အခန်း (၁၁၄၅-၁၁၄၆)
Vol. 96 Ch. 1145-1146
အခန်း ၁၁၄၅ -
စကြာဝဠာ ကြံ့သားရဲ။
မျက်စိကွယ်စေသော ဒုက္ခအလင်းရောင်တစ်ခု ဆင်းသက်လာသည်။ ထိုရောင်ဝါမှ ထွက်ပေါ်လာသောဖိအားသည် တားမြစ်ဆန်ပြီး အတိုင်းအဆမရှိ ကြောက်မက်ဖွယ်ကောင်းနေ၏။
အသစ်ရောက်ရှိလာသောလူက သူ့ကဲ့သို့သောတစ်စုံတစ်ဦးသည်ပင် စိတ်ပျက် အားငယ်မှုကို ခံစားရသဖြင့် ထိတ်လန့် သွားလေသည်။
ဤသည်မှာ ပြင်းစွာဒဏ်ရာရရှိနေသော သေမျိုးတစ်ယောက်၏ ဒုက္ခသည်လော။ မည်သို့ ရင်ဆိုင်ရန် ယုံကြည်မှုရှိနေသနည်း။
တွန့်ဆုတ်ခြင်းမရှိ ချက်ချင်း ဆုတ်ခွာလိုက်ရသည်။ ဤဒုက္ခကိုခံယူသူသည် ရှင်သန်ရန် ရည်ရွယ်ချက်မရှိချေ။
“ ဝှစ် ... ။ ”
တစ်ဖက်လူသည် ၎င်းနှင့်အတူ သူ့ကို ဖျက်ဆီးပစ်ရန် ရည်ရွယ်ချေ၏။ သို့သော် သူ နောက်ကျသွားချေပြီ။ ကပ်ဘေးစွမ်းအားသည် အလွန်မြန်ဆန်ပြီး ပြင်းထန်၏။
“ အား ... ။ ”
ယင်ကောင်တစ်ကောင်ကို မီးပင်လယ်အတွင်းပစ်ချလိုက်သကဲ့သို့ ချက်ချင်း ပြာကျသွားတော့သည်။ တစ်ဖက်တွင် စုရီသည် ငရဲဘုံကိုးပါးဓားရောင်ဝါကို သုံးကာ ထိုစွမ်းအား အပေါ် ဖြိုခွင်းလိုက်၏။
“ ရွှပ် ... ။ ”
“ ဝုန်း ... ။ ”
အလင်းမိုးရွာသွန်းမှုများ စုရီအပေါ် ဖုံးလွှမ်းသွားသည်။ မြောက်များစွာသော အသက်ဓါတ်များ သူ့ခန္ဓာကိုယ်ထဲသို့ တဟုန်ထိုး ဝင်ရောက်လာတော့၏။
အရိုး၊ အရေပြား၊ မယ်ရီဒီယန်များ၊ သွေးများနှင့် ကိုယ်တွင်းအင်္ဂါများအားလုံးသည် အံ့သြဖွယ်ကောင်းသော ပြောင်းလဲမှုများကို စတင်ခံစားလာရသည်။
မောပန်းနွမ်းနယ်လျက် ကုန်ဆုံးနေသော ကျင့်ကြံမှုသည်ပင် နွေရာသီ၌ပွင့်လန်းလာသည့် ညှိုးနွမ်းနေသော သစ်ပင်ကြီးတစ်ပင်ကဲ့သို့ပင်။
ဖျက်ဆီးခြင်းမရှိသော်၊ တည်ဆောက်ခြင်း မရှိချေ။ ဖျက်ဆီးခြင်းသည် တည်ဆောက်ခြင်း မတိုင်မီ မလွဲမသေကြုံဆုံရ၏။
ယနေ့တိုက်ပွဲသည် သေခြင်းနှင့်ရှင်ခြင်း အစွန်းတွင်ထားရှိသော်လည်း အခွင့်အရေးကို ဆုပ်ကိုင်နိုင်ခဲ့ပြီး ပြန်လည်မွေးဖွားလာရသည်။
“ ဂျိန်း ... ။ ”
ကပ်ဘေးမိုးတိမ်များ၏ အနက်ရှိုင်းဆုံးနေရာမှ နောက်ထပ်ကပ်ဘေး စွားအားများ လှိမ့်ဝင်လာသည်။
“ ရွှီး ... ။ ”
ထိုအချိန်တွင် ငရဲဘုံကိုးပါးဓားသည် အပြည့်အဝနိုးထလာသကဲ့သို့ ဟိန်းဟောက်ကာ ကောင်းကင်ပေါ်သို့ ထိုးတက်သွား၏။
“ ဝုန်း ... ။ ”
ကောင်းကင်ကြီး ကွဲအက်သွားပြီး ကပ်ဘေးများပြည့်နှက်နေသည့် အလင်းမှုန်များ ရေကာတာကျိုးပေါက်သလို ကျဆင်းလာ၏။
စုရီ၏ခန္ဓာကိုယ်သည် တက်ကြွသော အသက်ဓါတ်များဖြင့် ရေချိုးကာအဆက်မပြတ် အသွင်ပြောင်းနေချေပြီ။
နာရီဝက်ကုန်လွန်ပြီးနောက် အလင်းရောင်မိုးများသည် သူ့အပေါ် လုံးဝ သန့်စင်ပေးခဲ့လေသည်။
လက်ရှိအချိန်တွင် သူ့ကျင့်ကြံမှုသည် ဟင်းလင်းပြင်တစ်ခုကို ကောင်းစွာဖန်တီးနိုင်ပြီ ဖြစ်သည်။ ယင်းသည် အကန့်အသတ်မရှိသော ဗလာနယ်ပယ်တစ်ခုလိုပေပင်။
