← Chapters

ကြီးမြတ်သောနတ်ဆိုး၏ တိုက်ခိုက်မှု

Vol. 8 Ch. 107

ကြီးမြတ်သောနတ်ဆိုး၏ တိုက်ခိုက်မှု

Vol. 8 Ch. 107

အခန်း (၁၀၇) ကြီးမြတ်သောနတ်ဆိုး၏ တိုက်ခိုက်မှု

ရန်ထျန်တုန်းဟာ ဝီရိယတောင်ခြေကိုသွားပြီး ကျောက်ပြားရှေ့မှာ ဒူးထောက်ကာ စရှိခိုးပါတယ်။

“ဆရာသခင်... ကျွန်တော်မှားမှန်း သိပါပြီ”

“ဆရာသခင်... ကျွန်တော်မှားမှန်း သိပါပြီ”

“ဆရာသခင်... ကျွန်တော်မှားမှန်း သိပါပြီ”

…

ရန်ထျန်တုန်းဟာ အဲဒီစာကြောင်းကို ထပ်ခါထပ်ခါရွတ်ရင်း မြေကြီးနှင့် ဦးတိုက်ပါတယ်။

တောင်ပေါ်က ငရဲကြက်နက်ဟာ ဖူစန်းသစ်ပင်ပေါ်က ခုန်ဆင်းလိုက်ပြီး စိတ်လှုပ်တရှား မေးလိုက်ပါတယ် “နတ်ဆိုးတစ်ဝက် ပြန်လာပြီလား”

‘နတ်ဆိုးတစ်ဝက်’ ရွှင်ချန်အန်းဟာ ချက်ချင်းပဲ စိတ်ဝင်စားသွားပါတယ် ‘အဲဒါက အကြီးဆုံးဆရာတူအစ်ကိုလား’

ကျင့်ကြံခြင်းလိုဏ်ဂူထဲကို ဟန်ကျွယ် ပြန်ဝင်သွားတဲ့အခါမှာ ငရဲကြက်နက်နဲ့ ရွှင်ချန်အန်းဟာ တောင်ပေါ်က ဆင်းလိုက်ပါတယ်။

ကျင့်ကြံခြင်းလိုဏ်ဂူထဲ ပြန်ရောက်သွားတဲ့ ဟန်ကျွယ်ဟာ ယွီဂျင်ဂိုဏ်းပတ်လည်ကို စစ်ဆေးလိုက်ပါတယ်။ ဟန်ကျွယ်ဟာ ကြီးမြတ်တဲ့စပါးအုံးစိမ်းကို ရှာမတွေ့ပေမဲ့ ကြီးမြတ်တဲ့စပါးအုံးစိမ်းရဲ့ နတ်ဆိုးစစ်သားအချို့ကိုတော့ ရှာတွေ့လိုက်ပါတယ်။ ဟန်ကျွယ်ဟာ ဒီနတ်ဆိုးစစ်သားတွေကို မဖမ်းဘဲ ကြီးမြတ်တဲ့စပါးအုံးစိမ်း ရောက်လာတာကို စောင့်ဆိုင်းပါတယ်။

ဒီနောက်မှာတော့ ယွီဂျင်ဂိုဏ်းတပည့်တွေဟာ တစ်ယောက်ပြီးတစ်ယောက် ပြန်လာကြပါတယ်။ ဒီထဲမှာ မုရုံချီလည်း ပါပါတယ်။ မုရုံချီဟာ ဖူစန်းသစ်ပင်ဆီ ပြန်လာပြီး ရွှင်ချန်အန်းနဲ့ အတူတူ အားထုတ်ပါတယ်။

ရန်ထျန်တုန်းဟာ ရွှင်ချန်အန်းနဲ့ မုရုံချီရဲ့ ကျင့်ကြံမှုကို ကြည့်ပြီး တော်တော်လေး အံအားသင့်သွားပါတယ်။

‘ဆရာသခင်ရဲ့ မြေးတပည့်က ကနဦးဝိညာဉ်အဆင့်ကို ရောက်တော့မှာလား’

‘အဲဒီငရဲကြက်နက်ကလည်း ဟင်းလင်းပြင်ပေါင်းစပ်အဆင့်ကို ရောက်နေပါကောလား’

