← Chapters

ပြိုင်ပွဲ(၁)

Vol. 001 Ch. 47

ပြိုင်ပွဲ(၁)

Vol. 001 Ch. 47

ဝမ်လင်းက ခါးသက်သက် ပြုံးပြီး ပြောလိုက်သည် ... “စိတ်ဝိညာဉ် အသွင်ပြောင်းခြင်း အဆင့်က ဂျူနီယာအတွက် အလွန်အလှမ်းဝေး လွန်းပါတယ်…“

“အသုံးမကျတဲ့ကောင် ... အဆင့် ၆ နိုင်ငံက လူဖြစ်တဲ့ငါက မင်းကို ကူညီပေးနေတယ်လေ ... ငါက အပြင်မထွက် နိုင်ပေမဲ့လည်း ငါ့ရဲ့စဦး စိတ်ဝိညာဉ် အဆီအနှစ်တွေကို သုံးပြီး နှစ်၃၀လောက် မင်းရဲ့ကျင့်ကြံခြင်းမှာ အကူအညီပေးလို့ မင်းဒီအဆင့်ကို ရောက်လာတာ ... မင်းရဲ့ပင်ကိုပါရမီနဲ့ဆို နှစ်၃၀နဲ့ ဒီအဆင့်ကို ဘယ်လိုရောက်နိုင်မှာလဲ…“

“ပြီးတော့ မင်းက ငါ့ရဲ့ စဦးစိတ်ဝိညာဉ် အဆီအနှစ်ကို စုပ်ယူထားတာကြောင့် ငါနဲ့ အဆင့်တူတွေက လွဲလို့ မင်းရဲ့ကျင့်ကြံခြင်းကို ဖောက်ထွင်းပြီး မမြင်နိုင်ဘူး ... “

“ပြီးတော့ မင်းလက်ထဲမှာ ကောင်းကင်ဘုံ ဆန့်ကျင်သော ပုတီးစေ့လည်း ရှိတယ် ... မင်း ဘာတွေ ကြောက်နေတာလဲ ... မဟာမိတ် ကျင့်ကြံသူတွေ လက်ထဲမှာ ဒီကောင်းကင်ဘုံ ဆန့်ကျင်သော ပုတီးစေ့ ပေါ်ထွက်လာတုန်းက ဒီပုတီးစေ့ကို ရဖို့ အများကြီး ပင်ပင်ပန်းပန်း ကြိုးစားခဲ့တယ် ... နောက်ဆုံးမှာ အကျိုးဆက် ရလဒ်ကတော့ ငါ့ရဲ့ခန္ဓာကိုယ်ကို ဆုံးရှုံးခဲ့ရတယ် ... ငါသာ ဒီပုတီးစေ့ထဲ ဝင်မပြေးခဲ့ရင် ငါ့ရဲ့စိတ်ဝိညာဉ်လည်း ဖျက်ဆီးခံ ရလိမ့်မယ် ... ပုံမှန်ဆိုရင် ငါ အသုံးပြုဖို့အတွက် နောက်ခန္ဓာကိုယ် တစ်ခု ရှာချင်တာပေါ့ ... ဒါပေမဲ့ ... ဒီအစုတ်ပလုတ် ကောင်းကင်ဘုံ ဆန့်ကျင့်သော ပုတီးစေ့က တစ်ယောက်ယောက် ကိုယ်ခန္ဓာမပါဘဲ အထဲဝင်လာရင် ပြန်ထွက်လို့ မရနိုင်အောင် လုပ်ထားတယ် ထင်တယ် ... “

“ငါ မင်းကို မညာပါဘူး ... မင်းကို စတွေ့တုန်းက မင်းရဲ့ခန္ဓာကိုယ်ကို ယူချင်သေးတယ် ... ဒါပေမဲ့ ဒီကောင်းကင်ဘုံ ဆန့်ကျင်သော ပုတီးစေ့က ငါ့ကို ထွက်ခွာ သွားလို့မရအောင် ကာကွယ်ထားတဲ့ လှောင်အိမ်တစ်ခုလိုပဲ ... “

“ဒီကောင်းကင်ဘုံ ဆန့်ကျင်သော ပုတီးစေ့ကို နှစ်တွေ အများကြီး လေ့လာခဲ့တယ် ... ပုတီးစေ့ပိုင်ရှင်က သူ့ရဲ့အကျိုး ကျေးဇူး အများအပြားကို အသုံးပြုနိုင်မှ ငါ့ကိုလည်း လွှတ်ပေးလိမ့်မယ် ... “