နတ်ဝိညာဉ်သန္ဓေသားသည် ထိုဖရိုဖရဲဒေသအတွင်း လွင့်မျောနေ၏။ ၎င်းမှာ ငရဲဘုံကိုးပါးဓားအသွင်ကို မွေးဖွားပေးနေသည်။
အခြားသူများအတွက်မူ ဤသည်မှာ တိမ်ပေါ်ပျံသန်းခြင်းအဆင့် ကျင့်ကြံမှုအတွင်း သာမန်အသွင်ပြောင်းမှုတစ်ခုပေပင်။
သူသည်သာ ဤအဆင့်ဖြင့် နတ်ဝိညာဉ်သန္ဓေသားကို မွေးဖွားနိုင်ပြီး ဖရိုဖရဲ ဒေသကြီးတစ်ခု ဖန်တီးထားနိုင်ခြင်းဖြစ်၏။
ဆိုလိုသည်မှာ သူ့ကျင့်ကြံမှုသည် ဗလာနယ်ပယ်အင်မော်တယ်တစ်ပါးနှင့် ညီမျှ ချေ၏။ တစ်ဖက်တွင် နတ်ဝိညာဉ် သန္ဓေသားမှာ လုံးဝကွဲပြားသည်။
ပထမတိုက်ပွဲကွင်း၌ စုစည်းထားသော အင်မော်တယ်ချီများကို အပြည့်အဝစုပ်ယူကာ မူလစွမ်းအင်များအပေါ် အင်မော်တယ်ချီအဖြစ် ပြောင်းလဲပေးနေခဲ့သည်။
ဤနည်းဖြင့် အခြားသူများအတွက် တာအိုပေါင်းစည်းမှုကိုးပါးသည် စုရီအတွက် အင်မော်တယ်ချီ၊ နတ်ဝိညာဉ်သန္ဓေသားနှင့် ဖရိုဖရဲဒေသကြီးအဖြစ် မြှင့်တင်လာနိုင်၏။
ဤအောင်မြင်မှုသည် အသွင်ပြောင်းခြင်းဗလာနယ်ပယ်ဟု ခေါ်ဆိုပြီး ဒဏ္ဍာရီလာ ပြိုင်ဘက်ကင်းအုတ်မြစ်ဖြစ်၏။
ဝမ်ယဲ့ဘဝတွင် အင်မော်တယ်ဘုရင် အထွတ်အထိပ်ရောက်ရှိချိန်၌ တွေ့ရှိခဲ့ရသော နည်းလမ်းတစ်ခုပေပင်။
အချိန်အတော်ကြာအောင် သူ့အပေါ်ဝန်းရံထားသော တာအိုအလင်းများမှာ တဖြည်းဖြည်း ပျောက်ကွယ်သွား၏။
အဝတ်အစားများ စုတ်ပြဲနေပြီး သွေးစွန်းနေဆဲဖြစ်သော်လည်း ယခင်အချိန်နှင့် ခြားနားစွာ တည်ငြိမ်လာနေသည်။
အပြင်ပန်းအားဖြင့် သူသည် သေမျိုးလောကမှ သာမန်လူတစ်ယောက်လို ထင်ရစေ၏။ ကျင့်ကြံမှုအရိပ်အယောင်ကို မည်သူမျှ ခံစားရမည် မဟုတ်ချေ။
ထိုပြောင်းလဲမှုကို ခံစားမိသောအခါ စုရီတစ်ယောက်ပြုံးလိုက်သည်။
“ ငါ့ခန္ဓာကိုယ်အတွင်းက တိမ်ပေါ်ပျံသန်းခြင်းအဆင့် နတ်ဘုရားခြင်ဆီကို လုံးဝသန့်စင်ပြီးတာနဲ့ ဗလာပြောင်းလဲခြင်း အစောပိုင်းအဆင့် ပြီးပြည့်စုံသွားလိမ့်မယ်။ ”
တိမ်ပေါ်ပျံသန်းခြင်း နတ်ဘုရားခြင်ဆီ ဟူသည် ပထမတိုက်ပွဲကွင်းအနှံ့အပြားတွင် သူ ရှာဖွေထားသော စွမ်းအင်များဖြစ်၏။
“ ဒုက္ခစွမ်းအားရဲ့ ပြန်လည်မွေးဖွားနိုင်စွမ်းက တကယ့်ကို အံ့မခန်းပါပဲ။ ”
ရုတ်တရက် သက်ပြင်းချသံကြောင့် စုရီမှ လှည့်ကြည့်သည်။ အဝေးတွင်လူတစ်ယောက် ချဉ်းကပ်လာနေသည်ကို မြင်လိုက်ရ၏။
ထိုသူသည် ဝတ်ရုံရှည်ကြီးကို ဝတ်ဆင်ထားပြီး အစောပိုင်းကပ်ဘေးကြောင့် သေဆုံးသွားသူပေပင်။
“ ဒါဆို စောစောက သေဆုံးသွားတာ မင်းရဲ့ကိုယ်ပွားပဲ။ ”
စုရီမှ နားလည်သွားသည်။ ဝတ်ရုံရှည်နှင့်လူက ခေါင်းခါပြပြီး၊
“ မဟုတ်ဘူး ... အဲဒါက ငါ့ရဲ့ စစ်မှန်တဲ့ခန္ဓာကိုယ်ပါ ... ။ ”
-ဟု ပြန်ဖြေ၏။
တစ်ဆက်တည်းမှာပင် သူ့ရင်ဘတ်ကို လက်ညှိုးထိုးပြီး အမုန်းတရားများရစ်ဝဲလျက်၊
“ အခု ... ငါ့နှလုံးသား နာကျင်နေတယ်။ ”
-ဟု ပြောကြားလာသည်။