ရန်ထျန်တုန်းဟာ ပဋိပက္ခကောင်းကင်ခွေးကို ကရုဏာသက်မိသွားပါတယ်။ ပဋိပက္ခကောင်းကင်ခွေးဟာ လွန်ခဲ့တဲ့နှစ်အနည်းငယ်က စိတ်ဝိညာဉ်ပြောင်းလဲခြင်းအဆင့်ကို ထိုးဖောက်နိုင်ခဲ့တာကြောင့် ငရဲကြက်နက်ကို သင်ခန်းစာပေးမယ်ဆိုပြီး ကြံနေပါတယ်။ အခုကြည့်ရသလောက် သင်ခန်းစာပေးဖို့ အခွင့်အရေး လုံးဝမရှိတော့ပါဘူး။

ဟန်ကျွယ်ဟာ သူ့တပည့်တွေ စကားပြောနေတာကို ကျင့်ကြံခြင်းလိုဏ်ဂူထဲက နားထောင်ရင်း ပဋိပက္ခကောင်းကင်ခွေးက စိတ်ဝိညာဉ်ပြောင်းလဲခြင်းအဆင့်မှာပဲ ရှိနေသေးတာကို သိလိုက်ရတာကြောင့် ဆွံအသွားပါတယ်။

‘မင်းတို့ကောင်တွေက တော်တော်သတ္တိကောင်းတာပဲ၊ ကနဦးဝိညာဉ် ကျင့်ကြံသူနဲ့ စိတ်ဝိညာဉ်ပြောင်းလဲခြင်း ကျင့်ကြံသူက ကြီးမြတ်တဲ့စပါးအုံးစိမ်းကို လုပ်ကြံရဲတယ်၊ စပါးအုံးစိမ်းက ဒီလောက်ဒေါသထွက်နေတာ အံဩစရာ မရှိတော့ပါဘူး’

လေးငါးခြောက်လ အကြာမှာတော့ လီချင်းဇဲ့ ရောက်လာပြန်ပါတယ်။ လီချင်းဇဲ့ဟာ တောင်ခြေမှာ ရှိခိုးနေတဲ့ ရန်ထျန်တုန်းကို တွေ့လိုက်ရတဲ့အခါ ထူးဆန်းသွားပါတယ်။

လီချင်းဇဲ့ဟာ ကျင့်ကြံခြင်းလိုဏ်ဂူထဲကို ဝင်လိုက်ပြီး ဟန်ကျွယ်ရှေ့မှာရပ်ကာ စိုးရိမ်တကြီး ပြောလိုက်ပါတယ် “အကြီးအကဲဟန် မကောင်းတော့ဘူး၊ ကြီးမြတ်တဲ့စပါးအုံးစိမ်းက သူ့နတ်ဆိုးစစ်တပ်ကို ဦးဆောင်ပြီး ရန်ဒေသကို လာနေပြီ၊ ကျုပ်တို့ရဲ့ သားရဲတွေ ရှာတွေ့ရသလောက် ကြီးမြတ်တဲ့စပါးအုံးစိမ်းရဲ့ ပစ်မှတ်က ကျုပ်တို့ပဲ၊ ကြီးမြတ်တဲ့စပါးအုံးစိမ်း လိုက်သတ်နေတဲ့ နတ်ဆိုးတစ်ဝက်က အကြီးအကဲဟန်ရဲ့ တပည့်ဖြစ်နေတာကိုး...”

လီချင်းဇဲ့ကိုယ်တိုင် ရန်ထျန်တုန်းကို ဟန်ကျွယ်ဆီမှာ အပ်နှံ့ခဲ့တာပါ။ ဒီအပြင် ရန်ထျန်တုန်းက ယွီဂျင်ဂိုဏ်းနဲ့ နတ်ဆိုးဘုရင်တန်စု ဆက်ဆံရေးကောင်းအောင်လည်း ကူညီခဲ့ပါတယ်။ ဒီလိုအကျိုးဆောင်ခဲ့တာကြောင့် လီချင်းဇဲ့ဟာ ရန်ထျန်တုန်းကို ဂိုဏ်းထဲကနေ နှင်မထုတ်နိုင်ပါဘူး။