“ငါ ဒီပုတီးစေ့ကို ရတဲ့အချိန်မှာ ငါက အမဲလိုက် ခံနေရတာ ... ဒါပေမဲ့ ဒါကို လေ့လာဖို့ အချိန်တချို့တော့ ရခဲ့တယ် ... ပုတီးစေ့က သတ္တု၊ သစ်သား၊ ရေ၊ မီး၊ မြေကြီး ဆိုတဲ့ ဒြပ်စင်၅မျိုးရဲ့ အဆီအနှစ်တွေကို စုပ်ယူရမယ် ... ဒါမှ ပိုင်ရှင်အဖြစ် သတ်မှတ်လိမ့်မယ် ... ပြီးတော့ ပိုင်ရှင်က စိတ်ဝိညာဉ် အသွင်ပြောင်းခြင်း အဆင့်ကို ရောက်တဲ့အခါ ငါ့ကို အပြင်ထုတ်ပေးလို့ ရတယ် ... ကောင်လေး ငါ့ကို သနားကရုဏာ ထားသောအားဖြင့် ကျင့်စဉ်ကို ပိုပြီး မြန်အောင် လေ့ကျင့်ပေးပါနော် ... ပြီးတော့ ငါ့အတွက် ခန္ဓာကိုယ် ကောင်းကောင်း တစ်ခုလည်း ရှာပေးပါနော် ... ငါ…စစ်ထူနန် မင်းရဲ့ကြင်နာမှုကို သတိရနေမှာပါ ... ပြီးတော့ ငါ့ရဲ့ကာကွယ်မှုနဲ့ဆို မင်းက ဘဝကြီးကို လုံလုံခြုံခြုံ၊ သက်သောင့် သက်သာနဲ့ ဖြတ်သန်းနိုင်လိမ့်မယ် ... “

အဆုံးတွင် စစ်ထူနန်၏အသံက ယခင်ကဲ့သို့ မာထန်မနေတော့ဘဲ နောင်တများနှင့် ပြည့်နေ၏။

ဝမ်လင်းက အနည်းငယ် စဉ်းစားလိုက်သည်။ သူ တစ်ခုခု ပြောရန် ကြံလိုက်စဉ်တွင် စစ်ထူနန်၏ အသံက နောက်တစ်ကြိမ် ထွက်ပေါ်လာ၏။

“ကောင်လေး ... တစ်ယောက်ယောက် လာနေတယ် ... မင်းထွက်သွားလို့ ရအောင် ငါ ကူညီပေးမယ် ... “

ရုတ်တရက် ခန္ဓာကိုယ် စုတ်ဖြဲခံရသည့် ခံစားချက်ကို ခံစားလိုက်ရပြီး သူ့ကိုယ်က တုန်သွားကာ မျက်လုံးကို ဖွင့်လိုက်သည်။

ဝမ်လင်းက သူ့နတ်ဘုရား စိတ်အာရုံကို ဖြန့်ကြက်လိုက်ရာ တပည့်နှစ်ယောက်ကို တွေ့လိုက်ရ၏။ ယောက်ျားလေး တစ်ယောက်နှင့် မိန်းကလေး တစ်ယောက်က ဝမ်လင်းရှိရာ ဘက်သို့ အေးအေးဆေးဆေး လမ်းလျှောက် လာကြသည်။ ဝမ်လင်းနှင့် မီတာ ၃၀ ခန့် အကွာတွင် သူတို့က ရပ်လိုက်ပြီး တစ်ယောက်နှင့် တစ်ယောက် နှုတ်ခမ်းချင်း စတင် နမ်းစုပ်ကြ၏။ မကြာမီ သူတို့နှစ်ယောက်လုံး၏ ကိုယ်ပေါ်တွင် အဝတ်အစားများ မရှိကြတော့ဘဲ သူတို့၏ ညည်းသံများက ပတ်ဝန်းကျင်တွင် ပဲ့တင်ထပ်သွား၏။

ဝမ်လင်းက ထိုနှစ်ယောက်ကို အလွန် ရင်းရင်းနှီးနှီး သိပေသည်။ နှစ်ယောက်စလုံးက တောင်အနောက်ဘက် ၄ နှစ်တာ လေ့ကျင့်ခန်း၌ ပါဝင်ခဲ့ကြ၏။ ဝမ်လင်းက စူးစမ်းသည့် သဘောဖြင့် သူတို့ကို အချိန်အနည်းငယ်ခန့် ကြည့်နေလိုက်သည်။ အထူးသဖြင့် မိန်းကလေးကို ကြည့်နေခြင်း ဖြစ်သည်။ ထို့နောက် သူက အင်တင်တင် ဖြစ်နေဟန်ဖြင့် ထွက်ခွာသွား၏။