“ ဒီကာလအတွင်းမှာ နတ်ဘုရားတွေက ငါ့ကိုကာကွယ်ပေးပြီး ဓမ္မအဆုံးခေတ်ကြီးကနေ လွတ်မြောက်စေခဲ့တယ် ... နောက်ဆုံးတော့ ဒီနေ့မှာ မင်းက ငါ့ကို ဖျက်ဆီးလိုက်ပြီ။ ”
သူ့အသံတွင် နာကျင်ပြီး မုန်းတီးမှုကို အတိုင်းသားခံစားနေရသည်။ ခြေလှမ်းကျဲကျဲနှင့် လှမ်းတက်ကာ သတ်ဖြတ်လိုခြင်းဆန္ဒများကို ပြသလာတော့၏။
“ ဒါပေမယ့် စိတ်ချပါ ... ငါဒေါသထွက်နေရင်တောင် မင်းကို မသတ်ဘူး မင်းက နတ်ဘုရားတွေ ရွေးချယ်ထားတဲ့ ယဇ်ကောင်လေးပဲ မင်းရဲ့အသက်က အကြီးမားဆုံးတန်ဖိုးတစ်ခုပဲ။ ”
စကားဆုံးသည်နှင့် ဝတ်ရုံရှည်နှင့် အမျိုးသားက ညာဘက်လက်ကိုမြှောက်ကာ လေထဲ ထိုးညွှန်လိုက်သည်။
“ ရွှပ် ... ။ ”
မျက်စိကွယ်သွားစေသော အလင်းများတောက်ပနေသည့် အနက်ရောင်လှံ တစ်စင်း လေထဲပေါ်လာသည်။
မီးလျှံများက ထိုလှံအပေါ် နဂါးတစ်ကောင်ကဲ့သို့ ရောယှက်နေပြီးနောက် ဥပဒေစွမ်းအားများ ပေါက်ကွဲထွက်လာ၏။
ထိုလှံထွက်ပေါ်လာမှုကြောင့် လေဟာနယ်တစ်ခုလုံး တုန်လှုပ်သွားကာ ချက်ချင်း အက်ကွဲကုန်သည်။
ရုတ်တရက် ကျယ်ပြောလှသော သမုဒ္ဒရာကြီးအလယ်တွင် မုန်တိုင်းကြီးတစ်စင်း ဝင်ရောက်လာသည့်အလား ခံစားရစေ၏။ စုရီသည် ထိုမုန်တိုင်းအတွင်း လှေငယ်လေး တစ်စင်းပေပင်။
ဗလာပြောင်းလဲမှုနယ်ပယ်ကို ရောက်ရှိနေသော်လည်း စုရီအတွက် အမှန်ပင် ကြောက်စရာကောင်းသော ဖိအားများ ပေးစွမ်းနိုင်ချေ၏။
“ ဖိနှိပ် ... ။ ”
ဝတ်ရုံရှည်နှင့် အမျိုးသားက အော်ဟစ်လိုက်သည်။ အနက်ရောင်လှံသည် လေထုကို ချက်ချင်းဖိချလာ၏။
“ နတ်ဘုရားတစ်ပါးရဲ့ မူလတာအိုဥပဒေလား ... ။ ”
စုရီမှ မျက်ခုံးပင့်လိုက်လေသည်။ တစ်ဖက်လူသည် နတ်ကျွန်တစ်ယောက်ဖြစ်၏။ သို့သော် သေမျိုးလောက၌ သူဖျက်ဆီးခဲ့သော နတ်ကျွန်များနှင့်မတူဘဲ အစွမ်းထက်သည်။
ကိုယ်ပွားတစ်ကောင်သည်ပင် သူတော်စင်အင်မော်တယ်အဆင့် ရောက်ရှိနေပြီ ဖြစ်၏။
ကောင်းကင်ကပ်ဘေးကြောင့် ကံဆိုးစွာ သေဆုံးသွားသော အစစ်အမှန်ခန္ဓာကိုယ်သည် သည့်ထက်ပိုသန်မာနိုင်မည်။
ထိုအတွေးက သူ့စိတ်ထဲ ဖြတ်ပြေးသွားသောအခါ စုရီမှ တွန့်ဆုတ်ခြင်း မရှိဘဲ ပြန်လည်ဝင်စားခြင်းစွမ်းအားကို အသုံးပြုလိုက်တော့သည်။
“ ကလန် ... ။ ”
သေမျိုးနယ်ပယ်ဓားက ကောင်းကင်ပေါ်ပျံတက်သွားကာ ပြန်လည် ဝင်စားခြင်း ဥပဒေစက်ဝန်းကို ဖန်တီးလိုက်၏။
တစ်ဆက်တည်းမှာပင် အနက်ရောင်လှံကို ဟန့်တားလိုက်သည်။ ဝတ်ရုံရှည်နှင့်အမျိုးသားမှ နှာခေါင်းရှုံလျက် တည်နေရာရွေ့ပြောင်း ရောက်ရှိလာ၏။
“ ရွှပ် ... ။ ”
သူ့လက်ချောင်းများမှ ဖရိုဖရဲဥပဒေစည်းမျဉ်းများ မိုးကြိုးတစ်စင်းလို ပြေးထွက်လာသည်။ စုရီတစ်ယောက် မျက်မှောင်ကြုတ်သွား၏။
သူ့အတွက် အကူအညီမဲ့နေချေပြီ။ မကြာသေးမီက အားနည်းသောအခြေအနေနှင့် သန်မာသော ရန်သူများကို ကြုံတွေ့ခဲ့ရ၏။ မခံမရပ်နိုင်အောင်ပေပင်။