“လာပါစေ... ဂိုဏ်းတပည့်တွေ ပြန်ရောက်လာပြီမလား၊ လျှို့ဝှက်ခန်းမကရော” ဟန်ကျွယ်ဟာ ကြီးမြတ်တဲ့စပါးအုံးစိမ်းကို ဂရုမစိုက်တဲ့လေသံနဲ့ ပြန်မေးလိုက်ပါတယ်။ ဒါပေမဲ့ ဟန်ကျွယ်ဟာ ရင်ထဲမှာတော့ အနည်းငယ် စိတ်လှုပ်ရှားနေပါတယ်။ ဟန်ကျွယ်သာ ကြီးမြတ်တဲ့စပါးအုံးစိမ်းကို တစ်ချက်တည်းနဲ့ အသေမသတ်နိုင်ရင် ပြဿနာပေါင်း သောင်းခြောက်ထောင် တက်မှာပါ။

“ဂိုဏ်းတပည့်တွေ ပြန်လာကြပြီ၊ လျှို့ဝှက်ခန်းမကလည်း ချိပ်ပိတ်လိုက်ပြီ၊ ပေါ်တယ်တွေကိုလည်း လူလွှတ်ပြီး ဖျက်ဆီးလိုက်ပြီး၊ အခုအချိန်ကစပြီး လျှိုဝှက်ခန်းမကို ဂိုဏ်းထဲကနေပဲ သွားလို့ရတော့မယ်” လီချင်းဇဲ့က ပြန်ဖြေလိုက်ပါတယ်။

ဟန်ကျွယ်ဟာ ခေါင်းညိတ်လိုက်ပါတယ်။

လီချင်းဇဲ့က ဂရုတစိုက် မေးလိုက်ပါတယ် “ဘာဆက်လုပ်မှာလဲ”

ဒီတစ်ကြိမ်က အရင်တုန်းကနဲ့ မတူပါဘူး။ ကြီးမြတ်တဲ့စပါးအုံးစိမ်းဟာ ကျင့်ကြံခြင်းလောကက ‌ဒေသတော်တော်များများကို အနိုင်သိမ်းပြီးပါပြီ။ ဒီဟာက နှစ်တစ်သောင်းမှာတစ်ကြိမ် ဖြစ်ပေါ်ခဲ့လှတဲ့ နတ်ဆိုးကပ်ဘေးပဲ ဖြစ်ပါတယ်။

‘အကြီးအကဲဟန်က ကြီးမြတ်တဲ့စပါးအုံးစိမ်းကို အနိုင်ယူနိုင်ပါ့မလား’

“စောင့်မယ်” ဟန်ကျွယ်က ပြန်ဖြေလိုက်ပါတယ်။

လီချင်းဇဲ့ဟာ ဟန်ကျွယ်ရဲ့စကားကြောင့် ရင်ထဲက ကြောက်လန့်မှု၊ တုန်လှုပ်ချောက်ချားမှုတွေကို ဖိနှိပ်ပြီး ကျင့်ကြံခြင်းလိုဏ်ဂူထဲက ထွက်ခွာသွားပါတယ်။

လီချင်းဇဲ့ထွက်သွားတဲ့အခါမှာ ဟန်ကျွယ်ဟာ အသက်ပြင်းပြင်း ရှူသွင်းလိုက်ပါတယ်။

ဟန်ကျွယ်ဟာ မိုးမြေမြက်ပင်ကို ကျောက်စိမ်းပုလင်းထဲ ထည့်ထားပြီး အချိန်မရွေး ထွက်ပြေးဖို့ အဆင်သင့်ဖြစ်‌နေပါတယ်။ ဟန်ကျွယ်ဟာ သူ့ကိုယ်သူ ယုံကြည်ချက်ရှိပေမဲ့ အဆိုးဆုံးအခြေအနေကို တွေးတောပြီး ပြင်ဆင်ထားတာ ဖြစ်ပါတယ်။

‘မနိုင်ရင် ပြေးရမှာပဲ’

ဟန်ကျွယ်ဟာ ကြမ္မာဆိုးစာအုပ်ကို ထုတ်ယူလိုက်ပြီး ကြီးမြတ်တဲ့စပါးအုံးစိမ်းကို စတင်ကျိန်စာတိုက်ပါတယ်။ ဒီတစ်ကြိမ်မှာတော့ ဟန်ကျွယ်ဟာ အားကုန်သုံးပြီး ကျိန်စာမတိုက်ပါဘူး။ ဘာကြောင့်လဲဆိုတော့ အချိန်မရွေး တိုက်ခိုက်ရမှာမို့လို့ပါ။

