← Chapters

အခန်း (၁၁၅၁-၁၁၅၂)

Vol. 96 Ch. 1151-1152

အခန်း (၁၁၅၁-၁၁၅၂)

Vol. 96 Ch. 1151-1152

အခန်း ၁၁၅၁ -

နက်နဂါးဈေး ... ။

နဂါးနက်ဈေးဟူသည် အင်မော်တယ်မြေရှိ အဓိကမှောင်ခိုဈေးသုံးခုအနက် တစ်ခုဖြစ်သည်။ ၎င်း၏တည်နေရာသည် သီးခြားကမ္ဘာငယ်တစ်ခု အတွင်း တည်ရှိချေ၏။

ထိုကြောင့် စျေးမြို့သို့ ဝင်ရောက်ရန် နည်းလမ်းနှစ်ခုသာရှိသည်။ ပထမနည်းလမ်းမှာ ယခင်ရောက်ဖူးသော တစ်စုံတစ်ဦးမှ ခေါ်ဆောင်ခြင်းဖြစ်၏။

ဒုတိယအချက်မှာ လျှို့ဝှက် လမ်းကြောင်းမှတစ်ဆင့် နဂါးနက်တိုကင်ကို ဝယ်ယူခြင်းဖြစ်သည်။

သို့သော် စုရီနှင့် ချင်းဝေတို့အတွက်မူ သဘာဝအတိုင်း ၎င်းတို့ကိုမလိုအပ်ချေ။ စုရီက နဂါးနက်စျေးမြို့ဝင်ပေါက်ကို ကောင်းစွာ သိရှိထားလေသည်။

နဂါးနက်စျေးမြို့ ကောင်းကင်တွင် သွေးနီရောင်နေမင်းကြီးသည် မြင့်မားစွာ ချိတ်ဆွဲထားပြီး ကြက်သွေးရောင် အလင်းများ ထုတ်လွှတ်နေသည်။

ရှေးဟောင်း အဆောက်အအုံများမှာ ကွေ့ကောက်သောလမ်းမကြီး တစ်လျှောက် ရှည်လျားကာ အဆုံးမရှိချေ။

ဤအချိန်တွင် လမ်းသည် အတော်ပင် သက်ဝင်လှုပ်ရှားကာ ဖွင့်လှစ်ထားသည့်ဆိုင်များ အတွင်း လူအများအပြား စူးစမ်းနေကြသည်။

ထိုသူများ အားလုံးသည် အမည်ခံ အင်မော်တယ်အဆင့်တွင် ဖြစ်၏။ ၎င်းထက် နိမ့်ကျသော ကျင့်ကြံသူများသည် သက်ဆိုင်ရာ အကြီးအကဲများ၏ ကာကွယ်မှုအောက်၌ ရှိနေကြချေပြီ။

“ သခင်လေး ဒီနဂါးနက်စျေးမြို့ကို ... နဂါးရုပ်ကြွင်းတွေနဲ့ တည်ဆောက်ထားတယ်လို့ ကောလာဟလတွေထွက်နေတယ် ဒါက တကယ်ပဲ ဖြစ်နိုင်မလား။ ”

ချင်းဝေက တိုးတိုးလေးမေးလိုက်၏။ ယနေ့တွင် သူမသည် ရိုးရှင်းသောဝတ်ရုံရှည်ကို ဝတ်ဆင်ထားပြီး ဆံပင်ရှည်များကို ထုံးဖွဲ့ထားချေသည်။

သွယ်လျကြော့ရှင်းသော လည်တိုင်မှာ မြင်သူတိုင်းကို ဆွဲဆောင်နိုင်၏။ မျက်နှာပေါ်ရှိ အလှအပများအတွက်မူ အနားကျယ်လှသော ဝါးဦးထုပ်ဆောင်းလျက် ဖုံးကွယ်ထားသည်။

“ ဟုတ်တယ် အဲဒီနဂါးရုပ်ကြွင်းတွေက အရှေ့ပင်လယ်ရဲ့ ... အနက်ရှိုင်းဆုံးနေရာကနေ လာတာပါ အရှေ့ပင်လယ် နဂါးနန်းတော်ရဲ့ ရုပ်ကြွင်းတွေပဲ။ ”

စုရီ အတည်ပြုပေးလိုက်သည်။

“ ဒါပေမယ့် ... အရှေ့ပင်လယ် နဂါးနန်းတော်က အချိန်မြစ်ထဲမှာ ပျောက်ကွယ် သွားပါပြီး ... ဒဏ္ဍာရီတစ်ခု အဖြစ်သာ ကျန်ရှိတော့တယ်။ ”

“ တကယ်ပဲ အဲဒီလိုလား။ ”

ချင်းဝေက အံ့အားသင့်သွားသည်။ စုရီကကောင်းကင်ပေါ်ရှိ အနီရောင်နေမင်းကို မော့ကြည့်ကာ၊

“ အဲဒီနေမင်းကို နဂါးပုလဲလို့ခေါ်တယ် အစစ်အမှန် နဂါးတစ်ကောင်ရဲ့ မျက်လုံးကနေ သန့်စင်ထားတဲ့ ရတနာတစ်ခုပဲ ...

... ဒီရတနာက နဂါးနက်ဈေးမြို့ရဲ့ တည်ငြိမ်မှုအပေါ် ခြိမ်းခြောက်လာနိုင်တဲ့ ဘယ်သူ့ကိုမဆို စောင့်ကြည့်ပြီး ...

... နဂါးအရိပ် စစ်သည်တွေဆီ သတင်းပေးပို့တယ် ဒါပေမယ့်ဒီနဂါးပုလဲကြောင့် ဘေးကင်းတယ်လို့တော့ မဆိုလိုပါဘူး။ ”

ချင်ဝေက အံ့အားသင့်သွားသည်။

“ တကယ်ပဲ မှောင်ခိုဈေးကွက်ကြီး သုံးခုထဲက တစ်ခုအနေနဲ့ သူ့ရဲ့ဂုဏ်သတင်းက ထိုက်တန်ပါပေတယ်။”

သူမစကားကို စုရီမှ ခေါင်းညိတ် ထောက်ခံလိုက်လေသည်။

“ နဂါးနက်စျေးမြို့မှာ လူသစ်တွေအတွက် အလွယ်တကူလှည့်စားခံရနိုင်ပြီး .. သူတို့မသိဘဲ အသက်ဆုံးရှုံးသွားတတ်တာ ခဏခဏပါပဲ။ ”

“ ဟမ့် ... ဒါကို နဂါးနက်သခင်က ခွင့်ပြုနေတာလား။ ”

ချင်းဝေမှ စိတ်ဝင်စားသွားသည်။

“ ဒါက မှောင်ခိုဈေးမြို့ပါ ... စည်းမျဉ်းတွေအပေါ် မချိုးဖောက်ကြသရွေ့ အဲဒီနဂါးအိုကြီးက မျက်ကွယ်ပြုထားလိမ့်မယ် ...