လက်ရှိ ကျင့်ကြံမှု အဆင့်ဖြင့် အထွတ်အထိပ် ဗလာနယ်ပယ် အင်မော်တယ် တစ်ပါးအပေါ် အနိုင်ယူရန် ယုံကြည်မှုရှိသည်။
ယခုမူ ပြိုင်ဘက်သည် သူတော်စင်အင်မော်တယ်နှင့် ယှဉ်နိုင်သော နတ်ကျွန်တစ်ပါးဖြစ်နေသည်။
များမကြာမီ ပြင်းထန်သော တိုက်ပွဲကြီးတစ်ခု ဖြစ်ပေါ်လာသည်။ စုရီသည် တစ်ဖက်လူရှေ့တွင် ထောပတ်တစ်တုံးအလား တိုက်ခိုက်မှုများ တလွယ်တကူ ပယ်ဖျက်ခံနေရ၏။
“ မင်းရဲ့ ဝှက်ဖဲက ဝင်စားခြင်း မဟုတ်လား။ ”
ဝတ်ရုံရှည်နှင့် အမျိုးသားက အံ့အားသင့်လာသည်။ ဤမတိုင်မီက သူသည် စုရီ၏ လျှို့ဝှက်ချက်ကိုဖော်ထုတ်ရန် တားမြစ် နည်းစနစ်တစ်ရပ်ကို အသုံးပြုခဲ့ဖူး၏။ သို့သော် အချည်းနှီးပေပင်။
ထို့ကြောင့် ‘မူလကိုခြေရာခံခြင်း’ တားမြစ်နည်းစနစ်ပင် မမြင်နိုင်သည့်စွမ်းအားမှာ ဝင်စားခြင်းဖြစ်မည်ဟု ကောက်ချက်ချ နိုင်ခဲ့သည်။
သို့သော် စုရီကို တိုက်ခိုက်သောအခါ မှားယွင်းနေကြောင်း နားလည်လာလေသည်။ ဝင်စားခြင်းအပြင် ပိုကြောက်စရာကောင်းသည့် စွမ်းအားတစ်ခု ရှိနေသေး၏။
စုရီမှာ ထိုလူနှင့် စကားပြောရန် အချိန်မရှိချေ။ မြန်မြန်ဆန်ဆန် ပွဲသိမ်းနိုင်ရန် လိုနေ၏။ ထို့ကြောင့် သူ့ဓားဖြင့် ရုတ်ချည်း ခုတ်ပိုင်းချလိုက်သည်။
“ ဝုန်း ... ။ ”
ဝင်စားခြင်းစွမ်းအားနှင့် ထူးဆန်းသော ရောင်ဝါတစ်ခုသည် ပြိုင်ဘက်အပေါ်ချက်ချင်း ပြိုကျသွား၏။
ခဏလေးအတွင်းမှာပင် နတ်ကျွန်၏ ကြီးစိုးပြီးထူးခြားသော နတ်ဘုရားမူလ ဥပဒေ ရောင်ဝါများ ပြိုကျကာ ပြင်းထန်စွာ ဒဏ်ရာရရှိသွားတော့သည်။
ခဏအကြာတွင် သူ့လက်တစ်ဖက် ပြတ်သွားပြီး နတ်ဘုရားမူလဥပဒေစွမ်းအားမှာ လုံးဝပျောက်ကွယ်သွား၏။
“ ဒါက ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ။ ”
နတ်ကျွန်က ပြတ်တောက်သွားသော သူ့လက်တစ်ဖက်ကြောင့် ရူးသွပ်သွားချေပြီ။ ဤလက်ချောင်းတစ်ချောင်း လှုပ်ရုံဖြင့် သူသည် သူတော်စင်အင်မော်တယ်ကို သတ်နိုင်၏။
သို့သော် ယနေ့တွင် ကံဆိုးမှုဖြင့် ကြုံတွေ့ရချေပြီ။ မူလခန္ဓကိုယ်သေဆုံးရသည့် အပြင် နတ်ဘုရားစွမ်းအားများကို တံဆိပ်ခတ် ထားသည့် လက်သည်လည်း ဖျက်ဆီးခံရ၏။
“ လူယုတ်မာလေး ... ဒီနေ့ မပြီးသေးဘူး။ ”
အဆုံး၌ နတ်ကျွန်က အံကြိတ်ကာ ဆုတ်ခွာရန်ရွေးချယ်လိုက်တော့၏။ သူ့တွင် ဤကိုယ်ပွားသာ ကျန်ရှိသည်။ ဖျက်ဆီးခံရသော် နတ်ဘုရားပင် ကယ်တင်နိုင်မည်မဟုတ်ချေ။
“ ဘာလို့ အလျင်လိုနေတာလဲ ... ။ ”
စုရီက သတ်ဖြတ်လိုသော ရည်ရွယ်ချက်များထုတ်ဖော်ကာ လိုက်လံ တိုက်ခိုက်တော့၏။
“ ဝှစ် ... ။ ”
နှစ်ယောက်သာ ညကောင်းကင်တွင် သက်တံနှစ်စင်းအလား မျက်စိတစ်မှိတ်အတွင်း ပျောက်ကွယ်သွားခဲ့သည်။
နတ်ကျွန်အမျိုးသားမှာ တားမြစ်နည်းစနစ်ကို အသုံးပြုပြီး မိုင်ထောင်ချီ အကွာအဝေးကို ရောက်ရှိသွား၏။ သို့သော် စုရီမှ လိုက်ပါလာဆဲဖြစ်သည်။
“ သွား ... ။ ”
နာရီဝက်ခန့်ကုန်လွန်ပြီးနောက် စုရီက အရှိန်ကိုတိုးမြှင့်လိုက်ကာ ရုတ်တရက်ဓားဖြင့် ခုတ်ချလိုက်တော့သည်။