ဟန်ကျွယ်ရဲ့ ရည်ရွယ်ချက်က ကြီးမြတ်တဲ့စပါးအုံးစိမ်းရဲ့ စိတ်အခြေအနေကို ဖျက်ဆီးချင်တာပါ။

…

ရန်ဒေသ မြောက်ပိုင်းရှိ နှင်းနှင့်ရေခဲဖုံးလွှမ်းနေသော နေရာတစ်နေရာ။

မရေမတွက်နိုင်တဲ့ နတ်ဆိုးတွေဟာ နှင်းတောထဲမှာ စုရုံးနေကြပါတယ်။ ခန္ဓာကိုယ်ကြီးမားပြီး ကြောက်မက်ဖွယ် ရောင်ဝါရှိတဲ့ နတ်ဆိုးတစ်ကောင်ဟာ ရွှေရောင်သစ်သားတုတ်ကို ကိုင်ပြီး မတ်တတ်ရပ်နေပါတယ်။

ဒီနတ်ဆိုးကတော့ ကြီးမြတ်တဲ့စပါးအုံးစိမ်းပဲ ဖြစ်ပါတယ်။

မြွေကြေးခွံချပ်ဝတ်ကို ဝတ်ဆင်ထားတဲ့ ကြီးမြတ်တဲ့စပါးအုံးစိမ်းဟာ နတ်ဆိုးဘုရင်တန်စုကို ငုံ့ကြည့်လိုက်ပြီး ရက်စက်တဲ့အပြုံး ပြုံးလိုက်ပါတယ် “အညံခံပြီလား”

လူသားအသွင်ရှိနေတဲ့ နတ်ဆိုးဘုရင်တန်စုဟာ တစ်ကိုယ်လုံး သွေးအလူးလူးဖြစ်နေပြီး အလွန်သနားစရာ ကောင်းနေပါတယ်။ ကြီးမြတ်တဲ့စပါးအုံးစိမ်းဟာ နတ်ဆိုးဘုရင်တန်စုရဲ့ ခေါင်းကို တက်နင်းထားတာကြောင့် နတ်ဆိုးဘုရင်တန်စုဟာ တစ်လက်မလေးတောင် မလှုပ်ရှားနိုင်ပါဘူး။

နတ်ဆိုးဘုရင်တန်စု တစ်ယောက်တည်း မဟုတ်ပါဘူး။ နတ်ဆိုးဘုရင်တန်စုရဲ့ လက်အောက်ငယ်သားတွေဟာလည်း တစ်ခြားနတ်ဆိုးတွေရဲ့ လက်ချက်နဲ့ အကွဲကွဲအပြဲပြဲ ဖြစ်နေပါတယ်။ နတ်ဆိုးဘုရင်တန်စု အညံမခံရင် သူတို့အကုန်လုံး အသတ်ခံရမယ်ဆိုတာကို နတ်ဆိုးဘုရင်တန်စုရဲ့ လက်အောက်ငယ်သားတွေ သိပါတယ်။

‘စွမ်းအားကြီးလိုက်တာ’

စောစောက အဖြစ်အပျက်ကို ပြန်တွေးမိပြီး နတ်ဆိုးဘုရင်တန်စုရဲ့ လက်အောက်ငယ်သားတွေဟာ တုန်လှုပ်ချောက်ချားသွားကြပါတယ်။ သူတို့ရဲ့စိတ်ထဲမှာ နတ်ဆိုးဘုရင်တန်စုက ပြိုင်ဘက်ကင်းပါတယ်။ ဒါပေမဲ့ နတ်ဆိုးဘုရင်တန်စုဟာ ကြီးမြတ်တဲ့စပါးအုံးစိမ်းကို တစ်ချက်ကလေးတောင် ပြန်မတိုက်နိုင်ပါဘူး။