... ဒါပေမယ့် ဒါတွေက စည်းမျဉ်းဟောင်းတွေပါ အဲဒီနဂါးအိုကြီးက ကွယ်လွန်သွားပြီလား ... ဒီနဂါးနက်စျေးမြို့ရဲ့ လက်ရှိပိုင်ရှင်က ဘယ်သူလဲဆိုတာတောင် ငါတကယ်မသိသေးဘူး။ ”

စုရီက တွေးတွေးဆဆဖြင့် ဖြေကြားလိုက်သည်။ ထို့နောက် ရုတ်တရက် အဝေးသို့ မျှော်ကြည့်လိုက်တော့၏။ အဖြူရောင် ဝတ်လုံနှင့် အဖိုးကြီးတစ်ယောက် ကြင်နာစွာ ပြုံးလျက် သူတို့ထံသို့ လျှောက်လှမ်းလာ နေသည်ကို မြင်လိုက်ရသည်။

“ တာအိုမိတ်ဆွေတို့ မင်္ဂလာပါ ... ငါမင်းတို့အတွက် တစ်ခုခု လုပ်ပေးစရာများ ရှိနေလား။ ”

အဘိုးကြီးမှ ရှေ့တိုးလာပြီး ဦးညွှတ်နှုတ်ဆက်သည်။ စုရီက ထိုသူထံ ညွှန်ပြကာ၊

“ ဒီမှာကြည့်လိုက် ... သူ့လို ဒေသခံအဘိုးကြီးတစ်ယောက်က လူသစ်တွေ အပေါ် ပစ်မှတ်ထားတတ်တယ် ...

... သူက မင်းရဲ့နောက်ခံကို စုံစမ်းသိရှိသွားတာနဲ့ ဘယ်လိုစက်ဆုပ်ရွံရှာဖွယ် ကောင်းတဲ့ လုပ်ရပ်မျိုးကိုမဆို လုပ်ဝံ့တယ်။ ”

-ဟု ချင်းဝေကို ပြောပြလိုက်သည်။

ဤသို့ ဖုံးကွယ်ထားခြင်းမရှိဘဲ တိုက်ရိုက်စော်ကားခြင်း ခံလိုက်ရသော ဒေသခံ အဖိုးကြီးခမျာ မျက်နှာပျက်ယွင်းသွား၏။

“ သခင်လေး ... မင်းအထင်လွဲနေပြီ ... ဒီအဖိုးကြီးကနဂါးနက်ဈေးမှာ နိမ့်ကျလွန်းတဲ့ လူတစ်ယောက်ပါ ... ။ ”

“ အသက်သုံးရှိုက်စာအတွင်း ငါ့မျက်စိရှေ့ကနေ ထွက်သွား ... မဟုတ်ရင် မင်းလုပ်ခဲ့တဲ့ သူတွေအတွက် ငါလက်စားချေဖို့ တွန့်ဆုတ်နေမှာ မဟုတ်ဘူး။ ”

“ မင်း ... ။ ”

စုရီ၏ ပြောင်ပြောင်တင်းတင်း မောင်းထုတ်မှုကြောင့် အဖိုးကြီးသည် ချက်ချင်း ဒေါသထွက်လာသော်လည်း ချင်းဝေထံမှ အေးစက်သောအကြည့်ကြောင့် ချက်ချင်း ဆုတ်ခွာ ထွက်ပြေးသွားတော့၏။

သူ့အမြင်တွင် စုရီသည် ကျင့်ကြံမှုကင်းမဲ့နေသော သခင်လေးတစ်ပါး ဖြစ်ချေ၏။ ထို့ကြောင့် သားကောင်အဖြစ် ရွေးချယ်လိုက်ခြင်းပေပင်။

သို့သော် ချင်းဝမ်၏ အကြည့်တွင် သူတော်စင်တစ်ပါး၏ ရောင်ဝါကို ခံစားရသဖြင့် ထိတ်လန့်သွားခြင်းဖြစ်၏။

“ ဒီနှစ်ယောက်က နဂါးနက်ဈေးကို ပထမဆုံးအကြိမ် ရောက်လာတာ မဟုတ်ဘူး ဆိုတာ ရှင်းနေတယ်။ ”

“ စိတ်ဝင်စားစရာပဲ နဂါးနက်စျေးကို ဒီရက်ပိုင်းအတွင် ဝင်လာတဲ့ ဧည့်သည်တွေက အရမ်းသန်မာကြတယ်။ ”

“ ဝိညာဉ်တစ်သောင်းဂိုဏ်းက ဒီနဂါးနက်ဈေးမြို့မှာ ပွဲတစ်ခုကျင်းပမယ်လို့ ကြေငြာထားတယ် အဲဒါကြောင့် အစွမ်းထက်တဲ့ ပုဂ္ဂိုလ်တွေ ရောက်ရှိလာတာဖြစ်မယ်။ ”

လမ်းသွားလမ်းလာများက စုရီတို့ စကားဝိုင်းကိုအကဲခတ်နေရာမှ တီးတိုးစကား ဆိုလာကြတော့သည်။

တစ်ဖက်တွင် ချင်းဝေသည် ဝိညာဉ် တစ်သောင်းဂိုဏ်းမှ သူတို့၏ပွဲကို နက်နဂါးဈေး တစ်ခွင် ပျံ့နှံ့စေခဲ့ကြောင်း သိရှိလိုက်၏။

“ ဝိညာဉ်တစ်သောင်းဂိုဏ်းက ဒီနေရာကို ရွေးချယ်ထားတာကြောင့် နက်နဂါးဈေးပိုင်ရှင်နဲ့ ထူးခြားတဲ့ ဆက်ဆံရေး ရှိနေရမယ်။ ”

စုရီက ပတ်ဝန်းကျင်မှ အသံများကို နားထောင်ကာ မှတ်ချက်ပေးလိုက်၏။ ချင်းဝေမှ စကားမဆိုခဲ့ချေ။ ထို့နောက် လမ်းဘေးရှိ စျေးဆိုင်တစ်ဆိုင်သို့ တန်းသွားပြီး နဂါးနက်ဈေး ပိုင်ရှင်အမည်ကို မေးမြန်းလိုက်သည်။

ဆိုင်ရှင်မှ သူ့ကိုမျက်လုံးလှန်ကြည့်လျက်၊

“ ငါက ဘာလို့ မင်းကို ပြောပြရမှာလဲ။ ”

-ဟု ပြန်ဖြေ၏။

စုရီမှ စကားမဆိုတော့ဘဲ အင်မော်တယ် ကျောက်တုံးများစွာကို ပစ်ချပေးလိုက်တော့၏။ သို့မှသာ ဆိုင်ရှင်ကပြုံးပြီး အင်မော်တယ် ကျောက်တုံးများကို သိမ်းဆည်းလေသည်။

“ လုံလောက်ပြီလား ... ။ ”

“ လုံလောက်ပြီ ... လုံလောက်ပြီ ... ရိုးရိုးသားသားပြောရရင် ဒီနက်နဂါးဈေးရဲ့ လက်ရှိအုပ်ချုပ်သူက နဂါးနီသခင်ပဲ ...

