← Chapters

ခန္ဓာကိုယ်ပေါင်းစပ် အဋ္ဌအဆင့်၊ ကောင်းကင်တာအို စိတ်ဝိညာဉ်ကျောက်

Vol. 7 Ch. 105

ခန္ဓာကိုယ်ပေါင်းစပ် အဋ္ဌအဆင့်၊ ကောင်းကင်တာအို စိတ်ဝိညာဉ်ကျောက်

Vol. 7 Ch. 105

အခန်း (၁၀၅) ခန္ဓာကိုယ်ပေါင်းစပ် အဋ္ဌအဆင့်၊ ကောင်းကင်တာအို စိတ်ဝိညာဉ်ကျောက်တုံး

ခြောက်နှစ်ကြာပြီးနောက်။

ဟန်ကျွယ်ဟာ ခန္ဓာကိုယ်ပေါင်းစပ် အဋ္ဌအဆင့်ကို ထိုးဖောက်ရောက်ရှိသွားပါတယ်။ ဟန်ကျွယ်ဟာ မျက်လုံးဖွင့်ပြီး အသက်ရှူထုတ်လိုက်ပါတယ်။ အခုအချိန်မှာ ဟန်ကျွယ်ဟာ အတိဒုက္ခဖြတ်ကျော်အဆင့်နဲ့ သိပ်ပြီးမဝေးတော့ပါဘူး။

အတိဒုက္ခဖြတ်ကျော်အဆင့်ပြီးရင် ကောင်းကင်ဘုံဝင်အဆင့်ပါ။ အဲဒါပြီးရင် ဘာအဆင့်ရှိလဲဆိုတာကိုတော့ ဟန်ကျွယ် သေချာမသိပါဘူး။ ဟန်ကျွယ်ဟာ ပြဒါးငှက်ကို ရန်သူအဖြစ် သတ်မှတ်ထားတာကြောင့် သူ့ရဲ့ ခန္ဓာကိုယ်ပေါင်းစပ်အဆင့်ကို သိပ်ပြီး မသန်မာဘူးလို့ ခံစားလိုက်ရပါတယ်။

‘ငါ တော်တော် ကြိုးစားရအုန်းမှာပဲ’

ဟန်ကျွယ်ဟာ သူ့အကျင့်အတိုင်း စာအိတ်တွေကို စစ်ဆေးလိုက်ပါတယ်။

[သင့်တပည့် ရန်ထျန်တုန်းသည် နတ်ဆိုများ တိုက်ခိုက်ခြင်းကို ခံခဲ့ရသည်။] x၈၄၉၉

[သင့်နတ်သားရဲ ပဋိပက္ခကောင်းကင်ခွေးသည် နတ်ဆိုးများ တိုက်ခိုက်ခြင်းကို ခံခဲ့ရသည်။] x၁၄၉၂၃

[သင့်မြေးတပည့် မုရုံချီသည် မိစ္ဆာကျင့်ကြံသူတစ်ဦး တိုက်ခိုက်ခြင်းကို ခံခဲ့ရသည်။] x၂၃၃

[သင့်မိတ်ဆွေ တာအိုသခင်တျန်ကုန်းသည် နတ်ဆိုးဘုရင်တစ်ပါး တိုက်ခိုက်ခြင်းကို ခံရပြီး ပြင်းထန်စွာ ဒဏ်ရာရရှိသွားသည်။]

[သင့်တပည့် စုချီသည် လက်ယာကျင့်ကြံတစ်ဦး တိုက်ခိုက်ခြင်းကို ခံခဲ့ရသည်။] x၇၄

[သင့်မိတ်ဆွေ တာအိုသခင်ကျိုးတိသည် လက်ယာကျင့်ကြံသူတစ်ဦး တိုက်ခိုက်ခြင်းကို ခံရပြီး ပြင်းထန်စွာ ဒဏ်ရာရရှိသွားသည်။]