‘သေစမ်း...’ နတ်ဆိုးဘုရင်တန်စုဟာ အံကြိတ်လိုက်ပါတယ်။

ဒီအချိန်မှာပဲ ကြီးမြတ်တဲ့စပါးအုံးစိမ်းဟာ ရုတ်တရက် မျက်မှောင်ကြုတ်သွားပါတယ် “သေစမ်း... ထပ်ပြီး ကျိန်စာတိုက်ခံရပြန်ပြီ” ကြီးမြတ်တဲ့စပါးအုံးစိမ်းဟာ ဒေါသတကြီး အော်ဟစ်လိုက်ပါတယ်။

‘ကျိန်စာတိုက်ခံရတာလား’ နတ်ဆိုးဘုရင်တန်စုဟာ ကြီးမြတ်တဲ့စပါးအုံးစိမ်းရဲ့ အော်သံကို ကြားရတဲ့အခါမှာ သူ့အဖြစ်အပျက်ကို ပြန်တွေးမိလိုက်ပါတယ်။

‘ကြည့်ရတာ အမတက သူ့ကို ပစ်မှတ်ထားနေပြီနဲ့တူတယ်၊ ဒီလိုဆိုရင် သူ သက်ဆိုးရှည်မှာ မဟုတ်ဘူး’

နတ်ဆိုးဘုရင်တန်စုဟာ ခံရခက်စွာ ပြောလိုက်ပါတယ် “ကျွန်တော် အညံခံပါတယ်”

ကြီးမြတ်တဲ့စပါးအုံးစိမ်းဟာ နှာခေါင်းရှုံလိုက်ပြီး သူ့ညာခြေထောက်ကို ဘေးရွှေ့လိုက်ပါတယ်။ တစ်ချိန်တည်းမှာပဲ သူ့လက်အောက်ငယ်သားတွေကို နတ်ဆိုးဘုရင်တန်စုရဲ့ လက်‌အောက်ငယ်သားတွေကို လွှတ်ပေးဖို့ အချက်ပြလိုက်ပါတယ်။

“မင်း ရန်ထျန်တုန်းကို သိလား” ကြီးမြတ်တဲ့စပါးအုံးစိမ်းက နတ်ဆိုးဘုရင်တန်စုကို မေးခွန်းထုတ်ရင်း ညာလက်ကို ဝှေ့ယမ်းလိုက်တဲ့အခါမှာ မှန်တစ်ချပ်ပေါ်လာပြီး မှန်ထဲမှာ ရန်ထျန်တုန်းရဲ့ ရုပ်သွင် ပေါ်လာပါတယ်။

နတ်ဆိုးဘုရင်တန်စုဟာ လဲကျနေရာက ထလိုက်ပြီး မှန်ထဲက ရုပ်သွင်ကို တအံတဩ စိုက်ကြည့်လိုက်ပါတယ် “ဒါက ကျွန်တော်ရဲ့ မွေးစားသားပဲ၊ သူက ကြီးမြတ်တဲ့စပါးအုံးစိမ်းကို အပြစ်ပြုမိလို့လား”

‘မွေးစားသား’ ကြီးမြတ်တဲ့စပါးအုံးစိမ်းရဲ့ မျက်လုံးတွေဟာ အေးစက်သွားပါတယ်။

“ဝုန်း...”

ကြီးမြတ်တဲ့စပါးအုံးစိမ်းရဲ့ တုတ်ချောင်းဟာ နတ်ဆိုးဘုရင်တန်စုရဲ့ခေါင်းကို ရိုက်ခွဲလိုက်ပါတယ်။ နတ်ဆိုးဘုရင်တန်စုရဲ့ခေါင်းဟာ အစိတ်စိတ်အမြွှာမြွှာကွဲသွားပြီး ကျန်တဲ့နတ်ဆိုးတွေကို အလွန်ကြောက်ရွံ့သွားစေပါတယ်။

နတ်ဆိုးဘုရင်တန်စုရဲ့ ပဓာနဝိညာဉ်ဟာ ခန္ဓာကိုယ်ထဲက ထွက်လာပြီး ကြောက်လန့်တကြား အော်ပြောလိုက်ပါတယ် “ကြီးမြတ်တဲ့စပါးအုံးစိမ်း... ခင်ဗျား ဘာလုပ်တာလဲ၊ ကျုပ် ခင်ဗျားဆီမှာ အညံခံပြီးပြီလေ၊ ခင်ဗျားကို ရန်စဖို့ ကျုပ် ရန်ထျန်တုန်းကို အမိန့်မပေးခဲ့ဘူး”