... လျှို့ဝှက်ဆန်းကြယ်ပြီး သူ့ရဲ့ ကျင့်ကြံမှုဟာ နားမလည်နိုင်စရာပါ နဂါးနက် ဈေးကို တာဝန်ယူထားတဲ့အတွက် သူတော်စင် အင်မော်တယ်တွေတောင် ပေါ့ပေါ့တန်တန် မလုပ်ဝံ့ကြဘူး။ ”

“ နဂါးနက်နဲ့ အဲဒီနဂါးနီသခင် ဘယ်လိုပတ်သတ်လဲ။ ”

“ အဲဒါတော့ ငါ မသိဘူး။ ”

စုရီက အင်မော်တယ်ကျောက်တုံးများကို ထပ်မံထုတ်ယူလိုက်သည်။ သို့သော် ဆိုင်ရှင်မှ ခါးသီးစွာ ခေါင်းရမ်းပြလျက်၊

“ ညီအစ်ကို ... ငါမင်းကို မပြောပြတာမဟုတ်ဘူး ငါတကယ်မသိတာပါ ငါတစ်ယောက်တည်း မဟုတ်ဘူး ဒီ‌စျေးမြို့မှာ ရှိနေတဲ့ ဘယ်သူမဆို မသိကြဘူး ...

... ငါ့အကြံဉာဏ်ကို နားထောင်ပါ နဂါးနက်စျေးမြို့မှာ နဂါးနီသခင်အကြောင်း မမေးပါနဲ့ ... မဟုတ်ရင် မလိုလားအပ်တဲ့ ပြဿနာတွေကို ဖြစ်စေလိမ့်မယ်။ ”

-ဟု ဖြေကြားလိုက်သည်။ စုရီမှ မျက်ခုံးပင့်လိုက်ပြီး၊

“ ကျေးဇူးတင်ပါတယ် ... ။ ”

-ဟု တုန့်ပြန်ကာ ထွက်ခွာလာခဲ့၏။

တစ်ဖက်တွင် ဆိုင်ရှင်သည် စုရီနောက်ကျောကို ကြည့်လျက် လေးပင်စွာ ခေါင်းယမ်းလိုက်လေသည်။

ဤလူသည် သူ့အကြံပြုချက်အပေါ် နားထောင်မလားဆိုသည်ကို သူ ဂရုမစိုက်ချေ။ သေချာသည်မှာ နဂါးနီသခင်အကြောင်း စူးစမ်း သူများအတွက် အဆုံးသတ်မှာ သေခြင်းဖြစ်၏။

လမ်းတွင် ချင်းဝေသည် မျက်မှောင်ကြုတ်ကာ၊

“ သခင်လေး ... အဲဒီနဂါးနီက သူ့ရဲ့မူလအစကို ဘာလို့ဖုံးကွယ်ချင်နေရတာလဲ ဒါက အရမ်းလျှို့ဝှက်လွန်းတယ် မဟုတ်လား။ ”

-ဟု မေးမြန်းလိုက်၏။

“ ဒါတွေကို အာရုံစိုက်မနေနဲ့တော့ ... ။ ”

စုရီက ပေါ့ပေါ့ပါးပါးပင် တုန့်ပြန်လိုက်သည်။ နဂါးနက်စျေးတွင် ရောင်းချသော ရတနာများမှာ အမျိုးအစားစုံလင်ပြီး ထူးဆန်းချေ၏။

အများစုသည် ရှားပါးလေသည်။ မျိုးသုဉ်းလုနီးပါးဖြစ်နေသော သားရဲခန္ဓာကိုယ် အစိတ်အပိုင်းများနှင့် ဒဏ္ဍာရီလာ မျိုးဆက်သွေး တချို့ကိုပင် ရရှိနိုင်မည်။

ဥပမာအားဖြင့် အင်မော်တယ်ဘုရင် ရုပ်ကြွင်းများ၊ လျှို့ဝှက်နည်းစနစ်နှင့် ရှားပါး နတ်သားရဲချီလင်၏ မျိုးဆက်သွေးများဖြစ်၏။

ပြင်ပတွင် ထိုသို့သောပစ္စည်းများကို ရောင်းချဝံ့သော် မည်သူမဆို အမဲလိုက်ခံရမည် ဖြစ်၏။ နဂါးနက်စျေးအတွက်မူ သာမန် ရောင်းကုန်တစ်ခုပေပင်။

“ တစ်ခါတလေ လမ်းမပေါ်မှာ ရောင်းချနေတဲ့ပစ္စည်းတွေကြားမှာ ရတနာ အချို့ကိုရှာတွေ့နိုင်ပေမယ့် အများစုက ...

... သိပ်တန်ဖိုးမရှိပါဘူး ... ဈေးသက်သက်သာသာနဲ့ ပစ္စည်းတစ်ခုကို ရဖို့ဆိုတာ ပိုပြီး မဖြစ်နိုင်သလောက်ပဲ။ ”

စုရီက လမ်းဘေး‌စျေးဆိုင်များကို ဖြတ်ကျော်လာနေစဉ် အပြင်မှလှမ်းကြည့်ကာ ပြောကြားလိုက်လေသည်။

နာရီဝက်မျှ ကုန်လွန်ပြီးနောက် စုရီသည် အင်မော်တယ် ဆေးဖက်ဝင်အပင် အနည်းငယ် ရှာဖွေနိုင်ကာ ဝယ်ယူခဲ့၏။

သည့်နောက် နှစ်ယောက်သား တည်းခိုခန်းတစ်ခုတွင် အနားယူရန် ဆုံးဖြတ် လိုက်သည်။ တည်းခိုခန်းသည် အခန်းများ ပြည့်နှက်နေသဖြင့် နှစ်ယောက်ခန်းသာရရှိ၏။

ချင်းဝေမှ ဂရုမစိုက်ချေ။ စုရီသည်လည်း အလားတူပေပင်။ တာအိုလမ်း၌ အမျိုးသားနှင့် အမျိုးသမီး အခန်းတစ်ခန်းကို မျှဝေသုံးခြင်းမှာ အသေးအဖွဲဖြစ်၏။

“ သခင်လေး၊ လမ်းတစ်လျှောက်မှာ အမည်ခံအင်မော်တယ် ... ရာပေါင်းများစွာနဲ့ ဗလာနယ်ပယ်အင်မော်တယ် ဆယ်ဦးကျော် တွေ့ခဲ့ရတယ် သူတော်စင် အင်မော်တယ် လေးပါးတောင် ပါနေသေးတယ် ...