အခန်းသို့ ပြန်ရောက်သောအခါ စစ်ထူနန် ပြောသော စကားများကို စဉ်းစားနေလိုက်သည်။ ဝမ်လင်းက သူ့စကားများကို မယုံပေ။ သို့သော်လည်း သူ့ထံမှ ကျင့်ကြံခြင်း လောက၏ အချက်အလက် တော်တော်များများကို သိရှိလိုက်၏။ ထိုအကြောင်းများကိုတော့ စစ်ထူနန် ညာလိမ့်မည်ဟု မထင်ပေ။

၃ရက်ကြာပြီးနောက် ဟုန်ယွီဂိုဏ်းနှင့်ရွှမ်တောက်ဂိုဏ်းကြား ပြိုင်ပွဲကား စတင်လေပြီ။

သည်ပြိုင်ပွဲက ဂိုဏ်းနှစ်ခုကြား နှစ်ပေါင်းများစွာ တည်ရှိလာသည့် အစဉ်အလာ တစ်ခု ပြိုင်ပွဲတစ်ခု ဖြစ်သည်။ သို့သော်လည်း အရမ်း ခမ်းခမ်းနားနားကြီးတော့ မဟုတ်ချေ။ ပြိုင်ပွဲကို ဟုန်ယွီဂိုဏ်းရှိ ထင်းရှူးတောင်ထိပ်၌ ကျင်းပ၏။

တောင်ထိပ်နှစ်ခုကို ဆက်သွယ် ပေးထားသော ကျောက်တုံးပေါင်းကူး တံတားတစ်ခု ရှိသည်။ ဝမ်လင်းက အဝေးမှ ထင်းရှူးတောင်ထိပ်ကို လှမ်းကြည့်ရာ တိမ်များကြောင့် ရှင်းရှင်းလင်းလင်း မမြင်ရပေ။

ထင်းရှူးတောင်ထိပ်သည် ဟုန်ယွီဂိုဏ်း၏ အရေးပါသော နေရာများထဲမှ တစ်ခုဖြစ်၏။ ထင်ရှူး တောင်ထိပ်သည် တောင်အနောက်ဘက်ကဲ့သို့ စိတ်စွမ်းအင်များ လွန်စွာ သိပ်သည်းပြီး အမြုတေ ဖွဲ့တည်ခြင်းအဆင့် အကြီးအကဲ နှစ်ယောက် ကျင့်ကြံရာနေရာ ဖြစ်သည်။

ထင်းရှူး တောင်ထိပ်ပေါ်တွင် ပြိုင်ပွဲအတွက် ကြီးမားသော ကျောက်တုံး စင်မြင့်တစ်ခုကို ပြင်ဆင်ထား၏။ စင်မြင့်ကို အဖြူရောင် ကျောက်သားတိုင်လုံး ၈တိုင်ဖြင့် ဝန်းရံထားသည်။ ထိုအဖြူရောင် ကျောက်သားပေါ်တွင် ဟုန်ယွီဂိုဏ်း၏ နှစ် ၅၀၀ သမိုင်းမှတ်တမ်းကို ထွင်းထုထား၏။

လူများ ပြိုင်ပွဲကျင်းပရာ နေရာသို့ ရောက်လာသောအခါ အဖြူရောင် ကျောက်သား တိုင်လုံးများမှ ထုတ်လွှတ်သော ခမ်းနား ထည်ဝါသော အရှိန်အဝါများက အရိုးထိစိမ့်အောင် ထိုးဖောက်နိုင်သည့် သတ်ဖြတ်ခြင်း စိတ်ဆန္ဒအဖြစ် ပြောင်းလဲသွားသည်။

“သူငယ်ချင်းဟွမ်လုံ ... ငါ ဒီကျောက်သားတိုင်လုံးတွေကို မြင်တိုင်း တစ်ခါနဲ့တစ်ခါ မတူဘူးလို့ ခံစားရတယ် ... တစ်ကယ်ကို ဒါက ကျောင်းနိုင်ငံရဲ့ ရတနာတစ်ခုပဲ ... “

