← Chapters

အခန်း (၁၁၄၃-၁၁၄၄)

Vol. 96 Ch. 1143-1144

အခန်း (၁၁၄၃-၁၁၄၄)

Vol. 96 Ch. 1143-1144

  အခန်း ၁၁၄၃ -

သေခြင်းနှင့်ရှင်ခြင်းကြား ရုန်းကန်ရခြင်း ... ။

ညအမှောင်အောက်တွင် ဝတ်ရုံရှည်ကြီး ဝတ်ဆင်ထားသူတစ်ဦးသည် ပဟေဠိဆန်သော မျက်ဝန်းများဖြင့် တိုက်ပွဲမြေပြင်ကို စစ်ဆေးနေသည်။

အချိန်အတော်ကြာပြီးနောက် မျက်ခုံးများ အနည်းငယ်တွန့်ကွေးသွားကာ ညာဘက်လက် မြှောက်လျက် တံဆိပ်တစ်ခုဖန်တီးလိုက်၏။ သည့်နောက် လေထဲ လှုပ်ခါပြကာ၊

“ ပြန်ဆုတ် ... ။ ”

-ဟု အော်ဟစ်လိုက်လေသည်။

တံဆိပ်ထံမှ မီးခိုးရောင်အလင်းများ ချက်ချင်းထွက်ပေါ်လာပြီး တိုက်ပွဲမြေပြင်အနှံ့ ပျံ့နှံ့သွားခဲ့၏။

များမကြာခင် မြင်ကွင်းများတရိပ်ရိပ် ဖြတ်ပြေးတော့သည်။ တိုက်ပွဲစတင်မည့်အချိန် ရောက်သောအခါ ထိုသူက၊

“ ရပ် ... ။ ”

-ဟု အမိန့်ပေးလိုက်၏။

ထို့နောက် မီးခိုးရောင်မြူများအတွင်း စုရီနှင့်ဗလာနယ်ပယ်အင်မော်တယ် သုံးဦးကြား တိုက်ပွဲမြင်ကွင်း အသေးစိတ်ပေါ်လာခဲ့သည်။

အဆုံးတွင် တိုက်ပွဲအပေါ် ကောက်ချက်အချို့ချနိုင်လိုက်၏။ စုရီသည် ယနေ့ည လုပ်ကြံကြမည့် အစီစဉ်အပေါ် မျှော်လင့်ထားပြီးဖြစ်ချေပြီ။

လက်ဖျစ်ခုနစ်တွတ် ကြာသော် သေရှင်အဆင့်သို့ ရောက်ရှိလာပြီး လူသန်ကြီး တစ်ယောက် ရုတ်ချည်းခေါင်းပြတ် ပေါက်ကွဲသွားသည်။

ထို့နောက် အမျိုးသမီးနှင့် ချက်ချင်း ထွက်ပြေးခဲ့သော အနက်ဝတ်လူတို့မှာ ချွင်းချက် မရှိခဲ့ချေ။

“ တကယ်ပဲ ဝင်စားခြင်း စွမ်းအားက ကြောက်စရာကောင်းတာပဲ။ ”

ဝတ်ရုံရှည်နှင့်လူက မှတ်ချက်ပေးသည်။ ထို့နောက် သူသန်ကြီးကို ခေါင်းဖြတ်လိုက်သည့် မြင်ကွင်းထံပြန်ဆုတ်လျက် ခြေတစ်လှမ်းတိုးပြီး ထပ်မံစစ်ဆေးလိုက်ပြန်သည်။

“ နေဦး သူအသုံးပြုခဲ့တဲ့ အဲဒီရောင်ဝါက ဘာလဲ နယ်ပယ်တစ်ခုကိုတောင် ဖြတ်ကျော်ပြီး အင်မော်တယ်တစ်ပါးကို သတ်နိုင်တာလား။ ”   

တိုက်ပွဲအတွင်း မည်သည့် အသေးစိတ် အချက်အလက်များကိုမှ မလွတ်မြောက်စေဘဲ သတိထား စူးစိုက်ကြည့်ခဲ့၏။

သို့သော် မည်သည့် အရာကိုမျှ မြငမ်နိုင်ခဲ့ချေ။ ထိုရောင်ဝါသည် ထူးခြားပြီး ထက်ရှနေ၏။ နတ်ဘုရား ဓားတစ်လက်နှင့် တူချေပြီ။

ခဏမျှစဉ်းစားပြီးနောက် သက်ပြင်းချကာ၊

“ ဒီလျှို့ဝှက်ချက်ကို ဖော်ထုတ်နိုင်ရင် ပေးဆပ်ရတာ ထိုက်တန်ပါတယ်။ ”

-ဟု မှတ်ချက်ပေးလိုက်သည်။

စကားဆုံးသည်နှင့် ညာလက်ညှိုးကို ကိုက်ပြီး သွေးတစ်စက်ထုတ်ယူကာ ပုံရိပ်အပေါ် ညင်သာစွာဖိချလိုက်သည်။

“ မူလကို ခြေရာခံခြင်း။ ”

ချက်ချင်းပင် ကြက်သွေးရောင် အလင်းတန်းတစ်ခုက ပုံရိပ်ကို ဖုံးလွှမ်းသွားပြီး သွေးနီရောင်လှိုင်းများထလာကာ ထူးဆန်းသော တာအိုရူရ်များပေါ်လာ၏။