[သင့်တာအိုလက်တွဲဖော် ရွှမ်ချင်းကျွင်းသည် တာအိုဆွေးနွေးမှု၌ အသိဉာဏ်လင်းလက်သွားသောကြောင့် ကျင့်ကြံမှုများစွာ တိုးတက်သွား၏။]

…

‘နတ်ဆိုးတွေ များလှချည်းလား... နတ်ဆိုးဘုရင်တွေ‌ရောပဲ’

ဟန်ကျွယ်ဟာ မျက်မှောင်ကြုတ်သွားပါတယ် ‘အပြင်လောကမှာ ဘယ်လောက်ရှုပ်ထွေးနေပြီလဲ’

ဟန်ကျွယ်ဟာ ကျင့်ကြံခြင်းလိုဏ်ဂူထဲက ထွက်ပြီး ဖူစန်းသစ်ပင်ဆီ လျှောက်သွားကာ အကြော‌လျှော့ပါတယ်။ ရွှင်ချန်အန်းဟာ မတ်တတ်ရပ်ပြီး ဟန်ကျွယ်ကို ဦးညွှတ်ပါတယ်။ ငရဲကြက်နက်ကတော့ ဖူစန်းသစ်ပင်ပေါ်မှာ အိပ်နေတုန်းပါ။

ဟန်ကျွယ်ဟာ ဖူစန်းသစ်ပင်နဲ့ မြေအမတဘူးပင်ကို စစ်ဆေးလိုက်တဲ့အခါမှာ သန်သန်မာမာနဲ့ ကြီးထွားလာတာကို တွေ့လိုက်ရပါတယ်။ မြေအမတဘူးပင်ဟာ ဘူးသီးကနေ ကလေးမွေးဖို့ အချိန်အတော်ကြာအုန်းမှာပါ။

“ဆရာသခင်... မုရုံချီ ပြန်မလာတာကြာပြီ၊ ကျွန်တော် သူ့ကို သွားရှာချင်တယ်၊ သူ့ကို သွားရှာလို့ရမလား...” ရွှင်ချန်အန်းက အသံပျော့ပျော့နဲ့ မေးလိုက်ပါတယ်။

ဟန်ကျွယ်က တည်တည်ငြိမ်ငြိမ်နဲ့ ပြန်ပြောလိုက်ပါတယ် “မသွားနဲ့၊ မင်း နတ်ဆိုးဘုရင်တွေ စားတာကို ခံချင်နေတာလား၊ မုရုံချီက ဘာမှမဖြစ်ဘူး၊ သူ့မှာ တစ်မူထူးခြားတဲ့ ကံတရားရှိတယ်၊ အသက်ရှင်လျင် ပြန်လာလိမ့်မယ်”

ရွှင်ချန်အန်းရဲ့ ကျင့်ကြံမှု တိုးတက်လာတာနဲ့အမျှ သူ့ရုပ်ခန္ဓာကလည်း ကောင်းကင်ရတနာလိုမျိုး စိတ်ဝိညာဉ်ချီကို စတင်ထုတ်လွှတ်လာပါတယ်။ အရင်တုန်းက ရွှင်ချန်အန်းဟာ ကြောက်လန့်ခဲ့ပေမဲ့ အခုတော့ ကျင့်သားရသွားပါပြီ။ ဒီလိုကျင့်ကြံမှု တိုးတက်လာတာကလည်း နှလုံးသားမဲ့ဓားသိုင်းကြောင့်ပါ။ နှလုံးသားမဲ့ဓားသိုင်းကို ကျင့်ကြံပြီးကတည်းက ရွှင်ချန်အန်းဟာ ချန်အာဆီ မသွားတော့ပါဘူး။