လူအိုကြီးအိုးယန်က သက်ပြင်းချပြီး သူ့လက်ကို ဝေ့ရမ်းကာ သတ်ဖြတ်ခြင်းစိတ်ဆန္ဒများကို ဖျက်ဆီးပစ်လိုက်သည်။

သူ့နောက်မှ ရွှမ်တောက်ဂိုဏ်း၏ တပည့်များသည် အလွန်အံ့ဩနေ၏။ သတ်ဖြတ်ခြင်း စိတ်ဆန္ဒများက သူတို့အား စစ်မြေပြင်ကို ရောက်သွားသကဲ့သို့ ခံစားရစေသည်။ သတ်ဖြတ်ခြင်း စိတ်ဆန္ဒများကို အကြီးအကဲအိုးယန် မဖျက်ဆီးခင် အချိန်အထိ သူတို့ကို ထိုသတ်ဖြတ်ခြင်း စိတ်ဆန္ဒများက ဖိနှိပ်ထား၏။

“အကြီးအကဲ အိုးယန် ... ဒီရတနာက ငါ့တို့ဂိုဏ်းကို တည်ထောင်ခဲ့တဲ့ ဘိုးဘေးကိုယ်တိုင် လုပ်ခဲ့တဲ့ ရတနာပစ္စည်းပဲ ... ကျောက်သား တိုင်လုံးတွေနဲ့ ၁၀၀မီတာ ပတ်လည်အတွင်းမှာ ဟုန်ယွီဂိုဏ်းက မဟုတ်တဲ့ ဘယ်သူမဆို သတ်ဖြတ်ခြင်း စိတ်ဆန္ဒတွေရဲ့ ဖိနှိပ်ခြင်းကို ခံရလိမ့်မယ် ... ဒါကို အကြီးအကဲအိုးယန် သိလိမ့်မယ်လို့ ယုံကြည်ပါတယ် ... “

ဟွမ်လုံက တည်ငြိမ်စွာ ပြောလိုက်သည်။ သူ့လက်က အစီအရင်ပုံစံ တစ်ခုကို ပုံဖော်လိုက်ရာ ကျောက်သားတိုင်လုံးများမှ အလင်းရောင်တစ်ခု ထွက်ပေါ်လာပြီး အလင်းရောင်က တိမ်ထဲထိ ထိုးဖောက်သွားပြီး တောင်ထိပ် တစ်ခုလုံးကို လွမ်းခြုံသွား၏။ ထို့အတူ သတ်ဖြတ်ခြင်း စိတ်ဆန္ဒများကလည်း ပျောက်ကွယ်သွား၏။

အကြီးအကဲ အိုးယန်က တခြားအကြီးအကဲ နှစ်ယောက်ဆီသို့ လျှောက်သွားကာ စကားပြောပြီးနောက် တပည့်များ ဘက်သို့ လှည့်ကာ ပြောလိုက်သည် ...

“မစိုးရိမ်နဲ့ ... အရင် စည်းမျဉ်း စည်းကမ်းအတိုင်းပဲ ... ငါတို့ဘက်က အရင်ဆုံး လူလွှတ်ရလိမ့်မယ် ... လျိုဖန်း ... မင်း သွားလိုက် ... “

လျိုဖန်းသည် ရေစိတ်ဝိညာဉ် အရင်းအမြစ်နှင့် တပည့်ဖြစ်၏။ သူက အသက်ကို ပြင်းပြင်းရှူ လိုက်ပြီး စင်မြင့်ပေါ်သို့ လျှပ်စီးတန်းကဲ့သို့ လျင်မြန်စွာ ရောက်သွား၏။ သူက ကြည်လင် ပြတ်သားသော အသံဖြင့် ပြောလိုက်သည် ... “ရွှမ်တောက်ဂိုဏ်းမှ တပည့်လျိုဖန်းက ဟုန်ယွီဂိုဏ်းရဲ့ ထောက်ပြမှုကို ခံယူပါရစေ ... “

ဝမ်လင်းက ဓားပျံကို ကျောထက်တွင် လွယ်ထားကာ စွန်းတဇူး၏ နောက်၌ ရပ်နေသည်။ အနီရောင် ဝတ်စုံနှင့် ဝမ်လင်း၏ အသွင်အပြင်က အလွန် ကြည့်ကောင်းလှ၏။