ဝတ်ရုံရှည်နှင့်လူ၏ မျက်နှာသည် ချက်ချင်းဖြူဖျော့လျက် မျက်ခုံးနှစ်ဖက်များကြား ပင်ပန်းနွမ်းနယ်သော အမူအရာတစ်ခု ပေါ်လာလေသည်။

“ ပြန်ဆုတ် ... ။ ”

ဤနည်းစနစ်သည် အချိန်ကို အတိတ်သို့ ပြန်လည်ဆွဲယူလျက် တိုက်ပွဲမြင်ကွင်းများစွာ ထပ်မံထွက်ပေါ်လာစေပြန်၏။

သို့သော် ဤတစ်ကြိမ်တွင်မူ တိုက်ပွဲများအတွင်း ထူးခြားမှုများကို ခြေရာခံရန် ဖြစ်လေသည်။ နည်းစနစ်နှစ်ရပ်စလုံး တားမြစ် နည်းစနစ်များဖြစ်၏။

ထပ်ခါတလဲလဲ အသုံးပြုသောကြောင့် ဝတ်ရုံရှည်လူအတွက် ကြီးမားသောပေးဆပ်မှု တစ်ခု ဖြစ်လာစေသည်။ သို့သော် ထိုသူမှ ဂရုမစိုက်ဘဲ လုပ်ဆောင်နေ၏။

ပြန်လည်မွေးဖွားလာသူ၏ လျှို့ဝှက်ချက်များကိုရှာဖွေနိုင်သရွေ့ ပေးဆပ်မှု ထိုက်တန်ချေပြီ။ ထိုသို့တွေးနေတုန်းမှာပင် သွေးနီရောင် တာအိုပုံစံများ ဖုံးလွှမ်းနေသော ဥပဒေစည်းမျဉ်းတစ်ခု ဖြတ်ပြေးသွား၏။

“ သေစမ်း ... အဟွတ် အဟွတ် ... ။ ”

အလင်းရောင်များ မိုးရွာသလို ရွာကျလာပြီးနောက် မြင်ကွင်းများအားလုံး ရပ်တန့်‌ပျောက်ကွယ်ကုန်သည်။

“ ဝင်စားခြင်း စွမ်းအားက တားဆီးနေတာလား။ ”  

ဝတ်ရုံရှည်နှင့်လူက ခဏမျှ တိတ်ဆိတ်သွားကာ သူ့အင်္ကျီလက်ထဲက လျှို့ဝှက်တံဆိပ်တစ်ခု ထုတ်ယူလိုက်၏။

“ ဝုန်း ... ။ ”

ထို့နောက် အသက်သွင်းလိုက်ရာ ပေါက်ကွဲမှုနှင့်အတူ အဖြူရောင်အလင်းများ ကောင်းကင်ပေါ် ဖြတ်ပြေးသွားတော့သည်။

ဝတ်ရုံရှည်နှင့်လူသည်လည်း ချက်ချင်းပျောက်ကွယ်သွားကာ လူသူကင်းမဲ့ပြီး အေးစက်သော လွင်ပြင်ကြီးတစ်ခုအဖြစ်သာ ကျန်ရှိခဲ့၏။   

 တောင်စောင်းတစ်ခုတွင် စုရီသည် ဝိုင်သောက်နေသည်။ တောင်တန်းတလျှောက် လေပြေများ တိုက်ခတ်လာသောကြောင့် ဆံပင်များ လွင့်မျောသွားပြီး ဝတ်ရုံစများလည်း တဖျပ်ဖျပ်မြည်သွားလေသည်။

သူ့တွင် အကြောင်းအကျိုးဥပဒေ စွမ်းအားများစွန်းထင်းနေသောကြောင့် တိုက်ပွဲ အပေါ် ရှောင်လွှဲ၍မရချေ။ အစောပိုင်းတိုက်ပွဲမှ ရန်သူများသည်ပင် တံငါသည်၏ လက်အောက်ခံများဖြစ်သည်။

ထို့ကြောင့်ယနေ့အတွက် အပြီးသတ်ရန် တစ်ဖက်လူများကို စောင်းဆိုင်းနေခဲ့ခြင်းပေပင်။ အခြားတစ်ဖက်တွင် ယနေ့ည ရန်သူများထပ်မံ ရောက်ရှိလာခြင်း မရှိသော် သူ့ခန္ဓာပေါ်ရှိ နတ်ဘုရား ဒေါသမှာ ကွယ်ပျောက်ပြီဟု အဓိပ္ပါယ်ရသည်။

“ ဝှစ် ... ။ ”

အချိန်များ တရွေ့ရွေ့ကုန်ဆုံး‌နေ၏။ စုရီတစ်ယောက် ကုလားထိုင်ပေါ်တွင် ပျင်းရိစွာ ဝိုင်သောက်ရန်ပြင်နေစဉ် တစ်စုံတစ်ရာအပေါ် သတိထားမိသွားသည့်အလား လေထဲ ပျံတက်သွားတော့သည်။

“ ရွှပ် ... ။ ”

“ ဝုန်း ... ။ ”

မူလ သူထိုင်နေသောမြေပြင်သည် နှစ်ခြမ်းခွဲလိုက်သည့်အလား နားကွဲလုမတတ် ပေါက်ကွဲသံများနှင့်အတူ ပြိုကျသွား၏။