... ဒီနဂါးနက်ဈေးမှာ အစွမ်းထက်တဲ့ ပုဂ္ဂိုလ်တွေ တကယ်ပဲ ပုန်းအောင်းနေတာလား မယုံနိုင်စရာပဲ။ ”

ချင်းဝေက ရုတ်တရက် မေးမြန်း၏။ လမ်းခရီးတွင် အာရုံစိုက်မှုရှောင်ရှားရန်အတွက် စုရီမှသူ့ကို သခင်လေးအဖြစ်သာ ခေါ်ဆိုစေသည်။ စုရီမှ တွေးတောလျက်၊

“ ဒါက တကယ့်ကို ... နည်းနည်း ထူးဆန်းနေတယ် ဝိညာဉ်တစ်သောင်းဂိုဏ်းက ကျင်းပတဲ့ ဓမ္မညီလာခံနဲ့ ဆက်စပ်နေတာ ဖြစ်နိုင်တယ်။ ”

-ဟု ပြန်လည်ဖြေကြားလိုက်သည်။

နဂါးနက်ဈေးသည် အင်မော်တယ်မြေ၏ အဓိကအမှောင်ဈေးမြို့ သုံးမြို့အနက်မှ တစ်မြို့ ဖြစ်သော်လည်း အထူးအခြေအနေမရှိသော် ဤသို့စည်ကားနေမည် မဟုတ်ချေ။

“ ဒါနဲ့ ... မင်းရဲ့ ကျင့်ကြံမှုအတားအဆီးကို ချိုးဖျက်နိုင်ခဲ့တယ် မဟုတ်လား။ ”

စုရီမေးခွန်းကို ချင်းဝေမှခေါင်းညိတ်ပြပြီး၊

“ သခင်လေးရဲ့ ဉာဏ်ပညာရှိတဲ့ မျက်လုံးတွေကနေ ငါဖုံးကွယ်ထားလို့ မရဘူး ဆိုတာ သိပါတယ် ...

... အခု အလယ်အလတ် သူတော်စင် အင်မော်တယ်အဆင့်ကို ရောက်ရှိသွားပါပြီ ကျေးဇူးတင်ပါတယ် သခင်လေး။ ”

ထိုအဖြေကြောင့် စုရီမှ ပြုံးလိုက်ပြီး ကျောက်စိမ်းပြားတစ်ချပ်ကို ထုတ်ယူကာ ပစ်ပေးလိုက်တော့၏။

“ ဒါက မင်းရဲ့ လက်ရှိအဆင့်အတွက် အလွန်သင့်တော်တဲ့ လျှို့ဝှက်နည်းစနစ်တစ်ခုပဲ မြန်မြန်ယူလိုက်။ ”

ချင်းဝေက အလျင်အမြန် ဖမ်းယူကာ၊

“ သခင်လေး၊ ဒီကြင်နာမှုကို ... ငါဘယ်တော့မှမမေ့ပါဘူး အနာဂတ်မှာ မင်းသာ ဆန္ဒရှိရင် ငါ့ခန္ဓာကိုယ်နဲ့ပြန်ပေးဆပ်ပါ့မယ်။ ”

-ဟု ရွှင်မြူးစွာ ကတိပေးလိုက်သည်။ စုရီတစ်ယောက် မျက်ခုံးပင့်လျက် သူ့နဖူးကို ကုပ်ခြစ်လိုက်တော့၏။

ဤသို့သော ကျေးဇူးဆပ်နည်းသည် အနည်းငယ်ပြင်းထန်ချေပြီ။ သူ့ကျင့်ကြံမှုတွင် အားနည်းချက်ရှိနေသောကြောင့် အမှန်ပင် စိန်ခေါ်မှုတစ်ခု ဖြစ်လာနိုင်ပေ၏။

“ ဘယ်လိုလုပ် ဒီလူဖြစ်နေရတာလဲ။ ”

တစ်ဖက်တွင် ချင်းဝေသည် စုရီကို လျစ်လျူရှုလျက်ဖြင့် ပြတင်းပေါက်မှတဆင့် လမ်းမပေါ် မျှော်ကြည့်လိုက်ကာ မျက်ခုံးပင့် ရေရွတ်မိတော့၏။

တစ်ဆက်တည်းမှာပင် သူမ၏ မျက်လုံးများတွင် စက်ဆုပ်ရွံရှာမှုအပြည့်ဖြင့် တောက်ပသွားသည်။

စုရီသည်လည်း မော့ကြည့်လိုက်ရာ လမ်းတစ်ဖက်တွင် ဗေဒင်ဟောနေသောအဖိုးအို တစ်ယောက်ကို မြင်လိုက်ရ၏။

ထိုအဖိုးအိုသည် ဆံပင်များ ရှုပ်ပွလျက် မျက်နှာသွယ်လျပြီး မျက်လုံးများမှာတြိဂံပုံစံနှင့် နှာခေါင်းကြီးကြီးပေပင်။

သူ့ရှေ့တွင် ကျောက်စိမ်းရောင်ဝတ်ရုံနှင့် လူတစ်ယောက်သည် အဘိုးကြီးကိုလက်ညှိုးပြီး ဆူပူနေ၏။

“ လူ့ကံကြမ္မာနဲ့ ကံဆိုးမှုတွေကို ဟောကိန်းထုတ်နိုင်လား၊ ဟမ့် ... မင်းဘာကို ဆိုလိုတာလဲ ငါ့မှာ ကံကောင်းခြင်းတွေ အများကြီးရှိတယ် ...

... သူတော်စင်အင်မော်တယ်တောင် ငါ့မှာအကန့်အသတ်မဲ့ အနာဂတ်နဲ့ကောင်းချီး မင်္ဂလာတွေရှိတယ်လို့ ချီးကျူးတယ် ...

... ဒါဆို ဘာလို့ ငါ့မှာ မှောင်မိုက်တဲ့မိုးတိမ်တွေအောက် ကျရောက် နေရမှာလဲ ... မင်း လူလိမ်အဖိုးကြီး။ ”

ထို့နောက် ကျောက်စိမ်းဝတ်လူက မထီမဲ့မြင်ပြုလျက် ဆိုင်ပေါ်ခြေတစ်ဖက်တင်ပြီး အဘိုးကြီးထံငုံ့ကြည့်လိုက်ကာ၊

“ ဟမ့် ... ငါ့ရဲ့ဘေးအန္တရာယ်နဲ့ ကံဆိုးမှုတွေကိုကာကွယ်ဖို့ သူတော်စင်အဆင့် ဆေးဖက်ဝင်အပင် ဆယ်မျိုးပေးရမယ်လား မင်းတကယ်ပဲ ငါ့ကိုအရူးတစ်ယောက်လို့ ထင်နေတာလား ... ဟမ့်။ ”

-ဟု တံတွေးနှင့် ထွေးချလိုက်၏။

ကျောက်စိမ်းရောင် ဝတ်ရုံဝတ်လူမှာ ခမ်းနားထည်ဝါသော အရှိန်အဝါတစ်ခု ရှိနေပြီး တန်ခိုးကြီးသော လူတစ်စုက သူ့အနား ဝိုင်းရံပေးထားသည်။

ထို့ကြောင့် ဗေဒင်ဆရာအဖိုးအိုသည် ဒေါသထွက်လာသော်လည်း သည်းခံနေရ၏။ ချင်းဝေက ထိုမြင်ကွင်းထံကြည့်လျက်၊

“ သခင်လေး၊ အဲဒီလူက ဝိညာဉ်တစ်သောင်းဂိုဏ်းရဲ့ သန့်ရှင်းသော သားတော် ချုံးချီပဲ။ ”

