။
သူ့ကို ဦးညွှတ်နေခြင်းသည် ပြည့်လျှံမို့မောက်နေသော ယုန်နှစ်ကောင်ကို အထင်းသားမြင်ရစေ၏။ သူ့အတွက် ထိုဆွဲဆောင်မှုမှာ သည်းမခံနိုင်စရာပေပင်။
“ ဧကရာဇ်သခင် ... ဧကရာဇ်သခင်ရှေ့မှာ ဒီဂျူနီယာက ဘယ်လိုလုပ်ထိုင်ခွင့်ရှိမှာလဲ။ ”
“ ဒါဆိုရင် အနည်းဆုံးတော့ မင်း မတ်မတ်ရပ်နေသင့်ပြီ မဟုတ်ရင် မင်းရဲ့စီနီယာ အဖြစ်နဲ့တောင် မင်းရဲ့အပြုအမူကို မြင်ရင် စိတ်လွတ်သွားနိုင်တယ်။ ”
စုရီက ဝိုင်သောက်လျက် ပြန်ဖြေလိုက်သောကြောင့် ချင်းဝေတစ်ယောက် သူမကိုယ်သူမ ငုံ့ကြည့်ကာအံ့အားသင့်သွား၏။
အင်မော်တယ်မြေတစ်ခုလုံးတွင် သူတော်စင်သခင်သည် ဩဇာအာဏာကြီးမား ချေပြီ။ ယခုမူ သူမသည် ကလေးမလေးကဲ့သို့ ရှက်ရွံ့သွား၏။
ချက်ချင်း သူမခန္ဓာကိုယ်ကို မတ်မတ်ပြင်ယူလျက် လက်ဝှေ့ရမ်းလိုက်ကာ အဖြူရောင်ဝတ်ရုံအပါးတစ်ထည်ဖြင့် ထပ်မံ လွှမ်းခြုံလိုက်တော့၏။
“ ဒီဂျူနီယာက အခုလိုမရည်ရွယ်ပါဘူး ဧကရာဇ်သခင် ကြွရောက်လာတဲ့သတင်းကို ကြားတော့ အရာအားလုံးကို လျစ်လျူရှုပြီး ချက်ချင်းလာရောက် ဂါရဝပြုမိတာပါ။ ”
ချင်းဝေတစ်ယောက် စုရီ၏ အထင်မြင်သေးမှုအပေါ် ခံရမည်စိုးရိမ်ကာ ချက်ချင်းတောင်းပန်လိုက်၏။
တစ်ဆက်တည်းမှာပင် မည်သည့်အရပ်မှ ဝင်လာမှန်းမသိသော ကြည်နူးမှုခံစားချက်တစ်ခု သည်လည်း ရရှိလာသည်။ စုရီမှ ပြုံးရယ်ပြီး၊
“ အတွေးလွန်မနေနဲ့ ... ငါက ဒီလိုမျိုးကိစ္စတွေကိုဂရုမစိုက်ဘူး မင်းကိုဆက်ပြီး ဦးညွှတ်မနေစေချင်တာက ... မင်းအပေါ် သက်တောင့်သက်သာ မဖြစ်မှာဆိုးလို့ပဲ။ ”
ချင်းဝေတစ်ယောက် စကားလုံးများ ပျောက်ဆုံးကုန်၏။ တခြားတစ်ယောက်သာ ဆိုသော် သူမ ပါးရိုက်ပြီး သတ်ပစ်မိပေမည်။
ယခုမူ ဧကရာဇ်သခင်ဖြစ်နေရာ ထိန်းထိန်းသိမ်းသိမ်းပြုမူရန် ဆုံးဖြတ်လိုက်ရ၏။ ထိုအချိန် ခြေသံများ ကြားလိုက်ရသည်။
စာပေသမား၊ အနက်ရောင်ဝတ် အမျိုးသားနှင့် ဆံပင်ဖြူအဘိုးကြီးတစ်ယောက် အပြေးအလွှား ရောက်ရှိလာကြ၏။ ချင်းဝေမှ လှည့်ကြည့်ကာ တားဆီးလိုက်သည်။
“ ခွင့်ပြုချက်မရှိဘဲ ဘယ်သူမှ မဝင်ရဘူး၊ ဧကရာဇ်သခင်ကို မနှောင့်ယှက်နဲ့။ ”
သုံးယောက်သား ချက်ချင်းရပ်သွားပြီး နဖူးကနေချွေးများ စီးကျလာ၏။ ဧကရာဇ်သခင် ဟူသော ဘွဲ့တစ်ခုသည် သူတို့အားလုံးအပေါ် တောင်ကြီးတစ်လုံးလို ဖိအားပေးလာ၏။
စုရီက ထိုသုံးယောက်ထံလှမ်းကြည့်ပြီး၊
“ အားလုံးဝင်ခဲ့ကြ ဒီလောက်ထိ ယဉ်ကျေးမနေနဲ့ ဒီလိုရိုကျိုးမှုမျိုးတွေအပေါ် ငါ ဘယ်တုန်းကမှ မကြိုက်ဘူး။ ”
-ဟု ပြောကြားလိုက်၏။
“ ဟုတ်ကဲ့ ... ။ ”