တစ်ဆက်တည်းမှာပင် လေထုအလယ်၌ ဓားတစ်လက်ကိုင်ဆောင်လျက် ဗလာနယ်ပယ် အင်မော်တယ်တစ်ပါး ပေါ်လာသည်။

“ ဟမ့် ... ။ ”

တစ်ဖက်လူသည် မြေပြင်မှ တိုးထွက်လာခြင်းဖြစ်ချေ၏။ ထိုစဉ်စုရီသည် အနားယူချိန်မရလိုက်ဘဲ ချက်ချင်း တည်နေရာ ရွေ့ပြောင်းလိုက်ရပြန်သည်။

“ ရွှီး ... ရွှီ ... ။”

ဤသည်မှာ မြား(၁၈)စင်း ဖြစ်ချေပြီ။ မြားများသည်တောက်ပပြီး မြန်ဆန်လွန်းကာ လေဟာနယ်ကို ကန့်သတ်ထားသည်။

“ ကလန် ... ကလန် ... ။ ”

ထို့ကြောင့် စုရီခမျာ ရှောင်တိမ်းခြင်းကို ရပ်တန့်လျက် သေမျိုးနယ်ပယ်ဓားကို ထုတ်ယူ ချေဖြတ်လိုက်ရသည်။

“ ဝုန်း ... ။ ”

ပေါက်ကွဲသံများ ဆက်တိုက် ပဲ့တင်ထပ်လာကာ စူးရှသောအလင်းရောင်များ ပြန့်ကျဲသွားသည်။ စုရီတစ်ယောက် မတုန့်ပြန် နိုင်ခင်မှာပင် အခြားသော အလင်းတန်းများ ထပ်မံပြေးဝင်လာပြန်၏။

“ ..... ။ ”

ဤသည်မှာ အင်မော်တယ်ရတနာများ ပေပင်။ လှံရှည်များ၊ ဓားများ၊ တံဆိပ်များနှင့် လက်နက်အသီးသီးဖြစ်လေသည်။

လောကကြီးတစ်ခုလုံး ဖျက်ဆီးနိုင်သော စွမ်းအားများ သယ်ဆောင်ထားပြီး သူတို့အားလုံး ပစ်မှတ်တစ်ခုတည်းသို့သာ ဦးတည်ချေပြီ။

ရုတ်တရက် ဤသို့လုပ်ကြံမှုသည် ဗလာနယ်ပယ်အင်မော်တယ် တစ်ပါးသည်ပင် မခံမရပ်နိုင်အောင် ဖြစ်သွားစေနိုင်မည်။

“ ဝှစ် ... ။ ”

ထို့ကြောင့် စုရီသည်လည်း ထိပ်တိုက်ရင်ဆိုင်ခြင်းမပြုဝံ့ဘဲ ဓားတစ်လက် ကဲ့သို့ ချက်ချင်းထွက်ခွာလိုက်ရသည်။

“ ဝုန်း ... ။ ”

လေဟာနယ်အတွင်း ကျယ်လောင်သည့် ပေါက်ကွဲသံများ ပဲ့တင်ထပ်လာကာ တောင်နှင့် မြစ်များ ပြိုကျကုန်သည်။ ထိုပေါက်ကွဲမှုအပြင်၌ စုရီပုံရိပ်သည် ထိခိုက်ဒဏ်ရာမရှိဘဲ ပြန်လည် ထွက်ပေါ်လာတော့သည်။

သည့်နောက် ခေါင်းမော့ကြည့် လိုက်သောအခါတွင် အဝေး၌ ဗလာနယ်ပယ် အင်မော်တယ်(၁၀)ဦးကျော် အပြေးအလွှား ပျံသန်းလာနေသည်ကို မြင်လိုက်ရ၏။

ကြောက်မက်ဖွယ်ကောင်းသော အရှိန်အဝါများထုတ်လွှတ်လျက် သတ်ဖြတ်ခြင်း ရည်ရွယ်ချက်ကို ထုတ်ဖော်ထားသည်။

“ သတ် ... ။ ”

ရှေ့ဆုံးမှ ပြေးဝင်လာသူမှ ကြုံးဝါးလိုက်သည်နှင့် လူတိုင်းလျှပ်စီးအလား စုရီအလားရောက်ရှိလာကြ၏။ ရောင်ဝါများကို ပေါင်းစပ်လျက် လေဟာနယ်အပေါ် ပိတ်ဆို့လိုက်ချေပြီ။

သူတို့သည် စုရီ၏ အစွမ်းသတ္တိကို နားလည်ထားပုံရ၏။ ထွက်ပေါ်လာသည်နှင့် အပြင်းထန်ဆုံးသော ဝှက်ဖဲများစွာဖြင့် စတင် တိုက်ခိုက်လာကြသည်။

ထိုမျှအရေးကြီးသော အချိန်၌ပင် စုရီသည်မျက်မှောင်ကြုတ်လျက် သူတော်စင် အင်မော်တယ်တစ်ပါးမျှ ပါမလာကြောင်း သတိထားမိလိုက်၏။

ထိုအတွေးမဆုံးခင် တိုက်ခိုက်မှုများမှာ ရောက်ရှိလာပြီဖြစ်ရာ သူကျင့်ကြံမှုခွန်အားကို အထွတ်အထိပ်သို့ ထုတ်လွှတ်လိုက်ရသည်။

“ ဟမ့် ... ။ ”