-ဟု မိတ်ဆက်ပေးလာတော့သည်။

***

အခန်း ၁၁၅၂ -

ဗေဒင်ဆရာ ... ။

ချင်းဝေမှ သန့်ရှင်းသောသားတော် ချုံချီထံညွှန်ပြနေသော်လည်း စုရီအကြည့်မှာ ဗေဒင်ဆရာထံ ဦးစွာရောက်၏။

ထို့နောက် ချုံချီထံ ရွေ့လျားသွားပြီး စုရီတစ်ယောက် အရာအားလုံးကို နားလည်သွား လေသည်။

ထိုလူငယ်ထံမှ အလွန်ထူးခြားသော ရောင်ဝါတစ်ခုကို သူ မြင်လိုက်ရချေပြီ။ ယင်းမှာ ချီလင်မျိုးဆက်သွေး၏ အရှိန်အဝါဖြစ်၏။

ချီလင်ဟူသည် ရှေးကျပြီး အစွမ်းထက်လွန်းသော မွေးရာပါ နတ်ဘုရား သားရဲတစ်ကောင် ဖြစ်ချေသည်။

ချီသည် အထီးကို ရည်ညွှန်းပြီး လင်မှာအမကိုရည်ညွှန်း၏။ သို့သော် ချုံးချီ၏ မျိုးဆက်သွေးစွမ်းအားသည် မသန့်ရှင်းဘဲ ရောနှောနေချေပြီ။

“ အဲဒီကောင်လေးက မင်းအပေါ် တာအိုအဖော်ဖြစ်ချင်တဲ့ဆန္ဒက တဏှာထက် ပိုပါတယ်၊ လာ ... သွားကြည့်ရအောင်။ ”

စုရီက တည်းခို‌ဆောင်မှထွက်ကာ ဗေဒင်ဆရာထံ လျှောက်လှမ်းသွားလိုက်သည်။ လူငယ်သည် ဗေဒင်ဆရာအပေါ် ကျိန်ဆဲ၍ မပြီးသေးချေ။

“ ကံဆိုးမှုနဲ့ ကံကောင်းခြင်းကြားမှာ တံခါးမရှိဘူး ဘယ်သူမဆို အချိန်မရွေးကံဆိုးပြီး ကံလည်းကောင်းနိုင်တယ် ... မင်းမယုံရင်တော့ ကောင်းတာပေါ့ ဒါပေမယ့် ဘာလို့ ဒီလူအိုကြီး အပေါ် အသရေဖျက်ချင်နေရတာလဲ။ ”

ဗေဒင်ဆရာက စိတ်ထိခိုက်ဟန်ဖြင့် သက်ပြင်းချလိုက်သည်။ ထိုစကားများကြောင့် လူငယ်မှာ ပို၍ဒေါသထွက်လာပြီး၊

“ အသရေဖျက်တာလား ... ဟမ့် ယုံချင်ယုံမယုံချင်နေ ငါမင်းကိုအခုချက်ချင်း သတ်ပစ်မယ် လူလိမ်အိုကြီး။ ”

-ဟု အော်ဟစ်လျက် လက်ကို မြှောက်ကာပါးရိုက်ရန် ပြင်လိုက်တော့၏။

“ သန့်ရှင်းသောသားတော် သတိထားပါ၊ သူတော်စင်အင်မော်တယ်ချင်းဝေ ဒီကိုရောက်ရှိ နေပါတယ်။ ”

ထိုအချိန်တွင် သူ့ဘေးနားမှ အသက်လတ်ပိုင်းအရွယ် အမျိုးသားသည် ရှေ့လှမ်းတက်ပြီး သတိပေးလိုက်၏။

ချုံးချီတစ်ယောက် မျက်ခုံးပင့်လျက် လှည့်ကြည့်လိုက်ရာ ရင်းနှီးနေသောပုံရိပ်ကို အဝေးမှ မြင်လိုက်ရလေသည်။

ဝါးဦးထုပ်ဆောင်းထားသော်လည်း သူမ၏ပြိုင်ဘက်ကင်း ကောက်ကြောင်းအပေါ် သူ မှတ်မိနေသေးသည်။

“ ဒီတစ်ခါတော့ လူလိမ်အိုကြီး မင်းကံကောင်းသွားတယ်။ ”

ချုံးချီက အေးစက်စက် နှာခေါင်းရှုံ့လိုက်ပြီးနောက် ဗေဒင်ဆရာကို လျစ်လျူရှုကာ ချင်းဝေဆီ လျှောက်သွား၏။

“ မိန်းကလေးချင်း ငါတို့ပြန်ဆုံကြပြီနော် ဒါက ကြိုတင်သတ်မှတ်ထားတဲ့ ကံကြမ္မာတစ်ခု ဖြစ်နိုင်မလား။ ”

“ ကျင့်ကြံမှုအရပဲဖြစ်ဖြစ် ... အဆင့်အတန်းနဲ့ ရာထူးအရပဲဖြစ်ဖြစ် မင်းငါ့ကို စီနီယာလို့ခေါ်သင့်တယ် ကန့်သတ်ချက်ကို ကျော်လွန်အောင် ကြိုးစားနေတာက မင်းကို မယဉ်ကျေးတဲ့ ပုံပေါက်စေတယ်။ ”

“ ဟား ဟား ဟား ... ။ ”

ချင်းဝေစကားကြောင့် ချုံချီခမျာ အံ့အားသင့်သွားပြီး တဟားဟားရယ်မော လိုက်တော့၏။ ထို့နောက်၊

“ အခုကစပြီး ငါတို့က မိသားစုပဲ ... ယဉ်ကျေးမှုနဲ့ စည်းမျဉ်းတွေကို လျစ်လျူရှုလို့ ရပါတယ်။ ”

-ဟု ဆိုကာ အကြည့်များက စုရီထံကျရောက်သွားသည်။

“ သူက ဘယ်သူလဲ ... နေဦး ငါခန့်မှန်းကြည့်မယ်၊ သူက မိန်းကလေးချင်းရဲ့ အစေခံပဲဖြစ်ရမယ် ဟုတ်တယ်မဟုတ်လား။ ”

စုရီ မျက်ခုံးပင့်လိုက်ပြီး ချုံချီထံ ပြန်ကြည့်လိုက်သည်။ သနားစရာကောင်းသော ကလေးကစားကွက်လေးပေပင်။

ဝိညာဉ်တစ်သောင်းဂိုဏ်း သန့်ရှင်းသော သားတော်သည် ထိုမျှရယ်စရာကောင်းလွန်းပြီး ကလေးစိတ် မပျောက်သေးလိမ့်မည်ဟု မထင်ထားမိချေ။

တစ်ဖက်တွင် ချင်ဝေ၏မျက်နှာသည် ပျက်ယွင်းသွားပြီး တစ်ခုခုတုန့်ပြန်ရန် ပြင်စဉ် စုရီကလက်ဝှေ့ယမ်းပြကာ၊

“ သူ့ကို ငါမမြင်ချင်ဘူး ချက်ချင်းထွက်သွားပါစေ ... မဟုတ်ရင် သတ်ပစ်လိုက်။ ”