“ဒီနှစ်ပိုင်းမှာ ကျင့်ကြံခြင်းလောကက မငြိမ်းချမ်းဘူး၊ ဂိုဏ်းတပည့်တွေပြောတာကို ကြားရသလောက် ကြီးမြတ်တဲ့စပါးအုံးစိမ်းက တော်တော်စွမ်းအားကြီးတယ်ဆိုပဲ၊ ဒီလောကအတွက် ကပ်ဘေးတောင် ဖြစ်လာနိုင်တယ်တဲ့၊ အခုလောလောဆယ်မှာ ရန်ဒေသကို မသက်ရောက်သေးပေမဲ့ နောက်ကျရင် ရန်ဒေသဆီရောက်လာမှာ ဆိုးရတယ်၊ ကျွန်တော့်ရဲ့ ချန်အာလေး တစ်ခုခုဖြစ်မှာကို စိုးရိမ်မိတယ်” ရွှင်ချန်အန်းဟာ မျက်မှောင်ကြုတ်လိုက်ပါတယ်။

ရွှင်ချန်အန်းစကားကြောင့် ဟန်ကျွယ်ဟာ ကျွဲမြီးတိုသွားပါတယ် ‘မင်းရဲ့ ချန်အာလေး... ငါတို့ကြားက ဆရာတပည့် ဆက်ဆံရေးက တော်‌တော် နက်ရှိုင်းတာပဲ’

“မင်းက နတ်ဆိုးတွေကို အရမ်းဆွဲဆောင်မှုရှိတယ်၊ မုရုံချီကို ရှာမတွေ့ခင် နတ်ဆိုးတွေ ဖမ်းတာခံရရင် ဘယ်လိုလုပ်မလဲ၊ အဲဒီချိန်ကျရင် မင်းတပည့်က မင်းကို လာကယ်ရလိမ့်မယ်၊ ဘာပဲဖြစ်ဖြစ် ငါအနေနဲ့ မင်းကို ကယ်ဖို့ဆိုတာ မဖြစ်နိုင်ဘူး၊ မင်းကို ငါပြောထားတာ ဘယ်နှကြိမ်ရှိနေပြီလဲ၊ လျှောက်မသွားနဲ့၊ အေးအေးဆေးဆေး ကျင့်ကြံစမ်းပါ၊ မင်းတို့ကောင်တွေက ငါ့စကားကို နားမဝင်ကြဘူး”

ရွှင်ချန်အန်းဟာ သူ့ဆရာသခင်ရဲ့စကားက ကျိုးကြောင်းဆီလျော်တာကြောင့် အပြင်ထွက်ဖို့ကိစ္စကို လက်လျှော့လိုက်ပါတယ်။

ဒီအချိန်မှာ ငရဲကြက်နက် နိုးလာပါတယ် “သခင်... ပဋိပက္ခကောင်ကင်ခွေးက ခုထိ ပြန်မလာသေးတာ အပြင်မှာ သေသွားလို့လား”

“မသေသေးဘူး၊ ဒါပေမဲ့ တစ်ခါတစ်လေမှာ အသက်ရှင်နေရတာက သေတာထက် ပိုဆိုးတယ်၊ အဲဒီခွေးက နေတိုင်းအစော်ခံနေရတယ်”

“သခင် တွက်ချက်ထားတာလား”

“အင်း”

“အပြင်မထွက်မိတာကို ကျေးဇူးတင်ရမယ်၊ သခင်က ငါ့ကို ညာပြောမှာ မဟုတ်ဘူး၊ ကြီးမြတ်တဲ့စပါးအုံးစိမ်းသာ လာတိုက်ရင် ငါတို့တွေ ထွက်ပြေးရမယ်ထင်တယ်”

ငရဲကြက်နက်ဟာ သက်ပြင်းချလိုက်ပါတယ်။ ငရဲကြက်နက်ဟာ ပဋိပက္ခကောင်းကင်ခွေးအတွက် စိုးရိမ်သွားပါတယ်။ ငရဲကြက်နက်ဟာ ပဋိပက္ခကောင်းကင်ခွေး ပြန်လာတာကို စောင့်နေတာပါ။ ပဋိပက္ခကောင်းကင်ခွေးသာ အပြင်မှာသေသွားရင် ကျိန်းသေပေါက် ဝမ်းနည်းမှာပါ။ ဘာပဲဖြစ်ဖြစ် ငရဲကြက်နက်ဟာ ပဋိပက္ခကောင်းကင်ခွေး မွေးဖွားလာအောင် စောင့်ရှောက်ခဲ့ ဖြစ်ပါတယ်။