သုံးယောက်သား အမိန့်ကို တည်ကြည်စွာလက်ခံပြီး ခန်းမထဲ သတိထားပြီး ဝင်လိုက်ကြသည်။ ချင်းဝေက သူတို့သုံးဦးကို မိတ်ဆက်ပေး၏။ စုရီမှ ခေါင်းညိတ်လိုက်သည်။
စာပေသမားသည် ကောင်းကင် ဆေးအိုးမြို့ဌာခွဲ၏ တာဝန်ခံဖြစ်ပြီး ဝေမင်းဟု ခေါ်၏။ အလယ်အလတ် ဗလာနယ်ပယ် ကျင့်ကြံမှုရှိသည်။
အနက်ရောင်ဝတ် အမျိုးသားနှင့် ဆံပင်ဖြူဖြူအဘိုးကြီးသည် ဝေမင်းအတွက် အထောက်အကူပြု အကြီးအကဲနှစ်ပါးဖြစ်၏။
အမည်ခံ အင်မော်တယ် ကျင့်ကြံမှုကို ပိုင်ဆိုင်ထားကြသည်။ ထို့နောက် ဝေမင်း၏ တပည့်ယွဲ့နင်ဝင်ရောက်လာပြီး ဝိုင်နှင့် အမြည်းအချို့ လာရောက်ချပေး၏။
ချင်းဝေအပါအဝင် လူတိုင်း ရပ်နေဆဲဖြစ်သည်ကိုမြင်လိုက်ရသဖြင့် ယွဲ့နင်မှ နှလုံးသားတစ်ခုလုံးပြင်းစွာ တုန်ခါသွားသည်။
တကယ်ပင် ဤပဟေဠိဖြေရှင်းသူသည် ကြောက်စရာကောင်းသော တစ်စုံတစ်ယောက် ဖြစ်နေချေ၏။
ကံမကောင်းစွာြဖင့် သူမသည် ဤအခန်းအတွင်း ဆက်နေရန် အရည်အချင်း မရှိချေ။ ထို့ကြောင့် မြန်မြန်လှည့်ထွက် လာခဲ့သည်။
“ ငါဒီကိုလာတာ ကိစ္စတစ်ခုကြောင့်ပဲ။ ”
စုရီက အချိန်မဖြုန်းချင်တော့ဘဲ အင်မော်တယ်ဆေးဖက်ဝင်အပင်များ စာရင်းကို တိုက်ရိုက်ပြောလိုက်သည်။
သူပြောနေတုန်းမှာပင် ဆေးဖက်ဝင်အပင်များနာမည်ကို ချင်းဝေသည် စာရွက်ပေါ်၌ ရေးမှတ်ထားစေလိုက်သည်။
“ ဧကရာဇ်သခင် အစီရင်ခံပါတယ် သုံးရက်အချိန်ပေးပါ ... မဟုတ်ဘူး နှစ်ရက်ပါ ဒီစာရင်းအတိုင်း စုဆောင်းပေးပါ့မယ်။ ”
ချင်းဝေက လေးနက်စွာ ကတိပေးသည်။
“ နောက်ထပ် နှစ်ရက်လား။ ”
ချင်းဝေတစ်ယောက် နှလုံးသား တင်းကျပ်သွားပြီး၊
“ ဧကရာဇ်သခင် ဒီအင်မော်တယ် ဆေးဖက်ဝင်အပင်တွေကို ... အရေးတကြီး လိုအပ်နေရင် အခုပဲ စုဆောင်းပါ့မယ်။ ”
-ဟု ပြောင်းလဲပြောကြားလိုက်၏။ စုရီမှ ခေါင်းအနည်းငယ်ခါလိုက်ပြီး၊
“ အဲဒီလောက် မလိုအပ်ပါဘူး။ ”
-ဟု ဆိုသည်။ ချင်းဝေမှ အသက်ပြင်းပြင်းရှူလျက် သတိထားကာ။
“ ဧကရာဇ်သခင် ဒီအင်မော်တယ် ဆေးဖက်ဝင်အပင်တွေနဲ့ ကုသဆေးပြားတွေ ဖော်စပ်ချင်နေတာလား။ ”
-ဟု မေးမြန်း၏။
စုရီမှ အံ့အားသင့်သွားပြီး၊
“ ထက်မြက်တယ်။ ”
-ဟု ပြောကြားလိုက်သည်။ ချင်းဝေ၏ လှပပြီးချစ်စရာကောင်းသော မျက်နှာပေါ်တွင် ပျော်ရွှင်မှု အရိပ်အယောင်တစ်ခု ပေါ်လာ၏။
“ ဧကရာဇ်သခင် ဒီမိန်းကလေးက ဆေးအကြောင်း နည်းနည်းတော့ သိပါတယ် အဲဒါကြောင့် ကောက်ချက်ချနိုင်တာ။ ”
“ မင်းရဲ့ ကောက်ချက်က မှန်ပါတယ် ဒါပေမယ့် ဆေးပြားတွေဖော်စပ်ဖို့ မရည်ရွယ်ဘူး ဒီဆေးဖက်ဝင်အပင်တွေနဲ့ ငါ့ကို ကုသဖို့ပါ။ ”
ထိုစကားကြောင့် ချင်းဝေတစ်ယောက် တစ်စုံတစ်ရာကိုသတိရသွားပြီး နှုတ်ခမ်းများ ဖွဖွကိုက်လိုက်ကာ မျက်ဝန်းများ တောက်ပလာတော့၏။
***