ကောင်းကင်နှင့် မြေကြီး တုန်ခါလျက် နေနှင့်လတို့၏ အလင်းရောင်များ ပျောက်ကွယ် ကုန်ကာ စုရီထံမှရောင်ဝါသည် ပြိုင်ဘက်ကင်း ဓားတစ်လက်ကဲ့သို့ ပြောင်းလဲသွား၏။

မျက်လုံးများသည် ရေခဲဓားတမျှ အေးစက်ထက်ရှလာပြီးနောက် ဆံပင်ရှည်များ လွင့်မျောကုန်လေသည်။

အချိန်အတော်ကြာအောင် ထိန်းချုပ် နေထိုင်ခဲ့ရသောကြောင့် စုရီတစ်ယောက် သည်ခံနိုင်စွမ်းကုန်ဆုံးလာ၏။

“ သတ် ... ။ ”

“ ဝုန်း ... ။ ”

တိုက်ပွဲများ ပြင်းထန်လာသည်နှင့်အမျှ စုရီတစ်ယောက် ပို၍အထိန်းအကွပ်မဲ့လာကာ ရက်စက်လာသည်။ ရောင်ဝါသည် ကြီးစိုးပြီး ငါးကြင်းများကြားမှ နဂါးတစ်ကောင်လား ထင်မှားလာစေ၏။

ဤသို့သော အန္တရာယ်များလွန်းသည့် အခြေအနေသည် သူ မျှော်လင့်နေခဲ့သည့်အရာ ဖြစ်လေသည်။ တွန့်ဆုတ်ခြင်းမရှိ ငရဲဘုံကိုးပါး ဓားရောင်ဝါကို အသုံးပြုလိုက်၏။

“ သေစမ်း ... သတိထား။ ”

စုရီမှ ‌ရှေ့သို့ လှမ်းတက်လာသဖြင့် အမျိုးသားတစ်ယောက်မှ အော်ဟစ်သတိပေး လိုက်သည်။ တစ်ဖက်လူ၏ ရောင်ဝါများသည် အဆုံးမရှိ မြင့်တက်နေချေပြီ။

“ ဘောင်း ... ။ ”

ဓားစွမ်းအင်များသည်လည်း ကောင်းကင်မြစ်ကြီးအလား အဟုန်ပြင်းလာ၏။ ပေါက်ကွဲသံကြီးနှင့်အတူ သူ့ရှေ့ရှိ ဒိုင်းသည် ထက်ခြမ်းကွဲသွားသည်။

တစ်ဆက်တည်းမှာပင် လွှမ်းမိုးကြီးစိုးလွန်းသော ဓားရောင်အဝါတစ်ခု ချက်ချင်း ပြိုကျလာ၏။

“ မကောင်းတော့ဘူး ... ။ ”

အမျိုးသားက ဆုတ်ခွာရန်ပြင်လိုက် သော်လည်း အမှုန်များအဖြစ်ပြောင်းလဲနေသော သူ့ခန္ဓာကိုယ်ကြီးကို မြင်လိုက်ရသည်။ 

“ သူ့ကို သတ် ... ။ ”

ထိုမြင်ကွင်းကြောင့် အခြားသူများက စုရီကိုရပ်တန့်ပစ်ရန် ကြိုးစားလာလေသည်။ စုရီမှ လျစ်လျူရှုလျက် အမျိုးသား၏ ဝိညာဉ်ကို ဖမ်းယူကာ ချေမွှဖျက်ဆီးပစ်လိုက်၏။

အကျိုးဆက်အနေဖြင့် သူသည်လည်း ဒဏ်ရာရှိသွားလေသည်။ ပခုံးတွင်အသားများ ဖွာလန်ကျဲလျက် အရိုးများ ပေါ်လာ၏။

အဝတ်အစားတစ်ခုလုံး သွေးများ စွန်းထင်းကုန်သည်။ ရန်သူများမှာ စစ်မှန်သော တိုက်ပွဲဝင်စစ်ဘီလူးများဖြစ်ချေ၏။

အတွေ့အကြုံ ရင့်သန်ကာ သတ်ခြင်းထံသို့သာ အာရုံစိုက်ထားကြသည်။ ရှောင်တိမ်းချိန်မပေးကြချေ။ ထို့ကြောင့် ဒဏ်ရာ အရခံကာ သတ်ခြင်းကို ပြုလိုက်ရ၏။

“ သတ် ... ။ ”

သွေးကိုမြင်ပြီးနောက် စုရီမှ ပို၍ ရူးသွပ်လာသည်။ ကြောက်စရာကောင်းလှသော သူ့ကျင့်ကြံမှုအသက်ဝင်လာပြီး တိုက်ခိုက်မှု အပေါ် ချက်ချင်း ခုခံလိုက်တော့၏။

တစ်ဖက်တွင် ရန်သူများသည်လည်း ပို၍စိတ်လှုပ်ရှားလာသည်။ ဤစုရီသည် သေမျိုး တစ်ယောက်သာလျှင် ဖြစ်နေသေး၏။

သို့တိုင် သူတို့ကဲ့သို့ အင်မော်တယ်များကို ကောင်းစွာဖိအားပေးနိုင်သည်။ ယင်းကသူတို့ကို ပို၍ပင် ရက်စက်ကြမ်းကြုတ်လာစေ၏။

“ ဘုန်း ... ။ ”

“ စွပ် ... ။ ”