“ငါတို့တွေ စောင့်ကြည့်ကြတာပေါ့၊ မနိုင်ဘူးဆိုရင်တော့ ပြေးရုံကလွဲပြီး ဘာမှမရှိဘူး”

ဟန်ကျွယ်ဟာ ခန္ဓာကိုယ်ပေါင်းစပ် အဋ္ဌအဆင့်ကို ရောက်ရှိသွားတာမို့ ကြီးမြတ်တဲ့စပါးအုံးစိမ်းကို အတိဒုက္ခဖြတ်ကျော်အဆင့်ကို ရောက်သွားတယ်ဆိုရင်တောင် ကြီးမြတ်တဲ့စပါးအုံးစိမ်းနဲ့ ယှဉ်တိုက်နိုင်လိမ့်မယ်လို့ သူ့ကိုယ်သူ ယုံကြည်ချက် ရှိပါတယ်။ ခန္ဓာကိုယ်ပေါင်းစပ် နဝမအဆင့်နဲ့ အတိဒုက္ခဖြတ်ကျော်အဆင့်က သိပ်ပြီးကွာခြားမှု မရှိပါဘူး။

တစ်နာရီကျော် စကားပြောပြီးတဲ့နောက်မှာတော့ ဟန်ကျွယ်ဟာ ကျင့်ကြံခြင်းလိုဏ်ဂူကို ပြန်ပြီး ဆက်လက်အားထုတ်ပါတယ်။

ဒီလိုနဲ့ တစ်လကြာတဲ့အခါမှာ ဟန်ကျွယ်ဆီ လီချင်းဇဲ့ ရောက်လာပါတယ်။

ဟန်ကျွယ်ဟာ မျက်ခုံးပင့်ပြီး မေးလိုက်ပါတယ် “ကြီးမြတ်တဲ့စပါးအုံးစိမ်း ရောက်လာလို့လား” လီချင်းဇဲ့ရောက်လာကတည်းက သတင်းကောင်း မဟုတ်ဘူးဆိုတာ ဟန်ကျွယ် သိပြီးသားပါ။

“ကုယွင်ဒေသ ကျတော့မယ်၊ ကြီးမြတ်တဲ့စပါးအုံးစိမ်းမှာ နတ်ဆိုးစစ်သား သိန်းသန်းချီရှီတယ်၊ နတ်ဆိုးဘုရင်တွေကလည်း လက်ချိုးရေလို့မရဘူး၊ အသူရာချောက်ဒေသနဲ့ ဝေ့ဒေသတောင် နတ်ဆိုးစစ်တပ် တိုက်ခိုက်တာကို ခံနေရပြီ၊ မကြာခင် ဒီကောင်တွေ ယွီဂျင်ဂိုဏ်းဆီ ရောက်လာမှာပဲ” လီချင်းဇဲ့က စိုးရိမ်သောက‌နဲ့ ပြောလိုက်ပါတယ်။

“အကြီးအကဲဟန်... ကြီးမြတ်တဲ့စပါးအုံးစိမ်းက အတိဒုက္ခဖြတ်ကျော်အဆင့်ကို ရောက်သွားပြီ၊ ခန္ဓာကိုယ်ပေါင်းစပ်အဆင့်၊ ဟင်းလင်းပြင်ပေါင်းစပ်အဆင့်ရှိတဲ့ နတ်ဆိုးဘုရင်တွေကလည်း အများကြီး၊ အကြီးအကဲဟန်...”