“ ရွှပ် ... ။ ”
ဓားအလင်းတစ်စ အချိန်နှင့် အာကာသအတားအဆီးများကို ထိုးဖောက် ဝင်ရောက်သွားချေပြီ။
အဝေးတွင် လေဟာနယ် အက်ကွဲလျက် အလင်းတန်းအဖြစ်ပျံသန်းနေသော နတ်ကျွန်မှာ ယိုင်ထိုးထွက်ပေါ်လာ၏။
“ မင်းတကယ်ပဲ သေတဲ့အထိ တိုက်ခိုက်မှာလား။ ”
နတ်ကျွန်က ရုတ်တရက် မျက်နှာဖြူဖျော့သွားပြီး ဒေါသတကြီး ဖြစ်လာသည်။
စုရီမှ စကားမဆိုဘဲ နောက်ထပ် ခုတ်ပိုင်းလိုက်ပြန်၏။ ငရဲဘုံကိုးပါးဓားရောင်ဝါ ပြိုကျသွားသည်။
“ ဟမ့် ငါသေရင် မင်းလည်း အသက်ရှင်မှာ မဟုတ်ဘူး။ ”
နတ်ကျွန်မှ ထွက်ပြေးမည့်အစား ပြန်လှည့်ကာပြေးတက်လာ၏။ ပိန်ပိန်ပါးပါး ခန္ဓာကိုယ်သည် ပေတစ်ထောင်အမြင့်ရှိသော ဧရာမသားရဲကြီးတစ်ကောင်အဖြစ် ပြောင်းလဲသွားသည်။
သူ့ခန္ဓာကိုယ်သည် မည်းနက်ကာ ခြေလေးချောင်းက ကောင်းကင်တိုင်ကြီးများလို သန်မာထွားကြိုင်းလှ၏။ ယင်းသည် စကြာဝဠာ ကြံ့ကြီးတစ်ကောင်ပေပင်။
မျက်ဝန်းများသည် အာကာသ တွင်းနက်ကြီးများအလား နက်ရှိုင်းပြီး ဝါးမြိုခြင်း စွမ်းအားကို ပြသနေ၏။
“ သတ် ... ။ ”
ဟိန်းဟောက်လျက် စုရီ၏ ဓားကို ဖမ်းဆီးဖျက်ဆီးရန်ပြင်လိုက်သည်။ အဆုံးတွင် စုရီ၏ ဓားကို သူလျှော့တွက်မိသွား၏။
“ ဘောင်း ... ။ ”
ဓားစွမ်းအင်သည် ရေတံခွန်တစ်ခုလို သူ့အပေါ် ကျဆင်းသွားချေပြီ။ ကြံ့ကြီးခမျာ အော်သံပင် မပြုနိုင်ဘဲ အပိုင်းပိုင်းကွဲသွား၏။
“ ရွှပ် .... ။ ”
သွေးများ မြစ်ကြီးတစ်စင်းကဲ့သို့ ပက်ဖြန်းသွားချေပြီ။ ထိုပေါက်ကွဲမှုအတွင်းမှ တားမြစ်စွမ်းအားတစ်ခု ရုတ်တရက် စုရီထံ တိုးဝင်လာတော့၏။
***
အခန်း ၁၁၄၆ -
ဝမ်ယဲ့၏ လွှမ်းမိုးမှုခံရခြင်း။
စုရီတစ်ယောက် စကြာဝဠာကြံ့အသွင် ပြောင်းလဲလိုက်သော တစ်ဖက်သားရဲကြီးထံသို့ ကြည့်ကာအံ့အားသင့်သွား၏။
ဤသည်မှာ အမှန်ပင် ရက်စက် ကြမ်းကြုတ်သော အင်မော်တယ်ဘုရင်အဆင့် သားရဲတစ်ပါး၏ ရောင်ဝါပေပင်။ နတ်ဘုရား စွမ်းအားမဟုတ်ချေ။
စုရီအတွက် စဉ်းစားခြင်း၊ ရှောင်တိမ်းခြင်း ပြုဖို့ရန်အချိန်မရှိတော့ချေ။ အစွမ်းကုန်တုန့်ပြန် တိုက်ခိုက်ရန်သာရှိသည်။
“ အသက်ဝင် ... ။ ”
သူ့ပတ်ဝန်းကျင်ကို ဓားနံရံများဖြင့် ချက်ချင်းကာကွယ်လိုက်ရသည်။ ဓားတိုင်းတွင် ငရဲဘုံကိုးပါးရောင်ဝါပါရှိ၏။ ထို့ကြောင့် ဗလာ ပြောင်းလဲမှုနယ်ပယ် သူ့ကျင့်ကြံမှုစွမ်းအင် အားလုံးကုန်ဆုံးသွားသည်။
တစ်ချိန်တည်းမှာပင် အင်မော်တယ် ဘုရင်တစ်ပါး၏ ရှေးဟောင်းဥပဒေ စည်းမျဉ်း တစ်ခုသည်လည်း ကျရောက်လာပြီဖြစ်သည်။
“ ဝုန်း ... ။ ”
ဓားနံရံများ စက္ကူများကဲ့သို့ တစ်ခုပြီးတစ်ခု ပေါက်ကွဲသွား၏။ အင်မော်တယ် ဘုရင် အဆင့် ကျင့်ကြံသူတစ်ပါး၏ ခွန်အားအပြည့်အဝသည် သူတော်စင်အင်မော်တယ်ကိုသတ်နိုင်မည်။
စုရီသည် ငရဲဘုံကိုးပါးဓား၏ စွမ်းအားကိုအပြည့်အဝ ထုတ်လွှတ်သော်လည်း ကျင့်ကြံမှုမှ ကန့်သတ်ထားသည်။