ရုတ်တရက် တာအိုတံဆိပ်တစ်ခု စုရီကျောပြင်ကိုထိမှန်လာကာ ရှေ့သို့လွင့်စဉ် သွားစေသည်။ သို့သော် စုရီသည် ထိုပြင်းအားကို အသုံးပြုလျက် သူ့ရှေ့မှလူထံ ဓားဖြင့် ထိုးသွင်းလိုက်တော့၏။

သူ့ရှေ့မှ အမျိုးသမီးခမျာ မျက်လုံးများ ပြူကျယ်လျက် အံ့အားသင့်သွားပြီး စုရီကိုပိုင်းချ လိုက်လေသည်။ သို့သော် နောက်ကျသွား၏။

သူမရင်ဘတ်တွင် အပေါက်ကြီးတစ်ခု ထွက်ပေါ်လာကာ အသက်ဓါတ်များ ချက်ချင်း ပျောက်ကွယ်သွားချေပြီ။

ထိုမြင်ကွင်းမှာ အလွန်သွေးထွက်သံယို နိုင်လွန်းပြီး လူတိုင်း၏ ကျောရိုးတလျှောက်ကို အေးစက်သွားစေသည်။  

ဆိုလိုသည်မှာ စုရီသည် အသက်နှင့် သေခြင်းအပေါ် လုံးဝလျစ်လျူရှုလျက် သတ်ရန် ကြိုးစားနေခြင်းဖြစ်၏။

ယင်းသည် သွေးဆာနေသော နတ်ဆိုးကြီးတစ်ကောင်ကဲ့သို့ ရူးသွပ်ဖွယ်ရာ ကောင်းလွန်းချေပြီ။ ထိုခဏအတွင်းမှာပင် ဗလာနယ်ပယ်အင်မော်တယ် ခြောက်ပါးမှာ နေရာတွင်ပင် သေဆုံးသွားခဲ့သည်။  

တစ်ယောက်ချင်းစီသည် ရက်စက်ပြီး ကြောက်မက်ဖွယ်ကောင်းသော သေဆုံးမှုဖြင့် ဆုံးပါးသွားရတော့၏။

“ ရွှီး ... ။ ”

ရုတ်တရက် မြားတစ်စင်းသည် စုရီ ရှောင်တိမ်းရာဘက်သို့ မိုးကြိုးပစ်လိုက်သည့် အလားပြေးဝင်လာချေပြီ။

ဤတစ်ကြိမ်တွင် စုရီသည် သူ့ပြိုင်ဘက်များ၏ တားဆီးခြင်းကို ခံလိုက်ရပြီး ချက်ချင်းရှောင်တိမ်းရန် ကြိုးစားခဲ့သော်လည်း မအောင်မြင်တော့ချေ။

ဘယ်ဘက်ရင်အုံသည် စူးရှသော ခံစားချက်များနှင့်အတူ တိုးလျိုပေါက်ပွင့်ထွက် သွားသည်။ သွေးများသည် ရေတံခွန်ကဲ့သို့ ပန်းထွက်လာ၏။

ဤဒဏ်ရာမှာ အလွန်ပြင်းထန်သည်။ အခြားသောဒဏ်ရာများဖြင့် ပေါင်းစပ်ပြီးနောက် ယိုင်နွဲ့သွားချေပြီ။ ထို့ကြောင့် သူ့ရန်သူများမှာ ဝမ်းသာအားရဖြင့် ဝိုင်းအုံလာတော့၏။

များမကြာမီ လေထုအလယ်တွင် ခန္ဓာကိုယ်များနှစ်ခြမ်းကွဲသွားပြီး သွေးများသည် မိုးသည်းထန်စွာ ရွာသွန်းသလို ပက်ဖြန်းကုန်၏။

စုရီ၏ပုံရိပ်သည် ထိုဝိုင်းရံမှုမှသည် လူအုပ်အတွင်းမှ ဖောက်ထွက်ကာ အဝေးသို့ ရောက်ရှိသွားချေပြီ။

***

အခန်း ၁၁၄၄ –

မင်း ... နောက်ကျသွားပြီ။

စုရီခန္ဓာကိုယ်ပေါ်ရှိ ဒဏ်ရာများသည် မြားဒဏ်ရာများကြောင့် ရရှိခဲ့ခြင်း ဖြစ်သည်။ တစ်ဖက်လူသည် မြားပစ်ကျွမ်းကျင်ခြင်းမျိုး မဟုတ်ဘဲ အခွင့်အရေးကို အရယူနိုင်ခြင်းဖြစ်၏။

ထို့ကြောင့် ရန်သူများ၏ ဝိုင်းရံမှုကို ဖောက်ထွက်နိုင်သည်နှင့် တစ်ပြိုင်နက် ထိုလူထံ ဦးတည်လိုက်ခြင်းဖြစ်သည်။

“ သေစမ်း ... ဒီကောင်က ဘယ်လိုလုပ် ဒီလောက်တောင် အစွမ်းထက်နေရတာလဲ။ ”

အမှောင်ထဲတွင် ကြေးညိုလေးကို ကိုင်ဆောင်ထားသော အနက်ဝတ်အမျိုးသား၏ မျက်နှာမှာ ပျက်ယွင်းသွားသည်။

“ ရွှီး ... ရွှီး ... ရွှီး ... ။ ”

တုံ့ဆိုင်းခြင်းမရှိ လေးကြိုးကိုဆွဲကာ ဆက်တိုက်ပစ်ခတ်လိုက်သည်။ မြားတံတိုင်းမှာ စူးရှသောအလင်းတန်းများ ဖြာထွက်နေပြီး အရှိန်အဟုန် ပြင်းလှ၏။