-ဟု အမိန့်ပေးလိုက်သည်။

ထိုစကားသည် နွေခေါင်ခေါင် မိုးကြိုးပစ်ချလိုက်သလို ပတ်ဝန်းကျင်အပေါ် တိတ်ဆိတ်သွားစေ၏။ ဗေဒင်ဆရာသည်ပင် စုရီထံ မော့ကြည့်လာလေသည်။

ချုံချီတစ်ယောက် မယုံကြည်နိုင်ဟန်ဖြင့် အပြုံးများ ပျောက်ကွယ်သွားကာ၊

“ မင်း ... မင်းဘာပြောလိုက်တယ်။ ”

-ဟု ပြန်မေးသည်။ သွေးဆာနေသော ကြောက်မက်ဖွယ်ရာ အလင်းရောင်သည်လည်း သူ့မျက်ဝန်းများထဲ ထွက်ပေါ်လာ၏။

ချုံချီကိုဝန်းရံထားသော ကျင့်ကြံသူများသည်လည်း ရန်လိုသော အမူအရာများ ပြသလာ၏။

ချင်းဝေက တုန့်ဆိုင်းခြင်းမရှိ ၊

“ မင်း ... မကြားဘူးလား ထွက်သွား။ ”

-ဟု မောင်းထုတ်တော့သည်။

ထိုနောက်တွင် သူတော်စင်အင်မော်တယ် တစ်ပါး၏ ရောင်ဝါကို ပွင့်ပွင့်လင်းလင်းထုတ်ပြ လိုက်ချေ၏။

ဤမတိုင်မီ သူမသည် ဝိညာဉ် တစ်သောင်းဂိုဏ်းအပေါ် သည်းခံနေခဲ့ရသည်။ ယနေ့တွင် ဧကရာဇ်သခင်ထံမှ အမိန့်ရပြီဖြစ်ရာ မည်သည့်အရာကို စိုးရွံ့နေမည်နည်း။

ချုံချီတစ်ယောက် အသက်ရှူ ရပ်သွားလေသည်။ သူတော်စင်အင်မော်တယ် တစ်ပါး၏ လွှမ်းမိုးလွန်းသော ဖိအားကြောင့် အမှန်ပင် ကြောက်လန့်လာသည်။

ထိုစဉ် ချုံးချီဘေးရှိ ပိန်ပိန်ပါးပါးနှင့် အသက်လတ်ပိုင်းအရွယ် အမျိုးသားတစ်ဦးသည် မျက်မှောင်ကြုတ်လျက် ရှေ့သို့တိုးလာကာ၊

“ သူတော်စင်ချင်းဝေ ... မင်းနည်းနည်းလွန်သွားတယ် မထင်ဘူးလား။ ”

-ဟု တုန့်ပြန်မေးမြန်းလိုက်သည်။

ချုံးချီသည်လည်း မျက်နှာပျက်ယွင်းနေပြီး ရှင်းပြချက်ကိုစောင့်မျှော်နေဟန်ဖြင့် ချင်းဝေထံ အေးစက်စွာ ပြန်ကြည့်လိုက်၏။

ချင်ဝေ၏ မျက်လုံးများအတွင်းတွင် သတ်ဖြတ်ခြင်းရည်ရွယ်ချက်များ တောက်ပကာ လျစ်လျူရှုဟန်ဖြင့်၊

“ အသက်သုံးရှိုက်စာအတွင်း ... မထွက်သွားသေးရင် ငါမင်းကိုသတ်ပစ်မယ်။ ”

-ဟု ချုံချီကို တိုက်ရိုက်ပြောလိုက်သည်။

သူမ၏စကားများသည် အေးစက်သော ရေစီးကြောင်းကဲ့သို့ လေထုကို တင်းမာသွားစေ တော့၏။

 ” သူတော်စင်ချင်းဝေ၊ မင်း ... ။ ”

ချုံးချီမှ ဒေါသထွက်လာပြီး တစ်ခုခုပြောတော့မည့်အချိန်တွင် ပိန်ပိန်ပါးပါး အသက်လတ်ပိုင်းအရွယ် အမျိုးသားက သူ့ကို ရပ်တန့်စေလိုက်သည်။

ချင်းဝေ၏ သဘောထားသည် လက်ရှိအချိန်တွင် ခိုင်မာပြတ်သားနေကြောင်း သူမြင်ပြီးဖြစ်၏။ သူမသည် နဂါးနက်စျေးမြို၌ တစ်စုံတစ်ယောက်ကို သတ်ရဲချေပြီ။

“ သူတော်စင်ချင်းဝေ ... ဝိညာဉ်တစ်သောင်းဂိုဏ်း ဓမ္မအစည်းအဝေးကို သုံးရက်နေရင် ကျင်းပပါလိမ့်မယ် ငါတို့ ပြန်တွေ့ကြမယ်။ ”

အဆုံးတွင် ပိန်ပိန်ပါးပါး အသက်လတ်ပိုင်းအရွယ်အမျိုးသားမှ ချုံးချီနှင့် အခြားသူများကို ခေါ်ဆောင်ကာ ချက်ချင်း ထွက်ခွာသွားတော့၏။

ထိုအဖြစ်အပျက်သည် ပတ်ဝန်းကျင်ရှိ လူအတော်များများ၏ အာရုံကို ဆွဲဆောင်ခဲ့ပြီး အံ့အားသင့်မှုမှာ အဆုံးမရှိတော့ချေ။

ဝိညာဉ်တစ်သောင်းဂိုဏ်းသည် ဤမျှဆုတ်ခွာ သည်းခံနိုင်လိမ့်မည်ဟု သူတို့ မထင်ထားသည်မှာ သဘာဝဖြစ်၏။

ထို့ကြောင့် လူတိုင်းက စုရီနှင့် ချင်းဝေထံ စူးစမ်းလိုစိတ်များ ဖြစ်ပေါ်လာသည်။ သို့သော် သူတို့သည် လူမိုက်များမဟုတ်ချေ။ ချဉ်းကပ်ပြီး နှောင့်ယှက်ဝံ့သူသည် သေလူဖြစ်နိုင်၏။

ချင်းဝေဆီကနေ ထွက်ပေါ်လာသော ရောင်ဝါသည် သူတော်စင်အင်မော်တယ်တစ်ပါး ဖြစ်ချေပြီ။

“ စိုးရိမ်နေလား။ ”

စုရီက မေးလိုက်သည်။ ချင်းဝေမှ ခေါင်းခါလျက်၊

“ ဘာလို့ စိုးရိမ်ရမှာလဲ ... နည်းနည်းလေးရှက်နေတာပါ။ ”

-ဟု ပြန်ဖြေသည်။

“ ရှက်နေတာလား ... ။ ”

“ ဟုတ်တယ် ... ဒီဂျူနီယာကြောင့် သခင်လေးကို ဒုက္ခပေးမိပြီ။ ” 

“ ဟား ဟား ဟား ... ဒါကို ဒုက္ခလို့ခေါ်နေတာလား မင်းအတွေးလွန်နေပြီ။ ”

စုရီက ရယ်လိုက်သည်။ ထို့နောက် အရာအားလုံးကို လျစ်လျူရှုလျက် ဗေဒင်ဆိုင်ထံ တည့်တည့်လျှောက်လှမ်းသွားတော့၏။

ချင်းဝေသည်လည်း နောက်ပါးမှ မြန်မြန်လိုက်ပါသွားသည်။ ထိုအချိန်တွင် သန့်ရှင်းသောသားတော်ချုံချီမှ အံကြိတ်လျက်၊

“ အဲဒီမိန်းမက ငါ့ရဲ့ကြိုးပမ်းမှုကို အကြိမ်ပေါင်းများစွာ ငြင်းပယ်ခဲ့ပေမယ့် သူမက ဆက်ဆံရေးကို တကယ်ဖြတ်တောက်ဖို့ ဘယ်တုန်းကမှ မဝံ့ရဲခဲ့ဘူး ဒါပေမယ့် ...