စွန်းတဇူးက သူ့တပည့်၏ အသွင်အပြင်ကို ကြည့်ပြီး အလွန် ကျေနပ်အားရမိသည်။ ဝမ်လင်းက တတိယအလွှာသို့ ရောက်နေပြီ ဖြစ်သောကြောင့် ဝမ်လင်းကို မြင်တိုင်း စိတ်အနှောင့်အယှက် မဖြစ်တော့ပေ။ သို့သော်လည်း ဝမ်လင်းကို သဘောကျရန် အဝေးကြီး လိုသေး၏။ ယခုမှ သူ့မျက်လုံးထဲတွင် ဝမ်လင်းကို သူ့တပည့်အဖြစ် စတင် မြင်ခြင်း ဖြစ်သည်။

တစ်ကယ်တော့ အားလုံးက ဝမ်လင်းအပေါ် မူတည်နေသည်။ သူသာ တတိယအလွှာကို မရောက်ခဲ့ပါက တပည့်အဖြစ် သတ်မှတ်မည် မဟုတ်ပေ။ နောက်ထပ်၈နှစ်၊ ၁၀နှစ် အတွင်းတွင် ဝမ်လင်းက တတိယ အလွှာ၌သာ ရှိနေသေးလျှင်လည်း စွန်းတဇူးက သူ့ကို ထပ်မံ မုန်းတီးမှာ အမှန်ဖြစ်၏။

ကုန်ဆုံးသွားသည့် ၃ရက်လုံးလုံး ဝမ်လင်းက အိမ်ထဲမှ မထွက်ချေ။ သူက အချိန်အများစုကို အိပ်မက် နယ်မြေထဲမှ စစ်ထူနန်နှင့် စကားပြောရင်းဖြင့်သာ ကုန်ဆုံးစေခဲ့သည်။

စကားပြောရင်းဖြင့် သူက စစ်ထူနန်၏ အကြောင်းများကို နားလည်လာခဲ့၏။ စစ်ထူနန်က အဆင့်၆စူဇခုနိုင်ငံမှ နံပါတ်၁ ကျင့်ကြံသူ တစ်ယောက် ဖြစ်သည်။ သူ၏ကျင့်ကြံခြင်းက စိတ်ကူး၍ မရနိုင်သော အဆင့်သို့ ရောက်ရှိနေပြီး သူ့အား စိတ်အနှောင့်အယှက် ဖြစ်စေသည့် လူမှန်သမျှကို သတ်ပစ်တတ်သည်။ သူလိုချင်တဲ့ အရာရှိလျှင်လည်း ရအောင် ယူတတ်ပြီး အလွန်အမင်း မာနကြီး၏။

လျိုဖန်း၏ အမူအရာကြောင့် နေရာတစ်ခုလုံးက တိတ်ဆိတ်သွား၏။ ဂိုဏ်းခေါင်း ဆောင်ဟွမ်လုံက လျိုဖန်းကို ကြည့်ပြီး ပြောလိုက်သည် ... “ကျောက်လုံ ... မင်း သွားလိုက် ... “

ကျောက်လုံသည် အလွန် တိတ်တိတ်ဆိတ်ဆိတ် နေတတ်သော တပည့်တစ်ယောက်ဖြစ်ပြီး သူက ၄နှစ်တာ လေ့ကျင့်ခန်း ဝင်သည့် အချိန်တွင် ချီစုစည်းခြင်း အလွှာ၆သို့ ရောက်ရှိသွားသည့် တပည့်များထဲမှ တစ်ယောက် ဖြစ်၏။

ဟုန်ယွီဂိုဏ်းမှ ပထမအချီတွင် အလွှာ ၆ သို့ ရောက်နေသော တပည့်ကို လွှတ်လိုက်သည်။ ပြိုင်ပွဲကျင်းပသည့် သက်တမ်း တစ်လျှောက် သည်လို ဖြစ်ရပ်မျိုးက ရှားသည်။

အကြီးအကဲ အိုးယန်က လျိုဖန်းကို ပြောလိုက်သည် ... “လျိုဖန်း ... ဒီတိုက်ပွဲမှာ မင်းရဲ့စွမ်းအားကို ၅၀ရာခိုင်နှုန်းပဲ တိုက်ခိုက်ခွင့် ပြုတယ် ... “

ထိုစကားကို ပြောလိုက်သည့် အချိန်တွင် ဟုန်ယွီဂိုဏ်းမှ တပည့်အားလုံး၏ အမူအရာက ပြောင်းလဲသွား၏။

***

All Chapters