“ ဝှစ် ... ။ ”

သို့သော် စုရီသည် အနာဂတ်ကို ကြိုမြင်နေသည့်အလား ဓားဖြင့်တစ်ချက်ခြင်း ဝှေ့ယမ်းကာ မြားမိုးများအပေါ် အလွယ်တကူ ဖယ်ရှားနေခဲ့သည်။

မြားသမားခမျာ ဦးရေပြားများ ထုံကျင်သွားလေသည်။ သူသည် မြားတာအိုကို ကျင့်ကြံထားသည့် စစ်မှန်သောအင်မော်တယ် တစ်ပါးဖြစ်၏။

သူ့ဘဝတွင် မရေမတွက်နိုင်သော ရန်သူများကိုလုပ်ကြံခဲ့သည်။ မြင့်မားသော နယ်ပယ်မှ ရန်သူတစ်ဦးကိုပင် ချောင်းမြောင်း သတ်ပစ်ဖူး၏။

သို့သော် ယခုမူ သူ့မြားများသည် ပန်းပွင့်များအလား သေမျိုးတစ်ယောက်ရှေ့တွင် ခွန်အားမဲ့နေသည်။ အတွေးများမဆုံးခင်မှာပင် စုရီသည် သူ့ရှေ့ရောက်ရှိလာပြီဖြစ်၏။

“ သူ့ကို တား ... ။ ”

မြားသမားက အော်ဟစ်လျက် ကြေးဝါလေးကိုကိုင်ကာ ချက်ချင်းတည်နေရာ ရွေ့ပြောင်းလိုက်သည်။

သူ အမိန့်ပေးစရာ မလိုအောင်ပင် အခြားသောအင်မော်တယ်များက နောက်ပါးမှ လိုက်ပါတိုက်ခိုက်ကြတော့၏။ သို့သော် စုရီမှ ဂရုမစိုက်ချေ။

“ ဝှစ် ... ။ ”

ကောင်းကင်ဆန္ဒဆေးမီးဖိုကို ထုတ်ယူကာ အသက်သွင်းလိုက်သည်။ ချက်ချင်း ခရမ်းရောင် နတ်အလင်းများဖြာကျလျက် သူ့အပေါ် ကာကွယ်ပေးတော့သည်။

“ ဘောင်း ဘောင်း ဘောင်း ... ။ ”

“ ဝုန်း ... ။ ”

ထိုကာကွယ်မှုအောက်တွင် စုရီသည် ကောင်းကင်ပေါ်ပျံတက်သွားကာ မြားသမားကို ဓားဖြင့် ပိုင်းချလိုက်၏။

ကောင်းကင်နှင့် မြေကြီးများ တုန်ခါလျက် သတ်ဖြတ်လိုသောဆန္ဒများ ပြည့်နှက်လာသည်။ မြားသမား ထိတ်လန့်တကြား ခုခံကာကွယ်ရေး ရတနာများထုတ်ဖော်လျက် ခုခံလိုက်၏။

သို့သော် ဓားရောင်ဝါဖိအားအောက်တွင် သူ့လှုပ်ရှားမှုများသည် ရွှံ့နွံထဲနစ်မြုပ်သွားသည့် အလား တုန့်ဆိုင်းလေးကန်ကုန်သည်။ သူ မရှောင်နိုင်တော့ချေ။

“ ဘန်း ... ။ ”

လေဟာနယ်သည် မိုင်ပေါင်းသောင်းချီအောင် အက်ကွဲသွားသည်။ မြားသမားခမျာ အမှုန်ပင် မကျန်လိုက်ချေ။

ထိုမြင်ကွင်းအရ စုရီတစ်ယောက် မြားသမားအပေါ် မည်မျှဒေါသထွက်နေသည်ကို မြင်နိုင်၏။ နောက်ထံပါးမှ လိုက်ပါလာသော လူအုပ်ကြီးမှာ မှင်သပ်ကုန်သည်။

သည့်စဉ် စုရီမှလှည့်ကြည့်လာ၏။ လက်ရှိအချိန်တွင် သူ့ခန္ဓာကိုယ်အနှံ့အပြား သွေးများဖြင့် ဖုံးလွှမ်းနေပြီးဖြစ်သည်။ လူရုပ်သည်ပင် မပေါ်တော့ချေ။

ရုတ်တရက် အကြည့်ခံရသူများမှာ စိတ်ဝိညာဉ်များအေးခဲလျက် တိုက်ပွဲဝင်ဆန္ဒများ လျော့ပါးလာခဲ့သည်။

ဤလူသည် သေမျိုးတစ်ယောက် ဖြစ်နေသည်မှာ ဧကန်ပေပင်။ အဘယ်ကြောင့် ဤမျှ ကြောက်စရာ ကောင်းနေရသနည်း။

“ သတ် ... ။ ”

တစ်စုံတစ်ဦးမှ အံကြိတ်ကာ အော်ဟစ်လိုက်သည်။ လက်ရှိတွင် သူတို့၌ အင်မော်တယ်ရှစ်ပါး ကျန်ရှိနေသေး၏။