ရလဒ်အနေဖြင့် ဓားအစီရင် ပြိုကျသွားခြင်းနှင့်အတူ စုရီသည်လည်း ဒဏ်ရာ ပြင်းထန်စွာရရှိလာတော့သည်။
“ အဟွတ် ... အဟွတ် ... ။ ”
“ ဝုန်း ... ။ ”
ကောင်းကင်နှင့် မြေကြီး တုန်ခါသွားကာ ပြင်းထန်သော ဖျက်ဆီးခြင်းလှိုင်းဝဲဂယက်သည် အဆုံးမရှိ ပျံ့နှံ့နေဆဲဖြစ်၏။
ထိုလှိုင်းများ ပျောက်ကွယ်သွားချိန်တွင် ရက်စက်ကြမ်းကြုတ်သော သားရဲသည် သွေးမြူ အဖြစ် ဤကမ္ဘာမှ အပြီးတိုင်ပျောက်ကွယ် သွားခဲ့လေသည်။
စုရီတစ်ယောက်တည်းသာလျှင် အသက်ရှင်လျက် ကျန်ရစ်ခဲ့ချေ၏။ သို့သော် သူ့အခြေအနေမှာ အလွန်ဆိုးရွားနေသည်။
ခန္ဓာကိုယ်တစ်ခုလုံး ပျက်စီးပြီး သွေးများပန်းထွက်နေကာ အတွင်းအင်္ဂါများနှင့် မယ်ရီဒီယန်များ ကျိုးပြတ်ကုန်၏။
ဝိညာဉ်သည်ပင် ပြင်းထန်စွာ ဒဏ်ရာရရှိသွားခဲ့သည်။ လက်များ တုန်ရင်ပြီး ဓားလွတ်ကျလုနီးပါးပေပင်။
ဤအခြေအနေသည် ဗလာပြောင်းလဲခြင်းအဆင့်သို့ တက်ရောက်စဉ် ခံစားရသော ဒုက္ခထက်များစွာဆိုးရွားသည်။
“ ဒီတစ်ခါတော့ ငါတကယ် လွန်သွားပြီ ... ။ ”
စုရီမှ နှုတ်ခမ်းများတွန့်သွားပြီး သူ့ကိုယ့်သူလှောင်ပြောင်သော အပြုံးတစ်ပွင့် ပေါ်လာသည်။ မူလက ဤသားရဲကို လိုက်လံ တိုက်ခိုက်ရန်ဆန္ဒမရှိချေ။
တံငါသည်၏ အကြောင်းတရား စည်းမျဉ်းစွမ်းအားကို ဖျောက်ဖျက်ပစ်ရန် နည်းလမ်းရှိသည်။
သို့သော် အချို့သောအရာများကို အတည်ပြုပြီး ခွန်အားပေါ်မြှင့်တင်ရန်အတွက် မျှားယူခဲ့ခြင်းဖြစ်၏။
ရလဒ်အနေဖြင့် အမှန်တကယ်ပင် အဆင့်ချိုးဖြတ်နိုင်ခဲ့သည်။ တစ်ဖက်တွင်လည်း ကြီးမားသောဆုံးရှုံးမှုကို ခံစားလာရ၏။
“ ဒီနေ့ကစပြီး နတ်ဘုရားတွေကိုရန်စဖို့ အလွယ်တကူ လုပ်ဆောင်တော့မှာ မဟုတ်ဘူး။ ”
တစ်ယောက်တည်း တိုးတိုးပြောကြားလိုက်သည်။ ယနေ့တိုက်ပွဲမှာ နတ်ဘုရားတစ်ပါးနှင့် ပြိုင်ပွဲပေပင်။
တိမ်လွှာယန္တရားစံအိမ်၏ အစွမ်းထက်သောပုဂ္ဂိုလ်များအပြင် နတ်ဘုရား သံတမန်အဖြစ် ပေါ်လာသော သားရဲကြီးသည် တံငါသည်နတ်ဘုရားဖြစ်၏ အမိန့်ဖြစ်၏။
တစ်နည်းအားဖြင့် အချိန်မြစ်ကြီးပြင်ပရှိ တံငါသည်နတ်ဘုရားနှင့် သူ ယှဉ်ပြိုင်နေရခြင်း ပေပင်။ ယနေ့တွင် သူ့ ကျင့်ကြံမှုအဆင့်သည် အကြီးမားဆုံးအားနည်းချက် ဖြစ်လာခဲ့၏။
တစ်ချိန်က ဝမ်ယဲ့ဘဝတွင် အချိန်မြစ်ကြောင်းအတွင်း နတ်ဘုရားများ၏ လိုက်လံဖမ်းဆီးခြင်းကို ခံခဲ့ရကာ အသက်လု ပြေးခဲ့ရဖူးသည်။
လျှို့ဝှက်ဆန်းကြယ်သော အရိုးလက်ပိုင်ရှင်အမျိုးသမီး၏ အဆိုအရလည်း သူ့ အတိတ်နှစ်ဘဝတွင် နတ်ဘုရားများ၏ အနိုင်ယူခြင်းကို ခံခဲ့ရဖူး၏။
“ အခုကစပြီး ငါ့ကို ဆူးတစ်ချောင်းလို ဖယ်ရှားချင်နေကြတဲ့ နတ်ဘုရားတွေအားလုံးကို သေချာပေါက် ငါသတ်ပစ်မယ်။ ”
စုရီက ဆုံးဖြတ်ချက် ချလိုက်သည်။ ထို့နောက်အသက်ပြင်းပြင်းရှူလျက် ဒဏ်ရာများ အပေါ် စစ်ဆေးလိုက်သည်။