လီချင်းဇဲ့ဟာ ဆက်ပြောဖို့ အားမရှိတော့ပါဘူး။ ဟန်ကျွယ်က ဒီလောက်များတဲ့ နတ်ဆိုးဘုရင်တွေကို တစ်ယောက်တည်း ရင်ဆိုင်နိုင်လိမ့်မယ်လို့ လီချင်းဇဲ့မှာ ယုံကြည်ချက် မရှိပါဘူး။

ဟန်ကျွယ်ဟာ တအံတဩ ဖြစ်သွားပါတယ် “အဲဒီလောက်တောင် များတာလား၊ ကျင့်ကြံခြင်းလောကက ဘာလို့စုပေါင်းပြီး မတိုက်တာလဲ”

“ကျုပ် သိသလောက် ရန်ဒေသနားက ဒေသဆယ်ခုနဲ့ ကိုးပြည်ထောင်မှာ အတိဒုက္ခဖြတ်ကျော်အဆင့်ရှိတဲ့ ကျင့်ကြံသူ မရှိဘူး၊ စွမ်းအားအကြီးဆုံးက ခန္ဓာကိုယ်ပေါင်းစပ်အဆင့်ပဲ ရှိတာ၊ လွန်ခဲ့တဲ့နှစ်နှစ်က ကုယွင်ဒေသရဲ့နယ်စပ်မှာ လျှို့ဝှက်တဲ့ အတိဒုက္ခဖြတ်ကျော် ကျင့်ကြံသူတစ်ယောက် ပေါ်လာခဲ့တယ်၊ သူက ကြီးမြတ်တဲ့စပါးအုံးစိမ်းကို ဟန့်တားဖို့ ကြိုးစားခဲ့ပေမဲ့ ကြီးမြတ်တဲ့စပါးအုံးစိမ်းလက်ချက်နဲ့ သေလုနီးပါး ဖြစ်သွားတယ်၊ အခု ဒေသအားလုံးက ကျင့်ကြံခြင်းတွေက ရွှေ့ပြောင်းဖို့ ပြင်ဆင်နေကြပြီ၊ ကျုပ်တို့ယွီဂျင်ဂိုဏ်းရော ရွှေ့ပြောင်းသင့်လား” လီချင်းဇဲ့က ဂရုတစိုက် မေးလိုက်ပါတယ်။

ဟန်ကျွယ်မှာ ကြီးမြတ်တဲ့စပါးအုံးစိမ်းကို ရင်ဆိုင်ဖို့ ယုံကြည်ချက်မရှိဘူးဆိုရင် ထွက်ပြေးတာက ယွီဂျင်ဂိုဏ်းအတွက် တစ်ခုတည်းသော ရွေးချယ်မှုပါ။

[ဂိုဏ်းချုပ် လီချင်းဇဲ့သည် ကြီးမြတ်သော စပါးအုံးစိမ်းကို ရင်ဆိုင်ရမည် ဖြစ်သောကြောင့် ကြောက်လန့်တကြား ဖြစ်နေပြီး ယွီဂျင်ဂိုဏ်းကို နေရာသစ်သို့ ရွှေပြောင်းချင်နေသည်။ သင့်တွင် အောက်ပါရွေးချယ်မှုများ ရှိသည်။]

[၁။ ဂိုဏ်းချုပ် လီချင်းဇဲ့၏ သဘောထားအတိုင်း ယွီဂျင်ဂိုဏ်းနှင့် ထွက်ပြေးပါ။ စိတ်ဝိညာဉ်ရတနာတစ်ပါးကို ရရှိမည်။]

[၂။ ဂိုဏ်းချုပ် လီချင်းဇဲ့၏ သဘောထားကို ငြင်းဆန်၍ ကြီးမြတ်သော စပါးအုံးစိမ်းနှင့် ရင်ဆိုင်ပါ။ ကောင်းကင်တာအို စိတ်ဝိညာဉ်ကျောက်တုံးကို ရရှိမည်။]

ဟန်ကျွယ်ဟာ ရှေ့မှာ စာကြောင်းသုံးကြောင်း ပေါ်လာပါတယ်။

ဟန်ကျွယ်ဟာ မျက်မှောင်ကြုတ်သွားပါတယ် “ဘယ်ကို ရွှေ့ပြောင်းမှာလဲ”

“ပင်လယ်ရပ်ခြား... ကျုပ်တို့တွေ ဘိုးဘေးဆီမှာ ခိုလှုံကြမယ်”