တစ်ဖက်လူသည် ဒဏ်ရာပြင်းထန်နေပြီ ဖြစ်သည်။ အချိန်မရွေး သေဆုံးသွားနိုင်သည်ဟု ပြောနိုင်၏။ ထိုအခြေအနေမျိုးတွင် သူတို့၏ တိုက်ပွဲဝင်ဆန္ဒများ ပျောက်ဆုံး၍ မရချေ။

“ ဟားဟားဟား ... ပုရွက်ဆိတ်တွေ ... ။ ”

စုရီက ဒစ်ရာများကို လျစ်လျူရှုလျက် လှောင်ပြောင်ပြုံးရယ်လိုက်သည်။ ဤအချိန်၌ ထောင်လွှားမှုဟူသော အသွင်အပြင်ပေါ်လာပြီး ရှေ့သို့သာ တိုးဝင်လာ၏။

ခန္ဓာကိုယ်သည် အက်ကွဲနေသော ကြွေထည်တစ်ခုကဲ့သို့ အချိန်မရွေးပြိုကျကာ ဝိညာဉ်ပင် ပျောက်ကွယ်သွားနိုင်မည်။

သို့သော် တိုက်ပွဲဝင်ဆန္ဒမှာမူ အသက်အရွယ်နှင့်မလိုက်အောင် မြေခွေးအိုကြီး တစ်ပါးကဲ့သို့ တောက်လောင်နေသည်။

“ ဖြောင်း ... ။ ”

ရှည်လျားသော လှံတစ်ချောင်း ကျိုးပျက်လွင့်စင်သွားသည်။ လှံကိုင်ထားသော အင်မော်တယ်မှာ ထိတ်လန့်သွားပြီး ချက်ချင်း ရှောင်တိမ်းလိုက်၏။

“ ဘန်း ... ။ ”

သို့သော် လေထဲပျံဝဲနေသော ကောင်းကင်ဆန္ဒဆေးမီးဖိုသည် သူ့ထံအရှိန်ဖြင့် ပြေးဝင်ကာ ရိုက်နှက်လာတော့သည်။

“ အား ... ။ ”

နာကျင်စွာ အော်ဟစ်သံနှင့်အတူ သူ့ခန္ဓာကိုယ်မှာ လေးစိတ်ကွဲသွားခဲ့လေသည်။ ဝိညာဉ်က ခန္ဓာကိုယ်ထွက်ကာ ဆက်ပြေး၏။

“ ဝူး ... ။ ”

သို့သော် စုပ်ယူမှုစွမ်းအားတစ်ခု ထွက်ပေါ်လာကာ သူ့ဝိညာဉ်သည် ဆေးကြိုအိုး အတွင်း ပျောက်ကွယ်သွားတော့သည်။

တစ်ဖက်တွင် စုရီသည် ကျန်ရှိနေသောရန်သူများကို သတ်ဖြတ်နေ၏။ ဤအတောအတွင်း ဒဏ်ရာသစ်များ တိုးပွားလာ သော်လည်း သူ ဂရုမစိုက်ခဲ့ချေ။

မျက်ဝန်းများတွင် လျှပ်စီးအလား ပြင်းထန်သော သတ်ဖြတ်လိုခြင်းဆန္ဒများ တောက်လောင်နေသည်။

များမကြာမီ နောက်ထပ် အင်မော်တယ်တစ်ပါး သေဆုံးသွားတော့၏။ လက်ဖျစ်ဆယ်တွတ်ကြာချိန်တွင် ထွက်ပြေးရန် ကြိုးစားသူတစ်ဦးမှာ အပိုင်းပိုင်းကွဲသွားသည်။

လက်ဖျစ်တစ်ဆယ့်တွတ် ကြာချိန်တွင် သူ့ကိုယ်သူဖောက်ခွဲကာ စုရီကိုအပါခေါ်လိုသည့် တစ်စုံတစ်ဦး ပျောက်ကွယ်သွားတော့၏။

တိုက်ပွဲသည် ရက်စက်ကြမ်းကြုတ်လှပြီး ဆုတ်ခွာရန်လမ်းမရှိတော့ချေ။ စုရီတစ်ယောက် ယိမ်းထိုးလျက် သေလုမျောပါးဖြစ်လာသည်။

သူ့ရန်သူများသည်လည်း တစ်ယောက်ပြီးတစ်ယောက် ကျဆုံးကုန်ကာ သုံးဦးသာ ကျန်ရှိတော့၏။

“ မင်း ဘယ်သူလဲ ... ။ ”

အမျိုးသမီးတစ်ဦးမှ တုန်ရီစွာဖြင့် မေးမြန်းလိုက်လေသည်။ သူတို့အဖွဲ့ကြီးသည် ဗလာနယ်ပယ် အင်မော်တယ်(၁၆)ဦးဖြင့် ရောက်ရှိလာခြင်းဖြစ်၏။

ထိုအရေအတွက်သည် ဒေသကြီးတစ်ခုလုံးကို ချေမှုန်းနိုင်စွမ်းရှိချေပြီ။ သို့သော် ယခုမူ သေမျိုးတစ်ယောက်ရှေ့တွင် အနိုင်မရနိုင်ဘဲဖြစ်နေ၏။

စုရီက ပြန်မဖြေဘဲ ဓားဖြင့်သာ တုန့်ပြန်ပြောကြားလိုက်သည်။ ဤနည်းဖြင့် နောက်ထပ်တစ်ပါး သေဆုံးသွားပြန်၏။

“ မြန်မြန် ... ။ ”