ကြီးမြတ်တဲ့စပါးအုံးစိမ်းဟာ နီရဲတဲ့မျက်လုံးတွေနဲ့ ပြောလိုက်ပါတယ် “အဲဒီကောင်က ငါ့ကိုလည်း မွေးစားအဖေအဖြစ် အသိအမှတ်ပြုတယ်၊ ပြီးတော့ တစ်ခြားနတ်ဆိုးဘုရင်တွေနဲ့ ပေါင်းပြီး ငါ့ကို ပုန်ကန်သွားတယ်”

နတ်ဆိုးဘုရင်တန်စုဟာ ကြက်သေသေသွားပါတယ်။

‘ပုန်ကန်တာလား’

“ဂလု...”

“ငါ မင်းရဲ့ ပဓာနဝိညာဉ်ကို မဖျက်ဆီးဘူး၊ ခုအချိန်ကစပြီး မင်းနဲ့ ရန်ထျန်တုန်း ဘာမှ မပတ်သတ်တော့ဘူး၊ ငါ ရန်ထျန်တုန်းကို ဖမ်းမိရင် မင်း သူ့အတွက် ဘာမှမပြောမိစေနဲ့၊ မဟုတ်လို့ကတော့ မင်းကို ပြန်မမွေးဖွားနိုင်အောင် လုပ်ပေးမယ်”

ကြီးမြတ်တဲ့စပါးအုံးစိမ်းဟာ ရက်စက်တဲ့မျက်နှာနဲ့ ပြောလိုက်ပါတယ်။ ပြောရင်းဆိုရင်း ကြီးမြတ်တဲ့စပါးအုံးစိမ်းရဲ့ ရင်ထဲမှာ ဒေါသမီးလျှံက တစ်ဖန်လောင်ကျွမ်းလာပါတယ်။

‘ကောင်စုတ်’

‘မင်းက တစ်ခြားနတ်ဆိုးဘုရင်ကို မွေးစားအဖေအဖြစ် အသိအမှတ် ပြုထားတယ်’

ကြီးမြတ်တဲ့စပါးအုံးစိမ်းဟာ အစော်ကားခံရသလို ခံစားလိုက်ရပါတယ်။ ကြီးမြတ်တဲ့စပါးအုံးစိမ်းဟာ ဒီလိုစောက်ကားမှုမျိုးက လုံးဝသည်းမခံနိုင်ပါဘူး။

…

ဝီရိယတောင်ခြေရဲ့ ကျောက်ပြားရှေ့မှာ ရန်ထျန်တုန်းက ရှိခိုးတုန်း ရှိနေပါတယ်။

“ခြိမ်း...”

မိုးခြိမ်းသံဟာ ရန်ထျန်တုန်းကို နိုးထသွားစေပါတယ်။ ရန်ထျန်တုန်းဟာ ကောင်းကင်ကို မော့ကြည့်လိုက်တဲ့အခါမှာ တိမ်မည်းတွေ တလိပ်လိပ်တက်လာတာကို တွေ့လိုက်ရပါတယ်။ ဒီတိမ်မည်းတွေက နတ်ဆိုးရောင်ဝါကြောင့် ဖြစ်ပေါ်လာတာပါ။

ရန်ထျန်တုန်းဟာ တစ်စုံတစ်ခုကို တွေးမိပြီး အလွန်အမင်း ကြောက်ရွံ့သွားပါတယ်။ အဲဒီနောက် မိုးကုပ်စက်ဝိုင်းဆီ လှမ်းကြည့်လိုက်တဲ့အခါမှာ အသူရာချောက်လို နက်ရှိုင်းပြီး ကြောက်မက်ဖွယ်ကောင်းလှတဲ့ နတ်ဆိုးရောင်ဝါကို ရန်ထျန်တုန်း ခံစားလိုက်ရပါတယ်။

‘ကြီးမြတ်တဲ့စပါးအုံးစိမ်း ရောက်လာပြီ’

ရန်ထျန်တုန်းတစ်ယောက်ပဲ ကြောက်လန့်သွားတာ မဟုတ်ပါဘူး။ ယွီဂျင်ဂိုဏ်းက လူတိုင်း ကြောက်လန့်သွားပြီး သူတို့ရဲ့အ‌ဆောင်တွေ ကျင့်ကြံခြင်းလိုဏ်ဂူထဲကနေ အပြင်ထွက်လိုက်ပါတယ်။