“သူတောင် အမြဲတမ်းလိုလို အစော်ခံနေရတာ၊ ဂိုဏ်းချုပ်က သူ့ဆီ သွားချင်တာလား”

“အို... အကြီးအကဲဟန်က ဘယ်လိုလုပ်ပြီး သိတာလဲ”

“ကျုပ် တွက်ချက်ထားတာ၊ နောက်ပြီးတော့ ကျုပ်တို့တွေ လမ်းတစ်လျှောက်မှာ ကြီးမြတ်တဲ့စပါးအုံးစိမ်းကို ရှောင်ကွင်းနိုင်မှလား”

“မရှောင်နိုင်ဘူး၊ ရန်ဒေသ အနီးအနားက ဒေသတွေနဲ့ ပြည်ထောင်တွေက နတ်ဆိုးတွေ တိုက်ခိုက်တာကို ခံနေရပြီ၊ ကျုပ်တို့တွေ ဘယ်သွားသွား နတ်ဆိုးတွေနဲ့ တွေ့မှာပဲ...”

“ဂိုဏ်းတပည့်အားလုံးကို ပြန်ခေါ်လိုက်တော့”

ဟန်ကျွယ်ဟာ ခေါင်းခါလိုက်ပါတယ်။ ထွက်ပြေးရင်တောင် နတ်ဆိုးတွေနဲ့ တွေ့မယ်ဆိုတဲ့အတွက် ယွီဂျင်ဂိုဏ်းမှာ ထိုင်နေပြီး တိုက်ခိုက်တာက ပိုကောင်းပါတယ်။ ဂိုဏ်းတပည့်အကုန်လုံးသာ ယွီဂျင်ဂိုဏ်းမှာ စုစည်းနေမယ်ဆိုရင် ဟန်ကျွယ်ဟာ သူတို့ကိုကယ်ဖို့အတွက် လျှောက်သွားနေစရာ မလိုတော့ပါဘူး။

ဟန်ကျွယ်ဟာ ကြီးမြတ်တဲ့စပါးအုံးစိမ်းကို သူ သတ်လိုက်ရင် ကျန်တဲ့နတ်ဆိုးဘုရင်တွေက တုန်လှုပ်ချောက်ချားပြီး တစ်ချိုးတည်း ထွက်ပြေးသွားလိမ့်မယ်လို့ တွက်ဆထားပါတယ်။

ဟန်ကျွယ်ဟာ ကြီးမြတ်တဲ့စပါးအုံးစိမ်းကို သွားရှာရင်ကောင်းမလား စဉ်းစားလိုက်ပါတယ်။ ဒါပေမဲ့ ဘယ်မှသွားရှာရမလဲ မသိတဲ့အတွက် သူ့အကြံကို ဖျက်လိုက်ပါတယ်။ ကြီးမြတ်တဲ့စပါးအုံးစိမ်းကို လိုက်ရှာတုန်း ကြီးမြတ်တဲ့စပါးအုံးစိမ်းက ယွီဂျင်ဂိုဏ်းကို ရောက်လာရင် ဟန်ကျွယ် နောင်တရလည်း အပိုပါပဲ။

ဟန်ကျွယ်ဟာ တစ်ခြားဂိုဏ်းတွေ ပျက်ဆီးတာကို ဂရုမစိုက်ပါဘူး။ ဒါပေမဲ့ ယွီဂျင်ဂိုဏ်း ပျက်စီးတာကိုတော့ ဟန်ကျွယ် မကြည့်ရက်ပါဘူး။ ယွီဂျင်ဂိုဏ်း ဘာမှမဖြစ်ရင် ဟန်ကျွယ်ဟာ လုံးဝလှုပ်ရှားမှာ မဟုတ်ပါဘူး။

သူရဲကောင်း၊ ကယ်တင်ရှင် ဆိုတဲ့ စကာလုံးတွေက နားထောင်လို့တာ ကောင်းတာပါ။ ဟန်ကျွယ်ကို ပြဿနာအကြီးကြီး ပေးမှာက မြေကြီးလက်ခတ်မလွှဲပါဘူး။