ကျန်ရှိနေသော အင်မော်တယ်နှစ်ပါးမှာ တိုက်ပွဲဝင်လိုခြင်းဆန္ဒများ ပျောက်ကွယ်ကုန်ပြီး လှည့်၍ထွက်ပြေးကြတော့သည်။

ယင်းသည်ပင် သူတို့အတွက် ကံဆိုးသွားစေ၏။ တိုက်ပွဲဝင်ဆန္ဒများ‌ ကုန်ဆုံး သွားပြီးနောက် အင်မော်တယ်ဟူသည်ပင် စုရီ လက်တွင် ကြက်ကလေးများနှင့် မခြားချေ။

ဓားနှစ်ချက်ပစ်လွှတ်ကာ မိုင်ပေါင်းထောင်ချီအကွာသို့ ရောက်ရှိကုန်သော ထိုနှစ်ဦး၏ခန္ဓာကိုယ်ကို နှစ်ခြမ်းခွဲပစ်လိုက်၏။

ညသည် ရုတ်တရက် အမှောင်အတိ ပြန်ကျသွားပြီး သွေးညှီရနံ့များသာလေထဲ ရစ်ဝဲကျန်ရစ်ခဲ့သည်။

စုရီက လေထဲ ရပ်တန့်နေပြီး အသက်ကိုပြင်းပြင်းရှူလိုက်ရ၏။ မျက်နှာမှာ ဖြူလျော့လျက် သွေးများစေးကပ်နေသည်။

ဤတိုက်ပွဲမှာ အလွန်ပင် ပြင်းထန်လှ၏။ သူအကုန်ပေးလိုက်ပြီး ကျင့်ကြံမှုကုန်ဆုံး လုလု ပေပင်။ နောက်ထပ် အနည်းငယ်သည်သာ ထပ်မံတိုက်ခိုက်ရသော် သေခြင်းနှင့်ရှင်ခြင်းကို ရင်ဆိုင်ရတော့မည်ဖြစ်သည်။

“ အဟွတ် အဟွတ် ... ဝေါ့ ... ။ ”

ပါးစပ်အပြည့်သွေးများ အန်ချလိုက်သည်။ သို့သော် ခေါင်းပြန်အမော့တွင် အဝေးမှလူရိပ်ထံ သတိထားမိလာ၏။

ထို့ကြောင့် ချက်ချင်း ဘေးသို့ ရွေ့လျားကာ ရှောင်တိမ်းလိုက်သည်။ သို့တိုင် အနည်းငယ်မျှ နောက်ကျနေသေး၏။

“ ဘန်း ... ။ ”

ကြီးမားလှသော လက်ဖဝါးကြီး တစ်ဖက်သည် ဟင်းလင်းပြင်ထဲမှ ရုတ်တရက် ပေါ်လာပြီး သူ့ထံ ကျဆင်းလာသည်။

ခန္ဓာကိုယ်တစ်ခုလုံး ယိမ်းထိုးလျက် ပြန်ငုံ့ကြည့်လိုက်ရာ သွေးရောင်လက်ဖဝါးကြီး တစ်ဖက် ရင်ဘတ်၌ ထင်ကျန်ရစ်ခဲ့၏။

ကြောက်မက်ဖွယ်ကောင်းသော ဖျက်ဆီးခြင်းစွမ်းအားများက ခန္ဓာကိုယ်တွင်းသို့ စီးဝင်လာတော့သည်။

“ စိတ်မပူပါနဲ့ ငါမင်းကို မသတ်ပါဘူး ... မင်းက နတ်ဘုရားတွေအလိုရှိနေတဲ့ ဝင်စားသူ မဟုတ်လား။ ”

တစ်ဖက်လူမှ ပြုံးလျက် ပြောကြားလာတော့၏။ သို့သော် စုရီသည် စိုးရိမ်ခြင်းမရှိဘဲ သက်ပြင်းချကာ၊

“ မင်း ... ခြေတစ်လှမ်း နောက်ကျသွားပြီ အခုမင်းမှာ ငါနဲ့တိုက်ဖို့ အခွင့်အရေးမရှိတော့ဘူး ဆိုရင် ယုံမှာလား။ ”

-ဟု တုန့်ပြန်ပြောကြားလိုက်သည်။

ထိုစကားကြောင့် တစ်ဖက်လူက သံသယများဝင်လာပြီး ကောင်းကင်ပေါ်သို့ မရေမရာဖြင့် မော့ကြည့်လိုက်တော့၏။

ဧရိယာတစ်သောင်းအတွင်း ကောင်းကင်တခွင် မိုးကြိုးတိမ်တိုက်များနှင့် ချက်ချင်းပြည့်နှက်လာသည်ကို အံ့အားသင့်ဖွယ် မြင်လိုက်ရသည်။

လေထုအတွင်း သူ့အတွက် သေခြင်းတရားကို ခံစားလာရကာ တစ်ကိုယ်လုံး တုန်ရီသွားတော့၏။

“ ဒါ ... ဒါက ။ ”

“ ဟုတ်တယ် ... ဒါက ငါ့အတွက်လာတဲ့ ကပ်ဘေးပဲ။ ”

စုရီက ပြုံးလျက် လက်ကိုမြှောက်ပြီး ထိုကပ်ဘေးကြီးအား မြေပြင်ပေါ်သို့ ဆင်းသက် စေလိုက်တော့သည်။

“ ဂျိန်း ... ။ ”

***

All Chapters