“အကြီးအကဲတွေ... တောင်ထိပ်အသီးသီးကို တပည့်တွေကို ဆိုင်ရာ ဂိုဏ်းကာ အစီအရင်ဆီ ခေါ်သွားကြ၊ ဂိုဏ်းကာအစီအရင်ကို ချက်ချင်း အသက်သွင်းလိုက်တော့”

ကွမ်းယိုကုန်းရဲ့အသံဟာ ယွီဂျင်ဂိုဏ်းတစ်ခုလုံးကို ဟိန်းထွက်သွားပါတယ်။ ကွမ်းယိုကုန်းရဲ့ အသံက လေးနက်နေတာကို လူတိုင်းကြားနိုင်ပါတယ်။ တပည့်တွေဟာ အရပ်လေးမျက်နှာကို ပျံ့သန်းသွားကြပြီး ဆွေးနွေးမှုတွေက အဆက်မပြတ် ထွက်ပေါ်လာပါတယ်။

“ကြီးမြတ်တဲ့စပါးအုံးစိမ်း ရောက်လာပြီ”

“အို... မကောင်းတော့ဘူး၊ ငါတို့တွေ ဒီကပ်ဘေးကို ဖြတ်ကျော်နိုင်ပါ့မလား”

“တစ်ခြားဒေသတွေ ကျသွားပြီလို့ ငါကြားထားတာပဲ”

“သေစမ်း... ဂိုဏ်းချုပ်က ငါတို့ကိုခေါ်ပြီး ဘာလို့ထွက်မပြေးတာလဲ၊ အခု ငါတို့အကုန်လုံး အဝိုင်းခံရပြီ”

“ထွက်ပြေးမယ်၊ ဘယ်ကို ထွက်ပြေးမှာလဲ၊ ရန်ဒေသပတ်လည်က ဒေသနဲ့ပြည်ထောင်တွေအကုန်လုံး နတ်ဆိုးတွေ သောင်းကျန်းတာကို ခံနေရတာ၊ ထွက်ပြေးဖို့ ဘယ်လောက်ကြိုးစားကြိုးစား အသုံးမဝင်ဘူး၊ ငါတို့တွေ အကုန်လုံးစုစည်းပြီး ခုခံတာက အကောင်းဆုံး ရွေးချယ်မှုပဲ”

…

ကြီးမြတ်တဲ့စပါးအုံးစိမ်းရဲ့ သတင်းက လွန်ခဲ့တဲ့နှစ်နည်းငယ်ကပဲ ပျံ့နှံ့နေခဲ့တာပါ။ ယွီဂျင်ဂိုဏ်းတပည့်တွေဟာ ကြီးမြတ်တဲ့စပါးအုံးစိမ်းကို အလွန်ကြောက်ရွံ့ပေမဲ့ လူအများကြီးရှိနေတာကြောင့် သိပ်ပြီးတုန်လှုပ်ခြင်း မရှိပါဘူး။

“သားမိုက်... ငါ မင်းကို ခပ်ဝေးဝေးပြေးမယ် ထင်ထားတာ၊ ဒီလိုဂိုဏ်းသေးလေးဆီ ရောက်နေလိမ့်မယ်လို့ ထင်မထားဘူး၊ ငါ ဒီနေ့ သူတို့အကုန်လုံးကို စားပစ်မယ်၊ မင်း ဘယ်ကိုပြေးနိုင်မလဲ ကြည့်ကြသေးတာပေါ့... ဟား...ဟား...ဟား...”

အေးစက်တဲ့ ရယ်မောသံကြောင့် ရန်ထျန်တုန်းရဲ့ မျက်နှာဟာ သွေးဆုတ်သလို ဖြူဖတ်ဖြူရော် ဖြစ်သွားပါတယ်။

စကြာဝဠာ အနန္တရှိ နတ် လူ သတ္တဝါ အားလုံး ဘေးရန်ကြောင့်ကြ ဆင်းရဲကင်း၍ ကိုယ်စိတ်နှစ်ဖြာ ချမ်းသာကြပါစေ၊ ကောင်းကျိုးလိုရာဆန္ဒ ပြည့်ဝကြပါစေ။

All Chapters