ပြင်းထန်သော နာကျင်မှုများ ဝင်ရောက်လာပြီး ယိုင်လဲကျသွားတော့၏။ အံကြိတ်လျက် ချက်ချင်း ထရပ်ကာ ရွေ့လျားလိုက်ရသည်။
သူ၏ လက်ရှိဦးစားပေး အခြေအနေမှာ ကုသရန်မဟုတ်ဘဲ တိုက်မြေပြင်မှ အမြန်ဆုံး ထွက်ခွာသွားရန်ဖြစ်၏။
နာရီဝက်အကြာတွင် မြင်ကွင်းထဲ မြစ်ကြီးတစ်စင်း ပေါ်လာသည်။ ထိုစဉ်အသိစိတ် မှုန်ဝါးလာပြီး ခန္ဓာကိုယ်ကို ထိန်းချုပ်မရအောင် ယိမ်းထိုပြိုလဲသွားတော့၏။
“ ငါ ပေါ့လျော့ခဲ့တယ် ... ခဏတာ ပျော်ရွှင်မှုကိုပဲ ရှာဖွေနေခဲ့တာ အခုတော့ ငါ့ကို ဒီအခြေအနေမှာ ရှိနေရပြီ … ။ ”
စုရီတစ်ယောက် မျက်မှောင်ကြုတ် သွားသည်။
“ မဟုတ်ဘူး ... ငါ့ပေါ့လျော့မှုကြောင့် မဟုတ်ဘူး ငါ့ရဲ့စိတ်အခြေအနေက ဝမ်ယဲ့ရဲ့ လွှမ်းမိုးမှုကို ခံရတာ သိသာပါတယ် … ။ ”
ထိုအတွေးက အဖြေကိုရှာတွေ့သွား၏။ တိုက်ပွဲအတွင်း သူ့စိတ်နေစိတ်ထားမှာ လုံးဝပင် မောက်မာလွန်းနေသည်ကို သတိထားမိသည်။
နတ်တမန်တော်တစ်ပါးနှင့် တိုက်ခိုက်နေရသော်မှ လုံးဝဂရုမစိုက်ခဲ့ချေ။ ဤသည်မှာ တစ်ချိန်က အင်မော်တယ်ဘုရင် အဆင့် အထွတ်အထိပ်ခွန်အားမျိုး ရှိခဲ့ဖူးသော ဝမ်ယဲ့၏မာနဖြစ်သည်။
ဝမ်ယဲ့သည် အင်မော်တယ်မြေအတွင်း မည်သည့်ပြိုင်ဘက်ကိုမျှ ဂရုမစိုက်သည်မှာ သဘာဝပေပင်။ ထို့ကြောင့် သူ့၌ပြင်းထန်သော ဒဏ်ရာများ ရရှိခဲ့ခြင်းဖြစ်သည်။
“ ဒီည မင်း ငါ့ကို တကယ်ပဲ ဖျက်ဆီးလုနီးပါးပါပဲ ဒါပေမယ့် နောက်ဆုံးတော့ သတိမထားမိတဲ့ ငါ့အမှားလည်း ဖြစ်တယ်။”
ယနေ့အတွေ့အကြုံများကို ပြန်လည်စဉ်းစားပြီးနောက် အချင်းအရာ အချို့ အပေါ် နားလည်လာသည်။
အင်မော်တယ်နယ်မြေသို့ ပြန်ရောက်ပြီးနောက် ဝမ်ယဲ့၏မှတ်ဉာဏ်များ၊ အတွေ့အကြုံများနှင့် စိတ်ခံစားမှုများသည် မကြာခဏဆိုသလို လွှမ်းမိုးလာ၏။
အဖြူရောင် သမင်တောင်တန်း၊ ချီဖူဖန်း စသည့် ပုံရိပ်များသည် ဝမ်ယဲ့မှ လက်ခံယူခဲ့ခြင်း ဖြစ်လေသည်။ ထိုသိမ်မွေ့သော လွှမ်းမိုးမှုတွင် သူ့နှလုံးသားမှာ ထိခိုက်ခဲ့ရ၏။
ဝမ်ယဲ့၏ အမှတ်တရများနှင့် အတွေ့အကြုံများကို လုံးဝမဖျက်ပစ်ခဲ့သော် ဤသို့ကြုံရမည်မှာ သဘာဝပေပင်။
“ စိတ်ဝင်စားစရာ ကောင်းလာပြီ။ ”
ကိုယ့်ကိုယ်ကို ယှဉ်ပြိုင်ခြင်းသည် အမှန်ပင်ခက်ခဲချေ၏။ မည်သို့ပင်ဆိုစေကာမူ ဤသည်မှာ ကြုံရမည့် သဘာဝပေပင်။
အတွေးများဖြင့် ပတ်ဝန်းကျင်ကို ဝေ့ကြည့်ပြီးနောက် ဝင်စားခြင်းဥပဒေအပေါ် အသက်သွင်းလျက် သူ့ကိုချည်နှောင်ထားသည့် ကံကြမ္မာအပေါ် ဖျက်ဆီးရန်ကြိုးစားလိုက်စဉ် သတိလစ်သွားတော့သည်။
ထိုညမှာပင် တိမ်လွှာယန္တရားစံအိမ်မှ တန်ခိုးကြီးပုဂ္ဂိုလ်များ ထပ်မံရောက်ရှိလာကာ တိုက်ပွဲမြေပြင်ကို စုံစမ်းစစ်ဆေးပြီးနောက် ချက်ချင်းသတင်းပြန်ပို့လိုက်ကြ၏။
“ မအောင်မြင်ဘူးလား ဗလာနယ်ပယ်အင်မော်တယ် အယောက်(၂၀)နဲ့ အမည်ခံ အင်မော်တယ်တစ်စုက သာမန် တိမ်ပေါ်ပျံသန်းခြင်းအဆင့်က ...