... ဒီနေ့မှာတော့ သူမက ငါ့ကို အဲဒီအစေခံရှေ့မှာ အရှက်ခွဲခဲ့တာပဲ ဒီလိုဖြစ်ဖို့ အကြောင်းပြချက်တစ်ခုတော့ ရှိရမယ်။ ”

-ဟု သုံးသပ်လာခဲ့သည်။

“ ဒါက တကယ့်ကို ထူးဆန်းပါတယ်။ ”

ပိန်ပိန်ပါးပါးနှင့် အသက်လတ်ပိုင်းအရွယ် အမျိုးသားသည်လည်း တွေးဆလျက် မှတ်ချက် ပေးလိုက်၏။

“ သူတော်စင်ချင်းဝေက အားကိုးစရာ တစ်ခုခုရသွားတာများလား။ ”

ထိုစကားကြောင့် ချုံးချီက မျက်မှောင်ကြုတ်လိုက်ပြီး၊

“ ပျော်ရွှင်ခြင်း ကျောက်စိမ်းမျှော်စင်ရဲ့ အင်မော်တယ်ဘုရင်လျိုယွင်က မကျော်လွှား နိုင်တဲ့ ကပ်ဘေးတစ်ခုကို ကြုံတွေ့နေရတယ် ...

... ဒီလိုအချိန်မှာ ချင်းဝေက ငါတို့နဲ့ ဆက်ဆံရေးကို လုံးဝဖြတ်တောက်လိုက်တာက အကျိုးဆက်ကောင်းးနိုင်မှာ မဟုတ်ဘူး။ ”

-ဟု ရှုပ်ထွေးစွာ ရေရွတ်လိုက်သည်။

ပိန်ပိန်ပါးပါးနှင့် အသက်လတ်ပိုင်းအရွယ် အမျိုးသားခမျာ ခေါင်းညိတ်လိုက်ပြီး၊

“ သန့်ရှင်းသောသားတော်၊ ဒီကိစ္စတွေအတွက် စိတ်ပူနေစရာမလိုပါဘူး ဓမ္မညီလာခံကျင်းပတဲ့အခါ သူတော်စင်ချင်းဝေ အတွက် ခေါင်းငုံ့ထားနိုင်ရုံကလွဲလို့ အခြားမရှိစေရဘူးလို့ အာမခံပါတယ်။ ”

-ဟု ကတိပေးလိုက်သည်။ ချုံချီမှ သက်ပြင်းချလျက်၊

“ သူမ ခေါင်းမငုံ့မှာကို စိတ်မပူပါဘူး ဒါပေမယ့် အရမ်းရှက်စရာကောင်းလွန်းတယ် အထူးသဖြင့် အဲဒီကောင်ရှေ့မှာ ... ။ ”

-ဟု ညည်းတွားလိုက်၏။

“ ဟားဟားဟား ... ဒါဆို သူ့ကို အပိုင်းတစ်ထောင် လှီးလိုက်ရအောင် ဒါပေမယ့် ဓမ္မစည်းဝေးပွဲပြီးတဲ့အထိ စောင့်ရလိမ့်မယ်။ ”

သို့မှသာ ချုံးချီတစ်ယောက် မျက်လုံးများ တောက်ပလာပြီး၊

“ ဘာအရေးကြီးလဲ ငါသိပါတယ်။ ”

-ဟု ဆိုလိုက်တော့၏။

ထိုအချိန်တွင် စုရီသည် ဗေဒင်ဆရာဆိုင်ရှေ့တွင် ရပ်ကာ စာညွှန်းထံ ဖတ်ရှုနေ၏။

“ လက်ဖဝါးထဲက နေနှင့်လကို ကြည့်သလို ကမ္ဘာကြီးရဲ့ကံကြမ္မာနဲ့ အကြောင်းတရားအပေါ် တွက်ချက်နိုင်ပါတယ် ...

... ကံမကောင်းတဲ့ နိမိတ်တွေကို ဖြတ်တောက်ဖို့ ကမ္ဘာကြီးကငါ့အင်္ကျီလက်ထဲမှာ ရှိနေတယ်။”

ဗေဒင်ဆရာခမျာ စုရီထံ စိုက်ကြည့်ပြီး တိတ်ဆိတ်နေ၏။ သတိထားကြည့်မည်ဆိုသော် သူ့မျက်ဝန်းများတွင် အံ့အားသင်မှု အရိပ်အမြွက် ဖြစ်နေနေသည်ကို မြင်နိုင်သည်။

“ ဒီစာညွှန်းကဗျာထဲမှာ ... စာကြောင်းတစ်ကြောင်း ထပ်ထည့်သင့်တယ်။ ”

စုရီက လက်နှစ်ဖက်နောက်ပို့ကာ တိုးတိုးလေးပြောလိုက်သည်။ ထို့နောက် စိတ်လို လက်ရပင် ထိုစာညွှန်းပေါ် ဖြည့်စွက်ပေး၏။

“ ပထမဝါကျကို ငါ့စိတ်ခံစားချက်ပေါ် မူတည်တယ်နဲ့အဆုံးသတ်ပြီး ဒုတိယဝါကျကို ငွေပိုလိုအပ်တယ်လို့ ဖြည့်စွက်ပါ။ ”

ထိုဖြည့်စွက်ချက်ကြောင့် ချင်းဝေသည် ခဏမျှစဉ်းစားလိုက်ပြီး အဆုံး၌ သဘောကျစွာ ပြုံးလိုက်မိလေသည်။ ဗေဒင်ဆရာအဘိုးကြီးမှ ရုတ်တရက် ထရပ်ကာ ထွက်သွား၏။

“ ရပ်လိုက် ... ။ ”

စုရီမှ တားဆီးလိုက်သည်။ ရိုးရှင်းပြီး ပေါ့ပေါ့ပါးပါးပေပင်။ ခြိမ်းခြောက်လိုမှု လုံးဝ မရှိချေ။ သို့သော် ဗေဒင်ဆရာသည် အေးစက် တောင့်တင်းသွားပြီး သူ့ခြေထောက်ကို ပြန်ရုပ်သိမ်းလိုက်ရ၏။