ဒါ့အပြင် ကြီးမြတ်တဲ့စပါးအုံးစိမ်းအနေနဲ့ လူသားမျိုးနွယ်စုတစ်ခုလုံးကို သတ်ဖြတ်ပစ်ဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။ ဟန်ကျွယ်ဟာ ကောင်းကင်ဘုံဝင်အဆင့်ရှိတဲ့ ကျင့်ကြံသူတွေကို တစ်ဦးထက်မက ကြုံတွေ့ရပြီးပါပြီ။

[သင်သည် ဂိုဏ်းချုပ်၏ သဘောထားကို ငြင်းဆန်၍ ကြီးမြတ်သော စပါးအုံးစိမ်းနှင့် ရင်ဆိုင်ရန် ဆုံးဖြတ်ခဲ့သည့်အတွက် ကောင်းကင်တာအို စိတ်ဝိညာဉ်ကျောက်တုံးတစ်တုံးကို ရရှိပါသည်။]

[ကောင်းကင်တာအို စိတ်ဝိညာဉ်ကျောက်တုံး:ကောင်းကင်တာအိုစွမ်းအား ပါဝင်ပြီး ဝိညာဉ်ရတနာနှင့် ပေါင်းစပ်နိုင်သည်။ ပေါင်းစပ်သော ရတနာအား အဆင့်တစ်ဆင့် မြှင့်တင်ပေးနိုင်သည်။]

‘ဟာ... မဆိုးဘူးပဲ’ ဟန်ကျွယ်ဟာ ကောင်းကင်တာအို စိတ်ဝိညာဉ်ကျောက်တုံးကို သဘောကျသွားပါတယ်။

လီချင်းဇဲ့ဟာ ခေါင်းညိတ်လိုက်ပါတယ် “ကျုပ် အခုပဲ အမိန့်ပေးလိုက်မယ်”

အဲဒီနောက်မှာတော့ လီချင်းဇဲ့ဟာ ထိုင်ရာကထပြီး ကျင့်ကြံခြင်းလိုဏ်ဂူထဲက ထွက်ခွာသွားပါတယ်။

လီချင်းဇဲ့ အပြင်ရောက်သွားတာနဲ့ ဟန်ကျွယ်ဟာ ကောင်းကင်တာအို စိတ်ဝိညာဉ်ကျောက်တုံးကို ထုတ်ယူလိုက်ပါတယ်။

ဒီစိတ်ဝိညာဉ်ကျောက်တုံးဟာ ခရမ်းနုရောင်ရှိပြီး အုတ်ခဲနဲ့ ဆင်တူပါတယ်။ ဟန်ကျွယ်ဟာ ဒီကျောက်တုံးထဲကို နတ်အာရုံနဲ့ ထိုးဖောက်လိုက်တဲ့အခါမှာ အင်အားကြီးမားတဲ့စွမ်းအားတစ်ခုက ချက်ချင်း တွန်းလှန်တာကို ခံလိုက်ရပါတယ်။

‘ကောင်းကင်တာအို စွမ်းအားလား’

ဟန်ကျွယ်ဟာ နက်နက်နဲနဲ တွေးတောလိုက်ပါတယ်။

‘ဘယ်ရတနာနဲ့ ပေါင်းစပ်ရင် ကောင်းမလဲ’

‘အကောင်းဆုံး ရတနာကို ရွေးရမယ်၊ မဟုတ်ရင် ဖြုန်းတီးရာကျလိမ့်မယ်’

‘ဟွမ်သွမ့်ဓားလား’

‘ဒါမှမဟုတ် ကြမ္မာဆိုးစာအုပ်လား’

စကြာဝဠာ အနန္တရှိ နတ် လူ သတ္တဝါ အားလုံး ဘေးရန်ကြောင့်ကြ ဆင်းရဲကင်း၍ ကိုယ်စိတ်နှစ်ဖြာ ချမ်းသာကြပါစေ၊ ကောင်းကျိုးလိုရာဆန္ဒ ပြည့်ဝကြပါစေ။

All Chapters