... တစ်စုံတ်စယောက်ကိုတောင် မဖမ်းမိဘူးလား ... အရှင်နတ်ဘုရားသခင်ရဲ့ နတ်ဘုရားသံတမန်တောင် သေပြီ။ ”
မိုးတိမ်ယန္တရားစံအိမ်အတွင်း စုန့်ရှောင်ချန်းတစ်ယောက် မျက်နှာတင်းမာကာ ဒေါသများပေါက်ကွဲလာသည်။ ဤသတင်းသည် မယုံနိုင်စရာပေပင်။
ယနေ့ပစ်မှတ်ကို မဖမ်းမိလိုက်သဖြင့် အကျိုးဆက်ခံရပေမည်။ တစ်ဖက်လူအနေဖြင့် အကြောင်းတရားအမှတ်အသားကို ဖြတ်ပစ် လိုက်ပုံရသည်။
ထပ်မံ ခြေရာခံ၍ မရတော့ချေ။ အကြောင်းတရားအမှတ်အသား မရှိတော့သည့် နောက်တွင် ကောက်ရိုးပုံထဲ အပ်တစ်ချောင်း ရှာဖွေနေရသလို ခက်ခဲသွားပေမည်။
တစ်ရက်အကြာတွင် အဖြူရောင် သမင်တောင်တန်း အင်မော်တယ် နန်းတော်သို့ လူရိပ်များ ဆင်းသက်လာသည်။
ဤသည်မှာ ထိုက်ချင်းဂိုဏ်း၏ သံတမန် မိုရှန်ချန်ပေပင်။ သူ့နှင့်အတူ အင်အားစုများစွာမှ ကြောက်စရာကောင်းသော ပုဂ္ဂိုလ်ကြီးများ လိုက်ပါလာခဲ့သည်။
သူတို့ထဲတွင် ကျင့်ကြံမှု အားအနည်းဆုံးသူများပင် သူတော်စင်သခင် အဆင့်တွင်ရှိ၏။ သူတို့ရောက်ရှိလာသည်နှင့် ပိုင်လုတောင်တန်းတစ်ခုလုံး လေးလံသော လေထုကို ဖြစ်ပေါ်လာစေသည်။
“ ဟမ့် ... မင်းတို့ရဲ့ ထိုက်ချင်းဂိုဏ်းက ကြိုတင်လုပ်ဆောင်ခဲ့ပေမယ့် နောက်ဆုံးတော့ တစ်ယောက်ကိုတောင် မရလိုက်ပါလား ရယ်စရာကောင်းလိုက်တာ ဟားဟားဟား။ ”
တစ်စုံတစ်ယောက်က မိုရှန်ချန်ချင်ကို လှောင်ပြောင်ရယ်မောလိုက်သည်။ မိုရှန်ချန်မှာ မျက်နှာအေးစက်သွား၏။
“ ဘယ်လောက်တောင် နှမြောစရာ ကောင်းလိုက်လဲ နှစ်ပေါင်းများစွာအတွင်း ပထမ အကြိမ်အဖြစ် အင်မော်တယ်တံခါးပွင့်ခဲ့တယ် သူတို့က ဘယ်လောက်တောင် ...
... တောက်ပပြီး အစွမ်းထက်မလဲဆိုတာ သိခွင့်မရတော့ဘူး ဘာဖြစ်ဖြစ် သေချာပေါက် ပါရမီရှင်တွေဆိုတာ ငါပြောဝံ့တယ်။ ”
“ အခုတော့ တစ်စုံတစ်ယောက် လုယူသွားပြီမဟုတ်လား ဘယ်သူဖြစ်မယ်လို့ မင်း ထင်လဲ။ ”
“ ဘယ်သိမလဲ ... မင်း မမြင်ဘူးလား လူတိုင်း မှတ်ဉာဏ်တွေ ဖျက်ဆီးခံလိုက်ရတယ် သဲလွန်စတစ်ခုမှ ရှာမတွေ့နိုင်ဘူး။ ”
လူအုပ်ကြီးသည် သက်ပြင်းချလျက် မိုရှန်ချန်ထံနှုတ်ဆက်လာသော လမ်းညွှန်များ၏ မသက်မသာ အမူအရာများထံ စိတ်ပျက်စွာ ကြည့်လိုက်ကြတော့၏။
“ ဘာပဲဖြစ်ဖြစ် ဒီကိစ္စကို ဒီလိုထားခဲ့လို့မရဘူး။ ”
တစ်စုံတစ်ယောက်က ပြောကြားလိုက်သည်။ အဆုံးတွင် သူတို့သည် အင်မော်တယ်နယ်မြေ၌ ထိပ်တန်းအင်အားစုများဖြစ်၏။
ထို့ကြောင့် တစ်စုံတစ်ဦး၏ အနိုင်ယူသွားခြင်းကို လက်မခံလိုကြသေးချေ။ မိုရှန်ချန်မှ အဝေးသို့ မျှော်ကြည့်လျက်၊
“ ငါ့အမိန့်ကို ဖြန့်လိုက်ပါ ... ကျင်းပြည်နယ်အတွင်းမှာ သံသယဖြစ်ဖွယ် လူတွေကို ရှာဖွေပါ။ ”
-ဟု အမိန့်ပေးလိုက်သည်။
“ ဝုန်း ... ။ ”
ထိုနေ့မှာပင် အင်မော်တယ် တံခါး တိုက်ပွဲသတင်းသည် ထိုက်ချင်းဂိုဏ်းချုပ်ချီနီထံ ရောက်ရှိလာသည်။ ဤသတင်း ကြားချိန်တွင် ချီနီသည် သူ့ဗျပ်စောင်းကို ရိုက်ခွဲပစ်လိုက်၏။ ဒုတိယမြောက် ဗျပ်စောင်းပေပင်။
***