“ နဂါးနက်စျေးမြို့မှာ လူတိုင်းက ငါ့ကို ဗေဒင်ဟောရုံစားနေတဲ့ လူလိမ်တစ်ယောက်ပဲ ဆိုတာ သိကြပါတယ် ကျေးဇူးပြုပြီး ငါ့အတွက် ခက်ခဲအောင် မလုပ်ပါနဲ့။ ”

“ ဟမ့် ... မင်းက တခြားလူတွေကို လှည့်စားနိုင်ပေမယ့် ငါ့ကိုတော့ လှည့်စားလို့ မရပါဘူး ... မင်းအဲဒီကောင်လေးကိုပြောခဲ့တဲ့ ကံကြမ္မာက တကယ်အမှန်တရားပဲ။ ”

စုရီစကားကြောင့် ဗေဒင်ဆရာမျက်နှာမှာ အဖြူနှင့်အမည်း ပြောင်းလဲသွား၏။

“ မင်းဘယ်သူလဲ။ ”

“ ဘယ်အချိန်ထိ ဟန်ဆောင်နေဦးမှာလဲ။ ”

စုရီမှ လှောင်ပြုံးဖြင့် ပြောကြားလိုက်၏။ အင်မော်တယ်မြေတွင် လူအနည်းငယ်သည်သာ သူ့ကိုမှတ်မိကြပြီး ဤအဖိုးကြီးသည်လည်း တစ်ယောက်အပါအဝင်ပေပင်။ နဂါးနက်စျေး မြို့တွင် တွေ့ရလိမ့်မည်ဟု မထင်ထားချေ။

“ ငါဟန်ဆောင်နေတာ မဟုတ်ဘူး ... ငါမယုံနိုင်ဖြစ်နေတာ။ ”

အဖိုးကြီးမှ ပြန်ဖြေသည်။ စုရီက သိမ်မွေ့စွာပြုံးလိုက်သည်။

“ ငါလည်း မယုံနိုင်ဘူး ... အဘိုးကြီး၊ မင်းကအရမ်းခံနိုင်ရည်ရှိပါတယ် မင်းတကယ်ကို ဒီလောက်ကြာကြာ အသက်ရှင်နေခဲ့တာ မင်းမှာ အတော်လေး ကံကောင်းနေပုံရတယ်။ ”

ဗဒင်ဆရာအဘိုးကြီးက ခါးသီးသော အပြုံးများဖြင့်ခေါင်းခါပြပြီး၊

“ ငါ့အခြေအနေက အရင်ကထက် အများကြီးပိုဆိုးနေပြီ ဓမ္မအဆုံးခေတ်အပြီးမှာ ရှင်သန်ဖို့အတွက် အရမ်းခက်ခဲရတယ်။ ”

“ သောက်ချင်လား ... ။ ”

“ ငါ့ရဲ့ ညစ်ပတ်တဲ့ ပါးစပ်က နှစ်ပေါင်းများစွာ ဒုက္ခတွေနဲ့ ကပ်ဘေးတွေကို ဖြစ်ပေါ်စေခဲ့လို့ ဒီလောကကြီးနဲ့ ဘယ်တော့မှ မပတ်သက်ဘူးလို့ ကျိန်ဆိုခဲ့တယ် ... ။ ”

သို့သော် သူ့ စကားမဆုံးခင် စုရီသည် သူ့ပခုံးကိုဆွဲယူပြီး ခေါ်တောင်သွားတော့သည်။

“ အဘိုးကြီး ... မင်းက ကောင်းကင်ဘုံကို ဘယ်တုန်းက ယုံကြည်သွားတာလဲ လာသွားစို့ စကားမများနဲ့ ... ။ ”  

ချင်းဝေက သူတို့နောက်ပါးမှ ကပ်လိုက်လာပြီး နှလုံးသားအတွင်းမသက်မသာ ဖြစ်နေတော့သည်။

များမကြာခင် တည်းခိုခန်းအတွင်း စားသောက်စားပွဲပေါ်၌ အရသာရှိသောစားဖွယ် များစွာ ပြည့်နှက်နေသည်။

သို့သော် အဖိုးကြီးသည် မည်သည့် အရာကိုမျှနှိုက်စားခြင်းမရှိခဲ့ဘဲ သက်ပြင်းချကာ မျက်မှောင်ကြုတ်နေတော့၏။

“ မေးခွန်းတွေကိုဖြေရုံပါပဲ ပြီးရင် မင်းသွားလို့ရပြီ။ ”

“ ငါမဖြေလို့မရဘူးလား။ ”

“ မရဘူး ... ။ ”

စုရီက ဝိုင်ခွက်ကိုမြှောက်ကာ တစ်ငုံတည်းသောက်လိုက်သည်။

“ စိတ်မပူပါနဲ့ ... ကောင်းကင်ဘုံ လျှို့ဝှက်ချက်တွေ၊ နတ်ဘုရားတွေရဲ့ကံတွေကို ပေါင်းနှုတ်ခိုင်းမှာမဟုတ်ပါဘူး။ ”

သို့မှသာ ဗေဒင်ဆရာအဘိုးကြီးက စိတ်သက်သာရာရသွားပြီး ပြုံးလိုက်လေသည်။ ဝိုင်တစ်ခွက်ကို ချက်ချင်း ကောက်ယူကာ၊

“ မင်းစောစောက ပြောသင့်တယ်။ ”

-ဟု ဆိုလျက် ‌မော့ချလိုက်၏။

သည့်နောက် သိုးသားကင်တစ်ဖက်ကို ကောက်ဝါးလိုက်ရာ ပါးစပ်တွင် အဆီများဖြင့် ပေကျံလာတော့သည်။

“ ရွှယ်ရှောင်ကျိနဲ့ပူးပေါင်းပြီး ငါ့ကိုချုံခိုတိုက်ခိုက်တဲ့လူတွေက ဘယ်လိုလုပ် ငါတံခါးပိတ်ကျင့်ကြံတဲ့နေရာကို တွေ့သွားရတာလဲ။ ”

“ အဟွတ် အဟွတ် ... ။ ”

ဗေဒင်ဆရာ အဖိုးကြီးခမျာ သူ့ပါးစပ်ထဲ ထိုးထည့်လိုက်သော အသားတုံးကို ထွေးထုတ် လိုက်ပြီး ပြင်းစွာချောင်းဆိုးသွားသည်။   

“ မင်းတို့အားလုံး ဒီအကြောင်းကို ငါသိတယ်လို့ ဘာလို့ထင်နေကြတာလဲ။ ”

ဗေဒင်ဆရာ အဖိုးကြီးမှ ဒေါသတကြီး မေးမြန်းလိုက်သည်။ စုရီခမျာ မျက်လုံးများတွင် အံ့အားသင့်မှုများပေါ်လာပြီး၊

“ ဒီအကြောင်း မေးမြန်းဖို့ ... မင်းဆီ ငါ့အပြင်တခြားလူတွေ လာသေးတာလား။ ”

-ဟု ရေရွတ်လိုက်တော့၏။

***

All Chapters